အခန်း ၁၄၅၃
Vol. 97 Ch. 1453
Chapter 1453 ဒါက အိပ်မက်လိုပဲ
“ဘာ”
လင်းလန်နှင့် အခြားသူများ ဒေါသထွက်ဟန် ပေါ်လာသည်။ အမြတ်၏ ခုနစ်ဆယ် ရာခိုင်နှုန်းတဲ့လား။ သူတို့ ကျန့်ချီဟွာအတွက် စီးပွားရှာပေးသလို ဖြစ်သွားသည် မဟုတ်ပါတကား။
“မစ္စတာကျန့် ရှင့်တောင်းဆိုမှုက များလွန်းတယ်လို့ မထင်ဘူးလား”
လင်းလန် ဒေါသတကြီး မေးလိုက်သည်။ ကုန်ကျစရိတ်ကလည်း သူတို့ခံပြီး သယ်ယူပို့ဆောင်ခကိုလည်း သူတို့ ရှင်းရမည်။ သို့သော် အဆုံး၌ အမြတ်ကို တစ်ပါးသူအား မေးရမည်တဲ့လား။ ဤသည်က ခြိမ်းခြောက်၍ ငွေညှစ်ခြင်းသာ။
“များတယ် ဟုတ်လား၊ ဒါဆိုလည်း ကျုပ် ရှင်းထိုက် လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌအန်းကိုပဲ တွေ့လိုက်တော့မယ်၊ သူဆိုရင်တော့ ကျုပ်နဲ့ ပူးပေါင်းချင်စိတ် ရှိမယ်ထင်တယ်”
ကျန့်ချီဟွာ သရော်လိုက်သည်။
“ရှင်”
လင်းလန် ချက်ချင်း ရှက်ရွံ့ကာ ဒေါသထွက်ပြီး ရန်လုပ်ရန် ပြင်လိုက်သည်။
“ဥက္ကဋ္ဌ စိတ်ထိန်းပါဦး၊ ဒီအခွင့်အရေးကို ကျွန်တော်တို့ လက်လွှတ်လိုက်ရင် ရှင်းထိုက်လုပ်ငန်းစုနဲ့ ယှဉ်ပြိုင်နိုင် တော့မှာ မဟုတ်ဘူး”
ဘေးမှ ဌာနမန်နေဂျာက သတိပေးလာသည်။ ဤသည်ကိုမြင်သော် ကျန့်ချီဟွာက စဉ်းလဲစွာ ပြုံးလိုက်သည်။ တစ်ဖက် သူ့ကို ငြင်းမည်ကို စိုးရိမ်စိတ် ရှိသည့်ပုံ မပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် လင်းလန်၏ ကုမ္ပဏီနှင့် ရှင်းထိုက် လုပ်ငန်းစုတို့က ရတနာများနှင့် အဝတ်အစား အမှတ်တံဆိပ်ခြင်း ယှဉ်ပြိုင်နေကြောင်း သူ သိထားသောကြောင့်ပင်။ နှစ်ဘက်လုံးက နိုင်ငံတကာဈေးကွက်၌ ဝင်ဆံ့ချင်နေသဖြင့် ပြည်တွင်း၌ ပြိုင်ဘက်များ ဖြစ်နေကြသည်။
တောင်တက်လုပ်ငန်းစု၏ နောက်ခံနှင့်ဆိုလျင် တစ်ဖက်နှင့် ပူးပေါင်းလိုက်ပါက ကျန်တစ်ဖက်က အလိုလို ဖိနှိပ်ခံရပြီး ဖြစ်ကာ ဈေးကွက်ထဲမှ ပျောက်ကွယ်သွားလိမ့်မည်။ မပူးပေါင်းပါက လင်းလန် ခက်ခက်ခဲခဲ ကြိုးစားထားသော အမှတ်တံဆိပ်က ပျောက်ဆုံးသွားလိမ့်မည်။
လင်းလန်က အေးစက်စွာ ရယ်လိုက်သည်။
