← Chapters

အခန်း ၁၄၄၅

Vol. 97 Ch. 1445

အခန်း ၁၄၄၅

Vol. 97 Ch. 1445

Chapter 1445 အဲ့လူ ရောက်လာပြီ

“အစ်မရှင်းကျီကို လွှတ်လိုက်”

ဟွမ်ယွီလင်း အော်ဟစ်ကာ စိုးရိမ်နေသော မျက်နှာနှင့် ပြေးတက်၍ စုမြောင်ချန်ကို ဓားဖြင့် ခုတ်လိုက်သည်။

“ချွင်”

သို့သော် တစ်ခဏအတွင်း ဓားသွားက စုမြောင်ချန်၏ လက်ဝါးတွင်းသို့ ကျရောက်သွားသည်။ စုမြောင်ချန်က အထင်သေးသော အပြုံးမျိုး ပြုံးနေ၏။

“မင်းရဲ့ခွန်အားလောက်က ငါ ဘာမှတောင် လုပ်စရာ မလိုဘူး”

ထို့နောက်တွင်မူ ဟွမ်ယွီလင်းထံသို့ လေပြင်း တိုက်လာပြီး ဟွမ်ယွီလင်း စပ်ဖျဉ်းဖျဉ်း ဖြစ်သွားပြီး မထနိုင် တော့ချေ။ စုမြောင်ချန်၏ လက်ဝါးချက်က သူမ၏ သူမတူသော သွေးကြောရှစ်ခုကို ချိပ်ပိတ် လိုက်ခြင်း ဖြစ်သည်။

“တော်လောက်ပြီ”

ထိုစဉ် ဆံဖြူနတ်ဆိုးက ထပ်မစောင့်နိုင်တော့ချေ။ မိန်းမပျိုလေး နှစ်ယောက်၏ နာကျင်နေသော မျက်နှာ အမူအရာကိုမြင်ပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ သူတို့ကို ချက်ချင်း ရှင်းပစ်ရန် မစောင့်နိုင်တော့ပေ။

“ဟုတ်ကဲ့ သခင်ကြီး”

စုမြောင်ချန်က ရက်စက်သော တလေးတစား ဘေးကပ်ရပ်လိုက်ပြီး‌နောက် မျက်လုံးတွင် ရက်စက်သော အရိပ်အယောင်များ ပြောလာသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ယွီလင်းတို့ ဘာဖြစ်တော့မလဲကို သူ ခန့်မှန်းမိပြီးသား ဖြစ်သောကြောင့်ပင်။

“ဒူးထောက် ပြီးရင် ငါ့ကျွန်အဖြစ် နေပါ့မယ်လို့ ကျိန်ဆိုစမ်း၊ ဒါဆို မင်းတို့ကို အသက်ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်”

ဆံဖြူနတ်ဆိုးက အေးစက်စွာ ပြောပြီး မိန်းကလေးနှစ်ယောက်ကို ထက်ကြွထက်သန်စွာ ကြည့်နေ၏။

“သွားစမ်းပါ၊ ရှင့်ကို ကြည့်နေရင်တောင် အန်မိမှာ စိုးရတယ်”

ဟွမ်ယွီလင်းက အေးစက်စက် ပြန်ခနဲ့သည်။

*ဘာ*

*ဒီကောင်မလေးက ဆံဖြူနတ်ဆိုးကို လုံးဝ ဒေါကန်အောင် လုပ်လိုက်တာပဲ*

“ကောင်းပြီလေ မင်းက တော်တော် အကြောမာတာကို ငါ သိပြီ၊ ဒါဆို ငါ မင်းရှေ့မှ မင်းအဖေကို သတ်ပစ်မယ်၊ မင်း ဆက်မာနကြီးဦးမလား ကြည့်ရသေးတာပေါ့”

ထိုစကားကိုကြားသော် ဟွမ်ယွီလင်း အကြီးအကျယ် မျက်နှာပျက်သွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“ရှင် တစ်ခုခု မကျေနပ်တာရှိရင် ကျွန်မကိုပဲ တိုက်ခိုက်ပါ၊ ကျွန်မမိသားစုကို မထိပါနဲ့”

