အခန်း ၁၄၄၁
Vol. 97 Ch. 1441
Chapter 1441 ဆရာ
*စုမြောင်ချန်က ယွမ်ပွမ်းရှီလိုလူကို ငါတို့အိမ်မှာ ညစာစားဖို့ ဖိတ်နိုင်တယ်၊ နင့်ဆင်းရဲသား မျိုးမစစ်ကောင်က ဘာတတ်နိုင်လဲ*
စုမြောင်ချန်သည်လည်း ချက်ချင်း ခါးမတ်သွားသည်။ ဤကိစ္စက သူနှင့် ဘာမှမပတ်သက်သော်လည်း ယွမ်ပမ်းရှီကို သူ ဖိတ်လိုက်သည်ဟု ဟန်ဆောင်လိုက်သည်။
“ရှင်တို့ အပျော်စောနေတာ မဟုတ်ဘူးလား”
ဟွမ်ယွီလင်းက ချက်ချင်း သရော်လိုက်သည်။
*ဒီလူတွေက ယွမ်ပမ်းရှီကို စုမြောင်ချန် ဖိတ်တယ်လို့ ထင်နေတာလား၊ ဟာသပဲ*
*စုမြောင်ချန်က ဘာအဆင့်မှမရှိတာကို၊ ဘယ်လိုလုပ် ယွမ်ပမ်းရှီကို ဖိတ်နိုင်မှာလဲ*
*ရယ်ဖို့ကောင်းလိုက်တာ*
“ဟွမ်ယွီလင်း နင် ဘာပြောတာလဲ၊ လူကြီးကို ဒီလို ပြောစရာလား၊ အဓိပ္ပာယ်မဲ့လိုက်တာ”
လျှိုယွိရှီက စိတ်ပျက်သလို ငေါက်ငမ်းလိုက်သည်။ လက်ရှိတွင် ဟွမ်ယွီလင်းက ခေါင်းမာ၍ တုံးအနေဆဲဟု သူမ မြင်နေ၏။
“ကောင်းပြီလေ မင်းက ဒီမှာ မပျော်မှတော့ ပြန်တော့ပေါ့”
လျှိုရှုရင်ကလည်း အေးစက်စွာ ပြောလိုက်သည်။ ယခု သူက ယွမ်ပမ်းရှီကို မည်သို့ မျက်နှာလုပ်ရမလဲဘဲ တွေးနေသဖြင့် ဟွမ်ယွီလင်းကို မည်သို့ အာရုံစိုက်နိုင်ပါမည်နည်း။
တစ်ဖက်တွင်မူ ဤသည်ကိုမြင်ပြီး ယွမ်ပမ်းရှီ မျက်မှောင်ကြုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ယွီလင်းနှင့် ယဲ့ဖန်က ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သူ ကောင်းကောင်း သိနေ သောကြောင့်ပင်။
ချက်ချင်းဆိုသလိုပင် ယွမ်ပမ်းရှီ မေးခွန်းထုတ်လိုက်သည်။
“ငါ့ဆရာက ငါ့ကို ယန်နျန်ရီရှို့ဆေးလုံးကို ဖော်စပ်ပြီး လူကြီးမင်းရှို့ကို ပေးဖို့ ပြောလိုက်တာ၊ ဒါပေမဲ့ အခု ငါ့ဆရာ ဘယ်မှာလဲ”
“ဆရာတဲ့လား”
အားလုံး ငြိမ်ကျသွားသည်။
*ဘယ်က ဆရာလဲ*
*ဘာလို့ ယွမ်ပမ်းရှီရဲ့ ဆရာက ဒီကို ရောက်နေရမှာလဲ*
ထိုအခိုက်တွင် ဟွမ်ယွီလင်း ပြောလိုက်သော စကားက လျှိုရှုရင်နှင့် အခြားသူများကို ကြက်သီးမွေးညင်း ထသွားစေသည်။
ဟွမ်ယွီလင်းက အသာအယာ လှောင်ရယ်၍ ခနဲ့ပြော ပြောလိုက်သည်။
“ရှင့်ဆရာကို လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ သူတို့ နှင်ထုတ်လိုက်တာ”