“သူ မရှိလည်း ငါတို့ တစ်ခြားလူ ရှာနိုင်ပါသေးတယ်၊ တစ်လောကလုံးမှာ လက်လီဖြန့်ခီသူက သူပဲ ရှိမယ်လို့ ငါ မထင်ဘူး”
“ရှာလေ ရှာကြည့်ပေါ့၊ မင်းအတွက်နဲ့ စီးပွားရေးလောကရဲ့ ကျားတစ်ကောင်ဖြစ်တဲ့ ငါ့ကို အာခံရဲတဲ့လူကို မြင်ဖူးချင်သား”
ကျန့်ချီဟွာ ဂုဏ်ယူစွာ ပြုံးနေပြီး သူ့မျက်လုံးတွင်းမှ ကောက်ကျစ်ဟန်က ပိုနက်ရှိုင်းလာသည်။ သူ၏ အကောင်းဆုံး မှတ်တမ်းမှာ တစ်ရက်တည်းနှင့် လုပ်ငန်းစုငါးခုကို သိမ်းယူခြင်းပင်။ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ လုပ်ငန်းတစ်ခုပင်။
လူအများအား အရိုးပါမကျန် စားတတ်သဖြင့် စီးပွားရေးလောက၏ ကျားတစ်ကောင်ဟု အမည်တွင်ခြင်း ဖြစ်သည်။ သူ့ကို အာခံရဲသည့် မည်သူ့ကိုမဆို သူ ဒေဝါလီခံအောင်လုပ်ပြီး မိသားစုကို ပျက်စီးအောင် လုပ်တတ်သည်။
“ရှင် ဘာပြောချင်တာလဲ”
လင်းလန်၏ မျက်နှာထား ပြောင်းလဲသွားသည်။
“ဘာပြောချင်တာလဲ ဟုတ်လား၊ ငါ ပြောချင်တာက မင်း ငါနဲ့ စာချုပ်မှာ လက်မှတ်မထိုးရင် မင်းလုပ်ငန်းကို လုံးဝ ပျောက်သွားအောင် လုပ်ပစ်မယ်ဆိုတာပဲ”
ကျန့်ချီဟွာက ကောက်ကျစ်သော မျက်နှာထားနှင့် တည်ငြိမ်စွာ ပြောလေသည်။
*မိန်းမငယ်လေးက ငါ့ကို စိန်ခေါ်ရဲတယ်လား၊ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်*
လင်းလန်၏ ခန္ဓာကိုယ်လေး တုန်သွားပြီး ရင်ထဲ၌ မချိတော့ချေ။ အဘယ်ကြောင့် သူမ၏ ဘဝက ခါးသက် ရသနည်း။ အခြားသူများ၏ မကောင်းကြံခြင်း သူမ ခံခဲ့ရသည်။ ယခု ဤလူ့အမှိုက်ကောင်၏ အန္တရာယ်ပေးခြင်း ကိုလည်း သူမ ခံရမည်တဲ့လား။
“စာချုပ်ကို ညှိနှိုင်းလို့ ရတာပေါ့၊ ဥက္ကဋ္ဌလင်းလန်က ကျုပ်နဲ့ တစ်ည အဖော်ပြုပေးချင်စိတ် ရှိသရွေ့ ကျုပ် နည်းနည်း လျှော့ပေးမယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းပဲ ယူမယ်လေ”
ကျန့်ချီဟွာက လင်းလန်ကို တပ်မက်သော မျက်လုံးတို့ဖြင့် ပြောလိုက်သည်။ သူမလို အလှပဂေးက လောက၌ ရှားမှရှားပင်။ သူ သဘောကျသည်နှင့် သူမကို တောင်းဆိုမည်ပင်။ လင်းလန်က သူ့ကို ငြင်းရဲပါမည်လော။
“မလိုဘူး ခုနစ်ဆယ် ရာခိုင်နှုန်းဆိုလည်း ခုနစ်ဆယ် ရာခိုင်နှုန်းပေါ့”
