အခန်း ၁၄၃၃
Vol. 96 Ch. 1433
Chapter 1433 အဲ့တော့ မင်း သေရမယ်
“မင်း ဘာပြောလိုက်တယ်”
ကျောင်းအုပ် ခုနစ်ယောက်လုံး ချက်ချင်း မျက်ခုံးပင့်မိသွားပြီး ဒေါသထွက်လာကြသည်။ သူတို့၏ သက်တမ်း တစ်လျှောက်တွင် မည်သူမှ သူတို့ကို ဤသို့ မပြောရဲပါ။
*အမှိုက်ကောင်*
သူတို့ ထိုသို့ အခေါ်ခံရသည်မှာ ပထမဆုံးအကြိမ်ပင်။
“ခင်ဗျားတို့ ကြားတယ်မလား၊ ဒီအရူးက တပည့်ဟန်ဆောင်ပြီး ကျုပ်တို့ ဝမ်ကောဖူကို ဝင်ရုံတင် မကဘူး၊ သူ့ရဲ့ မောက်မာပုံကိုလည်း မပြင်ဘူး၊ ဒီလိုလူမျိုးက အန္တရာယ်ပဲ၊ မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်မှရမယ်”
လီချုံးယန်က ကျောင်းအုပ်များအပေါ် ဒေါသလောင်စာ ထည့်ပေးလိုက်ပြီး ယဲ့ဖန်အား မုန်းတီးရန် တွန်းအား ပေးလာသည်။ တစ်ခဏကြာသော်
“ယဲ့ဖန် မင်းက တမင်သက်သက် သေတွင်းတူးနေမှတော့ ငါ မင်းအတွက် ဖြည့်ဆည်းပေးရမှာပေါ့”
“ဒီမောက်မာတဲ့ကောင်ကို တစစီ စုတ်ဖြဲမယ်”
“မကောင်းတဲ့ကောင်ကို ချက်ချင်း ရှင်းပစ်ပြီး ငါ့ဝမ်ကောဖူရဲ့ ဂုဏ်သိက္ခာကို သက်သေပြမယ်”
ကျောင်းအုပ်များ မာန်မဲကာ ဒေါသူပုန် ထနေကြသည်။
“ဘုတ်”
ရုတ်တရက် လုံးဝန်းလုံး အရာတစ်ခု မြေကြီးပေါ် လိမ့်လာ၏။ ၎င်းမှ သွေးများ စိမ့်ထွက်လာသောကြောင့် မြေကြီးတွင် သွေးတို့ဖြင့် ရွှဲရွှဲစိုသွားသည်။
*လူ့ခေါင်းပြတ်ကြီးပါလား*
ကျောင်းအုပ်များသည် ထိုခေါင်းပြတ်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ပင်မရှူနိုင်အောင် ဖြစ်သွားပြီး ချက်ချင်း သွေးပျက်သော အမူအရာများ ဖြစ်သွားကြလေသည်။
ထိုအခိုက်တွင် လီချုံးယန်သည်လည်း ခေါင်းပြတ်ကို မြင်သွားပြီး ကြောက်စိတ်ကြောင့် ခြေထောက်များပင် ပျော့ခွေကာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားရသည်။
ပွက်ပွက်ညံအောင် ပြောဆိုနေသံများ တိခနဲ ရပ်သွားသည်။ မာန်မဲသည့် စကားလုံးများက ချက်ချင်း လည်ချောင်းဝ၌ တစ်ဆို့သွားလေသည်။
လက်ရှိတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ချင်ရွှေကျောင်းမှ တပည့်များလည်း ပဟေဠိ ဖြစ်သွားကြသည်။ ဘာကြောင့်မှန်း မသိဘဲ ကျောင်းအုပ်များ ရုတ်တရက် ထိတ်လန့်ကာ မျက်နှာဖြူရော် သွားသောကြောင့် သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထိုခေါင်းပြတ်၏ ပိုင်ရှင်မှာ သိချွယ် ဖြစ်နေသောကြောင့်ပင်။ မည်သည့် ကျောင်းအုပ်မှ သိချွယ်လောက် မသန်မာကြပါ။
“ကျုပ်ကို ခွေးလိုလာဟောင်တာလေ၊ နောက်တော့လည်း ကျုပ်ဆီမှာ ခွေးလို အသတ်ခံလိုက်ရတာပဲ”
