← Chapters

Chapter 1421 - 1422

Vol. 95 Ch. 1421 - 1422

Chapter 1421 - 1422

Vol. 95 Ch. 1421 - 1422

Chapter 1421 ငါ နတ်ဆိုးဘုရင်ကို ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ

“တောင်းပန်ပါတယ် ကျွန်မ ဒီဘဝမှာ ရှင့်ကို အကြွေးတင်သွားပြီ၊ နောင်ဘဝမှ ကျွန်မ ရှင့်ကို ပြန်ဆပ်ပါ့မယ်”

“ရွှစ်”

ယွင်အာဟူသော အမျိုးသမီးက သူမလည်ပင်းကို ပြန်လှီးဖြတ်လိုက်သည်။ သွေးများ ပန်းထွက်လာ လေတော့သည်။ ဤသည်ကို လူတိုင်း ခေါင်းမခါ ရဲသလို ရင်ကွဲစရာ မြင်ကွင်းကိုလည်း မကြည့်ရက်ကြချေ။

မိခင်တစ်ယောက်၏ ဇွဲနှင့် ဖခင်တစ်ယောက်၏ ကူကယ်ရာမဲ့မှုကို သူတို့ မြင်နေရသည်။ မူလက ပျော်ရွှင်ခဲ့သော မိသားစုလေးတစ်ခု ပျက်စီးသွား လေပြီ။

“ခွမ်း”

ချွန်ထက်သော ဖန်ကွဲစသည် မြေကြီးပေါ် ပြန်ပြုတ်ကျကာ ကြေမွသွားသည်။ ၎င်းနှင့်အတူ ယောက်ျား တစ်ယောက်၏ နှလုံးသားသည်လည်း သည်းခြေ ပျက်သွားလေသည်။

သူ့ဇနီးသည်၏ ခန္ဓာကိုယ်က သူ့ရှေ့၌ လဲကျသွားသည်ကိုမြင်ပြီး လီဆုန်း ကြက်သေ သေသွားကာ မျက်နှာတစ်ပြင်လုံး သွေးမရှိတော့ချေ။ သူ့မျက်လုံး တွင် ထိတ်လန့်မှုနှင့် မယုံနိုင်မှုများ ပြည့်နှက်နေ၏။

ငါးကလေးတစ်ကောင်ကိုပင် သတ်ရန် တုန်နေတတ်သည့် သူ့ဇနီးက သူ့ရှေ့၌ သေကြောင်းရဲသည့် သတ္တိရှိ လိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ့ဇနီးက ဤသို့ သေသွားရသည်ကို သူ ပို၍ မယုံနိုင်ပါ။

သူ ငိုချင်ပါသည်။ သူ အာခေါင်ခြစ်၍ အော်ချင်ပါသော်လည်း လည်ချောင်း ထဲမှ ဘာအသံမှ ထွက်မလာဘဲ အာစေးနေ၏။

“ဟားဟားဟား သေပြီ၊ တကယ် သေသွားပြီ၊ မင်းတို့လူသားတွေက တော်တော် စိတ်ဝင်စားစရာပဲ၊ သားပေါက်လေး တစ်ကောင်အတွက် တကယ် သေကြောင်းကြံတာပဲ”

မျက်လုံးတစ်ဖက် တောင်ဘီလူးက ဟာသတစ်ပုဒ်ကို မြင်လိုက်ရသကဲ့သို့ အော်ရယ်လေသည်။

“ခင်ဗျား ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားပြီမလား၊ ကျုပ်သားကို လွှတ်ပေး”

လီဆုန်းက မျက်လုံးတစ်ဖက် တောင်ဘီလူးကို မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် အော်လိုက်သည်။ သူ ထိုတောင်ဘီလူးကို နုတ်နုတ်စင်း ချင်နေသည်။ ဤမကောင်းဆိုးဝါးက သူ့ဇနီးသည်ကို သတ်သေအောင် ဖိအားပေးခဲ့သည်။ ၎င်းက သူ့မိသားစုကို ဖျက်ဆီးခဲ့သည်။

“ဟီးဟီး …”

သို့သော် ထိုအချိန်တွင် မျက်လုံးတစ်ဖက်နှင့် တောင်ဘီလူးက ညစ်ကျယ်ကျယ် ရယ်၍ လီဆုန်း၏ စိုးရွံ့နေသော အကြည့်အောက်မှာပင် ကောင်လေးအား ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

“ဂျွတ် ဂျွတ်”

ထို့နောက် ကြောက်လန့်နေသော လူတိုင်း၏ အကြည့်အောက်မှာပင် ထိုကောင်လေးကို သူ စားပစ်လိုက်သည်။ ထိုကောင်လေး၏ အော်ငိုသံက တိခနဲ ရပ်တန့်သွားသည်။

“စိတ်မကောင်းပါဘူး ငါ မင်းကို ညာခဲ့တာ၊ ဟားဟားဟား”

မျက်လုံးတစ်ဖက် တောင်ဘီလူးက အလွန် ဂုဏ်ယူနေသော မျက်နှာနှင့် အော်ရယ်လေသည်။ လီဆုန်း မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး မျက်နှာ ပြာနှမ်းလာ၏။ သူ ရူးမတတ် ဖြစ်နေသည်။

မျက်တောင်တစ်ခတ်အတွင်း သူ့ဇနီးနှင့် သားဖြစ်သူတို့ မျက်စိရှေ့၌ သေဆုံးသွားသည်။ ထို့အပြင် နှစ်ယောက်လုံးက ဆိုးရွားသော သေခြင်း တရားတို့ဖြင့် သေဆုံးသွားရသည်။ ခင်ပွန်းတစ်ယောက်၊ ဖခင် တစ်ယောက် အတွက် ဤအဖြစ်က မည်မျှ ဆိုးရွားကြောင်း သိသာလှသည်။ ဤသို့သောအရာမျိုးက မည်သူ့ကိုမဆို ရူးသွပ်သွားစေရန် လုံလောက်သော အဖြစ်ပင်။

“လာကြည့်ကြဦး၊ ငါ လှည့်စားတာ ခံလိုက်ရတဲ့ အရူးတစ်ယောက် ရှိတယ်ဟေ့”

မျက်လုံးတစ်လုံးနှင့် တောင်ဘီလူးက သူ့အပေါင်းအပါများကို လက်ပြ၍ လှမ်းခေါ်လေသည်။ ထို့နောက်တွင်မူ လီဆုန်း တစ်ကိုယ်လုံး တုန်ယင်လာကာ လက်ချောင်းများပင် တုန်နေပြီး မျက်လုံးတွင် မျက်ရည်များဖြင့် စိုစွတ် လာသည်။ ခံပြင်းမှုကြောင့် ကျလာသော မျက်ရည်ပင်။

