← Chapters

အခန်း ၁၄၆၂

Vol. 98 Ch. 1462

အခန်း ၁၄၆၂

Vol. 98 Ch. 1462

Chapter 1462 အပျော်စောနေတယ်

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထို့အပြင် ပို၍ ထူးဆန်းသည်မှာ သူ၏ ကြမ်းကြုတ်သော ခွန်အားအောက်၌ အလွန်ဆုံး သိုင်းကွက်တစ်ရာအတွင်း ယဲ့ဖန် အားနည်းလာလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ ထိုအခါတွင်မှ မဟာကျောင်းအုပ်နှင့် အခြားသူများအား ယဲ့ဖန်ကို အသေသတ်စေမည်ဟု တွေးထားခဲ့သည်။

သို့သော် ယဲ့ဖန်က တည်ငြိမ်မြဲ တည်ငြိမ်ဆဲ ဖြစ်သည်ကို သူ သတိထားမိလိုက်သလို မောသည့်ပုံပင် မပေါ်ချေ။ သူ့မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။

*ဒီလူက ဘုရင်အဆင့် ဖြစ်နေရင်တောင်မှ ဒီလောက် မလွယ်နိုင်ပါဘူး ဟုတ်တယ်မလား*

သူ့လက်သီးက နတ်ဘုရင်အဆင့်ကိုပင် ထိခိုက်အောင် လုပ်နိုင်၏။ သို့သော် သူ အချက်တစ်ရာကျော်မျှ လက်သီးဖြင့် ထိုးနေသော်လည်း ယဲ့ဖန်က ဘာဒဏ်ရာမှ မရချေ။

ထို့နောက်တွင်မူ ငရဲမှထွက်လာသည်ဟု ထင်မှတ်ရသည့် အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ် လာသည်။

မင်းတို့တွေ ဒီလို လုပ်နိုင်တဲ့ အစွမ်းအစ ရှိလို့လား”

*ဒီလိုလုပ်နိုင်တဲ့အစွမ်းအစ ရှိလို့လားတဲ့လား*

ထိုအသံတွင် အလွန် အထင်အမြင်သေးဟန်မထား ပါဝင်နေကာ စိတ်မရှည်ပုံပင် ပေါက်နေ၏။

*ဘာ*

ဤသည်က လူတိုင်းကို ကြောက်လန့်၍ တုန်လှုပ်သွားစေပြီး ပြောစရာ စကားမဲ့သွဦးစေသည်။

*ဒီလူက ကျောင်းအုပ်သုံးယောက်ကို သူ့ခွန်အားနဲ့ စိန်ခေါ်ပြီးတော့ ပြိုင်ဘက်ကင်းနေတုန်းပါလား*

*အဲ့ဒါနဲ့တင် မလုံလောက်သေးလို့ ကျောင်းအုပ်သုံးယောက်ကို မသန်မာသေးဘူးလို့ မကျေမနပ် ပြောချင်နေ တာလား*

ထိုကျောင်းအုပ်သုံးယောက်က အမှန်တကယ် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သူတို့အားလုံး မြင်နေရသည်။ သို့သော် ယဲ့ဖန်က စိတ်အေးကာ သက်တောင့်သက်သာ ရှိနေဆဲဖြစ်ပြီး မည်သို့မျှ စိုးရိမ်စိတ် မရှိပေ။

“ယီးပဲ သောက်မျိုးမစစ်ကောင်”

နန်ကုန်းရွှမ် ချက်ချင်း ဒေါသထွက်လာပြီး တစ်ကိုယ်လုံးမှ စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး ပို၍ ပြင်းထန်သော လက်သီးဖြင့် ယဲ့ဖန်ကို ထိုးနှက်လိုက်သည်။

“ဘုံကိုးလွှာ တိတ်ဆိတ်ခြင်း”