ထိုစကားသံအဆုံး၌ ကျန်လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လျှိုရှုရင်နှင့် အခြားသူများ၏ မျက်နှာထားများ ချက်ချင်း မှုန်မှိုင်းသွားပြီး သူတို့မျက်လုံးတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ ပြည့်နှက်လာ၏။ သူတို့စိတ်ထဲ၌ မကောင်းသော ခံစားချက် ဖြစ်ပေါ်လာသည်။
*ဒီလောက် ကံမဆိုးသင့်ပါဘူးလေ*
“ဘာ”
ထိုအခါ ယွမ်ပမ်းရှီက ဒေါသတကြီး လွှားခနဲ ထခုန်၍ အော်ဟစ်ကာ လျှိုရှုရင်နှင့် အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်လာသည်။
“မင်းတို့တွေကများ ငါ့ဆရာကို အိမ်ကနေ နှင်ထုတ်ရဲတယ်လား”
“လူကြီးမင်း ဒေါသကို ထိန်းပါဦးဗျာ၊ ခင်ဗျားဆရာက ဘယ်သူလဲဆိုတာ ကျုပ်ကို အရင် ပြောပြပါလား”
လျှိုရှုရင်က ချွေးစေးပြန်နေပြီး သူ့စိတ်ထဲ၌ နောက်ဆုံးသော မျှော်လင့်ချက် ရှိလိုရှိငြားဖြင့် ခပ်သွက်သွက် မေးလိုက်သည်။
“သူ့ဆရာက ရှင် ခုနက နှင်ထုတ်လိုက်တဲ့ ဖုန်းယဲ့လေ၊ ကျွန်မရဲ့ အစ်ကိုယဲ့ဆိုလည်း မမှားဘူး”
ဟွမ်ယွီလင်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
*ရှင် အခုမှ နောင်တရနေပြီ မဟုတ်လား*
*စိတ်မကောင်းစရာပဲ နောက်ကျသွားပြီ*
*ဘာ*
ထိုစကားကိုကြားသော် လျှိုရှုရင် ဒေါသပင် ပျောက်သွားရသည်။
*အဲ့လူငယ်လေးက တကယ်ပဲ ယွမ်ပမ်းရှီရဲ့ ဆရာလား*
*ပြီးတော့ ငါကိုယ်တိုင် သူ့ကို စော်ကားပုတ်ခတ်ခဲ့တာလား*
*ယွမ်ပမ်းရှီရဲ့ ဆရာဆိုတော့ အဲ့ဒီ ဆေးနတ်ဘုရား မဟုတ်လား*
လျှိုယွိရှီနှင့် စုမြောင်ချန်တို့သည်လည်း ချက်ချင်း မှင်တက်သွားပြီး ကြောက်ရွံ့သော အမူအရာများ ဖြစ်လာသည်။
*အဲ့သာမညောင်ညကောင်က ယွမ်ပမ်းရှီရဲ့ ဆရာ ဖြစ်နေတာပေါ့*
*ပြီးတော့ ငါတို့က သူ့ကို ရန်စမိတာလေ၊ သွားပြီ*
*ငါတို့ သေပြီ*
ထိုသို့သောသူမျိုးသည် ပါးစပ်လှုပ်လိုက်ရုံနှင့် သူတို့ကို မြေမြှုပ်စရာ အလောင်းပင် မကျန်အောင် လုပ်နိုင်သူ ဖြစ်သည်။ သူတို့ အမှားကြီး မှားလေပြီ။
စုမြောင်ချန်သည်လည်း တစ်ကိုယ်လုံး အေးစက်သွားသည်။ သူ စတွေ့စဉ်ကတည်းက ယဲ့ဖန်ကို အထင်သေးခဲ့ပြီး ယဲ့ဖန်တွင် ဤသို့သော နောက်ခံ ရှိလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိချေ။
*လတ်စသက်တော့ သူက ယွမ်ပမ်းရှီရဲ့ ဆရာ ဖြစ်နေတာကိုး*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ဝမ်ကောဖူက သာမန်ကျောင်းသား မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် အစွမ်းအစ ရှိနေရတာလဲ*
“မင်းတို့အားလုံး သေသင့်တယ်”