“အရှင်ယဲ့ဘုရင် ကျွန်တော့်ခေါ်သံကို ကြားနိုင်မယ်ဆိုရင်၊ နောက်ဘဝဆိုတာ တကယ်ရှိခဲ့မယ်ဆိုရင် ကျုပ်ဘဝတိုင်း ခံစားနေရပါစေ ဒီခွေးတိရစ္ဆာန် ကောင်တွေ သေဖို့အတွက် ဘဝအဆက်ဆက်နဲ့ရင်းပြီး အပေးအယူ လုပ်ပါ့မယ်”

ဤကြေကွဲစွာ အော်ဟစ်သံက မိုးထိတိုင်အောင် ပျံ့လွင့်သွားသည်။

…

ထိုအချိန်မှာပင် ယဲ့ဖန်သည် ဤအကျဉ်းစခန်းသို့ ရောက်လာပြီး ပျက်စီး နေသော အဆောက်အဦးများကို ကြည့်ပြီး သူ့မျက်လုံးတွင် ထူးဆန်းသော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ဤနေရာသည် သူ့မြို့ ဖြစ်သည်။ ဤနေရာမှာ လူများက သူ့အား နတ်ဘုရားတစ်ပါးသဖွယ် လေးစားကြသည်။ သို့သော် ယခု တစ်မြို့လုံး ပျက်စီး၍ ပြိုလဲနေသဖြင့် လက်ခံနိုင်ဖွယ်ရာ မရှိချေ။

ထိုစဉ် သူသည်လည်း လီဆုန်း၏ ဝမ်းနည်းစွာ ဟစ်ကြွေးသံကို ကြားလိုက် ရသည်။ ထိုအခါ ယဲ့ဖန် ရယ်လိုက်မိသည်။

“ငါ့ဆီမှာ ဆုတောင်းမနေနဲ့၊ ငါက လူကောင်း မဟုတ်ဘူး၊ ငါက နတ်ဆိုး ဧကရာဇ်”

ထို့နောက် ယဲ့ဖန် ရှေ့ဆက်လျှောက်သွားလိုက်သည်။ နတ်ဆိုးနဂါး ဖုရှန်၊ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် ထျဲမူထားတို့ကလည်း သူ့နောက်မှ လိုက်လာသည်။ ထိုသုံးယောက်၏ မျက်လုံးတွင် အလွန်အမင်း လူသတ် ချင်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။

ထိုစဉ် တံခါးကို စောင့်ကြပ်နေသော မုတ်ဆိတ်ရှိသော ဘီလူးတစ်ကောင်က ယဲ့ဖန်တို့ကို မြင်သွားပြီး တစ်ခဏမျှ အံ့ဩသွားသည်။ ထို့နောက် ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။

“လူကလေး မင်း လမ်းပျောက်နေတာလား”

သူသည် သံခက်ရင်းကို မြှောက်၍ နှုတ်ဆက်လာသည်။ ဤလူများက သေတွင်းလာတူးရဲသည်ကိုလည်း မသိမသာ စူးစမ်းချင်နေပုံ ရသည်။

အဘယ်ကြောင့်ဆိုသော် ဉာဏ်ကောင်းသော လူတိုင်းသည် ဖျင်အန်းမြို့မှ ထွက်ပြေးသွားကြပြီးပြီ ဖြစ်ပြီး ဤနေရာသို့ ရောက်လာပြီး သေတွင်းတူး ရဲသည့် လူငယ်များက ရှိနေဆဲပင်။

“အဲ့လူတွေအားလုံးကို မင်း ဒီမှာ ဖမ်းထားတာ ဟုတ်တယ်မလား”

ယဲ့ဖန်က လက်ပိုက်၍ သူ့ကို မော့ကြည့်လေသည်။ သူ့မျက်လုံးကို ကြည့်လျင် ငရဲကို ကြည့်နေရသည်ဟု ထင်မှတ်ရသည်။

ထိုအခါ ထိုတောင်ဘီလူး တုန်လှုပ်သွားသည်။ ဤမျှ ကြောက်စရာ ကောင်းသော အကြည့်မျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ကြာကြာကြည့်လေ အဆုံးမရှိသော ချောက်နက်ထဲသို့ ချောက်နက်ထဲသို့ ဆွဲချခံရမည်ဟု ထင်မှတ်ရပြီး လန့်စရာ ကောင်းလှသည်။

ထို့နောက် တောင်ဘီလူးသည် ကြက်သီးထသွားပြီးနောက် သူ၏ သံခက်ရင်း ကို အလျင်အမြန် မြှောက်၍ ယဲ့ဖန်တို့ သုံးယောက်အား အညှာအတာမဲ့စွာ သံခက်ရင်းဖြင့် ထိုးလိုက်သည်။

သို့သော် ကြီးမားကြံ့ခိုင်သော ပုံရိပ်တစ်ခုက ယဲ့ဖန်ရှေ့၌ ရုတ်တရက် ပေါ်လာပြီး သံခက်ရင်းအား လက်နှစ်ဖက်ဖြင့် ပုတ်ထုတ်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာပြီး ဖုန်တထောင်း ထောင်း ထလာသည်။

“ဘာ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မုတ်ဆိတ်ရှိသော တောင်ဘီလူးသည် ချက်ချင်း မှင်တက်သွားပြီး ဤလူသားက သူ၏ အားပြင်းသော တိုက်ကွက်ကို တားနိုင်လိမ့်မည်ဟု ထင်မထားမိပေ။ ဤသည်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။

ထျဲမူထားက မချိုမချဉ် ပြုံးလိုက်သည်။

“အမှိုက်ကောင် ငါတို့ဘုရင်ကို အနှောင့်အယှက် ပေးရဲတယ်ပေါ့လေ

ဝမ်ကောဖူက ထွက်လာပြီးနောက် သူ၏ ခွန်အားက အကြီးအကျယ် တိုးတက် လာပြီး သူတော်စင်သခင် အဆင့်ကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများလည်း ထိုနည်းတူပင်။

ဝမ်ကောဖူက ယဲ့ဖန်အတွက် အနည်းငယ်မျှသာ အရေးပါသော်လည်း ထိုနေရာမှ ရှေးဟောင်း ကျမ်းစာများနှင့် စာအုပ်များက သူတို့အတွက် အလွန်အမင်း အကျိုးရှိလေသည်။