“ကောင်းပြီ၊ ဒါဆို ပြုစု၊ ငါ့ကို နင့်ယောက်ျားလို ပြုစု၊ ဒါဆို မင်းအဖေကို ငါ ချမ်းသာပေးမယ်”

ဆံဖြူနတ်ဆိုးက မထီမဲ့မြင် ပြုံးနေ၏။

*အရှုံးမပေးဘူး မဟုတ်လား*

*မင်း အရှုံးမပေးရင် မင်းအဖေကို ငါ သတ်ပစ်မယ်*

“ယွီလင်း မလုပ်နဲ့၊ အဖေ သေရမယ်ဆိုရင်တောင်မှ မင်းကိုယ်မင်း အဲ့အရူးဆီ ပေးဆပ်လိုက်တာကို မမြင်ချင်ဘူး”

ဟွမ်ထျန်းချန်က ဟွမ်ယွီလင်းကို အော်ပြောလာသည်။ ဟွမ်ယွီလင်း၏ မျက်နှာတွင် နာကျင်ဟန်တို့ဖြင့် ပြည့်နှက်နေပြီး သူမ ဗျာများကာ ကြံရာမရ ဖြစ်နေ၏။

“ကောင်းပြီလေ မင်း ဆုံးဖြတ်ပြီးသွားတဲ့ပုံပဲ၊ ဒီလိုဆိုရင်တော့ မင်းအဖေ သေရမယ်”

“ဝုန်း”

ပြင်းထန်သော လေတိုးသံနှင့်အတူ ဆံဖြူနတ်ဆိုးက ဟွမ်ထျန်းချန်ကို သတ်ရန် ပြေးတက်လာသည်။ လက်ငါးချောင်းက ချိတ်သဖွယ် ဟွမ်ထျန်းချန်၏ ဝမ်းဗိုက်ကို ထိုးဖောက်လာသဖြင့် ဗိုက်ပွင့်ကာ အပေါက်ကြီး တစ်ပေါက် ဖြစ်လာသည်။

ဟွမ်ထျန်းချန် ချက်ချင်း သွေးအန်လာပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်သွားပြီး နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့နေ၏။

“အညံ့မခံဘူးလား”

ဆံဖြူနတ်ဆိုးက ခက်ထန်သော မျက်လုံးများဖြင့် ဟွမ်ယွီလင်းကို ကြည့်ကာ ငေါက်လိုက်သည်။

“မင်းအမေကြီးကိုပဲ ပြုစုလိုက်၊ မင်း သေဖို့ စောင့်နေလိုက်တော့၊ သူ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး၊ အဲ့ဒီလူက မင်းကို ဒီအတိုင်း မထားဘူး”

ထိုစဉ် ဟွမ်ထျန်းချန် ဟားတိုက်ရယ်မောလာသည်။ သူ အသက်ရှင်ရန် အချိန် ဘယ်လောက်မှ မကျန်တော့သော်လည်း သူ့မျက်လုံးများက ကြောက်ဟန် မပြဘဲ အထင်သေးဟန်သာ ပြနေ၏။ သူ့ပုံစံက အရူးတစ်ယောက်ကို ကြည့်နေသလိုပင်။

“သူက မင်းကို သတ်နိုင်စွမ်း ရှိတယ်ကွ”

ဟွမ်ထျန်းချန်က ဆံဖြူနတ်ဆိုးကို အော်ပြောလိုက်သည်။

“သေချင်နေတာပဲ၊ ပုရွက်ဆိတ်ကောင် ငါ မင်းအလောင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

ဆံဖြူနတ်ဆိုး၏ နောက်ဆုံးသော စိတ်ရှည်မှု ကုန်ဆုံးသွားပြီး ပေါက်ကွဲလာလေတော့သည်။ ထို့နောက် ချိတ်သဖွယ် ချွန်ထက်သော လက်သည်းများဖြင့် ဟွမ်ထျန်းချန်ကို ဒေါသတကြီး ရိုက်ချလိုက်သည်။

“အစ်ကိုယဲ့ဖန် မြန်မြန်လာပါတော့”

ဟွမ်ယွီလင်း ကြမ်းပြင်ပေါ် ဒူးထောက်ကျကာ မိုးပေါ်ကိုမော့ကြည့်၍ ဆောက်တည်ရာမရ အော်ဟစ် လေသည်။ အခြေအနေက တင်းမာနေလေပြီ။

