← Chapters

အခန်း ၇၆၆

Vol. 72 Ch. 766

အခန်း ၇၆၆

Vol. 72 Ch. 766

အခန်း (၇၆၆) - လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များ၊ အင်မော်တယ်၏ အမွေအနှစ်ရတနာ၊ ကောင်းကင်မှကျလာသော အခွင့်အလမ်း(၁)။

"အစ်မထောင်၊ ဒါဆိုရင် ဒီမိုးကြိုးအင်မော်တယ်စံအိမ်ထဲမှာ ဘယ်လိုရတနာမျိုးတွေ ရှိနေတာလဲ...”

ပိုင်စုကျဲ့က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဒါကတော့ အင်မော်တယ်စံအိမ်ဖြစ်တဲ့အတွက် အထဲမှာ ရတနာတွေ မရေမတွက်နိုင်အောင် ရှိနေမှာပေါ့...”

"အင်မော်တယ်ပုံဆောင်ခဲတွေဆိုရင် ပြောစရာတောင် မလိုဘူး၊ နေရာတိုင်းမှာ ရှိနေမှာ သေချာတယ်...”

"အထဲမှာ မှော်ဝင်ဆေးပင်တွေ၊ အင်မော်တယ်ဆေးပင်တွေတောင် အများကြီး စိုက်ပျိုးထားနိုင်တယ်...”

"အင်မော်တယ်တွေ ချန်ရစ်ခဲ့တဲ့ ဆေးလုံးတွေ၊ မှော်ရတနာတွေနဲ့ တခြားအရာတွေလည်း ရှိနိုင်တာပဲ...”

"ပြောကြတာတော့ ပြီးခဲ့တဲ့အကြိမ်တုန်းက သန့်စင်ခြင်္သေ့မျိုးနွယ်က လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး မိုးကြိုးအင်မော်တယ်စံအိမ်ထဲ ဝင်သွားပြီး ရွှမ်ထျန်းရတနာတစ်ပါး ရလာခဲ့ဖူးတယ်တဲ့...”

"အဲဒီနာမည်က ကောင်းကင်မိုးကြိုးဒိုင်းလို့ ခေါ်တယ်...”

"ဒီရွှမ်ထျန်းရတနာက မိုးကြိုးကပ်ဘေးကို ချေဖျက်ပေးနိုင်စွမ်း ရှိတယ်...”

"အဲဒီရလဒ်အနေနဲ့ သန့်စင်ခြင်္သေ့မျိုးနွယ်ဟာ ဒီရွှမ်ထျန်းရတနာရဲ့ အကူအညီနဲ့ သူတို့မျိုးနွယ်စုထဲက တချို့ကို ခန္ဓာပေါင်းစည်းခြင်းအဆင့်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး စွမ်းအားတွေ အများကြီး တိုးတက်လာခဲ့ကြတယ်...”

"ဝမ်းနည်းစရာကောင်းတာက အဲဒီကောင်းမွန်တဲ့ အချိန်တွေက သိပ်မကြာလိုက်ဘူး...”

"အစစ်အမှန်ဝိညာဉ်တစ်ပါးက ရွှမ်ထျန်းရတနာ ကောင်းကင်မိုးကြိုးဒိုင်း ရှိနေမှန်း သိသွားတဲ့အခါမှာ သန့်စင်ခြင်္သေ့မျိုးနွယ်ဆီ တိုက်ရိုက်လာလုယူသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်မျိုးနွယ်လုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး မဟာယာနအဆင့်တစ်ပါးနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဆယ်ပါးကျော် သေဆုံးသွားခဲ့ရတယ်...”

"အဲဒီအချိန်ကစပြီး သန့်စင်ခြင်္သေ့မျိုးနွယ်ရဲ့ စွမ်းအားက အောက်ဆုံးအထိ ကျဆင်းသွားခဲ့ရတော့တာပဲ...”

ထောင်ချီလီက အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

"ဆိုလိုတာက အရမ်းကောင်းတဲ့ ရတနာရတာက အမြဲတမ်း ကောင်းကျိုးဖြစ်မလာနိုင်ဘူးပေါ့...”

"မျိုးနွယ်စုအတွက် ဘေးဒုက္ခတောင် ဆောင်ကြဉ်းလာနိုင်သေးတယ်ပေါ့...”