*အမှိုက်ကောင် ဟုတ်လား*

မုတ်ဆိတ်နှင့် တောင်ဘီလူးက ချက်ချင်း ဒေါသထွက်သွားလေသည်။ ဤမျှ အချိန်အတော်ကြာပြီးမှ သူသည် ပထမဆုံးအကြိမ် အဖြစ် သတ်မှတ်ခံ နေရသည်။

*ခွင့်မလွှတ်နိုင်စရာပဲ၊ ဒါ ခွင့်မလွှတ်နိုင်စရာပဲ*

“သေပေတော့”

ရုတ်ချည်းဆိုသလိုပင် သူသည် ဒေါသတကြီးနှင့် သံခက်ရင်းကိုမြှောက်ကာ ထပ်ထိုးလိုက်သည်။ သို့သော် ယခုတစ်ခေါက်၌ ထျဲမူထားက အရင် လှုပ်ရှားလာပြီး တောင်ဘီလူး၏ ဦးခေါင်းနားသို့ လွှားခနဲ ခုန်ပျံ၍ ညာလက်သီးဖြင့် ထိုးနှက်လေသည်။

“ဝုန်း”

နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာပြန်သည်။ ထျဲမူထား၏ လက်သီးချက်ကြောင့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ ဦးခေါင်းထက်သို့ ဒေါသတကြီး ကျရောက်သွားသဖြင့် ထိုတောင်ဘီလူး ပေါက်ကွဲ၍ သေဆုံးသွားလေသည်။

သွေးစက်များက မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာလေသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခန္ဓာကိုယ် ရုတ်တရက် ကြီးမားလာပြီး လေးမီတာအထိ မြင့်တက်လာပြီးနောက် အနက်ရောင် ဝတ်ရုံဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ကာဆီးကာ ကောင်းကင်မှ ကျဆင်းလာသော သွေးမိုးစက် မကျအောင် တားလိုက်သည်။

ထိုအချိန်တွင် အကျဉ်းစခန်းတွင်း၌ များစွာသော တောင်ဘီလူးများက အမဲလိုက်ပွဲကို အတူတူ ကစားနေကြပြီး အမဲလိုက်ကြသည့် ပစ်မှတ်မှာ လူသားပင် ဖြစ်လေသည်။

သူတို့သည် ဤလူများအား ပထမဦးစွာ ထွက်ပြေးစေပြီးမှ လေးမြားတို့ဖြင့် ပစ်ကာ ဖမ်းဆီးကြသည်။ ယောက်ျား၊ မိန်းမမရွေး၊ အသက်အရွယ်မရွေးချေ။ မည်သူ့ကိုမှ ခြွင်းချက်မထားကြပေ။

“ဟားဟား ဒီလူကို ငါ ပစ်တာနော်”

“ချီးပဲ ငါ ပစ်တာ အသိသာကြီး၊ ငါ ပစ်တာ ဘယ်လောက် တိကျလဲ ကြည့်လေ၊ သူ့ရင်ဘတ်တောင် ပွင့်ထွက်သွားတာ၊ ဟားဟားဟား”

“ငါ မယုံဘူး၊ နောက်ပစ်မှတ် ရှာပြီး ထပ်ယှဉ်ကြည့်မယ်”

သို့သော် သူတို့ဘာသာသူတို့ ပျော်ရွှင်နေစဉ်တွင် တံခါးဝမှ အော်သံများ ဆက်တိုက် ထွက်လာသည်ကို ကြားလိုက်ရပြီး ထိုအသံက သူတို့ အပေါင်းအပါများ၏ အသံ ဖြစ်နေ၏။

ထို့နောက် သူတို့လူနှစ်ယောက်က ကြောက်လန့်တကြား ပြေးလာပြီး အော်ဟစ်သည်ကို တွေ့လိုက်ရသည်။

“ရန်သူ တိုက်ခိုက်တယ်၊ ရန်သူ တိုက်ခိုက်တယ်၊ လာကြဟေ့”

ထိုအသံ၌ အလွန်အမင်း ချောက်ချားဟန်များ ပါနေ၏။ သရဲသဘက်ကို တွေ့လိုက်ရသည့်အလားပင်။

“ဘာ ရန်သူ တိုက်ခိုက်တယ် ဟုတ်လား”

တောင်ဘီလူးများ အံ့ဩသွားသည်။ မည်သူ၌ စခန်းကို လာတိုက်ရဲသည့် သတ္တိရှိသနည်း။ တောင်ဘီလူး အကောင် တစ်ရာလုံး ဤနေရာ၌ ရှိနေသည်ကို မသိလေသလော။

“ညီအစ်ကိုတို့ ပျော်လိုက်ရအောင်၊ ဒီတစ်ခေါက် ငါ ပျင်းလို့ သေတော့မလို ဖြစ်နေတာ၊ နောက်ဆုံးတော့ အသက်မရှည်ချင်တဲ့ လူတစ်ချို့က တံခါးဝကို ရောက်လာတာပဲ ဟားဟား”

“ရောက်လာတဲ့လူတွေက သိပ်အားမနည်းဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ငါ အဆင်ပြေမှာ မဟုတ်ဘူး”

တောင်ဘီလူး တစ်ဒါဇင်ကျော်က သူတို့၏ လက်နက်များကို ကိုင်၍ တံခါးဝသို့ ကြည့်နေကြသည်။ မကြာခင်မှာပင် ယဲ့ဖန်က တံခါးဝ၌ ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့ ဖမ်းထားတဲ့လူတွေ ဘယ်မှာလဲ”

ရုပ်ဆိုးဆိုး ဘီလူးမက သူမအနောက်ကို ညွှန်၍ အပြုံးကြီးပြုံးကာ ပြောလိုက်သည်။

“ဒီတံခါးနောက်မှာ၊ ဒါပေမဲ့ နင် ဖြတ်သွားလို့ မရနိုင်ဘူး”

“ဒုန်း ဒုန်း”

ထိုစကားအဆုံး၌ တောင်ဘီလူးနှစ်ကောင်က ပြေးတက်လာပြီး လက်ထဲမှ လက်နက်များဖြင့် ယဲ့ဖန်အား တိုက်ခိုက်လာသည်။

“ဝှစ်”

