အခန်း ၁၄၅၂
Vol. 97 Ch. 1452
Chapter 1452 နောက်ဘဝမှတွေ့ကြတာပေါ့
လင်းလန် အံ့ဩနေသည်။ ဖုန့်ခွေလည်း အံ့ဩနေ၏။ ဤနေရာ၌ ရှိသောသူများအားလုံး အံ့အားသင့်နေကြသည်။
“နည်းပြ ခင်ဗျား ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ကြိုမသိခဲ့လို့ပါ”
သခင်ခို့ တုန်ယင်နေပြီး စိတ်ထဲ၌ စိုးရွံ့နေ၏။ ဤလူများက ယဲ့ဖန်၏ ကြောက်စရာကောင်းပုံကို မသိသော်လည်း သူ သိပါ၏။
သူသည် ဓားတစ်လက်တည်းဖြင့် တပ်ဖွဲ့တစ်ခုလုံးကို သတ်နိုင်စွမ်း ရှိသည်။ သို့သော် တပ်ဖွဲ့တစ်ခုလုံးကို သတ်နိုင်စွမ်း ရှိသောသူသည် ယဲ့ဖန်နှင့် ရင်ဆိုင်ရလျင် သေလမ်းသာ ရှိပေတော့သည်။
ယခု သူ သူတော်စင်သခင်အဆင့်သို့ အဆင့်တက်သွားသော်လည်း ယဲ့ဖန်က သူ့ကို တစ်ချက်တည်းဖြင့် သတ်နိုင်စွမ်း ရှိနေလိမ့်ဦးမည်ဟု သူ သေချာပေါက် ပြောနိုင်သည်။
ဤလူမှာ ခို့ကျန်းဟွိုက်ပင်။ ခို့ကျန်းဟွိုက်၏ ညီငယ်များအားလုံး အံ့ဩနေကြသည်။ ဤလူက ကျားတစ်ကောင်ကဲ့သို့ လောကကို စိုးမိုး၍ တုန်လှုပ်နိုင်အောင် လုပ်နိုင်သည့် သူတို့၏ ဆရာမှ ဟုတ်ပါသေးရဲ့လား။
လက်ရှိတွင် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည့် လူငယ်လေးရှေ့၌ သူက ခွေးတစ်ကောင်လို အမြီးနှံ့၍ အသနားခံ နေသည်တဲ့လား။
ဖုန့်ခွေ ထိတ်လန့်သွားပြီး တစ်စုံတစ်ရာကို သတိထားမိကာ အအေးမိသကဲ့သို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန် လာသည်။
“အခု မင်း သိပြီလား”
ယဲ့ဖန် လှောင်ရယ်၍ ခုံ၌ပြန်ထိုင်ကာ သူတို့ကို ထပ်မကြည့်တော့ချေ။
“သိပါပြီ”
ခို့ကျန်းဟွိုက် ချက်ချင်း သတိဝင်လာသည်။ သူ့မျက်လုံးတွင် အေးစက်စက် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဖုန့်ခွေထံသို့ လှစ်ခနဲ ပြေးဝင်သွားသည်။
“ရွှစ်”
ဖုန့်ခွေ၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာ၏။
“ဘော့စ် ခင်ဗျား …”
ဖုန့်ခွေ၏ မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေကာ သူ၏ဘော့စ်က သူ့ကို သတ်လိမ့်မည်ဟု ထင်ထားပုံ မရချေ။
ခို့ကျန်းဟွိုက်ကဲ့သို့ မောက်မာ၍ မာနကြီးသောလူက ယဲ့ဖန်နှင့် တွေ့သောအခါ ရိုကျိုးရလေသည်။ လက်ရှိတွင် သူ့မျက်နှာ၌ ရက်စက်မှုတို့ စွန်းထင်းနေသည်။
“နောက်ဘဝကျရင် လူတွေကို သတိထားပြောဖို့ သတိရပေါ့ကွာ”
“အား…”
အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ ဖုန့်ခွေ၏လူများကို ခို့ကျန်းဟွိုက် ခေါ်လာသော လူများက သတ်ပစ်လိုက်လေသည်။ ဘားထဲမှ ဧည့်သည်များအားလုံး ကြောက်လန့်ကာ တုန်တုန်ယင်ယင်နှင့် ငိုကြွေး နေကြသည်။
“နည်းပြ ကျွန်တော် …”
“ထွက်သွား”
ယဲ့ဖန် အညှာအတာမဲ့စွာ ငေါက်လိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် အခု ထွက်သွားပါ့မယ်၊ အခု သွားပါပြီ”
ခို့ကျန်းဟွိုက် စိတ်လှုပ်ရှားလွန်း၍ ငိုချင်နေ၏။ ထိုစကားလုံးများက စော်ကားသံနှင့် တူသော်လည်း သူ့နားထဲတွင် သာယာနာပျော်ဖွယ်ကောင်းသော တေးသံလိုပင်။
လက်ရှိတွင် ယဲ့ဖန်ကို သူ သွားစ၍ မရသည်ကို သိနေသဖြင့် ယာယီ နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။
“သွားကြမယ်”
ထို့နောက် ခို့ကျန်းဟွိုက်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဧည့်သည်များကို မာမာထန်ထန် ခြိမ်းခြောက်လိုက်သည်။
“ဒီကိစ္စကို အပြင်မပေါက်ကြားအောင် မင်းတို့ ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ၊ မဟုတ်လို့ကတော့ ဘာဖြစ်လာမလဲဆိုတာ ငါ ပြောဖို့ မလိုဘူး မဟုတ်လား”
ဧည့်သည်များအားလုံး ဆန်ကောက်စားနေသော ကြက်များသဖွယ် ခေါင်းတဆတ်ဆတ် ညိတ်ကာ ထွက်ပြေးမတတ် တံခါးဝသို့ ပြေးသွားကြသည်။
ဘားတစ်ခုလုံးတွင် လင်းလန်နှင့် ယဲ့ဖန်သာ ကျန်ခဲ့ပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်ကာ ထူးဆန်းနေ၏။ လင်းလန်က ယဲ့ဖန်နှင့် လုံခြုံသော အကွာအဝေးကို ထိန်းချင်ဟန်ဖြင့် နောက်သို့ အလျင်အမြန် သုံးလှမ်း ဆုတ်လိုက်သည်။ ထို့နောက် ဤအနေအထားက မဝေးသေးဟု တွေးကာ နောက်ထပ် သုံးလှမ်း ထပ်ဆုတ်လေသည်။
“မင်း ဘာလို့ ငါ့ကို အရမ်း ကြောက်နေတာလဲ၊ ငါ လူဆိုး မဟုတ်ပါဘူး”
ယဲ့ဖန်က ပြုံး၍ သူ့ဘက်လှည့်ကြည့်ကာ မချိုမချဉ် အပြုံးကို ချိတ်ဆွဲ၍ မျက်လုံးကို စင်းကာ ကြည့်နေသည်။
လင်းလန် သူ့ကို သတိအနေအထားဖြင့် ကြည့်လိုက်သည်။
“ရှင် ဘာလိုချင်တာလဲ”
“ငါ့ကတိကို ငါတည်တယ်လေ၊ မင်းရော မင်းကတိကို မတည်သင့်ဘူးလား”
ယဲ့ဖန် ရယ်နေသည်။
“ဘာကတိလဲ၊ ကျွန်မ ဘာလို့ မမှတ်မိတာပါလိမ့်”
