အခန်း ၁၆၉
Vol. 10 Ch. 169
အခန်း (၁၆၉) ပျံလွှားနဂါး
“လာစမ်းပါ ဝမ်ချိုင်ရာ... ငါတို့ကို လာကြိုမယ့်သူလည်း မရှိတော့မှတော့ တို့ဘာသာတို့ပဲ ရှန်းဝူအကယ်ဒမီကို ရှာကြတာပေါ့” ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် ဘေးနားရှိ နှင်းပုံကို ခပ်ဆတ်ဆတ် ကန်လိုက်လေသည်။
ဝမ်ချိုင်သည်လည်း နှင်းပုံထဲမှ ရုန်းထွက်ကာ ကိုယ်ပေါ်ရှိ နှင်းများကို ခါချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းကို ကျောပိုး၍ မြောက်ဘက်အရပ်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားတော့၏။
ရှန်းဝူအကယ်ဒမီဟူသည်မှာ မြောက်ဘက်စွန်းဒေသ၏ ဗဟိုချက်မတွင် တည်ရှိပေလိမ့်မည်ဟု သူ တွေးတောနေမိသည်။
သုံးနာရီခန့် ကြာမြင့်ပြီးနောက် ရှန်းဝူအကယ်ဒမီမှ တာဝန်ရှိသူများနှင့် ဆရာများသည် ရှန်းဝူမျှော်စင်၏ အနောက်ဘက်သို့ ရောက်ရှိလာကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် အံ့အားသင့်သွားကြရသည်။
“နတ်ဘုရားပစ္စည်းများမျှော်စင်က အချက်ပေးလွှတ်လိုက်တာပဲ... တစ်ယောက်ယောက်ကတော့ ဒီမျှော်စင်ကို ဖြတ်ကျော်သွားတာ အမှန်ပဲ၊ ဒါပေမဲ့ ဘာလို့ ဒီမှာ ဘယ်သူမှ မရှိတာလဲ” ဟု ဆရာတစ်ဦးက အလွန်အမင်း ဝေခွဲမရဖြစ်လျက် ရေရွတ်လိုက်၏။
၎င်းတို့အဖွဲ့သည် ရှန်းဝူမျှော်စင်အတွင်းသို့ ဝင်ရောက်ကြည့်ရှုကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် သူတို့သည် ရှန်းဝူမျှော်စင်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြရာ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ဤမျှော်စင်တွင် စမ်းသပ်ချက်များကို ကျော်ဖြတ်ရန် ကြိုးစားနေကြသူများသည် အထုပ်အပိုးများကို သိမ်းဆည်းနေကြသည်ကို တွေ့လိုက်ရလေသည်။
“မိတ်ဆွေတို့... ဒီထဲက တစ်ယောက်ယောက်များ ရှန်းဝူမျှော်စင်ကို အောင်မြင်စွာ ကျော်ဖြတ်သွားတာ ရှိလား” ဟု ဆရာတစ်ဦးက ရှေ့သို့လှမ်းကာ လောကဝတ်ပြုလျက် မေးမြန်းလိုက်သည်။
ထိုအခါ လူကောက်ဖုန်းက ခေါင်းညိတ်ပြလျက် “ဟုတ်ပါတယ်... လူငယ်လေးတစ်ယောက် ကျော်ဖြတ်သွားတယ်” ဟု ပြန်လည်ဖြေကြားခဲ့၏။
သို့ဆိုလျှင် ထိုလူငယ်လေးသည် ယခုအခါ မည်သည့်အရပ်သို့ ရောက်ရှိနေပါသနည်း။
“ကျုပ်သိတာကတော့ သူ ရှန်းဝူမျှော်စင်ထဲ ဝင်သွားတယ်ဆိုတာပါပဲ... ဒီထက်ပိုပြီးတော့ ကျုပ်လည်း ဘာမှမသိဘူး” ဟု လူကောက်ဖုန်းက အမှတ်မထင် ဆိုလိုက်သည်။
“ဪ... ဒီလိုလား၊ ဖြစ်နိုင်တာကတော့ သူက စိတ်မရှည်နိုင်တာကြောင့် ငါတို့နဲ့ လွဲသွားတာ ဖြစ်လိမ့်မယ်” ဟု ထိုဆရာက ပြောရင်း “ဒါနဲ့... မိတ်ဆွေတို့က ဒီကနေ ထွက်သွားကြတော့မလို့လား” ဟု မေးမြန်းလိုက်ပြန်သည်။
လူကောက်ဖုန်းက ရယ်မောလျက် “ဟုတ်ပါရဲ့ဗျာ... အဲ့ဒီလူငယ်လေး ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ၊ ငါတို့ရဲ့ စွဲလမ်းမှုတွေကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်၊ အခုတော့ အိမ်ပြန်ဖို့ ပြင်ရတော့မှာပေါ့” ဟု ဆိုလေသည်။
“အားလုံးအတွက် ဝမ်းသာပါတယ်... ဒီနေရာမှာ ဆယ်နှစ်ကျော်တိုင်အောင် နေထိုင်ခဲ့ရတာ မလွယ်ကူလှပါဘူး၊ ဒီပစ္စည်းလေးကိုတော့ ရှန်းဝူအကယ်ဒမီရဲ့ လက်ဆောင်အဖြစ် လက်ခံပေးကြပါဦး”
