အခန်း ၁၄၅၁
Vol. 97 Ch. 1451
Chapter 1451 ငါ့ကို နှင်ထုတ်ရဲသလား
သို့သော် ထို့နောက်တွင်မူ သူတို့၏ အမူအရာများ အေးစက်တောင့်တင်းသွားပြီး မယုံနိုင်လောင်အောင် ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဘာဒဏ်ရာမှမရသည့်အပြင် ဘယ်အချိန်ကတည်းက သေနတ်နှင့် ပစ်လိုက်သူ၏ အနောက်၌ ရပ်နေမှန်းမသိ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုသူသည်လည်း တစ်စုံတစ်ရာကို သတိထားမိပြီး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ သူ့နောက်ကျော၌ ဆူးရှိသကဲ့သို့ ခံစားရကာ မျက်နှာတစ်ပြင်လုံး သွေးပျက်ဟန်တို့ဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူသည် အနောက်သို့ ကြောက်ကြောက်ရွံရွံ့နှင့် အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ထိုစဉ် သန်မာသော လက်တစ်စုံက သူ့မျက်နှာကို ဆုပ်ကိုင်၍ လိမ်ချိုးလိုက်သည်။
“ဂျွတ်”
သူ့ဦးခေါင်း တစ်ရာ့ရှစ်ဆယ် ဒီဂရီ လည်ထွက်သွားသည်။ သေသည့်အချိန်အထိ သူ့မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး သူ့မျက်လုံးတွင် ထိတ်လန့်၍ မယုံနိုင်ဟန်များနှင့် ထင်ဟပ်နေသည်။ ဤမနူးမနပ် လူငယ်လေးက အလွန် ကြောက်စရာကောင်းလိမ့်မည်ဟု သူ ထင်မထားသည့်ပုံပင်။
အဆိုပါမြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ယဲ့ဖန်က တဖြည်းဖြည်း လဲကျသွားသော အလောင်းအား ခံစားချက်ကင်းမဲ့ဟန်ဖြင့် ကြည့်နေ၏။
“ငါ သတိပေးတာကို မင်း နားထောင်ခဲ့သင့်တယ်”
လူတိုင်း အလန့်တကြားဖြစ်သော အမူအရာဖြစ်လာပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာကြသည်။
*ဒီကောင် ကျည်ဆံကို ဘယ်လိုရှောင်လိုက်တာလဲ*
*အံ့ဩစရာပဲ*
လင်းလန်သည်လည်း မျက်နှာဖြူရော်နေကာ ယဲ့ဖန်၏ ကျောပြင်ကိုကြည့်ပြီး သူမ ဖောက်ထွင်း မမြင်နိုင်လောက်အောင် ထူးဆန်းလွန်းသောလူဟု ခံစားလာရသည်။
လူတစ်ယောက်ကို သတ်လိုက်ခြင်းက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်လိုက်သည်နှင့် တူနေကာ သူ့မျက်နှာနှင့် ခံစားချက် တစ်စုံတစ်ရာမျှ မရှိချေ။
*ဒီထူးဆန်းတဲ့လူ၊ သူက ဘယ်သူလဲ*
“ဂလု”
ဖုန့်ခွေ တံတွေးကို မနည်းမျိုချလိုက်ရသည်။ သူ လမ်းမထက်၌ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့ပြီး လူပေါင်းများစွာကို မြင်ဖူးပါသည်။ သို့သော် မည်သူမျှ ယဲ့ဖန်ကဲ့သို့ ထူးဆန်း၍ ကြောက်စရာ မကောင်းပါ။
