← Chapters

အခန်း ၁၄၅၈

Vol. 98 Ch. 1458

အခန်း ၁၄၅၈

Vol. 98 Ch. 1458

Chapter 1458 မင်း သေမလား ဒါမှမဟုတ် သူတို့ သေမလား

ဤမြင်ကွင်းက ရင်ဖုန်းချူကိုပါ မျက်လုံးပြူးသွားစေပြီး အမြဲ တည်ငြိမ်သော သူ့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာ၏။

အဘယ်ကြောင့်ဆိုသော် သူတောင်မှ ဟွာချင်းယန်ကို ချက်ချင်း သတ်ရန် မဖြစ်နိုင်သောကြောင့်ပင်။ သို့သော် ယဲ့ဖန်က တကယ် လုပ်နိုင်ခဲ့သည်။ ကြီးစွာသော ကွာခြားစိတ်နှင့် ဒေါသစိတ်တို့က သူ့စိတ်ထဲ ပေါ်ပေါက်လာသည်။

*ဒီကောင်က တကယ် ငါ့ထက် သန်မာတာလား*

*မဖြစ်နိုင်ဘူး*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ရင်ဖုန်းချူတောင်မှ ဤအနေအထားအထိ ကြောက်လန့်သွားလျင် ရှဲ့ယွီရန်နှင့် အခြားသူများဆိုလျင် ပြောနေ စရာပင် မလိုတော့ချေ။ သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သူတို့ နေရာမှာတင် အေးစက်နေပြီး တစ်ခွန်းတောင် ပြန်မပြောနိုင်ဘဲ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထနေလေသည်။ ဖုန်းယဲ့သည် အလကားသက်သက် နာမည်ကြီးနေခြင်း မဟုတ်ပါတကား။

လက်ရှိတွင် မည်သူမှ ယဲ့ဖန်ကို အထင်မသေးရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့ကို အင်အားကြီးခြင်းက ဘာလဲဆိုတာကို လက်တွေ့ သက်သေပြခဲ့သောကြောင့်ပင်။

*ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ*

“ဘုန်း”

ထို့နောက် ယဲ့ဖန်က ဟွာချင်းယန်၏ အလောင်းအား ကြမ်းပြင်ပေါ်သို့ အမှိုက်သဖွယ် အေးအေးလူလူ ပစ်လိုက်ပြီး အလောင်းသည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာထိ လွင့်သွားပြီး ရင်ဖုန်းချူနှင့် အခြားသူများရှေ့သို့ ပြုတ်ကျ သွားသည်။

ဟွာချင်းယန်၊ အံ့ဩစရာကောင်းသော ပါရမီရှင်၊ အတိတ်အခါနှင့် လက်ရှိအချိန်ထိ ထိတ်လန့်စေနိုင်သောသူသည် ဝမ်ကောဖူတွင် ရှားပါး ပါရမီရှင် ဖြစ်သည်။ သို့သော် ယခုအခါတွင် ဤသို့ အရှက်ရသော နည်းလမ်းဖြင့် နေရာမှာတင် ဆိုးဆိုးရွားရွား သေဆုံးသွားလေသည်။ သေတာတောင်မှ အလောင်းပင် ကိုယ်အင်္ဂါ မပြည့်စုံချေ။

မျက်စိရှေ့မှမြင်ကွင်းက အံ့ဩစရာကောင်းလှသည်ဟု လူတိုင်း ခံစားမိသည်။ သူတို့ အိပ်မက်မက်နေသည်ဟု ထင်နေကြသည်။

အစက ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့အားလုံး ထင်ခဲ့ကြသည်။ သို့သော် ယဲ့ဖန်က ရောက်လာသည်နှင့် သူတို့ကို အရှက်ခွဲလိမ့်မည်ဟု ထင်မထားမိပါ။

ထို့နောက်တွင်မူ ယဲ့ဖန်၏ အလွန် ခက်ထန်သော အကြည့်များက သူတို့တစ်ယောက်ချင်းစီ၏ အကြည့်ပေါ် ကျရောက် လာသည်။ သူ့အကြည့် ကျရောက်သည့် နေရာတိုင်း သွေးပျက်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