ယဲ့ဖန် သွားစိ၍ အပြုံးကြီး ပြုံးလိုက်ပုံက ပို၍ ကြောက်စရာကောင်းလှသည်။ သူ့ပုံစံက ဆာလောင်နေသော သားရဲတစ်ကောင်နှင့် တူနေပြီး မျက်စိရှေ့မှ သားကောင်အား ထောင်ချောက်ထဲ ဝင်လာမည်ကို ထိုင်စောင့်နေ ပုံရသည်။
ကျောင်းအုပ်များအားလုံး ထိတ်လန့်သွားကြပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။ ထိုသို့ ကြောက်စရာ ကောင်းသော သူပင် အသတ်ခံလိုက်ရသဖြင့် သူတို့ သေချာပေါက် တိုက်ခိုက်နိုင်ပါမည်လော။
ထို့အပြင် ယဲ့ဖန်က ယခုထိ ဘာဒဏ်ရာမှ မရထားသလို သတ်ဖြတ်ရာတွင်လည်း သပ်ရပ်တိကျလောက်သည်။ မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။
သူတို့ ချီတုံချတုံ ဖြစ်နေကြသည်။ ယဲ့ဖန်ကို တိုက်ခိုက်သင့်၊မသင့် တွေးတောနေ၏။ သူတို့ မသတ်နိုင်လျင် ရလဒ်အား မှန်းကြည့်နိုင်သည်။
သူ ထွက်ပြေးလွတ်မြောက်သွားလျင် အနာဂတ်၌ ဝမ်ကောဖူသည် အေးချမ်းတည်ငြိမ်တော့မည် မဟုတ်ပါ။
“လုပ်လေ၊ မြန်မြန်လုပ်ကြ၊ သူ ကျုပ်တို့ကို ဒီလောက် စော်ကားထားတာကို ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ”
ကျောင်းအုပ်များ တွေဝေနေသည်ကိုမြင်ပြီး လီချုံးယန် ရုတ်တရက် ထအော်လိုက်သည်။ သူတို့ တွေဝေနေမှန်း သူ သိသည်။ သို့သော် သူတို့ကို သူ တုံ့ဆိုင်းခွင့် မပေးနိုင်ပါ။ သူတို့ တွေဝေသွားသည်နှင့် ညှိနှိုင်းနိုင်ချေ ရှိသည်။ သူတို့ ညှိနှိုင်းသွားသည်နှင့် လီချုံးယန် သေချာပေါက် သေရပေလိမ့်မည်။
“ပါးစပ်ပိတ်ထား”
ထိုအခိုက်တွင် အမောက်မာဆုံး ကျောင်းအုပ်က ဒေါသတကြီး ထအော်လာပြီး သူ့အသံက မိုးကြိုးပစ်သံသဖွယ် ကျယ်လောင်လွန်းလှသည်။
လီချုံးယန် မျက်နှာ ဖြူရော်သွားပြီး သူတို့ အစီအစဉ် ပြုလုပ်ပြီးပြီဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ သူ ထင်ထားသလိုပင် တစ်ခဏအတွင်း ကျောင်းအုပ်က ယဲ့ဖန်ကို ပြောလာ၏။
“ဒီကိစ္စကို လီချုံးယန် လုပ်တာ၊ ငါတို့ ဂရုမစိုက်ဘူး”
သူတို့ ယဲ့ဖန်နှင့် ပဋိပက္ခ မဖြစ်လိုကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။ သူတို့ ဤမိစ္ဆာကောင်နှင့် ပြဿနာ မဖြစ်ချင်ပါ။ ဤသို့သော မိစ္ဆာကောင်ကို သူတို့ ရင်မဆိုင်နိုင်ပေ။
“ခင်ဗျားတို့”
လီချုံးယန် ချက်ချင်း မျက်နှာအမူအရာ မှင်တက်သွားသည်။ လက်ရှိတွင် ကြီးကြပ်ရေးမှူးလီသည်လည်း မျက်နှာ ပြာနှမ်းကာ ကြက်သေ သေနေ၏။ အဖြစ်အပျက်၏ ပြောင်းလဲမှုက လျင်မြန်လွန်းသဖြင့် သူ အိပ်မက်မက် နေသကဲ့သို့ ခံစားလိုက်ရသည်။