ထိုအခိုက်တွင် ယွမ်ပမ်းရှီက ယန်နျန်ရီရှို့ဆေးလုံးကို ပြန်သိမ်းကာ လျှိုရှုရင်အား မာမာထန်ထန် ကြည့်လိုက်သည်။
“မင်းတို့ လျှိုမိသားစု၊ ငါ့ဆေးပညာနယ်ပယ်ရဲ့ မိုးကြိုးမုန်တိုင်းကို ခံယူဖို့ စောင့်နေလိုက်တော့”
“ပြီးတော့ မင်းတို့ …”
ယွမ်ပမ်းရှီက လျှိုယွိရှီနှင့် စုမြောင်ချန်တို့အား လက်ညှိုးထိုး၍ အေးစက်စက် ပြောလိုက်သည်။
“အဝေးကို ထွက်ပြေးဖို့ မကြိုးစားနဲ့”
လူသတ်ချင်စိတ်က တငွေ့ငွေ့ တောက်လောင်နေ၏။ ဤသည်ကိုမြင်သော် သုံးယောက်သား တစ်ကိုယ်လုံး တုန်ယင်လာပြီး အမူအရာများ အေးစက်လာသည်။
ယွမ်ပမ်းရှီက သူတို့ကို ခြိမ်းခြောက်နေခြင်းပင်။ ဤသည်ကြောင့် သူတို့ အလွန်အမင်း စိတ်မသက်မသာ ဖြစ်မိသည်။
ထိုအချိန်တွင် ဟွမ်ယွီလင်းကလည်း သူတို့ကို ကရုဏာသက်သလို ကြည့်နေ၏။
“အဲ့ယန်နျန်ရီရှို့ ဆေးလုံးကို အစက ကျွန်မအစ်ကိုယဲ့ ဖော်စပ်ထားတာ၊ အဲ့ဆေးအစွမ်းက သာမန် ယန်နျန်ရီရှို့ ဆေးလုံးတွေထက် ဆယ်ဆမက ပိုစွမ်းတယ်၊ အဲ့ဆေးလုံးနဲ့ ဒီနေ့ ရှင့်ကို အသက်ရှည်ပါစေလို့ ဆုတောင်းပေးမလို့ ရည်ရွယ်ထားတာ”
“ရှင်တို့က ကံဆိုးတာပဲ”
လျှိုရှုရင် ခုံပေါ် ပစ်ကျသွားပြီး တစ်ကိုယ်လုံး ဆယ်နှစ်ပိုအိုစာသွားပုံရသည်။ ယွမ်ပမ်းရှိကလည်း အေးစက်စွာ ခနဲ့လိုက်ပြီး ပြင်ဆင်ထားသော လက်ဆောင်ကို သိမ်း၍ ထွက်သွားလေသည်။
သူတို့သုံးယောက်လုံး လေးလံထိုင်းမှိုင်းသော အမူအရာများနှင့် ကျန်ခဲ့ကြသည်။
“အဖေ ကျွန်မတို့ ဘာလုပ်ကြမလဲ”
လျှိုယွိရှီ ကြောက်လန့်ကာ ငိုယိုနေသည်။ ယွမ်ပမ်းရှီ ထွက်မသွားခင် ခြိမ်းခြောက်ခဲ့သော စကားက သူမအတွက် မိုးကြိုးပစ်ချလိုက်သလိုပင်။
သူတို့ မဖြေရှင်းနိုင်လျင် ထိုလူအိုကြီးက သူတို့ကို တကယ် သတ်ပေလိမ့်မည်။ သူတို့ကို မသတ်လျင် တောင်မှ ရှုကျိုး၌ သူတို့၏ အနာဂတ်က ကောင်းနိုင်တော့မည် မဟုတ်ပါ။
လျှိုရှုရင်သည်လည်း ကြောက်လွန်းသဖြင့် မျက်နှာဖြူရော်နေပြီး ကူကယ်ရာမဲ့နေ၏။
“နင် ဘာလို့ အစကတည်းက မပြောတာလဲ”
လျှိုရှုရင်က ဟွမ်ယွီလင်းကို စိုက်ကြည့်လေသည်။ ဟွမ်ယွီလင်းသာ အစကတည်းက ယဲ့ဖန်၏ နောက်ခံကို ပြောပြခဲ့လျင် သူတို့ ဘယ်လိုလုပ် သူ့ကို လှောင်ပြောင်မိမည်နည်း။
“ကျွန်မ သူ့နောက်ခံကိ ကြိုပြောခဲ့မှ ရှင်တို့ သူ့ကို မျက်နှာလုပ်နိုင်မှာ ဟုတ်တယ်မလား၊ ဒါဆို သူက ကျွန်မကို ဘယ်လိုထင်သွားမလဲ၊ ကျွန်မ အဲ့လောက် အရှက်မရှိဘူးလို့ ထင်နေတာလား”