နတ်ဆိုးနဂါး ဖုရှန်နှင့် သတ်ဖြတ်ခြင်းနတ်ဆိုးသခင်တို့ ပြိုင်တူ ခုန်ထွက်လာပြီး အနက်ရောင် နဂါးလှံနှင့် စိတ်ဝိညာဉ်စုပ် သွေးတံစဉ်တို့ကို ကိုင်၍ ပြန်လည် တိုက်ခိုက်လေသည်။

“ရွှစ် ရွှစ်”

တောင်ဘီလူးနှစ်ကောင်၏ ဦးခေါင်းများက လည်ပင်းမှ တိခနဲ ပြတ်ကျကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။

“မင်း”

ဤသည်ကိုမြင်သော် ထိုဘီလူးမ ကြက်သီးထသွားသည်။

*ဘယ်လိုလုပ် ဒီလူလေးတွေက အရမ်း ကြောက်စရာကောင်းနေတာလဲ*

သူတို့ ဤမြေသို့ ခြေချပြီးကတည်းက ဤမျှ သန်မာသော လူသားကို ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

“စိတ်မကောင်းပါဘူး ငါ ဒီတံခါးကို ဖြတ်ကိုဖြတ်မှ ရမှာ”

ယဲ့ဖန်က သွေးဆာသော အပြုံးမျိုး ပြုံးနေ၏။

“တစ်ယောက်ယောက် လာကြစမ်း”

ဘီလူးမ ကြောက်လန့်သွားပြီး ချက်ချင်း ဒေါသတကြီး အော်ဟစ် လေသည်။ အနီးနား၌ ရှိနေသော တောင်ဘီလူးများ၌ ဤနေရာမှ လှုပ်ရှားသံများကို ကြားပြီး တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

မြေဆီလွှာ တုန်ခါလာပြီး သူတို့ပတ်လည်၌ သတ်ဖြတ်လိုသော အရှိန်အဝါများ စုစည်းသွားသည်။ ထိုအခါ ဖျင်အန်းမြို့မှ လူများအားလုံးသည်လည်း မယုံသင်္ကာ ဖြစ်သွားကြသည်။ အဘယ်ကြောင့် ဤတောင်ဘီလူးများ ရုတ်တရက် သွေးပျက်လာသလဲ သူတို့ မသိကြပါ။

ရုတ်ချည်းဆိုသလိုပင် မျှော်စင်သဖွယ် မြင့်မားကြံ့ခိုင်သည့် တောင်ဘီလူး အကောင်နှစ်ဆယ်ကျော်က ယဲ့ဖန်တို့ကို ဝိုင်းထားပြီး သူတို့လမ်းကို ပိတ်ဆို့ထားသည်။

“ငါ့ညီအစ်ကိုတွေကို သတ်ရဲတယ်လား၊ မင်း သေသင့်တယ်ကွ”

“ကောင်စုတ်လေးတွေ ငါ မင်းကို နင်းချေပစ်မယ်”

“သတ် သူတို့ကို သတ်မယ်”

တောင်ဘီလူးများ၏ မျက်နှာတွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီး သတ်ဖြတ်ချင်သော ပုံစံများဖြင့် သူတို့ကို စိုက်ကြည့်နေ၏။

“ရှင်းရမယ့် ပေါင်းပင်တွေက များလွန်းတဲ့ပုံပဲ”

ယဲ့ဖန် ရယ်၍ ပြောလိုက်သည်။ နတ်ဆိုးနဂါး ဖုရှန်ကလည်း ကျယ်လောင်စွာ ရယ်မောလေသည်။

“မလွယ်ပါလား၊ ဒါဆိုလည်း အမြစ်ကနေ ရှင်းပစ်ရမှာပေါ့”

“တောင်ဘီလူးလား၊ အရှင်သာ တစ်ခွန်းပြောလိုက် ကျုပ် သူတို့ကို မသာဖြစ်အောင် ပြောင်းလိုက်မယ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က လက်ထဲမှ သွေးတံစဉ်ကို ဝှေ့ယမ်း၍ ဝမ်းသာအားရ ပြောလာသည်။

“ဒါဆိုလည်း ဘာတွေ စောင့်နေမှာလဲ၊ သူတို့ကို နတ်ဆိုးမျိုးနွယ် သုံးယောက်က ဘယ်လောက် သန်မာလဲ ပြကြတာပေါ့”

နတ်ဆိုးနဂါး ဖုရှန်တို့ သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး လက်ဝါးချင်းရိုက်ကာ လက်နက်များကို မြှောက်၍ တောင်ဘီလူးများထံ လျှောက်သွားကြသည်။

ဤသည်ကိုမြင်သော် တောင်ဘီလူးများ မှင်တက်သွားကြသည်။ တစ်ဖက်က လူသုံးယောက်သာ ရှိပြီး သူတို့ဘက်တွင်မူ အကောင်နှစ်ဆယ် ကျော်လေသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီလူတွေ ရူးနေတာလား”

“သေကြ၊ သေကြ၊ သေကြကွာ”

ထိုတောင်ဘီလူးများ ရုတ်တရက် ဒေါသထွက်လာကြသည်။ သူတို့ရှေ့မှ သေးနုပ်သော လူသားများက သူတို့ကို အထင်သေးသည်တဲ့လား။

“အရူး ငါတို့မှာ ဒါဇင်နဲ့ချီရှိတာ၊ မင်းတို့က သုံးယောက်ပဲ ရှိတာလေ၊ မင်းတို့က ဘယ်လိုလုပ် ငါတို့ ပြိုင်ဘက် ဖြစ်မှာလဲ၊ မင်းတို့ သေချင်နေတာပဲ”

“လူနည်းလည်း ရဲရင့်တဲ့လူက နိုင်တယ်၊ မင်းတို့မှာ စစ်သည် ထောင်ချီရှိနေလဲ၊ ဘယ်လိုလုပ် ငါတို့နတ်ဆိုးတွေရဲ့ ရန်သူ ဖြစ်နိုင်မှာလဲ”

Chapter 1422 ထောင်ချီသော အလောင်းများ

ထျဲမူထား ညာသံပေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ကြီးထွားလာသည်။ သူ၏ ခန္ဓာကိုယ်က ဆယ်မီတာကျော် မြင့်သွားသဖြင့် တောင်တစ်လုံး တည်ရှိလာသည်ဟုပင် ထင်မှတ်ရသည်။

“ဒုန်း”

ထို့နောက် သူသည် သူ့ရှေ့မှ တောင်ဘီလူးအား လက်သီးဖြင့် ထိုးနှက် လိုက်သည်။ သူ့လက်သီးက ဟာရီကိန်း မုန်တိုင်းသဖွယ် အားပြင်း လွန်းလှသည်။

