← Chapters

အခန်း ၁၄၄၀

Vol. 96 Ch. 1440

အခန်း ၁၄၄၀

Vol. 96 Ch. 1440

Chapter 1440 မင်း ပြဿနာတက်ပြီ

လင်းဝူယာက လျှိုယွိရှီ၏ မျက်နှာကို တံတွေးထွေးရန် မဆိုထားနှင့် ဤနေရာ၌ ဖိအားပေးလျင်တောင်မှ သူတို့ ပြန်ပြောရဲနိုင်မည် မဟုတ်ပါ။ အခြေအနေက လေးလံထိုင်းမှိုင်းလာပြီး လူတိုင်း ငြိမ်သက်နေကာ လေပင် မလည်ရဲကြချေ။

လင်းဝူယာကို အာခံချင်းက ယွမ်ပမ်းရှီကို အာခံခြင်းနှင့် တူညီပေသည်။ မည်သူ၌ ထိုသို့သော သတ္တိ ရှိပေမည်နည်း။

စုမြောင်ချန်သည် လျှိုယွိရှီအား မျိုးဆက် ဆယ့်ရှစ်ဆက်အထိ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။ သူ့စိတ်ထဲတွင် လျှိုယွိရှီ၏ မိသားစုက လင်းဝူယာကို ရန်စမိ၍ ယခုလို ဖြစ်ရသည်ဟု ထင်နေ၏။

“မင်း ဘယ်အချိန်ထိ ပြဿနာ ရှာနေမှာလဲ”

ထိုအခိုက်တွင် ယဲ့ဖန်ထံမှ မာန်ပါသော ဆူပူကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။

*ဟမ်*

လျှိုယွိရှီနှင့် အခြားသူများ ချက်ချင်း အံ့အားသင့်သွားကြသည်။

*ဒီကောင် ရူးနေတာလား၊ မင်းကများ လင်းဝူယာကို ကြိမ်းမောင်းရဲတယ်ပေါ့လေ*

ယဲ့ဖန်၏ အပြောအဆိုကြောင့် လျှိုယွိရှီနှင့် အခြားသူများ ကြောက်လန့်သွားလေသည်။ ဤသည်က လင်းဝူယာကို ဒေါသထွက်သွားစေလျင် သူတို့ မိသားစု သေဆုံးရပေလိမ့်မည်။

စုမြောင်ချန် ဒေါသထွက်လွန်းသဖြင့် သူ့မျက်နှာ ပြာနှမ်းနေ၏။

*ဒီသောက်ရူးကတော့ … ဒီကောင် ဘယ်ကလာတာလဲ၊ ဒါ ငါတို့ကို တမင်ထိခိုက်အောင် လုပ်တာလား*

“ပါးစပ်ပိတ်ထား၊ ငါ့အိမ်မှာ မင်းကို ဘယ်တုန်းက စကားပြောခွင့်ပေးလို့လဲ”

လျှိုရှုရင်က ယဲ့ဖန်ကို ချက်ချင်း ငေါက်ငမ်းလိုက်ပြီးနောက် လင်းဝူယာကို ပြုံး၍ ပြောလိုက်သည်။

“သခင်လေးလင်း ကျုပ်တို့ သူနဲ့ ဘာမှမပတ်သက်ပါဘူး၊ သူ ပြောသမျှ အားလုံးက ကျုပ်တို့နဲ့ မဆိုင်ပါဘူး”

သူ့သဘောက မင်း သတ်ချင်ရင် သူ့ကိုသတ်ပါ၊ ငါတို့ကို ဒေါသမထွက်ပါနဲ့ဟု ပြောချင်နေခြင်းပင်။

“ဖြောင်း”

ပါးရိုက်သံနှင့်အတူ လျှိုရှုရင် ပါးရိုက်ခံလိုက်ရပြီး နေရာမှာတင် မှင်တက်နေမိသည်။

*ငါ ဘာအမှားမှ မပြောတာ သေချာနေတာကို လင်းဝူယာက ဘာလို့ ငါ့ကို ရိုက်တာလဲ*

“သခင်လေးလင်း၊ ဒါက ခင်ဗျား …”

