← Chapters

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈

Vol. 96 Ch. 1438

Chapter 1438 စိတ်ပုပ်သော အဒေါ်

ထို့နောက်တွင် ယဲ့ဖန်သည် ဆေးဖော်စပ်ရန် ဆေးဆိုင်သို့ အရင်သွားပြီး ဟွမ်ယွီလင်းအား အပြင်၌ စောင့်နေရန် ပြောလိုက်သည်။

သို့သော် ဆေးစဖော်စပ်လိုက်သည့်အချိန်မှစ၍ သူ အချိန်ကို မေ့သွားကာ တံခါးအပြင်ဘက်၌ ဟွမ်ယွီလင်း သူ့ကို စောင့်နေသည်ကိုပါ မေ့သွားခဲ့သည်။

လက်ရှိတွင် ယဲ့ဖန်၏ ဆက်သွယ်ရေး ကိရိယာက မြည်လာပြီး ယဲ့ဖန်သည် ဆေးစားပွဲကို စိုက်ကြည့်ပြီးနောက် ကိုင်လိုက်သည်။

“ဟဲလို”

“ရှင် ဘာလို့ မပြီးသေးတာလဲ၊ ကျွန်မအဒေါ်နဲ့ စောင့်နေတာ နာရီဝက် ကျော်နေပြီ၊ အခြေအနေ မကောင်းတော့ဘူး”

တစ်ဖက်မှ ဟွမ်ယွီလင်း၏ စောဒကတက်သံ ထွက်လာသည်။

“တောင်းပန်ပါတယ် ငါ မေ့သွားတာ”

ယဲ့ဖန် ပြန်ပြောလိုက်ပြီးနောက် အိပ်မက်မှ နိုးလာသကဲ့သို့ သူ့ခေါင်းသူပြန်ရိုက်လိုက်သည်။

“ခဏစောင့် ငါ ချက်ချင်း ထွက်လာခဲ့မယ်”

“တကယ်ပါပဲ ဆင်းရဲတယ်ဆိုလည်း အချိန်လေးဘာလေး နည်းနည်းပါးပါး သိဦးမှပေါ့၊ ဒီလူက ဘယ်လိုလုပ် အောင်မြင်မှာလဲ၊ နင့်အတွေးက ဘယ်လိုလဲဆိုတာကို ငါ မသိတော့ဘူး၊ ဒီလိုအမှိုက်မျိုးကို နင် ကြိုက်ရလား”

ဘေးနားမှ စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်က စိတ်မရှည်စွာ ပြောလာသည်။ သူမသည် ဟွမ်ယွီလင်း၏ အဒေါ် လျှိုယွိရှီပင်။ သူမသည် စုမြောင်ချန်ထံမှ ယဲ့ဖန်၏ အကြောင်းများ ကြားထားရသဖြင့် ယဲ့ဖန်အပေါ် အလွန် ရန်လိုနေ၏။

သူတို့မိသားစု၏ အမြင်တွင် စုမြောင်ချန်သာ ဟွမ်ယွီလင်း၏ လက်တွဲဖော်ကောင်း ဖြစ်ပြီး စုမြောင်ချန်သာလျင် ဟွမ်ယွီလင်းနှင့် ထိုက်တန်လေသည်။ စုမြောင်ချန်၏ စကားအရ ဖုန်းယဲ့က ပိုက်ဆံလည်းမရှိ အာဏာလည်း မရှိသည့် ဆင်းရဲသားတစ်ယောက်ဟု သူမ သိထားသည်။

ယခု မိသားစုနှင့် ပထမဆုံးအချိန် တွေ့ရမည့်အချိန်၌ ယဲ့ဖန်က လေကြီးလေကျယ်လုပ်ကာ သူတို့ကို စောင့်နေခိုင်းသည်။ မိသားစုနှင့် ပထမဆုံး ဆုံတွေ့ရမည် ဖြစ်သော်လည်း ယဲ့ဖန်ကို သူမ အလွန် စိတ်ပျက်မိသည်။

