← Chapters

အခန်း ၁၄၅၀

Vol. 97 Ch. 1450

အခန်း ၁၄၅၀

Vol. 97 Ch. 1450

Chapter 1450 တင်းမာသော ပြန်လည်ဆုံဆည်းမှု

“အရှင်မင်းမြတ်၊ အရှင် ရှာခိုင်းထားတဲ့လူတွေကို ကျွန်တော် တွေ့ပါပြီ”

နောက်တစ်နေ့တွင် ယဲ့ဖန် ထန်မင်လီထံမှ သတင်းပို့မှုတစ်ခုကို ရရှိခဲ့သည်။

“တကယ်လား”

ယဲ့ဖန် အိပ်ရာမှ စိတ်လှုပ်ရှားစွာ ခုန်ထလိုက်မိသည်။ ပြီးခဲ့သည့်အချိန်ကတည်းက ထန်မင်လီအား ပြန်လည် မွေးဖွားလာသော်လည်း သူ ရှာမတွေ့သေးသည့် မိတ်ဆွေဟောင်းများကို စုံစမ်းပေးရန် ထန်မင်လီကို သူ တာဝန်ပေးခဲ့သည်။

သူတစ်ယောက်တည်း လူတိုင်းကို အချိန်တိုအတွင်း လိုက်ရှာရန် ကြိုးစားခြင်းက ကောက်ရိုးပုံထဲ အပ်လိုက်ရှာ သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထို့အပြင် သူ အချိန်မဖြုန်းချင်ပါ။ သူတို့ကို သူ ရှာတွေ့ချိန်တွင် ကံဆိုးမိုးမှောင်ကျ၍ အသတ်ခံရပြီး နေလောက်သည်။

ဖန့်ယင်းနှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့က သူ့အတွက် သင်ခန်းစာပင်။ ယဲ့ဖန်သာ အချိန်မီ ပေါ်မလာခဲ့ပါက နှစ်ယောက်လုံး သေနေလောက်လေပြီ။

လက်ရှိတွင် သူ သတင်းရလိမ့်မည်ဟု မျှော်လင့်မထားမိပါ?

“သူ့နာမည်က လင်းလန်ပါ။ သူက နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌပါ၊ သူက စီးပွားရေးလောကမှာ အတော်လေး ကျော်ကြားပြီး အိမ်ခြံမြေနယ်ပယ်ရဲ့ ဘုရင်မလို့ လူသိများပါတယ်၊ အဲ့ဒါကြောင့် သူ့ကို လိုက်ရှာဖို့ သိပ်မခက်တာပါ။ သူက ဒီဘားကို ညတိုင်းသွားပြီး သောက်လေ့ရှိပါတယ်”

ထန်မင်လီက ယဲ့ဖန်ထံ ပုံတစ်ချို့ ပို့လိုက်သည်။ ၎င်းပုံများအားလုံးက သတင်းစာများမှ ပုံများ ဖြစ်လေသည်။ ပုံထဲမှ အမျိုးသမီးသည် ကျက်သရေရှိကာ မာနကြီး၍ တပ်မက်ဖွယ်ကောင်းပြီး ထက်မြက်သည်။ ဒီဘဝက လင်းလန်သည် အတိတ်ဘဝ ကမ္ဘာဂြိုဟ်မှ လင်းလန်ပင်။

*နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ပြီပေါ့*

ထို့နောက်တွင်မူ ယဲ့ဖန်သည် ထန်မင်လီ ပေးပို့သော လိပ်စာသို့ ထွက်လာခဲ့သည်။ ညဉ့်နက်ချိန် ဘားတစ်ခုအတွင်း၌ ကြော့မော့သော အမျိုးသမီးတစ်ယောက်က ဘားတွင်ထိုင်နေပြီး မှုန်တေတေ မျက်နှာနှင့် အရက်သောက်နေ၏။

တန်ဖိုးကြီး အဝတ်အစားနှင့် မိတ်ကပ် ပြေပြေပျစ်ပျစ် လိမ်းထားကာ ကြော့ရှင်းသော အသွင်အပြင်ရှိသော သူမ။ နှစ်ခါထပ်ပြောစရာ မလိုအောင် လှပပေသည်။