ထို့နောက် ယဲ့ဖန်၏ အကြည့်က ရှဲ့ယွီယန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားပြီး တစ်စုံတစ်ခုကို သတိထားမိသွားဟန် ရသည့် ရှဲ့ယွီယန် ရုတ်တရက် တောင့်ခနဲ ဖြစ်သွားလေသည်။

ထိုအပြုအမူက ရန်သူကို ကြည့်နေသော အကြည့်လိုပင်။ သူမမျက်လုံးထောင့်မှ ချွေးစေးများ စီးကျလာပြီး သူမမျက်လုံးတွင် စိတ်မသက်မသာ ဖြစ်ဟန်များ ပေါ်နေသည်။ သူမအရှေ့မှလူသည် သားရဲတစ်ကောင် လေအလား သူမကို အချိန်မရွေး မျိုချတော့မည်ဟု ထင်မှတ်မှားရသည်။ သူမ ချောက်ချားလာသည်။

“ငါ နင့်ကို ကြောက်မယ်များ ထင်နေလားဂ

ရှဲ့ယွီရန်၏ မျက်နှာတွင် ရန်လိုဟန် ပေါ်နေသော်လည်း မျက်နှာထားက တင်းနေသည်။

“မင်း ကြောက်စရာ မလိုပါဘူး၊ မင်းက သေရမှာပဲကို”

ယဲ့ဖန် သူမထံ တစ်လှမ်းချင်း လျှောက်သွားသည်။

“သူ့ကိုတား သူ့ကို မြန်မြန်တားကြ”

ဤသည်ကိုမြင်သော် ရှဲ့ယွီရန် မျက်လုံးများ စူးခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်သွားကာ မျက်နှာတွင် ကြောက်စိတ်များ စိုးမိုးလာ၏။ ဟွာချင်းယန်ကို ချက်ချင်း သတ်နိုင်သောလူအား သူမ မယှဉ်နိုင်ပါ။

“ရွှစ် ရွှစ်”

ဒါဇင်ကျော်သော ပါရမီရှင်များ ရုတ်တရက် ရှေ့သို့ တက်လာကြပြီး ယဲ့ဖန်အား ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။

“လူပိုများတယ်ဆိုတာနဲ့ ဟုတ်ပြီထင်နေလား၊ ငါတို့ကို ဘာထင်နေလဲ”

ရုတ်တရက် လူအုပ်ကြားထဲမှ အော်ငေါက်သံ ချက်ချင်း ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ထည်ဝါ၍ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ဖိနှိပ်လာလေသည်။

လက်ရှိလူတိုင်း ချက်ချင်း မမြင်ရသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အကြောများ ထုံထိုင်းလာပြီး အသက်ပင် မရှူနိုင်တော့ချေ။

ဤသို့ တစ်ဟုန်ထိုး ထွက်ပေါ်လာသေ စွမ်းအင်က မွန်းကျပ်ဖွယ် ကောင်းလှသည်။ သူတို့ ခေါင်းကို အင်တင်တင်ဖြင့် လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်လာလေသည်။ သူတို့ပုံစံက မယုံနိုင် ဖြစ်နေသည့်ပုံပင်။

လူတစ်စုက သူတို့ရှိရာ အရပ်သို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါတို့ကို အရူးအမူး ထုတ်ဖော်ထားကြသည်။

မသိလျင် ဒီရေလှိုင်း တက်လာသည်ဟုပင် ထင်မှတ်မှားရသည်။ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး လေထု အပူချိန် အေးခဲလာ၏။

လူတိုင်း သူတို့ရင်ဘတ်ပေါ် ကျောက်တုံးတစ်တုံး ဖိထားသည်ဟု ခံစားရကာ အသက်မရှူနိုင်တော့ပေ။ ငါးယောက်၊ ဆယ်ယောက်၊ အယောက် နှစ်ဆယ်။

ရောက်လာသူများသည် သူတော်စင်သခင်အဆင့် အယောက်နှစ်ဆယ် ဖြစ်နေ၏။ ထိုသူများရှေ့တွင် ယွမ်ပမ်းရှီက ဦးဆောင်ကာ တစ်လှမ်းချင်း လျှောက်လာနေသည်။

