← Chapters

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း ၁၄၄၆

Vol. 97 Ch. 1446

Chapter 1446 မနိုင်တဲ့တိုက်ပွဲဆိုတာ မရှိဘူး

စုမြောင်ချန်တောင်မှ လက်ရှိတွင် ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ့မျက်လုံးတွင် ကြောက်လန့်စိတ်များ ဖုံးလွှမ်းလာသည်။

*မယုံနိုင်စရာပဲ*

*ဒီလူက နဂါးအသွင်ပြောင်းခြင်းအဆင့် မဟုတ်ဘူးပဲ*

*သူက နတ်ဘုရင်အဆင့်ပါလား*

*နတ်ဘုရင်အဆင့်ကပဲ နတ်ဘုရင်အဆင့်တစ်ယောက်ရဲ့ တိုက်ကွက်ကို တားနိုင်မှာ*

*သေလိုက်ပါတော့*

*ဒီလူက ဝက်ယောင်ဆောင်ပြီး ကျားကို အမိဖမ်းတာကိုး*

ထိုအခိုက်တွင် စုမြောင်ချန် တစ်ကိုယ်လုံး အေးစက်လာသလို ခံစားရသည်။ ယခင်က ယဲ့ဖန်တစ်ယောက် ဆံဖြူနတ်ဆိုး၏ လက်ထဲ၌ သေရလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ထိုသို့ဖြစ်လာလိမ့်မည်ဟု သူ မထင်တော့ပါ။

*တစ်ခုခုတော့ မှားနေပြီ*

*ဒါ မယုံနိုင်စရာပဲ*

ဆံဖြူနတ်ဆိုး၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေ၏။ ယဲ့ဖန်က နတ်ဘုရင်အဆင့် ဖြစ်နေလျင်တောင်မှ သူ၏ တုတ်ကို ရုပ်ခွန်အား တစ်ခုတည်းဖြင့် တားဆီးနိုင်မည် မဟုတ်ပါ။

*ဒီကောင့်ခန္ဓာကိုယ်က ဘယ်လိုတောင် သန်မာတာလဲ*

“မင်း အံ့ဩသွားလား၊ ထိတ်လန့်သွားလား၊ ငါ့ရဲ့ နတ်ဆိုးဆန်တဲ့ မျက်နှာကို မှတ်ထား၊ မင်း ငရဲပြည်ကို အနှင်ခံရမှာ”

ယဲ့ဖန်က ဆံဖြူနတ်ဆိုးကို အသာပြန်တွန်းလိုက်သည်။ သိပ်အားမထုတ်ထားရဟု ထင်ရသော်လည်း ဆံဖြူ နတ်ဆိုးသည် ခြေလှမ်းအနည်းငယ်မျှ ဆက်တိုက် ဆုတ်သွားပြီးမှ ဟန်ချက် ပြန်ထိန်းနိုင်သည်။

အစောပိုင်းက ဆံဖြူနတ်ဆိုးသည် သူ့ထံ တိုးဝင်လာသော ခုခံမရနိုင်သည့် စွမ်းအင်တစ်ခုကို ခံစားမိသည်။ ၎င်းက သူ့အား တစစီ စုတ်ဖြဲလုနီးပါးပင်။ သူ့မျက်နှာတွင် အံ့ဩရိပ်များ ပြည့်နှက်နေပြီး ယဲ့ဖန်အား စူးစိုက်ကြည့် လိုက်မိသည်။

ဤသည်ကိုမြင်သော် ဟွမ်ယွီလင်းနှင့် အခြားသူများက ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိထားဟန်ဖြင့် ကျေနပ်သောအပြုံးမျိုး ပြုံးနေကြသည်။

“ငါ နတ်ဆိုးဧကရာဇ် သုံးကွက်ပဲ တားဆီးမယ်၊ သုံးကွက်ပြည့်ရင် မင်းအသက်ကို နုတ်ယူမယ်”

ထိုစဉ် ယဲ့ဖန်က ဆံဖြူနတ်ဆိုးအား အထက်စီးဆန်သော အမူအရာနှင့် လက်ခါ၍ ပြောလိုက်သည်။ အထင်သေးနေခြင်းပင်။