မှုန်တေတေနှင့် လေးတွဲ့သော ဟန်ပန်လေးကြောင့် မည်သူမဆို သနားစိတ်ဝင်ကာ သူမအား ရင်ခွင်တွင်း ထွေးပွေ့၍ ချစ်ချင်စိတ် ပေါက်နိုင်သည်။

အချိန်အတော်ကြာအောင် စောင့်နေခဲ့သော ယဲ့ဖန်က အသာပြုံး၍ ဝိုင်ခွက်ကိုကိုင်ကာ သူမထံ လျှောက်သွား လိုက်သည်။

“မိန်းကလေး ကိုယ် ဒီမှာ ထိုင်လို့ရလား”

လင်းလန် ခေါင်းမော့၍ ယဲ့ဖန်ကို ကြည့်လာသည်။ သူမက ကြော့ရှင်းသော မျက်နှာလေးနှင့် ဝိုင်ကိုတစ်ငုံသောက်၍ ပြန်ပြောလေသည်။

“သွားသေလိုက်”

ယဲ့ဖန် အံ့ဩသွားသည်။ သူတို့ စတွေ့ခဲ့စဉ်က အဖြစ်အပျက်များကို သူ ပြန်တွေးမိသလို သူတို့ တွေ့စဉ်က ပထမဆုံး ပြောခဲ့သော စကားများကိုလည်း သူ အမှတ်ရမိသည်။ သို့သော် သူ့အရှေ့မှ သူမ၏ အပြုအမူကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

*လန့်စရာပဲ*

*ကြောက်ဖို့ကောင်းတယ်*

ဤသည်က ကားတိုက်ခံလိုက်ရသော အဖြစ်လိုပင်။ ယဲ့ဖန် နှလုံးသားကို ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မွန်းကျပ်လွန်းသဖြင့် အသက်ပင် မရှူနိုင်တော့ပါ။

သိမ်မွေ့နူးညံ့၍ ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်က လူလတ်ပိုင်းအရွယ် အဒေါ်ကြီး တစ်ယောက်ကဲ့သို့ ဒေါသကြီးလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

အမျိုးသမီးတိုင်းရဲ့ သိမ်မွေ့တဲ့ဟန်ပန်အောက်တွင် အပေါက်ဆိုးသော အကျင့်များ ရှိနေလေသလော။

ယဲ့ဖန် မချိပြုံးပြုံးကာ ခေါင်းခါ၍ သူ့အစီအစဉ်ကို လက်လျှော့လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်း မူးအောင်သောက်ချင်တာဆိုရင် မိုဆာတို အိန်ဂျယ်လက်ကို သောက်ဖို့ အကြံပေးချင်တယ်၊ အဲ့ဒါက အဆီအနှစ် နည်းပေးမယ့် အလွယ်တကူ မူးစေတယ်”

“အဓိကကတော့ မိန်းမလှလေးတွေကို မဝစေဘူးလေ”

“ကောင်းသောညပါ”

ယဲ့ဖန် ခွက်ကိုမြှောက်၍ ပြောလိုက်သည်။ လင်းလန်နား ချဉ်းကပ်ရန် သူ အလျင်မလိုသင့်သည့်ပုံပင်။ ထို့နောက် သူ နောက်ပြန်လှည့်လာပြီး သူ့ခုံ၌ ပြန်ထိုင်လေသည်။ သူ့စိတ်ထဲ၌ တိတ်တဆိတ် ရေတွက်နေမိသည်။

“သုံး နှစ် တစ်”

“မိုဆာတို အိန်ဂျယ်လက် တစ်ပုလင်းပေး”

လင်းလန် လှမ်းအော်၍ ပြောလိုက်သည်။ ယဲ့ဖန်၏ နှုတ်ခမ်းက သိသိသာသာ ကော့တက်သွားပြီးနောက် ငြိမ်၍ စီးကရက်ကို မီးညှိနေလိုက်သည်။ သူ ပြန်လည်၍ အတွေးကမ္ဘာထဲ မျောလွင့်သွားသည်။ အချိန်မည်မျှ ကြာသွားသလဲ မသိလိုက်ခင်တွင် ချိုမွှေးသော အယ်လ်ကိုဟောအနံ့က သူ့နှာခေါင်းဝသို့ တိုးဝှေ့လာ၏။ သူ လှည့်ကြည့်လိုက်သောအခါ လင်းလန်က သူ့ဘေးနားသို့ ရောက်နေလေသည်။

