← Chapters

အခန်း ၁၄၃၂

Vol. 96 Ch. 1432

အခန်း ၁၄၃၂

Vol. 96 Ch. 1432

Chapter 1432 ဒီသခင်ကြီးရဲ့နာမည်က ယဲ့ဖန်

လက်ရှိတွင် သူသည် ဝေဒနာကိုပင် မေ့နေပြီး ရင်ထဲ၌ အတောမသတ်နိုင်သော‌ ကြောက်စိတ်သာ စိုးမိုးနေ၏။ လီချုံးယန်သည်လည်း မှင်တက်နေလေသည်။

ယဲ့ဖန်၏ အကျင့်စရိုက်ကို သူ လွန်ခဲ့သော အချိန်များကတည်း ရိပ်စားမိသလို သူ့ကို ကစားနေခြင်း ဖြစ်လောက်မှန်း ခန့်မှန်းမိသည်။ သို့သော် သူ့စိတ်ထဲ၌ ဖြစ်နိုင်လေမလားဟု တွေးခဲ့မိခြင်းသာ။ သို့သော် ယခုတစ်ခေါက်တွင်တော့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပါ။

ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်တို့နှင့် ပြည့်နှက်နေပြီး သွေးဆာသော အပြုံးကို ပြုံးနေသည်။

“ငါ့အမျိုးသမီးတွေကို လာလာထိတဲ့လူကို၊ ကျုပ် ခင်ဗျားသားကို ချမ်းသာပေးမယ်လို့ မျှော်လင့်နေတာလား၊ ဒီနေ့ ခင်ဗျားတို့အားလုံး ဒီမှာ သေရမယ်”

လူသတ်ချင်စိတ်က ဒီရေအလား တိုးပွားလာနေ၏။ ယဲ့ဖန် အလွန်အမင်း ဒေါသထွက်ပြီးနေလေပြီ။ သူသည် လီတုန်းဝူကို သတ်ချင်ရုံသာမက လီချုံးယန်ကိုပါ သတ်ချင်နေသည်။ သူသည် ဝမ်ကောဖူ တစ်ခုလုံးမှ မည်သူ့ကိုမဆို သူ့အမျိုးသမီးများအား မထိရဲအောင် လုပ်ချင်နေ၏။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်ပစ်မယ်”

လီချုံးယန် စူးရှစွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးတွင် အမုန်းတရားများနှင့် ပြည့်နှက်နေလေသည်။ လက်ရှိတွင် သူသည် ယဲ့ဖန်ကြောင့် ဒေါသထွက်နေသည်။ သူ့သား နှစ်ယောက်လုံးကို ယဲ့ဖန်က သတ်လိုက်သဖြင့် ယဲ့ဖန်ကို အရိုးထဲအထိ မုန်းတီးနေလေပြီ။

“လူကြီးမင်းကို ကူညီပေးဖို့ ကျုပ် တောင်းဆိုပါတယ်”

ထိုစဉ် ဝမ်ရှင်းတဲကလည်း အော်ဟစ်လာသည်။ လူတစ်ယောက်တည်းက ယဲ့ဖန်အား မရှင်းနိုင်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ ရှာတွေ့ခဲ့သော သူတော်စင်သခင်ကို အကူအညီတောင်းရုံသာ တတ်နိုင် လေတော့သည်။

“ဝုန်း”

ထိုအခါ ရှစ်ပေကျော် မြင့်မားသော ရွှေရောင်ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ထိုသူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပီး ဟိတ်ဟန်ကြီးကာ အံ့ဩစရာကောင်းသော အရှိန်အဝါအား ထုတ်ဖော်လျက် ရှိသည်။

“မဟုတ်မှလွဲရော အဲ့လူများလား”

လီချုံးယန်သည်လည်း ရုတ်တရက် အံ့ဩသွားသည်။ ထိုသူ ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။ ချက်ချင်းဆိုသလိုပင် လီချုံးယန်က စဉ်းလဲသော အပြုံးမျိုး ပြုံးလာ၏။ သူ့အရှေ့မှ ထိုလူ၏ အကူအညီနှင့်ဆိုလျင် သူတို့ ပို၍ အင်အားကြီးပေလိမ့်မည်။