ဟွမ်ယွီလင်းက လှောင်ရယ်၍ ပြန်ပြောလိုက်သည်။
“ရှင်တို့ သူ့ကို အထင်သေးပြီး နည်းပေါင်းစုံနဲ့ စော်ကားခဲ့တာ ရှင်းနေတာပဲ၊ နောက်ဆုံးကျတော့ ကျွန်မကို လာအပြစ်ပုံချချင်တာလား”
လျှိုရှုရင် သက်ပြင်းချကာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို လက်ဖြင့်အုပ်ကာ ရုတ်တရက် ဆောက်တည်ရာမရတော့ချေ။ ယခုတစ်ခေါက်တွင်တော့ သူတို့ ဇာတ်သိမ်းလေပြီ။
တစ်ခဏကြာသော် ဟွမ်ထျန်းချန်လည်း ရောက်လာ၏။ လေးလံထိုင်းမှိုင်းသော အခြေအနေကို မြင်ပြီး သူ ချက်ချင်း ပဟေဠိ ဖြစ်သွားရသည်။
“မင်းတို့ ဘာဖြစ်တာလဲ၊ ဒီနေ့က မွေးနေ့ပွဲနေ့ကို ဘယ်လိုလုပ် နာရေးနဲ့တူနေတာလဲ”
“ထျန်းချန် မင်း ငါတို့ကို ကယ်မှရမယ်၊ မင်း ငါတို့ကို ကယ်ကိုကယ်မှ ရမယ်”
ထိုစဉ် လျှိုရှုရင်က ဟွမ်ထျန်းချန်ထံ ပြေးလာပြီး သူ့လက်ကို ဆွဲကာ ငိုတော့မတတ် တောင်းပန် လေတော့သည်။ လက်ရှိတွင် ဟွမ်ထျန်းချန်ကသာ သူတို့၏ တစ်ဦးတည်းသော ကူညီမည့်သူ ဖြစ်ပြီး ယဲ့ဘုရင်သာလျင် သူတို့အသက်ကို ကယ်နိုင်ပေတော့မည်။
ထိုအခိုက်တွင် လျှိုယွိရှီကလည်း ဟွမ်ထျန်းချန်ရှေ့၌ ဒူးထောက်လေသည်။
“ခဲအို ကူညီပါဦး၊ အခု ရှင်ပဲ ကျွန်မတို့ကို ကူညီနိုင်မှာ”
ဤသည်ကိုမြင်သော် ဟွမ်ထျန်းချန် ထိတ်လန့်သွားသည်။
“မင်းတို့ ဘာဖြစ်တာလဲ၊ ဘာဖြစ်ခဲ့တာလဲ”
“ငါတို့ …”
လျှိုရှုရင်၏ အမူအရာက ထိုင်းမှိုင်းလာပြီး တွေဝေစွာ ပြောလိုက်သည်။
“ငါတို့ ရန်မစနိုင်တဲ့လူကို ရန်စလိုက်မိတယ်”
ထိုစကားကိုကြားသော် ဟွမ်ထျန်းချန် တစ်ခဏမျှ အံ့ဩသွားပြီးမှ ကျယ်လောင်စွာ ထရယ်လေသည်။
“ကျုပ် ဘယ်လောက် အဆင့်အတန်း မြင့်တယ်လို့ ထင်လဲ၊ ဒီအင်ပါယာမှ ကျုပ် ရန်မစနိုင်တဲ့လူဆိုတာ မရှိဘူး”
“ခင်ဗျားတို့ ဘယ်လိုလူကိုမဆို ရန်စခဲ့မိလည်း ရတယ်၊ ကျုပ် ဖြေရှင်းနိုင်တယ်”
ဟွမ်ထျန်းချန် အလွန် ယုံကြည်မှု ရှိနေသည်။ အကြောင်းမှာ သူ့အနောက်၌ နတ်ဘုရားကဲ့သို့သော ယဲ့ဘုရင် ရှိနေ၍ ဖြစ်ပေသည်။ ထို့ကြောင့် သူ မည်သူ့ကိုမှ မကြောက်ဘဲ ယုံကြည်မှု ရှိနေ၏။
သူ့စကားကိုကြားသော် လျှိုယွိရှီနှင့် လျှိုရှုရင်တို့ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်း ပျော်သွားကြသည်။
သို့သော် ဟွမ်ယွီလင်းက လှောင်ရယ်လေသည်။
“ယုံကြည်မှုတွေ အရမ်း ရှိမနေပါနဲ့ဦး၊ သူတို့ ဘယ်သူ့ကို ရန်စမိသလဲ အရင် မေးကြည့်လိုက်ပါ”