သေရတော့မည်ဟု သူ ထင်နေသည့် ဖုန်းယဲ့က ယဲ့ဖန် ဖြစ်နေသည်။ ကျောင်းအုပ်များက ယဲ့ဖန်ကို အပြစ်ပေးလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ထိုလူများက အကြောက်လွန်ကာ တစ်ခွန်းပင် မပြောရဲကြချေ။
“ခင်ဗျားမှာ နည်းလမ်းတွေ ကျန်သေးလား”
ယဲ့ဖန် လီချုံးယန်ကို ပြုံး၍ ကြည့်နေပြီး သူ့မျက်နှာမှ လူသတ်ချင်လိုသော အရိပ်အယောင်က ပိုကြောက်စရာ ကောင်းလာသည်။ လီချုံးယန် ထိတ်လန့်သွားပြီး ဖျစ်ညှစ်ပြုံးလိုက်ရသဖြင့် ထိုအပြုံးက ငိုသည်ထက်ပင် ကြည့်ရဆိုးလှသည်။
“ယဲ့ဖန် ငါတို့ သေတဲ့အထိ တိုက်စရာ မလိုပါဘူး၊ ညှိနှိုင်းမယ်ဆိုရင်ရော ဘယ်လိုလဲ”
“ငါ့သားနှစ်ယောက်ကို မင်း သတ်တာကို ငါ ဂရုမစိုက်ဘူး၊ ငါ့ကို လွှတ်ပေးဖို့ပဲ တောင်းဆိုပါရစေ၊ ငါ့ကို အသက်ရှင်ခွင့်ပေးပါ၊ ငါ တန်ရာတန်ကြေးပေးပါ့မယ်”
သူ အသက်ရှင်ရန်အတွက် သူ့သားအတွက် လက်စားချေလိုစိတ်က အရေးမကြီးတော့ပါ။ လက်ရှိတွင် သူ အသက်ရှင်ရန်သာ အရေးကြီးသည်။ သူ အသက်ရှင်ပါမှ လက်တုံ့ပြန်မည့် အခွင့်အရေးကို နောက်မှ လုပ်နိုင်မည် ဖြစ်သည်။
“ခင်ဗျား ဂရုမစိုက်ပင်မယ့် ကျုပ် ဂရုစိုက်တယ်”
ယဲ့ဖန်၏ အသံက အေးစက်လှပြီး တစ်လုံးချင်း ပြောလိုက်သည်။
“ကျုပ်အမျိုးသမီးတွေ၊ သူတို့အသက်က ခင်ဗျားသားထက် ပိုအဖိုးတန်တယ်”
“အဲ့တော့ ခင်ဗျား သေကိုသေရမယ်”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က လျှပ်စီးသဖွယ် လှုပ်ရှား၍ သားရဲတစ်ကောင်သဖွယ် အားမာန်အပြည့်ဖြင့် သူ့အရှေ့မှ လီချုံးယန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထိုကြောက်စရာကောင်းသော အဖျက်စွမ်းအင်ကြောင့် လေတိုးသံပင် ထွက်လာရသည်။
“ဂျွတ်”
မြေဆီလွှာ အက်ကွဲကာ ကျောက်ဆောင်များ ပြိုကျလာ၏။ ခန်းမတစ်ခုလုံး ဖရိုဖရဲ ဖြစ်လာလေသည်။ လီချုံးရန် သေမတတ် ကြောက်ရွံ့သော်လည်း လက်ရှိတွင် ခေါင်းမော့၍ ယဲ့ဖန်အား လက်နှစ်ဖက်လုံးဖြင့် တိုက်ခိုက် လိုက်သည်။
“ဂျွတ်”
သို့သော် အရိုးကျိုးသံက ချက်ချင်း ထွက်ပေါ်လာသည်။ ယဲ့ဖန်၏ လက်သီးချက်က ယှဉ်မရအောင် အားပြင်းလှပြီး ပြိုင်ဘက်ကင်းလေသည်။ ၎င်းက လီချုံးယန်၏ လက်အရိုးများကို ကျိုးကြေသွားစေသည်။
လက်သီးချက်က လီချုံးယန်၏ ဦးခေါင်းထံသို့ ကျရောက်လာသဖြင့် ပေါက်ကွဲကာ သွေးစက်များနှင့် အသားစများ လွင့်စဉ်လာ၏။ သို့သော် ဤမျှနှင့် ရပ်မသွားချေ။
ယဲ့ဖန်က လက်သီးဖြင့် ဆက်တိုက် ထိုးနှက်သောကြောင့် အသားစနှင့် သွေးစက်များ ဆက်တိုက် ပဲ့ကျလာပြီး လီချုံးယန် ဆိုးဆိုးရွားရွား သေဆုံးသွားလေသည်။