လင်းလန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ ငိုချင်စိတ်ကို တင်းခံ၍ ဘောပင်ကို ကောက်ယူကာ စာချုပ်ကို လက်မှတ် ထိုးရန် ပြင်လိုက်သည်။
သူမသည် အရိုးထဲအထိ မာနကြီးသူ ဖြစ်ပြီး ပိုက်ဆံအတွက် သူမကိုယ်သူ ရောင်းမစားနိုင်ပါ။
“မင်းသဘောပဲလေ”
ကျန့်ချီဟွာ အေးစက်စက် ပြောလိုက်ပြီး စိတ်ထဲ၌ ကျိန်ဆဲနေ၏။
*ဘယ်လို ဂုဏ်ယူရမလဲ မသိတဲ့ မိန်းမပဲ*
သို့သော် ထိုစဉ် လင်းလန်၏ လက်မှ လက်စွပ်ထံ သူ အကြည့်ရောက်သွားပြီး ခုံပေါ်မှ ဘုန်းခနဲ လဲကျသွားသည်။ သူ့အမူအရာက သရဲနှင့် တွေ့လိုက်ရသလိုပင်။ ထိတ်လန့်ကာ ချောက်ချားနေ၏။ ထိုထက် မယုံနိုင်ဖြစ်နေသည်ဟု ဆိုလျင် ပိုမှန်ပေမည်။
*ငါ ဒါကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး*
“မစ္စတာကျန့် ရှင် ဘာဖြစ်တာလဲ”
လူတိုင်း ပဟေဠိဖြစ်သွားကြသည်။ သို့သော် ကျန့်ချီဟွာက မျက်လုံးပြးနေပြီး လင်းလန်၏ လက်အား ကြောက်လန့်တကြားဖြင့် လက်ညှိုးထိုးလေသည်။
“လက်စွပ် အရှင်သခင်”
*လက်စွပ်အရှင်သခင်*
*အဲ့ဒါ ဘာကြီးလဲ*
လူတိုင်း၏ မျက်နှာပေါ်မှ သံသယက ပိုပြင်းထန်လာသည်။ လင်းလန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူမလက်မှ လက်စွပ်ကို အလိုလို ကြည့်လိုက်မိသည်။
*ကျန့်ချီဟွာက လက်စွပ်အကြောင်းကို သိနေတာလား*
ထိုစဉ် ကျန့်ချီဟွာက ပြေးလာပြီး လင်းလန်၏လက်ကိုကိုင်ကာ စိတ်လှုပ်ရှားနေသော မျက်လုံးတို့ဖြင့် မေးလာသည်။
“မင်း ဒီလက်စွပ်ကို ဘယ်ကရတာလဲ”
သူ့ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်နေသည်။
“ဘာ”
“မင်းလက်စွပ်ကို ဘယ်ကရတာလဲလို့ ငါ မေးနေတာ”
သူ့လေသံက အော်မိလုနီးပါးပင်။ လူတိုင်း အံ့ဩသွားကြသည်။ ကျန့်ချီဟွာကဲ့သို့ ရင့်ကျက်တည်ငြိမ်သော လူတစ်ယောက်က အလွန် ရိုင်းပျနေဟန်ကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။
“ကျွန်မ မိတ်ဆွေတစ်ယောက်က ပေးထားတာ”
လင်းလန် ကြောက်စိတ်တစ်ချို့နှင့်အတူ ပြောလိုက်သည်။ ကျန့်ချီဟွာ၏ ပုံစံကြောင့် သူမ လန့်လာသည်။ တစ်ဖက်လူက သူမကို စားတော့မည့်ပုံပင်။ လူတိုင်း နားမလည်တော့ပေ။