ယဲ့ဖန်ကို သတ်မည့်ကိစ္စက အလွယ်လေး ဖြစ်သွားတော့မည် မဟုတ်ပါလော။ ထို့နောက် လီချုံးယန်က ယဲ့ဖန်ကို ခက်ထန်သော မျက်နှာထားနှင့် စိုက်ကြည့်လိုက်သည်။

“ဖုန်းယဲ့ ငါ မင်းကို ပျော်ပျော်ရွှင်ရွှင် မသေခိုင်းဘူးကွ၊ ငါ မင်းခြေလက်တွေကို ဖျက်ပစ်မယ် ပြီးရင်း မင်းမိန်းမ တစ်ယောက်ပြီး တစ်ယောက်ကို မသေမချင်း နှိပ်စက်ပြီး သတ်နေတာကို မင်းကို ကြည့်နေခိုင်းမယ်”

“ငါ မင်းကို အခါတစ်ထောင် သတ်ပစ်မယ်၊ အခါတစ်ထောင်ကွ”

သ မုန်းတီးစိတ်အပြည့်နှင့် ကျယ်လောင်စွာ အော်ဟစ်လေသည်။ လက်ရှိတွင် လီချုံးယန် ရူးသွပ်နေပြီ ဖြစ်သည်။

“လူကြီးမင်း ကျေးဇူးပြုပြီး သူ့ကို ဖမ်းပေးပါ”

လီချုံးယန်ကလည်း မုန်းတီးစိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို လက်ညှိုးထိုး၍ ရွှေရောင်ဝတ်စုံနှင့်လူအား ပြောလိုက်သည်။

ကြီးကြပ်ရေးမှူးလီသည်လည်း ကျယ်လောင်စွာ ရယ်မောလုနီးပါး ဖြစ်သွားရသည်။ ထိုလူနှစ်ယောက်သည် သူတော်စင်သခင်အဆင့်များ ဖြစ်ကြသည်။ ယဲ့ဖန်က လီတုန်းဝူကို သတ်နိုင်လျင်တောင်မှ ဘယ်လိုလုပ် ထိုနှစ်ယောက်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

*သူ သေမှာပဲ*

ထိုလူက ယဲ့ဖန်ကို အသာကြည့်လိုက်ပြီးနောက် အပြုံးကြီး ပြုံးလိုက်သည်.

“မင်းက ငါ့ကို သူ့ကို သတ်စေချင်တာလား”

“ဟုတ်ပါတယ်”

ဝမ်ရှင်းတဲက ကြက်က ဆန်စေ့ကို ဆိတ်စားသကဲ့သို့ တဆတ်ဆတ် ခေါင်းညိတ်၍ ရယ်လေသည်။

“ကျုပ် သူ့ကို နှိပ်စက်ပြီး သတ်စေချင်တာ”

“ကောင်းပြီလေ၊ ဒါဆို နှိပ်စက်ပြီး သတ်ရတာပေါ့”

ထိုလူက တလက်လက် တောက်နေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် ကြောက်စရာကောင်းလှသည်။ သူ့စကားကို ကြားသော် ဝမ်ရှင်းတဲ စိတ်လှုပ်ရှားလွန်ကာ ထခုန်လုနီးပါး ဖြစ်သွားသည်။ ထို့နောက် သူက ခေါင်းတဆတ်ဆတ် ညိတ်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျေးဇူးတင်ပါတယ် လူကြီးမင်း”

“ရွှစ်”

ထိုအခိုက်တွင် ထိုလူသည် သူ၏ သန်မာသော လက်ကိုဆန့်၍ ဝမ်ရှင်းတဲ၏ လည်မျိုကိုညှစ်ကာ လေထဲ မြှောက်လာသည်။

“လူကြီးမင်း ခင်ဗျား”