“ကျွင်းဟွိုက်ယန် သူက ဝမ်ကောဖူကနေ အောင်သွားတဲ့ စီနီယာ မဟုတ်လား”

“ပြီးတော့ ကျီယွိထင်၊ သူက ဝမ်ကောဖူ ပထမအဖွဲ့ရဲ့ ဥက္ကဋ္ဌ မဟုတ်လား”

“ကျူးဟမ်ယွီ ဝမ်ကောဖူရဲ့ နံပါတ်တစ် ဓားသမား”

“ရှုထျန်းရှန် ဝမ်ကောဖူရဲ့ တာအိုဥပဒေသ ပါရမီရှင်”

ဤနေရာရှိ လူများ၏ အမူအရာက အကြီးအကျယ်‌ ပြောင်းလဲလာသည်။ အဘယ်ကြောင့်ဆိုသော် သူတော်စင်သခင်အဆင့် အများစုသည် သူတို့ ဝမ်ကောဖူမှ ထွက်သွားသူများ ဖြစ်သောကြောင့်ပင်။ သူတို့ကို စီနီယာများဟု ခေါ်ရပေမည်။

ဤနေရာသို့ လူနှစ်ဆယ် စုဝေးရောက်ရှိလာကြပြီး သူတို့အားလုံးသည် တစ်ချိန်က ဝမ်ကောမူ၏ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဤသို့သော မြင်ကွင်းကို ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။ လူတိုင်း အံ့ဩမှင်တက်သော အမူအရာများ ဖြစ်နေကြသည်။ ဤသည်က အမှန်တကယ် ဖြစ်လိမ့်မည်ဟု မယုံနိုင်ကြချေ။

ဤသည်ကိုမြင်သော် ရင်ဖုန်းချူနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားပြီး အဘယ်ကြောင့် သင်တန်းဆင်း ပြီးသွားသော ထိုစီနီယာများ ဝမ်ကောဖူသို့ ပြန်လာရသလဲကို နားမလည်ကြပေ။

ယွမ်ပမ်းရှီ၏ ဦးဆောင်မှုနှင့်အတူ သူတို့ ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လျှောက်လာကြသည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူတို့သည် ယဲ့ဖန်ရှေ့သို့ လျှောက်သွားပြီး ချက်ချင်း ဒူးထောက် လိုက်သည်။

“လူကြီးမင်းယဲ့ကို ဂါဝရပြုပါတယ်”

လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ကိုယ့်မျက်လုံးနှင့် မြင်လိုက်ရသော အရာကို မယုံနိုင် ဖြစ်နေသည်။ ယခင် ဝမ်ကောဖူ၏ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ခဲ့သူက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်တဲ့လား။

သူတို့သည် လောကတွင် ရှားပါးပုဂ္ဂိုလ်များ ဖြစ်ပြီး မာနကြီး၍ အထက်စီးဆန်သူများ ဖြစ်သည်။ ဘယ်လိုလုပ် သူတို့က အခြားသူထံတွင် အလွယ်တကူ ဒူးထောက်ကြသနည်း။

ဤမြင်ကွင်းက ယဲ့ဖန်ရှေ့တွင် ဖီးနစ်ငှက်တစ်ဖွဲ့ ဒူးထောက်နေသည်ဟု ထင်မှတ်မှားရပြီး အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်။

ရင်ဖုန်းချူ၊ ရှဲ့ယွီရန်နှင့် အခြားသူများလည်း မျက်မှောင်ကြုတ်နေသည်။ သူတို့မျက်နှာတွင် အံ့ဩဟန်များ ပေါ်နေပြီး ဤအဖြစ်ကြောင့် ထိတ်လန့်နေကြလေသည်။

*ဒီဖုန်းယဲ့ရဲ့ နောက်ခံက ဘာလဲ၊ ဘာလို့ ဝမ်ကောဖူရဲ့ စီနီယာတွေက သူ့ရှေ့မှာ လိုလိုလားလား ဦးညွှတ်ရတာလဲ*