ထိုစကားကို ကြားသောအခါ ပိုင်စုကျဲ့၏ မျက်နှာက လွန်စွာ တည်ကြည်သွားချေသည်။

ရွှမ်ထျန်းရတနာဆိုသည်မှာ ကောင်းကင်အဆင့်ဝိညာဉ်ရတနာထက် သာလွန်သော မှော်ရတနာဖြစ်ပြီး မဟာယာနအဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သည့် ရတနာဖြစ်ပေသည်။

၎င်း၏စွမ်းအားက အင်မော်တယ်မှော်လက်နက်၏ အောက်တွင်သာ ရှိပေသည်။

ထို့ကြောင့် စိတ်ဝိညာဉ်ကမ္ဘာတွင် ရွှမ်ထျန်းရတနာကို ဒုတိယအင်မော်တယ်မှော်လက်နက် သို့မဟုတ် ချို့ယွင်းချက်ရှိသော အင်မော်တယ်မှော်လက်နက်ဟုလည်း ခေါ်ဆိုကြလေသည်။

၎င်း၏စွမ်းအားက အစစ်အမှန် အင်မော်တယ်မှော်လက်နက်ကို မယှဉ်နိုင်သော်လည်း ကောင်းကင်အဆင့်ဝိညာဉ်ရတနာထက်မူ များစွာ သာလွန်ပေသည်။

ထို့ပြင် ထိန်းချုပ်ရ ပိုမိုလွယ်ကူပြီး စွမ်းအင်သုံးစွဲမှုလည်း ပိုနည်းပါး၏။

မဟာယာနအဆင့် ကျင့်ကြံသူများအတွက်ဆိုလျှင် ရွှမ်ထျန်းရတနာက ပို၍ပင် သင့်တော်သေးသည်။

အဘယ်ကြောင့်ဆိုသော် အစစ်အမှန် အင်မော်တယ်မှော်လက်နက်၏ စွမ်းအားက ကြီးမားလွန်းလှသော်လည်း သာမန် မဟာယာနအဆင့် ကျင့်ကြံသူများအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့်ပင်။

ထို့ကြောင့် ၎င်းကို ပိုင်ဆိုင်ထားလျှင်လည်း များစွာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

စွမ်းအားအနည်းငယ် နည်းပါးသော်လည်း မိမိကိုယ်တိုင် ထိန်းချုပ်နိုင်သော ရတနာက ပိုကောင်းပေလိမ့်မည်။

ထို့ကြောင့် မဟာယာနအဆင့် ကျင့်ကြံသူများ ကိုယ်တွင် ဆောင်ထားသော မှော်ရတနာအများစုမှာ ရွှမ်ထျန်းရတနာများသာ ဖြစ်ကြလေသည်။

"ဟုတ်တယ်၊ အဲဒီလို ပြောလို့လည်း ရပါတယ်...”

"ဒါပေမဲ့လည်း အဲဒီလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး...”

"ငါတို့ အင်မော်တယ်စံအိမ်ထဲ ဝင်သွားရင် အစစ်အမှန်ဝိညာဉ်တွေ မျက်စိမကျတဲ့ ရတနာတချို့ကို ရရင် လုံလောက်ပါပြီ...”

"ဒီလိုဆိုရင် အန္တရာယ် သိပ်မကြီးတော့ဘူး...”

"အမှန်တကယ်တော့ ယခင်တုန်းက သန့်စင်ခြင်္သေ့မျိုးနွယ်သာ ဒီရွှမ်ထျန်းရတနာကို လိုလိုလားလား လွှဲပြောင်းပေးခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ရောင်းချခဲ့မယ်ဆိုရင် ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခကို ဖိတ်ခေါ်မိမှာ မဟုတ်ဘူး...”

"ပြဿနာက သန့်စင်ခြင်္သေ့မျိုးနွယ်ဟာ လွှဲပြောင်းမပေးရက်ဘဲ ဒီရွှမ်ထျန်းရတနာရဲ့ အကူအညီနဲ့ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာပဲ...”

"ဒါပေမဲ့ သူတို့မှာ ဒီရတနာကို ကာကွယ်ထားနိုင်တဲ့ စွမ်းဆောင်ရည်မှ မရှိတာ။ ဒါကြောင့် ဒီလိုကပ်ဘေးဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာပေါ့...”