*တည်နေရာ ရွှေ့ပြောင်းတာလား*
ယဲ့ဖန်၏ လှုပ်ရှားမှုအား ဘုရင်အဆင့်ဖြစ်သောသူပင် သေချာမမြင်လိုက်ရပါ။ ထိုအတွက် အဖြေမှာ တစ်ခုတည်းသာ ရှိပေသည်။ သူ့အရှေ့မှ ဤလူသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်နေခြင်းသာ။
မကြာခင်မှာပင် သူ နဂိုအတိုင်း ပြန်ဖြစ်လာပြီး အံကြိတ်၍ ပြောလိုက်သည်။
“မင်း … မင်း ငါ့လူတွေကို သတ်ရဲတယ်လား”
“ပုရွက်ဆိတ်တွေပဲကို၊ သူတို့ကို သတ်တာ ဘာဖြစ်လဲ”
ယဲ့ဖန်က သူ့အား နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။ စကြဝဠာ၏ နတ်ဆိုးဧကရာဇ်၊ ငရဲဘုံ၏ အရှင်သခင်၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကိုပင် သူ စိတ်ရှိသလို သတ်နိုင်ပေသည်။ ဘာမဟုတ်သော သေမျိုးတစ်ယောက်ကို သူ သတ်လိုက်သည်က ဘာများ အရေးပါနေမည်နည်း။
“ကောင်းပြီလေ နောက်မှနောင်တမရနဲ့”
ဖုန့်ခွေက မကျေမနပ်ကြည့်ကာ ချက်ချင်း ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လေသည်။
“ဆရာခို့ …”
ဤသည်ကိုမြင်သော် လူတိုင်း အကြီးအကျယ် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
“သွားပြီ၊ ဖုန့်ခွေက အဲ့လူကို ဖုန်းဆက်နေပြီ၊ အဲ့ကောင်လေးတော့ ဇာတ်သိမ်းပြီ”
“သူက လက်အောက်ငယ်သားကို ရင်ဆိုင်နိုင်တယ်ဆိုပင်မယ့် ဘယ်လိုလုပ် အဲ့လူကို လက်အောက်ငယ်သားနဲ့ ယှဉ်နိုင်မှာလဲ၊ အဲ့လူ ရှုကျိုးကို ရောက်လာပြီးကတည်းက သူ ရှုံးတာကို မမြင်ဖူးသေးဘူး”
“မင်း အတွေးလွန်နေပြီ၊ အဲ့လူ ကိုယ်တိုင်လုပ်စရာ ဘယ်လိုလုပ် လိုမှာလဲ၊ သူ့လက်အောက်က ကျွမ်းကျင်သူတွေကို လွှတ်လိုက်ရုံနဲ့တင် ဒီကောင် တမလွန် ရောက်နေပြီ”
လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။ အစောပိုင်းက ယဲ့ဖန်၏ စွမ်းဆောင်ရည်က အံ့ဩစရာ ကောင်းသော်လည်း ထိုလူနှင့် မယှဉ်နိုင်ပါ။ ထိုလူသည် တကယ့် နတ်ဆိုးပင်။
“ထွက်ပြေးရအောင် မကြာခင် ကပ်ဆိုက်တော့မှာ ငါတို့ ဒီမှာ ဆက်နေရင် ငါတို့ပါ ရောကြိတ်ခံရမယ်”
“မြန်မြန်လုပ် မြန်မြန်သွား”
ဧည့်သည်တော်တော်များများသည် အဝေးသို့ ထွက်ပြေးကြပြီး ဤနေရာ၌ ဆက်မနေရဲကြချေ။ သူတို့မျက်နှာတွင် အလွန် ကြောက်လန့်ဟန်များ ပေါ်နေသည်။ ဖုန့်ခွေ၏ ဘော့စ်ကို အလွန်အမင်း ကြောက်ရွံ့ကြကြောင်း သိသာလှသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူက လုံးဝ လူမဟုတ်သောကြောင့်ပင်၊ သန်မာ၍ ကြောက်စရာကောင်းလှသည်။