လင်းလန်သည် သူမ ရှောင်တိမ်းမရသည်ကို သိလိုက်သဖြင့် ငြင်းလိုက်သည်။ သူမ နှစ်ဆယ့်သုံးနှစ်တိုင်တိုင် ထိန်းသိမ်းထားသည့် အပျိုစင်ဘဝအား ဘား၌တွေ့ရသည့် ထူးဆန်းသော လူတစ်ယောက်ထံ ပေးအပ်ရ ပါမည်လော။ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
“ဒီမှာ တစ်သန်းတန် ချက်လက်မှတ်၊ ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာ၊ နှုတ်ဆက်ပါတယ်”
လင်းလန်က ချက်လက်မှတ်ကို အလျင်အမြန် ချပေးပြီး ထွက်ပြေးရန် ပြင်လေသည်။
“ဟဲဟဲ မင်း ထွက်မပြေးနိုင်မှာကိုတော့ ငါ စိုးရိမ်သား”
လင်းလန်၏ ကိုယ်လေး တုန်ယင်သွားပြီး ပြာနှမ်းနေသော မျက်နှာလေးနှင့် နောက်လှည့်ကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။
“ဘာလို့လဲ ရှင် အကြမ်းနည်းသုံးချင်နေတာလား”
ထိုသို့ဆိုလျင် သူမ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူမရှေ့မှ လူက ထိုလူများထက် အဆတစ်ရာမက ပိုကြောက်စရာကောင်းသောကြောင့်ပင်။
“အကြမ်းနည်း ဟုတ်လား၊ ဟားဟားဟား ယဲ့ဖန်ဆိုတဲ့ငါက ဘယ်တော့မှ အကြမ်းနည်း သုံးဖို့ မလိုဘူး”
ယဲ့ဖန် ရယ်ချင်နေသည်။ သူနှင့်အတူ အိပ်ချင်နေသည့် မင်းသမီးများနှင့် နတ်သမီးများက တစ်ပုံကြီးပင်။ ထိုမိန်းကလေးများကိုပင် သူ လျစ်လျူရှုခဲ့သေးသည်။ အဘယ်ကြောင့် သူက သေမျိုး မိန်းကလေး တစ်ယောက်အပေါ် အကြမ်းနည်း သုံးရမည်နည်း။ ပြီးခဲ့သောဘဝက သူ လင်းလန်နှင့် မအိပ်ခဲ့သည်လည်း မဟုတ်ချေ။
ထို့နောက် ယဲ့ဖန်က သူမကို တောက်ပသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အရိုင်းဆန်နေသည်။
“မင်းကို အဝတ်အစားချွတ်ပြီး ငါ့ခုတင်ပေါ် တက်လာစေချင်တယ်”
ထိုသို့သောအကြည့်ဖြင့် အကြည့်ခံရသောကြောင့် လင်းလန်တစ်ယောက် မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူမတစ်ကိုယ်လုံး ဖောက်ထွင်းကြည့်ခံရနေသလိုပင်။ သူမ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်လေးက အပြင်းအထန် တုန်ယင်လာ၏။
သူမ အားတင်း၍ ပြန်လှောင်လိုက်သည်။
“ရှင် နောက်နေတာလား”
“မင်းရဲ့ဝိုင်ကို သူတို့ ဆေးခပ်ထားပြီးသား”
သို့သော် ယဲ့ဖန်၏ စကားက သူမကို အံ့အားသင့်သွားစေသည်။
“ဘာ”
လင်းလန် နားဝေတိမ်တောင် ဖြစ်သွားသည်။
“ယွီဟွိုက်ချွန်း ကြားဖူးလား”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။ ဤဘားက ဖုန့်ခွေ၏ အပိုင်ဖြစ်သည်။ စားပွဲထိုးအား လင်းလန်၏ ဝိုင်ထဲ ဆေးခပ်ရန် ခိုင်းစေခြင်းက သူ့အတွက် အဆန်းမဟုတ်ချေ။