ပြင်းထန်၍ ကြယ်ရောင်ထွက်နေသော လက်သီးချက်က ယဲ့ဖန်ကို လွှမ်းမိုးလာသည်။ အမြောက်ဆန် ပေါက်ကွဲ သကဲ့သို့သော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

သူ့ရှေ့မှ ယဲ့ဖန်သည် ဆယ်မီတာကျော်မျှ နောက်သို့ လွင့်သွားရပြီး ခြေထောက်အားစိုက်ထားရသဖြင့် နောက်သို့ လွင့်သွားရာ မြေကြီးတစ်လျောက်တွင် ရှည်လျားသော မြောင်းတစ်ခု ဖြစ်လာပြီးမှ ဟန်ချက်ကို မနည်း ထိန်းနိုင် သွားရသည်။

ထို့နောက် ယဲ့ဖန်က လက်ပိုက်ထားရာမှ လက်ကိုပြန်ဖြုတ်ကာ မခိုးမခန့် ပြုံးလာ၏။

“မဆိုးပါဘူး”

*မဆိုးဘူး ဟုတ်လား*

နန်ကုန်းရွှမ်၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ အားကုန်ထည့်ထားသော တိုက်ကွက်ကို တစ်ဖက်လူက မဆိုးသော အခြေအနေဟုသာ မြင်နေသည်တဲ့လား။

ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု သူ ထင်ထားသော်လည်း မထင်မှတ်ဘဲ ယဲ့ဖန်က သူ့လက်သီးချက်အောက်၌ တစ်စစီ ဖြစ်မသွားချေ။

“ခွေးမသား မင်း သေလိုက်တော့”

ထိုအခိုက်တွင် ယဲ့ဖန်၏ အနောက်မှ အေးစက်စက် အလင်းတစ်ချက် ပေါ်လာပြီး တိုက်ခိုက်လာလေသည်။ သွမ့်ချမ်ယွီ တိုက်ခိုက်လာခြင်းပင်။

သူသည် အချိန်ကောင်းကို တွက်ချက်နေခဲ့ပြီး လက်ရှိအချိန်က သတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တစ်စက္ကန့်ပင် လွဲချော်၍ မရပါ၊ သို့မဟုတ်ပါက အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်လာပေ လိမ့်မည်။

မိုးမြေကို တုန်လှုပ်စေနိုင်လောက်သည့် အလင်းတစ်ချက်က ယဲ့ဖန်၏ ကျောအား ထိုးဖောက်လာသည်။

*သေပေတော့*

ဤသည်ကိုမြင်သော် ရင်ဖုန်းချူနှင့် အခြားသူများ ချက်ချင်း စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် ထိုဓားကြောင့် ကျောထုတ်ချင်းပေါက်သွားပြီး အပြင်းအထန် ဒဏ်ရာရသည်ကို သူတို့ မြင်လိုက်ရသောကြောင့်ပင်။

ဤသည်ကိုမြင်သော် သွမ့်ချမ်ယွီ သရော်လေသည်။

“နတ်ဘုရင်အဆင့် ဖြစ်တော့လည်း ဘာဖြစ်လဲ၊ ငါနဲ့တွေ့ရင် မင်း လုပ်ကြံခံရမယ့်ဘေးကနေ မလွတ်နိုင်ပါဘူး”

“ဖုန်းယဲ့ မင်း ပွဲသိမ်းပြီကွ”

“ဟားဟားဟားချက်ချင်းဆိုသလိုပင် သွမ့်ချမ်ယွီက ကျယ်လောင်စွာ ရယ်မော၍ အလွန်အမင်း ဂုဏ်ယူသလို ခံစားမိနေသည်။ ဤတိုက်ပွဲ အပြီးတွင် သူ ကျော်ကြားလာတော့မည်ဖြစ်ကြောင်း သိနေသည်။