လျှိုရှုရင် မှင်တက်နေ၏။

*ငါကလည်း လူကြီးတစ်ယောက်ဆိုတာကို ဘယ်လို ပြောရမလဲ၊ လင်းဝူယာက အရှက်မဲ့လွန်းတာ မဟုတ်လား*

လျှိုရှုရင်သည် စီးပွားရေးလောက၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်ပြီး တစ်ခါမှ ဤသို့ အနိုင်ကျင့် မခံရဖူးပါ။ သူ ရူးမတတ် ဖြစ်နေသည်။

သို့သော် သူ မော့ကြည့်လိုက်သောအခါ ဆာလောင်နေသော သားရဲတစ်ကောင်က ၎င်း၏သားရဲကို ကြည့်နေသကဲ့သို့သော လူသတ်ချင်စိတ် ပြည့်နေသည့် သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

လျှိုရှုရင် ချက်ချင်း တုန်လှုပ်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်ကို ခံစားမိနေ၏။

“ငါတောင် သူ့ကို မမာန်မဲရဲတာ၊ မင်းက ဘာလို့ သူ့ကို ငေါက်တာလဲ”

လင်းဝူယာ၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး လျှိုရှုရင်အား နုတ်နုတ်စင်းချင်နေသည်။ ယဲ့ဖန်သည် သူ၏ ယုံကြည်ရ၊ သူ အလေးစားရဆုံးလူ ဖြစ်ပြီး သူ တစ်ခါမှ မပစ်မှားရဲသည့် ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် ဤအမှိုက်ကောင်များက ယဲ့ဖန်ကို သူ့ရှေ့၌ ထပ်ခါထပ်ခါ စော်ကားနေ၏။

*ခွင့်မလွှတ်နိုင်စရာပဲ၊ လုံးဝ ခွင့်မလွှတ်နိုင်ဘူး*

*ဘာ*

သူ့စကားကိုကြားသော် လျှိုရှုရင်၊ စုမြောင်ချန်နှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*လင်းဝူယာတောင်မှ ဒီ့ကောင်ကို မမာန်မဲရဲဘူး ဟုတ်လား*

တစ်ခဏအတွင်း လျှိုရှုရင်တို့ မိသားစုနှင့် စုမြောင်ချန်တို့က ယဲ့ဖန်ကို မယုံနိုင်သောအကြည့်ဖြင့် ပြိုင်တူ ကြည့်လာသည်။

*ဒီကောင် … သူက ဘယ်သူလဲ*

ထို့နောက် လင်းဝူယာက တစ်ဖက်လှည့်၍ ရိုကျိုးသော အမူအရာဖြင့် ပြောလိုက်သည်။

“သူတို့ ခင်ဗျားအပေါ် ဒီလို ဆက်ဆံနေတာကို ကျွန်တော် လက်မခံနိုင်လို့ပါ”

“ခင်ဗျားရဲ့ဘဝက ဘယ်လောက် မြင့်မြတ်လိုက်လဲ၊ ဘာလို့ ဒီအမှိုက်ကောင်တွေ ခင်ဗျားကို လက်ညှိုးထိုးတာကို ကြည့်နေရတာလဲ”

ချက်ချင်းဆိုသလိုပင် အခြေအနေက ပြောင်းလဲသွားလေသည်။ လျှိုယွိရှီနှင့် အခြားသူများအားလုံး မှင်တက် သွားကြသည်။

ဤလူများထဲ၌ ယဲ့ဖန်က အမြင့်မြတ်ဆုံး အဆင့်အတန်းအား ပိုင်ဆိုင်ထားသည်ကို အချိန်အတော်ကြာပြီးမှ သိလိုက်ရသည်။

လျှိုယွိရှီနှင့် အခြားသူများအားလုံး ထိတ်လန့်သွားပြီး သူတို့၏ အမူအရာက မိဘများ သေဆုံးသွားသကဲ့သို့ နောင်တတို့ဖြင့် ပြည့်နှက်လာဟန် ပေါ်လာ၏။

