← Chapters

အခန်း ၁၄၄၂

Vol. 97 Ch. 1442

အခန်း ၁၄၄၂

Vol. 97 Ch. 1442

Chapter 1442 နောက်ထပ် သတင်းဆိုးသုံးခု

ဟွမ်ယွီလင်း အေးစက်စွာ ရယ်လိုက်ပြီးနောက် လျှိုရှုရင်နှင့် အခြားသူများကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“သူတို့ မောင်းထုတ်လိုက်တာလေ”

ကျီးကန်း တာအိုသခင် တစ်ခဏမျှ အံ့ဩနေပြီးနောက် ဒေါသတကြီး ပြောလေတော့သည်။

“ကောင်မစုတ်လေး မဟုတ်တာတွေ ပြောနေတယ်၊ ဘယ်သူက လုပ်ရဲမှာလေ”

“သူတို့ကတော့ လုပ်ရဲတယ်လေ”

ဟွမ်ယွီလင်း နှုတ်ခမ်းစူကာ မကျေမနပ် ပြောလေသည်။

“တကယ် မောင်းထုတ်လိုက်တာလား”

ကျီးကန်း တာအိုသခင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

“သူတို့ကိုပဲ မေးကြည့်လိုက်ပါတော့လား”

ဟွမ်ယွီလင်း ရွဲ့သလိုလို ခနဲ့သလိုလို ပြောလိုက်သည်။ ကျီးကန်း တာအိုသခင် မျက်နှာမည်းမှောင်သွားပြီး လျှိုရှုရင်နှင့် အခြားသူများအားလုံးကို ကြည့်လိုက်သည်။

ဤသည်ကိုမြင်သော် လျှိုရှုရင်နှင့် အခြားသူများ စိတ်ထဲ၌ သေချင်စိတ် ပေါက်သွားကြသည်။

*ဖုန်းယဲ့ရဲ့ နောက်ခံက ဘာမို့လို့ လူတိုင်းက သူ့ကို မျက်နှာလုပ်ချင်ရတာလဲ*

သူတို့မိသားစုကလွဲ၍ တစ်လောကလုံး၌ ယဲ့ဖန်ကို မသိသူမရှိသလိုပင်။ လျှိုရှုရင်နှင့် အခြားသူများ၏ အမူအရာကိုကြည့်ပြီး ကျီးကန်း တာအိုသခင် အရာအားလုံးကို နားလည်သွားကာ သရော်ပြုံး ပြုံးလိုက်သည်။

“ဒီလို နတ်ဘုရားကို တခြားသူတွေက မဖိတ်နိုင်လို့ နှမြောတသ ဖြစ်နေတာတောင် မင်းတို့က သူ့ကို မောင်းတောင် ထုတ်လိုက်သေးတယ်၊ မင်းတို့ ရူးနေလား”

*အဆူခံရပြန်ပြီ*

*ထပ်အဆူခံရပြန်ပြီ*

လျှိုရှုရင်နှင့် လျှိုယွိရှီတို့ နှစ်ယောက်လုံး ငိုချင်စိတ် ပေါက်နေကြပြီး စိတ်ထိခိုက်နေကြသည်။ လက်ရှိတွင် တစ်လောကလုံးက သူတို့ကို ဆန့်ကျင်နေလေသလား မှတ်ရသည်။

“သခင်ကြီးမရှိရင် ငါက မင်းလို သေမျိုးကို မွေးနေ့လက်ဆောင်ပေးပြီး မင်းမွေးနေ့ပွဲကို တက်မယ် ထင်နေလား၊ မင်းကိုယ်မင်း ဘာထင်နေလဲ”

ကျီးကန်းတာအိုသခင် ပိုပို၍ ဒေါသထွက်လာပြီး သူ့ခန္ဓာကိုယ်မှ လူသတ်လိုသော အငွေ့အသက်က ပိုမို ပြင်းထန်လာ၏။ လျှိုရှုရင်နှင့် အခြားသူများက ဟွမ်ယွီလင်း၏ အဘိုးနှင့် မိသားစုဝင်များ ဖြစ်မနေလျင် ယခုချက်ချင်း သွေးချောင်းစီးလောက်သည်။