နတ်ဘုရင်အဆင့်ကို လုပ်ကြံနိုင်သော သူတော်စင်သခင်အဆင့် သွမ့်ချမ်ယွီက မသိသူ ရှိတော့မည် မဟုတ်ပါ။ ဤက မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်သနည်း။ သူ့တပည့်များက သူ့အား နတ်ဘုရားသဖွယ် မြင်လာကြ ပေမည်။

“ခင်ဗျား အပျော်စောမနေလွန်းဘူးလား”

သို့သော် ထိုအခိုက်တွင် သူ့အနောက်မှ မာထန်သော အသံတစ်သံ ရုတတရက် ထွက်ပေါ်လာပြီး လေပြင်း တစ်ချက်က သွမ့်ချမ်ယွီကို ရစ်ပတ်လာသည်။

*ဟမ်*

သွမ့်ချမ်ယွီ ထိတ်လန့်ကာ သူ့အပြုံး အေးခဲသွားပြီး အမူအရာက နားဝေတိမ်တောင် ဖြစ်နေ၏။ မှင်တက် အံ့ဩစရာ ကောင်းလှသည်။

ထို့နောက် သူ့အရှေ့မှ ယဲ့ဖန်ပုံရိပ်က တဖြည်းဖြည်း လွင့်ပြယ်လာပြီး အနက်ရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။

*ဘာ*

ချက်ချင်းဆိုသလိုပင် သွမ့်ချမ်ယွီ အနောက်၌ ပုံရိပ်တစ်ခု ပေါ်လာပြီး သူ့အနောက်၌ တိတ်တဆိတ် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လူနှစ်ယောက်က တစ်မီတာပင် မကွာချေ။ ထိုအချိန်တွင် ယဲ့ဖန်ထံမှ အနက်ရောင် အငွေ့များ ထွက်ပေါ်နေပြီး မျက်နှာထားက အလွန် ကြောက်စရာ ကောင်းလာသည်။

“ငါ တူတူပုန်းတမ်း ကစားရတာ မကြိုက်ဘူး၊ ဒါပေမဲ့ ငါ မကြိုက်လို့ အဲ့နည်းကို မကျွမ်းဘူးလို့ မဆိုလိုဘူး”

ယဲ့ဖန်က ရယ်မောကာ အနောက်မှနေ၍ သွမ့်ချမ်ယွီ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းချုပ်၍ အားဖြင့် ဖျစ်ညှစ်လိုက်သည်။

“ဂျွတ်”

လည်ပင်းရိုး ကျိုးကြေသွားလေသည်။ သွမ့်ချမ်ယွီ၏ မျက်နှာတွင် မယုံနိုင်ဟန်နှင့် ထိတ်လန့်ဟန်တို့ ပြည့်နှက် နေကာ သူ့အလောင်းက အောက်သို့ ဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။ သူ၏ ပြောင်မြောင်သော တိုက်ကွက်ကို ယဲ့ဖန်က ရှောင်နိုင်သည့်အပေါ် မယုံနိုင် ဖြစ်နေခဲ့ပုံရသည်။

သေသွားလေပြီ။ သို့သော် သေသူက ယဲ့ဖန် မဟုတ်ဘဲ သွမ့်ချမ်ယွီ ဖြစ်နေ၏။ ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်ကာ ကြောက်လန့်သွားစေသည်။ လူတိုင်း၏ မျက်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။

သုံးယောက်တစ်ယောက် တိုက်ရာတွင် တစ်ယောက် အသတ်ခံလိုက်ရသည်တဲ့လား။ နန်ကုန်းရွှမ်နှင့် ကျိုးရှင်း တို့လည်း ကျောချမ်းလာကြသည်။

သွမ့်ချမ်ယွီ၏ လုပ်ကြံရေး သိုင်းကွက်သည် ဝမ်ကောဖူ၌ ပထမတန်း ဖြစ်ရုံသာမက ထိပ်တန်း ဆယ်ခုစာရင်းလည်း ဝင်ပေသည်။ သို့သော် သူက ယဲ့ဖန်ထံ၌ လုပ်ကြံရေး သိုင်းကွက်ဖြင့် အသတ်ခံလိုက်ရသည်။

