← Chapters

အခန်း ၁၄၃၇

Vol. 96 Ch. 1437

အခန်း ၁၄၃၇

Vol. 96 Ch. 1437

Chapter 1437 ကောင်းကင်ကို တုတ်နှင့်ထိုးခြင်း

သွေးများ ပန်းထွက်လာသည်။ သွေးထွက်သံယိုများကာ ရက်စက်လွန်းလှသည်။ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။

*သေသွားပြီ*

*ရင်ဝမ်ယင်း တကယ် သေသွားပြီ*

*ဒီကောင်က ရင်ဝမ်ယင်းကို သတ်လိုက်တာပဲ*

*ကြောက်ဖို့ကောင်းလိုက်တာ*

လက်ရှိတွင် လူတိုင်း ကြက်သေ သေကာ ဤအဖြစ်မှန်ကို မယုံနိုင်ကြသေးချေ။ မဟာကျောင်းအုပ်တောင်မှ နားဝေတိမ်တောင် ဖြစ်နေကာ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်မိပြီး မျက်နှာ ပြာနှမ်းသွားသည်။

ရင်ဝမ်ယင်း၏ ခေါင်းပြတ်တွင် ထိတ်လန့်မှုတို့နှင့် ပြည့်နှက်နေပြီး မျက်လုံးများက ပြူးကျယ်နေကာ သူ သေသွား သည်အထိ ယဲ့ဖန်က သူ့ကို တကယ် သတ်ရဲလိမ့်မည်ဟု မထင်ထားချေ။

သူက မည်သူနည်း။ သူသည် ရင်မိသားစု၏ ပါရမီရှင် ရင်ဝမ်ယင်း ဖြစ်သည်။ အမြွှာညီအစ်ကို ပါရမီရှင်ထဲမှ တစ်ယောက်၊ အနာဂတ် အမြွှာဧကရာဇ်လောင်းများ ဖြစ်ပေသည်။

ယခင်ကတည်းက သူ၏မိခင်သည် သူနှင့် အစ်ကိုဖြစ်သူ ရင်ဖုန်းချူတို့သည် အနာဂတ်တွင် မြင့်မြတ်သော ပုဂ္ဂိလ်များ ဖြစ်လာရန် ကံပါလာသူဟု ပြောပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်၌ အသန်မာဆုံးသော ပုဂ္ဂိုလ်၏ သွေးများ စီးဆင်းနေသောကြောင့် ဖြစ်လေသည်။

သူတို့သည် ဧကရာဇ်ကျူးလုံ၏ မျိုးဆက်များ ဖြစ်သည်။ သရဖူဆောင်းရမည့် ဘုရင်များအဖြစ် နေထိုင်ခဲ့ရသည်။ သူတို့ စည်းစိမ်များဖြင့် ရှင်သန်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူ့မိခင်က ဤလောကတွင် သူ လုပ်ချင်တာ ဘာမဆို လုပ်နိုင်ကြောင်း ပြောခဲ့သည်။ အကြောင်းမှာ သူတို့၏ ရင်မိသားစုက လောက၌ အသန်မာဆုံး မိသားစုဖြစ်ပြီး လူတိုင်းက သူတို့ကို အညံ့ခံရ သောကြောင့်ပင်။

ထိုစကားများအားလုံးက အလိမ်အညာ မုသားစကားများ ဖြစ်ကြောင်း သူ ယခုမှ သတိထားမိသွားသည်။ ယဲ့ဖန်က သူတို့၏ မိသားစုကို အလေးအနက် မထားပေ။ သူတို့၏ အင်မော်တယ် တော်ဝင်မိသားစုက အခြားသူများ၏ မျက်လုံးထဲတွင် ပြိုင်ဘက်ကင်းကောင်း ကင်းနိုင်သော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ချေ။ ခေါင်းပြတ်သွားချိန်မှသာ နောင်တက ဘာလဲဆိုတာကို သူ သတိပြုမိ သွားရသည်။