*ဆံဖြူနတ်ဆိုးကို သုံးကွက်ပဲ တားမယ် ဟုတ်လား*

ထိုစကားက စုမြောင်ချန်နှင့် ဆံဖြူနတ်ဆိုးတို့အတွက် မည်မျှ မယုံနိုင်စရာ ကောင်းလိုက်သနည်း။

*ဒီကောင်က ဆံဖြူနတ်ဆိုးကို သရော်နေတာလား*

ဆံဖြူနတ်ဆိုး၏ မျက်နှာက ရုတ်တရက် ပြာနှမ်းသွားသည်။ သူ့မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ တိုးလာ လေသည်။ မည်သူမှ သူ့ကို ဤမျှ အထင်မသေးရဲပါ။ ယဲ့ဖန်က ပထမဆုံးပင်။ သူ ဒေါသထွက်ကာ သည်းမခံနိုင်တော့ပေ။

“ဝုန်း”

ဆံဖြူနတ်ဆိုး၏ ခန္ဓာကိုယ်မှ ကောင်းကင်ဘုံကိုပင် လှုပ်ခါစေနိုင်လောက်သည့် စွမ်းအင်တစ်ခု ထွက်ပေါ် လာသည်။

ဝူကျင်းတုတ် လှုပ်ယမ်းလာပြီး လေပြင်းတိုက်ကာ တစ်လောကလုံး တုန်ခါလာပြီး လေဟာနယ် အက်ကွဲလာသလို ဆံဖြူနတ်ဆိုးထံမှ ကြောက်စရာကောင်းသော စွမ်းအင် ပျံ့လွင့်လာလေသည်။

လက်ရှိတွင် သူ၏တုတ်သည် ကောင်းကင်၌ ဝဲပျံနေပြီး အရပ်ဆယ်မျက်နှာလုံး တိတ်ဆိတ်ကာ ကောင်းကင်ယံ တုန်ခါလာပြီး တာအိုစွမ်းအင် ပျက်စီးလာသည်။ ထိုတိုက်ပွဲဝင်ခွန်အားက လောက၌ ပြိုင်ဘက်ကင်းသလိုပင်။

ဤတိုက်ခိုက်မှုက ယခင်ထက် ဆယ်ဆကျော် ပိုအားပြင်းသည်။ အိမ်တော်တစ်ခုလုံး ပျက်စီးလာ၏။ လင်းဝူယာနှင့် ယွမ်ပမ်းရှီတို့က ဟွမ်ယွီလင်းနှင့် အခြားသူများကို အလျင်အမြန် ကူညီ၍ အိမ်တော်အပြင်သို့ ပြေးထွက်ကြသည်။

ဤစွမ်းအင်မှ အဖျားခတ်လာသည့် စွမ်းအင်လှိုင်းကပင် သူတို့ကို သတ်ရန် လုံလောက်ပေသည်။ သူတို့၌ တိုက်ပွဲကို ကြည့်နိုင်သည့် အရည်အချင်း မရှိပါ။

“ဝုန်း”

ဝူကျင်းတုတ် အရှိန်ဖြင့် ကျဆင်းလာသောအခါ ကြမ်းပြင်တစ်ခုလုံး ပေါက်ကွဲသွားသည်။ ဤစွမ်းအင်ကို တောင့်မခံနိုင်သဖြင့် အိမ်တော်တစ်ခုလုံး ပြိုကျသွားလေသည်။

ချက်ချင်းဆိုသလိုပင် အင်မော်တယ် အလင်း တောက်ပလာပြီး မီးတောက်များ မြင့်တက်လာကာ တာအိုစွမ်းအင် မတည်မငြိမ် ဖြစ်ကာ တောင်တန်းများ ပြိုကျ၍ မြေဆီလွှာ အက်ကွဲလာရသည်။

ဤသည်ကိုမြင်သော် စုမြောင်ချန် အလွန်အမင်း ထိတ်လန့်သွားသည်။

*ဒါက နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားလား၊ ကြောက်ဖို့ကောင်းလိုက်တာ”

*တုတ်တစ်ချောင်း ပြုတ်ကျလာတာ အခြေအနေအားလုံး ပြောင်းလဲသွားတာပဲ*

*ဒီတုတ်နဲ့ဆို နတ်ဘုရင်အဆင့်တောင် ပြာဖြစ်သွားမှာဆိုတော့ အဲ့ကောင် သေချာပေါက် သေမှာပဲ*