*ဟမ်*
ဟွမ်ထျန်းချန်၏ မျက်နှာက သုန်မှုန်သွားပြီး ဤကိစ္စ မည်မျှ လေးနက်ကြောင်း ခန့်မှန်းမိသွားပုံရသည်။ သူ၏ ယခင် အပြုအမူကို ဘေးချိတ်၍ မေးလိုက်သည်။
“ဘယ်သူ့ကို ရန်စမိတာလဲ”
“ငါတို့ ယွမ်ပမ်းရှီရဲ့ ဆရာကို ရန်စမိတာ”
လျှိုရှုရင် အမှန်အတိုင်း ပြောလိုက်သည်။
“ယွမ်ပမ်းရှီရဲ့ ဆရာ၊ အဲ့ဒါ …”
ဟွမ်ထျန်းချန်က တစ်ခုခုကို အတည်ပြုချင်နေသကဲ့သို့ ဟွမ်ယွီလင်းကို သံသယဖြင့် ကြည့်လိုက်သည်။ ထိုအခါ ဟွမ်ယွီလင်းက လေးလံစွာ ခေါင်းညိတ်ပြလေသည်။
ဟွမ်ထျန်းချန် အသက်ပင် မရှူနိုင်အောင်ဖြစ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့ဟန်များ ဖုံးလွှမ်း လာသည်။
ထို့နောက် သူသည် ရှုံ့မဲ့နေသော မျက်နှာထားနှင့် လျှိုရှုရင်တို့ကို အေးစက်စွာ ပြောလိုက်သည်။
“အခုကစပြီး ကျုပ်တို့ အချင်းချင်း ဘာမှမပတ်သက်တော့ဘူး၊ ကျုပ်တို့ကို ထပ်ဆက်သွယ်စရာ မလိုဘူး၊ မေ့လိုက်တော့”
လျှိုရှုရင်နှင့် လျှိုယွိရှီတို့ ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ ဟွမ်ထျန်းချန် ဤမျှမြန်မြန် ပြောင်းလဲ လိမ့်မည်ဟု ထင်မထားမိပေ။
*ခဏလောက် ဟိုလှည့်ဒီလှည့် လုပ်တာနဲ့ ချက်ချင်း စိတ်ပြောင်းရလား၊ မယုံနိုင်စရာပဲ*
“ထျန်းချန် မင်း …”
လျှိုရှုရင်က ဟွမ်ထျန်းချန်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ သူ၏ သားမက်ဖြစ်သူက သူ့ကို ဤအပြုအမူဖြင့် ဆက်ဆံလိမ့်မည်ဟု မျှော်လင့်မထားမိပါ။
ယခင်က ဟွမ်ထျန်းချန်သည် သူ့အား တလေးတစား ဆက်ဆံပြီး နည်းနည်းလေးမျှ မကျေနပ်ကြောင်း မပြခဲ့ချေ။
သို့သော် ယခု ဟွမ်ထျန်းချန်က ချက်ချင်း စိတ်ပြောင်းခဲ့သည်။ ဧကန္တ ဖုန်းယဲ့ကြောင့်များလေလော။ လျှိုရှုရင် ငိုချင်လာသည်။
*အဲ့ကောင်က ဘယ်သူလဲကွာ*
“ခဲအို ကျွန်မတို့ကို ပစ်မထားပါနဲ့၊ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”
လျှိုယွိရှီ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်နှာ ပြာနှမ်းကာ ကြံရာမရသော မျက်နှာထား ဖြစ်နေ၏။
“မင်းတို့မှာ ရွေးစရာမရှိဘူးလို့ ဘယ်သူ ပြောလဲ၊ မင်းတို့ သေလို့ရနေတာပဲကို”
ဟွမ်ထျန်းချန်က လှောင်လေသည်။ ထိုစကားက အမှန်ပင် စိတ်မချမ်းသာစရာ ကောင်းလှသည်။