လျှိုရှုရင်တို့သည် အစမှအဆုံးတိုင် ခေါင်းကိုသာ ငုံ့ထားကြပြီး ဘာတစ်ခွန်းမှ မပြောရဲဖြစ်ကာ မျက်နှာများ ပြာနှမ်းနေ၏။

“မင်းတို့ အသက်ရှင်ချင်သေးတယ်ဆိုရင် မင်းတို့ကို ရှုကျိုးကနေ မြန်မြန် ထွက်သွားဖို့ အကြံပေးလိုက်မယ်၊ သခင်ကြီးက မင်းတို့အသက်ကို နုတ်မယူဘူး ဆိုရင်တောင်မှ သူ့နောက်လိုက် တွေက အလွတ်ပေးမှာ မဟုတ်ဘူး”

*ဘာ*

ထိုစကားကြောင့် လျှိုရှုရင်တို့ သားအဖနှစ်ယောက်လုံး ချောက်ချားသွားသည်။

*အဖြစ်အပျက်က အသက်ကိုပါ ခြိမ်းခြောက်တဲ့အဆင့်ထိ ကြီးသွားတာလား*

သူတို့၏ မျက်နှာများ ဖြူရော်လာပြီး မယုံနိုင်ဖြစ်ကာ အလွန်အမင်း‌ ကြောက်လန့်နေကြသည်။ လက်ရှိတွင် သူတို့ ဘေးဘီကို လှည့်ကြည့်လိုက်လေသည်။ ထိုအခါ လူတိုင်းက အေးစက်သော မျက်နှာများနှင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အစောပိုင်းလေးတင် သူတို့ ယဲ့ဖန်ကို လှောင်ပြောင်ပုတ်ခတ်ခဲ့ပြီး သူ၏ နောက်ခံကို သိလိုက်ရပြီးနောက် သူတို့စိတ်ထဲ၌ အလွန်အမင်း နောင်တရနေကြသည်။ သို့သော် နောင်တရခြင်းနှင့် သွေးပျက်ခြင်းက မတူညီသော စိတ်အခြေအနေပင်။

ယခု ကျီးကန်းတာအိုသခင်က ဤသို့ ပြောလာသဖြင့် သူတို့၌ တကယ်ပင် အသက်အန္တရာယ်ကို စိုးရိမ်ရလောက်သည်။

*ဒါက*

ရုတ်တရက် လျှိုယွိရှီ တုန်ယင်သွားပြီး ဟွမ်ထျန်းချန်ကို ကြည့်လိုက်သည်။

“ခဲအို သူ ပြောတာ အမှန်ပဲလား”

ဟွမ်ထျန်းချန် အေးစက်စွာ ပြန်ပြောလိုက်သည်။

“မင်း အဲ့သခင်ကြီးကို ရန်စမိပြီးမှတော့ အသက်ရှင်ချင်ရင် ဒီနည်းပဲ ရှိတော့တယ်၊ မင်းတို့ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရန်စမိလဲ မသိကြဘူး”

“သခင်ကြီးက သဘောထားကြီးလို့ မင်းတို့ကို ဂရုမစိုက်တာ မဟုတ်ရင် မင်းတို့ သေနေလောက်ပြီ”

“သူ မင်းတို့ကို မသတ်ပင်မယ့် သူ့နောက်လိုက်တွေကတော့ မင်းတို့ သူတို့ ရင်ထဲက နတ်ဘုရားကို စော်ကားတာကို သိသွားရင် သတ်ဖို့ကြိုးစားမှာ ကျိန်းသေတယ်”

“အခု မင်းတို့ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးက ရှုကျိုးကနေ ထွက်သွားဖို့ပဲ မဟုတ်ရင် … မင်းတို့ ကံကြမ္မာက သေတာထက် ပိုဆိုးသွားမယ်လို့ ငါ ပြောရဲတယ်”

လျှိုရှုရင်နှင့် လျှိုယွိရှီတို့ အတွေးထဲ ဗလာဖြစ်သွားပြီး သွေးပျက်သော အမူအရာများ ဖြစ်လာပြီး ကြံရာမရ ဖြစ်လာကြသည်။ လျှိုရှုရင်က ဟွမ်ယွီလင်းရှေ့၌ ဒူးထောက်၍ မျက်ရည်တို့ဖြင့် ပြောလေသည်။