ထိုဆရာက ပြုံးလျက် လက်ကို ဝေ့ယမ်းလိုက်ရာ ဆေးလုံးပုလင်း တစ်ဒါဇင်ကျော်သည် ထိုသူတို့၏ လက်ထဲသို့ အသီးသီး ပျံသန်းရောက်ရှိသွားကြသည်။
ဤဆေးလုံးများသည် အလွန်တရာ အဖိုးထိုက်တန်လှပြီး ၎င်းတို့၏ ကျင့်စဉ်ပိုင်းဆိုင်ရာ တိုးတက်မှုကို များစွာ အထောက်အကူပြုနိုင်ပေသည်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
လူကောက်ဖုန်းနှင့် အခြားသူများသည်လည်း ဦးညွတ်၍ ကျေးဇူးတင်စကား ဆိုကြကုန်သည်။
မကြာမီပင် ထိုသူတို့အဖွဲ့သည် အတူတကွ ထွက်ခွာသွားကြရာ ရှန်းဝူမျှော်စင်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားတော့၏။
“ဟူး... ကဲ၊ ငါတို့လည်း သွားရှာကြသေးတာပေါ့၊ သူက ငါတို့ ရှန်းဝူအကယ်ဒမီရဲ့ တည်နေရာကို မသိဘူးဆိုရင် ဒီမြောက်ဘက်စွန်းဒေသကြီးထဲမှာ အကြာကြီး ပတ်ရှာနေရတော့မှာပဲ” ဟု ဆရာတစ်ဦးက သက်ပြင်းချလျက် ပြောလိုက်လေသည်။
ထို့နောက် သူတို့အဖွဲ့သည် မြောက်ဘက်စွန်းဒေသအတွင်းသို့ ဦးတည်၍ ထွက်ခွာသွားကြတော့သည်။
ချင်ယွမ်ဖုန်းသည် လေပြင်းနှင့် နှင်းမုန်တိုင်းများကို အန်တုလျက် အရပ်မျက်နှာအနှံ့ ရှာဖွေနေသော်လည်း ရှန်းဝူအကယ်ဒမီ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
“ထူးဆန်းလိုက်တာ... ဒီရှန်းဝူအကယ်ဒမီက ဘယ်မှာများ ရှိနေတာပါလိမ့်” ဟု ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။
ထိုစဉ် အဝေးရှိ တောင်တန်းကြီးတစ်ခုသည် ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်တွင် ပေါ်လာတော့၏။ သူသည် မျက်မှောင်ကြုတ်လျက် အပေါ်သို့ ခုန်တက်လိုက်ပြီး မမြင်ရသော လှေကားထစ်များကို နင်းလျှောက်သကဲ့သို့ တစ်လှမ်းချင်း ရှေ့သို့ တိုးသွားရာ အမြင့်သို့ တရွေ့ရွေ့ တက်လှမ်းသွားလေသည်။
နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် အလွန်မြင့်မားသော ကောင်းကင်ယံသို့ ရောက်ရှိလာရာ ထိုနေရာရှိ အေးစက်လှသော လေပြင်းများသည် သူ၏ ခန္ဓာကိုယ်ကိုပင် ခဲပစ်တော့မတတ် ပြင်းထန်လှပေသည်။
ကိုယ်တွင်းရှိ မူလစွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်လိုက်ပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် အနည်းငယ် သက်သာရာရသွားတော့၏။
ဤအရပ်မှနေ၍ အဝေးရှိ တောင်တန်းများကို လှမ်းကြည့်လိုက်သောအခါ တောင်တန်းကြီးပေါ်၌ အမည်းစက်ကလေးတစ်ခုကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။
“အဲ့ဒီမှာပဲ” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ဝင်းလက်သွားကာ မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ဝမ်ချိုင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
“သွားကြစို့... ဟိုဘက်က တောင်တန်းတွေပေါ်မှာပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်၏။
ဝမ်ချိုင်သည်လည်း တဟုန်ထိုး ပြေးထွက်သွားရာ တောင်တန်းကြီးသည် ၎င်းတို့နှင့် တဖြည်းဖြည်း နီးကပ်လာတော့သည်။
“ထူးဆန်းလိုက်တာ... သူတို့ ဘာလို့ အခုထိ ပြန်မလာကြသေးတာလဲ” ဟု ယီနန်သည် ရှန်းဝူအကယ်ဒမီတွင် တစ်ယောက်တည်း ရေရွတ်နေမိသည်။
ရှန်းဝူအကယ်ဒမီမှ ရှန်းဝူမျှော်စင်သို့ သွားလျှင် သုံးနာရီခန့်သာ ကြာမြင့်ပေသည်။ ယခုဆိုလျှင် တစ်နေ့ကုန်လုနီးပြီ ဖြစ်သဖြင့် ဆရာများသည် ပြန်ရောက်သင့်နေပြီ ဖြစ်သည်။