ထိုစကားကိုကြားသော် လျှိုယွိရှီနှင့် လျှိုရှုရင်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားသည်။ ဟွမ်ထျန်းချန်က ထိုသို့ ပြောလိမ့်မည်ဟု မယုံကြသည့်ပုံပင်။
“အဲ့လိုလူကို ရန်စပြီးမှ ကျုပ် ခင်ဗျားတို့ကို ကာကွယ်မယ်လို့ မျှော်လင့်နေသေးတာလား၊ ကျုပ်ကိုပါ သေစေချင်တာလား”
ဟွမ်ထျန်းချန် အံကြိတ်၍ ပြောလိုက်သည်။ သူသည်လည်း အစောပိုင်းက လင်းဝူယာလိုပင်၊ ဘာမှမမြင်တော့အောင်ကို လေးစားသူ ဖြစ်သည်။
လျှိုရှုရင်နှင့် လျှိုယွိရှီတို့ ယဲ့ဖန်ကို ရန်စခြင်းက သူ့ကိုပါ ရန်စသလိုပင်။
“ဒါပေမဲ့ မင်းဘေးမှာ ယဲ့ဘုရင် ရှိတယ် မဟုတ်လူးလား၊ ဧကန္တ သူကပါ အဲ့ကောင်ကို မယှဉ်နိုင်တာလား”
လျှိုယွိရှီ မယုံနိုင်သလို မေးလိုက်သည်။
“ဟုတ်တယ် ယဲ့ဘုရင်တောင် အဲ့လူကို မယှဉ်နိုင်ဘူး”
ဟွမ်ထျန်းချန် အေးစက်စက် မျက်နှာပေးနှင့် ပြောလိုက်သည်။ ယဲ့ဘုရင်က ဖုန်းယဲ့ဖြစ်သဖြင့် သူ ဖုန်းယဲ့ကို မယှဉ်နိုင်သည်က ဖြစ်ရိုးဖြစ်စဉ်သာ။
ထိုစကားကိုကြားသော် သားအဖနှစ်ယောက်လုံး ပိုဆောက်တည်ရာမရတော့ချေ။ လက်ရှိတွင် သူတို့ စိတ်အနေအထားက အောက်ဆုံးအထိ ထိုးကျသွားပြီး စိတ်ထဲ၌ ဆောက်တည်ရာ မရတော့ပါ။
ထိုအခိုက်တွင် လူနှစ်ယောက်က တံခါးကိုဖွင့်၍ ဝင်လာသည်။ ထိုသူမှာ ကျီးကန်း တာအိုသခင်နှင့် ရှင်းကျီတို့ပင်။ ကျီးကန်းတာအိုသခင်က သူ့အား နွေးထွေးစွာ နှုတ်ဆက်လေသည်။
“အစ်ကိုလျှို ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ”
လျှိုရှုရင် ချက်ချင်း အံ့ဩသွားသည်။ ကျီးကန်းတာအိုသခင်၏ အကြောင်းကို သူ သိပါသည်။ ဤလူက သူ့ထက် နှစ်ထောင်ချီ၍ အသက်ကြီးသည်။ သို့သော် သူ့အား အစ်ကိုဟု ခေါ်နေသဖြင့် လျှိုရှုရင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
လက်ဆောင်ပေးပြီးနောက် ကျီးကန်းတာအိုသခင်က ဟွမ်ယွီလင်းကို မေးလိုက်သည်။
“သခင်ကြီးက ဘယ်မှာလဲ”
တကယ်တမ်းတွင် သူ့မာနကို ဘေးချိတ်၍ သေမျိုးတစ်ယောက်၏ မွေးနေ့ပွဲကို တက်ရောက်ရသည့် အကြောင်းရင်းမှာ ယဲ့ဖန်နှင့် တွေ့လိုသောကြောင့် ဖြစ်သည်။
ထိုရက်မှစ၍ ကျီးကန်းတာအိုသခင်သည် ယဲ့ဖန်၏ ပရိသတ် ဖြစ်လာပြီး ယဲ့ဖန်အား အလွန်အမင်း လေးစားခဲ့သည်။
အနားမှ ရှင်းကျီသည်လည်း ချက်ချင်း စိတ်လှုပ်ရှားလာပြီး ဟွမ်ယွီလင်းအား စိတ်အားထက်သန်စွာ ကြည့်၍ သူမ ပြန်ပြောမည့်စကားကို စောင့်နေ၏။ သူမ၏ ကြည်နူးဖွယ် နှလုံးသားလေးက တသိမ့်သိမ့် လှုပ်ရှားနေ၏။