ထိုစကားလုံးသုံးလုံးကို ကြားသောအခါ လင်းလန် ချွေးပြန်လာ၏။ ၎င်းသည် နံပါတ်တစ် စိတ်ကြွဆေးပင်။ ထိုစဉ် ယဲ့ဖန်၏ သူမက မြွေသားရေအိတ်ကို ကောက်ယူ၍ လင်းလန်ထံ လျှောက်လာပြီး နားနားကပ်ကာ ပြောလိုက်သည်။
“ယွီဟွိုက်ချွန်းမှာ ဖြေဆေးမရှိဘူး၊ မင်း တစ်နာရီကျော်အတွင်း မဖြေရင် မင်းခန္ဓာကိုယ်က အခြေအနေ ဆိုးလာလိမ့်မယ်၊ မင်း တစ်ခြားယောက်ျားတွေဆီ သွားပြီး ဆေးကို ဖြေလို့ရပါတယ်၊ ဒါပေမဲ့ ပေါချောင်ကောင်း လူတွေဆီ သွားမယ့်အစား ငါ့ဆီ လာလို့ ရတာပဲ၊ ငါက ကြည့်မကောင်းပင်မယ့် ရုပ်ရည်နဲ့ မဆိုင်ဘူး မဟုတ်လား၊ ပြီးတော့ ငါက မင်းကို ကယ်ခဲ့တာလေ၊ ဘယ်လို သဘောရလဲ”
“ထွက်သွား၊ အမှိုက်ကောင် ရှင် ဒီနေရာက ထွက်သွား”
လင်းလန်၏ မျက်ဝန်းတွင် မျက်ရည်များဖြင့် ပြည့်နှက်လာ၏။
*ငါ ဒီအမှိုက်ကောင်ရဲ့ ထောင်ချောက်ထဲ ကျသွားတာပဲ*
တစ်ချိန်တည်းမှာပင် သူမ လင်းလန်အပေါ် ထပ်မံ၍ နားလည်သွားရသည်။ သူက ဖြောင့်မတ်သလို နတ်ဆိုးဆန်၍ အရှက်မဲ့လှသည်။
“ဒါဆိုလည်း နှုတ်ဆက်ပါတယ်”
ယဲ့ဖန် ပြုံးနေပြီး ထွက်မသွားချင်ဟန်ဖြင့် ကြည့်နေစဉ် လင်းလန်၏ ကိုယ်လေးက သူ့ရှေ့လဲကျလာသည်။ သူ ချက်ချင်း သူမကို ဖမ်းပွေ့လိုက်ပြီးနောက် ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။ ထိုအခိုက်တွင် လင်းလန် သတိလစ် နေလေပြီ။
သူမကိုယ်တွင် ထူးဆန်းသော အနီရောင်အစက်များ ပေါ်လာပြီး ဆေးစွမ်း ပြလာနေ၏။ ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“မင်း … မင်းကတော့လေ၊ အရင်တုန်းက အကျင့်နဲ့ တစ်ထေရာထဲပဲ၊ ဒီလို အဖြစ်ခံမယ့်အစား အသေခံ ချင်နေတုန်းပဲ”
ယဲ့ဖန် ပို၍ ကူကယ်ရာမဲ့သွားသည့်အချက်မှာ သူနှင့် လင်းလန်ကြား၌ တူညီသော အဖြစ်အပျက် ထပ်မံ၍ ဖြစ်ပျက်လာခြင်းပင်။
ယခင်ဘဝက သူမသည် ဆေးခပ်ခံရသော အခြေအနေကြောင့် သူနှင့် ရှောင်တိမ်းမရသော ဆက်ဆံရေး ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်လည်း ထိုအဖြစ်မျိုး ထပ်မံ ဖြစ်ပျက်လာလေသလော။
သို့သော် ယခုဘဝတွင် ယဲ့ဖန်သည် လင်းလန် မလုပ်ချင်သော အရာများကို ဘယ်သောအခါကမှ ဖိအားပေးမည် မဟုတ်ပါ။ ယဲ့ဖန် ပြောခဲ့သလိုပင် လင်းလန်ကိုယ်တိုင် သူမအဝတ်အစားများကို သူ ချွတ်စေချင်သည်။
….
