← Chapters

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း ၁၄၃၀

Vol. 96 Ch. 1430

Chapter 1430 နတ်ဆိုး လာနေပြီ

ထိုအခိုက်တွင် လူတိုင်း မကောင်းသော ခံစားချက်ကို ရုတ်တရက် ရလိုက်ကြသည်။ ယဲ့ဖန်၏ မျက်လုံးကို ကြည့်ပြီး သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ဆောက်တည်ရာမရ ဖြစ်ကာ ကြောက်လန့်လာသည်။

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကြီးကြပ်ရေးမှူးလီ မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေ၏။

*ဒီခေါင်းတွေကို ယဲ့ဖန် ဖြတ်ထားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူက နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ မဟုတ်ဘူးလား*

ထိုစဉ် လူအုပ်ထဲမှ ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ စစ်သားများ တစ်ယောက်ပြီး တစ်ယောက် အသားပြား ဖြစ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်သံများက ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။

ထိုတောင်ဘီလူး ခေါင်းပြတ်များသည် မြေကြီးပေါ်၌ နေရာယူထားပြီး အားလုံးက သွေးများ ပေကျံ၍ စူးရှသော အနံ့များ ပျံ့လွင့်နေသည်။ ခေါင်းပြတ်တိုင်း၏ မျက်နှာတွင် အလွန်အမင် နာကျင်ဟန်များ ပြည့်နှက်နေ၏။

တစ်ထောင်သော စစ်သားများသည် တစ်ချက်မှပင် မပစ်လိုက်ရဘဲ ပြားချပ် သွားကြသည်။ ဆိုးဆိုးရွားရွား ပွဲချင်းပြီး သေဆုံးသွားခြင်းပင်။

ဘုရင်အဆင့်များအားလုံး ကြက်သီးမွေးညင်းထကာ နေရာမှာတင် ကြက်သေ သေကာ မလှုပ်ရဲတော့ချေ။ သူတို့မျက်နှာတွင် အလွန်အမင်း ကြောက်လန့်ဟန်များ ပေါ်နေ၏။

“မင်း … ငါတို့ကို သွားခွင့်ပေးပါ၊ ဒီနေ့ကိစ္စမှာ ငါတို့ ဝင်မပါဘူး”

ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်တစ်ယောက်က နဖူး၌ ချွေးစေးပြန်ကာ အလျင်အမြန် ပြောလာသည်။ သူ့အရှေ့မှ လူငယ်လေးက အလွန် ထူးဆန်းလှသည်။ ထူးဆန်းလွန်းသဖြင့် သူ စိုးရိမ်ပူပန်နေရသည်။ သူ တိုက်ခိုက်ချင်စိတ် မရှိပါ။

“ဒီလောက်အထိ ဖြစ်လာပြီးမှ ညှိနှိုင်းလို့ ရဦးမယ်လို့ ထင်နေသေးတာလား”

ယဲ့ဖန်၏ မျက်လုံးများက နဂါးတစ်ကောင်၏ မျက်လုံးသဖွယ် စူးရှနေပြီး လျှပ်စီးသဖွယ် မြန်ဆန်စွာ လှုပ်ရှားကာ ထိုဘုရင်အဆင့် သိုင်းပညာရှင်အား လက်သီးဖြင့် ထိုးလိုက်သည်။

“တော်တော် မခန့်လေးစား လုပ်တာပဲ၊ ဒီလိုဆိုမှတော့ မင်းကို အပြတ်ရှင်း ရမှာပေါ့”

ထိုဘုရင်အဆင့် သိုင်းပညာရှင်က သွေးကဲ့သို့ ရဲရဲနီသော မျက်လုံးများဖြင့် ကျယ်လောင်စွာ ကြုံးဝါးပြီး လက်ဝါးချက် တစ်ရာ့ရှစ်ချက်ကို ဆက်တိုက် ရိုက်ချလေသည်။ ထိုရိုက်ချက် တစ်ခုချင်းစီတိုင်းက ပြင်းထန်လှပြီး လေဟာနယ်ပင် အက်ကွဲကာ ပေါက်ကွဲသံများ ထွက်ပေါ်လာရသည်။