ချင်ရွှေကျောင်း၏ တပည့်များ ကြောက်ရွံ့သွားကြသည်။ သူတို့၏ ကျောင်းအုပ်က လက်သီးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။
အခြားကျောင်းအုပ်များသည်လည်း မျက်မှောင်ကြုတ်နေကြပြီး သူတို့မျက်နှာတွင် ထိတ်လန့်ဟန်များ ပေါ်နေ၏။ ယဲ့ဖန် လှုပ်ရှားလိုက်သည့် အချိန်မှစ၍ သူတို့ မွန်းကြပ်သော ဖိအားတစ်ခုကို ခံစားရသည်။
ကြီးကြပ်ရေးမှူးလီ ပို၍ မျက်နှာပြာနှမ်းသွားပြီး စိတ်ထဲတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်လာသည်။
သူ မှားသွားပြီ။ သူ နောင်တရသော်လည်း နောက်ကျသွားချေပြီ။
“အခု ခင်ဗျားတို့ အလှည့်ပဲ”
ယဲ့ဖန်က ရုတ်တရက် တစ်ဖက်လှည့်ကာ ထိုကျောင်းအုပ်များကို ကြည့်လိုက်သည်။ သူ့အကြည့်များက ကြမ်းကြုတ်လွန်းသဖြင့် ထိုလူများ တုန်လှုပ်သွားရသည်။
*ဘာ*
ကျောင်းအုပ်များသည် ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာထား ပြောင်းလဲသွားကြသည်။
“ယဲ့ဖန် ငါတို့ ဆက်ပြီး ဝင်မနှောင့်ယှက်တော့ဘူးလေ၊ မင်းက ဘာလုပ်ချင်တာလဲ”
“ကြီးကြပ်ရေးမှူးလီ ကျုပ်အမျိုးသမီးတွေကို ပြန်ပေးဆွဲတာကို ခင်ဗျားတို့ ခွင့်ပြုခဲ့ပြီးတော့ သူတို့ကို သေလုနီးပါး ဖြစ်အောင် ကြည့်နေခဲ့တယ်၊ အဲ့တော့ ခင်ဗျားတို့ သေဖို့ ထိုက်တန်တယ်”
ယဲ့ဖန် တစ်ခွန်းချင်း ပြောလိုက်သည်.
“ငါတို့တွေမှာ မင်းအတွက် မိန်းမတွေကို စောင့်ရှောက်ဖို့ တာဝန်မရှိဘူးလေ”
ကျောင်းအုပ်တစ်ယောက်က ဒေါသတကြီး ပြောလာ၏။
*ဒါ လွန်သွားပြီ၊ မင်းမိန်းမတွေ ပြန်ပေးဆွဲခံရတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ”
“ဒါဆို ခင်ဗျားတို့မှာ ကြံရာပါဖြစ်ဖို့ တာဝန်ရှိသလား”
ယဲ့ဖန် ရယ်လိုက်ပြီး လူသတ်ချင်နေဟန်ဖြင့် ပြောလိုက်သည်။
“သူတို့ ပြန်ပေးဆွဲခံရတာကို ခင်ဗျားတို့ သိတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို အချိန်မီ သတိမပေးဘူး၊ ဒါ အနိုင်ကျင့်နေတာကို ကူညီတာပဲလေ”
“ဒီအတွက် ခင်ဗျားတို့ ပြန်ပေးဆပ်ရမှာပဲ”
ယဲ့ဖန်၏ ပါးစပ်မှ သားရဲကဲ့သို့သော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ တရိပ်ရိပ် တိုးပွားလာပြီး တစ်ကိုယ်လုံး ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင်အသွင် ပေါ်လာသည်။
လူတစ်ယောက်က ကျောင်းအုပ်ခုနစ်ယောက်ကို တစ်ပြိုင်တည်း ရန်စနေခြင်းပင်။ ထို့အပြင် ကျောင်းအုပ် ခုနစ်ယောက်ထဲ၌ နတ်ဘုရင်အဆင့်ပင် ပါနေသေးသည်။