ထောင်ချီလီက ပြောလိုက်၏။

သူမမှာ အတွင်းစိတ်ထဲ၌ များစွာ သက်ပြင်းချမိလေသည်။ စကားပြောရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင် အမှန်တကယ် လုပ်ဆောင်နိုင်သူ မည်မျှရှိပါမည်နည်း။

လောဘမကြီးရန်ဆိုသည်မှာ တကယ်တမ်းတွင် အလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ပေသည်။

ရွှမ်ထျန်းရတနာ ကောင်းကင်မိုးကြိုးဒိုင်းသည် မိုးကြိုးကပ်ဘေးကို တောင့်ခံနိုင်သော ရတနာဖြစ်သည်ကို သိထားရ‌ပေမည်။ တစ်ကြိမ်သာ ထိန်းချုပ်နိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် သန့်စင်ခြင်္သေ့မျိုးနွယ်၌ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးများနှင့် မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများပင် အဆက်မပြတ် မွေးဖွားလာနိုင်ပေလိမ့်မည်။

မည်သည့် မျိုးနွယ်စုမဆို ဤသို့သော သွေးဆောင်ဖြားယောင်းမှုကို ရင်ဆိုင်ရလျှင် ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။

ဤသည်မှာ မျိုးနွယ်စုတစ်ခုလုံး လုံးဝ ကြီးပွားတိုးတက်လာစေရန် လုံလောက်သော မျိုးနွယ်စုစောင့်ရှောက်ရေး ရတနာတစ်ခုပင် ဖြစ်လေသည်။

အတိတ်က သန့်စင်ခြင်္သေ့မျိုးနွယ်သည် လောဘကို မထိန်းချုပ်နိုင်ခဲ့သောကြောင့်သာ နောက်ကွယ်မှ အကြံအစည်ရှိသော အစစ်အမှန်ဝိညာဉ်အချို့၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးမည့်ဘေးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။

ဤကိစ္စကို ဖြတ်သန်းပြီးနောက် အားနည်းသော မျိုးနွယ်စုများစွာကို ထိတ်လန့်သွားစေခဲ့ပြီး ထိုအမှားမျိုး ထပ်မကျူးလွန်တော့ရန် ကျိန်ဆိုခဲ့ကြ၏။

လူသားမျိုးနွယ်သည်လည်း ဤကိစ္စကို မကြာခဏ ထုတ်ဖော်ပြောဆိုကာ နောင်လာနောက်သားများကို သင်ခန်းစာယူရန် သတိပေးလေ့ရှိသည်။

"အင်း၊ အစ်မဖုန်းရှီးက ငါတို့ကို အစည်းအဝေးလုပ်ဖို့ ခေါ်နေပြီထင်တယ်...”

ဤအခိုက်တွင် ပိုင်စုကျဲ့၏ စိတ်ထဲ၌ လှုပ်ရှားသွားကာ သူမကိုယ်ပေါ်ရှိ သတင်းပို့ကိရိယာလေးက လင်းလက်လာပြီး သတင်းစကားများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာလေသည်။

သူမ၏ စိတ်အာရုံဖြင့် ဆန်းစစ်လိုက်သောအခါ ဖုန်းရှီးမြို့သခင်က လေဟာနယ်သန့်စင်ခြင်းအဆင့်အထက် ကျင့်ကြံသူများကို အစည်းအဝေးခေါ်ယူနေကြောင်း ချက်ချင်း သိလိုက်ရ၏။

"ဖုန်းရှီးလည်း မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာကို သိသွားပြီ ထင်တယ်...”

"ငါတို့အားလုံးကို အစည်းအဝေးတက်ဖို့ ခေါ်နေတာဖြစ်မယ်...”

ထောင်ချီလီက ဖုန်းရှီးတာအိုအရှင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားလေသည်။

သိသာထင်ရှားစွာပင် ဤကမ္ဘာပေါ်၌ ဉာဏ်ကောင်းကြသူများမှာ သူမတစ်ယောက်တည်းသာ မဟုတ်ပေ။

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာလည်း မိုးကြိုးအင်မော်တယ်စံအိမ်၏ သတင်းကို သိရှိသွားကြလောက်ပေပြီ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်မြေကြီး၏ ထူးခြားဖြစ်စဉ်က ဤမျှ ကြီးမားနေသဖြင့် သဘာဝကျစွာပင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

"အစ်မထောင်၊ အစ်မပဲ သွားလိုက်တော့၊ ကျွန်မတော့ မလိုက်တော့ဘူး...”

"အင်မော်တယ်စံအိမ်က ကြီးမားတဲ့ အခွင့်အရေးဆိုပေမဲ့ ကျွန်မက လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ရောက်ထားတာ သိပ်မကြာသေးဘူးလေ...”