သူမက နီမြန်းနေသော မျက်နှာလေးဖြင့် သူ့ကို ပြုံးပြလာသည်။

“ကိုလူချောလေး ကျွန်မ ရှင်နဲ့အတူ သောက်လို့ရမလား”

ယဲ့ဖန် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမအနောက်မှ ဒေါသတကြီး လျှောက်လာနေသော လူတစ်စုကို ကြည့်လိုက်သည်။ သူ ငိုရမလား ရယ်ရမလား မသိတော့ချေ။

“အလှလေး ငါ မင်းကို ဘာဖြစ်ဖြစ် ကူညီမှာပါ၊ ဒါပေမဲ့ မင်း ငါ့ကို ဒီလို ထိခိုက်အောင်လုပ်တာက မလွန်လွန်းဘူးလား”

“စည်းစိမ်ကို စွန့်စားရှာမှရသလို မိန်းလှလေးကလည်း အဲ့လိုပဲလေ၊ ရှင်ရော ဘယ်လိုထင်လဲ”

လင်းလန်က ပန်းပွင့်လေးသဖွယ် ပြုံးပြနေ၏။ သူမသည် အပြင်ပန်း၌ စွဲမက်ညှို့ယူလိုဟန် ဖြစ်နေသော်လည်း အတွင်းစိတ်ထဲ၌ သူမ၏ ကြောက်စိတ်ကို ဖိနှိပ်နေရသည်။

ယနေ့ညတွင် ယဲ့ဖန်က သူမ၏ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်း သူမ သိနေ၏။ အကယ်၍ သူသာ ဘေးထွက်၍ ကြည့်နေပါက သူမအတွက် လွတ်မြောက်လမ်း မရှိတော့ပါ။

သူမ ဘာကြောင့် ယဲ့ဖန်ကို လိုက်ရှာမိမှန်း မသိပါ။ သို့သော် အမျိုးသမီးတစ်ယောက်၏ မသိစိတ်က ဤအမျိုးသားက သူမကို သေချာပေါက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောနေ၏။ အဘယ်ကြောင့်ဆိုသော် သူက လင်းလန် ရွံသလို မခံစားမိသည့် တစ်ဦးတည်းသော အမျိုးသားပင်။

သူမ ယခင်က ယောက်ျားမုန်းတီးသော ရောဂါကို ခံစားခဲ့ရပြီး စိတ်ရောဂါ အထူးကုက အခြေအနေကို မထိန်းချုပ်နိုင်လျင် သူမ၏ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုလည်း ပြောင်းလဲသွားမည်ဟု ဆိုသည်။

သို့သော် ယနေ့ ယဲ့ဖန်နှင့် တွေ့သောအခါ ထိုစိတ်ရောဂါ အထူးကု၏ စကားက အဓိပ္ပာယ်မရှိကြောင်း သတိပြု လိုက်မိသည်။

“ဪ အဲ့တော့ ငါ သူတို့ကို ရှင်းနိုင်ရင် မင်း ဒီည ငါနဲ့အတူ အိမ်ပြန်မှာလား”

ယဲ့ဖန် ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။ လင်းလန် တစ်ခဏမျှ မှင်တက်သွားသည်။ ဤလူက သူမကို တကယ် ကယ်ချင်လိမ့်မည်ဟု သူမ ထင်မထားမိပါ။

*ဟိုဘက်က လူရှစ်ယောက်ကို သူ မမြင်ဘူးလား*

ချက်ချင်းဆိုသလိုပင် သူမ စိတ်တည်ငြိမ်သွားပြီး ယဲ့ဖန်၏ရင်ဘတ်ကို သူမလက်ချောင်းများဖြင့် ဝိုင်းပတ် ကစားကာ ပြုံး၍ ပြောလိုက်သည်။

“ဒါကတော့ ရှင့်မှာ အရည်အချင်း ရှိ၊မရှိပေါ် မူတည်တယ်”

ယောက်ျားတိုင်းက ခန္ဓာကိုယ်အောက်ပိုင်းကိုသာ တပ်မက်သော တိရစ္ဆာန်များ ဖြစ်ကြောင်း သူမ သိပါသည်။ မိမိအတွက် သူတို့ကို တစ်ခုခု လုပ်ခိုင်းစေချင်ပါက သူတို့ကို အရင်ဆုံး အချိုသပ်မှ ရပေမည်။

