Chapter 1423 - 1424
Vol. 95 Ch. 1423 - 1424
Chapter 1423 မင်းရဲ့ထီးနန်းကို ပြောင်းမယ်၊ မင်းရဲ့ မျိုးရိုးနာမည်ကို ယဲ့လို့ ပြောင်းမယ်
“ဝုန်း”
ထိုအခိုက်တွင် အကျဉ်းစခန်းတစ်ခုလုံး လေပြင်း တိုက်ခတ်၍ ဖုန်တထောင်းထောင်း ထလာသည်။ ကြမ်းကြုတ် လှသည့် စွမ်းအင်က ပင်လယ်ဒီရေသဖွယ် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထိုးတက်လာလေသည်။
တောင်ဘီလူးများသည် ထိုကြောက်စရာကောင်းလှသည့် အရှိန်အဝါကြောင့် ကြောက်လန့်သွားကြသည်။ သူတို့ရှေ့မှ ဤလူသားလေးက သူတို့ကို တုန်လှုပ်အောင် လုပ်နိုင်သည်တဲ့လား။
ဤသည်ကိုမြင်သော် လူတိုင်း ဒေါသထွက်လာကြသည်။ သူတို့၏ နတ်ဘုရားက ဒေါသထွက်နေသည်။ ထိုသို့ဆိုလျင် အကျိုးဆက်ကလည်း အလွန် ပြင်းထန်ပေလိမ့်မည်။
“ယဲ့ဘုရင် တစ်ယောက်တည်း မြို့ကို တိုက်ခိုက်တယ်”
“ယဲ့ဘုရင်က သတ်ဖြတ်ခြင်းကျောင်းတော်ကို နှိမ်နင်းတယ်”
“ယဲ့ဘုရင်တစ်ယောက်တည်း သူတော်စင်သခင်အဆင့် နှစ်ယောက်ကို နှိမ်နင်းတယ်”
“ယဲ့ဘုရင်က အင်ပါယာမှာ ပြိုင်ဘက်ကင်း”
ယဲ့ဖန်၏ ဇာတ်ကြောင်းက လူတိုင်း၏ မျက်လုံးတွင် ပုံရိပ်သဖွယ် ပြန်မြင်ယောင်လာ၏။ သူတို့၏ နတ်ဘုရားက ဘယ်တုန်းက ရှုံးနိမ့်ဖူး ပါသနည်း။ ရန်သူများသာလျင် အဆုံးသတ်၌ အဖြစ်ဆိုးနှင့် အဆုံးသတ် ရသည်။
“မလောက်လေး မလောက်စားလေးက အသံကောင်း ဟစ်နေတာပဲ၊ မင်းကို ငါ အသေ နင်းချေကန်ကျောက်မှာကို စောင့်ကြည့်နေလိုက်”
မျက်လုံးတစ်လုံး တောင်ဘီလူးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ခြေထောက်မြှောက်၍ ယဲ့ဖန်အား အားဖြင့် နင်းလေသည်။ လူသတ်ချင်စိတ်က ပွက်ပွက်ဆူနေ၏။
ဤသည်ကိုမြင်သော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် ကျန်နှစ်ယောက်က ဝင်ပါရန် ပြင်လိုက်သည်။
“ထားလိုက်”
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က လက်ကာပြ၍ သူတို့အား နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူ အချိန်မဖြုန်းချင်၍ ဖြစ်သည်။ ဤလူများအားလုံးသည် ငရဲသို့ မြန်နိုင်သမျှ မြန်မြန် သွားသင့် ပေသည်။
“ဒုန်း”
မျက်လုံးတစ်လုံး တောင်ဘီလူးက ခြေထောက်ကိုမြှောက်၍ အရှိန်ဖြင့် နင်းရန် ပြင်နေသောကြောင့် လေပြင်း ထန်ကာ ကြမ်းကြုတ်သော သားရဲတစ်ကောင် တိုက်ခိုက်နေသည်ဟု ထင်မှတ်မှားရသည်။
ဤမြင်ကွင်းက ဘေးလူများကို စိတ်မသက်မသာ ဖြစ်စေသည်။ ထိုအရှိန်က လေဟာနယ်ပင် စုတ်ပြဲနိုင်သကဲ့သို့ ကြောက်စရာကောင်းလွန်းလှသည်။
ဤမျက်လုံးတစ်လုံး တောင်ဘီလူးက တောင်ဘီလူးဘုရင်၏ နံပါတ်တစ် စစ်သူကြီး ဖြစ်ကြောင်း သူတို့ သိထားကြသည်။
*အရှင် ယဲ့ဘုရင်က သူ့တိုက်ခိုက်မှုကို ခံနိုင်ပါ့မလား*
သို့သော် ထိုအချိန်၌ ယဲ့ဖန်က ရှောင်တိမ်းခြင်း မရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ အေးအေးလူလူ လျှောက်လှမ်းသွားသည်။
ဤသည်ကိုမြင်သော် တောင်ဘီလူးများ မှင်တက်သွားသည်။ သူတို့သည် ခွန်အားကြီးခြင်းကို ကိုယ်စားပြုသည့် တောင်ဘီလူးများ ဖြစ်သည်။ သူတို့၏ ခွန်အားကို သူတော်စင်သခင်အဆင့်တောင်မှ အလွယ်တကူ မတားဆီးနိုင်ပါ။
*ဒီကောင်က တော်တော် ကြီးကျယ်တာပဲ*
တောင်ဘီလူးဘုရင်သည် သန်းဝေလာပြီး ပျင်းရိငြီးငွေ့လာပုံ ပေါ်သည်။
*လတ်စသက်တော့ ယဲ့ဘုရင်ဆိုတဲ့လူက ဘာမှလည်း မဟုတ်ပါလား*
သူ့အမြင်တွင် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု တွက်ထားသည်။
“အရူး မင်း ဘာလို့ မရှောင်တာလဲ”
မျက်လုံးတစ်လုံး တောင်ဘီလူးက ကျယ်လောင်စွာ ရယ်မော၍ ဒေါသတကြီး နင်းလိုက်သည်။
“ဒုန်း”