လူတိုင်း ကြက်သီးမွေးညင်း ထနေကြပြီး မျက်လုံးပြူးနေ၏။ ဘေးမှ မဟာကျောင်းအုပ်ပင် ဤသည်ကို ကြည့်ပြီး ရူးချင်သွားသည်။ သူ့မျက်နှာတွင် အလွန်အမင်း မယုံကြည်နိုင်ဟန်များနှင့် ပြည့်နေကာ ယဲ့ဖန် တကယ် လုပ်လိမ့်မည်ဟု ထင်မထားမိပေ။

“ပြေးကြဟေ့”

ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာပြီး ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် အမြန်ဆုံးနှုန်းဖြင့် ဝမ်ကောဖူမှ ထွက်ပြေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ကောဖူ ပျက်စီးတော့မည် ဖြစ်ကြောင်း သူတို့ သိနေသောကြောင့်ပင်။ ယဲ့ဖန်သည်လည်း သေရပေလိမ့်မည်။

*ဒီကောင် တကယ်ကြီး ကောင်းကင်ကို တုတ်နဲ့သွားထိုးတာပဲ*

*ဒီမှာ ဆက်နေလို့ကတော့ သေမှာပဲ*

သူတို့ ထွက်ပြေးချင်နေသည်။ ဝမ်ကောဖူမှ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးချင်နေကြသည်။

“မင်းက တော်တော် အကျိုးအကြောင်း မသိတာပဲ၊ မင်း သေချင်နေတာပဲ”

မဟာကျောင်းအုပ် အံကြိတ်၍ ယဲ့ဖန်ကို ကြည့်နေသည်။ ယဲ့ဖန်ကြောင့် သူတို့၏ ဝမ်ကောဖူ ပျက်သုဉ်းလုနီးပါး ဖြစ်ပေတော့မည်။

“ရင်မိသားစု ရောက်လာရင် ငါ မင်းနဲ့ ကင်းကင်းနေမယ်၊ မင်း အသိစိတ် ရှိသေးရင် မြန်မြန် အထုတ်ပြင်ပြီး မင်းမိသားစုနဲ့ အဝေးကို ပြေးတော့”

*မဆင်မခြင်လုပ်တဲ့ကောင်*

*ဒီကောင်က မဆင်မခြင် လုပ်လွန်းတဲ့ကောင်*

*ရူးမိုက်တဲ့ကောင်*

“စိတ်မပူပါနဲ့ ကျုပ် တစ်ယောက်တည်း လုပ်တဲ့ကိစ္စကို ခင်ဗျားကိုပါ ဆွဲမထည့်ပါဘူး၊ သူတို့ ရောက်လာရင် ကျုပ်ဘာသာ ရှင်းမှာပါ”

ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာပြောပြီး စားပွဲ၌ ပြန်ထိုင်၍ ဆက်စားသောက်နေ၏။

“မင်း … ကောင်းပြီလေ”

မကာကျောင်းအုပ် ပြောစရာ စကားမဲ့နေပြီး ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါသတကြီး ပြန်ထွက် သွားသည်။

“အဲ့အဘိုးကြီးက မဆိုးပါဘူး”

ပိုင်ရွှယ်က နောက်၍ ပြောလိုက်သည်။ ယဲ့ဖန်ကလည်း ခေါင်းညိတ်လေသည်။

“ဒီလူက ကောင်းပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ကြောက်တတ်တယ်”

ထိုအခိုက်တွင် လောကတစ်နေရာ၌ ဝမ်းပန်းတနည်း အော်ဟစ်သံ ထွက်ပေါ်လာ၏။

“မဖြစ်ရဘူး ဝမ်ယင်း ငါ့သားလေး”

အမျိုးသမီးတစ်ယောက်သည် အခန်းထဲ လဲကျကာ ငိုကြွေး၍ စိတ်ကယောက်ကယက် ဖြစ်နေသည်။

“အရှင်မ ဘာများဖြစ်လို့ပါလဲ”