“ဝုန်း”

ထိုတောင်ဘီလူးသည် ထိုလက်သီးချက်ကြောင့် ဦးခေါင်း ပေါက်ထွက် သွားသည်။ ထို့နောက်တွင်မူ ဦးခေါင်းမဲ့နေသော အလောင်းက မြေကြီးပေါ် လဲကျသွားလေသည်။

ဤမြင်ကွင်းက တောင်ဘီလူးများအား ကြက်သီးတဖြန်းဖြန်း ထသွား စေသည်။ တောင်ဘီလူးတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ ခေါင်း ပေါက်ကွဲအောင် လုပ်နိုင်သည်တဲ့လား။ သူတို့အချင်းချင်းတောင်မှ ထိုသို့ မလုပ်နိုင်ပေ။

ထိုအချိန်တွင် နတ်ဆိုးနဂါး ဖုရှန်ကလည်း တိုက်ခိုက်လာ၏။ ညာလက်ဖြင့် လှံရှည်ကိုကိုင်ကာ ဘယ်လက်အား နဂါးလက်သည်းအသွင် ပြောင်း၍ ကျဆင်းလာသော ဘီလူးမ၏ ဓားကို ပိုင်းဖြတ်လိုက်သည်။

“ဂျွတ်”

ဘီလူးမ၏ ဓားက ချက်ချင်း တစ်စစီ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ညာလက်ထဲမှ လှံရှည်အား ဆန့်ထုတ်၍ တောင်ဘီလူးမ၏ ဦးခေါင်းကို ထိုးစိုက်လိုက်လေသည်။

ဘီလူးမသည် သူတို့ အလွန် အထင်သေးသော ဤလူသားများက အလွန် ကြောက်စရာကောင်းနေလိမ့်မည်ဟု လုံးဝ ထင်မထားမိပေ။

ချက်ချင်းဆိုသလိုပင် နောက်ထပ် တောင်ဘီလူးနှစ်ကောင် အသတ်ခံလိုက် ရလေသည်။ တောင်ဘီလူးများသည် အိပ်မက် မက်နေသည်ဟုပင် ခံစားသွား ရသည်။

သူတို့အရှေ့မှ ဤလူများက ဘယ်လိုလုပ် တောင်ဘီလူးဘုရင်ကဲ့သို့ ကြောက်စရာ ကောင်းနေရသနည်း။

“သတ်”

သို့သော် တစ်ခဏအတွင်း သူတို့ ဒေါသတကြီး ပြန်အော်ဟစ်လာပြီး ပြိုင်တူ ပြေးတက်၍ သူတို့သုံးယောက်ကို တိုက်ခိုက်လေသည်။ တောင်ဘီလူး ဆယ့်နှစ်ကောင် ပြိုင်တူ တိုက်ခိုက်လာသဖြင့် လူသတ်လိုသည့် အငွေ့ အသက်က ပြင်းထန်လွန်းလှသည်။

“လမ်းဖယ်စမ်း၊ ငါ လာပြီ”

ထျဲမူထားက ပြေးတက်လာသောအခါ ပေါင်တစ်သောင်းနီးနီး လေးလံသော သူ့ခန္ဓာကိုယ်ကြောင့် မြေပြင် တုန်ခါသွားရသည်။ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် တောင်ဘီလူး ဆယ့်နှစ်ကောင်ကို တိုက်ခိုက်ရန် သူ ကြံစည်ထားသည်။

“သေချင်နေတာပဲ”

“ငါ မင်းကို တစ်စစီဖြစ်အောင် လုပ်မှာကို စောင့်ကြည့်လိုက်”

တောင်ဘီလူးများသည်လည်း ဒေါသထွက်ကာ လက်ထဲမှ လက်နက်များဖြင့် ထျဲမူထားကို သည်းကြီးမည်းကြီး တိုက်ခိုက်ကြသည်။

“ရေမြေတုန်ခါခြင်း”

ထျဲမူထား၏ အသံက ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လှသည်။ ထို့နောက် သူသည် လက်သီးကိုဝင့်၍ တောင်ဘီလူးများအား ဆက်တိုက် ထိုးနှက်လိုက်သည်။

“အား …”

အော်သံ ထွက်ပေါ်လာပြီး တောင်ဘီလူး အကောင်နှစ်ဆယ်ကျော်လုံး လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ တဘုန်းဘုန်း ပြန်ပြုတ်ကျလာသည်။ သူတို့အားလုံး ဒဏ်ရာကိုယ်စီ ရသွားလေသည်။ ကံဆိုးသူများသည် ရင်ညွန့်ရိုး ကျိုးကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တောင်ဘီလူးများအားလုံး ချက်ချင်း ကြောက်ရွံ့သွားကြပြီး မျက်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာ၏။ တစ်ဖက်လူက သူတို့အားလုံးကို တစ်ယောက်တည်း တားဆီးနိုင်သည်တဲ့လား။

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

သူတို့သည် အဖွဲ့လိုက်နေပြီးကတည်းက တစ်ခါမှ အရှုံးနှင့် မရင်ဆိုင်ခဲ့ရပေ။ ယခု သူတို့ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ရလေပြီ။

ထျဲမူထားက ကိုယ်ကို တစ်ချက်လှုပ်၍ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး သူတို့ကို ပြန်စိန်ခေါ်လိုက်သည်။

“လာကြလေ အကောင်စုတ်လေးတွေ၊ မင်းတို့ကို တကယ် သတ္တိရှိတာက ဘာလဲဆိုတာ သိအောင် ပြပေးမယ်”

ယခင်ခေတ်အခါများက သူသည် မဟာဧကရာဇ် ကျူးလုံထံ၌ ခစားကာ လောကကို သိမ်းပိုက်ခဲ့သည်။ သူ့အား ထောင်ပေါင်းများစွာသော စစ်သည်တော် တွေထဲမှ တစ်ယောက်ဟု ပြော၍ မရပေ။ သူသည် စစ်သူကြီး တစ်ယောက် ဖြစ်ခဲ့သည်။

ယခု သူရှေ့မှ ရူးမိုက်သည့် ဤတောင်ဘီလူးများကို သူ စိတ်ထဲပင် မထည့်ပါ။ ဤသည်ကိုမြင်သော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးတွင် သွေးဆာမှုတို့ဖြင့် ပြည့်နှက်လာပီး သူ့ရင်ထဲမှ လူသတ်ချင်စိတ်အား ထိန်းမထားနိုင်တော့ဘဲ စိတ်အားထက်သန်လာ၏။