သို့သော်လည်း သူတို့၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးပေ။
“တစ်ခုခုများ ဖြစ်နေတာလား” ယီနန်သည် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။
သူမ၏ အယူအဆအရ ယခုအကြိမ် ရှန်းဝူမျှော်စင်၏ စမ်းသပ်မှုကို အောင်မြင်သူမှာ ချင်ယွမ်ဖုန်းသာ ဖြစ်ရမည်ဟု ယုံကြည်နေမိသည်။
သူမ၏ မျက်လုံးထဲတွင်မူ ချင်ယွမ်ဖုန်းသာ လာမည်ဆိုလျှင် ဤစမ်းသပ်မှုကို မလွဲမသွေ ကျော်ဖြတ်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ထားပုံရပေသည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းမှာမူ နှင်းတောထဲ၌ သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသဖြင့် အတော်လေး အခြေအနေ မဟန်ဖြစ်နေရသည်။
ယင်းမှာ ပျံလွှားနဂါးနှင့် ဆင်တူသော်လည်း အနောက်တိုင်းပုံစံ နဂါးမျိုး ဖြစ်ပြီး ကြီးမားသော ပုတ်သင်ညိုတစ်ကောင်တွင် အတောင်ပံကြီး နှစ်ဖက် ပါရှိနေသကဲ့သို့ပင်။
ထိုပျံလွှားနဂါးသည် အလျား သုံးလံခန့် ရှိပြီး ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကပင် ချင်ယွမ်ဖုန်းကို များစွာသော ဖိအားများကို ပေးနေတော့၏။
ဤပျံလွှားနဂါးသည် ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းရုံသာမက လက်နက်များဖြင့်လည်း မဖောက်ထွင်းနိုင်သလို၊ လေနှင့် နှင်းများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
ချင်ယွမ်ဖုန်းမှာ အဘယ်မျှ အခက်တွေ့နေရသနည်းဆိုလျှင် ထိုနဂါးနှင့် တွေ့တွေ့ချင်းပင် တိုက်ခိုက်ခြင်း ခံလိုက်ရပြီး ပတ်ဝန်းကျင် အပူချိန်သည်လည်း ရုတ်ချည်း ကျဆင်းသွားရာ ရေခဲတိုက်အတွင်းသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝမ်ချိုင်မှာလည်း ခဏချင်းပင် ခဲသွားကာ ကျောက်ရုပ်တစ်ရုပ်ပမာ ရပ်တန့်သွားတော့၏။
ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပျံလွှားနဂါးထံသို့ တည့်တည့်မတ်မတ် ဦးတည်သွား၏။ ပတ်ဝန်းကျင်ရှိ လေနှင့် နှင်းများသည် ထိုဓားအလင်းနှင့်အတူ လိုက်ပါသွားရာ နဂါးငွေ့တန်း မုန်တိုင်းကြီးတစ်ခုနှင့်ပင် တူလှပေတော့သည်။ယယ
သို့သော် ဓားသွားသည် ပျံလွှားနဂါးထံသို့ ရောက်ရှိသွားသောအခါ ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။
“ကိုယ်ရံစွမ်းအင်ကိုတောင် ခဲသွားစေနိုင်တာလား” ချင်ယွမ်ဖုန်းသည် အလွန်အမင်း တုန်လှုပ်သွားရသည်။
ကိုယ်ရံစွမ်းအင်ဟူသည်မှာ စွမ်းအင်စုစည်းမှု ဖြစ်ရာ ထိုစွမ်းအင်ကိုပင် ခဲသွားစေနိုင်သည်ဆိုလျှင် အပူချိန်မှာ မည်မျှအထိ နိမ့်ကျနေရမည်နည်း။
ပျံလွှားနဂါးသည် ဝေဟင်တွင် ဝဲပျံနေလျက် ချင်ယွမ်ဖုန်းကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီးနောက် ၎င်း၏ ကြီးမားလှသော အတောင်ပံနှစ်ဖက်ကို ခတ်လိုက်ရာ နှင်းမုန်တိုင်း ဝဲကယက်နှစ်ခုသည် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ဦးတည်လာတော့၏။