မြေအောက်လောက ဘုရင်မ၏ဘေးသို့ အစေခံများ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာက မယုံနိုင်သလို မေးလာကြသည်။ မြေအောက်လောက၏ ဘုရင်မ ဤမျှ ဝမ်းနည်းနေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“ငါ့ဝမ်ယင်းလေး သေသွားပြီ၊ ငါ့သားကို တစ်ယောက်ယောက် သတ်သွားတယ်”

မြေအောက်လောက၏ ဘုရင်မက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အံကြိတ်၍ ကြွေးကြော် လေသည်။

*ဘာ*

ထိုစကားကိုကြားသော် အစေခံများအားလုံး အသက်မရှူနိုင် ဖြစ်သွားပြီး အမူအရာများ ထိုင်းမှိုင်းလာ၏။ တစ်စုံတစ်ယောက်က သူတို့၏ ရင်မိသားစုကို တိုက်ခိုက်ရဲသည့်အပြင် သူတို့၏ ပါရမီရှင်ကိုပါ သတ်သွားရဲ သည်တဲ့လား။ ဘယ်လိုလုပ် ထိုသို့ ဖြစ်ရသနည်း။

သူတို့ ရင်မိသားစု၏ ခြေဖဝါးအောက်၌ လူတိုင်း ဝပ်ဆင်းရသည်။ မည်သူက သူတို့ကို မလေးမစား လုပ်ရဲသည်အထိ ရဲတင်းရသနည်း။ ဤသည်မှာ သေတွင်းတူးနေခြင်းပင်။

ရုတ်တရက် မြေအောက်လောက ဘုရင်မ၏ မျက်လုံးတွင် အမုန်းတရားများ ပြည့်နှက်လာပြီး အံကြိတ်၍ မီးပွင့်မတတ် မျက်လုံးတို့ဖြင့် အမိန့်ပေးလိုက်သည်။

“သွားကြ၊ ဟွမ်နူကို ဝမ်ကောဖူကို လွှတ်ပြီး ငါ့သားကို ဘယ်သူ သတ်သွားလဲ စုံစမ်းခိုင်းလိုက်။ ငါ အဲ့သားရဲကောင်ကို နုတ်နုတ်စင်းချင်တယ်”

ထိုအချိန်တွင် ယဲ့ဖန်သည် ဝမ်ကောဖူ အပြင်ဘက်၌ လမ်းလျှောက်နေပြီး ထန်ပုခူအတွက် ဆေးဆက်ဖော်ရန် ရည်ရွယ်ထားသည်။

ထိုအခိုက်တွင် ဟွမ်ယွီလင်းက ယောက်ျားလေးတစ်ယောက်၏ ကားကို စီးလာပြီး ကားပေါ်မှဆင်း၍ ရယ်ရယ်မောမော စကားပြောနေသည်ကို သူ တွေ့လိုက်ရသည်။ ယဲ့ဖန်ကို တွေ့လိုက်ရသောအခါ ဟွမ်ယွီလင်းက ချက်ချင်း ထိုလူကို ထားခဲ့ပြီး ယဲ့ဖန်ထံ ပြေးလာ၏။

“ရှင် ဘယ်တွေသွားနေတာလဲ၊ ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ၊ ကျွန်မ ရှင့်ကို အရမ်း စိုးရိမ်နေခဲ့တာ”

ဤသည်ကိုမြင်သော် သူမဘေးနားမှလူက အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူ ဟွမ်ယွီလင်းနှင့် စကားကောင်းကောင်း ပြောနိုင်ပြီဟု ထင်ထားခဲ့သော်လည်း တစ်ခဏအတွင်း ဟွမ်ယွီလင်းက သူ့ကိုပစ်၍ အခြားယောက်ျား၏ ရင်ခွင်ထဲ ပြေးဝင်သွားလိမ့်မည်ဟု ထင်မထားမိချေ။

ထို့အပြင် သူမက သူနှင့် တွေ့ချိန်၌ ယဉ်ယဉ်ကျေးကျေး ပြုမူပြောဆိုသည်နှင့် ခြားနားစွာ ပေါ့ပေါ့ပါးပါး ပြုံးရယ်၍ စကားပြောနေသေးသည်။ ဤသည်က သူ့ကို အလွန်အမင်း မနာလို ဖြစ်စေသည်။