“အန်တီ အဲ့လို မပြောပါနဲ့”

ဟွမ်ယွီလင်း တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ ယဲ့ဖန် ဆေးဖော်ရသည့် အကြောင်းရင်းက ထန်ပုခူကို ကုသရန် ဖြစ်ကြောင်း သူမ သိပါသည်။ ထို့ကြောင့် ဆေးဖော်စပ်ရန် အချိန် ကြာမြင့်သင့်ပါ၏။

လျှိုယွိရှီ၏ ဆက်တိုက် ပြောဆိုနေမှုကြောင့်သာ မဟုတ်လျင် သူမ ယဲ့ဖန်ကို နှောင့်ယှက်၍ ဖုန်းခေါ်မိမည် မဟုတ်ပါ။

“ငါ ပြောတာ မှားလို့လား၊ ပထမဆုံးအကြိမ် တွေ့ရမှာကို သူက နောက်ကျနေတာလေ၊ သူ ငါတို့ကို အလေးအနက် မထားတာ သိသာနေတာပဲ၊ အပြုအမူနဲ့ အရည်အချင်းကို ယှဉ်လိုက်ရင် သူက စုမြောင်ချန်ထက်တောင် ဆိုးသေးတယ်”

လျှိုယွိရှီ မကျေမနပ် မျက်နှာထားနှင့် ဆက်ပြောလေသည်။

“နင့်အဖေကလည်း လူလေးစားရတဲ့လူ၊ ပြီးတော့ သူက ယဲ့ဘုရင်လက်အောက်က အကြီးအကဲလေ၊ နင် ဘာလို့ ဒီလို ဆင်းရဲသားကို ကြိုက်ရတာလဲ၊ နင့်အဖေ မျက်နှာပျက်ရမှာကို မကြောက်ဘူးလား”

“ကျွန်မ … ဟူး …”

ဟွမ်ယွီလင်း သက်ပြင်းသာချပြီး ပြန်မပြောတော့ပါ။ ယခု ဖိတ်ထားသောသူက နာမည်ကြီး ယဲ့ဖန် ဖြစ်ကြောင်း သူတို့ ဘယ်လိုလုပ် သိပါမည်နည်း။

စုမြောင်ချန်ကမူ ခွန်အားဖြစ်စေ၊ နောက်ခံဖြစ်စေ၊ ကိုယ်ရည်ကိုယ်သွေး ဖြစ်စေ ယဲ့ဖန်နှင့် ယှဉ်နိုင်သည့် အရာဟူ၍ ရှိပါလေသလော။

လျှိုယွိရှီက ယဲ့ဖန်ကို စုမြောင်ချန်နှင့် ယှဉ်နေသည်ကို တွေးပြီး ဟွမ်ယွီလင်း ရွံသလို ခံစားမိသည်။

*စုမြောင်ချန်က လာနှိုင်းယှဉ်ရအောင် တန်လို့လား*

တစ်ခဏကြာသော် ယဲ့ဖန် ရောက်လာသည်။

“အစ်ကိုယဲ့ ဒီမှာ”

ဟွမ်ယွီလင်းက ယဲ့ဖန်ကို ခပ်သွက်သွက် လက်ပြလိုက်သည်။ လျှိုယွိရှီက ယဲ့ဖန်ကိုမြင်သောအခါ ပို၍ အထင်သေးသော မျက်နှာ ဖြစ်သွားလေသည်။

*ဆောင်းတွင်း ရောက်နေတာတောင် လက်တို တီရှပ်ဝတ်ထားတယ်၊ ဒီကောင် ဘာဖြစ်နေတာလဲ၊ အဝတ်ဝယ်ဖို့ ပိုက်ဆံ မရှိတာလား၊ တကယ့် ဆင်းရဲသား မျိုးမစစ်ကောင်ပဲ*