တစ်ခါက ထိုလူသည် သူတစ်ယောက်တည်း၏ ခွန်အားဖြင့် တပ်မဟာတစ်ဖွဲ့လုံးကို ရင်ဆိုင်ခဲ့ဖူးသည်။ ရလဒ်အားဖြင့် သူ ဘာဒဏ်ရာမှမရဘဲ ပြန်လာခဲ့လေသည်။
ယခု ဤနယ်မြေကို သိမ်းပိုက်ပြီး ဘုရင်သဖွယ် မင်းမူကာ သူ့လက်အောက်၌ သန်မာသော သိုင်းပညာရှင်များကို ခန့်အပ်ထားသည်။ သူတို့ကို ယှဉ်ပြိုင်ခြင်းက သေတွင်းတူးခြင်းပင်။
ဤသည်ကြောင့်ပင် ဖုန့်ခွေနှင့် အခြားသူများ အလွန်အတင့်ရဲခြင်း ဖြစ်ပေသည်။ အကြောင်းမှာ သူတို့ ကောင်းကင်ဘုံကို တုတ်နှင့် ထိုးမိလျင်တောင်မှ သူတို့ဘော့စ်က သူတို့ကို ကာကွယ်နိုင်သောကြောင့်ပင်။ ခွန်အားသည်သာ အရာရာ မဟုတ်ပါတကား။ မည်သူက သူတို့ကို ရန်စရဲပါမည်နည်း။
“ကျွန်မတို့ ထွက်သွားကြမလား”
လင်းလန် စိုးရိမ်တကြီး မေးလာသည်။ သူမသည်လည်း ဖုန့်ခွေ၏ ဘော့စ်အကြောင်း အနည်းငယ် ကြားဖူးသည်။ ထိုသူသည် တကယ့် စိတ္တဇသမား ဖြစ်သည်။ ရှုကျိုးသို့ ရောက်လျင်ရောက်ခြင်းမှာပင် ထိုသူက ဘုရင်အဆင် ဆယ့်နှစ်ယောက်ကို ရှင်းပစ်ကာ သူတော်စင်သခင်အဆင့် တစ်ယောက်ကိုပင် အနိုင်ယူခဲ့သည်။
“မင်း ကြောက်နေတာလား”
ယဲ့ဖန် မေးလိုက်သည်။
“ရှင်ရော မကြောက်ဘူးလား”
လင်းလန် အံ့ဩသွားသည်။
*ဒါကြီးက အဓိပ္ပာယ် ရှိလို့လား*
“ငါ့ကို ကြောက်အောင် လုပ်နိုင်တဲ့လူ ဒီလောကမှာ မရှိဘူး”
ယဲ့ဖန်က ဂုဏ်ယူစွာ ပြုံးနေပြီး သူ့မျက်နှာတွင် အထင်သေးရိပ်များ ပေါ်လွင်နေသည်။
“ဟဲဟဲ ဟေ့ကောင် မင်းက အတော်လေး ဟန်ဆောင်ကောင်းတာပဲ၊ ငါ့ဘော့စ် လာတဲ့အခါကျရင် မင်း ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရမယ်လို့ ပြောရဲတယ်”
ဖုန့်ခွေက ထူးဆန်းသော အပြုံးမျိုး ပြုံးနေသည်။ သူ့မျက်နှာက သုန်မှုန်၍ သွေးဆာဟန် ပေါ်နေကာ မျက်လုံးတွင် ကြမ်းကြုတ်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။
“မင်းဘော့စ် လာတဲ့အခါကျရင် မင်း သေရမယ်၊ သူလည်း သေရမှာပဲ”
ယဲ့ဖန်က ဖုန့်ခွေကို အေးစက်စွာ စိုက်ကြည့်နေ၏။
*ဘာ*
ထိုစကားကိုကြားသော် လူတိုင်း မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်လာကြသည်။ လက်ရှိတွင် အသက်ရှင်ရတာ ပျင်းနေသည်ဟူသော စကား၏ အဓိပ္ပာယ်ကို သူတို့ နားလည်သွားသည်။
*ဒီလူက ဖုန့်ခွေရဲ့ ဘော့စ်ကို အထင်သေးရဲတယ်လား၊ အဲ့လူကို အသုံးမကျဘူးလို့ သူ ထင်နေတာလား*
သူ့စကားကိုကြားပြီး ဖုန့်ခွေက အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။