“လုပ်စရာရှိတာလေး သွားလုပ်တာပါ၊ ငါ အခုလေးတင် ပြန်ရောက်တာ”

ယဲ့ဖန် ပြုံး၍ ပြန်ပြောလိုက်သည်။

“မင်းကရော၊ မင်း ဘယ်တွေမှာ သွားကစားလာတာလဲ”

“ကျွန်မဘိုးဘိုးအတွက် လက်ဆောင်သွားဝယ်တာ၊ ဒီနှစ် မွေးနေ့ပွဲ လုပ်မှာလေ၊ အဲ့တာ သူ့အတွက် မွေးနေ့လက်ဆောင်လေး ပြင်ပေးချင်လို့”

ဟွမ်ယွီလင်းက ပြုံး၍ ပြောလိုက်ပြီးနောက် ယဲ့ဖန်ကို မိတ်ဆက်ပေးလေသည်။

“ဒါ ကျွန်မရဲ့ အစ်ကိုကြီး စုမြောင်ချန်လေ၊ ကျွန်မ ကလေးဘဝကတည်းက ကစားဖော် ကစားဖက်ပေါ့၊ သူလည်း ဝမ်ကောဖူမှာ စာသင်နေတာလေ၊ သူ့အဆင့်ကလည်း မနိမ့်ဘူး၊ အဆင့် ခုနစ်တဲ့”

“တကယ် အံ့ဩစရာပဲ”

ယဲ့ဖန် သူ့ကို ကောင်းမွန်သော အမြင်ဖြင့် ကြည့်လိုက်သည်။ ယဲ့ဖန် အထင်လွဲသွားမည်ကိုစိုး၍ ဟွမ်ယွီလင်းက အညှာအတာမဲ့စွာ ဆက်ပြောလာသည်။

“သူက ကျွန်မကို ပိုးပမ်းနေတာလေ၊ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို အဖြေမပေးထားပါဘူး ဟီးဟီးဟီး”

ထိုစကားကိုကြားသော် စုမြောင်ချန် အလွန် အရှက်ရသော မျက်နှာဖြစ်သွားလေသည်။ ဟွမ်ယွီလင်း၏ မိတ်ဆက်ပေးသော နည်းလမ်းကြောင့် သူ ရှက်ရွံ့သွားရသည်။

ဝမ်ကောဖူတစ်ခုလုံး၌ သူ့ကို သဘောကျသော မိန်းကလေး အရေအတွက်က မြစ်ပင် ဖောက်နိုင်သေးသည်။ သို့သော် ဟွမ်ယွီလင်းက သူ့ကို စိတ်ထဲမထားသလို သူ၏ ပါရမီရှင်ဟူသော ဂုဏ်ပုဒ်က အဖိုးမတန်သလိုပင်။

“စုမြောင်ချန် ရှင်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါ ကျွန်မချစ်သူလေ”

ဟွမ်ယွီလင်းက အပြုံးနှင့် ပြောလိုက်သည်။

*ဘာ*

စုမြောင်ချန် ချက်ချင်း မျက်နှာပျက်သွားသည်။ သူသည် အမြဲ ဟွမ်ယွီလင်းကိုသာ တွေးတောနေသူ ဖြစ်သည်။ သို့သော် ဟွမ်ယွီလင်း၌ ဟွမ်ကျုံးလီ စိတ်ဝိညာဉ် အရင်းအမြစ် ရှိသည်ကို သိလိုက်ရပြီးနောက် သူမကို လက်ထပ်ရန် သူ ဆုံးဖြတ်လိုက်သည်။

သို့သော် ယခု ဤလူက သူ့ထက် အရင် လက်ဦးသွားသည်တဲ့လား။ စုမြောင်ချန်သည် ယင်ကောင် အသေများကို စားလိုက်ရသည်ဟု ခံစားမိကာ အန်ချင်လာလေသည်။

“မဟုတ်တာတွေ ပြောမနေနဲ့”