လျှိုယွိရှီ၏ ယဲ့ဖန်အပေါ် ပထမဆုံး ထင်မြင်ချက်က အတော်လေး ဆိုးရွားသွားသည်။ သူမစိတ်ထဲတွင် သူတို့ မိသားစု၏ အဆင့်အတန်းနှင့် နောက်ခံအရ စုမြောင်ချန်က အလိုက်ဖက်ဆုံးပင်။

*နင့်ခွန်အားက မသန်မာဘူးဆိုရင်တောင်မှ နင်က ချမ်းသာမယ်ဆိုရင်၊ သန်းတစ်ရာကျော်လောက် ရှိမယ်ဆိုရင် ငါ နင့်ကို အရမ်း အထင်သေးမိမှာ မဟုတ်ဘူး*

*ဒါပေမဲ့ သူက သန်းတစ်ရာ မပြောနဲ့ တစ်သောင်းတောင် ရှိမှာ မဟုတ်ဘူး*

*ဘယ်လိုလုပ် ဒီဆင်းရဲသားက ငါ့တူမနဲ့ ထိုက်တန်မှာလဲ*

လျှိုယွိရှီ ပြောမပြတတ်လောက်အောင် စက်ဆုပ်သွားပြီး ဤသို့သော ငမွဲကို သူ့တန်ဖိုးကြီးကားပေါ် တင်ခေါ်ရမည်ကို အင်တင်တင် ဖြစ်နေ၏။

“မင်္ဂလာပါ အန်တီ”

ယဲ့ဖန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သို့သော် လျှိုယွိရှီက ခနဲ့လေသည်။

“ဟဲ့ ဒါက ဘယ်သူလဲ၊ ဆောင်းတွင်းကြီး ဘယ်လိုလုပ် ဒီလို ဝတ်စားပြီး ထွက်လာတာလဲ၊ ငါက အိမ်ရာမဲ့ ဆင်းရဲသား မှတ်နေတာ”

“အန်တီ ရှင်”

ဟွမ်ယွီလင်း ရှက်သလို ဖြစ်သွားပြီး လျှိုယွိရှီကို မသိမသာ တွန်းလိုက်သည်။ သူမစိတ်ထဲ၌ မကျေနပ်ချက် အချို့ ဖြစ်ပေါ်လာသည်။ သို့သော်လည်း တစ်ဖက်လူက သူမအဒေါ် ဖြစ်နေသည်။

ဟွမ်ယွီလင်း၏ မျက်နှာ သုန်မှုန်နေသည်ကိုမြင်ပြီး လျှိုယွိရှီက ဆက်ရန်မလုပ်တော့ဘဲ လှောင်ရယ်လိုက်သည်။

“ကားပေါ်တက်”

လျှိုယွိရှီ အေးတိအေးစက်ပြောကာ ကားပေါ်တက်သွားသည်။ တစ်လမ်းလုံး ဘာစကားမှ မပြောကြဘဲ ကားထဲရှိ အခြေအနေက ထိုင်းမှိုင်းလျက် ရှိသည်။

လျှိုယွိရှီက ယဲ့ဖန်နှင့် စကားပြောရန် အထင်သေးနေခြင်း ဖြစ်ပြီး ဟွမ်ယွီလင်းက လျှိုယွိရှီတစ်ယောက် ယဲ့ဖန်နှင့် ရင်းနှီးရန် ကြောက်နေခြင်းသာ ဖြစ်သည်ဟု ထင်နေ၏။

“ဟင် ဘာလို့ ဆေးပညာရှင်တွေ အများကြီး ရှိနေတာလဲ”

ဟွမ်ယွီလင်းသည် သူမတို့ လာခဲ့သောနေရာသို့ ဆေးပညာရှင်ကဲ့သို့ ဝတ်စားထားသောလူများ ဦးတည်သွားနေသည်ကို တွေ့လိုက်ရသည်။