ဤမြင်ကွင်းက သူတို့အပေါ် ကြီးမားစွာ သက်ရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သွမ့်ချမ်ယွီ၏ ခွန်အားကို သူတို့ သိနေသဖြင့် အလွန် ကြောက်လန့်နေရသည်။

“မင်းတို့ တိုက်လို့ ပြီးပြီလား၊ ဒါဆို ငါ့အလှည့်ပဲ”

ယဲ့ဖန်က နန်ကုန်းရွှမ်အား အလွန် ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လာ၏။ နန်ကုန်းရွှမ် ကြက်သီးထသွားပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။

“ငါ့ညီကို သတ်ရဲတယ်ပေါ့လေ၊ ယီးပဲ၊ မင်း သေရမယ်ကွ”

သူ ခြေဆောင့်လိုက်သဖြင့် မြေကြီး အက်ကွဲလာသည်။ နန်ကုန်းရွှမ်က ယဲ့ဖန်၏ မျက်နှာကို ဒေါသတကြီး ထိုးနှက်၍ တိုက်ခိုက်လာ၏။ ထိုစဉ် ယဲ့ဖန်က ရှောင်တိမ်းခြင်းမရှိဘဲ နန်ကုန်းရွှမ်ကို ပြန်ထိုးလိုက်သည်။

အရိုးကျိုးသံနှင့်အတူ သွေးများ ပန်းထွက်လာ၏။ နန်ကုန်းရွှမ်၏ လက်သီး ကြေမွသွားသည်။ အဆုံးအစမဲ့သော ခွန်အားများ ပါဝင်နေသော လက်သီးက ယခု ကြေမွပျက်စီးသွားရသည်။ ဤသည်ကိုမြင်ပြီး လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။

*သွမ့်ချမ်ယွီပြီးတော့ နန်ကုန်းရွှမ်ပါ ရှုံးသွားတာလား*

*ပြီးတော့လည်း သူက သူ အားအကြီးဆုံးနဲ့ အကျွမ်းဆုံး နယ်ပယ်မှာ ရှုံးသွားတယ်လား*

*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ် မဟုတ်လား*

*သူ ဘယ်လိုလုပ်လိုက်တာလဲ*

*ခွန်အားဘုရင်က ခွန်အားချင်းယှဉ်တော့ ရှုံးသွားတယ်ပေါ့*

“မင်း”

နန်ကုန်းရွှမ်၏ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံး ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့ တုန်ယင်လာသည်။ သူ့ကိုယ်မှ နာကျင်မှုကို သူ အရေးမစိုက်နိုင်ဘဲ ကြောက်လန့်၍ မယုံနိုင်သော မျက်လုံးတို့ဖြင့် ကြည့်နေသည်။

“ငါ သေသင့်ရင် သေသင့်လောက်တယ်၊ ဒါပေမဲ့ မင်း … မင်း ငါ့ကို သတ်နိုင်လို့လား”

ယဲ့ဖန် သရော်ပြုံး ပြုံးလိုက်သည်။ ထိုအပြုံးက နန်ကုန်းရွှမ်ကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

*မိစ္ဆာ*

*နတ်ဆိုး*

*ဒီလိုမိစ္ဆာကောင်ကို တိုက်ခိုက်တာ ငါ ရူးနေလို့ပဲ ဖြစ်မယ်*

သို့သော် သူ ချီတုံချတုံ ဖြစ်နေစဉ်မျာပင် ယဲ့ဖန်၏ လက်သီးက ကျရောက်လာသည်။ ကျရောက်လာသော လက်သီးကို ကြည့်ပြီး နန်ကုန်းရွှမ် မျက်လုံးပြူးလာသော်လည်း မည်သို့မှ မခုခံနိုင်ပါ။