“အရှင် ခဏလေး စောင့်ပေးပါ၊ မကြာခင် လမ်းပွင့်လာမှာပါ”

သို့သော် ယဲ့ဖန်က မချိုမချဉ် ပြုံးနေသည်။

“သတ်ဖြတ်ခြင်း နတ်ဆိုးသခင် သူတို့မျက်လုံးထဲက ကြောက်စိတ်ကို မင်း မြင်လား၊ မယုံနိုင်လောက်အောင် ထိတ်လန့်ပြီး သူတို့ခွန်အားကို သံသယ ဝင်နေကြတာလေ”

“လမ်းက ပွင့်ပြီးနေပြီ”

တောင်ဘီလူးများသည် ကြောက်ရွံ့နေပြီးသား ဖြစ်နေကြသည်။ သူတို့အရှေ့မှ ဤလူသားလေးများက သူတို့ကို အလွန်အမင်း ကြောက်လန့်စေ၏။

“မင်းတို့ အပြစ်တင်ချင်တယ်ဆိုလည်း ဆိုးယုတ်တဲ့ခေါင်းဆောင် ရထားတာ ကိုပဲ အပြစ်တင်နေလိုက်”

နတ်ဆိုးနဂါးဖုရှန်က လှံရှည်ကို ကိုင်ဆွဲ၍ တောင်ဘီလူးများထံ တစ်လှမ်းချင်း လှမ်းသွားသည်။

“အခု သူတို့အတွက် သေလမ်းတစ်လမ်းပဲ ရှိသေးတယ်”

“ငါ နတ်ဆိုးနဂါး အသက်ရှင်နေသရွေ့၊ အထူးသဖြင့် ငါ့လက်ထဲက နဂါးနက် လှံရှည်ကို သုံးနိုင်သရွေ့ မင်းတို့ကို တမလွန်ကို အရောက်ပို့ပေးမယ်”

“ငါ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကလည်း လက်ထဲက သွေးတံစဉ်နဲ့ မင်းတို့ကို ငရဲ ပို့ပေးမယ်”

ထိုသို့သောအချိန်၌ အကျဉ်းခန်းထဲမှ အပြစ်ကင်းသော လူများကလည်း ထိတ်လန့်စိုးရွံနေကြသည်။

*တစ်ယောက်ယောက်တော့ စခန်းထဲ ဖောက်ဝင်နေပြီ*

*စခန်းထဲ ဝင်လာရဲတဲ့အထိ သတ္တိကောင်းလွန်းတာ ဘယ်သူများလဲ*

“ဒါ … ဒါ ယဲ့ဘုရင် ရောက်လာတာများလား”

အမျိုးသမီးတစ်ယောက်၏ မျက်နှာတွင် မျှော်လင့်ချက် သန်းလာ၏။

“ဟုတ်တယ်၊ အဲ့ဒါပဲ ဖြစ်ရမယ်၊ ယဲ့ဘုရင် တစ်ယောက်တည်းကပဲ ငါတို့ကို လာကယ်မှာ”

“ငါတို့ဆုတောင်းသံကို သူ ကြားသွားတာပဲ ဖြစ်ရမယ်၊ အဲ့ဒါကြောင့် သူ ဆန်းကြယ်မှုတစ်ခုကို ဖန်တီးပြီး ငါတို့ရှေ့ ပေါ်လာတာ”

ထိုအခိုက်တွင် အကျဉ်းစခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။ ထိုစဉ် လီဆုန်းသည်လည်း အံ့ဩသော မျက်နှာထား ဖြစ်နေ၏။

“ယဲ့ဘုရင်လား၊ သူ ဒီကို ရောက်နေတာလား၊ ငါ့ဆုတောင်းတွေ တကယ် ဖြစ်လာပြီပေါ့”

ချက်ချင်းဆိုသလိုပင် သူသည် အကျဉ်းစခန်း၏ မြင့်မားသော တံခါးဝအား မျှော်လင့်နေသော အကြည့်များဖြင့် စိတ်အားထက်သန်စွာ ကြည့်လိုက် မိသည်။

သူသည်သာမက မျှော်လင့်ချက် မဲ့နေခဲ့သော လူတိုင်း သံတံခါးကြီးကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

“ယဲ့ဘုရင် ယဲ့ဘုရင် ယဲ့ဘုရင်”

မျှော်လင့်တကြီး ကြွေးကြော်သံက အကျဉ်းစခန်းတစ်ခုလုံး၌ ပဲ့တင်ထပ် နေ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော တောင်ဘီလူးဘုရင်သည် အော်သံ များကို ကြားပြီး ရုတ်တရက် နိုးလာကာ အသံမာမာဖြင့် မေးလိုက်သည်။

“ဘာဖြစ်နေတာလဲ”

တောင်ဘီလူးများနှင့်မတူဘဲ သူသည် သန့်စင်ထားပြီးသူ ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်က သာမန်လူ အရွယ်အစားမျှသာ ရှိလေသည်။

သာမန်လူနှင့် မတူသည့်အချက်မှာ သူ့ခန္ဓာကိုယ်သည် အမွေးများ ရှိနေဆဲ ဖြစ်ပြီး ဂေါ်ရီလာမျောက်ဝံနှင့် အသွင်တူကာ မျက်လုံးများက သွေးဆာဟန် ပေါ်လွင်နေသည်။

သူ့အရှေ့မှ စားပွဲ၌ တင်ထားသော အရာမှာ အသက်သုံးနှစ်ပင် မပြည့် သေးသည့် ကလေးတစ်ယောက်၏ တစ်ကိုယ်လုံးကို မီးကင်ထားသော အလောင်း ဖြစ်နေသည်။

စားပွဲရှေ့မှ သစ်သားတိုင်တွင် ကိုယ်လုံးတီး အမျိုးသမီးအလောင်းကို ချိတ်ဆွဲ ထားသည်။ ထိုအမျိုးသမီးမှာ ကလေး၏ မိခင်ဖြစ်သည်။ သူသည် ကလေးအား မိခင်ဖြစ်သူရှေ့၌ သတ်ပစ်ကာ တတိတိ စားခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူ အမျိုးသမီး စိတ်ဖောက်ပြန်ကာ သူ့လျှာသူကိုက်၍ အဆုံးစီရင် သွားခဲ့လေသည်။

