← Chapters

အခန်း ၁၄၄၄

Vol. 97 Ch. 1444

အခန်း ၁၄၄၄

Vol. 97 Ch. 1444

Chapter 1444 အလွန် ဆောက်တည်ရာမရ ဖြစ်ခြင်း

*ခွင့်မလွှတ်နိုင်ဘူး*

*လုံးဝ ခွင့်မလွှတ်နိုင်ဘူး*

မိစ္ဆာဆန်၍ အေးစက်သော အရှိန်အဝါက တားဆီးမရအောင် ပျံ့လွင့်လာသည်ကို လူတိုင်း ခံစားလိုက် ရပြီး အားလုံး ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားလေသည်။

“မင်းက လူဟုတ်လို့လား မင်းက စိတ္တဇအရူးကွ”

လျှိုရှုရင်က အေးစက်စွာ ခနဲ့၍ အထင်သေးသလို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ယုတ်မာတဲ့ စိတ်နှလုံးသား ရှိတယ်၊ အဲ့ဒါကြောင့် မင်းက တစ်လောကလုံးက လူတွေကို မင်းလို ယုတ်မာရိုင်းစိုင်းစေချင်တာ”

“ဒါပေမဲ့ စိတ်မကောင်းစရာက ဒီလောကကြီးက မင်း ထင်သလို မယုတ်ညံ့ဘူး၊ လူတိုင်းက မင်းလို အကျင့်ပျက်မနေဘူး၊ မင်း ဘာကိုမှ မပြောင်းလဲနိုင်ဘူးကွ”

“ရွှစ်”

လျှိုရှုရင်၏ စကားအဆုံး၌ သူ့ဦးခေါင်းက ခန္ဓာကိုယ်မှ ပြတ်ထွက်သွားပြီး ဟွမ်ယွီလင်း၏ ခြေထောက်ရှေ့သို့ လိမ့်ကျလာသည်။

သေဆုံးသွားချိန်အထိ သူ့မျက်နှာတွင် ဆံဖြူနတ်ဆိုးအပေါ် အထင်သေးစက်ဆုပ်ဟန်တို့ဖြင့် ပြည့်နှက် နေ၏။

“ဘိုးဘိုး”

ဤသည်ကိုမြင်သော် ဟွမ်ယွီလင်း သည်းခြေပျက်သွားပြီး ညစ်ပတ်သည်၊ မညစ်ပတ်သည်ကို မတွေးနိုင်တော့ချေ။ သူမသည် ဦးခေါင်းပြတ်ကို ထွေးပွေ့လိုက်သောကြောင့် သူမတစ်ကိုယ်လုံး သွေးများဖြင့် ရွှဲရွှဲစိုသွားပြီး မျက်ရည်များက မိုးစက်သဖွယ် ကျဆင်းလာသည်။

“ဘယ်သူ ရှိသေးလဲ၊ နောက်ဘယ်သူက ငါ့ကို အထင်သေးရဲလဲ”

ဆံဖြူနတ်ဆိုးက ဒေါသတကြီး ကြွေးကြော်လေသည်။ လျှိုရှုရင်၏ စကားက သူ့ကို အရှိုက်ထိ စေကြောင်း သိသာလှသည်။ ထို့ကြောင့်သာ သူ ဒေါသထွက်လာခြင်း ဖြစ်ပေသည်။

“မင်း သူတို့ကို သတ်လိုက်၊ သူတို့ကို သတ်လိုက်ဖို့ ငါ မင်းကို အမိန့်ပေးတယ်”

ဆံဖြူနတ်ဆိုးက လျှိုယွိရှီကို လက်ညှိုးထိုး၍ အမိန့်ပေးလိုက်သည်။ သူ မယုံနိုင်ပါ။ ဤလူစု၌ သေရမည်ကို မကြောက်သည့်သူ မရှိဘူးတဲ့လား။

ဖခင်ဖြစ်သူ သေဆုံးသွားသည်ကို မြင်သောအခါ လျှိုယွိရှီ တွေဝေကာ ထိုင်းမှိုင်းသွားသည်။ သူ့စကားကို ကြားပြီးမှ တဖြည်းဖြည်း အသိပြန်ဝင်လာပြီး ခေါင်းမော့၍ ဆံဖြူနတ်ဆိုးအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်လေသည်။