သို့သော် ထိုမျှနှင့် ရပ်မသွားချေ။

“မျိုးမစစ်လေး တစ်သိုက်ကများ၊ ငါ ဝမ်ကောဖူမှာ ရှိနေတုန်း ရွှံ့တောထဲ ကစားနေမလားတောင် မသိနိုင်တဲ့ ကောင်တွေက ငါ့ရှေ့မှာ ငါ့ဘုရင်ကို မလေးမစား လုပ်ရဲတယ်ပေါ့လေ”

ထိုအခိုက်တွင် ဒေါသထွက်သော ကြွေးကြော်သံတစ်သံ ထွက်ပေါ်လာ၏။

“ဝှစ် ဝှစ်”

ကောင်းကင်ထံမှနေ၍ ဩဇာညောင်းသော ပုဂ္ဂိုလ်များ ဆင်းလာကြပြီး စုစုပေါင်း လူဆယ်ယောက် ကျော်လေသည်။ အရှိန်အဝါကလည်း အလွန် ရှေးကျလှသည်။

“တစ္ဆေဖန့်ချီ”

“သွေးဘုရင်”

“နတ်ဆိုးမိစ္ဆာ”

လူတိုင်း တုန်လှုပ်သွားကြသည်။ အကြောင်းမှာ ရောက်လာသူများတွင် သာမန်လူ တစ်ယောက်မှမပါဘဲ အလွန် ကြောက်စရာကောင်းသော သူတော်စင်သခင်အဆင့် လူအိုကြီးများ ဖြစ်နေသောကြောင့်ပင်။

ဤသူတော်စင်သခင်အဆင့် လူအိုကြီးများသည် ခွန်အားနှင့် တိုက်ပွဲ အတွေ့အကြုံအရ ရင်ဖုန်းချူတို့ လူငယ်များထက် ပိုသန်မာပြီး ပိုရှေးကျသော ထည်ဝါ၍ အရှိန်အဝါများ ရှိကြသည်။

ထို့ကြောင့် သူတို့ ပေါ်လာသည်နှင့် ဘေးလူများကြားထဲမှ ရုတ်ရုတ်သဲသဲ ဖြစ်နေခြင်းက ငြိမ်ကျသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကျောင်းသားများအားလုံးသည် သူတို့စိတ်ထဲ၌ စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်စိတ်တို့ကို ခံစားမိလာသည်။ ရင်ဖုန်းနှင့် အခြားသူများအတွက် ဤသူတော်စင်သခင်အဆင့် လူအိုကြီးများသည် စီနီယာများပင်။ ယခုအခါတွင် ထိုလူများက ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ကျယ်လောင်စွာဖြင့် နှုတ်ဆက်လာသည်။

“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”

ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တောင့်တင်းသွားသလိုပင်။ လူတိုင်း၏ မျက်နှာတွင် သွေးပျက်၍ စိတ်လှုပ်ရှားဟန်များ ပေါ်လာ၏။

*မယုံနိုင်စရာပဲ*

အင်အားနှစ်ဖွဲ့ပေါင်းလိုက်လျင် သူတော်စင်သခင်အဆင့် အယောက်သုံးဆယ်ကျော် ရှိပြီး သူတို့အားလုံးက ယဲ့ဖန်ရှေ့တွင် အလွန် ရိုကျိုး၍ တလေးတစား ဟန်ပန်ဖြင့် ဒူးထောက်နေသည်။ သူတို့၏ မျက်လုံးတွင် နတ်ဘုရားကို မြင်နေသကဲ့သို့ စွဲလမ်းစိတ်နှင့် လေးစားစိတ်များ ပြည့်နှက်နေလေသည်။

ရှဲ့ယွီယန် လိပ်ပြာလွင့်တော့မလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဒယိမ်းဒယိုင် ဖြစ်ကာ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။

လက်ရှိတွင် လူတိုင်း၏ အကြည့်က ယဲ့ဖန်ပေါ် ကျရောက်လာသည်။ အကြည့်တိုင်းတွင် ထိတ်လန့်စိတ်၊ စူးစမ်းချင်စိတ်၊ ကြောက်စိတ်နှင့် မယုံကြည်နိုင်စိတ်တို့ ပါဝင်နေ၏။ အခြေအနေက အတော်လေး တိတ်ဆိတ် နေသည်။