သူ့ခြေထောက် အားဖြင့် ကျသွားသောအခါ မြေကြီးတစ်ခုလုံး အက်ကွဲကာ ပေါက်ကွဲလာသဖြင့် သဲများ လွင့်စဉ်၍ ဖုန်ထလာ၏။
*သွားပြီ*
ဤသည်ကိုမြင်သော် လီဆုန်းနှင့် အခြားသူများ မျက်နှာ ပြာနှမ်းကာ ကြောက်စိတ်များ စိုးမိုးလာ၏။
*အရှင် ယဲ့ဘုရင်က ရောက်လာတာနဲ့ နင်းသတ်ခံလိုက်ရပါလား*
သူတို့၏ မျှော်လင့်ချက်များ ပျက်ပြယ်သွားလေပြီ။
“စိတ်ပျက်စရာ စိတ်ပျက်စရာပဲ၊ တော်တော် စိတ်ပျက်စရာ ကောင်းတယ်၊ မင်းတို့ပြောတဲ့ သန်မာပြီး ပြိုင်ဘက်ကင်းတဲ့ ယဲ့ဘုရင်က ဒီလောက်ပဲ တတ်နိုင် တာလား၊ ငါ နင်းသတ်လို့ သေပြီ မဟုတ်လား”
မျက်လုံးတစ်လုံး တောင်ဘီလူးက အားပါးတရ ရယ်မောလိုက်သည်။
“ဟား … သူ့ကို ရှာဖို့ ငါတို့ တော်တော် အချိန်ဖြုန်းခဲ့ရတာ နှမြောစရာပဲ၊ ဒါပေမဲ့ ဒီကောင်လေးက ငါ့ကိုတောင် မတားနိုင်ဘူး၊ ပျင်းစရာ ကောင်းလိုက်တာ”
လူတိုင်း၏ မျက်နှာတွင် ရီဝေဝေ ဖြစ်ဟန်များ ပေါ်လာပြီး မချိတင်ကဲ ငိုကြွေး ကြသည်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဒီလို ဖြစ်သင့်တာ မဟုတ်ဘူးလေ”
*ဟမ်*
သို့သော် ထိုသို့သောအချိန်၌ မျက်လုံးတစ်လုံး တောင်ဘီလူး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ကြောက်လန့်သော အမူအရာ ဖြစ်လာသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ထို့နောက် သူသည် တစ်စုံတစ်ရာကို သတိပြုမိသွားပြီး ကြောက်လန့်တကြား ထအော်လေသည်။
*ဘာ*
သူ့အော်သံကိုကြားပြီး လူတိုင်း ထိတ်လန့်သွားပြီး မျက်လုံးတစ်လုံး တောင်ဘီလူးအား အလန့်တကြား ကြည့်လာကြသည်။
တောင်ဘီလူးများသည်လည်း ဇဝေဇဝါ အမူအရာများဖြင့် ဖြစ်နေကြပြီး မယုံနိုင်ဟန်ဖြင့် ကြည့်နေကြကာ သူတို့၏ မျက်လုံးတွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။
ထို့နောက် တက်နင်းလိုက်သည့် မျက်လုံးတစ်လုံး တောင်ဘီလူး၏ ခြေထောက်က သိသိသာသာ လျင်မြန်စွာ ကျုံ့လာ၏။
အနက်ရောင် အငွေ့တစ်ခုက မြင့်တက်လာသည်။ ချက်ချင်းဆိုသလိုပင် မျက်လုံးတစ်လုံး တောင်တစ်လုံး၏ ခြေထောက်အား ရစ်ပတ်လာသည်။
ထိုအနက်ရောင် အငွေ့တွင် စွမ်းအင်တစ်ချို့ ရှိနေပုံရပြီး တောင်ဘီလူး၏ အရေပြားနှင့် သွေးတို့အား လျင်မြန်စွာ စုပ်ယူလေသည်။
“အား…”
တောင်ဘီလူးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထွက်ပြေးချင်သော်လည်း နာကျင်မှုက သူ့အား လဲကျလုနီးပါး ဖြစ်သွားစေသည်။
“ဖောင်း”
ထို့နောက်တွင်မူ ထိုခြေထောက် ပေါက်ကွဲသွားပြီး အသားစများနှင့် သွေးများက မိုးစက်သဖွယ် ကျဆင်းလာ၏။
“ဘုန်း”
မျက်လုံးတစ်လုံး တောင်ဘီလူး လဲကျသွားသည်။ ယခုအခါတွင် သူသည် မျက်လုံးတစ်ဖက်တည်းသာ ရှိရုံသာမက ခြေထောက်ပါ တစ်ဖက်တည်း ရှိတော့သည်။
ဤသည်ကိုမြင်သောအခါ လူတိုင်း ကြက်သီးထသွားပြီး မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာ၏။
*ဘာဖြစ်သွားတာလဲ*
တောင်ဘီလူး ဘုရင်တောင်မှ မျက်မှောင်ကြုတ်သွားသည်။
*အဲ့လူ မသေဘူးလား*
“ဒေါက် ဒေါက် ဒေါက်”
ယဲ့ဖန်က ဖုန်တောထဲမှ ထွက်လာပြီး တောင်ဘီလူးဘုရင်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်သည်။
“ခုနက မင်းမေးခွန်းကို ငါ အခု ပြန်ဖြေမယ်”
“မင်းမှာ ငါ ရှောင်ရလောက်တဲ့ အရည်အချင်းမျိုး ရှိလို့လား”
မောက်မာ၍ အထက်စီးဆန်လွန်းလှသည်။ ဤသည်မှာ အရိုးထဲမှ ထွက်ပေါ်လာသည့် ယုံကြည်မှုနှင့် လွှမ်းမိုးနိုင်မှု ဖြစ်ပြီး ကြောက်စရာကောင်းလှသည်။
ထို့နောက် သူက ဘေးပတ်လည်မှ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး လူသတ်ချင်စိတ်များ လက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