ဝမ်ရှင်းတဲ ကြက်သေ သေသွားသည်။ ထိုသူက သူ့ကို တိုက်ခိုက်လိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ သူ့မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေသည်။ တစ်ဖက်လူ၏ လက်ဝါးက သန်မာလွန်းသဖြင့် သူ အသက်ရှူမရ ဖြစ်လာရသည်။ တစ်ဖက်လူက အသာလှုပ်လိုက်သည်နှင့် သူ ချက်ချင်း ဘဝကူးသွားတော့မည်ကို သိနေသည်။

ဤသည်ကိုမြင်သော် လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။

*ဘာလို့ ဒီလူက ပြောင်းပြန်လုပ်နေရတာလဲ*

“မင်း နှိပ်စက်ပြီး သတ်ချင်တယ်လို့ ပြောခဲ့တာမလား၊ စလိုက်ရအောင်”

ထိုလူက အပြုံးကြီးပြုံးလိုက်ပြီးနောက် ထိတ်လန့်နေသော လူတိုင်း၏ အကြည့်အောက်မှာပင် ဝမ်ရှင်းတဲ၏ လက်တစ်ဖက်ကို ကိုင်ဆွဲ၍ အားဖြင့် ဆွဲဖြုတ်လိုက်သည်။

“ဂျွတ်”

လက်မောင်းတစ်ဖက်လုံး ပြုတ်ထွက်သွားလေသည်။ သွေးများနှင့်အတူ အသားစများပါ လွင့်စဉ်လာ၏။ ဤမြင်ကွင်းက ရက်စက်လှပေသည်။

“အား အား အား”

ဝမ်ရှင်းတဲ အော်ဟစ်၍ အသည်းအသန် ရုန်းကန်‌လေသည်။

“ငါ မဟုတ်ဘူး၊ ငါ မဟုတ်ဘူးလေ၊ သူ့ကို အဲ့မျိုးမစ်ကောင်ကို”

သို့သော် ထိုလူက သူ့စကားကို မကြားသကဲ့သို့ ဝမ်ရှင်းတဲ၏ နောက်လက်တစ်ဖက်ကို ဖမ်းချုပ်လာသည်။

“ဂျွတ်”

နောက်လက်တစ်ဖက် ပြတ်သွားပြန်သည်။

“အား…”

ပို၍ နာကျင်သော အော်သံ ပဲ့တင်ထပ်လာ၏။

“ချီးပဲ ခင်ဗျား ရူးနေလား၊ ကျုပ်ကိုလွှတ်၊ ကျုပ်ကိုလွှတ်ပေး”

ဝမ်ရှင်းတဲ နာကျင်စွာ အော်ဟစ်ပြီး အလွန်အမင်း ဒေါသထွက်နေ၏။

*ဒီလူ နားကန်းနေလား*

ဤသည်ကိုမြင်သော် လီချုံးယန်နှင့် ကြီးကြပ်ရေးမှူးလီတို့ ကြက်သေ သေသွားကြသည်။

*မဟုတ်သေးဘူး*

*တစ်ခုခုတော့ မှားနေပြီ*

*ဒါ ခင်ဗျား ဖိတ်ထားတဲ့ ကူညီမယ့်သူ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို ဖြစ်လာရတာလဲ*

ဝမ်ရှင်းတဲက ထိုလူအား ယဲ့ဖန်ကို နှိပ်စက်ပြီး သတ်ရန် တောင်းဆိုခဲ့သော်လည်း သူက ဝမ်ရှင်းတဲကိုသာ နှိပ်စက်နေ၏။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

အခြေအနေက ထူးဆန်းလာသည်။ လူတိုင်း ခိုက်ခိုက်တုန်လာပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

“ဂျွတ် ဂျွတ်”

ထို့နောက်တွင်မူ ဝမ်ရှင်းတဲ၏ ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားသည်။

“တောက် တောက်”

“တောက် တောက်”