ယဲ့ဖန်က သူတို့ထဲ၌ အမြင့်မြတ်ဆုံးလူ ဖြစ်သော်လည်း သူတို့က သူ့ကို နည်းလမ်းပေါင်းစုံဖြင့် လှောင်ပြောင် စော်ကားခဲ့သည်။

ဤသည်ကိုတွေးမိပြီး သူတို့အားလုံး ကြောက်လန့်ကာ အသံပင် ပျောက်နေကြသည်။ အထူးသဖြင့် စုမြောင်ချန်ပင်။ အစက လင်းဝူယာကို ရန်စမိသူက လျှိုယွိရှီ မိသားစုဟု သူ ထင်နေခဲ့သည်။

သို့သော် လင်းဝူယာ ဒေါသထွက်ရသည့် အကြောင်းရင်းမှာ သူတို့ ယဲ့ဖန်ကို အတူတူ စော်ကားပုတ်ခတ်မိ၍ ဖြစ်နေ၏။ လူတိုင်း၏ အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ထိုအကြည့်တွင် သံသယစိတ်၊ ကြောက်စိတ်နှင့် ထိတ်လန့်စိတ်တို့ ပါဝင်နေ၏။

ယဲ့ဖန် မတတ်သာဟန်ဖြင့် သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါ အစက မွေးနေ့ပွဲ တက်ဖို့ပဲ စိတ်ကူးရှိတာ၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး”

ထို့နောက် သူ့မျက်နှာ သုန်မှုန်လာပြီး မတ်တပ်ထရပ်၍ လင်းဝူယာကို ပြောလိုက်သည်။

“သွားကြစို့”

ဤသည်ကိုမြင်သော် ဟွမ်ယွီလင်း မျက်နှာဖြူရော်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူမအဘိုးနှင့် အခြားသူများအပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သူမ သိလိုက်သောကြောင့်ပင်။

ဟွမ်ယွီလင်းသည်လည်း ကိုယ့်မိသားစုကို ပြန်စိတ်ပျက်မိသည်။ သူမက ကြင်နာစွာဖြင့် ယဲ့ဖန်ကို သူမမိသားစုနှင့် မိတ်ဆက်ပေးခဲ့သည်။ သို့သော် သူမမိသားစုက ယဲ့ဖန်ကို ဤသို့ ဆက်ဆံသဖြင့် သူမ အလွန်အမင်း စိတ်ဆိုးမိသည်။

“ယွီလင်း၊ သူ … နင့်မိတ်ဆွေက ဘယ်သူလဲ”

လျှိုယွိရှီ အမူအရာပြောင်းလဲသွားပြီး မျက်နှာချိုသွေးချင်စွာ မေးလိုက်သည်။

“သူလား”

ဟွမ်ယွီလင်းက လှောင်ရယ်၍ ပြန်ပြောလိုက်လေသည်။

“သူက ယွမ်ပမ်းရှီကတောင် အရိုအသေ ပေးရတဲ့လူလေ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

“ခွိ … ဟားဟားဟား”

ထို့နောက်တွင်မူ လူသုံးယောက်က ခွက်ထိုးခွက်လန် ရယ်မောလာပြီး ထိုရယ်သံ၌ အထင်သေး လှောင်ပြောင်ရိပ်များ ပြည့်နှက်နေ၏။

“ယွီလင်း ယွမ်ပမ်းရှီက ဘယ်သူလဲ နင် သိလား၊ ဆေးဘုရင်လို့ နာမည်ကျော်နေတဲ့ လောကရဲ့ ထိပ်တန်း ဆေးပညာရှင်လေ၊ သူက ဘယ်လိုလုပ် မနူးမနပ်ကောင်လေးကို အရိုအသေ ပေးမှာလဲ”

လျှိုယွိရှီက တခစ်ခစ် ရယ်မောနေသည်။

“ယွီလင်း မင်းက ငယ်လွန်းသေးတယ်၊ ယွမ်ပမ်းရှီက ဘယ်လောက် အင်အားကြီးလဲ မင်း မသိပါဘူး၊ မင်းမိတ်ဆွေက လင်းဝူယာကို အရိုအသေပေးအောင် လုပ်နိုင်ပင်မယ့် ယွမ်ပမ်းရှီ သူ့ကို လေးစားဖို့ကတော့ မဖြစ်နိုင်ဘူး”