“ဝုန်း”

ရုတ်တရက် တံခါးဝမှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ မသိလျင် နတ်ဆိုး နတ်ဘုရား မွေးဖွားလာသည်ဟု ထင်မှတ်ရသည်။ ကြောက်စရာကောင်းသော အရှိန်အဝါကလည်း လောကကို ပြောင်းပြန်လှန်တော့မတတ် ထွက်ပေါ်လာ၏။

မြေဆီလွှာ တုန်ခါလာပြီး အိမ်တစ်ခုလုံး လှုပ်ယမ်းလာသည်။ အလွန် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ခန်းမထဲသို့ တစ်ဟုန်ထိုး ပျံ့လွင့်လာလေသည်။ အထဲမှလူတိုင်း ငရဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။

အထီးကျန်ခြင်း၊ မှောင်မိုက်ခြင်း၊ ကြောက်လန့်ခြင်း၊ နာကျင်ခြင်း။ မကောင်းသော ခံစားချက် အကုန်လုံး ပြိုင်တူ ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ဆံဖြူနတ်ဆိုး ကြက်သေ သေသွားသည်။ သူ့အား နတ်ဆိုးတစ်ကောင်က စိုက်ကြည့် နေသည်ဟု ခံစားရကာ တစ်ကိုယ်လုံး တုန်ယင်လာပြီး အေးစက်လှသော အရှိန်အဝါများက သူ့သွေးကြောကို အေးခဲသွားစေသည်ဟု ခံစားနေရသည်။

ဆံဖြူနတ်ဆိုး ခံစားချက်မကောင်းတော့ဘဲ မှင်တက်အံ့ဩလာသည်။ သူသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သို့သော် ဤအရှိန်အဝါက သူ့ကဲ့သို့ နတ်ဆိုးကိုပင် အလွန်အမင်း မသက်မသာ ဖြစ်အောင် ခံစားရစေသည်။

သူက နတ်ဆိုးဆိုလျင် ဤအရှိန်အဝါက ငရဲမှ အဆုံးအစမရှိ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်လိုပင်။

“ဟီးဟီးဟီး … ဟားဟားဟား”

ထိုစဉ် ဟွမ်ထျန်းချန်က ရုတ်တရက် အားပါးတရ ထရယ်လေသည်။

“မင်း ဘာရယ်တာလဲ”

ဆံဖြူနတ်ဆိုး ချက်ချင်း ငေါက်ငမ်းလိုက်သည်။ ဟွမ်ထျန်းချန်၏ ထိုအပြုအမူက ရောက်လာသူသည် သူ့အတွက် ကောင်းသောလာခြင်း မဟုတ်ကြောင်း အတည်ပြုပေးနေ၏။

“ငါ မင်းကို ရယ်တာလေ၊ ငရဲတံခါးကို ဖွင့်ပြီး အကြမ်းဆုံး နတ်ဆိုးကို ဆင့်ခေါ်မိတာတောင် မင်း လုံးဝ သတိမထားမိဘူးမလား”

ဟွမ်ထျန်းချန် ရယ်နေသော်လည်း သူ့မျက်လုံးများက ခက်ထန်နေ၏။

“အရူး မင်းတော့ သွားပြီ”

ဟွမ်ယွီလင်းသည် ငိုနေရမှာ ရပ်သွားပြီး တံခါးဝအား မယုံနိုင်သလို ကြည့်နေသည်။ သူမ၏ ဆုတောင်းများ တကယ် အလုပ်ဖြစ်လေသလော။

ထိုအခိုက်တွင် လူတစ်ယောက်က အိမ်ထဲသို့ ဝင်လာသည်။ သူ့အနောက်တွင် အနက်ရောင် အငွေ့အသက်များ ပျံ့လွင့်နေသည်။ ဤလူက ငရဲမှ ထွက်လာသည်ဟု ထင်မှတ်မှားရသည်။ ကြောက်စရာ ကောင်းလိုက်လေခြင်း။