"အင်မော်တယ်စံအိမ်ထဲကို တကယ်ဝင်သွားရင်တောင် တခြားသူတွေနဲ့ အခွင့်အရေးကို လုနိုင်မှာမဟုတ်ဘူး...”

ပိုင်စုကျဲ့က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

သူမသည် ကျိုးစွေ့၏ နှစ်ပေါင်းများစွာ လွှမ်းမိုးခံရမှုကြောင့် ယခင်ကကဲ့သို့ ရဲရင့်ခြင်းမျိုး မရှိတော့ဘဲ အရင်လို တဇွတ်ထိုးပြုမူတတ်သော မြေခွေးမလေး မဟုတ်တော့ချေ။

ယခုအခါတွင် သူမသည် လွန်စွာ သတိကြီးသူတစ်ယောက် ဖြစ်နေချေပြီ။

မိုးကြိုးအင်မော်တယ်စံအိမ်တွင် ကြီးမားသော အခွင့်အရေးများ ရှိနေလျှင်ပင် အထဲ၌ ကျဆုံးသွားရမည်ကို စိုးရိမ်သဖြင့် သူမအနေဖြင့် ဝင်မပါချင်တော့ပေ။

ပို၍ အရေးကြီးသည်မှာ ခင်ပွန်းဖြစ်သူ၏ စွမ်းဆောင်ရည်ကို သူမ ကောင်းကောင်း သိထားသောကြောင့်ပင်။

အချိန်များစွာနှင့် စိတ်ဝိညာဉ်ဆေးပင် မျိုးစေ့များသာ ရှိပါက ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်ဆေးပင်များနှင့် သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးနိုင်ပေလိမ့်မည်။

အနာဂတ်တွင် သူမ၏ ကျင့်ကြံခြင်း အရင်းအမြစ်များ လုံးဝလိုအပ်မည် မဟုတ်ရာ၊ အဘယ်ကြောင့် အန္တရာယ်အဖြစ်ခံ၍ သွားနေရမည်နည်း။

ဖုန်းရှီးမြို့ထဲ၌ နေထိုင်ပြီး ဖြည်းဖြည်းချင်း ကျင့်ကြံလျှင်ပင် အနာဂတ်တွင် သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ မလွဲမသွေ ရောက်ရှိနိုင်ပေလိမ့်မည်။

အခြားကျင့်ကြံသူများနှင့် အသေအလဲ တိုက်ခိုက်နေရန် လုံးဝ မလိုအပ်ချေ။

"ကောင်းပြီလေ၊ ဒါက နင့်ရဲ့ ဆုံးဖြတ်ချက်ဆိုတော့လည်း...”

ထောင်ချီလီက ပိုင်စုကျဲ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်လေသည်။ ပိုင်စုကျဲ့ ဤသို့ ဆုံးဖြတ်ချက်ချရခြင်းမှာ ဘေးနားရှိ ဤအမျိုးသား၏ လွှမ်းမိုးမှုကြောင့်ဖြစ်ကြောင်း သူမ မသိဘဲ နေပါမည်လော။

အနည်းငယ် သတိလွန်လွန်းပြီး အခွင့်အရေးများစွာကို လက်လွတ်ဆုံးရှုံးရနိုင်သော်လည်း လုံခြုံမှုအပိုင်းတွင်မူ အနိုင်ရရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤနှစ်များတစ်လျှောက် အခွင့်အရေးများ ရယူလိုသဖြင့် မိုးကြိုးတောင်တန်းတွင် ကျဆုံးသွားခဲ့ရသူများမှာ မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလော။

သူမ၏ အတွင်းစိတ်ထဲ၌လည်း လဲသေလုမတတ် မနာလိုဖြစ်နေမိလေသည်။

မိမိကို ကာကွယ်ပေးမည့် အမျိုးသားတစ်ယောက် ရှိနေခြင်းက အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။

မည်သည့်ကိစ္စမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရသော သူမကဲ့သို့သော မုဆိုးမတစ်ယောက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

အကယ်၍ အခွင့်အရေးများအား သွားရောက်မလုယူဘဲ အန္တရာယ်မယူပါက အနာဂတ်တွင် သူမအနေဖြင့် မည်သို့ ရှေ့တစ်လှမ်း ပိုတိုးနိုင်မည့်အခွင့်အရေး ရှိပါမည်နည်း။

ရွှစ်…။

စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်က လက်ခနဲဖြစ်သွားကာ မြို့သခင်အိမ်တော် ရှိရာအရပ်သို့ ပျံသန်းသွားလေတော့သည်။