စီးပွားရေးလောကအတွင်းမှ အမျိုးသမီးတစ်ဦးဖြစ်သော လင်းလန်သည်လည်း လူတို့၏ နှလုံးသားကို ကောင်းကောင်း ကစားတတ်ပါသည်။

သို့မဟုတ်ပါက ဤနှစ်များစွာအတွင်း မြစ်တစ်စင်းစာရှိသော ပိုးပန်းသူများကြားထဲတွင် သူမ၏ ခန္ဓာကိုယ်ကို သတိဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်မည် မဟုတ်ပါ။

ထိုစဉ် လူရမ်းကားတစ်သိုက်က အနားသို့ ရောက်လာပြီး ဦးဆောင်လာသော မျက်နှာ၌ အမာရွတ်ရှိသူက ငေါက်ငမ်းလေသည်။

“ခွေးမသားလေး ငါ့မျက်စိရှေ့က ချက်ချင်း ထွက်သွားဖို့ ငါ မင်းကို တစ်မိနစ် အချိန်ပေးမယ်”

အထက်စီးဆန်လှသည်။ သုန်မှုန်နေသော မျက်နှာထားက ကြည့်ရဆိုးသော သူ့မျက်နှာကို ပို၍ ဆိုးရွားသွား စေသည်။

လင်းလန်၏ ကိုယ်လေးသည် ကြောက်စိတ်ကြောင့် တုန်လှုပ်သွားပြီး ယဲ့ဖန်၏ အင်္ကျီစကို အလိုလို ဆုပ်ကိုင်မိကာ သူမအား စွန့်ပစ်လိုက်မည်ကို စိုးရွံ့နေ၏။

*ခွေးမသားလေး ဟုတ်လား၊ ထွက်သွားတဲ့လား*

ယဲ့ဖန် မျက်ခုံးပင့်ကာ လှောင်ရယ်၍ ပြန်ပြောလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲ ဟုတ်လား”

အမာရွတ်နှင့်လူက ချက်ချင်း ရယ်မောလေသည်။

*ငကြောက်လေးက ငါတို့ကို မြင်တာတောင် ဟန်ဆောင်ရဲသေးပါလား*

ချက်ချင်းဆိုသလိုပင် သူက ယဲ့ဖန်ကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်၍ မောက်မာစွာ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက ဖုန့်ခွေမို့လို့ပဲ”

ဘားထဲမှလူတိုင်း ရုတ်တရက် မျက်နှာပျက်သွားကြပြီး အမာရွတ်နှင့်လူအား ကြောက်လန့်တကြား ကြည့်လာ ကြသည်။

ဖုန့်ခေါက ပြီးခဲ့သော ရျုကျိုး ဓားသမားပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သူ ဖြစ်ကြောင်း သူတို့ သိထားကြသည်။ သူသည် ဘုရင်အဆင့် ခွန်အားဖြင့် ပြိုင်ပွဲဝင်အားလုံးကို အနိုင်ယူခဲ့ပြီး ဓားရေးက လျှပ်စီးသဖွယ် လျင်မြန်လှသည်။

ပြိုင်ကွင်း၌ တစ်ဖက်လူ ဆယ့်သုံးယောက်အား သတ်ခဲ့သည်။ သူ့ဓားချက်က မြန်ဆန် ရက်စက်လွန်းပြီး လူအများက သေချာမမြင်ရပေ။ ထို့ကြောင့် သူသည် ဖုန့်ခွေဟု အမည်တွင်ခြင်း ဖြစ်လေသည်။

“ဒီကောင်လေးက ဖုန့်ခွေကို အာခံရဲတာလာလား၊ သူတော့ ကံဆိုးတော့မယ်နဲ့တူတယ်”

“မဟုတ်သေးဘူး၊ မင်း ဖုန့်ခွေရဲ့ ဘော့စ်က အဲ့လူမှန်း သိတယ်မလား”

“အဲ့လူလား၊ လွန်ခဲ့တဲ့ နှစ်ဝက်က ရှုကျိုးကို ရောက်လာပြီး လူနှစ်ထောင်ကို အနိုင်ပိုင်းသွားတဲ့ အဲ့လူလား”

“သူပဲ၊ တစ်ယောက်တည်းနဲ့ ရှုကျိုးကို အနိုင်ယူခဲ့တဲ့လူလေ၊ အခု သူက အရှေ့ဘက်ခရိုင်ကို အုပ်စိုးနေတာ၊ ရှုကျိုးလမ်းမထက်က နာမည်အကျော်ဆုံး ခေါင်းဆောင် ဖြစ်လာတဲ့လူပေါ့”