စုမြောင်ချန်ကလည်း ရယ်နေ၏။

“မင်းရဲ့ စကားက အဓိပ္ပာယ် မရှိဘူး”

လျှိုရှုရင်က ဘာမှမပြောသော်လည်း ခေါင်းကို ဆက်တိုက်ခါနေ၏။ သူ့မြေးမလေးက တုံးအနေဆဲ ဖြစ်ပြီး ယွမ်ပမ်းရှီက မည်သို့သော ပုဂ္ဂိုလ်မှန်း သူမ မသိချေ။

ဟွမ်ယွီလင်းကလည်း လှောင်သာရယ်နေလိုက်ပြီး ရှင်းပြရန် စိတ်မကူးတော့ဘဲ ထရပ်၍ ပြန်ရန် ပြင်လေသည်။

“ယွီလင်း မင်း …”

လျှိုရှုရင် တစ်ခဏမျှ မှင်တက်သွားသည်။ ဟွမ်ယွီလင်းက သူ့ကို မွေးနေ့ဆုတောင်းစကား ပြောရန် လာသည်ဟု ပြောခဲ့သည်။ အဘယ်ကြောင့် တစ်ဝက်တစ်ပျက်နှင့် ဟွမ်ယွီလင်းက ထပြန်ရသနည်း။

“စိတ်မရှိပါနဲ့ ကျွန်မ စားချင်စိတ် မရှိတော့ဘူး”

လက်ရှိတွင် ဟွမ်ယွီလင်းသည် ယဲ့ဖန်ကို လိုက်ရှာပြီး တောင်းပန်မှဖြစ်မည်။ သူမ၏ အစ်ကိုယဲ့သည် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် သူမအတွက်နှင့် သူက ဤနေရာနှင့် အလှောင်ခံနေရသောကြောင့် ဟွမ်ယွီလင်း အလွန် စိတ်မသက်မသာ ဖြစ်မိသည်။

“မင်း”

လျှိုရှုရင်သည်လည်း ရုတ်တရက် ဒေါပွသွားသည်။ သူ၏ မြေးအရင်ဖြစ်သူက အပြင်လူတစ်ယောက်အတွက်နှင့် သူ့ကို ဆန့်ကျင်ခဲ့သည်။ လျှိုရှုရင် ဟွမ်ယွီလင်းကို အလွန် စိတ်ပျက်သွားသည်။

“ထားလိုက်ပါတော့ တစ်ယောက်ယောက် သူ့ကို ပြန်လိုက်ပို့ပေးလိုက်”

လျှိုရှုရင် စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။ လက်ရှိတွင် လင်းဝူယာနှင့် ယဲ့ဖန်တို့ ထွက်သွားပြီးပြီ ဖြစ်သဖြင့် သူ သည်းခံမနေတော့ချေ။

သူ၏ သားမက်သည် ယဲ့ဘုရင်၏ ငယ်သားတစ်ဦးဖြစ်သဖြင့် ထိုထူးဆန်းသော လူငယ်လေးကို သူ မျက်နှာလုပ်နေရန် မလိုအပ်ပါ။

“မလိုဘူး ကျွန်မမှာ ခြေလက်တွေ ရှိတယ်၊ ကျွန်မဘာသာ ပြန်မယ်”

ဟွမ်ယွီလင်း အေးစက်စွာ ပြောလိုက်သည်။ သို့သော် ထိုအခိုက်တွင် မစ္စဝမ့်က ခပ်သွက်သွက် လျှောက်လာသည်။

“သခင်ကြီး ဧည့်သည်တစ်ယောက်က သခင်ကြီးနဲ့ တွေ့ချင်နေပါတယ်”

“ဧည့်သည်ဟုတ်လား”

လျှိုရှုရင် အံ့ဩသွားပြီး လျှိုယွိရှီကို မေးလိုက်သည်။

“မင်း ဖိတ်ထားတာလား”