“နင် ငါ့ကို တကယ် အန်ချင်အောင် လုပ်တာပဲ၊ သွားသေလိုက် မိစ္ဆာကောင်”

*ဘာ*

ဆံဖြူနတ်ဆိုး ကြက်သီးထသွားပြီး အော်ဟစ်လိုက်သည်။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ ငါ လုပ်ပေးရမှာပေါ့”

“အန်တီ”

ဟွမ်ယွီလင်း လျှိုယွိရှီကို အလန့်တကြား ကြည့်လိုက်မိသည်။ သို့သော် လျှိုယွိရှီက သူမကို ပြုံးပြ လေသည်။

“ယွီလင်း အန်တီ တောင်းပန်ပါတယ်၊ ဒီအန်တီက နင့်ကောင်လေးကို ဆိုးဆိုးရွားရွား ဆက်ခံခဲ့တယ် ဆိုတာက နင့်ကို ပိုကောင်းတဲ့ဘဝလေး ရစေချင်လို့ပါ”

“ကျွန်မ သိပါတယ်၊ ကျွန်မ သိပါတယ် …”

ဟွမ်ယွီလင်း ရှိုက်ငိုနေလေပြီ။

“ဖြောင်း”

ထို့နောက် အားပြင်းသော ရိုက်ချက်တစ်ချက်က လျှိုယွိရှီ၏ ဦးခေါင်းထံ ကျရောက်လာသည်။

“နင့်ကို တောင်းပန်ချိန်မရလိုက်တဲ့ အဘိုးအတွက်အပြင် အန်တီကိုယ်တိုင်အတွက်လည်း နင့်ကို တောင်းပန်ပါတယ်၊ နင် အန်တီတို့ကို စိတ်မဆိုးပါနဲ့”

“မဆိုးပါဘူး မဆိုးပါဘူး”

“ကလေးက လိမ္မာပါတယ်၊ အခု မျက်လုံးတွေ မှိတ်ထားလိုက်၊ မကြည့်နဲ့နော်”

“ဖြောင်း”

သို့သော် ဟွမ်ယွီလင်း မျက်လုံးမပိတ်နိုင်ခင်မှာပင် ဆံဖြူနတ်ဆိုးကြောင့် လျှိုယွိရှိ၏ ဦးခေါင်း တစစီ ကြေမွသွားလေသည်။

ပတ်ဝန်းကျင် အခြေအနေက အေးစက် တောင့်တင်းသွားသည်။ ဟွမ်ယွီလင်း တစ်ကိုယ်လုံး တောင့်တင်းနေပြီး ဦးခေါင်းမဲ့နေသော အလောင်းက သွေးအိုင်ထဲ လဲနေသည်ကိုကြည့်ပြီး မျက်ရည်က ရပ်တန့်ခြင်းမရှိ ကျဆင်းနေသည်။

မိမိမိသားစုက မည်မျှ ဆိုးရွားနေပါစေ အမြဲ မိမိမိသားစု ဖြစ်နေမှာပင်။ ဤလောကမှ လူတိုင်းက မိမိကို ထိခိုက်အောင် လုပ်လျင်တောင်မှ မိသားစုဝင်များက မိမိကို ထိခိုက်အောင် လုပ်မည် မဟုတ်ပါ။

ထို့ကြောင့် လျှိုယွိရှီနှင့် လျှိုရှုရင်တို့သည် သူတို့ သေခဲ့ရပါသော်လည်း ဟွမ်ထျန်းချန်နှင့် သူမကို ဓားနှင့် ချိန်ရွယ်လိုစိတ် မရှိခဲ့ပေ။

အကြောင်းရင်းက အလွန် ရိုးရှင်းပါ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မိမိ မိသားစုများ ဖြစ်နေသောကြောင့်ပင်။

လူသားများအား တောရိုင်းတိရစ္ဆာန်များနှင့် မတူကွဲပြားစေသည့် အချက်က သူတို့၏ လူ့သဘာဝကြောင့်ပင် မဟုတ်ပါလော။

လူသားဆန်သောစိတ်က တောက်ပနွေးထွေးပြီး မိစ္ဆာစိတ်က စက်ဆုပ်ဖွယ်ကောင်းသည်။

“အခြား ဘယ်သူက ငြင်းချင်သေးလဲ”