ဖုန်တထောင်းထောင်း ထနေသည်ကိုကြည့်ပြီး လင်းဝူယာနှင့် အခြားသူများလည်း ကြောက်လန့်နေကြသည်။

“ဟားဟားဟား သနားစရာပဲ၊ သူသာ သတိထားရင် လူကြီးမင်းနဲ့ အကြိမ်နည်းနည်းလောက် တိုက်နိုင်ဦးမှာ၊ သူက လေကျယ်လွန်းတာကိုး”

စုမြောင်ချန် ဟားတိုက် ရယ်မောနေ၏။ သူ့စိတ်ထဲတွင် ယဲ့ဖန် မုချသေလိမ့်မည်ဟု တွက်ထားသည်။

“အဲ့မျိုးမစစ်ကောင် သေသွားတဲ့အခါကျရင် မင်း အသုံးတော်ခံ ဖြစ်မယ့်အဆုံးသတ်ကနေ ပြေးမလွတ်နိုင်ပါဘူး”

ထိုအခိုက်တွင် ဆံဖြူနတ်ဆိုးက တုတ်ကို ပြန်ရုတ်၍ အေးစက်စွာ သရော်လိုက်သည်။

“ငါ ဘာလုပ်ရမလဲ မသိတော့ဘူး”

သုံးချက်ကို တားဆီးမည်ဟု ပြောခဲ့သော်လည်း သူ တစ်ချက်တည်းဖြင့် ယဲ့ဖန်ကို သတ်နိုင်ခဲ့သည်။

*ဆိုးရွားလိုက်တဲ့ အမှိုက်ကောင်*

*မဟုတ်တမ်းတရားတွေ ပြောရဲတယ်ပေါ့*

*အဓိပ္ပာယ် မရှိလိုက်တာ*

ထို့နောက် ဆံဖြူနတ်ဆိုးက ဟွမ်ယွီလင်းနှင့် အခြားသူများထံသို့ ရက်စက်သော အပြုံးဖြင့် တစ်လှမ်းချင်း လှမ်းလာ၏။

“မင်းတို့ မျှော်လင့်ချက် ပျက်စီးသွားပြီ၊ ဒီနေ့ မင်းတို့ ကံဆိုးပြီ”

“ပထမတစ်ကွက်”

ရုတ်တရက် ဖုန်တောထဲမှ အေးအေးလူလူ ပြောလာသည့် စကားသံ ထွက်ပေါ်လာ၏။

*ဟမ်*

ထိုအခါ ဆံဖြူနတ်ဆိုး၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်လုံးတွင် ကြောက်ရွံ့စိတ် ထင်ဟပ်လာသည်။ မယုံနိုင်စရာပင်။ သူ လက်ခံရခက်နေသည်။

*အဲ့ကောင် အသက်ရှင်နေသေးတာလား*

ဆံဖြူနတ်ဆိုး နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖုန်တောထဲမှ ယဲ့ဖန် ဖြည်းဖြည်းချင်း လျှောက်ထွက် လာသည်ကို မယုံနိုင်ဖွယ် တွေ့လိုက်ရသည်။

အဝတ်အစားများက တဖျပ်ဖျပ် လှုပ်ခါနေပြီး အကြည့်က တည်ငြိမ်နေသည်။ မျက်လုံးများက သေနေပြီး မျက်နှာက အလွန်အမင်း ခံစားချက် ကင်းမဲ့နေသည်။

အစောပိုင်းက ကြောက်စရာကောင်းသော တိုက်ကွက်က သူ့အတွက် စကားထဲပင် ထည့်ပြောရန် မထိုက်တန် သလိုပင်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ကာ ကြက်သီးထလာသည်။

*ဒီလူက လူဟုတ်သေးရဲ့လား*

လက်ရှိတွင် စုမြောင်ချန်၏အပြုံး အေးခဲသွားသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကြောက်စရာကောင်းတဲ့ တိုက်ကွက်အောက်မှာ ဘယ်သူ အသက်ရှင်ဖူးလို့လဲ*