သို့သော် ယဲ့ဖန်က လှောင်ရုံမျှ ရယ်နေသည်။

“ဂျွတ်”

ထိုဘုရင်အဆင့် သိုင်းပညာရှင်၏ ရင်ဘတ် ကြေမွသွားပြီး ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်ကာ ပွဲချင်းပြီး သေဆုံးသွားလေသည်။

ထိုသူ ချက်ချင်း ရှုံးနိမ့်သွားသည်ကိုမြင်သော် လက်ရှိ ဘုရင်အဆင့်များ အားလုံး ချွေးပြန်လာပြီး မယုံနိုင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

လက်ရှိတွင် သူတို့အားလုံး အရာအားလုံးကို နားလည်သွားကြသည်။ သူတို့အရှေ့မှလူသည် နဂါးအသွင်ပြောင်းခြင်းအဆင့် လုံးဝ မဟုတ်ပါ။

*ဒီစက်ဆုပ်စရာကောင်းတဲ့လူက သူ့ခွန်အား အစစ်အမှန်ကို ဖုံးဖို့ ထူးဆန်းတဲ့ နည်းလမ်းကို သုံးခဲ့တာပဲ ဖြစ်မယ်*

*ဝက်ကို စားချင်လို့ ကစားနေတဲ့ကျားတစ်ကောင်ပါလား*

*မင်းကတော့*

“ငါ့ကို မသတ်ပါနဲ့၊ ငါက အမိန့်ပေးတဲ့အတိုင်း လုပ်ရုံသက်သက်ပါ”

ယဲ့ဖန် ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကိုမြင်သော် သူတို့ အလန့်တကြား ထအော်ကြသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် ယဲ့ဖန်က သူတို့ထံ လျှောက်လာပြီး အေးစက်သော မျက်လုံးများဖြင့် သူတို့အား ကြည့်လေသည်။

“ငါ သိတယ်၊ ဒါပေမဲ့ မင်းတို့ကို ဘယ်သူက မဆိုင်တာ ဝင်ပါခိုင်းလို့လဲ”

စကားဆုံးသည်နှင့် သူ ထပ်မံ၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဝုန်း ဝုန်း”

ဘုရင်အဆင့်နှစ်ယောက် ချက်ချင်း ပေါက်ကွဲကာ သေဆုံးသွားပြီး သွေးများက လျှံကျလာသည်။ ကြီးကြပ်ရေးမှူးလီ တုန်လှုပ်သွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာသည်။ သူ့ရင်ထဲ၌ ခွန်အားမရှိတော့သလို ဖြစ်နေ၏။

*ငါ တစ်ချိန်လုံး လှည့်စားခံခဲ့ရတာပဲ၊ ဒီလူက လုံးဝ နဂါးအသွင်ပြောင်းခြင်း အဆင့် မဟုတ်ဘူး*

သူ ယဲ့ဖန်ကို ကြည့်နေသလို ယဲ့ဖန်ကလည်း သူ့ကို ကြည့်နေ၏။ သို့သော် သူ့အကြည့်က ပို၍ ဆိုးရွားနေသည်။

“ဒေါက်”

ယဲ့ဖန်က ရှေ့တိုး၍ သူ့ထံ လျှောက်လာသည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်က ကြီးကြပ်ရေးမှူးလီကို တင်းကြပ်စွာ ရစ်ပတ်လာ၏။

“ယဲ့ဖန် ငါ့ကို မသတ်ပါနဲ့၊ ငါ မှားမှန်း သိပါပြီ၊ ငါ အခု မင်းကို မင်းမိန်းမတွေဆီ ခေါ်သွားပေးပါ့မယ်၊ သူတို့ကို မြေအောက်ခန်းထဲမှာ ဖမ်းထားတာ၊ ငါ လမ်းပြပေးသရွေ့ မင်း သူတို့ကို ရှောင်ပြီး မင်းမိန်းမတွေကို ဘာသံမှမထွက်ဘဲ ကယ်နိုင်မှာပါ”

ကြီးကြပ်ရေးမှူးလီက ချက်ချင်း မျက်နှာပြောင်း၍ ရန်သူကို အညံ့ခံလေသည်။ မူလက သူသည် ယဲ့ဖန်အား ပုရွက်ဆိတ်သဖွယ် သတ်မှတ်ကာ သူ ဆန္ဒရှိသလို ရှင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ၌ ယဲ့ဖန်ကြောင့် သူ ကြောက်ရွံ့နေရလေပြီ။