ဆံဖြူနတ်ဆိုး၏ မျက်နှာက ပိုပို၍ ရန်လိုကြမ်းကြုတ်လာ၏။ နတ်ဘုရင်အဆင့်ဖြစ်သောသူက ဘာမဟုတ်သော လူတစ်စု၏ အထင်သေးခြင်း ခံနေရသည်။ ဤသည်ကို သူ မည်သို့ လက်ခံနိုင် ပါမည်နည်း။ သူ့ကို မလေးမစားလုပ်သော ဤပုရွက်ဆိတ်ကောင်များ သေသင့်ပေ၏။

“ငါ လက်မခံဘူး”

“ငါ လက်မခံဘူး”

“ငါလည်း လက်မခံဘူးကွ”

သို့သော် ဟွမ်ထျန်းချန်၊ ကျီးကန်းတာအိုသခင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ငြင်းဆန်ပြီး ဆံဖြူနတ်ဆိုးအား စူးစိုက်ကြည့်၍ အေးစက်စက် ပြုံးနေကြသည်။

သူတို့အားလုံးကို လျှိုရှုရင်၏ အပြုအမူက လွှမ်းမိုးသွားပြီး လက်ရှိတွင် အားလုံးက ဆံဖြူနတ်ဆိုးအား အထင်သေးသော အကြည့်ဖြင့် ကြည့်နေကြလေသည်။

ယနေ့တွင် သူတို့၌ ဆံဖြူနတ်ဆိုးကို ကြောက်ရွံ့သည့်စိတ် မရှိတော့ဘဲ အထင်သေး စက်ဆုပ်စိတ်သာ ရှိတော့သည်။

ယခင်က ဆံဖြူနတ်ဆိုးသည် သူတို့အမြင်၌ ပြိုင်ဘက်ကင်းသော လူသတ်သမား ဖြစ်သည်။ ယခုအခါတွင်မူ ဆံဖြူနတ်ဆိုးအား စိတ္တဇ လူသတ်သမားဟုသာ မြင်ကြတော့သည်။ အချစ်မခံရသည့် လူ့အမှိုက် ငမွဲကောင်ဟုသာ မြင်လေသည်။

“မင်းက ချစ်ခြင်းမေတ္တာငတ်ပြီး ကြီးပြင်းလာခဲ့တယ်လို့ ငါထင်တယ်၊ အဲ့ဒါကြောင့် မင်းဦးနှောက်က မဖွံ့ဖြိုးဘဲ မင်းရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း ယုတ်ညံ့နေတာ၊ ဟုတ်တယ်မလား”

ဟွမ်ထျန်းချန် ရယ်နေသည်။

“အဲ့ဒါအပြင် သူ့အဖေက သူ့ကို ဆူလည်းမဆူသလို ချစ်လည်း မချစ်ခဲ့ဘူးထင်တယ်၊ သူ ကြီးလာတော့ သူ့မိန်းမက သူ့ကို ဦးထုပ်စိမ်း ဆောင်းခိုင်းခဲ့တယ်၊ အဲ့ဒါကြောင့် သူက လူ့အဖွဲ့အစည်းကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့တာ”

ကျီးကန်း တာအိုသခင်ကလည်း လိုက်ရယ်မောပြန်သည်။

“နတ်ဘုရင်အဆင့် ချီးထုပ်က အရူးတစ်ကောင်ပဲ”

ရှင်းကျီကလည်း ဒေါသတကြီး ငေါက်ငမ်းသည်။

“မင်း … မင်း …”

ဆံဖြူနတ်ဆိုး ဒေါသထွက်ကာ အမူအရာက ထိုင်းမှိုင်းလာ၏။ ဤလူများက သေခါနီး အချိန်တွင် တောင်မှ သူ့ကို လှောင်လိမ့်မည်ဟု ထင်မထားမိပါ။

အခြားသူများဆိုလျင် ကြောက်လန့်၍ အသက်ပေးရန် တောင်းပန်ကြသည် မဟုတ်ပါလော။ ထိုသို့ဆိုလျင် ဆံဖြူနတ်ဆိုးသည် ကိုယ့်ကိုယ်ကိုယ် သာလွန်သည်ဟု ခံစားရကာ သူတို့၏ တောင်းပန်သံ များကို နှစ်ခြိုက်ရသည်။

သို့သော် ယနေ့ကဲ့သို့သော အဖြစ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ မည်သူမှ သူ့ကို မကြောက်သလို အားလုံးက သူ့ကို စတင်၍ ပုတ်ခတ်ပြောဆိုကြသည်။