ချင်ယွမ်ဖုန်းသည် အသည်းအသန် ရှောင်တိမ်းလိုက်ရသော်လည်း သူ၏ အဝတ်အစားများမှာမူ ရေခဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ဒါကတော့ အတော်လေးကို လွန်လာပြီနော်” ချင်ယွမ်ဖုန်းသည် အော်ဟစ်လိုက်ပြီး သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ ထိုစွမ်းအားများသည် ကြီးမားသော လက်နှစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားပြီး ပျံလွှားနဂါး၏ အတောင်ပံနှစ်ဖက်ကို လှမ်း၍ ဖမ်းချုပ်လိုက်လေသည်။
“အောက်ကို ဆင်းခဲ့စမ်း”
နဂါး၏ အတောင်ပံများသည် အဖမ်းခံလိုက်ရသဖြင့် ခတ်၍မရတော့ဘဲ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် နှင်းပုံထဲသို့ ပြင်းထန်စွာ ကျဆင်းသွားတော့၏။
“အခုတော့ မင်း ဘယ်လိုပျံဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ချင်ယွမ်ဖုန်းသည် ရယ်မောလိုက်ပြီး ရှေ့သို့ ရုတ်ချည်း ခုန်တက်လိုက်သည်။
သူ၏နောက်ကွယ်မှ အမည်းရောင် ပုံရိပ် သုံးခုသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာပြီး ပျံလွှားနဂါး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာကြ၏။
ထိုလေးယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ ပြင်းထန်လှသော မူလစွမ်းအင်များသည် ပျံလွှားနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး နဂါးကြီးမှာ နာကျင်စွာ အော်ဟစ်နေတော့သည်။
ချင်ယွမ်ဖုန်းသည် ဓားကို ပြောင်းပြန်ကိုင်၍ ပြင်းထန်စွာ ခုတ်ချလိုက်သော်လည်း ပျံလွှားနဂါး၏ ခန္ဓာကိုယ်ပေါ်တွင် အပေါ်ယံ ဒဏ်ရာကလေးတစ်ခုသာ ရရှိခဲ့သည်။
အလွန်တရာ ထက်မြက်လှသော လုယန့်ဓားပင်လျှင် ပျံလွှားနဂါး၏ အရေခွံကိုသာ အနည်းငယ် ဖောက်ဝင်နိုင်ခဲ့ချေသည်။
ပျံလွှားနဂါးသည် အလွန်အမင်း ဒေါသထွက်သွားကာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ နှင်းများသည် လေထဲသို့ လွင့်ပျံလာပြီး ကြီးမားသော အင်အားတစ်ခုက ချင်ယွမ်ဖုန်း၏ ရင်ဘတ်ကို ရိုက်ခတ်လိုက်သဖြင့် သူသည် လွင့်စင်သွားရတော့၏။
ထို့နောက်တွင် ပျံလွှားနဂါးသည် ၎င်း၏ တုတ်ခိုင်လှသော အမြီးဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလောင်းကောင်ရုပ်သေး သုံးခုစလုံး လွင့်ထွက်သွားကြကုန်သည်။
ချင်ယွမ်ဖုန်းသည် အလွန်အံ့အားသင့်သွားရ၏။ ဤပျံလွှားနဂါးသည် စတုတ္ထအဆင့် မြင့်မားသော သားရဲအဆင့်သာ ရှိသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာမူ သူ့ကို အတော်လေး အခက်တွေ့စေသည်။
သာမန် သားရဲများနှင့် နှိုင်းယှဉ်လျှင် ပျံလွှားနဂါးသည် သဘာဝအတိုင်း ပိုမိုကြီးမားသော အင်အားကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း ထွက်ပြေးရန် ပြင်ဆင်နေစဉ်မှာပင် ရေခဲတုံးအတွင်း ပိတ်မိနေသော ဝမ်ချိုင်သည် နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့လေပြီ။
“ဝူး...”
ဝမ်ချိုင်သည် ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်မှာလည်း ရုတ်ချည်း ကြီးမားလာပြီး ပျံလွှားနဂါးနှင့် အရွယ်အစား တူညီသွားတော့၏။
ကြီးမားလှသော သားရဲနှစ်ကောင် ထိပ်တိုက်တွေ့ကြလေပြီ။
ချင်ယွမ်ဖုန်းပင်လျှင် ဝမ်ချိုင်၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍မရသော်လည်း ၎င်းသည် ပျံလွှားနဂါးထက် ပိုမိုမြင့်မားနေသည်မှာ အသေအချာပင်။ မကြာမီပင် ပျံလွှားနဂါးမှာ ဝမ်ချိုင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။