လတ်လတ်ဆတ်ဆတ် သွေးများက ဝမ်ရှင်းတဲ၏ ခန္ဓာကိုယ်မှ စီးကျလျက် ရှိသည်။ လက်ရှိတွင် သူ့ခြေလက် များအားလုံး ပြတ်ထွက်နေပြီး သွေးများက အဆက်မပြတ် ထွက်နေ၏။

သွေးဆုံးရှုံးမှု များနေသဖြင့် မျက်နှာ ဖြူရော်လာသည်။ တစ်ကိုယ်လုံး အသက်ငွေ့ငွေ့သာ ရှိတော့ပြီး သေခါနီး လူတစ်ယောက်လို ဖြစ်နေလေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသလဲ သူ မတွေးတတ်ပါ။

“ဂျွတ်”

ထိုအခိုက်တွင် ထိုလူက ဝမ်ရှင်းတဲ၏ ဦးခေါင်းကို ဆွဲဖြုတ်ကာ သူ့အသက်အား အပြီးတိုင် နုတ်ယူသွားသည်။ သွေးများက ရေတံခွန်သဖွယ် စီးကျလာ၏။

*သေသွားပြီ*

ဝမ်ရှင်းတဲ မထင်မှတ်ထားသောနည်းဖြင့် အသတ်ခံရကာ သေသွားလေပြီ။ လူတိုင်း ထိုလူကို ကြောက်လန့်တကြား ကြည့်ကာ မယုံသင်္ကာ ဖြစ်နေကြသည်။ ဤလူက မိတ်ဆွေလား ရန်သူလား သူတို့ မသိကြတော့ပေ။

“ဒေါက် ဒေါက် ဒေါက်”

ထိုအခိုက်တွင် ထိုလူက ယဲ့ဖန်ထံသို့ လျှောက်သွားသည်။ ထို့နောက် အားလုံး၏ ချောက်ချားနေသော အကြည့်အောက်၌ သူသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ အရိုအသေပေးလေသည်။

“ဖန်တီးရှင်ကို အရိုအသေ ပေးပါတယ်”

ထိုသူမှာ နေဘုရင် ဖြစ်ပေသည်။ လူတိုင်း ဓာတ်လိုက်သွားသကဲ့သို့ တစ်ကိုယ်လုံး ကျဉ်တက်ကာ တစ်ခဏမျှ အတွေးထဲ ဗလာဖြစ်ပြီး ဒူးထောက်နေသော နေဘုရင်ကို စိုက်ကြည့်နေကြသည်။

သူတို့၏ မျက်လုံးတွင် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသကဲ့သို့ မပြောပြတတ် လောက်သော ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

*နေဘုရင်က အဲ့လူရှေ့မှာ တကယ် ဒူးထောက်နေတာလား*

လီချုံးယန် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေလေသည်။

*ဒါ နေဘုရင်လေ*

*လေ့ယန် မြက်ခင်းလွင်ပြင် ဒေသရဲ့ အုပ်ချုပ်သူ*

*လောကထဲက အတော်ဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့လူ*

နေဘုရင်၏ ဂုဏ်သတင်းများကို သူ ကြားဖူးသော်လည်း ထိုသူက ယခု ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

မျက်စိရှေ့မှမြင်ကွင်းက လောက ပျက်စီးသည်ထက်ပင် ထိတ်လန့်စရာ ကောင်းသေးသည်။

“ရှုကျိုးကို မင်း သိမ်းပြီးပြီလား”

ယဲ့ဖန် တည်ငြိမ်စွာ မေးလိုက်သည်။

“အားလုံး ထိန်းချုပ်မှုအောက်ကို ရောက်ပါပြီ”

နေဘုရင်က လေးနက်သောအသံဖြင့် ပြန်ဖြေလာသည်။ ထိုအခါ ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး လီချုံးယန်အား လှမ်းကြည့်ကာ အေးအေးလူလူ မေးလိုက်သည်။

“ခင်ဗျား ဘယ်လို သေချင်လဲ”

ရိုးရှင်းသော စကားဖြစ်သော်လည်း ပြင်းထန်သော လူသတ်ချင်စိတ်ကို ဖော်ပြနေ၏။ ချက်ချင်းဆိုသလိုပင် လီချုံးယန် မျက်နှာ သုန်မှုန်သွားပြီး ဒေါသတကြီး အော်မေးလာသည်။