သူတို့ ပြောသော စကားများက သူ့ရင်ကို ဓားကဲ့သို့ ထိုးဖောက်နေ၏။ သူ့ကို ရူးမတတ် ခံစားရစေသည်။

“သေ … မင်းတို့အားလုံး‌ သေကြ”

ထိုသို့ပြောပြီး ဆံဖြူနတ်ဆိုးသည် ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး လက်ဆယ်ချောင်းလုံးကိုဆန့်၍ အရှေ့သို့ လျှောက်လာသည်။

ကျီးကန်းတာအိုသခင်က ထရပ်၍ ဆံဖြူနတ်ဆိုးအား ရင်ဆိုင်ကာ အပြုံးကြီးပြုံး၍ ပြောလိုက်သည်။

“ငါ တိုက်ပွဲမှာ သေသွားရင် ငါ့အစား လူကြီးမင်းကို ပြောပေးပါ၊ ကျီးကန်းတာအိုသခင်ရဲ့ ဘဝမှာ အိုးရန်ချင်ရွှယ်ပြီးရင် အလေးစားရဆုံးလူက သူပဲလို့”

“ငါ အများကြီး‌ တွေးထားမိတာ၊ သူနဲ့အတူ အရက်သောက်ပြီး မူးမယ်ပေါ့၊ အဲ့လို အခွင့်အရေးမျိုး မရှိတော့တာ စိတ်မကောင်းစရာပဲ”

ထို့နောက် ကျီးကန်းတာအိုသခင်၏ မျက်နှာက မည်းမှောင်လာပြီး ဆံဖြူနတ်ဆိုးအား အေးစက်စက် ကြည့်နေ၏။

“လာစမ်း အရူးကောင် ငါ မင်းကို မကြောက်ဘူးကွ”

“အရူးကောင် ဟုတ်လား”

ဆံဖြူနတ်ဆိုးသည် အဆုတ်ကွဲမတတ် အော်ဟစ်၍ ကျီးကန်းတာအိုသခင်အား တိုက်ခိုက်လေသည်။ လက်တစ်ဖက်ကို မြှောက်ကာ ကျီးကန်းတာအိုသခင်ကို ဖမ်းချုပ်လိုက်သည်။

“ရွှစ်”

ကျီးကန်းတာအိုသခင်၏ ရင်ဘတ် ကြေမွသွားပြီး ကြီးမားသော သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာကာ သူ့နှလုံး ပေါက်ထွက်သွားသည်။

“မဖြစ်ရဘူး”

ရှင်းကျီနှင့် ဟွမ်ယွီလင်းတို့ ပြိုင်တူ အော်ဟစ်လိုက်မိသည်။ ဟွမ်ယွီလင်း သတိလစ်လုနီးပါး ဖြစ်နေ၏။ သူမမျက်စိရှေ့၌ ဆွေမျိုးများနှင့် မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူမ စိတ်ထိခိုက်ကာ ကြေကွဲလာရသည်။

သို့သော် ဆံဖြူနတ်ဆိုး အံ့အားသင့်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ မတိုက်ခိုက်ရသေးခင် ကျီးကန်း တာအိုသခင်က ဘယ်လိုလုပ် သေဆုံးသွားရသနည်း။

ထိုစဉ် တစ်ချိန်လုံး ငြိမ်နေသည့် စုမြောင်ချန်က ကျီးကန်းတာအိုသခင်၏ နောက်ကျောဘက်မှ ပေါ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်.

“လူကြီးမင်း ကျွန်တော် ခင်ဗျားအတွက် သူ့ကို သတ်လိုက်ပါပြီ၊ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်ပါနဲ့၊ ကျွန်တော် ခင်ဗျား လုပ်ခိုင်းတာမှန်သမျှကို လုပ်ပါ့မယ်”

ဆံဖြူနတ်ဆိုး အံ့ဩသွားပြီးနောက် သူ့မျက်လုံးတွင် စဉ်းလဲရိပ်များ ပေါ်လာပြီး ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်သည်။

*တကယ်ပဲကိုး*

*ဒီလောကမှာ စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တဲ့ လူယုတ်မာတွေ ရှိသေးတာကိုး*