လူတိုင်း ယဲ့ဖန် ရူးနေပြီဟု ထင်သွားကြသည်။ သို့သော် ဤသည်က ယဲ့ဖန်၏ ပုံစံအမှန် မဟုတ်ပါလော။ ရူးသွပ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ချုပ်ကိုင်တတ်ခြင်း။
“ယဲ့ဖန် ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ ငါတို့ ကတိပေးတယ်”
ကျောင်းအုပ်တစ်ယောက်က အလျင်အမြန် ပြောလိုက်သည်။ တကယ်တမ်း၌ သူသည် အနားယူထားသူ ဖြစ်သည်။ ထိုစကားကိုကြားသော် လူတိုင်း အံ့ဩသလို ဖြစ်သွားကြသည်။
*ဒါ … ဒါက အရမ်း ရှက်စရာကောင်းတယ် မဟုတ်ဘူးလား*
*ခင်ဗျားတို့က ဘယ်သူ့ကို ကြောက်ဖို့လိုလို့လဲ”
*ဘာလို့ အခု ရိုကျိုးနေတာလဲ*
“ကောင်းပြီ နောင် ဒီလိုထပ်ဖြစ်ရင် ကျုပ် ခင်ဗျား တစ်မိသားစုလုံးကို ဖျက်ဆီးမယ်”
“နောင် ကျုပ်အမျိုးသမီး ထပ်အလှောင်ခံရရင် ခင်ဗျားတို့ တစ်မိသားစုလုံးကို ဖျက်ဆီးမယ်”
“နောင် ခင်ဗျားတို့ ကျုပ်ကို ထပ်အကွက်ချကြံစည်ရဲရင် ခင်ဗျားတို့ တစ်မိသားစုလုံးကို ဖျက်ဆီးမယ်”
ကျောင်းအုပ်တိုင်း ကြက်သီးထသွားပြီး တစ်ကိုယ်လုံး အေးခနဲ ဖြစ်သွားကြသည်။
*ဒီကောင် … သူ နောက်နေတာ မဟုတ်ဘူးပဲ*
“ကောင်းပြီ ငါတို့ ကတိပေးတယ်”
သူတို့ ပြာနှမ်းနေသော မျက်နှာများဖြင့် ခေါင်းညိတ်လိုက်ရသည်။ သူတို့ ရှက်သော်လည်း သဘောမတူဘဲ မနေနိုင်ပါ။ ထို့နောက်တွင်မူ ယဲ့ဖန်က ကြီးကြပ်ရေးမှူးလီထံသို့ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လျှောက်သွားလိုက်သည်။
“ယဲ့ဖန် ငါ့ကို မသတ်ပါနဲ့၊ ငါ မှားမှန်း သိပါပြီ”
ကြီးကြပ်ရေးမှူးလီက အလွန် ကြောက်လန့်နေသော မျက်နှာဖြင့် ချက်ချင်း အသနားခံလေသည်။
“ဂျွတ်”
ယဲ့ဖန်က အပိုစကားမဆိုဘဲ သူ့ခေါင်းကို ခြေထောက်ဖြင့် တက်နင်းလိုက်သည်။ ဒါရိုက်တာလီ၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ကွဲကြေသွားတော့သည်။
သူ့ရှေ့၌ ခဏခဏ ပျံနေသော စိတ်ပျက်စရာ ယင်ကောင်တစ်ကောင်က သေသင့်ပေသည်။
“ကယ်ကြပါ၊ ကယ်ကြပါဦး၊ ကူညီကြပါ”
ချင်ရွှေကျောင်း၏ တပည့်များ အလွန်ကြောက်လန့်ကာ ဒူးထောက်၍ ကျောင်းအုပ်များကို အသည်းအသန် အကူအညီ တောင်းကြသည်။
ထိုကျောင်းအုပ်များက သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။ သို့သော် အဆုံး၌ သူတို့ သက်ပြင်းသာချ၍ ဘာမှမပြောချေ။
“သတ်လိုက်”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီးနောက် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် နတ်ဆိုးနဂါး ဖုရှန်တို့က ပြိုင်တူ ပြေးတက်သွားသည်။ သူတို့ အထိန်းအကွပ်မဲ့စွာ သတ်ဖြတ်လေတော့သည်။