ထိုသူကို မြင်လိုက်ရသည့်အခိုက်တွင် ဟွမ်ယွီလင်းနှင့် ဟွမ်ထျန်းချန်တို့၏ မျက်လုံးများ နီရဲလာသည်။

*သူ ရောက်လာပြီ*

*အဲ့လူ စစ်မြေပြင်ကို ခြေချလာပြီ*

*လက်နှစ်ဖက်နဲ့ လောကကို ဖျက်ဆီးနိုင်တဲ့လူ ရောက်လာပြီ*

“ဟားဟားဟား မင်းတို့ အားကိုးနေတာ ဒါလား၊ ငါ့ကို သေလမ်းပို့နိုင်တယ်လို့ မင်းတို့ပြောနေတာ ဒီလူလား၊ နဂါးအသွင်ပြောင်းခြင်းအဆင့်လေးကလေ”

ဆံဖြူနတ်ဆိုး မထိန်းနိုင်တော့ဘဲ ခွက်ထိုးခွက်လန် ရယ်လေသည်။ ဤသို့သော လူမျိုးကို သတ်ရသည်က သူ့လက်ပင် သနသည်ဟု ခံစားမိသည်။

သို့သော် ဟွမ်ယွီလင်းနှင့် အခြားသူများက ဤသို့သောလူက သူ့ကို သတ်နိုင်သည်ဟု မျှော်လင့်ထား ကြသည်တဲ့လား။

*ဟာသပဲ*

*တကယ့်ကို ဟာသကြီး*

အကယ်၍ ယဲ့ဖန်က သူ့ကို သတ်နိုင်ပါက အနောက်ဘက်မှ နေထွက်လာလိမ့်မည်။ ဤသည်ကိုမြင်သော် စုမြောင်ချန်ကလည်း အထင်သေးသော မျက်နှာမျိုးဖြင့် ကြည့်လာသည်။

“ဖုန်းယဲ့ မင်းက တကယ့် အရူးပဲ၊ သေလမ်းပဲ ရှိတာကို သိနေတာတောင် လာအသေခံရဲတယ်ပေါ့”

သူသည်လည်း ယဲ့ဖန်ကို မုန်းနေ၏။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် ဟွမ်ယွီလင်းက သူ့လက်ခုပ်ထဲ ရောက်နေလောက်လေပြီ။

ထို့အပြင် ယဲ့ဖန်ကြောင့် သူ လင်းဝူယာထံ၌ အကြီးအကျယ် အလှောင်ခံရသည်။ ဤရန်ကြွေးကို သူ ယဲ့ဖန်ထံသို့သာ ပုံချထားသည်။

ယဲ့ဖန်ဘေးနားမှ လင်းဝူယာနှင့် ယွမ်ပမ်းရှီတို့က အပြုံးကြီး ပြုံးနေကြသည်။

“စုမြောင်ချန် မင်းက အသက်ရှင်ရတာ ပင်ပန်းနေတဲ့ပုံပဲ”

“ငါက အသက်ရှင်ရတာကို ပင်ပန်းနေတယ် ဟုတ်လား၊ သေချင်နေတာ မင်းတို့လို့ ငါ ထင်တာပဲ ဟုတ်တယ်မလား၊ ဤအမှိုက်က လူကြီးမင်းကို အနိုင်ယူနိုင်မယ်လို့ မင်းတို့ တကယ် ထင်နေတာလား”

စုမြောင်ချန် ရယ်လိုက်သည်။ သူက ကမ္ဘာ့အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားရသကဲ့သို့ ရယ်မောလေသည်။

ဤသို့ အခြေအနေ မပြောင်းလဲခင်က လင်းဝူယာနှင့် ယွမ်ပမ်းရှီဝို့သည် သူ နည်းနည်းလေးမှ ရန်စ၍ မရသည့် လူများ ဖြစ်ပေသည်။

သို့သော် လင်းဝူယာနှင့် ယွမ်ပမ်းရှီတို့က ဘက်မှားနေသည်က စိတ်မကောင်းစရာပင်။ သူတို့သည် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို အမှန်တကယ် ယုံကြည်နေကြပြီး နတ်ဘုရင်အဆင့်ဖြစ်သော ဆံဖြူနတ်ဆိုး၏ ရန်သူဖြစ်ရန် တုံ့ဆိုင်းမနေကြချေ။