*ဒီ့ထက်ပိုပြီး ရှိနေဦးမှာ*

သူ့အရှေ့မှ စုမြောင်ချန်သည် ထိုလူများထဲမှ တစ်ယောက်ပင်။

“စုမြောင်ချန် ခွေးသူခိုးကောင်၊ ငါ့အဘိုးနဲ့ အဒေါ်က တကယ် အမြင်မှောက်ခဲ့တာပဲ၊ အဲ့ဒါကြောင့်သာ နင့်ကို သူတို့ သဘောကျတာ”

ဟွမ်ယွီလင်းက စုမြောင်ချန်ကို အော်ငေါက်လိုက်သည်။ သူမ၏ ကြောက်တတ်သော အဘိုးတောင်မှ ဆံဖြူနတ်ဆိုးကို အာခံခဲ့သော်လည်း စုမြောင်ချန်ကမူ အညံ့ခံရန်သာ ရွေးချယ်ခဲ့သည်။

စုမြောင်ချန်က သူမကို သဘောကျကြောင်း ပြောခဲ့ပြီး သူမအပေါ် တစ်သက်လုံး ကောင်းပါ့မည်ဟု အမြဲ ပြောခဲ့သည်။ ထိုစကားများက အလိမ်အညာများဖြစ်ကြောင်း သူမ သိပြီးသားပင်။ စုမြောင်ချန်သည် ကြောင်သူတော် ကြွက်သူခိုးတစ်ကောင်သာ။

စုမြောင်ချန်က အထင်သေးသော မျက်နှာထားနှင့် လှောင်ရယ်လိုက်သည်။

“ဘာလဲ မင်းက ငါ့ကို မင်းမိသားစု ရှာတဲ့ ပြဿနာထဲကို ဆွဲထည့်ချင်တာလား”

“မင်း ငါ့ကို အထင်သေးတယ် မဟတု်လား၊ မင်းအစ်ကိုယဲ့က ငါ့ထက် သာတယ်လို့ ထင်တာ မဟုတ်ဘူးလား၊ ဒါဆို သူက ဘာလို့ မင်းကို လာမကယ်တာလဲ ဟမ်”

စုမြောင်ချန်က အေးစက်စွာ ခနဲ့လာသည်။

“မင်း သိအောင် ပြောလိုက်မယ်၊ သူလည်း ငါ့လိုပဲ နေမှာ၊ အခု သူက မင်းကို စွန့်ပစ်ပြီး သူ့ဘာသာသူ ထွက်ပြေးနေလောက်ပြီ”

“ငါ့အစ်ကိုယဲ့က နင့်လို ငကြောက် မဟုတ်ဘူး”

စုမြောင်ချန်သည် ဟွမ်ယွီလင်း၏ ပုတ်ခတ်သောစကားကို သိပ်မခံစားမိပေ။ မည်သို့ပင်ဆိုစေကာမူ ဟွမ်ယွီလင်းက သေတော့မည် ဖြစ်သဖြင့် သူက အဘယ်ကြောင့် သူမကို စိတ်ဆိုးနေရဦးမည်နည်း။

စုမြောင်ချန်က ဆံဖြူနတ်ဆိုးအား မျက်နှာချိုသွေးသော အပြုံးနှင့် ပြန်ကြည့်လိုက်သည်။

“လူကြီးမင်း ကျွန်တော် သူတို့အားလုံးကို သတ်လိုက်ရမလား”

“မလိုဘူး ဒီသောက်လူတွေ သေမှာ၊ မင်း အဲ့ကောင်မနှစ်ကောင်ကိုသာ အညံ့ခံအောင် လုပ်လိုက်၊ ငါ သူ့အဖေရှေ့မှာ သူ့ကို ခပ်ကြမ်းကြမ်း လုပ်ပြမယ်”

ဆံဖြူနတ်ဆိုးက မာမာထန်ထန် ပြောလေသည်။

“ကောင်းပါပြီ”

စုမြောင်ချန် အလျင်အမြန် သဘောတူပြီးနောက် ဟွမ်ယွီလင်းနှင့် ရှင်းကျီတို့ထံသို့ ခက်ထန်သော မျက်လုံးတို့ဖြင့် လျှောက်သွားသည်။ သူ့မျက်နှာတွင် ယခင် မောက်မာ၍ အထင်သေးတတ်သော ဟန်များ ပြန်ပေါ်နေ၏။