“မင်းက ဘယ်သူလဲ”

နေဘုရင်က မည်သူနည်း။ မာနကြီးသော ဧကရာဇ်ဖြစ်သည်။ နေဘုရင်သည် ဒူးထောက်မည့်အစား စစ်ပွဲ၌သာ အသေခံမည့်သူ ဖြစ်ပေသည်။

နေဘုရင်၏ ဒူးထောက်လိုက်သော အပြုအမူကို လီချုံးယန်ထက် မည်သူမှ ပိုမသိနိုင်ပါ။ သူ့အရှေ့မှလူသည် သေချာပေါက်ကို သာမန်လူ မဟုတ်ပေ။

“မင်းက တစ်ခုခုကို သိချင်ပြီးမှ သေချင်တာလား၊ ရတယ်လေ”

ယဲ့ဖန်က ရယ်မောပြီး အေးစက်စွာ ပြောလိုက်လေသည်။

“နားထောင် ဒီသခင်ကြီးရဲ့နာမည်က ယဲ့ဖန်”

ဘေးလူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။

*ယဲ့ဖန်*

*ယဲ့ဘုရင်*

လူတိုင်း အကြည့်များ မှုန်မှိုင်းလာပြီး ကြောက်လန့်သော မျက်နှာများ ဖြစ်လာကြလေသည်။ သူတို့အားလုံး နေရာမှာတင် ကြက်သေ သေနေကြသည်။ ပန်းပုရုပ်သဖွယ် ငြိမ်၍ ရပ်နေမိသည်။

သူတို့အရှေ့၌ ရပ်နေသူက အင်ပါယာတစ်ခုလုံးကို တုန်လှုပ်အောင် လုပ်ခဲ့သော ယဲ့ဘုရင် ဖြစ်နေသည်တဲ့လား။ ထိုကြောက်စရာကောင်းသော လူသတ်သမားတဲ့လေ။

လီချုံးယန် အတွေးထဲ ဗလာဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားကာ မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားရသည်။

“ယဲ့ဖန်၊ ဖုန်းယဲ့၊ အဲ့သလိုကိုး၊ လတ်စသက်တော့ အဲ့သလိုကိုး”

ယခုအခါတွင်မှ အရာအားလုံး ယုတ္တိရှိသွားလေသည်။ ဤသည်ကြောင့်ပင် သူ၏ စိတ်က ပိုလေးလံလာပြီး ငိုသည်ထက် ကြည့်ရဆိုးသော အပြုံးမျိုး ပြုံးလာသည်။ တစ်ချိန်တည်းမှာပင် တပည့်များအားလုံး မျက်နှာ ပြာနှမ်းကာ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။

ယဲ့ဘုရင်၏ ကြမ်းတမ်းရက်စက်ပုံက ကျော်ကြားလှသည်။ အင်ပါယာကိုပင် စိန်ခေါ်ရဲသော စိတ္တဇသမားအား သူတို့ မည်သို့ ယှဉ်နိုင်ပါမည်နည်း။ ချင်ရွှေကျောင်းတော် ယနေ့ ဒုက္ခရောက်လေပြီ။

“မင်းကိုယ်မင်း သတ်သေမလား ဒါမှမဟုတ် ငါ လာသတ်တာကို လိုချင်လား”

ယဲ့ဖန် အသာမေးလိုက်သည်။ သူ့မျက်လုံးတွင်းမှ ရက်စက်သော အရိပ်အယောင်က ပိုပီပြင်လာ၏။ သူ့စကားကြောင့် လီချုံးယန်က ချက်ချင်း ထူးဆန်းသော အပြုံးမျိုး ပြုံးလာပြီး ကျယ်လောင်စွာ ရယ်မောလေသည်။

“ငါ ထင်တာ မှန်တယ်လို့ သိနေတယ်လေ၊ မင်းက ကောင်းကင်အဆင့် ပါရမီရှင် မဟုတ်ဘူး၊ အားလုံးက အလိမ်တွေချည်းပဲ”