ယဲ့ဖန်က တစ်ခုခုကို သတိပြုမိဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီးနောက် မခိုးမခန့် မျက်နှာထား ဖြစ်သွားသည်။

“ကောင်းပြီလေ၊ ခင်ဗျား ကျုပ်ကို သူတို့ဆီ ခေါ်သွားပေးတာနဲ့ ကျုပ် ခင်ဗျားကို အသက် ချမ်းသာပေးမယ်”

“အေး အေး အေး”

ကြီးကြပ်ရေးမှူးလီ ချက်ချင်း အပျော်လွန်သွားသည်။ သို့သော် သူ တစ်ဖက်သို့ ပြန်လှည့်လိုက်သည့် အချိန်တွင် သူ့မျက်လုံး၌ ဝမ်းသာစိတ်နှင့် မကျေနပ်စိတ်တို့ ဖြတ်ပြေးသွားလေသည်။

သူသည် ယဲ့ဖန်အား မည်သည့် မြေအောက်ခန်းကိုမှ မခေါ်သွားဘဲ စစ်သူကြီး အိမ်တော်၏ အတွင်းပိုင်းသို့ တန်းခေါ်သွားလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ ကိုယ်ပေါ်သို့ အနီရောင် အစက်များ ကျလာ၏။ အချိန် အတော်ကြာစဉ်ကတည်းက စောင့်နေခဲ့သော အမှောင်ထဲမှ စနိုက်ပါသမားများက သေနတ်ဖြင့် ချိန်လာခြင်း ဖြစ်ပေသည်။ ယဲ့ဖန် ပေါ်လာသည်ကိုမြင်သော် သူတို့မျက်နှာတွင် လူသတ်ချင်စိတ်များ ပေါ်လာကြသည်။

“ဟားဟားဟား မျိုးမစစ်လေး မင်း ဒီလောက် တုံးလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ မင်း ရန်သူ ပြောတဲ့စကားကို တကယ် ယုံတာလား”

ဤအခြင်းအရာကိုမြင်သော် ကြီးကြပ်ရေးမှူးလီသည် မည်သို့သော စိုးရိမ်မှုမှ မရှိတော့ဘဲ ရယ်မော၍ သရော်လေသည်။

“လီတုန်းဝူတောင် ကိုယ်တိုင် လှုပ်ရှားစရာမလိုဘူးနဲ့ တူတယ်၊ မင်း သေမှာ သေချာတယ်”

ထို့နောက် သူ့မျက်လုံးတွင် အလွန် အငြိုးထားစိတ်များ ပေါ်လာ၏။

“အခု ဒူးထောက်စမ်း”

လက်ရှိအချိန်တွင် ယဲ့ဖန်အား သူ့လက်ခုပ်ထဲမှ ရေဟု သတ်မှတ်နေပြီး အချိန်မရွေး သတ်ဖြတ်နိုင်မည်ဟု ထင်နေ၏။

သူ ယဲ့ဖန်ကို ဒူးထောက်စေချင်သည်။ ယဲ့ဖန်အား သူ့ရှေ့၌ ခွေးတစ်ကောင်လို ဝပ်တွား၍ တောင်းပန်စေ ချင်နေသည်။ ထိုသို့တွေးမိသည်နှင့် ကြီးကြပ်ရေးမှူးလီ၏ မျက်နှာက ဖုံးဖိမရအောင် ပြုံးရယ်လာသည်။

သူသည် အစကတည်းက ယဲ့ဖန်၏ အထင်သေးခြင်း ခံခဲ့ရသသလို အမြဲ ယဲ့ဖန်ကို ကြောက်ရွံ့ခဲ့ရသည်။ ဤကာလအတွင်း သူ ညဘက် အိပ်ပျော် သွားတိုင်း အိပ်မက်ထဲ၌ ယဲ့ဖန်၏ ကျောချမ်းစရာကောင်းသော အပြုံးကို မက်ခဲ့သလို သူ၏ လူရှိန်စရာကောင်းသော အသွင်အပြင်ကိုပါ မြင်မက် ခဲ့သည်။