ထိုအမျိုးသမီးမှာ နလန်ရှောင်၏ အမျိုးသမီး ဖြစ်ပြီး ထိုမီးကင်ခံရသည့် ကလေးမှာ နလန်ရှောင်၏ သား ဖြစ်လေသည်။ ထိုသို့ အရေးပါသော ပတ်သက်မှုကြောင့် တောင်ဘီလူးဘုရင်က ဤသို့ အလွန် ရက်စက် ယုတ်မာသော လုပ်ရပ်ကို လုပ်ခဲ့သည်။

“အရှင့်ကို သတင်းပို့ပါတယ်၊ စခန်းထဲကို လူတစ်ယောက် ဖောက်ဝင် လာပါတယ်၊ အခု ကျွန်တော်တို့ ညီအစ်ကို နှစ်ဆယ်ကျော်ကို ဆုံးရှုံးလိုက်ရပါတယ်”

မျက်လုံးတစ်ဖက် တောင်ဘီလူးက ရှုံ့မဲ့နေသော မျက်နှာနှင့် သတင်းပို့ လိုက်သည်။

“ဘာ”

တောင်ဘီလူးဘုရင် ထရပ်လိုက်မိပြီး မျက်နှာတွင် ဒေါသရိပ်များ လွှမ်းမိုး လာ၏။

“ငါ့လက်အောက်ငယ်သားတွေကို သတ်ရဲတဲ့အထိ အတင့်ရဲတာ ဘယ်ကောင်လဲကွ”

“ငါ မင်းလက်အောက်ငယ်သားတင် မကဘူး မင်းကိုပါ သတ်မှာ”

ခပ်လှမ်းလှမ်းမှ ရေခဲတမျှ အေးစက်သော ရယ်သံကြောင့် လူတိုင်း အရိုးထဲအထိ အေးစိမ့်သွားကြသည်။ အခြေအနေက ပေါက်ကွဲ တင်းမာ လာ၏။ တောင်ဘီလူးများ၏ မျက်လုံးများက ခက်ထန်လာပြီး အလွန်အမင်း ဒေါသထွက်လာကြသည်။

*အဲ့လူက ငါတို့ဘုရင်ကို စော်ကားရဲတယ်လား*

*ခွင့်မလွှတ်နိုင်စရာပဲ*

“ဒုန်း ဒုန်း ဒုန်း”

နီးကပ်လာသည့် ပြင်းထန်သော ခြေသံများက တဖြည်းဖြည်း ကျယ်လောင် လာ၏။ တောင်များပင် ရွေ့လျား လာသည်ဟု ထင်မှတ်ရသည်အထိ ပြင်းထန်ပြီး မြေဆီလွှာနှင့် တောင်တန်းတို့ လှုပ်ခါလာသည်။ လူတိုင်း ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလာရသည်။ ထို့နောက် လူတိုင်း၏ မြင်ကွင်းထဲသို့ ထျဲမူထား၏ ကြီးမားသော ဦးခေါင်း ဝင်ရောက်လာ၏။

“ယဲ့ဘုရင် မဟုတ်ပါလား”

“ဘာလို့လဲ၊ ဘာလို့ မဟုတ်တာလဲ”

ထျဲမူထား ရောက်လာသည်ကိုမြင်သော် လီဆုန်းနှင့် အခြားသူများ မပျော်သည့် အပြင် စိတ်ပျက်သလို ခံစားလိုက် ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်ထဲ၌ ယဲ့ဖန်မှလွဲ၍ အခြားမည်သူမှ သူတို့ကို မကယ်နိုင်ဟု ယုံကြည်ထား သောကြောင့်ပင်။

“နေဦး အဲ့ဒါက”

ရုတ်တရက် ထျဲမူထား၏ ပခုံးပေါ်၌ လူတစ်ယောက် ရပ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုသူသည် လက်ပိုက်ကာ စူးရှသော မျက်လုံးများ ရှိပြီး ရေသေသဖွယ် တည်ငြိမ်သော အမူအရာ ရှိလေသည်။

“အဲ့ဒါ အရှင် ယဲ့ဘုရင်လား”

လူတိုင်း စတင်၍ ခန့်မှန်းကာ မျှော်လင့်တကြီး ဆုတောင်းနေကြသည်။

“ဒုန်း”

ထျဲမူထားက ဒေါသတကြီး ကန်ထုတ်လာသည်။ မီတာနှစ်ဆယ်ကျော် မြင့်မားပြီး တန်ပေါင်းများစွာ လေးလံသော ကြီးမားသည့် သံတံခါးကြီးသည် အကန်ခံရသည်နှင့် တောင်ဘီလူးဘုရင်ထံ လွင့်ပျံလာ၏။

“ဟမ့်”

တောင်ဘီလူးဘုရင် ဒေါသတကြီး ခနဲ့သံပေးကာ လက်သီးဖြင့် သံတံခါး အလယ်ကို ထိုးနှက်လိုက်သည်။ ထိုနေရာ ချိုင့်ဝင်သွားပီးနောက် သံတံခါး လွင့်ထွက်သွားသည်။

“ဝုန်း”

ယခုတစ်ကြိမ်တွင် သံတံခါးက မြေကြီးပေါ် ကျသွားပြီး ထောင်ချီသော လူများကို တစ်ချက်တည်းဖြင့် သေသွားစေသည်။ ဤသည်ကိုမြင်သော် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်၍ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက် လာသည်။

“မင်းက ဘယ်သူလဲ”

ထိုစဉ် တောင်ဘီလူးဘုရင်က ယဲ့ဖန်ကိုသာ စိုက်ကြည့်နေပြီး ထျဲမူထားအား လျစ်လျူရှုထားသည်။ အကြောင်းမှာ ထျဲမူထားသည် ဘုရင်အဆင့်သာ ဖြစ်နေသောကြောင့်ပင်။ သို့သော် သူ့ရှေ့မှ ယဲ့ဖန်က သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်အောင် လုပ်နိုင်နေ၏။

ယဲ့ဖန်သည် လက်ပိုက်မြဲလိုက်ပိုက်၍ ပြန်ပြောလိုက်သည်။

“ယဲ့ဘုရင်”

ထိုနာမည် ထွက်ပေါ်လာသောအခါ ဘေးလူများအားလုံး အုတ်အော် သောင်းနင်း ဖြစ်သွားကြသည်။ လူတိုင်း နားဝေတိမ်တောင်ဖြစ်ကာ ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ ယဲ့ဖန် တကယ် ရောက်လာသည်ဟု ထင်မထားကြ သေးသည့်ပုံပင်။