“ဒါမှမဟုတ် မင်းတို့အားလုံးမှာ ငါ ရှောင်ရလောက်တဲ့ အရည်အချင်း ရှိလို့လား”
ယဲ့ဖန်၏ စကားက တောင်ဘီလူးတိုင်း၏ ဒေါသကို ဆွသလို ဖြစ်သွားလေသည်။ သူတို့မျက်လုံးတွင်းမှ လူသတ်ချင်စိတ်က သိသာလာ၏။
သူတို့ ယခုကဲ့သို့ စော်ကားခံရခြင်းက ပထမဆုံးအကြိမ်ပင်။ တစ်ဖက်လူက သူတို့ကို အထင်သေးရဲသည်တဲ့လား။
“သတ်၊ သတ်ကြစမ်း၊ သူ့ကို အသေသတ်ကြ”
ထိုစဉ် တောင်ဘီလူးဘုရင် ဒေါကန်ကာ မာထန်စွာ အော်ဟစ်လိုက်သည်။
“ဒုန်း ဒုန်း ဒုန်း”
နားကွဲမတတ် ခြေသံများ ထွက်ပေါ်လာပြီး ငလျင်လှုပ်သည်ဟုပင် ထင်မှတ်ရသည်။ တောင်ဘီလူးများ အားလုံးသည် လက်နက်ကြီးများကို ကိုင်ဆောင်၍ ယဲ့ဖန်ထံ ချဉ်းကပ်လာသည်။ သူတို့၏ပုံစံက သားရဲရိုင်း များလိုပင်။
“အရှင် ယဲ့ဘုရင် သတိထားပါ၊ သူ့လက်အောက်မှ ပြိုင်စံရှားတဲ့ စစ်သူကြီး ငါးယောက် ရှိပါတယ်၊ သူတို့က သူမတူအောင် ရဲရင့်ပါတယ်”
ယဲ့ဖန်ထံ၌ တစ်ယောက် ရှုံးသွားသဖြင့် ယခု လေးယောက်သာ ကျန်လေသည်။ ထို့အတူ ဒါဇင်ချီသော တောင်ဘီလူးများကလည်း ပြိုင်တူ တက်လာသဖြင့် မဖြစ်နိုင်သော တိုက်ပွဲတစ်ခုပင်။
“ပုရွက်ဆိတ်လေး တစ်ဖွဲ့ကို ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ”
သို့သော် ယဲ့ဖန်က အထင်သေးစွာ ရယ်မော၍ တစ်ချက်ကလေးမှ မလှုပ်ချေ။
*ဘာ*
ထိုစကားကိုကြားပြီး လူတိုင်း မှင်တက်သွားကြသည်။
*သူတို့က တောင်ဘီလူးတွေလေ*
*သူတော်စင်သခင်အဆင့်တွေတောင်မှ အတတ်နိုင်ဆုံး ရှောင်တိမ်းကြတာ*
*ဒါက*
*မယုံနိုင်စရာပဲ*
“ယဲ့ဘုရင် ငါ ဒီနေ့ မင်းအလောင်းကို နုတ်နုတ်စင်းပစ်မယ်ကွ၊ ပြီးရင် ဒီလူတွေအားလုံးကို ငါ စားပစ်မယ်”
တောင်ဘီလူးဘုရင်က အားပါးတရ ရယ်မောနေပြီး သူ့မျက်လုံး၌ ရူးသွပ်မှုများ ပြည့်နှက်နေ၏။
ရွှစ်”
သို့သော် သူ့စကားအဆုံး၌ ခပ်ပျစ်ပျစ် သွေးများ ပန်းထွက်လာသည်။
“ဘုန်း”
တောင်ဘီလူးတစ်ကောင်၏ အလောင်းက မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။ သူ၏ ဦးခေါင်း ပေါက်ထွက် သွားသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤမြင်ကွင်းက သူတို့ကို ထိတ်လန့် သွားစေသည်။
*လက်သီးတစ်ချက်၊ သူက လက်သီးတစ်ချက်တည်းနဲ့ ပြိုင်ဘက်ကင်းတဲ့ စစ်သူကြီးတစ်ယောက်ကို သတ်ပစ် လိုက်တာလား*
*ဒီလူရဲ့ ခွန်အားက ဘယ်လိုတောင် ကြောက်စရာကောင်းနေတာလဲ*
လူတိုင်း သူတို့ အမြင်မှားနေသည်ဟုပင် ထင်နေကြသည်။
*ဘယ်လိုလုပ် ဒီလူက အဲ့လောက် သန်မာနေရတာလဲ*
တောင်ဘီလူးဘုရင်သည်လည်း မျက်ခုံးလှုပ်နေ၏။ ယဲ့ဖန် သေပြီဟု သူ ထင်ထားခဲ့သော်လည်း တစ်ခဏအတွင်း မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားရသည်။
*ဒါက*
“မင်းတို့အားလုံး သေရမယ်”
မိုးခြိမ်းသံကဲ့သို့သော ကြုံးဝါးသံ ပဲ့ထင်ထပ်၍ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာပြီး ကြောက်စရာကောင်းသော ဖိအားတစ်ခု ဝုန်းခနဲ ပေါ်ထွက်လာသည်။
ရုတ်တရ် သူ လွှားခနဲ ခုန်၍ တောင်ဘီလူးတစ်ကောင်အား လက်သီးဖြင့် ထိုးလိုက်သည်။ ဖိအား အရှိန်အဝါ ကလည်း ပျံ့လွင့်လာ၏။
“ဝုန်း”
ဦးခေါင်း ပေါက်သွားပြန်သည်။
*တစ်ချက်တည်း*
*နောက်တစ်ခါ တစ်ချက်တည်း သတ်ပြန်ပါလား*
လက်ရှိတွင် တောင်ဘီလူး ဖြစ်စေ၊ လူသားဖြစ်စေ ကြက်သီးမွေးညင်း ထနေကြသည်။
*ကြောက်စရာကောင်းလိုက်တဲ့ အင်အားပါလား*
*တောင်ဘီလူးရဲ့ ခန္ဓာကိုယ်က ဘယ်လောက် မာကြောလိုက်လဲ၊ ဒါတောင် သူ့လက်သီးချက်ကို မခံနိုင်ဘူး*
*ကြောက်စရာကောင်းလိုက်တာ*
လက်ရှိတွင် တောင်ဘီလူးများ အကြောက်တရားကို သိနားလည်ကြသည်။
“ဘုန်း ဘုန်း”