ဤသည်ကိုမြင်သော် လင်းဝူယာနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က သန်မာ၍ လွှမ်းမိုးနိုင်စွမ်း ရှိကာ သေမျိုးလောကထဲသို့ အင်မော်တယ်ဘုရင်တစ်ပါး ဆင်းသက်လာသလိုပင်။ သူ့ခန္ဓာကိုယ်တွင် အတောမသတ်နိုင်သော ခွန်အားရှိပြီး ဖျက်ဆီးမရနိုင်သလို လောက၌ ပြိုင်ဘက်ကင်းပေသည်။

“မျိုးမစစ်ကောင် ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

ဆံဖြူနတ်ဆိုး ဒေါသတကြီး အော်ဟစ်လာပြီး မျက်လုံးများက မီးဝင်းဝင်းတောက်နေကာ အပုပ်ကောင် အငွေ့အသက်က ပင်လယ်လှိုင်းအလား ပျံ့လွင့်လာသည်။ သူ ဖြတ်သွားသည့် နေရာတိုင်းမှ သစ်ပင်ပန်းမန်များ ဆွေးမြည့်ကုန်ကာ သက်ရှိများအားလုံး သေဆုံးကုန်၏။

တုတ်ကို အရှိန်ဖြင့် ဝှေ့ယမ်းလိုက်သောအခါ မိုးခြိမ်းသံကဲ့သို့ ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအခိုက်တွင် သူသည် တုတ်အား အားဖြင့် ရိုက်ချလာပြီး ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်အားလုံးကို ထုတ်ဖော်၍ အသုံးပြုလာသောကြောင့် တစ်လောကလုံး ပျက်စီးလေမလားဟု ထင်မှတ်ရသည်။

လောကကြီးတစ်ခု ပွင့်ထွက်လာပြီး ပြင်းထန်သော စွမ်းအင် ပျံ့လွင့်လာကာ သူမတူသော အရှိန်အဝါကို ထုတ်ဖော်လာသည်ဟု ထင်မှတ်မှားရသည့် တုတ်က ယဲ့ဖန်၏ မျက်နှာပေါ် ကျရောက်လာသည်။

သို့သော် ယဲ့ဖန်က လက်တစ်ဖက်ကို အသာဆန့်၍ အေးအေးလူလူဖြင့် ဝှေ့ယမ်းကာ ပြင်းထန်လှသော ဖိအား အရှိန်အဝါကို ဆုပ်ကိုင် တားဆီးလိုက်သည်။ တုတ်တစ်ချောင်းလုံး ရပ်တန့်သွားလေသည်။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး ဤအဖြစ်အား မယုံနိုင်ကြချေ။ သာမန်ထက် ကြောက်ဖို့ကောင်း၍ ပြင်းထန်သော တုတ်သည် ယဲ့ဖန်၏ မျက်လုံးထဲ၌ အရေးမပါသကဲ့သို့ လက်တစ်ဖက်တည်းဖြင့် တားဆီးခဲ့သည်။ အထင်မကြီးသလို အားလည်း စိုက်ထုတ်ထားခြင်း မရှိပေ။ တကယ့် နတ်ဘုရားအစစ် လှုပ်ရှားလာသကဲ့သို့ သန်မာ၍ ဖိနှိပ်နိုင်လွန်းသည်။

စုမြောင်ချန် ကြောက်လန့်လာ၏။ သူ့စိတ်ထဲ၌ မကောင်းသော ခံစားချက် ဖြစ်ပေါ်လာလေသည်။ ဆံဖြူနတ်ဆိုး သည်လည်း ကြောက်လန့်နေလေသည်။ တတိယတစ်ကြိမ် တိုက်ခိုက်လျင်လည်း အဆုံးသတ်က အတူတူပင် ဖြစ်လိမ့်မည်ဟု မသိစိတ်က သူ့ကို ပြောပြနေသည်။ ယဲ့ဖန်ကို အနိုင်မတိုက်နိုင်လျင် သူ သေချာပေါက် သေရပေလိမ့်မည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။ လူတိုင်း အသက်ရှူမဝသလို ခံစားနေရသည်။

“နောက်ဆုံးတစ်ကွက်၊ မင်း အခွင့်အရေးကို မဆုပ်ကိုင်နိုင်ရင် သေလိုက်တော့”