လူတိုင်း စိတ်လှုပ်ရှားလာပြီး ယဲ့ဖန်အား ကရုဏာသက်သော အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား‌ သေလူဟု သတ်မှတ်သွားလေသည်။ ဖုန့်ခွေကို အာခံခြင်းက ထိုလူကို အာခံခြင်းနှင့် အတူတူပင်။ ထိုအတွက် သေလမ်းသာ ရှိပေသည်။

“ခွေးမ ငါတို့ဘော့စ်က မင်းကို သဘောကျတာ ကံကောင်းခြင်းကွ၊ မင်းက ဒါကို ဘယ်လို တန်ဖိုးထားရမလဲ မသိဘူးပေါ့လေ၊ ဒီလို အမှိုက်ကောင်မျိုးကို ဒိုင်းလို ရှာထားလို့ ငါတို့က ကြောက်မယ် ထင်နေတာလား၊ မင်း သိအောင် ပြောလိုက်မယ်၊ ဒီည မင်း ငါတို့နဲ့ အိပ်ရမယ်ကွ”

“ဟေ့ကောင် မင်း မသေချင်ရင် ဒူးထောက်ပြီး ငါတို့ကို အရိုအသေပေးလိုက်၊ ပြီးရင် ငါတို့ဖိနပ်တွေ သန့်ရှင်းသွားအောင် လျက်ပေးကြ”

ဖုန့်ခွေ၏ ညီအစ်ကိုများက ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။ ယဲ့ဖန်အား မြို့ထဲမှ အလုပ်ကြမ်းသမားဟု ထင်နေကြသည်။ အသွင်အပြင်ကို ကြည့်ပြီးနောက် သူတို့မျက်လုံးထဲမှ သရော်ရိပ်က ပိုပို၍ ပီပြင်လာသည်။

*အမှိုက်ကောင်တစ်ကောင်က ငါတို့ကို ရန်စရဲတယ်ပေါ့လေ*

*သေချင်နေတာပဲ*

“ဟားဟား”

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က ရယ်မော၍ ခေါင်းခါနေသည်။ သူ့အပြုအမူတွင် ထီမထင်ဟန်များနှင့် ပြည့်နှက် နေသည်။

“တကယ့်ကို ဉာဏ်တိမ်တာပဲ၊ နေရာတိုင်းမှာ အစ်ကိုကြီးတွေနဲ့ ပြည့်နေပါလား၊ အခုခေတ်မှာ ဘယ်ခွေးကြောင်မဆို သူတို့ကိုယ်သူတို့ ဘော့စ်လို့ ခေါ်ရဲနေတာပဲ”

“ဝိုး”

လူတိုင်း ဆူညံပွက်လောရိုက်သွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ပြန်ကြည့်လာသည်။

*ဒီကောင်လေး ရူးနေတာလား၊ ဖုန့်ခွေကို ဒီလိုပြောရဲတယ်လား”

*တကယ်ကြီးလား*

*ဒီကောင် သူ ဘာလုပ်နေလဲရော သိရဲ့လား*

*သေတွင်းတူးတာ၊ ဒါ သေတွင်းတူးတာ သက်သက်ပဲ*

သူ့ဘေး၌ ရှိနေသော လင်းလန်သည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။ ဤလူက ဖုန့်ခွေကို ရန်စရဲလိမ့်မည်ဟု သူမလည်း ထင်ထားမိပုံ မရချေ။ ထိုဖုန်းခွေသည် ဘုရင်အဆင့် ဖြစ်လေသည်။

“မင်း ဘာပြောလိုက်တာလဲ”

ဖုန့်ခွေ၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး ထိုစကားကို အံကြိတ်ထားသဖြင့် သွားကြားထဲမှ လေတိုးလာရုံမျှ အသံဖြင့် ပြောလေသည်။ ဘာမဟုတ်သော လူက သူ့စကားကို အလေးမထားဘဲ နေလိမ့်မည်ဟု သူ ထင်မထားမိပေ။

ယဲ့ဖန်က သူ့အား ခံစားချက်ကင်းမဲ့စွာ ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။