ယဲ့ဖန်သည် ပွဲကြည့်ပရိသတ်တို့၏ အရှင်သခင် ဖြစ်နေပုံရပြီး လူတိုင်းက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ ထိုအခိုက်တွင် ယဲ့ဖန်က ရင်ဖုန်းချူကို ကြည့်လာသည်။

မင်း သေမလား ဒါမှမဟုတ် သူတို့ သေမလား ရွေး”

လူတိုင်း မယုံနိုင်လောက်အောင် ထိတ်လန့်သော မျက်နှာထားများ ဖြစ်သွားကြသည်။

*ဒီလူက ဘယ်လိုတောင် ရင်ဖုန်းချူကို ရန်စရဲတာလဲ*

*သူ ရူးနေတာလား*

ဝမ်ကောဖူ၌ နှစ်အတော်ကြာအောင် ပေါ်မလာသေးသည့် ထိုမိစ္ဆာမှလွဲလျင် ရင်ဖုန်းချူသည် ဝမ်ကောဖူတွင် အသန်မာဆုံးသူ ဖြစ်လေသည်။ ရင်ဖုန်းချူသည် သူတော်စင်သခင်အဆင့် လူအိုကြီးနှစ်ယောက်ကို ကိုယ်တိုင် သတ်ဖူးသည့် ကြောက်စရာကောင်းသောသူ ဖြစ်လေသည်။ ထိုသို့ တိုက်ခိုက်ရာတွင်လည်း ဘာဒဏ်ရာမှ မရဖူးချေ။

ထို့အပြင် သိုင်းပြိုင်ပွဲ၌ ရင်ဖုန်းချူက တစ်ကိုယ်တည်းဖြင့် ရှဲ့ယွီယန်နှင့် ဟွာချင်းယန် အပါအဝင် ထိပ်တန်း ပါရမီရှင် ရှစ်ယောက်ကို တိုက်ခိုက်ဖူးပြီး သူတို့အားလုံးကို ချက်ချင်း အနိုင်ယူခဲ့သည်။

ထို့ကြောင့် သူတို့ကို သူ့လက်အောက်သွင်း၍ သူ၏ သစ္စာရှိခွေးများ ဖြစ်စေခဲ့သည်။ အကယ်၍ လူများစွာရှိလျင် ယဲ့ဖန် ရင်ဖုန်းချူကို အသေတိုက်ခိုက်နိုင်လောက်သည်။ သို့သော် တစ်ယောက်တည်း တိုက်ခိုက်လျင်တော့ သေတွင်း တူးခြင်းသော အဖြစ်ပင်။

ယဲ့ဖန်၏ စကားကိုကြားသော် ရှဲ့ယွီရန် စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။ ဤသို့ဆိုလျင် သူ ဤမိစ္ဆာကောင်ကို ရင်ဆိုင်ရန် မလိုတော့ပါ။

ယဲ့ဖန်က ကြောက်စရာကောင်းသော မိစ္ဆာဖြစ်သော ရင်ဖုန်းချူနှင့် ရင်ဆိုင်သည်နှင့် သေလမ်းတစ်လမ်းသာ ရှိပေတော့သည်။

*ဒီအရူးက တော်တော် မာနကြီးတာပဲ*

*အဖွဲ့လိုက်တိုက်ရင် သွေးစွန်းနိုင်ပေမယ့် နိုင်နိုင်စွမ်း ရှိဦးမှာ၊ ဒါပေမဲ့ သူက သေတွင်းတူးတဲ့လမ်းကို အတင်း ရွေးတာပဲ၊ ရူးလွန်းတယ်*

*ရင်ဖုန်းချူနဲ့ တစ်ယောက်တည်း တိုက်ချင်တာလား*

*ဝမ်ကောဖူ တစ်ခုလုံးမှာ ဘယ်သူ လုပ်ရဲလို့လဲ*

*ဒါ သေတွင်းတူးနေတာပဲ*

အဆင့်သုံးနှင့် အဆင့်လေးများပင် ရင်ဖုန်းချူလက်ထဲ၌ သုံးကွက်ထက် ပိုမတိုက်နိုင်ပေ။

“အမှိုက်ကောင်ကို နိုင်သွားတာနဲ့ မင်း ယုံကြည်မှု တက်လာတယ်နဲ့ တူတယ်”