သူ၏ လှုပ်ရှားမှုများက ပေါ့ပါးရုံသာမက လေသံကပင် အလွန် အထင်သေးဟန်များ ပါဝင်နေ၏။ ရုတ်ချည်းဆိုသလိုပင် ဆံဖြူနတ်ဆိုး တောင့်ခနဲ ဖြစ်သွားပြီး ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က သူ့ကို တင်းကြပ်စွာ ရစ်ပတ်လာသည်ဟု ခံစားမိလာသည်။

တစ်ကိုယ်လုံး သမုဒ္ဒရာအလား များပြားလွန်းသည့် လူသတ်လိုသည့် အငွေ့အသက်အတွင်း နစ်မွန်းနေပြီး ရုန်းမထွက်နိုင်ဟု ခံစားနေရသည်။

*မဖြစ်နိုင်ဘူး*

*ဘယ်လိုလုပ် ဒီကောင်က ဒီလောက် သန်မာနေရတာလဲ*

ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများက ဒေါသမီးတို့ဖြင့် တောက်လောင်လာသည်။

“မျိုးမစစ်ကောင် မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ၊ ငါ မင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ်ကွ”

“ဝုန်း”

ဆံဖြူနတ်ဆိုး၏ အရှိန်အဝါက ဝုန်းခနဲ ထိုးတက်လာပြီး တစ်ကိုယ်လုံး သွေးပွက်ပွက် ဆူလာပြီး မျက်နှာတွင် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်လာ၏။

သူ့မျက်နှာက ရုတ်တရက် မည်းမှောင်သုန်မှုန်လာသည်။ ထို့နောက် ရူးသွပ်၍ သွေးဆာနေသော အကြည့်ဖြင့် ယဲ့ဖန်အား တုတ်ဖြင့် ရိုက်ချလေသည်။ ယဲ့ဖန်အား တုတ်ဖြင့် စိစိညက်ညက် ကြေသွားအောင် ရိုက်ရန် မစောင့်နိုင်တော့သည့်ပုံပင်။

သူ ထိန်းချုပ်မရအောင် ဒေါသထွက်နေပြီး အံကြိတ်ထားသည်။

*သတ်မယ်၊ သတ်ပစ်မယ်*

*မင်း သေကိုသေရမယ်*

ဆံဖြူနတ်ဆိုး စိတ်ထဲ၌ ကြုံးဝါးနေပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ယဲ့ဖန်အား ရိုက်ချလေသည်။

“ဝုန်း”

ကျယ်လောင်သော အသံတစ်သံက ကောင်းကင်ယံသို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြန်သည်။ ထိုအရှိန်ကြောင့် ထိတ်လန့်ဖွယ် စွမ်းအင်လိုင်းပင် ပျံ့နှံ့လာရသည်။

သို့သော် မျှော်လင့်ထားသကဲ့သို့ သေဆုံးသွားခြင်း မရှိဘဲ ယဲ့ဖန်က နေရာ၌ ရပ်မြဲရပ်နေ၏။ သူသည် လက်တစ်ဖက်ဖြင့် တုတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထားသည်။

ထိုအခါ စုမြောင်ချန်နှင့် ဆံဖြူနတ်ဆိုးတို့ ပါးစပ်အဟောင်းသား ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ သူတို့ မျက်လုံးတွင် ကြောက်စိတ်နှင့် မယုံနိုင်ဟန်များ ပေါ်လွင်နေသည်။

ရိုက်ချက်တိုင်းက ပြင်းထန်ပြီး လွှမ်းမိုးနိုင်သည်။ ရိုက်ချက်တိုင်းက ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် ရိုက်ချက်တိုင်းအား ယဲ့ဖန်အား တားဆီးခဲ့သည်။

လက်ရှိတွင် ဆံဖြူနတ်ဆိုးသည် တစ်ယောက်ယောက်က သူ့လည်ပင်းကို လာညှစ်ထားသကဲ့သို့ မွန်းကြပ်ကာ အသက်ရှူမဝ ဖြစ်လာသည်။

သူ သွေးပျက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။ ဤကဲ့သို့ ကြောက်စရာကောင်း၍ ဆောက်တည်ရာမရစေသော ခံစားချက်ကို သူ ရန်သူများနှင့် ကြုံတိုင်း မခံစားမိပါ။ လူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်ကသာ ထိုသို့ ခံစားရဖူးသည်။ ထိုသူမှာ အိုးရန်ချင်ရွှယ်ပင်။