တစ်ခဏကြာသော် ဝမ်းသာအားရ ကြွေးကြော်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

“အရှင် ယဲ့ဘုရင် ကျုပ် ခင်ဗျားကို စောင့်နေခဲ့တာ”

“အရှင် ယဲ့ဘုရင် ကူညီပါဦး၊ ကယ်ပါဦး”

လူတိုင်း မျက်ရည်လည်ရွဲ ဖြစ်နေပြီး အသက်ရှင်ကျန်သူတိုင်းက အသနားခံ နေကြပြီး ရောင်နီကို မြင်လိုက် ရသကဲ့သို့ အားတက်လာ၏။ သို့သော် လူအများစုမှာ နာကျည်းစိတ်များနှင့် ပြည့်နှက်နေကြသည်။

“အရှင် ယဲ့ဘုရင် သူတို့ကို သတ်လိုက်ပါ၊ ကျုပ်မိဘတွေအတွက် လက်စား ချေပေးပါ၊ သူတို့ကို သတ်ပေးပါ”

“အရှင်ယဲ့ဘုရင် သူတို့ ကျုပ်ရဲ့ အရာအားလုံးကို ဖျက်ဆီးခဲ့တယ်၊ ကျုပ်အိမ် မရှိတော့ဘူး၊ ကျုပ်မိသားစုလည်း သေသွားပြီ၊ အခု ကျုပ် ဆက်အသက် မရှင်ချင်တော့ဘူး၊ ကျုပ်ကိုယ်ကျုပ် အဆုံးမစီရင်ခင် သူတို့ သေတာကို ကြည့်ချင်ရုံလေးပါ၊ ဒီခွေးတိရစ္ဆာန်တွေ သူတို့နဲ့ ထိုက်တန်တာကို ရသင့်တယ်”

သူတို့ထဲတွင် လူအများစု၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေ များသည် ဤတောင်ဘီလူးများ၏ အဓမ္မ ခေါ်ဆောင်ခြင်း ခံရကာ သေကြေ၍ ထိခိုက်ဒဏ်ရာရသူများ များစွာ ရှိလာကြသည်။ ထို့ကြောင့် သူတို့ အသက်ရှင်ချင်စိတ် ပျောက်ဆုံးကာ သေသာ သေချင်နေကြ၏။

လီဆုန်းကမူ လူအုပ်ထဲမှ တိုးထွက်လာပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။

“လူကြီးမင်း သူတို့ ကျုပ်မိန်းမကို အဆုံးစီရင်အောင် ဖိအားပေးခဲ့ပြီးတော့ ကျုပ်သားကို ကျုပ်ရှေ့မှာ စားခဲ့ပါတယ်၊ အရှင့်ကို ကျုပ်အတွက် လက်စား ချေပေးဖို့ တောင်းဆိုပါတယ်”

“ဒုန်း”

မြေကြီးကို ခေါင်းနှင့်တိုက်လိုက်သဖြင့် သွေများ ပန်းထွက်လာသည်။

“ကျုပ် အရှင့်ကို တောင်းဆိုပါတယ်၊ ကျုပ်အတွက် လက်စားချေပေးပါ”

“ဒုန်း”

“ကျုပ် အရှင့်ကို တောင်းဆိုပါတယ်၊ ကျုပ်အတွက် လက်စားချေပေးပါ”

“ဒုန်း”

လက်ရှိတွင် သူ့မျက်နှာတစ်ခုလုံး သွေးများ ဖုံးအုပ်နေ၏။ သို့သော် သူသည် အရူးသဖွယ် ခေါင်းနှင့်တိုက်၍ တောင်းဆိုနေတုန်းပင်။ ဤလူ မည်မျှ ဆောက်တည်ရာမရ ဖြစ်နေကြောင်း သိနိုင်ပေသည်။

မြေကြီးပေါ်မှ ယွင်အာ၏ အလောင်းကိုကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်က တဖြည်းဖြည်း ပိုပြင်းထန်လာ၏။

ယဲ့ဖန် ရှေ့သို့ လျှောက်သွားသည်။

“တစ်ခါတုန်းက အနှီးထုပ်လေးနဲ့ပဲ ရှိသေးတဲ့ ကလေးတစ်ယောက် အသတ်ခံ ခဲ့ရတယ်၊ သူ့အသက်ကို ကယ်ဖို့အတွက် သူ့အမေက ရက်တစ်ရာတိတိ ကိုယ့်အသားကိုလှီး၊ ကိုယ့်သွေးကို တိုက်ကျွေးပြီး သူ့ဝိညာဉ် ပြန်ဖွဲ့စည်းလာအောင် လုပ်ခဲ့ပြီးတော့ နောက်တစ်ကြိမ် ရှင်သန်စေခဲ့တယ်”

“အဲ့အချိန်အတွင်း အမေဖြစ်သူက ဆောက်တည်ရာမရ ဖြစ်ပြီး နေ့ရောညပါ ငိုကြွေးခဲ့လို့ သွေးနဲ့ မျက်ရည်တွေက မြစ်လို စီးဆင်းခဲ့တယ်၊ နောက်ဆုံးတော့ သူမက တစ္ဆေတစ်ကောင် ဖြစ်သွားခဲ့တယ်”

“ကလေးငယ်က ဘာမှမလုပ်နိုင်ခဲ့ဘူး”

“ငါ့အမေ သူ ဘာအမှားမှ မလုပ်ခဲ့ဘူး”

“ဒါပေမဲ့ သူက ဆိုးရွားတဲ့ ကပ်ဘေးကို ခံစားခဲ့ရတယ်၊ အဲ့အချိန်ကစပြီး ယင်နဲ့ယန် ကွဲသွားပြီးတော့ ငါ့အမေ တစ်နေ့လုံး ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရဘဲ ထာဝရ ဒုက္ခ ခံစားနေရတယ်”

“အပြစ်ကျူးလွန်သူတွေက အစကနေ အဆုံးအထိ အပြစ်ပေးမခံရဘူး”

“အဲ့တော့ အဲ့လူက သစ္စာဆိုခဲ့တယ်၊ အပြစ်မရှိတဲ့ ကလေးတွေနဲ့ မိန်းမတွေကို သတ်တဲ့သူကို တွေ့ရင် အဲ့လူတွေကို သူ သတ်မယ်လို့ သစ္စာဆိုခဲ့တယ်”

“တစ်စစီဖြစ်အောင် ရိုက်ချိုးမယ်လို့ ကျိန်ဆိုခဲ့တယ်”

All Chapters