“မင်းလို့ အရူးမျိုး ငါ အများကြီး မြင်ဖူးတယ်၊ သူတို့အားလုံးက မောက်မာပုံ ပေါ်ပင်မယ့် အဆုံးကျရင် သူတို့က ငါ့ဘော့စ်ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ကြတာပဲ”
“မင်းလည်း ခြွင်းချက်မဟုတ်ဘူး”
“ဝုန်း”
ရုတ်တရက် အလွန် ဖိနှိပ်ချုပ်ချယ်သော ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုက တံခါးမှနေ၍ ဘားထဲသို့ ပျံ့လွင့်လာသည်။
“ဘယ်သူက ငါ့ညီလေးကို သတ်ရဲတာလဲ၊ ထွက်လာခဲ့စမ်း”
ထို့အတူ ကျားဟိန်းသံကဲ့သို့သော ကြောက်စရာကောင်းသည့် အော်သံက တံခါးဝမှ ထွက်ပေါ်လာလေသည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူတစ်စုက အစီအစဉ်တကျ လျှောက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ တစ်ယောက်ချင်းစီက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပြီး ဘားတစ်ခုလုံး၏ အပူချိန်က ရေခဲမှတ်အထိ ထိုးကျသွားသည်။
လူတိုင်း ထိတ်လန့်သွားပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။ ထိုလူ ရောက်လာပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
“ဟေ့ကောင် သေဖို့ စောင့်နေလိုက်တော့”
ဖုန့်ခွေ ထူးဆန်းသော အပြုံးမျိုး ပြုံးနေပြီး ယဲ့ဖန်အား သေလူကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“စောင့်နေလိုက်၊ ငါ မင်းကို ငါ့ရှေ့မှာ ခွေးလို ဒူးထောက်ရအောင် လုပ်ပြမယ်”
“ခွေးမ မင်းရောပဲ၊ ငါ့ညီအစ်ကိုတွေ မင်းကို တစ်ယောက်ပြီး တစ်ယောက် ကစားစေရမယ်”
ထိုစကားကိုကြားပြီး လင်းလန် တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားလေသည်။ ဖုန့်ခွေ၏ ရက်စက်သော မျက်လုံးကိုကြည့်ပြီး သူမ ချောက်ချားနေ၏။
ထို့နောက် သူသည် တံခါးဝမှ ကြံ့ခိုင်သန်မာသော လူထံသို့ ခပ်သွက်သွက် လျှောက်သွားပြီး မျက်နှာချိုသွေးသော အပြုံး ပြုံးကာ တရိုတသေ အရိုအသေ ပေးလိုက်သည်။
“ဆရာခို့”
ထိုအခိုက်တွင် ယဲ့ဖန် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ ရောက်လာသူကို ကြည့်ပြီးနောက် သူသည် တစ်ခါမျှ မှင်တက်သွားကာ ထီမထင်သော အပြုံးမျိုး ပြုံးလိုက်သည်။
“သွားတော့ ဒီကိစ္စက ကျွန်မကြောင့် ဖြစ်တာ၊ ကျွန်မကိုယ်တိုင် ဖြေရှင်းမယ်၊ ရှင့်အရည်အချင်းနဲ့ဆို ဒီကနေ တစ်ယောက်တည်း ထွက်ပြေးနိုင်တဲ့ အခွင့်အရေး ရှိမှာလဲ”
လင်းလန်က ယဲ့ဖန်ကို စိုးရိမ်တကြီး ပြောလိုက်သည်။ သူမ၏ နှစ်လိုဖွယ်ကောင်းသော မျက်နှာတွင် ကြံရာမရဟန်များ ပြည့်နှက်နေ၏။