“မဟုတ်ပါဘူး အဖေပဲ ဒီနေ့က မိသားစုဝင်တွေပဲ တွေ့မယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် ကျွန်မ တစ်ယောက်မှ မဖိတ်ထားပါဘူး”

လျှိုယွိရှီကလည်း ဇဝေဇဝါ ဖြစ်နေ၏။

“သူ့ကို အရင် အိမ်ထဲဝင်ခိုင်းလိုက်”

လျှိုရှုရင်က မစ္စဝမ့်ကို ပြောလိုက်သည်။ ထိုအခါ တံခါးအပြင်မှ လူတစ်ယောက် ဝင်လာသည်။ ထိုသူကို မြင်သည်နှင့် လျှိုရှုရင် အပါအဝင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လာ၏။ သူတို့မျက်နှာတွင် ဝမ်းသာစိတ်နှင့် ထိတ်လန့်စိတ်တို့ အထင်းသား ပေါ်နေလေသည်။ ဤအဖြစ်မှန်ကို မယုံနိုင် ဖြစ်နေ၏။

“ယွမ်ပမ်းရှီပါလား”

ထို့နောက် လူတိုင်း ပြိုင်တူ အော်လိုက်မိသည်။ သူတို့အသံက စူးရှကျယ်လောင်ကာ ထိတ်လန့်စိတ်များ ပြည့်နှက်နေလေသည်။ လျှိုရှုရင် ခုံပေါ် ပစ်ကျသွားပြီး မျက်လုံးတွင် ဝမ်းသာစိတ်များ ပြည့်နေ၏။

*ငါ့မွေးနေ့ကို ယွမ်ပမ်းရှီကိုယ်တိုင် ဂုဏ်ပြုစကားပြောဖို့လာတာလား*

*မယုံနိုင်စရာပဲ*

“လူကြီးမင်း ခင်ဗျားက လျှိုရှုရင်လား”

ယွမ်ပမ်းရှီက လျှိုရှုရင်အား အပြုံးနှင့် ကြည့်နေပြီး ယခင်မောက်မာဟန်နှင့် မတူဘဲ နွေးထွေးကြင်နာစွာ ပြောလာသည်။

*တကယ်ပဲ*

*သူ ငါ့ဆီ တကယ် လာတာပဲ*

လျှိုရှုရင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး တလေးတစား ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျုပ်က လျှိုရှုရင်ပါ”

ထိုစဉ် လျှိုယွိရှီက စုမြောင်ချန်၏ လက်မောင်းကို ပုတ်၍ ခပ်တိုးတိုး ပြောသည်။

“စုမြောင်ချန် နင် ယွမ်ပမ်းရှီကို ငါတို့အိမ်ကို ဖိတ်နိုင်တာပဲ၊ နင် တော်တယ်”

“အန်တီ သူ့ကို ဖိတ်ထားတာ မဟုတ်ဘူးလား”

စုမြောင်ချန်လည်း အံ့ဩနေ၏။ ယွမ်ပမ်းရှီက လျှိုယွိရှီနှင့် အခြားသူများ ဖိတ်ထား၍ လာသည်ဟု သူ ထင်နေခြင်း ဖြစ်သည်။

သူ့အစွမ်းအစနှင့် ယွမ်ပမ်းရှီကို ဘယ်လိုလုပ် ဖိတ်နိုင်စွမ်း ရှိပါမည်နည်း။ သူ့စကားကြောင့် လျှိုယွိရှီက တစ်ခဏမျှ အံ့ဩသွားပြီးမှ ထရယ်လေသည်။

“ကြည့်ပါဦး နင်က အခုထိ နှိမ့်ချနေဦးမလို့လား၊ နင်ကလွဲရင် ဘယ်သူက ယွမ်ပမ်းရှီကို ဖိတ်နိုင်မှာလဲ”

ထို့နောက် လျှိုယွိရှီက လင်းဝူယာ သူမအပေါ် ရိုင်းပျခဲ့သည်ကို ပြန်တွေးမိပြီး မကျေနပ်သော မျက်နှာ ဖြစ်လာပြီး စုမြောင်ချန်ကို ပြောလိုက်သည်။