မသိလိုက်မသိခင်မှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီး ယဲ့ဖန်သည်လည်း ဝမ်ကောဖူသို့ ပြန်ရောက်နေ၏။ လမ်းတစ်လျှောက်တွင် တပည့်များက သူ့ကို ကြောက်ရွံ့သလို ကြည့်ကြသည်။
လီချုံးယန်နှင့် လီတုန်းဝူတို့ သားအဖ ဆိုးဆိုးရွားရွား သေဆုံးသွားပြီး ဝမ်ရှင်းတဲ၏ စစ်သူကြီး အိမ်တော် ပျက်စီးကာ ကြီးကြပ်ရေးမှူးလီ ပျောက်ဆုံးနေ၏။ အခြေအနေအားလုံးက ယဲ့ဖန်ကိုသာ ညွှန်ပြနေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် တစ်ယောက်တည်းသာလျင် သူတို့အားလုံးကို သတ်နိုင်ချေ ရှိသောကြောင့်ပင်။
မယုံနိုင်စရာကောင်းသော်လည်း ယဲ့ဖန်က ချွင်းချက်မရှိ အကြီးမားဆုံး သံသယရှိသူပင်။
လက်ရှိတွင် ယဲ့ဖန်က ထမင်းစားပွဲ၌ မိန်းကလေးများနှင့်အတူ စားသောက်နေပြီး နေ့စဉ်ကိစ္စများကို ပြောဆိုကာ ရိုးရှင်း၍ နွေးထွေးသော ဘဝ၌ နေထိုင်လျက် ရှိသည်။
ထန်ပုခူသည် ယခုအထိ အနည်းငယ် ရှက်နေသေးသော်လည်း ရောက်ခါစကလောက် မပြောရဲမဆိုရဲ မဟုတ်တော့ပါ။
ထိုအခိုက်တွင် သူတို့ ထမင်းစားပွဲနားသို့ လူတစ်ယောက် ရောက်လာသည်။ ယဲ့ဖန် တစ်ချက် ငဲ့ကြည့်လိုက် သောအခါ လူကြီးလူကောင်းပုံပေါက်သော အမျိုးသားတစ်ယောက်က သူ့ဘေး၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ဝတ်စုံပြည့်ဝတ်ဆင်ကာ သားရေဖိနပ်ကို စီးထားပြီး ခေါက်ယပ်တောင်တစ်ခုကို ကိုင်ကာ ဂုဏ်ယူသော အပြုံးမျိုး ပြုံးနေ၏။ သူ့မျက်လုံးတွင် မောက်မာသော အေးစက်စက် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ မသိချင် သူသာလျင် အမြင့်ဆုံး၌ ရှိနေသလိုပင်။
“သခင်လေးရင်ပါလား”
ဤသည်ကိုမြင်သော် ထမင်းစားခန်းမှ တပည့်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အဆင့်ငါးနေရာမှာ ရှိတဲ့ သခင်လေးယင်က ဘယ်လိုလုပ် ယဲ့ဖန်ကို လာရှာရသနည်း။
ထိုအခိုက်တွင် လူတိုင်းက မခိုးမခန့် ပြုံးလာကြပြီး ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု တွေးလိုက်ကြသည်။
“ဘာကိစ္စရှိလို့လဲ”
ယဲ့ဖန်က မျက်မှောင်ကြုတ်၍ ဂရုမစိုက်သလို မေးလိုက်သည်။
“မင်းက ဖုန်းယဲ့လား”
သခင်လေးယင်က လှောင်ပြုံးနှင့်အတူ မေးလိုက်သည်။
“ငါပဲ”
“လိုရင်းပဲ ပြောတာပေါ့၊ ငါက ချင်ထျန်း သိုင်းအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌပဲ၊ မင်းက သိပ်တော်တယ်လို့ ငါ ထင်တယ်၊ အဲ့ဒါကြောင့် မင်းကို ငါတို့ သိုင်းအဖွဲ့ထဲ ဝင်ဖို့ လာဖိတ်တာ”
သခင်လေးရင်က အသာပြောလိုက်ပြီး ယဲ့ဖန် သေချာပေါက် ဝင်လိမ့်မည်ဟု တွက်ထားကာ သူ့မျက်နှာတွင် ယုံကြည်မှုတို့ ပြည့်နှက်နေ၏။