တောင်ဘီလူးများ တစ်ကောင်ပြီး တစ်ကောင် လဲကျနေပြီး ယဲ့ဖန်ရှေ့၌ သူတို့သည် ကြက်ကလေး ငှက်ကလေးသဖွယ် တစ်ချက်တည်းဖြင့် သေသွား ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ပေါက်ကွဲ၍ သေဆုံးနေ ကြလေသည်။
“ယီးပဲ မင်း သေလိုက်တော့”
တောင်ဘီလူးတစ်ကောင်က သူ့ပုဆိန်ကိုမြှောက်၍ ယဲ့ဖန်အား အားဖြင့် ခုတ်ပိုင်းလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး လေထန်လာ၏။
သို့သော် ယဲ့ဖန်က လက်မြှောက်၍ ခေါင်းပေါ်၌ ကာလိုက်သည်။ ဤမြင်ကွင်းက လူတိုင်းကို ခေါင်းမွေး ထောင်သွားလေသည်။
*ယဲ့ဖန်က သူ့ခန္ဓာကိုယ်နဲ့ ဒီပုဆိန်ကို တားချင်နေတာလား*
*ဒါ အရမ်း ရဲတင်းလွန်းတယ် မဟုတ်လား*
ဤသည်ကိုမြင်သော် ပုဆိန်ကိုင်ထားသည့် တောင်ဘီလူးက ညစ်ကျယ်ကျယ် ပြုံးလာသည်။ သူ့ပုဆိန်သည် အဖြိုက်နက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ အလွန် မာကြော၍ ချွန်ထက်သည်။
*ဒီကောင် သေချင်နေတာပဲ*
ပုဆိန်ချက်က အောက်သို့ ကျဆင်းလာသည်။
“ဒေါင်”
သို့သော် ထိုအချိန်၌ သံသံချင်း ထိမိသံ ထွက်ပေါ်လာ၏။ ထိုပုဆိန်ကြီးက ယဲ့ဖန်၏ လက်ငါးချောင်းကြား၌ မလှုပ်မယှက် ညပ်နေသည်ကို လူတိုင်း ကြောက်လန့်တကြား တွေ့လိုက်ရသည်။
*တားလိုက်တာ*
*အဲ့ဒါကြီးက တကယ် ရပ်သွားတယ်*
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပုဆိန်ကိုင်ထားသည့် တောင်ဘီလူးက အလန့်တကြား ပြောလာသည်။ သူ့မျက်နှာတွင် ကြောက်စိတ်များ ပေါ်လွင်နေပြီး အဖြစ်မှန်အား မယုံနိုင် ဖြစ်နေ၏။
“ဂျွတ်”
တစ်ခဏကြာသော် ပုဆိန်သွား၌ အက်ရာတစ်ခု ပေါ်လာပြီး တစ်စစီ ဖြစ်သွားလေသည်။ အဖြိုက်နက်ဖြင့် ပြုလုပ်ထားသော ပုဆိန်ကြီးက ချက်ချင်း ပျက်စီးသွားလေတော့သည်။
ပုဆိန်ကိုင်ထားသည့် တောင်ဘီလူးသည် အသည်းအသန် တုန်ယင်လာပြီး မျက်နှာတွင် ကြောက်စိတ် ဖုံးလွှမ်းလာသည်။
ထိုစဉ် ယဲ့ဖန်က လက်သီးဖြင့် ထိုးနှက်လိုက်သည်။ အနက်ရောင် အငွေ့များ ရစ်ပတ်နေသည့် လက်သီးချက်က သူ့ထံ ပျံ့လွင့်လာသည်။
*ရွှစ်”
ပုဆိန်ကိုင်ထားသည့် တောင်ဘီလူး၏ ရင်ဘတ် ပေါက်သွားပြီး သွေးသံ တရဲရဲနှင့် အပေါက်ကြီးတစ်ပေါက် ဖြစ်လာလေသည်။ သူ ဆိုးဆိုးရွားရွား သေဆုံးသွားသည်။ တောင်ဘီလူးများအားလုံး ပင့်သက်ရှိုက် မိသွားကြသည်။
*ဒီလူက တောင်ဘီလူးဘုရင်ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်*
ထို့အပြင် သူတို့ ကြောက်လန့်၍ လဲကျမတတ် ဖြစ်နေ၏။ ယခု မည်သူက တောင်ဘီလူးလဲဟုပင် သူတို့ တွေးမိနေသည်။
*ဘာလို့လဲ*
*ဒီလူရဲ့ နည်းလမ်းတွေက မိစ္ဆာဆန်ပြီး ရက်စက်တယ်*
“ဒေါက်”
ယဲ့ဖန် ရှေ့သို့ တစ်လှမ်းတိုးလာသည်။ သို့သော် တောင်ဘီလူးများက သွေးပျက်နေသော မျက်နှာများနှင့် နောက်သို့ ဆုတ်သွားကြသည်။
“မင်းတို့ ဒေါသထွက်နေလား၊ မင်းတို့ လက်မခံချင်ဘူးလား၊ မင်းတို့ သူတို့ကို ခွေးလိုဝက်လို ဆက်ဆံခဲ့တုန်းကရော သူတို့ အဲ့လိုပဲ ခံစားရတယ် မဟုတ်လား”
ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေပြီး သွေးဆာသော အပြုံးမျိုး ပြုံးနေ၏။
“မင်းတို့က အားကြီးတယ်ဆိုပြီး သူများကို အနိုင်ကျင့်ရဲတဲ့ သတ္တိတော့ ရှိကြတယ်ပေါ့”
ထို့နောက် ယဲ့ဖန်က တောင်ဘီလူးများနှင့် လူအုပ်ကြီးကို ကျော်ကြည့်၍ တောင်ဘီလူးဘုရင် ထိုင်နေသော ပုလ္လင်ကို လှမ်းကြည့်ကာ ဒေါသတကြီး လက်ညှိုးထိုး၍ ပြောလိုက်သည်။
“မင်းရဲ့ပုလ္လင်ကိုလုပြီး မင်းရဲ့ မျိုးရိုးနာမည်ကို ယဲ့လို့ ပြောင်းမယ်”
Chapter 1424 သူ့ကိုစားလိုက်
“ကောင်းတယ် သိပ်ကောင်းတယ်”
တောင်ဘီလူးဘုရင် ထရပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာ အနှံ့၌ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ တာအိုစွမ်းအင် တုန်ခါလာ သကဲ့သို့ ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။