ယဲ့ဖန်က ဟွမ်ယွီလင်းကို ခေါင်းခေါက်၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ ဟွမ်ယွီလင်းက လျှာလေးထုတ်ကာ ပြန်ပြောလေသည်။

“အခုတော့ မဟုတ်သေးဘူးပေါ့၊ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ကျွန်မက ရှင့်ကို တစ်သက်လုံး မှီခိုနေရမှာလေ”

ထိုစကားကို ကြားလိုက်သောအခါ စုမြောင်ချန် ပို၍ မျက်နှာ မည်းမှောင်သွားသည်။ သူ့စိတ်ထဲ၌ အမုန်းတရားများ အဆုံးအစမရှိ မြင့်တက်လာသည်။

*သောက်ခွေးမ*

*ငါ မင်းကို ဒီလောက် ကောင်းကောင်း ဆက်ဆံနေတာတောင် မင်းက မသိချင်ယောင်ဆောင်တယ်ပေါ့လေ*

*ငါ့ကို သဘောကျနေတဲ့ ကောင်မလေးတွေ ပုံနေတာတောင် မင်းကိုပဲ လိုက်ကပ်နေလို့ ပေါပေါပဲပဲ မှတ်နေတာလား*

*ခွေးမ ငါ မင်းရဲ့ ဟွမ်ကျုံးလီကို ဆွဲထုတ်ပြီးတာကို စောင့်နေ၊ အဲ့အခါကျရင် မင်း ပိုကောင်းလာစေရမယ်”

ထိုစဉ် ယဲ့ဖန်က အရင် လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်ပေးသော်လည်း စုမြောင်ချန်က မမြင်ချင်ယောင်ဆောင်ပြီး ဟွမ်ယွီလင်းကိုသာ ပြောလိုက်သည်။

“ယွီလင်း အဝတ်အစား သွားလဲလေ၊ ပြီးရင် သွားကြမယ်”

သူသည် အစမှအဆုံးတိုင် ယဲ့ဖန်ကို မျက်လုံးထဲ မထည့်ချေ။ ယဲ့ဖန် တစ်ခဏမျှ အံ့ဩသွားပြီးနောက် လက်ကို ပြန်ရုတ်ကာ နှာခေါင်းကိုပွတ်၍ ပြုံးလိုက်သည်။

*ကြည့်ရတာ ဒီလူက ငါ့ကို အချစ်ပြိုင်ဘက်လို့ မှတ်နေတဲ့ပုံပဲ*

“နင် ဘာလုပ်တာလဲ၊ ငါ့အစ်ကိုကြီးက နင့်ကို လက်ဆွဲနှုတ်ဆက်မလို့လေ၊ နင်က မသိချင်ယောင်ဆောင်နေတယ်၊ ဒါလား ယဉ်ကျေးတာ”

စုမြောင်ချန်၏ အပြုအမူကို မြင်ပြီး ဟွမ်ယွီလင်း ဒေါသတကြီး မာန်မဲလိုက်သည်။ စုမြောင်ချန်က မချိပြုံး ပြုံးနေသည်။

“ယွီလင်း ငါ့အကျင်ကို မင်း သိပါတယ်၊ ငါ တစ်ခြားသူတွေနဲ့ ခန္ဓာကိုယ် ထိတွေ့ရတာမျိုး မကြိုက်ဘူးဆိုတာကို”

သူသည် ဝမ်ကောဖူ၏ ပါရမီရှင်စာရင်းတွင် နံပါတ်ခုနစ်၌ ရှိသူ ဖြစ်သည်။ အဘယ်ကြောင့် သူက အရှေ့မှ ဘယ်ကမှန်း မသိသောလူနှင့် လက်ဆွဲနှုတ်ဆက်ရပါမည်နည်း။

ယဲ့ဖန်ကဲ့သို့သော လူစားမျိုးကို သူ မြင်ဖူးပါသည်။ ထိုသို့သောလူစားမျိုးသည် သူနှင့် ရင်းနှီးသွားသည်နှင့် သူ့နာမည်ကို အသုံးချကာ သူ၏ မိတ်ဆွေယောင်ဆောင်၍ နေရာတကာ ကလိမ်ကျ၍ သူ့နာမည်ပျောက်အောင် လုပ်ကြသည်။