“မိန်းမပျက်မတွေ မင်းတို့ ငြိမ်ငြိမ် အဖမ်းခံမလား၊ ငါ မင်းတို့ကို အတင်း ဖမ်းရမလား”

ဟွမ်ယွီလင်းတို့ နှစ်ယောက်သည် အပိုပြောမနေဘဲ ဓားများကိုထုတ်၍ စုမြောင်ချန်ကို သတ်ရန် တိုက်ခိုက်လေတော့သည်။

“ကောင်းကောင်း မနေချင်တဲ့ဟာတွေပဲ”

စုမြောင်ချန်က အထင်သေးစွာ လှောင်ရယ်လိုက်သည်။ ဘုရင်အဆင့်လေးက ဘယ်လိုလုပ် သူ့အပေါ် သက်ရောက်မှု ရှိပါမည်နည်း။

“ဝုန်း ဝုန်း ဝုန်း”

နှစ်ဖက်စလုံး အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့သော် အတိုက်အခိုက် စွမ်းရည်က သိသိသာသာ ကွာလေသည်။

စုမြောင်ချန်သည် သူတော်စင်သခင်အဆင့် ဖြစ်သော်လည်း ရှင်းကျီက ဘုရင်အဆင့်သာ ရှိသေးသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့် ဟွမ်ယွီလင်းကိုပါ ထပ်ပေါင်းလျင်တောင်မှ အသုံးမဝင်ချေ။

တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ဟွမ်ယွီလင်း တန်း၍ အရေးနိမ့်လာသည်။

“ဝုန်း ဝုန်း ဝုန်း”

ပြင်းထန်သော လက်သီးချက်များက ဟွမ်ယွီလင်းတို့ကို ညှာတာခြင်း မရှိပါ။ စုမြောင်ချန်၏ မျက်လုံးတွင် အထင်သေးမှုနှင့် အေးစက်မှုတို့ ပြည့်နှက်နေ၏။

ဟွမ်ယွီလင်းအပေါ် သူ မကျေနပ်ခဲ့သည်များကို ယခုမှ ဖြေဖျောက်နေသည်။ ဟွမ်ယွီလင်း မသေခင် သူမကို အသည်းအသန် နှိပ်စက်နိုင်သည်က သူ့အတွက် ကောင်းသော ကိစ္စပင်။

သို့သော် ဟွမ်ယွီလင်းတို့ နှစ်ယောက်က ရူးမတတ် ဖြစ်နေပြီး မျက်လုံးများက သွေးသဖွယ် နီရဲနေကာ နာကျင်မှုကို မခံစားမိသကဲ့သို့ အသည်းအသန် တိုက်ခိုက်နေကြသည်။

တိုက်ခိုက်မှုတိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်သော ဒဏ်ရာ ရလာစေသည်။ သူတို့ ဆရာနှင့် အဘိုးကို သတ်ခဲ့သည့် ထိုသူကို သတ်ရန် မစောင့်နိုင်တော့ပါ။

“ရွှစ်”

ရှင်းကျီ၏ ချွန်ထက်သော ဓားက စုမြောင်ချန်၏ နားနား ဖြတ်သွားသဖြင့် သူ့နားမှ သွေးများ ပန်းထွက်လာသည်။

“မင်း သေချင်နေတာပဲ”

စုမြောင်ချန် ဒေါသူပုန်ထသွားသည်။ သူတော်စင်သခင်အဆင့်ဖြစ်သော သူက ဘုရင်အဆင့် တစ်ယောက်ကြောင့် ဒဏ်ရာ ရသွားသည်တဲ့လား။ ရှက်စရာကောင်းလိုက်လေခြင်း။

ဒေါသကြောင့် စုမြောင်ချန်သည် ထိန်းချုပ်နိုင်စွမ်းပျောက်ကာ ရှင်းကျီ၏ လက်ကို ဖမ်းချုပ်၍ ချိုးရန် ကြိုးစားလေသည်။

“ဂျွတ်”

ထိုအခါ ရှင်းကျီ အသက်ရှူမှားသွားပြီး မျက်နှာ ဖြူရော်သွားပြီး လက်မောင်းနှစ်ဖက်လုံး အားပျော့စွာ ပြုတ်ကျသွားသည်။ စုမြောင်ချန်က သူမလက်ကို ချိုးပစ်ပြီးနောက် အားရသလို ပြုံးနေ၏။

All Chapters