သူ ရူးသွပ်စွာ ကြုံးဝါးလိုက်သည်။ သူ တစ်လှမ်းချင်း လျှောက်လာပြီး ခြေလှမ်းတိုင်းက မြေဆီလွှာအား တုန်ခါစေသည်။ မိုးမြေပင် စုတ်ပြဲသွား တော့မည်ဟု ထင်မှတ်မှားရသည်။
“ကြောက်စရာကောင်းလိုက်တဲ့ ယန်စွမ်းအင်ပဲ”
လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကာ အလွန်အမင်း ထိတ်လန့် သွားကြသည်။
“သွားစမ်း”
သူသည် ကြုံးဝါးသံနှင့်အတူ အဆောက်အဦးတစ်ခုအား ယဲ့ဖန်ထံသို့ ပစ်ပေါက်လေသည်။ ဆယ်မီတာကျော် မြင့်မားသော အဆောက်အဦးသည် လေထဲ ဝဲပျံလာပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျဆင်းလာသည်။
ဤမြင်ကွင်းက လူတိုင်းကို ကြောက်လန့်သွားစေသည်။ လူတိုင်း ကြက်သေ သေကာ သူတို့ရှေ့မှ ဝဲပျံနေသော အဆောက်အဦးကို ကြည့်ပြီး မယုံနိုင် ဖြစ်နေကြသည်။
*သူက စလှုပ်ရှားတာနဲ့ အဆောက်အဦးနဲ့ ပစ်ပေါက်တော့တာပဲ*
*ဒါက*
*မယုံနိုင်စရာ ကောင်းလိုက်တာ*
“မင်းမှာ ဒီ့ထက် ပိုအရေးပါတဲ့ တိုက်ကွက် မရှိတော့ဘူးလား”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က အထင်သေးသော မျက်နှာနှင့် မာမာထန်ထန် အော်ငေါက်လိုက်သည်။ သူ စိတ်မရှည် ဖြစ်နေမှန်း သိသာလှသည်။ ဤတိုက်ခိုက်မှုအား လုံးဝ အလေးအနက်ထားပုံ မရချေ။
*ဘာ*
သူ့စကားကိုကြားသော် တောင်ဘီလူများ ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ယဲ့ဖန်က သူတို့၏ ဘုရင်ကို အမှန်တကယ် အထင်သေး နေသည် မဟုတ်ပါလော။
သူတို့ သတိပြန်မဝင်ခင်မှာပင် ယဲ့ဖန်က ရှေ့မှ ကျဆင်းလာသော အဆောက်အဦးအား ဒေါသတကြီး လက်သီးဖြင့် ထိုးနှက်လေသည်။
“ဝုန်း”
အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးသွားသည်။ ထို့နောက် ဖုန်မှုန့်အသွင် ပြောင်းသွားပြီး အောက်သို့ ကျဆင်းလာသည်။ ကောင်းကင်တစ်ခုလုံး မိုးရွာသလို ဖြစ်နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး တောင်ဘီလူး ဘုရင်တောင်မှ အကြည့်များ ထိုင်းမှိုင်းသွားပြီး ချက်ချင်း ကျောချမ်းသလို ခံစားလိုက်ရသည်။
*ဒါ ဘာအစွမ်းလဲ*
*အဆောက်အဦးတစ်ခုကို အဲ့လိုအနေအထားအထိ ပျက်စီးအောင် လုပ်နိုင်တယ်လား*
“ငါ့ကိုပျော်အောင်လုပ်လေ၊ မင်းရဲ့ ရှိသမျှ နည်းလမ်းပေါင်းစုံ သုံးပြီး ငါ ပျော်အောင် ကြိုးစားကြည့်”
ယဲ့ဖန်က လက်ဆန့်၍ အပြုံးကြီး ပြုံးနေသည်။
“အဲ့လိုဆိုရင် မင်း နည်းနည်း ပိုပျော်မယ့်နည်းတဲ့ သေရအောင် ငါ စဉ်းစား ပေးမယ်”
ထိုစကားက အထက်စီးဆန်၍ ကြမ်းကြုတ်လှသည်။
*ပျော်အောင်လုပ်ပေး ဟုတ်လား*
လူတိုင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်ကာ ချက်ချင်း ထိတ်လန့် သွားကြသည်။ အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့ ကြက်သေ သေနေလေသည်။
*ယဲ့ဖန်ရဲ့ မျက်လုံးထဲမှာ တောင်ဘီလူးဘုရင်ရဲ့ ပြင်းထန်တဲ့ တိုက်ကွက်ကို သူ့ကို ပျော်စေမယ့် လှည့်ကွက်လို့ပဲ မြင်တာလား*
*ထူးဆန်းလွန်းတယ်*
*ဒီလူ အတည် ပြောနေတာလား*
လူတိုင်း ထိုင်းမှိုင်းသော အမူအရာများ ဖြစ်လာကြသည်။ ထိုအခိုက်တွင် သူတို့သည် နတ်ဆိုးဘုရင်တစ်ပါး လောကထဲ ရောက်လာသည်ဟုပင် ထင်မှတ်မိနေသည်။ ပင်ကို လွှမ်းမိုးနိုင်စွမ်း ရှိပြီး နတ်ဆိုးဆန်သော ညှို့ဓာတ် ရှိလေသည်။
“ဒုန်း”
လီဆုန်း ဒူးထောက်ကျသွားပြီး ယဲ့ဖန်ကို အရိုအသေပေးလိုက်သော်လည်း ဘာစကားမှ မပြောချေ။ လက်ရှိတွင် သူ့စိတ် အခြေအနေကို ဖော်ပြနိုင်သော စကားလုံး မရှိပါ။ စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားကာ လေးစား ကြည်ညို သထက် ကြည်ညိုလာ၏။