“ဟုတ်တယ် နင်က ဟန်ထုတ်တဲ့နေရာမှာ ပိုတော်တယ်လေ”

ဟွမ်ယွီလင်း ပြန်ခနဲ့လိုက်သည်။

“နင် ငါ့ကို စောင့်စရာ မလိုဘူး၊ ငါ အဒေါ့်ကို လာကြိုခိုင်းလိုက်မယ်၊ နင် အရင်သွားတော့”

စုမြောင်ချန်က ယဲ့ဖန်အား မျက်နှာသာ မပေးသည်ကိုမြင်ပြီး ဟွမ်ယွီဠင်း၏ အပြုအမူက ချက်ချင်း ပြောင်းလဲသွားသည်။ စုမြောင်ချန်က သူမ၏ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း ဖြစ်နေလျင်တောင်မှ သူမ၏ အစ်ကိုယဲ့ကို စော်ကားလျင် မပတ်သက်ချင်တော့ပါ။ သူမရင်ထဲ၌ စုမြောင်ချန်အား မပတ်သက်သင့်သည့် စာရင်းထဲ ထည့်လိုက်လေသည်။

“ဒါ … စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ ဟုတ်ပြီလား၊ ဒါနဲ့ …”

စုမြောင်ချန် ပြုံးနေသော်လည်း သူ့မျက်လုံးတွင် မုန်းတီးရိပ်များ ပြည့်နှက်နေ၏။ ဟွမ်ယွီလင်းက သူ့အား အကြီးအကျယ် မျက်နှာဖြတ်ရိုက်ခဲ့သည်။ သူ့အား အရှက်ရအောင် လုပ်ခဲ့သည်။

ဟွမ်ယွီလင်းက ချက်ချင်း အပြုအမူ ပြောင်းလဲပြီး စာနာမှုမရှိဘဲ ပြောဆိုလိမ့်မည်ဟု စုမြောင်ချန် ထင်မထားမိပါ။

သို့သော် ဤသည်က ဟွမ်ယွီလင်း၏ စိတ်ထဲ၌ ယဲ့ဖန်က မည်မျှ နေရာယူထားကြောင်း ပြသနေ၏။ ယင်းက စုမြောင်ချန်ကို မနာလိုဖြစ်စေသည်။ သူ ဟွမ်ယွီလင်းကို နှစ်ပေါက်အောင် ပိုးပန်းခဲ့သော်လည်း ဟွမ်ယွီလင်းက သူ့အား အစ်ကိုတစ်ယောက်သဖွယ်သာ ဆက်ဆံခဲ့သည်။

နှစ်ပေါင်းများစွာ ခင်မင်လာသည့် ဆက်ဆံရေးက တစ်နှစ်ပင် ပြည့်အောင် မသိကျွမ်းသေးသော သူစိမ်းတစ်ယောက်နှင့် ဆက်ဆံရေးထက် ပိုမကောင်းဘူးတဲ့လား။

စုမြောင်ချန် အရှိုက်ထိသွားရသည်။

“မလိုဘူးလို့ ငါ ပြောတယ်မလား၊ နင် လူလို နားမလည်ဘူးလား”

ဟွမ်ယွီလင်း အေးစက်စွာ ငေါက်ငမ်းလိုက်ပြီးနောက် ယဲ့ဖန်၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။

“ခဏနေရင် ငါ အစ်ကိုယဲ့နဲ့ သွားမှာ၊ စိတ်မပူနဲ့ နင်သာ မြန်မြန်သွား”

စုမြောင်ချန်၏ အမူအရာ တောင့်ခနဲ ဖြစ်သွားသော်လည်း ပြုံးနေလိုက်ရသည်။

“ကောင်းပြီလေ ငါ မင်းကို စိတ်ဆိုးအောင် မလုပ်တော့ဘူး၊ နောက်မှ ထပ်ပြောကြတာပေါ့”