*အရူး*

*ရူးလွန်းတယ်*

“ငါ ဒီကို သတ်ဖို့ လာတာ၊ အရေးမပါတာတွေ ပြောဖို့ မဟုတ်ဘူး၊ စလိုက်ကြတာ‌ပေါ့”

ယဲ့ဖန်က အေးအေးလူလူ ပြောပြီး ဆံဖြူနတ်ဆိုးထံသို့ လျှောက်သွားသည်။ ချီစွမ်းအင်များကလည်း တစ်ဟုန်ထိုး ထွက်ပေါ်နေသည်။

ယဲ့ဖန်၏ မျက်လုံးတွင် နတ်ဆိုး အကျဉ်းထောင်ပုံရိပ် ရောင်ပြန်ဟပ်နေပြီး နတ်ဆိုးတစ်ကောင်သဖွယ် ဆံဖြူနတ်ဆိုးထံသို့ လျှောက်လာနေကာ သူ၏ အရှိန်အဝါက ပြင်းထန် ကြမ်းကြုတ်လှသည်။ သူ၏ တစ်ကိုယ်လုံး ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေပြီး မျက်လုံးများက စူးရှနေသည်။

ထိုအခါ ခန်းမတစ်ခုလုံး မငြိမ်သက်တော့ချေ။ တာအိုစွမ်းအင်ကလည်း ပြိုပျက်လာသဖြင့် လူတိုင်းအား ထိတ်လန့်သွားစေသည်။

ဤမြင်ကွင်းက စုမြောင်ချန်နှင့် ဆံဖြူနတ်ဆိုးအား ကြက်သေ သေသွားစေ၏။

*ဘယ်လိုလုပ် နဂါးအသွင်ပြောင်းခြင်းအဆင့်လေးက ဒီလို ကြောက်စရာကောင်းတဲ့ အမြင်အာရုံ ရှိနေရတာလဲ*

“ဘယ်သူ လာတာလဲ”

ဆံဖြူနတ်ဆိုးက ယဲ့ဖန်ကို ငေါက်ငမ်းလိုက်သည်။ ဤသို့သော အရှိန်အဝါနှင့်လူက နဂါးအသွင်ပြောင်းခြင်းအဆင့် မဖြစ်နိုင်ပါ။

*ဒီလူက ပုံမှန် မဟုတ်ဘူး*

“ငရဲက နတ်ဆိုး၊ တစ္ဆေတို့ရဲ့ အရှင်သခင်၊ မင်းကို သတ်မယ့်လူ”

တံခါးနားမှလူက ကြမ်းကြုတ်စွာ ပြောလာသည်။ အသံတွင် လုံးဝ သက်ညှာမှု မရှိပေ။

“ငရဲက နတ်ဆိုး ဟုတ်လား၊ တစ္ဆေတို့ရဲ့ အရှင်သခင်၊ ငါ့ကို သတ်မယ့်သူ ဟုတ်လား”

ဆံဖြူနတ်ဆိုးသည် တစ်ခဏမျှ အံ့ဩနေပြီးမှ ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ သရော်ပြုံး ပြုံးလာသည်။

“ဟေ့ကောင် မင်းက ငါ့ကို ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ၊ မင်း တော်တော် သတ္တိကောင်းတယ်လို့ ပြောရမှာပဲ”

ထို့နောက် သူ့ကိုယ်မှ စွမ်းအင်များ ဝုန်းခနဲ ပေါက်ထွက်လာသည်။ သူသည် ကြမ်းကြုတ်သော မျက်လုံးများဖြင့် ယဲ့ဖန်အား သတ်တော့မယောင် ကြည့်နေ၏။

ရုတ်တရက် သူ့လက်ထဲတွင် ရွှေရောင်တုတ်တစ်ချောင်း ပေါ်လာသည်။ ယင်းသည် မည်သည့် သတ္တုပြုလုပ်ထားခြင်း မသိသော်လည်း ပြင်းထန်လွှမ်းမိုးသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ယင်းတုတ်ဖြင့် ယဲ့ဖန်အား လွှဲရိုက်လိုက်သောအခါ ရုတ်ချည်းဆိုသလို လေဟာနယ် အက်ကွဲ၍ ဆူနာမီ မုန်တိုင်း တိုက်ခတ်သကဲ့သို့ အသံတစ်သံ ထွက်လာလေသည်။ မယုံနိုင်လောက်အောင် ပြင်းထန် လွန်းသည်။