“အား … အမှိုက်ကောင် သေနာ ဒီနေရာက ထွက်သွားစမ်း”
မနက်အစောပိုင်းတွင် ဟိုတယ်တစ်ခု၏ အခန်းတစ်ခန်းအတွင်းမှ အလွန် ဒေါသထွက်သော အော်သံ ထွက်ပေါ်လာ၏။
ခုတင်ပေါ်မှ ကန်ချခံလိုက်ရသော ယဲ့ဖန်သည် တင်ပါးကိုပုတ်ရင်း ခုတင်ပေါ်၌ စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော အမျိုးသမီးကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူမမျက်လုံးလေးက ကျားသစ်မလေးသဖွယ် စူးရဲနေသည်။
“မင်းက ငါ့ကို အပျော်ကြံပြီးတာနဲ့ နှင်ထုတ်တာပဲ၊ မင်း တော်တော် ရက်စက်တယ်”
*အပျော်ကြံတယ်*
*ရက်စက်တယ်*
တစ်တစ်ခွခွ နိုင်သော ထိုစကားလုံးနှစ်လုံးက လင်းလန်၏ ရင်ကို အပ်နှင့်ထိုးနေသလိုပင်။
*ငါ နှစ်နှစ်ဆယ်ကျော် ထိန်းသိမ်းတန်ဖိုးထားရတဲ့ အပျိုစင်ဘဝ ပျက်သွားတာတောင် ဒီမကောင်းတဲ့ကောင်က သူ့ကိုယ်သူ နစ်နာသူ ဇာတ်သွင်းနေသေးတယ်*
“အမှိုက်ကောင် ကျွန်မ အခု ရဲခေါ်ပြီး ရှင့်ကို ဖမ်းခိုင်းမယ်၊ ရှင့်ကို မုဒိမ်းမှုနဲ့ တရားစွဲမယ်၊ ကျွန်မ ရှင့်ကို ထောင်ထဲ ပို့ပစ်မယ်”
လင်းလန် အရူးသဖွယ် သံကုန်ဟစ်လျက် အော်လေသည်။ သူမသည် ယဉ်ကျေးမှုကို အရိုးထဲအထိ မှတ်သားကျင့်သုံးသူ ဖြစ်ပြီး အပျိုစင်အား အသက်တမျှ တန်ဖိုးထားသည်။ သို့မဟုတ်ပါက အသက် နှစ်ဆယ့်သုံးနှစ် ရောက်သည့်တိုင် ချစ်သူ တစ်ကြိမ်သာ ထားခဲ့ဖူးမည် မဟုတ်ပါ။
သူမသည် လက်မထပ်ခင် အတူနေခြင်းအား အလွန် မုန်းတီးသည်။ ထို့ကြောင့် သူမဘဝ မဖြူစင်တော့ဟု သိလိုက်ရသဖြင့် ယဲ့ဖန်ကို သတ်ပြီး သူမကိုယ်သူမ သတ်သေရန် မစောင့်နိုင်တော့ချေ။
“မုဒိမ်းမှု ဟုတ်လား”
ယဲ့ဖန် ပြုံး၍ သူ့ကိုယ်ပေါ်မှ မြောက်များစွာသော နှုတ်ခမ်းနီရာများကို လက်ညှိုးထိုးပြသည်။
“ရတယ်လေ၊ တိုင်ပေါ့၊ ရဲက ငါ မင်းကို မုဒိမ်းကျင့်တာလား ဒါမှမဟုတ် မင်းက ငါ့ကို မုဒိမ်းကျင့်တာလား ဆုံးဖြတ်မှာပဲ”
လင်းလန် မှင်တက်နေပြီးမှ မျက်ရည်လည်ရွဲဖြင့် ငိုကြေးကာ ခေါင်းအုံးဖြင့် ယဲ့ဖန်ကို ပစ်ပေါက်တော့သည်။
“ထွက်သွား အခုချက်ချင်း ဒီက ထွက်သွား”
တကယ်တမ်းတွင် ယဲ့ဖန် သူမကို မထိခဲ့ပါ။ အခြားသူများအတွက် ယွီဟွိုက်ချွန်းက မကုသနိုင်သည့် သေစေနိုင်သော အဆိပ် ဖြစ်သော်လည်း စကြဝဠာ နတ်ဆိုးဧကရာဇ်ဖြစ်သော သူ့အတွက် စကားထဲပင် ထည့်ပြောရန် မထိုက်တန်ပါ။