ထို့နောက် စုမြောင်ချန် နောက်လှည့်၍ ထွက်သွားသည်။ သူ နောက်သို့ လှည့်လိုက်သည်နှင့် သူ့မျက်နှာက သုန်မှုန်သွား၏။ သူ့မျက်လုံးတွင် မကျေနပ်၍ အငြိုးထားစိတ်များ အထင်းသား ပေါ်နေသည်။

*သောက်ကောင်နဲ့ကောင်မ*

*အရှက်မရှိတဲ့ ခွေးထီးနဲ့ ခွေးမ*

သူ့စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲနေ၏။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည်လည်း ရန်လိုပုံ ပေါ်လာသည်။

“မင်းက ဒီလိုပြောလိုက်တော့ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်မိမှာ စိုးရတယ်”

ယဲ့ဖန် စနောက်၍ ပြောလိုက်သည်။

“သူ စိတ်ဆိုးတော့ ဘာဖြစ်လဲ၊ ကျွန်မက သူနဲ့ ဘာမှမပတ်သတ်တာကို၊ သူက ပါရမီရှင် ဖြစ်နေတာနဲ့ ကျွန်မက ရန်လိုလို့ မရဘူးလား၊ ကျွန်မအမြင်မှာတော့ သူက ဟန်ဆောင်နေတဲ့လူပဲ”

ဟွမ်ယွီလင်း မကျေနပ်သလို ပြောလိုက်သည်။ စုမြောင်ချန်ဘက်က အရင်စ၍ ယဲ့ဖန်အပေါ် ရိုင်းပျ၍ မောက်မာခဲ့သည် မဟုတ်ပါလော။

“မင်းက သူ့ကို အဲ့လောက်တောင် မုန်းနေတာလား”

ယဲ့ဖန် ရယ်လိုက်သည်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း ဖြစ်သဖြင့် ဟွမ်ယွီလင်းက စုမြောင်ချန်နှင့် ချစ်ကြိုက်နိုင်ချေ ရှိသည်ဟု ယဲ့ဖန်လည်း တွေးခဲ့မိသည်။

“မမုန်းရဘူးလား၊ မိသားစုထဲက လူကြီးတွေအားလုံးက ဝင်ရှုပ်နေတာလေ၊ ပြီးတော့ သူ့ကို နာမည်တပ်ခေါ်ပြီး ကျွန်မ လက်ဆောင်ဝယ်တာကို လိုက်ပို့ပေးဖို့ သူ့ကို ပြောတာလေ၊ ကျွန်မနဲ့ သူ့ကို တွဲပေးဖို့ ကြိုးစားနေတာ၊ ကျွန်မ အဒေါ်နဲ့ အဘိုးက သူ့ကို အထင်ကြီးနေတာက စိတ်ညစ်စရာကြီး”

ဟွမ်ယွီလင်းက နှာမှုတ်သံပေးကာ မကျေနပ်သော မျက်နှာထား ဖြစ်နေသည်။ ယဲ့ဖန်၏ အစွမ်းနှင့် လွှမ်းမိုးနိုင်စွမ်းကို မြင်ပြီးသည့် မည်သည့်မိန်းမမဆို အခြားယောက်ျားတစ်ယောက်ကို ချစ်မိရန် ခဲယဉ်းပေး၏။ ထို့အပြင် ဟွမ်ယွီလင်းက စုမြောင်ချန်အပေါ် ယခင်ကတည်းက ခံစားချက်မရှိခဲ့ပါ။

“သူ့ကို ထားလိုက်ပါတော့ ကျွန်မ အဝတ်လဲတာကို စောင့်နေနော်၊ ဒီည ညစာစားပွဲကို ရှင် ကျွန်မနဲ့ လိုက်တက်ပေးရမယ်”

ဟွမ်ယွီလင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

“ရပါတယ်၊ ဒါပေမဲ့ မင်းကို အဖော်မလုပ်ပေးခင် ငါ ဆေးဆိုင်ကို အရင်သွားမှရမယ်”

All Chapters