ကြောက်စရာကောင်းသော ဖိအားက အိမ်ကို တစ်စစီ ပျက်စီးစေကာ နံရံများ ပြိုကျ၍ အိမ်တော်တစ်ခုလုံး လှုပ်ယမ်းလာသည်။

“သေပေတော့”

ဆံဖြူနတ်ဆိုးက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများက မီးအိမ်သဖွယ် ရဲရဲတောက်ကာ ရှေးဟောင်း နတ်ဆိုးက သတ်ဖြတ်လာရန် ကြိုးစားနေသကဲ့သို့ ကြောက်စရာ ကောင်းလွန်းလှသည်။

“ဟီးဟီး”

ယဲ့ဖန်က လှောင်ရယ်ရယ်လာပြီး သွေးများ ပွက်ပွက်ဆူလာသည်။ ထိုအသံက နားကွဲနိုင်လောက်အောင် ကျယ်လောင်ပြီး သူ့ကိုယ်ထဲမှ နတ်ဧကရာဇ်တစ်ပါး နိုးထလာသည်ဟု ထင်မှတ်မှားရသည်။

“ဒုန်း”

ယဲ့ဖန်က လက်တစ်ဖက်ဖြင့် တုတ်ကို ဖမ်းချုပ်၍ တားဆီးလိုက်သည်။ ထိုသို့ပြုလုပ်လိုက်ချိန်တွင် တစ်လောကလုံး အလွယ်တကူ ပိုင်းပြတ်သွားနိုင်သည်ဟု ထင်မှတ်ရကာ ပြိုင်ဘက်ကင်းသော နတ်ဆိုးဧကရာဇ်၏ စွမ်းအင် ထွက်ပေါ်လာသည်။

သို့သော် စုမြောင်ချန်နှင့် ဆံဖြူနတ်ဆိုးတို့၏ အမြင်တွင် ဤအပြုအမူက သေတွင်းတူးနေသော အပြုအမူဟု ထင်နေကြသည်။

ဆံဖြူနတ်ဆိုး၏ ရွှေရောင်တုတ်သည် လေးလံသော သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး တာအိုသင်္ကေတများ ထွင်းထုထားသေည်။ သူ လွှဲယမ်းလိုက်ချိန်တွင် အားမပါဟု ထင်ရသော်လည်း အခြားသူများအား အသာလေး ဒုက္ခိတဖြစ်အောင် လုပ်နိုင်သည်။

နတ်ဘုရင်အဆင့်ပင် ၎င်းကို မတားဆီးရဲပေ။ သို့သော် နဂါးအသွင်ပြောင်းခြင်းအဆင့်လေးက တားရန် ကြိုးစားနေခြင်းသည် သေတွင်းတူးနေသည်နှင့် အတူတူပင်။

“ဝုန်း”

ထိုစဉ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

“ဂျွတ်”

ယဲ့ဖန်၏ ခြေထောက်အောက်မှ ကြမ်းပြင် အက်ကွဲလာသည်။ လေးလံသော ဖိအားက ယဲ့ဖန်ကိုယ်ပေါ် ပိကျလာပြီး ကြမ်းပြင်အက်ကွဲကာ မြေကြီးထဲသို့ သုံးလက်မခန့် နစ်ဝင်သွားသည်။ သို့သော် ၎င်းတုတ်အား တားဆီးလိုက်နိုင်သည်။

*ဘာ*

ဤသည်ကိုမြင်သော် ဆံဖြူနတ်ဆိုးသည် မိမိ အမြင်မှားလေသလားဟု ထင်မှတ်သွားသည်။ သူ၏ တုတ်သည် နေနှင့်လကိုပင် ဖျက်ဆီးနိုင်သော်လည်း ယဲ့ဖန်ထံ၌ အလွယ်တကူ တားဆီးခံလိုက် ရသည်တဲ့လား။

*မှားနေပြီ*

*ဒါ မှားနေတာပဲ ဖြစ်မယ်*

All Chapters