*ဒါလေးက လက်စွပ်လေးတစ်ကွင်းပဲ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ*
“မိတ်ဆွေ ဟုတ်လား၊ သူက ဘယ်လိုပုံလဲ၊ သူက ဘယ်လိုပုံစံရှိလဲ ငါ့ကို ပြောစမ်းပါ”
ကျန့်ချီဟွာက စိတ်လှုပ်ရှားစွာ ဆက်အော်ပြောလိုက်ပြီးနောက် အသနားခံလာသည်။
“ကျေးဇူးပြုပြီးတော့”
လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
*လက်စွပ်လေးတစ်ကွင်းက စီးပွားရေးလောကရဲ့ ကျားကို ရိုကျိုးအောင် လုပ်နိုင်တာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လင်းလန်သည်လည်း အံ့ဩနေပြီး ချီတုံချတုံဖြင့် ဖြေလိုက်သည်။
“သူက အရပ် တစ်ဒဿမ ရှစ်မီတာလောက် မြင့်တယ်၊ အသက်နှစ်ဆယ် စွန်းကာစပဲ၊ ဆံပင်တိုတယ်၊ ခန္ဓာကိုယ်က ကြည့်ကောင်းတယ်၊ ရုပ်လည်းချောတယ်”
“ဘယ်နိုင်ငံကလဲ”
“တော်ဝင်မြို့တော်က”
“တော်ဝင်မြို့တော်ကလူ၊ လတ်စသက်တော့ သူက တော်ဝင်မြို့တော်ကလူပဲ”
ကျန့်ချီဟွာက လင်းလန်၏ လက်ကို လွှတ်ပေးလိုက်ပြီး လေးစားသော အမူအရာ ပေါ်လာသည်။
“သခင်ကြီး နောက်ဆုံးတော့ ကျုပ် ခင်ဗျားကို ရှာတွေ့ပြီ”
ချက်ချင်းဆိုသလိုပင် သူသည် တစ်ဖက်လှည့်၍ သူ့လူများကို အမိန့်ပေးလိုက်သည်။
“ရုံးချုပ်ကို ချက်ချင်း အင်ပါယာကို ရွှေ့လိုက်”
“ဗျာ ဥက္ကဋ္ဌ ဒါကြီးက လုပ်လို့မရဘူးလေ”
အဖွဲ့အစည်းမှ ကျန်လူများအားလုံး ချက်ချင်း သွေးပျက်သွားသည်။ ဌာနချုပ်ကို နေရာပြောင်းခြင်းက ကြီးမားသော ကိစ္စပင်။ ယင်းက အဖွဲ့အစည်းတစ်ခုလုံးအတွက် ထင်မှတ်မထားလောက်သော နစ်နာမှုကို ခံစားရ ပေလိမ့်မည်။
“ငါက ဥက္ကဋ္ဌလား မင်းက ဥက္ကဋ္ဌလား၊ ငါ ရရင် ရတယ်ပေါ့”
ကျန့်ချီဟွာက စိတ်မရှည်စွာ ငေါက်လိုက်ပြီး ချက်ချင်း အံ့ဩသော အမူအရာနှင့် ပတ်ပတ်လည်ကို ကြည့်နေသည်။
“နောက်ဆုံးတော့ ကျုပ် သခင်ကြီးနဲ့ တစ်မြေတည်းနေပြီး တစ်လေတည်းကို ရှူနိုင်တော့မယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ကျန်ရစ်ခဲ့သော ကလေးတစ်ယောက်က နှစ်ပေါင်းများစွာ မမြင်ခဲ့ရသော မိဘကို ပြန်တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။
*ရူးနေပြီ*
*ဥက္ကဋ္ဌ ရူးနေပြီ*
အဖွဲ့ဝင်များ ဆွံ့အနေကြသည်။