“နင် မသိဘူးလား၊ နာမည်ကြီး ယွမ်ပမ်းရှီက ငါတို့ ရှုကျိုးမှာ အခြေစိုက်ဖို့ ကြိုးစားနေတာလေ၊ အဲ့ဒါကြောင့် ဒီကို လာတဲ့ ဆေးပညာရှင်တွေက ယွမ်ပမ်းရှီကို ဂါဝရပြုဖို့ လာကြတာ၊ လူတန်းက မြစ်တောင် ဖောက်လို့ရနေပြီ”

ကြည့်နေ ရှုကျိုးက အင်ပါယာရဲ့ နံပါတ်တစ် ဆေးပညာမြို့တော် ဖြစ်လာဖို့ သိပ်မကြာလောက်ဘူး၊ တစ်နိုင်ငံလုံးက လူတွေနဲ့ တစ်လောကလုံးက လူတွေက ဆေးကုဖို့ ငါတို့ ရှုကျိုးကို လာကြမှာ”

ယွမ်ပမ်းရှီ ရှုကျိုး၌ အခြေချခြင်းက အကြောင်းပြချက် ရှိပါသည်။ ထိုအကြောင်းပြချက်မှာ သူ့ဆရာ ယဲ့ဖန်က ဤနေရာ၌ ရှိနေ၍ ဖြစ်ပေသည်။

သို့သော် ဆေးပညာနယ်ပယ်၏ တိုးတက်မှုကို မတော်တဆ ဦးဆောင်မိသလို ဖြစ်သွားပြီး ကံကောင်းသည်ဟု ဆိုရပေမည်။

“ပြောရင်းနဲ့မှ သတိရတယ်၊ စုမြောင်ချန်က တော်တော် အစွမ်းအစရ ရှိတာပဲ၊ သူက ဆေးဆိုင်က လူငယ်လေး တစ်ယောက်နဲ့ ရင်းနှီးတယ်လေ၊ အဲ့လူငယ်လေးက ယွမ်ပမ်းရှီနဲ့ သိတယ်ဆိုလားပဲ”

“အရင်တစ်ခေါက်က စုမြောင်ချန်က ငါ့အတွက် သူ့ကို ဆေးဖော်ပေးဖို့ ပြောတယ်လေ၊ အဲ့ဆေးကို စားလိုက်တာ ငါ ငါးနှစ်လောက် ပိုနုသွားတယ်၊ စုမြောင်ချန်က တော်တော် စဉ်းစားတတ်တာပဲ”

လျှိုယွိရှီက ဖြည်းဖြည်းချင်း ပြောနေသော်လည်း စကားလုံးတိုင်းက ပုတ်ခတ်လိုဟန် သန်းနေ၏။ ဟွမ်ယွီလင်း အမူအရာ အေးစက်သွားပြီး ဘာမှမပြောချေ။ ယဲ့ဖန်က ပြုံး၍သာပြုံး၍ ငြိမ်၍ ကြည့်နေသည်။

သို့သော် လျှိုယွိရှီက ရပ်မသွားဘဲ ပို၍ ပုတ်ခတ် ပြောဆိုလာ၏။

“နောက်ဆို နင် စုမြောင်ချန်လိုလူဆီကနေ သင်ယူသင့်တယ်၊ ပြီးတော့ ပိုအစွမ်းအစရှိတဲ့လူတွေနဲ့ သိကျွမ်းအောင်လုပ်၊ ပြီးတော့ မိသားစုကိုလည်း မမေ့နဲ့၊ မဟုတ်ရင် နင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ငါက နင့်အဒေါ်မို့လို့ ပြောပြနေတာနော်၊ နင့်ကို အဲ့လူဆီ အပါမခံနိုင်ဘူး”

ဟွမ်ယွီလင်း၏ မျက်နှာက ပိုမို၍ သုန်မှုန်လာပြီး ယဲ့ဖန်အား တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ယဲ့ဖန်က သူ ဘာမှမဖြစ်ဟန်ဖြင့် လက်ကာပြလေသည်။