ယဲ့ဖန်က သူမအတွက် အဝတ်အစား လဲပေးပြီး တစ်ညလုံး သူမကို ရင်ခွင်ထဲ ထည့်သိပ်ခဲ့သည်မှလွဲ၍ သူမကို ထိပါးခြင်း မရှိခဲ့ပေ။
“ငါတို့ မနေ့ကမှ စတွေ့ခဲ့တာ ဆိုပင်မယ့် ငါတို့ အချင်းချင်း ထိတွေ့မိပြီးသားဆိုတော့ မင်းက ငါ့အမျိုးသမီးပဲ”
ယဲ့ဖန်က ပြုံးနေပြီး လင်းလန် လတ်တလော သူ့ကို လက်ခံလိမ့်မည်ဟု မဟုတ်ကြောင်း သိနေသည်။ ချက်ချင်း ဆိုသလိုပင် သူ့လက်မှ လက်စွပ်ကိုချွတ်၍ စားပွဲပေါ် တင်လိုက်သည်။
“ယူထား၊ ဒီလောကက ဘယ်သူမှ မင်းကို ထပ်အနိုင်ကျင့်ပြီး စော်ကားရဲမှာ မဟုတ်ဘူး”
“ထွက်သွား”
သို့သော် လင်းလန် ဘယ်လိုလုပ် ဆက်လက် နားထောင်နိုင်ပါတော့မည်နည်း။ ယဲ့ဖန် ထရပ်၍ ထွက်သွားလိုက် တော့သည်။ အခြေအနေက ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးနောက် လင်းလန် အားရအောင် ငိုကြွေးပြီး လက်စွပ်ပေါ် အကြည့်ရောက်သွားသည်။ သူမမျက်ဝန်းတွင် ဒေါသရိပ်တို့ ပြည့်နှက်လာသည်။ သူမ လက်စွပ်ကို ကောက်ယူ၍ ပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ပစ်ရန် ကြံစည်လိုက်သည်။
သို့သော် ထိုအခိုက်တွင် လက်စွပ်၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ကို သူမ သတိထားမိသွားသည်။ ၎င်း၌ အရိုးခေါင်းတစ်ခုကို ထွင်းထုထားပြီး ယင်းက အသက်ဝင်နေပုံပေါ်ကာ ကြောက်စရာကောင်းလှသည်။ ၎င်းထံမှ အနက်ရောင် အငွေ့များ ထွက်ပေါ်နေပြီး နတ်ဆိုးတစ်ကောင် ရယ်ပြနေသည်ဟု ထင်မှတ်မှားရသည်အထိ ကြောက်စရာ ကောင်းပေသည်။
လင်းလန် တစ်ချက်ကြည့်ပြီးနောက် ဆက်ကြည့်ရဲသည့် သတ္တိ မရှိတော့ချေ။
*ဒါ ဘာကြီးလဲ*
လင်းလန် မကြောက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထို့နောက်တွင်မူ သူမ မရည်ရွယ်ဘဲ လက်၌ စွပ်လိုက်မိသည်။
ထိုစဉ် သူမစိတ်ထဲသို့ တစ္ဆေတစ်ကောင်၏ အသံကို ပဲ့တင်ထပ်လာပြီးနောက် ပျောက်ကွယ်သွားသည်။
“ထင်ယောင်ထင်မှား ဖြစ်တာလား”
လင်းလန် တစ်ကိုယ်တည်း ရေရွတ်လိုက်မိပြီး ကြက်သီးတဖြန်းဖြန်းထကာ နေရထိုင်ရ မသက်သာသလို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် သူမ ဖုန်းမြည်လာပြီး ဖုန်းခေါ်သူမှာ သူမ၏ ဌာနမန်နေဂျာ ဖြစ်လေသည်။