“ဥက္ကဋ္ဌ လင်းလန်”
ကျန့်ချီဟွာ မျက်နှာထား လေးနက်လာသည်။ ကြောက်နေသော လင်းလန်တစ်ယောက် ခုံပေါ်မှ လဲကျလုနီးပါး ဖြစ်သွားရသည်။
“ခင်ဗျားက နောက်ဆို ကျုပ်တို့ တောင်တက်အဖွဲ့အစည်းရဲ့ အယုံကြည်ရဆုံး မိတ်ဖက် ဖြစ်လာလိမ့်မယ်၊ စိတ်မပူနဲ့ မင်းရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်က တစ်နှစ်အတွင်း ထိပ်ဆုံးက ဦးဆောင်တဲ့ အမှတ်တံဆိပ် ဖြစ်စေရမယ်လို့ ကတိပေးမယ်”
“ဗြိ”
မူလစာချုပ်ကို သူ နှစ်ပိုင်း စုတ်ဖြဲလိုက်သည်။ ကျန့်ချီဟွာက အမိန့်ပေးလိုက်သည်။
“ပြန်ပြီး တစ်ယောက်ယောက်ကို စာချုပ်အသစ်ဆွဲခိုင်းလိုက်၊ စာချုပ်ထဲမှ ဥက္ကဋ္ဌ လင်းလန်ရဲ့ အမှတ်တံဆိပ်ကို နှစ်ငါးဆယ် ကြော်ငြာစရိတ်နဲ့ အရောင်းစရိတ် အခမဲ့လို့ ထည့်သွင်းလိုက်၊ မဟုတ်ဘူး နှစ်တစ်ရာလို့ ထည့်ကွာ”
လင်းလန် မှင်တက် အံ့အားသင့်နေ၏။ မာနကြီးကာ သူမအား ပုရွက်ဆိတ်သဖွယ် ဆက်ဆံသော ကျန့်ချီဟွာက ရုတ်တရက် ဝပ်တွား၍ သူမကို ခွေးလေးသဖွယ် ပါးလျက်နားလျက် လုပ်နေသည်တဲ့လား။ ထို့အပြင် ဤသည်ကလည်း လက်စွပ်တစ်ကွင်းကြောင့်ပင်။
“ဒါနဲ့ဆို ဒီလောကမှာ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့ မရနိုင်ဘူး”
သူမစိတ်ထဲတွင် ထိုလူ၏ အထက်စီးဆန်သော စကားသံကို ပြန်ကြားယောင်လာသည်။
*သူ ပြောခဲ့တာက တကယ် ဖြစ်နေတာပဲ*
*ပြီးတော့ ဖြစ်သွားတာကလည်း မြန်လိုက်တာ*
သူမလက်မှ လက်စွပ်ကို ကြည့်ပြီး လင်းလန်၏ မျက်နှာတွင် အလွန် ရှုပ်ထွေးသော အမူအရာ ပေါ်လာပြီး ပြန်မေးလိုက်မိသည်။
“သူက ဘယ်လိုလူစားလဲ”
“ဘယ်လိုလူစားလဲ ဟုတ်လား”
ကျန့်ချီဟွာသည် အကြီးအကျယ် စော်ကားခံလိုက်ရပုံပေါ်ပြီး အေးစက်စွာ ပြောလိုက်သည်။
“သူက လူမဟုတ်ဘူးလေ၊ သခင်ကြီးကို နတ်ဘုရားလို့ ခေါ်သင့်တာ”
“နတ်ဘုရား ဟုတ်လား”
လင်းလန် မျက်နှာ ဖြူရော်သွားသည်။
*အဲ့စိတ်ဆိုးစရာလူက နတ်ဘုရားတဲ့လား၊ အကျင့်လည်း မကောင်းတာကို*
“သခင်ကြီးက မင်းကို ဘာမှမပြောခဲ့တဲ့ပုံပဲ၊ ဒီတော့ ငါလည်း မပြောရဲဘူး”
ကျန့်ချီဟွာက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ မင်းကို ပြောနိုင်တာ တစ်ခုက သူက လောကမှာ အသန်မာဆုံးလူပဲ”