ယဲ့ဖန်ကြောင့် ဦးခေါင်း ပြုတ်ထွက်သွားပြီး မလှမ်းမကမ်းမှ ကျောင်းအုပ်များရှိရာ လွင့်ပျံသွားပြီး မဟာကျောင်းအုပ် ရှေ့သို့ ဘုတ်ခနဲ ပြုတ်ကျလေသည်။

သေသွားသည်အထိ နန်ကုန်းရွှမ်၏ မျက်နှာတွင် မယုံနိုင်သော အမူအရာတို့ ဖြစ်ပေါ်နေ၏။ ခွန်အားချင်း ယှဉ်ပြိုင်ရာ၌ သူ ရှုံးသွားလိမ့်မည်ဟု မယုံနိုင်သည့်ပုံပင်။

မဟာကျောင်းအုပ် မျက်နှာ အကြီးအကျယ် ပျက်နေသည်။ သူတော်စင်သခင်အဆင့် နှစ်ယောက် မိနစ်ပိုင်းအတွင်း အသတ်ခံလိုက်ရခြင်းက သူတို့ ဝမ်ကောဖူအတွက် ကြီးမားသော အရှက်ရမှုပင်။

“အခု မင်းအလှည့်ပဲ”

ယဲ့ဖန်က ကျိုးရှင်းကို မချိုမချဉ်အပြုံးနှင့် ကြည့်နေသည်။ ထိုစကားကိုကြားသော် ကျိုးရှင်း တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး ရေခဲကန်ထဲ ကျသွားသကဲ့သို့ တုန်ယင်လာသည်။ သူ အလွန်အမင်း ကြောက်လန့်ကာ တစ်ကိုယ်လုံး အေးခဲလာ၏။

ယဲ့ဖန်က နေရာမှ ချက်ချင်း ပျောက်သွားပြီး ကျိုးရှင်းရှေ့၌ ဖျတ်ခနဲ ပေါ်လာသည်။ သူ ရင်တုန်သွားပြီး မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။

“ကျစမ်း”

“ဒုန်း”

သူ့လက်ထဲမှ ဟောင်ထျန်းမျှော်စင်က ရုတ်တရက် လင်းလက်လာပြီး ကြီးမားသော အလင်းကားချပ်တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ဖုံးလွှမ်းလာသည်။ ထိုအခါ ယဲ့ဖန် လွင့်ထွက်သွားသည်။

ဤသည်ကိုမြင်မှ ကျိုးရှင်း စိတ်အေးသွားသည်။ သူ့၌ ကောင်းမွန်သော လက်နက် ရှိနေသေး၍ တော်သေးသည်။ သို့မဟုတ်ပါက သူ ချက်ချင်း သေသွားလောက်သည်။ ထို့နောက် သူ ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

“အမှိုက်ကောင် ငါ့ဟောင်ထျန်းမျှော်စင်က မိုးမြေရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ လုပ်ထားတဲ့ ရှေးဟောင်း နတ်ပစ္စည်းကွ၊ ဒီအရာမှ မူလ နတ်စွမ်းအင်တွေ ပါနေပြီးသား၊ မင်း ဒါကို ချိုးဖောက်ချင်တာလား၊ အိပ်မက် မက်နေလိုက်တော့”

သို့သော် သူ့စကားအဆုံး၌ ပူပြင်း၍ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ဖန်၏ လက်ထဲတွင် ဘယ်အချိန်ကတည်းက ရွှေရောင်လေးတစ်လက် ရှိနေလဲ မသိလိုက်ပေ။ ၎င်း၏ အရှိန်အဝါက ထိတ်လန့်ဖွယ် ကောင်းလှပြီး ရှေးဂြိုဟ်တစ်သောင်းတို့ဖြင့် သွန်းလုပ်ထားသည်ဟု ထင်မှတ်ရကာ ရှေးဂြိုဟ်တို့၏ အငွေ့အသက်များ ထွက်ပေါ်နေကာ နှိုင်းယှဉ်မရအောင် ထည်ဝါလှသည်။

“ဒါက”