ယင်းက သူ့အား ရူးမတတ် ဖြစ်စေပြီး အချိန်တိုင်း စိတ်ဖိစီးကာ စိုးရိမ်ခဲ့ရသည်။ တစ်နေ့ ယဲ့ဖန် သူ့ကို လာရှာပြီး လက်စားချေမည်ကို အမြဲတမ်း စိုးထိတ်နေရသည်။ ယခုအခါတွင်မူ သူ အနိုင်ရလေပြီ။

ယဲ့ဖန်ကို သူ့ရှေ့၌ ဒူးထောက်ခိုင်းခြင်းက ထိုခံစားချက်ကို အပြီးတိုင် ဖယ်ရှားနိုင်ပေမည်။ ယဲ့ဖန်က ဘေးပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ဝေ့ကြည့်၍ သရော်လိုက်သည်။

“ခင်ဗျား အကြံက ပိုကြီးလိမ့်မယ်လို့ ထင်ထားတာ၊ ကြည့်ရတာ ကျုပ် ခင်ဗျားကို ခပ်မြင့်မြင့် မှန်းထားမိတာနဲ့ တူတယ်”

“ခင်ဗျားက အရင်အတိုင်းပဲ၊ အသုံးမကျဘူး အမှိုက်ကောင်”

*ဘာ*

ထိုစကားကိုကြားသော် ကြီးကြပ်ရေးမှူးလီ မှင်တက်သွားသည်။

*ဒီကောင်က ငါ့ထောင်ချောက်ထဲ ကျလာတာတောင် ငါ့ကို မခံချင်အောင် ပြောရဲတယ်လား*

*သေချင်နေတာပဲ*

*ဒီကောင်က သေတွင်းတူးနေတာ*

ရုတ်တရက် ကြီးကြပ်ရေးမှူးလီ၏ ရင်ထဲ၌ အေးခနဲ ဖြစ်သွားပြီး သေမတတ် ကြောက်ရွံ့လာ၏။ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော ကြောက်စိတ်က ဝုန်းခနဲ ပြန်ပေါ်လာသဖြင့် သူ ရူးမတတ် ဖြစ်သွားရသည်။

“ပစ် သူ့ကို အခုချက်ချင်း ပစ်ကြ”

ထိုစဉ် ကြီးကြပ်ရေးမှူးလီက အရူးအမူး အော်ဟစ်လေသည်။ သူ ရူးမတတ် ဖြစ်နေ၏။

“ဒိုင်း”

သေနတ်ပစ်သံ ထွက်ပေါ်လာပြီး ကျည်ဆံတစ်တောင့်က ယဲ့ဖန်၏ နားထင်သို့ ထိမှန်သွားသည်။ ဤသည်ကို မြင်သော် ကြီးကြပ်ရေးမှူးလီက ဝမ်းသာသွားပြီး ရယ်ချင်သွားသည်။ သို့သော် ရယ်သံက တိခနဲ ရပ်တန့် သွားရသည်။

“ဒင်”

ယဲ့ဖန်၏ နားထင်တွင် မီးခိုးငွေ့ အနည်းငယ် ထသွားပြီး မီးလောင်သွားသော အနက်ရောင် အမှတ် ကျန်ခဲ့သည်။ ၎င်းမှလွဲ၍ ဘာထိခိုက်ဒဏ်ရာမှ မရပါ။

“ဒေါင်”

ကျည်ဆံက ကြမ်းပြင်ပေါ် ကျကာ အသံထွက်လာသည်။ ယင်းအသံနှင့်အတူ ကြီးကြပ်ရေးမှူးလီ၏ နှလုံးသား ပြုတ်ထွက်သွားမယောင် ခံစားလိုက်ရသည်။

“မင်း … မင်းက လူမဟုတ်ဘူး”

ရုတ်ချည်းဆိုသလိုပင် ကြီးကြပ်ရေးမှူးလီက ကျယ်လောင်စွာ ထအော်ပြီး ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

ယင်းကျည်ဆံသည် နျဲ့ဟွင်းဗုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဘုရင်အဆင့်ကို ပစ်ခတ်ရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