*လောကမှာ အသန်မာဆုံးလူ ဟုတ်လား*
လင်းလန် နားဝေတိမ်တောင်ဖြစ်ကာ ဆွံ့အသွားသည်။ တစ်ဖက်လူက ကျန့်ချီဟွာသာ မဟုတ်လျင် စိတ်ရောဂါကုနှင့် တွေ့ရန်လိုနေလောက်သည်ဟုပင် သူမ သံသယဝင်မိလောက်သည်။
“ဒုန်း”
ထိုစဉ် ကျန့်ချီဟွာက ဒူးထောက်လာသည်။
“မစ္စတာကျန့် ရှင် ဘာလုပ်တာလဲ”
လင်းလန် သွေးပျက်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။
“ဥက္ကဋ္ဌ လင်းလန် ကျန့်ချီဟွာဆိုတဲ့ ကျုပ်က ဘဝမှာ ဘယ်သူ့ကိုမှ မတောင်းဆိုဖူးပါဘူး၊ အခု ကျုပ် အခု ခင်ဗျားကို တောင်းဆိုပါရစေ၊ ကျုပ်ကို သခင်ကြီးနဲ့ တွေ့ခွင့်ပေးပါ၊ ခပ်ဝေးဝေးကနေ တစ်ချက် လှမ်းကြည့်ရတယ် ဆိုရင်လည်း လုံလောက်ပါတယ်”
ကျန့်ချီဟွာ၏ အပြုအမူက နတ်ဘုရားနှင့် တွေ့ရသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးထဲမှ အသနားခံစိတ်က ပိုပိုပြင်းထန်လာသည်။
ယဲ့ဖန်၏ မြို့ကို တစ်ယောက်တည်း တိုက်ခိုက်သော မောက်မာသော ဟန်ပန်ကို မြင်ပြီးနောက် သူ ယဲ့ဖန်အပေါ် အလွန်အမင်း လေးစားမိသည်။
ယဲ့ဖန်နှင့် ပတ်သက်သော သတင်းဆိုလျင် သူ အထပ်ထပ် အခါခါ၊ ရှေ့နောက် အပြန်အလှန် ဖတ်သည်။ ယခု သတင်းမှ ကြေငြာသူ ပြောသောစကားကိုပင် နှုတ်တိုက် ပြောဆိုနိုင်၏။
ထို့အတူ ယဲ့ဖန်၏ မြို့ကို တစ်ယောက်တည်း တိုက်သော ပုံစံကို သူ ခဏခဏ ကြည့်ခဲ့ပြီး ဘယ်တော့မှ ကြည့်ရတာ ငြီးငွေ့သည် မရှိချေ။
ထို့ကြောင့် ယဲ့ဖန်၏လက်၌ လက်စွပ် ရှိသည်ကို သူ သိပြီး ထိုလက်စွပ်၏ ပုံစံကိုပါ သိနေခြင်း ဖြစ်လေသည်။ သူ မှားမြင်ခြင်းမဟုတ်ဟု ယုံကြည်သည်။
“ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်”
လင်းလန် မချိပြုံးပြုံး၍ ပြောလိုက်သည်။ အကြောင်းမှာ သူမ ယဲ့ဖန်ကို ထပ်တွေ့နိုင်မည့် အခွင့်အရေး ရှိပါ့မလားကို သူမကိုယ်တိုင်လည်း မသိသောကြောင့်ပင်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ”
ကျန့်ချီဟွာက လင်းလန်၏ လက်ကို အသာကိုင်ထားသော်လည်း ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်ကျ လာသည်။ ဤပုံစံက အံ့ဩစရာကောင်းလှသည်။