“ယွီလင်း ငါတို့ကို ကယ်ပါဦး၊ ကျေးဇူးပြုပြီး အဘိုးတို့ကို ကယ်ပါဦး”

“ဟူး…”

ဟွမ်ယွီလင်း သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်မ အစ်ကိုယဲ့ကို ရှင်တို့ကို ချမ်းသာပေးဖို့ ပြောကြည့်ပေးမယ်”

နောက်ဆုံး၌ သူမ စိတ်ပျော့သွားလေသည်။

“ကျေးဇူးပါပဲ၊ ကျေးဇူးတင်ပါတယ်”

လျှိုရှုရင် ချက်ချင်း ဝမ်းသာသွားသည်။ ဟွမ်ယွီလင်းနှင့် ယဲ့ဖန်တို့က အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း သူ သိပါသည်။ ဟွမ်ယွီလင်း ပြောပေးသရွေ့ ယဲ့ဖန် တားဆီးပေးလောက်သည်။

သို့သော် သူမ တံခါးအပြင်သို့ ထွက်တော့မည့်အချိန်၌ အပြင်ဘက်မှ လေအေးတစ်ချက် တိုက်ခတ်လာပြီး ကြမ်းကြုတ်သော အငွေ့အအသက်တစ်ခု ဝင်ရောက်လာသည်။ ၎င်းသည် လောဟာနယ်ကို ခွဲနိုင်လောက်သည်အထိ ကြမ်းကြုတ်လှသည်။

ထိုစဉ် တစ္ဆေကဲ့သို့သော လူရိပ်တစ်ခုက လေဟာနယ်ကို ခွင်း၍ အားလုံးရှေ့သို့ ရောက်လာသည်။ ပြင်းထန်သော နတ်ဆိုးအငွေ့အသက်နှင့် စွမ်းအင်တို့ ပေါင်းစပ်နေသောသူက ဝုန်းခနဲ ပေါ်ထွက်လာသည်။

ရောက်လာသူက ကောင်းသော လာခြင်း မဟုတ်ပါ။ ထို့နောက်တွင်မူ ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က အားလုံးရှေ့၌ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် စူးရှသော အကြည့်နှင့်အတူ ခက်ထန်သော အမူအရာဖြင့် ဟွမ်ယွီလင်းကို စူးစိုက်ကြည့်နေ၏။

“မင်းက ဟွမ်ယွီလင်းလား”

အသံက ပြာအက်အက်နှင့် နားဝင်ဆိုးလှသည်။

“ဆံဖြူနတ်ဆိုးလား”

ထိုသူကိုမြင်သောအခါ ကျီးကန်း တာအိုသခင် ကြက်သီးထသွားပြီး အလန့်တကြား ထအော်လိုက်သည်။

ထိုသူသည် နတ်ဘုရင်အဆင့် တစ်ယောက်ဖြစ်သည်။ သို့သော် ရက်စက်ကြမ်းကြုတ်သော လူသတ်သမား တစ်ဦးပင်။

သူ့၌ ဝါသနာတစ်ခုသာ ရှိသည်။ ၎င်းမှာ သူတော်စင်သခင်အဆင့်များကိုသာ အမဲလိုက်၍ စားသုံးခြင်းပင်။

သူတော်စင်သခင်အဆင့်သို့ ရောက်နေသော မည်သူမဆိုသည် ဆံဖြူနတ်ဆိုးဟူသည့် နာမည်လေးလုံးကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားကြသည်။

သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်ရှိကာ အရပ်ပုကာ ပိန်ပါး၍ အေးစက်စူးရှသော မျက်လုံးများ ရှိသည်။ သူ့ထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များပါ ပေါင်းလိုက်လျင် အလွန်အမင်း ကျောချမ်းဖွယ် ကောင်းလှသည်။

သူ့ခန္ဓာကိုယ်မှ ပုပ်အဲ့အဲ့အနံ့လည်း ထွက်နေသေးသည်။ သေချာ အနံ့ခံကြည့်မည်ဆိုလျင် လူသေ အလောင်း၏ အပုပ်နံ့ ဖြစ်သည်ကို သိရပေလိမ့်မည်။