“သေစမ်း သေစမ်း သေစမ်း”

ဆံဖြူနတ်ဆိုး ကြက်သီးထလာ၏။

*ဘာလို့ ဒီမိသားစုက ကြောက်ဖို့ကောင်းနေတာလဲ*

ဟွမ်ယွီလင်းက မထူးချွန်သေးသော်လည်း သူ့၌ ကြောက်စရာကောင်းသော ခေါင်းကိုင်အမေနှင့် မွေးစားအစ်ကိုတို့ ရှိနေ၏။

ယခင်က ဟွမ်ထျန်းချန်နှင့် ကျီးကန်းတာအိုသခင်တို့၏ ခြိမ်းခြောက်စကားကို သူ အလေးအနက် မထားခဲ့ပါ။ သူ ဂရုပင်မစိုက်ခဲ့သော်လည်း သူ မှားခဲ့ပြီဖြစ်ကြောင်း ယခုအခါတွင်မှ သိလိုက်ရသည်။

“မင်း ဒီလောက် သန်မာနေလို့ မရဘူးလေ၊ မင်းက ဘယ်သူလဲ”

ဆံဖြူနတ်ဆိုးက ဒေါသတကြီး အော်ဟစ်ကာ ယဲ့ဖန်အား မကျေမနပ် ကြည့်နေ၏။

“ကြည့်ရတာ မင်း အစွမ်းကုန် လုပ်ခဲ့ပြီးပြီနဲ့တူတယ်”

ယဲ့ဖန်က သူ့အား အထင်သေးစွာ ကြည့်နေသည်။

“ဒါပေမဲ့ မင်း ငရဲက နတ်ဆိုးကို တုန်လှုပ်အောင် မလုပ်နိုင်သေးဘူး”

“ဂျွတ်”

ယဲ့ဖန်၏ လက်ထဲမှ တုတ်တွင် အက်ရာပေါ်လာသည်။ ထို့နောက် တုတ်တစ်ချောင်းလုံး အက်ရာထင်သွားသည်။ သူ၏ လက်ချည်းသက်သက်ဖြင့် အထူး သံမဏိဖြင့် ပြုလုပ်ထားသော တုတ်အား ဖျက်ဆီးလိုက်သည်တဲ့လား။

ဤမြင်ကွင်းက ဆံဖြူနတ်ဆိုးနှင့် အခြားသူများအတွက် အိပ်မက်လိုပင်။ မယုံနိုင်စရာ ကောင်းလိုက်လေခြင်း။ ဆံဖြူနတ်ဆိုး မယုံနိုင်သေးပေ။

*ဒီတုတ်က ဖျက်ဆီးမရနိုင်လောက်အောင်ကို ပြိုင်စံရှားတာကို*

*သူ့ကို ထိခိုက်အောင်တောင် မလုပ်နိုင်ခဲ့ဘူးတဲ့လား*

*ပြီးတော့ သူ့လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးတာကို ခံလိုက်ရသေးတယ်*

“ဘာလို့လဲ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ မင်း ဘာလုပ်လိုက်တာလဲ”

ဆံဖြူနတ်ဆိုး မျက်လုံးပြူးကျယ်ကာ အလန့်တကြား အော်ဟစ်လိုက်သည်။

“ဂျွတ် ဂျွတ်”

တုတ်ပေါ်၌ အက်ရာက ဆက်လက် ပျံ့နှံ့လျက် ရှိသည်။ ယဲ့ဖန်က တုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်၍ ကျောချမ်းစရာ အပြုံးမျိုး ပြုံးလိုက်သည်။

“ဒီလောကထဲမှာ ငါ မလုပ်ဘူးဆိုတာ မရှိဘူး”

“ဒီလောကထဲမှာ ငါ မဖြေရှင်းနိုင်တဲ့ အရာဆိုတာ မရှိဘူး”

“ငါ မသတ်ရဲတဲ့သူဆိုတာလည်း မရှိဘူး”

“မနိုင်တဲ့ တိုက်ပွဲဆိုတာလည်း မရှိဘူး”

All Chapters