နျဲ့ဟွင်းကျည်ဆံသည် ဘုရင်အဆင့်၏ ခန္ဓာကိုယ် အကာအကွယ် ချီစွမ်းအင်ကို ချိုးဖျက်၍ သူတို့အား အသေပစ် သတ်နိုင်၏။ သို့သော် သူ့အရှေ့မှလူက သူ၏ ခန္ဓာကိုယ်ဖြင့် ကျည်ဆံကို တားဆီးလိုက်သည်တဲ့လား။ သူသည် ရှောင်တိမ်း ခြင်းပင် မရှိသဖြင့် ၎င်းကို ဂရုမစိုက်နိုင်သည်အထိ မောက်မာကြောင်း ပြသနေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

နျဲ့ဟွင်း ကျည်ဆံတစ်ကောင်က တစ်သန်းကျော် ကုန်ကျသည်။ ဘုရင်အဆင့် ဖြစ်သော ကြီးကြပ်ရေးမှူးလီပင် သူ့ခန္ဓာကိုယ်ကိုသုံး၍ ခုခံရဲသည့် သတ္တိ မရှိသော်လည်း ယဲ့ဖန်က လုပ်ပြခဲ့သည်။

ယဲ့ဖန်က သူ့နားထင်ကိုပွတ်၍ ကြီးကြပ်ရေးမှူးလီ ကြက်သီးတဖြန်းဖြန်း ထသွားစေမည့် စကားကို ပြောလာသည်။

“မင်းတို့က လူကြီးတွေလေ၊ အဲ့တော့ ကစားစရာတွေနဲ့ မကစားနဲ့ ဟုတ်ပြီလား”

*ကစားစရာ ဟုတ်လား*

ကြီးကြပ်ရေးမှူးလီသာမက အမှောင်ထဲမှ စနိုက်ပါသမားများပင် အသက်မရှူ နိုင်အောင် ဖြစ်သွားရသည်။

*ဒီလူရဲ့ မျက်လုံးထဲမှ နျဲ့ဟွင်းကျည်ဆံကို ကစားစရာလို့ မြင်နေတာလား*

*မောက်မာလိုက်တာ*

*ကြောက်ဖို့လည်းကောင်းတယ်*

*ဒီလူက တကယ် လူဟုတ်ရဲ့လား*

“ဒိုင်း ဒိုင်း ဒိုင်း”

ထိုစဉ် ကျည်ဆံတစ်ချို့က ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီးနောက် ကြမ်းပြင်ပေါ် ပြန်ကျသွားသည်။ ယဲ့ဖန်၏ အပြုံးက ပို၍ လှောင်ပြောင်ဟန် ပေါ်လာသည်။

“ခင်ဗျား အခုထိ ကောင်းကောင်းနေဖို့ မသင်ယူရသေးတဲ့ပုံပဲ”

ထို့နောက် သူက တစ်နေရာကို ကြည့်၍ ခပ်မာမာ ပြောလိုက်သည်။

“မင်းတို့ ကျည်ဆံက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး၊ ဒါပေမဲ့ ပြောရမှာတော့ စိတ်မကောင်းဘူး၊ မင်းတို့ ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ”

ထိုအရပ်၌ ပုန်းနေသော စနိုက်ပါသမား တုန်လှုပ်သွားပြီး နေရာမှာတင် ကြက်သေ သေကာ ယဲ့ဖန်အား သေနတ်မှန်ဘီလူးမှတဆင့် မယုံနိုင်သလို ကြည့်နေသည်။ သူသည် ယဲ့ဖန်နှင့် မီတာငါးရာနီးနီး ကွာဝေးပြီး သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသေးသည်။

*ဒီလူက ငါ့ကို ဘယ်လိုမြင်တာလဲ*

ယဲ့ဖန်က သူ့ကို ပြုံး၍ ကြည့်နေသည်ကို မှန်ဘီလူးအောက်မှနေ၍ သေချာမြင် နေရသည်။ ရုတ်တရက် ယဲ့ဖန် နေရာမှ ဖျတ်ခနဲ ပျောက်သွားသည်။

စနိုက်ပါသမားသည် တစ်ခုခုကို သတိပြုလိုက်မိသကဲ့သို့ ကျောချမ်းသလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