“ဥက္ကဋ္ဌ အခု ဘယ်မှာလဲဗျ၊ တောင်တက်အဖွဲ့အစည်းနဲ့ စာချုပ်လက်မှတ်ထိုးဖို့ အချိန်က တစ်နာရီတောင် မလိုတော့ဘူး၊ အခု အောက်ကလူတွေ အထိတ်တလန့် ဖြစ်နေပါတယ် …”
ထိုအခါတွင်မှ ယနေ့ အလွန် အရေးကြီးသော စာချုပ်လက်မှတ်ထိုးပွဲ ရှိသည်ကို လင်းလန် အမှတ်ရသွားသည်။ တစ်ဖက်အဖွဲ့သည် ကမ္ဘာ့အကြီးဆုံး လက်လီဖြန့်ချိမှု ကုမ္ပဏီ ဖြစ်သည်။ သူမ ကုမ္ပဏီ၏ ရတနာနှင့် အဝတ်အစား ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ချင်ပါက ဤအဖွဲ့အစည်းကို မှီခိုမှ ဖြစ်ပေမည်။
လင်းလန် ချက်ချင်း စိတ်ကိုရှင်း၍ ပြောလိုက်သည်။
“ငါ *** လမ်းမှာ ငါ့ကို လာကြိုလိုက်”
နာရီဝက်ကြာသော် လင်းလန် ကားပေါ်တက်လိုက်ပြီးနောက် သူမအပျိုစင် ဆုံးရှုံးခဲ့ရသော အရင်းခံနေရာ ဖြစ်သည့် ဟိုတယ်အား အလွန် မုန်းတီးစွာ ကြည့်လိုက်သည်။
“ခဏနေရင် ဒီဟိုတယ်ကို ဝယ်ပြီး ဖျက်ဆီးလိုက်”
“အာ … ဝယ်ပြီး ဖျက်ဆီးရမှာလား”
ဌာနမန်နေဂျာ မျက်လုံးပြူးသွားပုံရသည်။
“ဟုတ်တယ် ဝယ်ပြီး ဖျက်ဆီးလိုက်လို့ ပြောနေတာ”
လင်းလင် သံကုန်အော်ဟစ်လိုက်သည်။ သူမ ဤသောက်အဆောက်အဦးကို ထပ်မမြင်ချင်တော့ပါ။
“အဲ … ဟုတ်ကဲ့ပါ”
ဌာနမန်နေဂျာ အလျင်အမြန် သဘောတူလိုက်ပြီး ယနေ့ လင်းလန် တစ်ခုခုဖြစ်နေသည်ဟု ခံစားမိသွားသည်။
တောင်တက် အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ နာမည်ကျော် ကျန့်ချီဟွာ ဖြစ်ပြီး စီးပွားရေးကျားတစ်ကောင်ဟု ကျော်ကြားသည်။ လက်ရှိတွင် သူသည် အရှေ့မှ လင်းလန်အား ဝဖီးသော သိုးတစ်ကောင်ကို ကြည့်သကဲ့သို့ စိတ်ဝင်တစား ကြည့်နေသည်။
“မင်း ကုန်ပစ္စည်းကို ကြော်ငြာဖို့ ငါတို့ကို အားထားချင်တာလား ပြဿနာ မရှိဘူး”
လင်းလန်နှင့် အခြားသူများ ချက်ချင်း ဝမ်းသာသော မျက်နှာထား ဖြစ်သွားလေသည်။ သူတို့ ကျန့်ချီဟွာကို ကျေးဇူးတင်စကား ပြောတော့မည့်အချိန်၌ ကျန့်ချီဟွာက လက်ကာ၍ အထက်စီးဖြင့် ပြောလာသည်။
“ဒါပေမဲ့ ငါ့မှာ ထပ်တောင်းဆိုမယ့် အချက်ရှိတယ်၊ အဲ့ဒါကတော့ အကျိုးမြတ် ခွဲဝေရာမှာ ငါတို့ အဖွဲ့အစည်းက ခုနစ်ဆယ် ရာခိုင်နှုန်း လိုချင်တယ်”