“မင်းကို အချိန်တစ်မိနစ် ပေးမယ်၊ ထွက်သွားမလား အသေခံမလား”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယဲ့ဖန်၏ စကားသံအဆုံးတွင် ဘားတစ်ခုလုံး အသံတိတ် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ချက်ချင်း ဘာအသံမှ မထွက်တော့ချေ။

*ဖုန့်ခွေကို ထွက်သွားခိုင်းတာလား၊ ဒါ အရမ်း မောက်မာလွန်းသွားတယ် မဟုတ်လား*

ဖုန့်ခွေသည် အရက်စက်ဆုံးဟု ကျော်ကြားသော လူရမ်းကား ဖြစ်သည်။ သူသည် တစ်ချိန်က ထိပ်တန်း ဆယ်ခု စာရင်းဝင် ကြေးစားအဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။

သူ့ဘဝတွင် လူပေါင်းများစွာကို သတ်ခဲ့ဖူးပြီး သူတစ်ယောက်တည်း သတ်ခဲ့ဖူးသည် ခေါင်းဆောင်က ဆယ်ယောက်မကချေ။

ထို့နောက်တွင် သူသည် ဒဏ်ရာကြောင့် အနားယူခဲ့ပြီး ရှုကျိုးသို့ ထူးချွန်သူအချို့နှင့် ပြန်လာကာ မြေအောက် အင်အားစုကို တည်ထောင်ခဲ့ပြီး ရှုျကိုး၏ လမ်းမထက်တွင် ယှဉ်နိုင်သူ မရှိလုနီးပါး ဖြစ်လာလေသည်။

သို့သော် ထိုသို့သောလူမျိုးကို ယဲ့ဖန်က ထွက်သွားမလား၊ အသေခံမလားဟု ပြောရဲသည်တဲ့လား။ ရူးချင်စရာပင်။

လင်းလန်သည် သိုင်းပညာရှင် မဟုတ်သော်ငြားလည်း ဖုန့်ခွေဟူသော အမည်အား ကြားဖူးပြီး ဤလူ မည်မျှ ကြောက်စရာကောင်းကြောင်း သိပါသည်။

“အစ်ကိုဖုန့်ကို စော်ကားရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”

သူ့များထဲမှတစ်ယောက်က ရုတ်တရက် ခက်ထန်သော မျက်နှာထားနှင့်အတူ ပစ္စတိုတစ်လက်ကို ထုတ်ကာ ယဲ့ဖန်၏ မျက်နှာကို ချိန်လာ၏။

“ငါ သုံးအထိ ရေလို့မှ မင်း ဒူးမထောက်ရင် သေရမယ်”

*ဘာ*

ဘေးလူများ ရုတ်တရက် အော်ဟစ်လာသည်။ တစ်ဖက်လူက သေနတ်ထုတ်လာသည်ကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။

သို့သော် နက်မှောင်သော ပြောင်းဝကို ကြည့်နေသော ယဲ့ဖန်၏ အကြည့်တွင် သွေးပျက်ဟန် တစ်စက်မှ ပါမနေဘဲ အေးစက်မှုသာ ကြီးစိုးနေ၏။

“ငါ့ကို သေနတ်နဲ့ချိန်တာ မင်းက ပထမဆုံး မဟုတ်သလို နောက်ဆုံးလူလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ဒါ မင်းရဲ့ နောက်ဆုံးအကြိမ် ဖြစ်မှာကိုတော့ ငါ အာမခံတယ်”

“ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”

ထိုလူ၏မျက်နှာတွင် ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်လာ၏။ တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်ရဲလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထို့နောက် သူ သေနတ်မောင်းကို ဆွဲညှစ်လိုက်သည်။

“ဒိုင်း”

သေနတ်သံ ထွက်ပေါ်လာပြီး ဖုန့်ခွေနှင့် အခြားသူများက ကျေနပ်အားရသော အပြုံးမျိုး ပြုံးနေကြကာ ယဲ့ဖန်၏ သွေးများ ပန်းထွက်လာတော့မည်ဟု မြင်ယောင်နေလေသည်။

သူတို့ကို ကာကွယ်ပေးမည့် ဘော့စ်ရှိနေသဖြင့် သူတို့ ရှုကျိုး၌ လုပ်ချင်တာ ဘာမဆို လုပ်နိုင်ကြသည်။ လူတစ်ယောက်ကလေး သတ်လိုက်တာက ဘာအရေးနည်း။

All Chapters