ထိုသူလည်း ရောက်လာပြီဖြစ်သဖြင့် ယနေ့ သူမ ကံဆိုးလေပြီ။ ယဲ့ဖန်ကို သူမနှင့်အတူ အသေခံမည့်အစား သူမ တစ်ဘောက်တည်း ခံစား၍ သေခြင်းတရားကို ရင်ဆိုင်လိုက်သည်က ပိုကောင်းပေသည်။
ဤသည်ကိုတွေးမိပြီးနောက် သူမ မချိပြုံးပြုံးလိုက်သည်။
“ထွက်ပြေး ဟုတ်လား”
ယဲ့ဖန်က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေသည်။
“ထွက်ပြေးသင့်တာ သူပဲ”
“ရှင် ဘယ်အချိန်ထိ ဟန်ဆောင်နေမှာလဲ၊ အဲ့ဒါက မကောင်းဆိုးဝါးနော်၊ ဒီနှစ်တွေထဲ သူ သတ်ခဲ့တဲ့ အကျော်အမော်တွေ ဘယ်လောက်များလဲ ရှင် သိလား၊ တစ်ရာ့သုံးယောက်တောင်၊ ဘုရင်အဆင့် ဆယ့်နှစ်ယောက်နဲ့ သူတော်စင်သခင်အဆင့် တစ်ယောက်အပြင် အခြားအဆင့်လူတွေ အများကြီး ပါတယ်၊ ရှင့်အရည်အချင်းက ကောင်းတယ်ဆိုပင်မယ့် သူ့လို မကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ရင် သေဖို့ပဲ ရှိတယ်”
လင်းလန် စိတ်ဆိုးမာန်ဆိုး အော်လိုက်သည်။ ယဲ့ဖန်က ပြုံးရုံပြုံးပြီး ဘာမှမပြောချေ။
ထိုလူ၏ အန္တရာယ်များသော မျက်လုံးများက ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ သူ အကြည့်ရောက်သွားသည့် နေရာတိုင်းတွင် လူတိုင်းက ခေါင်းညိတ်၍ ခေါင်းငုံ့ထားကြည့်ကာ မည်သူမှ သူ့ကို မော်မကြည့်ရဲချေ။
“အဲ့ခွေးမသား ဘယ်မှာလဲ”
သူ စကားပြောလိုက်သည်နှင့် သူ့အသံတွင် လူသတ်လိုသော အငွေ့အသက်များ ပါနေသဖြင့် လူတိုင်း တုန်လှုပ် သွားကြသည်။
“ဟိုမှာပါ”
ဖုန့်ခွေက ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်ပြီး သူ့အပြုံးက ပို၍ တောက်ပလာကာ ထိုလူထံ၌ ယဲ့ဖန် တစ်စစီ ဖြစ်တော့မည်ကို မြင်ယောင်နေသလိုပင်။
ထိုလူက သူ လက်ညှိုးထိုးပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ယဲ့ဖန်၏ မျက်နှာကို တွေ့လိုက်ရသောအခါ သူ့မျက်နှာက သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မရပ်မနား တုန်ယင်လာသည်။
ထိုစဉ် ယဲ့ဖန်က လှောင်ရယ်လေသည်။
“သားလေးခို့ ငါ မင်းကို တစ်နှစ်လောက် မမြင်လိုက်ရတာနဲ့ မင်းက သိပ်ဟုတ်လာပါလား၊ ငါ့ကိုတောင် နှင်ထုတ် ရဲတယ်လား”
ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ အားလုံး၏ မျက်နှာတွင် သွေးပျက်ဟန်များ ပေါ်လာပြီး နားကြားများ မှားလေသလားဟု ထင်သွားကြသည်။
*ဒီကောင်က အဲ့လူကို သားလေးလို့ ဘယ်လိုတောင် ခေါ်ရဲတာလဲ*
*သေချင်နေတာပဲ*
*ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