ဤသည်ကိုမြင်သော် မဟာကျောင်းအုပ် မျက်လုံးပြူးကာ မယုံနိုင် ဖြစ်သွားသည်။

“အင်မော်တယ် ရတနာ၊ ဒါ သေချာပေါက် အင်မော်တယ် ရတနာပဲ”

အခြား နတ်ဘုရင်အဆင့်နှစ်ယောက်လည်း ထိတ်လန့်သွားပြီး လောဘတက်ဟန် ပေါ်လာ၏။

*ဒါ လက်နက်ကောင်းပဲ*

*ငါတို့အကျိုးအတွက် သုံးမှရမယ်*

“အင်မော်တယ် ရတနာလား၊ သူ့မှာ ဘယ်လိုလုပ် အင်မော်တယ် ရတနာ ရှိနေတာလဲ၊ တစ်ခုခုတော့ မှားနေပြီ၊ သူက ဘယ်သူလဲ”

ကျောင်းသားများအားလုံး အံ့ဩကာ နေခွင်း နတ်လေးအား ငေးကြည့်လာ၏။ ထိုအခိုက်တွင် ရင်ဖုန်းချူ နှလုံးခုန် ရပ်သလို ဖြစ်သွားသည်။

သူ ထိုအင်မော်တယ် ရတနာကို သိပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မိသားစု၌ တစ်ခု ရှိ၍ ဖြစ်ပြီး ထိုအင်မော်တယ် ရတနာအား သူ့ဘိုးဘေး ကျူးလုံ ဧကရာဇ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူ့ဘိုးဘေးကဲ့သို့ ပြိုင်ဘက်ကင်းသူသာ အင်မော်တယ် ရတနာကို ပြုလုပ်နိုင်သော အရည်အချင်း ရှိပေသည်။ လက်ရှိ မိသားစု ခေငါ်းဆောင်တောင်မှ ထိုအင်မော်တယ် ရတနာမျိုးကို မပြုလုပ်နိုင်ပါ။ အဘယ်ကြောင့် ထိုသူလက်ထဲ၌ ထိုသို့ ထိတ်လန့်စရာကောင်းသော အရာ ရှိနေရသနည်း။

ယဲ့ဖန်က အင်မော်တယ် ရတနာအား ထုတ်လာသည်ကိုမြင်ပြီး ကျိုးရှင်း၏ အမူအရာ အေးစက်သွားပြီး ကြောက်လန့်လာ၏။

*အင်မော်တယ် ရတနာ*

*ဒီလူမှာ အင်မော်တယ် ရတနာ ရှိတယ်*

*သေစမ်း သေစမ်း*

ထိုအခိုက်တွင် ယဲ့ဖန်က လက်နှစ်ချောင်းကို လေးပေါ်တင်လာပြီး တာအိုစွမ်းအင်များ စုစည်းလာပြီး နေ၊လနှင့် ကြယ်တာရာတို့အား ဖြိုခွင်းနိုင်သည့် နတ်မြားတစ်စင်း ဖြစ်ပေါ်လာသည်။

ဤသည်ကိုမြင်သော် ကျိုးရှင်း သည်းခြေပျက်သွားပြီး ငယ်သံပါအောင် အော်လိုက်သည်။

“မဟုတ်ဘူး မလုပ်နဲ့ မလုပ်နဲ့”

ငေါက်ငမ်းခြင်းဖြစ်သလို အော်ဟစ်ခြင်းလည်း ဖြစ်ပေသည်။ ကျိုးရှင်း ယခု မည်မျှ တုန်လှုပ်နေကြောင်း လူတိုင်း ခံစားသိမြင်နေရသည်။

လေးကြိုးလွှတ်သံ ပေါ်လာပြီး နတ်မြားက လေးကိုခွင်း၍ ပျံသန်းလာကာ ကျိုးရှင်းထံ တည့်တည့် တိုးဝင် သွားသည်။

All Chapters