ဤသည်မှာ သူ လူသားအစားများပြီး သူ့ကိုယ်မှ အပုပ်နံ့ ထွက်နေခြင်း ဖြစ်ကာ လူဟုပင် မခေါ်နိုင်တော့ပေ။ လူသား လုံးဝ မဟုတ်ပါ။

လူတိုင်း ဆံဖြူနတ်ဆိုးအား ကြောက်လန့်တကြား ကြည့်နေကြသည်။ ဤလူထံမှ ထိတ်လန့်စရာ ကောင်းသော အရှိန်အဝါ ထွက်ပေါ်နေ၏။

အထူးသဖြင့် စုမြောင်ချန်ပင်။ ဆံဖြူနတ်ဆိုး ထုတ်ဖော်နေသော ဖိအားအား သူတော်စင်သခင် အဆင့်ဖြစ်သော သူ့ထက် မည်သူမှ ပိုမခံစားနိုင်ပါ။

တစ်ဖက်လူ၏ နာမည်ကိုကြားပြီးနောက် စုမြောင်ချန် ကြက်သီးထသွားသည်။

*ဒီနတ်ဆိုးအိုကြီးက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ*

ချက်ချင်းဆိုသလိုပင် စုမြောင်ချန် တဆတ်ဆတ် တုန်လာပြီး မျက်နှာ ဖြူရော်ကာ ဆံဖြူနတ်ဆိုးအား ကြောက်လန့်တကြား ကြည့်နေမိသည်။

ကျီးကန်းတာအိုသခင်လည်း မျက်နှာထား လေးနက်နေသည်။ ဤသည်မှာ ရန်သူကြီး ဖြစ်ပြီး ကောင်းသော လာခြင်းနှင့် လာသူ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဆံဖြူနတ်ဆိုး၌ မိတ်ဆွေမရှိကြောင်း သူ ကောင်းကောင်း သိထားသောကြောင့်ပင်။ ယဲ့ဖန်ကြောင့် သူ ပေါ်လာခြင်း မဖြစ်နိုင်ပါ။

“ကျွန်မက ဟွမ်ယွီလင်းပဲ၊ ရှင်က ဘယ်သူလဲ”

သူမရှေ့မှ ဆံဖြူနတ်ဆိုးကို ကြည့်ပြီး ဟွမ်ယွီလင်း၏ ခန္ဓာကိုယ်က သတိအနေအထား ဖြစ်လာပြီး အမူအရာက ပျာယာခတ်လာသည်။

“ငါလား”

ဆံဖြူနတ်ဆိုးက ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်ပြီး ဟွမ်ယွီလင်းအား အန္တရာယ်ပေးလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါ မင်းကို သတ်ဖို့ ရောက်လာတာ”

*ဘာ*

ထိုစကားကိုကြားသော် လူတိုင်း မျက်နှာပျက်သွားပြီး အံ့ဩသွားကြသည်။

*ဘာလို့ ဆံဖြူနတ်ဆိုးက ဟွမ်ယွီလင်းကို သတ်ချင်ရတာလဲ*

*ဟွမ်ယွီလင်းက ဘယ်အချိန်တုန်းက ဆံဖြူနတ်ဆိုးကို ရန်စမိလို့လဲ*

တစ်ဖက်လူသည် နတ်ဘုရင်အဆင့်ဖြစ်သော ဆံဖြူတ်နတ်ဆိုးဖြစ်ပြီး သူတော်စင်သခင်အဆင့်ကို စားသုံးသူ ဖြစ်ကာ အပျော်သဘောဖြင့် နတ်ဘုရင်အဆင့်ကိုပင် အမဲလိုက်တတ်သူ ဖြစ်သည်။ ကြောက်စရာ ကောင်းသောသူပင်။ အဘယ်ကြောင့် သူက ဟွမ်ယွီလင်းကို သတ်ချင်ရသနည်း။

ဟွမ်ယွီလင်း နားဝေတိမ်တောင် ဖြစ်သွားပြီး တအံ့တဩ မေးလိုက်သည်။

“လူကြီးမင်း ရှင် လူမှားနေတာလား၊ ကျွန်မ ရှင့်ကို တစ်ခါမှ ရန်မစမိပါဘူး၊ ရှင် ဘာလို့ ကျွန်မကို သတ်ချင်ရတာလဲ”

“မင်း အိုးရန်ချင်ရွှယ်ကို သိလား”