သူတို့ကားက အိမ်တော်တစ်ခုထဲသို့ မောင်းဝင်လာသည်။ လျှိုယွိရှီသည် တံခါးပိတ်ပြီးသည်နှင့် အပေါ်ထပ်သို့ တန်းတက်သွားသည်။ ယဲ့ဖန်ကို အစမှအဆုံးတိုင် လှည့်မကြည့်သလို ဧည့်သည်အဖြစ်လည်း မသတ်မှတ်ပါ။

လျှိုအိမ်တော်ကို ရောက်လာပြီးနောက် မျက်မှန်နှင့် အဘိုးအိုတစ်ယောက်က ဧည့်ခန်း၌ သတင်းစာတစ်စောင်ကို ဖတ်နေသည်။ ယဲ့ဖန်ကိုမြင်သော် သူက မျက်ခုံးပင့်ပြီး နှုတ်ဆက်စကား မပြောချေ။ အလွန် အထင်သေးဟန်သာ ပြလေသည်။

ထိုသူမှာ ဟွမ်ယွီလင်း၏ အဘိုးဖြစ်သူ လျှိုရှုရင် ဖြစ်သည်။ လျှိုယွိရှီ၏ မောက်မာတတ်သော အမူအရာနှင့် ယှဉ်လျင် သူက ယဲ့ဖန်ကို အဖတ်လုပ်ဟန်ပင် မပြပါ။

လျှိုရှုရင်၏ မူလစိတ်သဘောထားမှာ ရည်မွန်ပြီး မောက်မာခြင်း မရှိပါ။ စုမြောင်ချန်က သူ့ကို အရင် နားယောင်အောင် ပြောဆိုသွားပြီး ဤလူငယ်က ဝမ်ကောဖူ၌ ပြဿနာကောင် ဖြစ်ပြီး ဇနီးသုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက် ရှိသည်ဟု ပြောသွားခဲ့သည်။ ထို့ကြောင့် လျှိုရှုရင်က ယဲ့ဖန်ကိုမြင်သောအခါ အကောင်းမမြင်ခြင်း ဖြစ်လေသည်။

“အဘိုး ဒါက ဖုန်းယဲ့လေ”

ဟွမ်ယွီလင်းက လျှိုရှုရင်ကို အရင် မိတ်ဆက်ပေးလိုက်ပြီး သူမအဘိုး၏ အမူအရာကိုမြင်ပြီး အလွန် ဝမ်းနည်း သွားသည်။ သူမစိတ်ထဲ၌ ဤသို့ နောက်ဘယ်သောအခါမှ မလာဟု သန္နိဋ္ဌာန် ချလိုက်သည်။ လျှိုရှုရင်က မော့ကြည့်၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“မင်းက ဈေးပေါတဲ့ သစ်သီးတောင် မဝယ်ခဲ့ပါလား၊ မင်း မိသားစုက အဲ့လောက် ဆင်းရဲလား”

“စိတ်မရှိပါနဲ့ ကျွန်တော် ဒီကို အလျင်စလို လာရတော့ လက်ဆောင် ယူလာဖို့ မေ့သွားတယ်”

ယဲ့ဖန် အံ့ဩသွားပြီးမှ ပြုံး၍ ပြောလိုက်သည်။ သူ စိတ်ထဲ၌ လှောင်ရယ်နေမိသည်။ သူ သစ်သီး ဝယ်လာမိလျင် တောင်မှ ဤလူများက သူ့ကို အကြောင်းပြချက် အသစ်များဖြင့် စော်ကားဦးမည်ပင်။ လက်ဆောင် ပါပါ၊ မပါပါ အတူတူပင် ဖြစ်နေလိမ့်မည်။

လျှိုရှုရင်က သူ့ကို အစကတည်းက မနှစ်မြို့ကြောင်း သူ ရိပ်မိနေပြီး စုမြောင်ချန်က သွေးထိုးထားခြင်း ဖြစ်မှန်း သိသာပေသည်။

“နင် အလျင်စလို လာရလို့လို့ ငါ မထင်ဘူး၊ လူကြီးတွေကို အရေးမစိုက်တာပဲ ဖြစ်မယ် ဟုတ်တယ်မလား”