ယခင်က ဩဇာရှိသော လူတစ်ယောက်က ထိုသူကို “ခွေးမသား” ဟု လူလယ်ခေါင်၌ ပြောဆိုခဲ့ပြီး ရလဒ်အနေဖြင့် သူ့အိမ်မှ လူနှစ်ဆယ့်ခြောက်ယောက်လုံး သေဆုံးသွားကာ အိမ်၌ မွေးထားသော ခွေးနှစ်ကောင်တောင်မှ ရှစ်ပိုင်း ပိုင်းခံရသည်။ ယခုအခါတွင်လည်း တစ်စုံတစ်ယောက်က ကိုယ့်သေတွင်း ကိုယ်တူးနေသည်တဲ့လား။
ထိုအခိုက်တွင် လူတိုင်း ပြိုင်တူ ခေါင်းတခါခါ ဖြစ်နေကြကာ ယဲ့ဖန် ဇာတ်သိမ်းပြီဟု ထင်နေကြသည်။ ထိုလူ၏ ဒေါသနှင့်ဆိုလျင် ယဲ့ဖန် တစစီ ဖြစ်နိုင်လောက်သည်။ သူတို့ ခေါင်းမော့၍ ယဲ့ဖန်ထံ လှမ်းကြည့်လိုက်လေသည်။
သို့သော် ထိုလူက ရက်ရက်စက်စက် သတ်လိမ့်မည်ဟု သူတို့ ထင်ထားသည့်အချိန်တွင် ထိုလူက ကြမ်းပြင်ပေါ် ဒုန်းခနဲ ဒူးထောက်ကျကာ အလွန် ကြောက်လန့်နေသော မျက်လုံးများဖြင့် တုန်တုန်ယင်ယင် ပြောလာသည်။
“နည်း … နည်းပြ”
*ဘာ*
လူတိုင်း ခေါင်းထဲ ချာချာလည်သွားကြသည်။
*ဒီလူက ဒူးထောက်တယ်တဲ့လား*
*နည်းပြ ဟုတ်လား၊ ဘယ်သူက နည်းပြလဲ၊ ဒီလူက ဘယ်သူ့ကို နည်းပြလို့ ခေါ်နေတာလဲ*
ယဲ့ဖန်က ရယ်နေပြီး မချိုမချဉ် မျက်နှာထားက ပို၍ ပီပြင်လာသည်။
“နောက်ဆုံးတစ်ခေါက် မင်းကို သင်ပေးပြီးကတည်းက လိမ်လိမ်မာမာ မနေတတ်သေးဘူးနဲ့ တူတယ်၊ ဒီလိုဆိုမှတော့ ဒီနေ့ … မင်း သေလိုက်တော့”
*သောက်ကျိုးနည်း မင်း ဘာတွေလုပ်နေတာလဲ*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
*ဒီကောင်က မစ္စတာခို့ကို သတ်ချင်နေတာလား*
ဤမြင်ကွင်းကြောင့် လင်းလန်ပင် ပါးစပ်ကို လက်ဖြင့်အုပ်ထားမိပြီး မျက်နှာလေး ဖြူရော်ကာ အမူအရာက ရီဝေဝေ ဖြစ်လာသည်။ ဤအဖြစ်က အမှန်တကယ် ဖြစ်နေသည်ဟု မယုံနိုင်သေးပေ။
မစ္စတာခို့က တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးပြီး လူငယ်မျိုးဆက်၏ ခေါင်းဆောင်ဟု သူတို့ ကြားဖူးသည်။ သူ့ဘဝ၌ လူတစ်ယောက်တည်းကိုသာ ရှုံးခဲ့ဖူးသည်။
ထိုလူထံ ရှုံးနိမ့်ခဲ့ခြင်းကြောင့် သူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော တူကို စွန့်လွှတ်ကာ ဓားကို ရွေးချယ်ခဲ့သည်။ ထို့နောက်တွင်မူ သူသည် ဓားရေး၌ ထူးချွန်ကာ ထိပ်တန်းသို့ ရောက်ခဲ့သည်။
သူ၏ သင်ပြမှုကြောင့်သာ ဖုန့်ခွေ၏ ဓားရေးက ထူးချွန်နေခြင်း ဖြစ်သည်။ ကြောက်စရာကောင်းသော ထိုပုဂ္ဂိုလ်က မစ္စတာခို့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်ဟု ဆိုကြသည်။ ထိုကြောက်စရာကောင်းသော ပုဂ္ဂိုလ်က ယခု သူ့အရှေ့မှ လူဖြစ်နေသည်တဲ့လား။