“တောက် တောက်”

“တောက် တောက်”

သူ့နဖူးမှ ချွေးစေးများ စီးကျလာ၏။

“ဂလု”

သူ တံတွေးကို မနည်းမျိုချကာ ထိုနတ်ဆိုး သူ့အနောက်၌ ရပ်နေသလား သိရရန် မျက်လုံးထောင့်မှနေ၍ အနောက်ကို ကြိုးစား၍ လှမ်းကြည့် လိုက်သည်။

ကြီးကြပ်ရေးမှူးလီရှေ့သို့ ယဲ့ဖန် ပြန်ပေါ်လာသောအခါ သူ့လက်ထဲ၌ ခေါင်းပြတ်တစ်ချို့ ပါလာသည်။ ထို့နောက် သူက ထိုခေါင်းပြတ်များကို ကြီးကြပ်ရေးမှူးလီ၏ ခြေထောက်ရှေ့သို့ ပစ်ပေးလိုက်သည်။

“မင်းရဲ့အမှိုက်တွေကို ပြန်ပေးလိုက်ပြီ”

ဤသည်ကိုမြင်သော် ကြီးကြပ်ရေးမှူးလီ သည်းခြေပျက်မတတ် ကြောက်ရွံ့သွားပြီး သူငယ်အိမ် တုန်ခါသွားသည်။

*အားလုံး သေပြီ*

*အမှောင်ထဲကနေ ပစ်လိုက်တဲ့ စနိုက်ပါသမားအားလုံး သေကုန်ပြီ*

*သူတို့ ပုန်းတာ ပိရိလွန်းလို့ ငါတောင် အာရုံမခံနိုင်တာ၊ သူက ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ*

“လာကြဟေ့ ဖုန်းယဲ့ ရောက်လာပြီ၊ ဖုန်းယဲ့ ဒီရောက်လာပြီ”

ချက်ချင်းဆိုသလိုပင် ကြီးကြပ်ရေးမှူးလီက ထအော်လာပြီး ဧည့်ခန်းမ ရှိရာအရပ်သို့ သုတ်ခြေတင် ပြေးလိုက်သည်။ သူ ကြောက်ရွံ့နေလေပြီ။ ဤသို့သော မိစ္ဆာသည် သူ ရင်ဆိုင်နိုင်သူ မဟုတ်ဘဲ လီတုန်းဝူနှင့် အခြားသူများထံ လက်လွှဲပေးမှ ရပေမည်။

“ဟားဟား”

ယဲ့ဖန် ရယ်မောလိုက်ပြီး လက်ကို အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ သွေးရောင် အလင်းတန်း ဖြာထွက်လာပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကြီးကြပ်ရေးမှူးလီ၏ ခြေထောက်များကို လျင်မြန်စွာ ဖြတ်တောက် သွားသည်။

ထိုအချိန်တွင် ကြီးကြပ်ရေးမှူးလီသည် ဧည့်ခန်းမတံခါးရှေ့၌ ရပ်နေပြီးပြီ ဖြစ်သည်။ လီတုန်းဝူနှင့် အခြားသူများကို မြင်လိုက်ရသဖြင့် သူ စိတ်အေးကာ သက်ပြင်းချလိုက်ပြီး လုံခြုံပြီဟု တွေးလိုက်မိသည်။

“ရွှစ်”

သို့သော် ထိုအခိုက်တွင် သွေးများ ပန်းထွက်လာပြီး စကားပြောတော့မည့် ကြီးကြပ်ရေးမှူးလီက ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျသွားပြီး အလန့်တကြား အော်ဟစ်လေတော့သည်။

*ဟမ်*

ဧည့်ခန်းမထဲမှ လီတုန်းဝူနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားပြီး မျက်နှာ သုန်မှုန်သွားကြသည်။ သူတို့သည်လည်း တစ်စုံတစ်ရာကို သတိပြုမိ သွားကြသည်။ ပိုင်ရွှယ်နှင့် အခြားမိန်းကလေးများမှာမူ ကျေနပ်အားရသော မျက်နှာထားနှင့် မချိုမချဉ် ပြုံးသွားကြလေ၏။

နတ်ဆိုး လာနေလေပြီ။

All Chapters