လျှိုယွိရှီ လက်ပိုက်၍ ရန်စောင်သော စကား ပြောလိုက်သည်။ ဟွမ်ယွီလင်း လျှိုယွိရှီကို မကျေနပ်သလို ကြည့်လိုက်မိပြီး ယဲ့ဖန်အား ဤသို့ ခေါ်လာမိသည်ကို နောင်တရစပြုလာသည်။

*အစ်ကိုယဲ့ရဲ့ နောက်ခံက ဘယ်လို မြင့်မြတ်လိုက်လဲ၊ ဘာလို့ သူက ဒီလူတွေရဲ့ စော်ကားတာကို ခံရမှာလဲ*

“ကောင်းပြီလေ မစ္စဝမ့် ညစာစားရအောင်”

လျှိုရှုရင်က စိတ်မရှည်စွာဖြင့် အိမ်ထိန်းကို အမိန့်ပေးလိုက်ပြီးနောက် လူတစ်စုက ကိုယ့်နေရာကိုယ် ထိုင်ကြသည်။ သို့သော် ယဲ့ဖန် ဖင်ပူအောင် မထိုင်ရသေးခင်မှာပင် လျှိုယွိရှီက အခြေအနေကို ခက်ခဲအောင် လုပ်လာ၏။

“ယဲ့ဖန် နင်ကလည်း သန်မာတဲ့ သိုင်းသမားလို့ ငါ ကြားတယ်၊ အခု နင် ဘယ်သိုင်းအဆင့်ကို ရောက်နေပြီလဲ”

“အန်တီ ထမင်းစားချိန်မှာ စားစရာရှိတာ စားပါ၊ ဘာတွေ ပြောနေတာလဲ”

ဟွမ်ယွီလင်း ကြိမ်းမောင်းလိုက်သည်။

*အခုထိ မပြီးနိုင်သေးဘူးလား*

“ဘာလို့လဲ၊ ငါ မေးလို့မရဘူးလား၊ နင်က လက်တောင် မထပ်ရသေးဘူး မီးသေးနေပြီလား၊ နင် အဲ့လောက် ညံ့ရလား”

လျှိုယွိရှီ အေးစက်စွာ လှောင်လေသည်။ တစ်ဖက်မှ လျှိုရှုရင်၏ မျက်နှာက မသိမသာ မည်းမှောင်လာ၏။ ဟွမ်ယွီလင်း၏ ယဲ့ဖန်အပေါ် ပြုမူသော အပြုအမူအရ တစ်ခုခု မူမမှန်ကြောင်း သူလည်း ခံစားမိသည်။

*စုမြောင်ချန် စိုးရိမ်လည်း စိုးရိမ်ချင်စရာပဲ*

*အချိန်မီ မထိန်းရင် ဟွမ်ယွီလင်းက ဒီခွေးကောင် လှည့်စားတာကို ခံရနိုင်တယ်*

ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ကျွန်တောက် နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိသေးတာပါ”

ထိုစကားကိုကြားသော် ဟွမ်ယွီလင်း စိတ်ဆိုးသွားသည်။

“ရှင် သူတို့ကို လိမ်လို့မရဘူးလေ၊ အဲ့လိုဆို သူတို့ကို ဘယ်လိုလုပ် ငြိမ်အောင် လုပ်လို့ရမလဲ”

“ဪ ငါ မှတ်မိသလောက်ဆို ဝမ်ကောဖူမှာဆိုရင် နဂါးအသွင်ပြောင်းခြင်းအဆင့်က စာရင်းထဲတောင် မပါတဲ့ ဘိတ်ချီး သိုင်းအဆင့် မဟုတ်လား”

လျှိုယွိရှီက အထင်သေးသော မျက်လုံးနှင့် သရော်လေသည်။

“နင်က ငါ့ယွီလင်းကို မျက်နှာလုပ်ပြီး ငန်းသားစားချင်နေတာလား”