“မြောင်ချန် ဟိုနှစ်ကောင်က ငါတို့ကို စော်ကားခဲ့တာ၊ နင် သူတို့ကို အလွတ်ပေးလို့ မဖြစ်ဘူး”

“ဒါက”

စုမြောင်ချန် ရှင်းပြချင်ပါသော်လည်း လျှိုယွိရှီ၏ ကျိန်းသေ ယုံကြည်နေသော အမူအရာကို ကြည့်ပြီး သူ မတတ်သာဘဲ အလိုက်သင့်နေလိုက်ရသည်။ သူတို့သာ ယွမ်ပမ်းရှီနှင့် သိနေလျင် ဘယ်လိုလုပ် မျက်နှာမရဘဲ နေမည်နည်း။

သို့သော် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ဟွမ်ယွီလင်း တစ်ဦးတည်းသာ သိလေသည်။ ယွမ်ပမ်းရှီက လျှိုရှုရင်ကြောင့် လာခြင်း မဟုတ်ပါ။

“လူကြီးမင်း ထိုင်ပါဦး”

လျှိုရှုရင်က ယွမ်ပမ်းရှီကို အလျင်အမြန် ခရီးဦးကြိုပြု၍ ထိုင်စေသည်။ လက်ရှိတွင် သူသည် မြေးသမက်လောင်း စုမြောင်ချန်ကို အလွန် ကျေနပ်အားရနေ၏။

စုမြောင်ချန်ကြောင့်သာမဟုတ်လျင် ယွမ်ပမ်းရှီက သူ့မွေးနေ့ပွဲကို အဘယ်ကြောင့် လာ၍ ဂုဏ်ပြုစကား ပြောမည်နည်း။

သူ့လိုလူထံ ရှုကျိုး၏ နာမည်ကျော် ယွမ်ပမ်းရှီလိုလူက လာရောက်သဖြင့် သူ ပြောမပြတတ်အောင် ဝမ်းသာနေသည်။ ယွမ်ပမ်းရှီ ယဉ်ကျေးစွာ ထိုင်လိုက်သည်။ ထို့နောက် ဘရိုကိတ်ဘူးကို ထုတ်၍ အပြုံးနှင့် ပြောလေသည်။

“သေးငယ်တဲ့ ယန်နျန်ရီရှို့ဆေးကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်”

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လျှိုရှုရင် တုန်လှုပ်သွားရသည်။

*ဘယ်လိုလုပ် သက်ရှည်ဆေးကို ပေးရတာလဲ*

ယန်နျန်ရီရှို့ဆေးတစ်လုံးသည် ဆယ်ဘီလီယံကျော် တန်ဖိုးရှိပြီး တန်ဖိုးကြီးလှသည်။ ယင်းဆေးသည် နာမည်အတိုင်း အသက်ရှည်စေသည်။

ဤလောက၌ အသက်ကို ဆက်ရှည်စေချင်သူ မည်မျှ များများ ရှိနေသလဲ မသိနိုင်ပါ။ ဤသက်ရှည်ဆေးသည် အနည်းဆုံး ငါးနှစ် ပိုအသက်ရှည်စေ၏။ အလွန် ဈေးကြီးလှသည်။

ယွမ်ပမ်းရှီက ရောက်လာသည်နှင့် ဤမျှ တန်ဖိုးကြီးသော အရာကို လက်ဆောင်ပေးလိမ့်မည်ဟု ထင်မထား မိသဖြင့် ချက်ချင်း မှင်တက်သွားရသည်။ လျှိုယွိရှီနှင့် စုမြောင်ချန်တို့လည်း အားကျနေ၏။

ထိုစဉ် လျှိုယွိရှီက ဟွမ်ယွီလင်းကို ကြည့်၍ ပြောလိုက်သည်။

“ယွီလင်း နင် မြင်ပြီလား၊ အခု ဘယ်သူက နင့်ရဲ့ လက်တွဲဖော်ကောင်းလဲဆိုတာ ငါ ပြောဖို့ လိုသေးလား”

စာစဉ် ၉၆ ဤတွင် ပြီးပါပြီ။

All Chapters