သူမတစ်ယောက်တည်းသာ မဟုတ်ပေ၊ တစ်ဖုန်းရှီးမြို့လုံးရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာသည်လည်း တစ်ချိန်တည်းမှာပင် ထိုနေရာသို့ ပျံသန်းသွားကြ၏။

လူတိုင်း၏ မျက်နှာပေါ်တွင် ပြိုင်ဘက်ကင်းသော စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေကြ‌ေသည်။

အဘယ်ကြောင့်ဆိုသော် မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းသည် မည်မျှကြီးမားသော အခွင့်အရေးဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားသောကြောင့်ပင် ဖြစ်၏။

အကျိုးအမြတ် အနည်းငယ်မျှရရှိလျှင်ပင် သူတို့၏ ကျင့်ကြံမှုစွမ်းအားများက ရှေ့တစ်လှမ်း ပိုတိုးလာနိုင်ပေလိမ့်မည်။

အနာဂတ်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီး ဖြစ်လာရန်ပင် မဖြစ်နိုင်သည့် ကိစ္စမဟုတ်တော့ချေ။

"ယောကျ်ား၊ ကျွန်မတို့ တကယ်ပဲ မိုးကြိုးအင်မော်တယ်စံအိမ်ကိစ္စမှာ သွားမပါတော့ဘူးလား...”

"ဒါက အင်မော်တယ်စံအိမ်နော်...”

"အထဲမှာ အခွင့်အရေးတွေ ဘယ်လောက်တောင် ပါဝင်နေမလဲ မသိဘူး...”

ဤအချိန်တွင် ထောင်ချီလီ၏ပုံရိပ် လုံးဝ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပိုင်စုကျဲ့က ကျိုးစွေ့ကို နှမြောတသစွာဖြင့် ကြည့်ကာ မေးလိုက်၏။

မိုးကြိုးအင်မော်တယ်စံအိမ်သို့ သွားရောက်ပါက အကြီးအကျယ်အမြတ်ရနိုင်မည်ဟု သူမ ခံစားနေရလေသည်။

"အခွင့်အရေးတဲ့လား။ အခွင့်အရေးကိုပဲ တွေးနေပြီး အန္တရာယ်ကိုကျ မေ့နေတာလား...”

"မိုးကြိုးအင်မော်တယ်စံအိမ်ပေါ်လာတော့ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးတွေကိုတောင် ဆွဲဆောင်နိုင်မှာ သေချာတယ်...”

"ဒီမိစ္ဆာအိုကြီးတွေနဲ့ ယှဉ်ရင် မင်းက ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်နိုင်မှာလဲ...”

"မင်းက သေချင်လို့ သွားမှာလား၊ ရတနာရချင်လို့ သွားမှာလား...”

ကျိုးစွေ့က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

"တောင်းပန်ပါတယ် ယောကျ်ားရယ်၊ ခုနက ကျွန်မ တကယ်ပဲ နည်းနည်း စိတ်လွတ်သွားလို့ပါ...”

ပိုင်စုကျဲ့က လျှာလေးထုတ်ကာ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် ကျိုးစွေ့ကို ကြည့်ရင်း ပြောလိုက်လေသည်။

"မင်းက ခန္ဓာကိုယ်မှာ ခွန်အားတွေ အရမ်းများနေလို့ ခုလို ပေါက်ကရစိတ်ကူးတွေ တွေးနေတာဖြစ်မယ်...”

"ကိုယ်ပေါ်က ခွန်အားတွေကို နည်းနည်းပါးပါး ဖြုန်းတီးပေးမှ ရတော့မယ်...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ကာ ပိုင်စုကျဲ့ကို ကြည့်လိုက်၏။

"ယောကျ်ားနော်၊ ဟွန့်...”

မိမိယောကျ်ား၏ အကြည့်ကို မြင်လိုက်ရသောအခါ ပိုင်စုကျဲ့၏ မျက်နှာလေး နီမြန်းသွားပြီး မျက်လုံးများက ဆွဲဆောင်မှုအပြည့် ဖြစ်သွားရသည်။

ဤအမျိုးသား ဘာတွေးနေသည်ကို သူမ မသိဘဲ နေမည်လော။ ခန္ဓာကိုယ်အတွင်းရှိ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်များကပင် မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားလာတော့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသား အခန်းထဲသို့ ပြန်ဝင်သွားကြပြီး ယင်ယန်တာအိုလမ်းစဉ်ကို ကျင့်ကြံလိုက်စားကြလေတော့သည်။

...

All Chapters