သူတို့ ခစားသော ဘုရင်သည် လွှမ်းမိုးနိုင်စွမ်း ရှိကာ အထက်စီးဆန်လှသည်။ သန်မာသော တောင်ဘီလူးများ တောင်မှ သူနှင့် ရင်ဆိုင်ရလျင် ခေါင်းငုံ့ရုံသာ တတ်နိုင်ပေသည်။
“ငါ လူတွေကို ပျော်အောင် ဘယ်လိုလုပ်ရမလဲ မသိဘူး၊ ငါ ဘယ်လို သတ်ရမလဲဘဲ သိတယ်”
တောင်ဘီလူးဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ သူ့၌ တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုနိုင်သည့် အရှိန်အဝါ ရှိနေပြီး အချိန်မရွေး ပေါက်ကွဲ ထွက်တော့မည်ပုံပင်။
ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းက ပတ်ဝန်းကျင်အနှံ့သို့ ပျံ့လွင့် လာသည်။ တောင်ဘီလူးဘုရင်၏ ခြေဖဝါးအောက်မှ မြေဆီလွှာသည် သူ့ခွန်အားကို တောင့်မခံနိုင်ဘဲ ပေါက်ကွဲလာ၏။
“ဝုန်း”
တစ်ခဏအတွင်း တောင်ဘီလူးဘုရင်၏ ခြေဖဝါးအောက်မှ မြေဆီလွှာ ပေါက်ကွဲသွားပြီးနောက် အခြေအနေကို အခွင့်ကောင်း ယူ၍ ရှေ့သို့ ပြေးတက် လာသည်။ သူသည် လေးမှပစ်ခွင်းလိုက်သည့် မြားတစ်စင်းသဖွယ် ယဲ့ဖန်ထံသို့ အညှာအတာမဲ့စွာ ပြေးဝင်လာ၏။ သူသေကိုယ်သေ တိုက်ခိုက်ချင်နေခြင်းပင်။
ပြင်းထန်သော စွမ်းအင်လှိုင်းက ပင်လယ်လှိုင်းသဖွယ် ချက်ချင်း ပျံ့လွင့် လာသည်။ ဤသည်ကိုမြင်သော် တောင်ဘီလူးများ ကြက်သီးထကာ ခေါင်းမွေးထောင်သွားကြသည်။
ဤသည်မှာ တောင်ဘီလူးဘုရင်၏ နာမည်ကျော် သိုင်းကွက်ဖြစ်သည်။ ဤသိုင်းကွက်ဖြင့် တောင်ဘီလူးဘုရင်က တောင်ဘီလူးများအားလုံးကို တစ်နေ့တည်း၌ အနိုင်ယူခဲ့ပြီး ဘုရင်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ အသေသတ် သိုင်းကွက်ကို ထုတ်သုံးနေခြင်း ဖြစ်သည်။ လက်သီးချက်တိုင်းက တောင်ကိုပင် ပြိုစေနိုင်သည်။ ဤသိုင်းကွက်နှင့် သူသည် တောင်တစ်ခုလုံးကို ဖျက်ဆီး၍ ဒါဇင်ချီသော တောင်ဘီလူး ခေါင်းဆောင်များကို ဘာမှမဟုတ်သကဲ့သို့ ရှင်းလင်းခဲ့ဖူးသည်။
ဤဆက်တိုက်ထိုးနှက်လာသော လက်သီးချက်အောက်တွင် သက်ရှိအားလုံး ပြာဖြစ်ကာ အသက်ရှင်ကျန်သူဟူ၍ မရှိပေ။
တောင်ဘီလူးဘုရင်က အသေအကြေ တိုက်ခိုက်လာလိမ့်မည်ဟု တောင်ဘီလူးများ ထင်မထားမိချေ။ သူတို့အရှေ့မှ ထိုလူသားက သူတို့၏ ဘုရင်ကို အလွန်အမင်း စိတ်မသက်မသာ လုပ်နိုင်သည့်ပုံပင်။
သို့သော် တစ်ခဏအတွင်း သူတို့၏ မျက်နှာ၌ လူမဆန်သော အမူအရာများ ပေါ်လာပြီး ယဲ့ဖန်အား မထီမဲ့မြင်ဟန်နှင့် ကြည့်လာသည်။ သူတို့ပုံစံက သေလူကို ကြည့်နေသည်နှင့် တူနေ၏။
*ဒီဆက်တိုက် ထိုးလာတဲ့ လက်သီးချက်အောက်မှာ အသက်ရှင်တဲ့လူ မရှိဘူး၊ ဒီကောင် သေမှာပဲ*
ရုတ်တရက် သတ်ဖြတ်လိုဟန်များ ပြည့်နေသော လက်သီးချက်များက ယဲ့ဖန်ထံ အရှိန်ဖြင့် ကျရောက်လာ၏။ ပြင်းထန် ကြမ်းကြုတ်သော လက်သီးချက်များက မိုးစက်သဖွယ် ဆက်တိုက် ကျလာပြီး လေဟာနယ်ပင် အက်ကွဲကာ လောကကြီး ကပြောင်းကပြန် ဖြစ်တော့မည်ဟု ထင်မှတ်ရလေသည်။
သို့သော် ယဲ့ဖန်က သူ့တိုက်ခိုက်မှုကို မသိကျိုးကျွန်ပြုကာ တောင်ဘီလူး ဘုရင်၏ တိုက်ခိုက်မှု စက်ကွင်းထဲသို့ လျှောက်လှမ်းသွားသည်။
ဤမြင်ကွင်းက လူတိုင်းကို မျက်လုံးပြူးသွားစေပြီး အမှန်ကို မယုံနိုင် ဖြစ်သွားကြသည်။
*တစ်ဖက်လူရဲ့ တိုက်ကွက်က ကြောက်စရာကောင်းမှန်း သိနေတာတောင် သူက အလေးအနက်တောင် မထားပါလား*
*သေချင်နေတာပဲ*
*ဒီကောင်က မောက်မာလွန်းတော့ သွေးနားထင်ရောက်ပြီး သေမှာပဲ*
တောင်ဘီလူး ဘုရင်သည်လည်း အထင်သေးခံရသော ခံစားချက်ကို ခံစားမိ နေသည်။ သူ၏ အရှိန်အဝါကို ထပ်မံ၍ တိုးမြှင့်လိုက်သည်။ သူ့ပုံစံက တာအိုသဘောတရားနှင့် ပေါင်းစပ်သွားပုံရသည်။ သူ၏ သွေးဆာမှုနှင့် ကြမ်းကြတ်မှုတို့က ပြင်းထန်လာပြီး အရှိန်အဝါက သူမတူတော့ချေ။