ရင်ဖုန်းချူက အေးစက်စွာ ခနဲ့လိုက်ပြီး သွေးဆာသော အပြုံးမျိုး ပြုံးကာ ယဲ့ဖန်အား အခွင့်အရေးကို စောင့်နေသကဲ့သို့ စိုက်ကြည့်နေ၏။

ထိုစကားကိုကြားသော် ရှဲ့ယွီရန်နှင့် အခြားသူများ၏ မျက်လုံးတွင် ရီဝေဝေ ဖြစ်ဟန် ပေါ်လာသော်လည်း လင်းဝူယာနှင့် အခြားသူများအားလုံး အေးစိမ့်သလို ခံစားလိုက်ရသည်။

ဟွာချင်းယန်က ရင်ဖုန်းအတွက် တိုက်ခိုက်ပြီး ရင်ဖုန်းချူအတွက် သေသွားရသော်လည်း ရင်ဖုန်းချူ၏ အမြင်တွင် အသုံးမကျသော အမှိုက်ကောင်သာ ဖြစ်နေ၏။ ရင်ဖုန်းချူက အလွန် သွေးအေးသည်ဟု ဆိုရပေမည်။

၎င်းကို ရှဲ့ယွီရန်နှင့် အခြားသူများ သိသော်လည်း ရင်ဖုန်းချူကို သူတို့ မှီခိုနေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏ နောက်ခံကြောင့်သာမက သူ၏ သူမတူသော ခွန်အားကြောင့်လည်း ဖြစ်ပေသည်။

သူသည် နောင်အနာဂတ်၌ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့် ကံပါလာသူ ဖြစ်ပြီး နတ်ဘုရားဖြစ်လာနိုင်သည့် အရည်အချင်း ရှိသည်။

ထို့ကြောင့် ရင်ဖုန်းချူထံ ခစားပါမှ သူတို့ အမြင့်သို့ အတူတက်နိုင်လိမ့်မည်ဟု ရှဲ့ယွီရန်နှင့် အခြားသူများ ယုံကြည် ထားကြသည်။ သို့မှသာ သက်ရှိအားလုံးကို အထက်စီးဖြင့် ကြည့်နိုင်လိမ့်မည်။

“ငါ့မျက်လုံးထဲမှာတော့ မင်းနဲ့ သူတို့ကြားမှာ သိသိသာသာ ခြားနားနေတာမျိုး မရှိဘူး”

ယဲ့ဖန် ဆက်ပြောလိုက်သော စကားတွင် အလွန် အထင်သေး၍ ဂရုမစိုက်ဟန်များ ပြည့်နှက်နေ၏။

*ဘာ*

*ဒါ ရင်ဖုန်းချူကလည်း အမှိုက်ကောင်ပဲလို့ သွယ်ဝိုက်ပြီး ပြောလိုက်တာလား*

ထိုစကားကိုကြားသော် ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ခေါင်းခါလာကြသည်။

*ဒီကောင်တော့ သေပြီ၊ ရင်ဖုန်းချူကို ဒီလို ရန်စမှတော့ အသက်ရှင်ဖို့ နည်းလမ်း မရှိတော့ဘူး*

သို့သော် သူတို့ထဲမှ မည်သူကမှ ယဲ့ဖန်ကို မသနားကြပေ။ သူတို့စိတ်ထဲတွင် ယဲ့ဖန်၏ အပြုအမူက ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းဟု ထင်နေကြလေသည်။

“မကြာခင် မင်းရဲ့ မောက်မာမှုအတွက်‌ ကြောက်စရာကောင်းလောက်အောင် ပြန်ပေးဆပ်ရလိမ့်မယ်၊ ငါ မင်းရဲ့ အရိုးတိုင်းကို ကြေမွအောင် လုပ်ပစ်မယ်ကွ”

ရင်ဖုန်းချူ၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကြွေးကြော်လိုက်သည်။

All Chapters