လက်ရှိတွင် လင်းလန် အသိစိတ်လွတ်နေကာ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
*ရှင်က ဘယ်လိုလူစားလဲ*
ထိုအခိုက်တွင် ယဲ့ဖန်က စားသောက်ဆိုင်၌ စားသောက်နေပြီး ခို့ကျန်းဟွိုက်က ဝင်လာသဖြင့် ချက်ချင်း ဆူညံ ပွက်လောရိုက် လာသည်။
“ခို့ကျန်းဟွိုက် မဟုတ်လား၊ ဒါ ရှုကျိုးရဲ့ ထိပ်တန်း ဘော့စ်တွေထဲက တစ်ယောက် မဟုတ်လား၊ ဘာလို့ သူ ဒီရောက်လာတာလဲ”
အားလုံး၏ အကြည့်များက ခို့ကျန်းဟွိုက်ပေါ် ရောက်လာ၏။ ခို့ကျန်းဟွိုက်က ရှုကျိုးကို ရောက်လာသည်မှာ တစ်နှစ်ထဲသာ ရှိသေးပြီး အလွန် နာမည်ကြီးလာသောကြောင့်ပင်။ သူသည် ဒေသခံ အင်အားစုများကို အံ့ဩစေသည့် ရှုကျိုး၏ နာမည်ကျော် ဘော့စ်ပင်။
သူ့လက်ထဲ သေသွားသည့် မည်သူကမှ သာမန်လူ မဟုတ်ပေ။ ထို့ကြောင့် လူတိုင်း သူ့ကို သတိထားကြသည်။
“ခို့ကျန်းဟွိုက်လိုလူက ဘယ်လိုလုပ် ဒီလို ဆိုင်လေးကို စားဖို့ လာရတာလဲ၊ ဈေးပေါလွန်းတယ် မဟုတ်ဘူးလား”
“ဟုတ်တယ် ခို့ကျန်းဟွိုက်လို သူရဲကောင်းကို မျက်နှာလုပ်ချင်နေတဲ့လူတွေ အများကြီး မဟုတ်ဘူးလား”
ခို့ကျန်းဟွိုက်က သူ့နောက်ခံကို နှိမ့်ချ၍ ဤခေါက်ဆွဲဆိုင်လေး၌ လာစားကြသဖြင့် လူတိုင်း အံ့ဩနေကြသည်။
ခေါက်ဆွဲဆိုင်ပိုင်ရှင်တောင်မှ အံ့ဩကာ ဘဝင်မြောက်သလို ခံစားမိနေသည်။ သူ လုပ်သော ခေါက်ဆွဲက အရသာ ရှိလွန်းသဖြင့် ခို့ကျန်းဟွိုက်ကိုယ်တိုင် ရောက်လာရလေသလား။ ဟုတ်သည်၊ ထိုသို့ပဲ ဖြစ်ရမည်။
ထို့နောက် ဆိုင်ပိုင်ရှင် အားပါးတရ ပြုံးလိုက်သည်။ ထိုအချိန်တွင် ခို့ကျန်းဟွိုက်က ယဲ့ဖန်ထံ ရောက်လာပြီး ယဲ့ဖန်ကို အရိုအသေ ပေးသဖြင့် လူတိုင်း ကြောက်လန့်သွားကြသည်။
“နည်းပြ”
ထိုအခါ လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားပြီး လူတိုင်း အံ့အားသင့်ကာ ဤမြင်ကွင်းအား မယုံနိုင်သလို ကြည့်နေကြသည်။
*ငါတို့ ဘာကြားလိုက်တာလဲ၊ ခို့ကျန်းဟွိုက်က အသက်နှစ်ဆယ် စွန်းကာစ လူငယ်လေးကို နည်းပြလို့ ခေါ်လိုက်တာလား*
*မဟုတ်မှလွဲရော ခို့ကျန်းဟွိုက် ဒီနေ့ ဒီကိုလာတာက ဒီလူငယ်လေးကြောင့်လား*
*ဒါက တကယ့်ကို အိပ်မက်လိုပဲ*