လက်သီးတစ်ချက်၊ အချက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ စုစုပေါင်း လက်သီးချက် တစ်သိန်းသုံးသောင်း ခြောက်ဆယ့်တစ်ချက် ထိုးနှက်လိုက်ပြီး ကောင်းကင်ယံ၌ ယန်စွမ်းအင်များ ပြည့်နှက်လာကာ စွမ်းအင်က နှိုင်းယှဉ်မရချေ။
လူတိုင်း ကတုန်ကယင် ဖြစ်လာပြီး အချို့ဆိုလျင် မြေကြီးပေါ် ဒူးထောက် ကျလာ၏။ သူတို့ သည်းခြေပျက်မတတ် စိုးရွံ့လာကာ သူတို့ တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ချေ။
“ကြောက်စရာကောင်းလိုက်တာ၊ ဒါ တောင်ဘီလူးဘုရင်ရဲ့ ခွန်အားလား”
“ယဲ့ဘုရင် အန္တရာယ်များပါတယ်”
ထိုသို့သောအချိန်၌ သိုင်းပညာရှင်တစ်ချို့က ခပ်လှမ်းလှမ်းမှ ကြည့်နေသည်။ ထိုသူများထဲတွင် ဘုရင်အဆင့်များနှင့် သူတော်စင်သခင်အဆင့်များ ပါဝင်ပြီး သူတို့၏ ခွန်အားက တစ်မူထူးခြားလှသည်။
ယဲ့ဖန် ရောက်လာကြောင်း သိလိုက်ရသည့်အတွက် သူတို့ ဤတိုက်ပွဲကို လာကြည့်ကြခြင်း ဖြစ်သည်။ သို့သော် တောင်ဘီလူးဘုရင်၏ တိုက်ခိုက်မှုကို မြင်လိုက်ချိန်တွင် သူတို့ ရင်တုန်လာသည်။
ဤသူသေကိုယ်သေ တိုက်ပွဲက နေ၊လနှင့် ကြယ်တာရာတို့ကိုပင် စိုးမိုးနိုင်လောက်သည်အထိ ကြောက်စရာ ကောင်းလှသည်။ လက်ရှိတွင် သူတို့စိတ်ထဲ၌ ယဲ့ဖန်သည် ကုန်းပေါ်မှ ငါးသဖွယ် ဖြစ်နေပြီး အသတ်ခံ ရတော့မည်ဟု ထင်နေကြသည်။ ယဲ့ဖန်ဘက်မှ နိုင်နိုင်ချေကို သူတို့ မမြင်မိပေ။
*ဒီကောင်လေးတော့ ဇာတ်သိမ်းတော့မှာပဲ*
ယဲ့ဖန်က ယခင်အတိုင်း အေးစိတ်တည်ငြိမ်၍ အထက်စီးဆန်စွာဖြင့် ရှေ့သို့ ဆက်လျှောက်နေသည်။ အားလုံး၏ အမြင်တွင် ဤလှုပ်ရှားမှုအား ရူးသွပ်သော လုပ်ရပ်ဟု မြင်နေကြသည်။
ထိုစဉ် လက်သီးချက်များက ဒုံးကျည်သဖွယ် ကျဆင်းလာ၏။ တောင်ဘီလူး များ၏ မျက်လုံးတွင် အထင်သေးရိပ်များ ပြည့်နှက်လာပြီး ယဲ့ဖန်၏ ဘဝင်မြင့်မှုကို သရော်နေပုံ ရသည်။
“ဝုန်း ဝုန်း ဝုန်း”
တစ်ခဏအတွင်း နားကွဲမတတ် ကြောက်စရာကောင်းသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သို့သော် ဆက်လက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက လူတိုင်းအား သွေးပျက်သွားစေ၏။
ယဲ့ဖန်က ကြောက်စရာကောင်းသော လက်သီးချက်များကို ဖြတ်ကျော်၍ နတ်ဘုရား တစ်ပါး လောကထဲ၌ လျှောက်နေသကဲ့သို့ ဘာထိခိုက်မှုမရှိဘဲ လျှောက်လှမ်းနေသည်ကို သူတို့ တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးအား တာအိုစွမ်းအင်များ ရစ်ပတ်ထားသည်ဟု ထင်မှတ်ရသည်။
ထိုကြောက်စရာကောင်းသော လက်သီးချက်က ရွံ့ပေနေသော နွားတစ်ကောင် ပင်လယ်ထဲ ဆင်းသကဲ့သို့ အစအန မရှိ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတိုက်ကွက်က သူ့အား တစ်စက်ကလေးမျှ ထိခိုက်အောင် မလုပ်နိုင်ပါ။
လက်ရှိတွင် ယဲ့ဖန်သည် ကောင်းကင် တာအိုသဘောတရားတို့အား သိနားလည်၍ နတ္ထိအဆင့်သို့ ရောက်ရှိကာ မိုးမြေ သဘောတရားနှင့် သဟဇာတဖြစ်ပြီး လှုပ်ရှားမှုတိုင်း၌ တာအိုသဘောတရားများ ပါဝင်နေ၏။
“မိုးမြေနဲ့ လူနဲ့ တစ်သားတည်း ဖြစ်ပြီး နတ္ထိ တာအိုသဘောတရားကို သိနားလည်နေတာပါလား”
ဤသည်ကိုမြင်သော သိုင်းပညာရှင်များ ခေါင်းမွေးထောင်သွားကြသည်။ ဤသည်မှာ သူတော်စင်သခင်အဆင့်၏ သိမြင်မှု မဟုတ်ဘဲ နတ်ဘုရင် အဆင့်၏ သိမြင်မှုသာ ဖြစ်လေသည်။
*သူက နတ်ဘုရင်အဆင့်လား*
“မဖြစ်နိုင်ဘူး မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ချက်ချင်းဆိုသလိုပင် တောင်ဘီလူးဘုရင်သည်လည်း မယုံနိုင်စွာ အော်ဟစ်လာပြီး တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထနေကြောင်း ခံစားမိနေသည်။ သူ ထိတ်လန့်ကြောက်ရွံ့နေ၏။