ယဲ့ဖန် သူ ဆက်စား၍ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။ ထို့ကြောင့် တူကို ပြန်ချလိုက်သည်။

“တကယ်တော့ ကျွန်တော် ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ လာတာ”

ဟွမ်ယွီလင်းက သူမအဘိုး တစ်နှစ်ပတ်လုံး နာမကျန်းဖြစ်နေကြောင်း သူ့ကို ပြောပြခဲ့ပြီး လျှိုရှုရင်အတွက် သူ့အား ဆေးဖော်ပေးစေချင်ခဲ့သည်။ ထိုဆေး ဖော်စပ်နေ၍သာ သူ အချိန်ပိုကြာသွားခြင်း ဖြစ်သည်။

မူလက သူ ထမင်းကို ပြီးအောင် စားရန် စဉ်းစားထားသော်လည်း ဤလူများ သူ့ကို မနှစ်သက်သည်ကိုမြင်ပြီး ကြာကြာ မနေချင်တော့ပါ။

ဟွမ်ယွီလင်း၏ မိသားစု ဖြစ်နေသောကြောင့်သာ သူတို့၏ ဆိုးရွားသော အပြုအမူကို ယဲ့ဖန် အကြိမ်ကြိမ် သည်းခံနေခြင်း ဖြစ်သည်။ အခြားသူတစ်ယောက်သာ ဤသို့ လာလုပ်ပါက ယဲ့ဖန် ရိုက်သတ်ပြီးလောက်သည်။

ပုရွက်ဆိတ်တစ်ဖွဲ့က သူ့ရှေ့ ခုန်ဆွခုန်ဆွ လုပ်ခွင့် ရှိပါလေသလော။

“ဘာကိစ္စလဲ၊ မင်းက လက်ထပ်ခွင့်တောင်းချင်တာလား”

သို့သော် သူ့စကားကို ကြားပြီး လျှိုယွိရှီ ရုတ်တရက် စိုးရိမ်လာပြီး ယဲ့ဖန်အား အလွန် သတိပေးသော အကြည့်ဖြင့် စိုက်ကြည့်လာ၏။ မသိလျင် ယဲ့ဖန်အား ဖားက ငန်းသားမစားချင်နဲ့ဟု သတိပေးနေသလိုပင်။

လျှိုရှုရင် အလွန် မကျေနပ်ဟန်ဖြင့်မျက်မှောင်ကြုတ်နေ၏။ သူသည်လည်း ယဲ့ဖန်က လက်ထပ်ခွင့် တောင်းလာမည်ကို မသိမသာ စိုးရိမ်နေ၏။ ယဲ့ဖန်နှင့် လက်ထပ်ပေးရမည်လော။

*နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိတဲ့ကောင်၊ အနာဂတ်မရှိသော အမှိုက်ကောင်နှင့် လက်ထပ်ပေးစရာလား*

ထိုအတွေးကို သူ့စိတ်ထဲ၌ အလျင်အမြန် ငြင်းပယ်မိသည်။

*မဖြစ်ရဘူး၊ ငါ့တူမက ပိုကောင်းတဲ့လူနဲ့ ထိုက်တန်တာ*

“နင် စိတ်ကူးတောင် မယဉ်ဖို့ ငါ သတိပေးလိုက်မယ်၊ နင့်အဆင့်လေးနဲ့ ပိုမြင့်တဲ့ အကိုင်းကို တက်ချင်နေတာလား၊ နင် သတ္တိကောင်းနေတယ်ပေါ့လေ”

လျှိုယွိရှီ ယဲ့ဖန်ကို မျက်နှာဆွဲဖြဲချင်နေပြီး ငေါက်ငမ်းလိုက်သ်ည။

“ငါ နင့်ကို သတိပေးလိုက်မယ်၊ ငါ့ယွီလင်းက စုမြောင်ချန်နဲ့ လက်ထပ်မှာ၊ နင် ဘာမှ မှန်းနေစရာ မလိုဘူး”

All Chapters