“ဟေ့ကောင် မင်း အပြစ်တင်ချင်တယ်ဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောရအောင် ရူးလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်၊ မင်းတော့ ဇာတ်သိမ်းပြီကွ”

ဤသည်က တီဗွီထဲမှ အဖြစ်လိုပင်။ ဗီလိန်သည် တစ်လျှောက်လုံး အသာစီး ရလာပြီးမှ နောက်ဆုံးတွင် လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်သဖြင့် အသတ်ခံလိုက်ရသည်။ ယခု ယဲ့ဖန်လည်း ထိုနည်းတူပင်။

“ခင်ဗျားတို့အားလုံး ကြားကြတယ် မဟုတ်လား”

လီချုံးယန် အပြုံးနှင့် မေးလာသည်။ ရုတ်တရက် လူရိပ်များ ပြိုင်တူ ပေါ်ထွက်လာသည်။ ထိုလူများမှာ ကျောင်းအုပ် ခုနစ်ယောက် ဖြစ်နေ၏။ လက်ရှိတွင် ကျောင်းအုပ်ခုနစ်ယောက်လုံး၏ မျက်နှာတွင် ဒေါသစိတ်များနှင့် ပြည့်နှက်နေလေသည်။

ယဲ့ဖန်၏ လှည့်စားခြင်း ခံလိုက်ရသောကြောင့် အလွန် ဒေါသထွက်နေပုံ ရသည်။ ကျောင်းအုပ် ရှစ်ယောက်သည် ချီပစ္စည်းများဖြင့် ဆက်သွယ်ထားကြသည်။ အကယ်၍ တစ်ယောက်ယောက် ဒုက္ခရောက်လျင် ကျန်ခုနစ်ယောက်၏ တာအိုခန္ဓာကိုယ်အား အကူအညီ တောင်းခံနိုင်၏။

လီချုံးယန်က ယဲ့ဖန်ကို လျှို့ဝှက်ချက် ထုတ်ပြောအောင် လုပ်ရသည့် အကြောင်းရင်းမှာလည်း ထိုအတွက်ကြောင့်ပင်။

“ယဲ့ဖန် မင်း တော်တော် သတ္တိကောင်းပါလား”

“ယဲ့ဖန် မင်းက ငါ့ဝမ်ကောဖူရဲ့ တပည့်အဖြစ် ဟန်ဆောင်ရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်ကွ”

“အခုချက်ချင်း အဖမ်းခံစမ်း မဟုတ်လို့ကတော့ ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”

ကျောင်းအုပ်ခုနစ်ယောက်လုံး အော်ဟစ်လာသည်။ ဤသည်ကိုမြင်သော် လီချုံးယန်က သူ့အကြံ အောင်မြင်သွားသဖြင့် ပြုံးလိုက်ပြီး ယဲ့ဖန်အား မကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်များက အေးစက်နေပြီး မျိုးမစစ်ကောင် ဒီတစ်ခါ မင်း မသေဘဲ နေမလားဟု ပြောချင်နေသလိုပင်။

ယဲ့ဖန်က ကျောင်းအုပ် ခုနစ်ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး လီချုံးယန်အား ပြုံးကာ ပြောလေသည်။

“ဒီအမှိုက်တွေကို မင်းရဲ့ ကယ်တင်ရှင်တွေလို့ ထင်နေတာလား၊ ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတယ်ပေါ့လေ”

*ဘာ*

ထိုစကားက မောက်မာလွန်းလှသည်။

*ကျောင်းအုပ် ခုနစ်ယောက်လုံးကို ဒီအရူးက အမှိုက်လို့ ပြောလိုက်တာလား*

*တာအိုခန္ဓာကိုယ်က မူလခန္ဓာကိုယ် နည်းတူ ခွန်အားမျိုး ရှိနေတာတောင်မှလေ*

*ဒီလူက တော်တော် မောက်မာတာပဲ*

All Chapters