တောင်ဘီလူးများလည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ လွန်ခဲ့သော တစ်မိနစ်ကမှ ယဲ့ဖန်၏ ဟန်ပန်က ဟန်ဆောင်နေခြင်း ဖြစ်သည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ ထိုသူက နတ်ဘုရားများလားဟု သူတို့ သံသယဝင်လာရသည်။
နတ်ဘုရားသဖွယ် တဖြည်းဖြည်း လှမ်းလာနေသော သူ့ကို ကြည့်ပြီး တောင်ဘီလူးဘုရင် ချွေးပြန်ကာ တုန်ယင်လာ၏။
သူ့ဘဝ၌ ပထမဆုံးအကြိမ် ကြောက်စိတ်ကို ခံစားမိလာသည်။ တစ်ယောက် ယောက်က လည်ပင်းလာညှစ် ထားသကဲ့သို့ နေရထိုင်ရ အဆင်မပြေ တော့ချေ။
လေဟာနယ် အက်ကွဲလာပြီး တာအိုစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ် နေသည်။ ယဲ့ဖန်ကမူ ရယ်မြဲ ရယ်နေသည်။
“မင်းက ငါ ပျော်အောင် မလုပ်နိုင်မှတော့ အသက်ရှင်ဖို့ မထိုက်တန်ဘူး၊ သေလိုက်တော့”
မောက်မာမြဲ မောက်မာ၍ ဖိနှိပ်စမြဲပင်။ ယဲ့ဖန် ကြုံးဝါးလိုက်ပြီးနောက် သူ့ပါးစပ်မှ အလင်းတစ်ခု ထွက်ပေါ်လာကာ ထိုအလင်းက ဓားအသွင် ပြောင်းသွားပြီး အရပ်ဆယ်မျက်နှာသို့ ဝေ့ဝဲနေရင်းနှင့် တောင်ဘီလူး ဘုရင်ထံသို့ ပျံသန်းသွားသည်။
တောင်ဘီလူး ဘုရင် ခေါင်းမွေးထောင်သွားသည်။ သူသည် ထိပ်တိုက် ရင်ဆိုင်ရုံသာ တတ်နိုင်ပြီး ထိုအလင်းအား ရင်ဆိုင်လိုက်သည်။
သူ ထပ်မံ၍ လက်သီးချက်များ တစ်လုံးပြီး တစ်လုံး ပစ်သွင်းလေသည်။ သူသည် လက်သီးချက်များ ဆက်တိုက် ထုတ်ဖော်၍ အလင်းကို တားဆိးရန် ကြိုးစားပါသော်လည်း အသားများ ပဲ့ထွက်ကာ သွေးများ ပန်းထွက်လာ၏။
လက်ငါးချောင်း ကြေမွသွားသည်။ လက်ကောက်ဝတ် ပြတ်ထွက်သွား၏။ လက်မောင်းမှ သွေးများ ပန်းထွက် လာလေသည်။ သူ လုံးဝ ဖိနှိပ်ခံနေရသည်။
လက်ရှိတွင် တောင်ဘီလူးဘုရင် ကြံရာမရ ဖြစ်ကာ ကြောက်လန့်၍ စိုးရိမ်စိတ် ဝင်နေ၏။ သူ၏ အသန်မာဆုံး တိုက်ကွက်ကို ယဲ့ဖန်က အလွယ်တကူ တားဆီးနိုင်လေသည်။ သို့သော် ယဲ့ဖန်ဘက်က စတိုက်လာသည်နှင့် သူ လုံးဝ ရှုံးနိမ့်သွားရသည်။
မည်သူက တကယ့် မိစ္ဆာနည်း။ ဤမြင်ကွင်းက တောင်ဘီလူးများကို ကြောက်လန့်သွားစေသည်။ ထိုသို့သောအချိန်၌ တောင်ဘီလူးဘုရင်၏ လက်မောင်းများ ကြေမွပျက်စီးသွားပြီး ယဲ့ဖန်ရှေ့၌ အခြေအနေ ဆိုးရွား နေ၏။ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေလေသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
တောင်ဘီလူးဘုရင်၏ ခန္ဓာကိုယ်မှ ကျိုးပဲ့သံများ ထွက်ပေါ်လာပြီး အက်နေသော ကြွေထည်ကဲ့သို့ အချိန်မရွေး ကျိုးကြေတော့မည်ဟု ထင်မှတ် ရသည်။
တောင်ဘီလူးဘုရင်၏ သွေးအလိမ်းလိမ်း ဖြစ်နေသော ပုံကိုကြည့်ပြီး တောင်ဘီလူးများ မယုံနိုင်ဖြစ်နေကြသည်။ သူတို့၏ ပြိုင်ဘက်ကင်းသော တောင်ဘီလူးဘုရင်က သေမျိုးတစ်ယောက်ထံ၌ လွယ်လင့်တကူ ရှုံးသွားသည် တဲ့လား။
တောင်ဘီလူးများထဲ၌ အသန်မာဆုံးသော တောင်ဘီလူးဘုရင်၏ ခန္ဓာကိုယ်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ဘူးတဲ့လား။
ထိုစဉ် ယဲ့ဖန်က သူ့လက်ထဲမှ တောင်ဘီလူးဘုရင်၏ လက်ပြတ်အား လီဆုန်းရှေ့သို့ ပစ်ချလိုက်ပြီး သုန်မှုန်သော မျက်လုံးဖြင့် ပြောလိုက်သည်။
“သူ့ကိုစားလိုက်”
ထိုစကားကိုကြားသောအခါ လီဆုန်း အေးစက်သွားသည်။ ထို့နောက် သူ့မျက်နှာတွင် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်လာပြီး တောင်ဘီလူးဘုရင်၏ လက်ပြတ်ကို ကောက်ယူ၍ အငမ်းမရ စားလေတော့သည်။
ဤမြင်ကွင်းက တောင်ဘီလူးများအား လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ သွားစေသည်။
“နတ်ဆိုး၊ ဒီလူက နတ်ဆိုးပဲ”