ဆံဖြူနတ်ဆိုးက အပြုံးနှင့် မေးလာသည်။ သူ့မျက်လုံးတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ထိုနာမည်ပိုင်ရှင်ကို အလွန် မုန်းတီးနေ၏။

ဟွမ်ယွီလင်း ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားသည်။ တစ်ဖက်လူက သူမ၏ ခေါင်းကိုင် အမေကြောင့် သူမကို သတ်ချင်နေသည်ကိုး။

ချက်ချင်းဆိုသလိုပင် ဟွမ်ယွီလင်း၏ မျက်နှာ သုန်မှုန်သွားသည်။ တစ်ဖက်လူက လူမှားနေခြင်း မဟုတ်မှန်း သူမ သိလိုက်လေပြီ။

“ဘာလဲ ဘာမှမပြောနိုင်တော့ဘူး မဟုတ်လား၊ ဒါက ငါ ရှာတဲ့လူက မှန်တယ်ဆိုတာကို ပြနေတာပဲ”

ဆံဖြူနတ်ဆိုးက ဟွမ်ယွီလင်းကို ခက်ထန်သော မျက်လုံးများနှင့် ကြည့်နေသည်။

“အဲ့ခွေးမက ငါ အစာအတွက် အမဲလိုက်နေတုန်း ငါ့ကို အနိုင်ယူသွားတယ်လေ၊ ငါသာ အားကုန်သုံးပြီး မပြေးခဲ့ရင် ဆိုးဆိုးရွားရွား သေနေလောက်ပြီ”

ထို့နောက် ဆံဖြူနတ်ဆိုးသည် သူ၏ ဗလာဖြစ်နေသော ဘယ်ဘက်အင်္ကျီစကို ပွတ်၍ နာကျည်းစွာ ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့ကိစ္စကြောင့် ငါ့လက်တစ်ဖက် ပြတ်ခဲ့ရတယ်”

“အဲ့ခွေးမကို ငါ တစ်သက်လုံး လက်စားပြန်ချေလို့ မရမှာ စိုးရပင်မယ့် မင်းကတော့ မတူဘူး”

ဆံဖြူနတ်ဆိုးက ဟွမ်ယွီလင်းကို အန္တရာယ်ပေးတော့မည့်ဟန်ဖြင့် ကြည့်နေသည်။

“သူ့သမီးကို သတ်လိုက်တာက သူ့ကို ရူးမတတ် ဖြစ်စေမှာပဲ”

“မင်း အပြစ်တင်ချင်ရင်လည်း အဲ့လို ခေါင်းကိုင်အမေ ရထားတာကိုသာ အပြစ်တင်လိုက်”

“ဟီးဟီး လတ်စသက်တော့ ငါ့ခေါင်းကိုင်အမေကို မနိုင်တဲ့ အမှိုက်ကိုး၊ သူ့ကို လက်စားမချေရဲလို့ နိုင်မယ့်လူကို ရွေးထားပေါ့လေ”

ဟွမ်ယွီလင်းက လှောင်ရယ်လေသည်။

“နတ်ဘုရင်အဆင့်ဆိုတော့ ကောင်းကင်ကိုတောင် ထမ်းထားနိုင်တဲ့လူလို့ ထင်နေတာ၊ ဒီလို လူမိုက်မျိုး ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး”

သူမစကားကိုကြားသော် ဆံဖြူနတ်ဆိုး ရုတ်တရက် မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးများက အေးစက်လာ၏။

“ယွီလင်း မပြောနဲ့”

ဟွမ်ထျန်းချန်က ဟွမ်ယွီလင်းကို ချက်ချင်း ဆူပူလိုက်သည်။ ထိုသို့သော မကောင်းဆိုးဝါးသည် သူတို့ ရန်စနိုင်သည့်သူမျိုး မဟုတ်ပါ။ ယဲ့ဖန် ဤနေရာ၌ မရှိသောကြောင့် သူတို့ သေရပေလိမ့်မည်။

“အဖေ ကျွန်မတို့ လိုက်လျောညီထွေ ပြောရင်ရော သူ ကျွန်မကို လွှတ်ပေးမယ်လို့ ထင်နေတာလား”

ဟွမ်ယွီလင်းက သရော်လိုက်သည်။ သူမ၏ ကံကြမ္မာကို သူမ လက်ခံထားပြီးလေပြီ။ ဆံဖြူနတ်ဆိုး၏ သူမအပေါ် ထားရှိသော အဆုံးအစမဲ့သည့် အမုန်းတရားများကို သူမ ခံစားမိသည်။

“ကလေးမ မင်းက ဉာဏ်ကောင်းသားပဲ၊ ဟုတ်တယ်၊ ဒီနေ့ ငါ့လက်ထဲမှာ မင်း သေကိုသေရမယ်”

ဆံဖြူနတ်ဆိုးက ကြောက်စရာကောင်းအောင် ရယ်မောလိုက်သည်။

“ငါအကြိုက်ဆုံးက မင်းလို ဖြူဖွေးနူးညံ့တဲ့ ကလေးမလေးရဲ့ အသားကို စားရတာပဲ”

“ဒါပေမဲ့ မင်းကို မစားခင် ငါ မင်းရဲ့ ဖြူစင်တဲ့ ကိုယ်လေးနဲ့ ကစားဦးမယ်၊ မင်းကို မမေ့နိုင်အောင် လုပ်ပြီးမှ တမလွန်ကို ပို့ပစ်မယ်ကွ”

ဟွမ်ယွီလင်းက အပျိုစင်ဖြစ်ကြောင်း ဆံဖြူနတ်ဆိုး သတိထားမိသွားပြီး ဤသို့သော ခန္ဓာကိုယ်နှင့် မပျော်ပါးရလျင် နှမြောစရာကောင်းသည်ဟု တွေးနေသည်။

ထိုစကားကိုကြားသော် ဟွမ်ထျန်းချန် ကြောက်ရွံ့သွားသည်။

“လူကြီးမင်း ဒီလိုမလုပ်သင့်ပါဘူး၊ ကျုပ်တို့ ခင်ဗျားကို ရန်မစခဲ့ဘူးလေ၊ ဘယ်လိုလုပ် ဒီလောက် မောက်မာပြီး အကျိုးသင့် အကြောင်းသင့် မလုပ်ရတာလဲ”

“ခင်ဗျားမှာ ရန်ကြွေးရှိတယ်ဆိုရင် ဆပ်ရမယ့်သူကိုပဲ ရှင်းရမှာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို လုပ်ရတာလဲ”

လက်ရှိတွင် ဟွမ်ထျန်းချန်၌ အတွေးတစ်ခုသာ ရှိသည်။ ထိုအတွေးမှာ ဟွမ်ယွီလင်းအတွက် အချိန်ဆွဲထားပြီး ယဲ့ဖန် သတိထားမိစေရန် ဖြစ်လေသည်။

“ဘာလို့လဲ ဟုတ်လား၊ မင်းတို့က အားနည်းလို့လေ”

ချက်ချင်းဆိုသလိုပင် ဆံဖြူနတ်ဆိုးက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဖြတ်ခနဲ အလင်းတစ်ချက် ဖြတ်ပြေးသွားကာ ဟွမ်ထျန်းချန်အား အားဖြင့် ရိုက်ချိုးလိုက်သည်။

သွေးများ ပန်းထွက်လာပြီး ဟွမ်ထျန်းချန် ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ့ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားသည်။ ခြေချင်းဝတ်မှ တိခနဲ ပြတ်သွားခြင်းဖြစ်ပြီး ပြတ်သွားသော ခြေထောက်က ဘေး၌ ကျနေသည်။

ဤမြင်ကွင်းက ကျောချမ်းဖွယ်ကောင်းလှသည်။ ထင်ထားသည့်အတိုင်းပင် ဆံဖြူနတ်ဆိုးက ကောလာဟလအတိုင်း ရက်စက်ကြမ်းကြုတ်လှပြီး တိုက်ခိုက်ရန် တွေဝေခြင်း မရှိပေ။

“အဖေ”

ဤသည်ကိုမြင်သော် ဟွမ်ယွီလင်း သံကုန်အော်ဟစ်ကာ ဟွမ်ထျန်းချန်ထံ ပြေးသွားသည်။ သူမ စိုးရိမ်လွန်းပြီး မျက်ရည်များပင် ကျလာ၏။

All Chapters