← Chapters

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း ၁၄၆၄

Vol. 98 Ch. 1464

Chapter 1464 မြားတစ်စင်း ပစ်လွှတ်ခြင်း

*ပုံမှန်မဟုတ်ဘူး*

*အရူးကောင်*

ယဲ့ဖန်၏ ဦးနှောက်ထဲ၌ ဘာတွေ တွေးတောနေသလဲ သူတို့ မသိတော့ပါ။ ယွမ်ပမ်းရှီနှင့် အခြားသူများမှာမူ အောင့်သက်သက် မျက်နှာထားများ ဖြစ်နေကြသည်။ ယဲ့ဖန်၏ ခွန်အားက မည်မျှ ကြောက်စရာကောင်းသလဲ သူတို့ မတွေးတတ်တော့ချေ။

သူတို့ ယဲ့ဖန်ကို ကောင်းကောင်း သိနားလည်ပြီဟု ထင်ထားသော်လည်း ယဲ့ဖန်အပေါ် သူတို့ သိနားလည်မှုက အကြိမ်ကြိမ် အသစ်ဖြစ်ရသည်။ သို့သော် အဆုံးသတ်တွင် သူတို့ အမြဲ လျှော့တွေးခဲ့မိကြောင်း သိလိုက်ရသည်။

ထိုစကားက ကျောင်းအုပ်ကို ချက်ချင်း ချောက်ထဲကျသွားသကဲ့သို့ ဖြစ်စေကာ မျှော်လင့်ချက် မဲ့သွားစေသည်။

“မလုပ်နဲ့ မင်း မလုပ်နဲ့”

ယဲ့ဖန်က လက်နှစ်ချောင်းကို ဖြေလျော့လိုက်သောအခါ နတ်မြားက အရှိန်ဖြင့် ပျံသန်းကာ ထိုကျောင်းအုပ်၏ ဦးခေါင်းကို ချက်ချင်း ထုတ်ချင်းဖောက်သွားသည်။

ကျယ်လောင်သော အသံနှင့်အတူ သွေးများနှင့်အတူ ဦးနှောက် အပိုင်းအစများက အနီနှင့် အဖြူ ရောနှော၍ နေရာအနှံ့သို့ လွင့်စဉ်လာသည်။

ဦးခေါင်းမဲ့နေသော အလောင်းက ယဲ့ဖန်ဘေးသို့ ဘုန်းခနဲ လဲကျသွားပြီး ပြတ်သွားသော ဦးခေါင်းနေရာမှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။

ဤမြင်ကွင်းက အလွန်တရာ သွေးထွက်သံယိုများ၍ ရက်စက်လွန်းသည်။ နတ်ဘုရင်အဆင့် ကျောင်းအုပ် တစ်ယောက် သေသွားလေပြီ။

ဝမ်ကောဖူ၏ ကျောင်းသားများ တဆတ်ဆတ် တုန်ယင်နေကြသည်။ ထိုလူသည် နှစ်ထောင်ချီ၍ တည်ရှိခဲ့သော နတ်ဘုရင်အဆင့် လူအိုကြီးဖြစ်ကာ သူတို့ ဝမ်ကောဖူ၏ စောင့်ရှောက်သူ၊ သူတို့၏ သင်္ကေတ ဖြစ်ပေသည်။

ထိုသို့သောလူက တစ်နေ့ သူတို့အားလံးရှေ့၌ အသတ်ခံရလိမ့်မည်ဟု ထင်မထားမိချေ။ ထို့အပြင် သတ်လိုက်သူက သူတို့ ဝမ်ကောဖူ၏ တပည့်တစ်ယောက် ဖြစ်နေသည်။

ဝံပုလွေကို အိမ်ထဲခေါ်သွင်းမိခြင်းပင်။ ဤသည်က ဝံပုလွေကို အိမ်ထဲ ခေါ်သွင်းမိသည့် အဖြစ်သာ။

*ဝမ်ကောဖူက တကယ်ပဲ ပျက်စီးရတော့မှာလား*

ကျေင်းသားများ၏ မျက်နှာက ပြာနှမ်းနေပြီး ကြောက်စိတ်နှင့် မယုံနိုင်စိတ်တို့ ပြည့်နှက်လာသည်။ မဟာကျောင်းအုပ်နှင့် အဝါရောင်ဝတ်ရုံနှင့် အဘိုးအိုတို့ တုန်လှုပ်နေကြသည်။

*ဘယ်လိုလုပ် ဒီကောင်က ငါတို့ထဲက နတ်ဘုရင်အဆင့် တစ်ယောက်ကို အလွယ်တကူ သတ်နိုင်နေရတာလဲ*

*သုံးယောက်တစ်ယောက် တိုက်နေတာကိုမှလေ*

ယဲ့ဖန်က သူ့ကိုယ်မှ သွေးကို ခါထုတ်၍ စိတ်မရှည်စွာ ပြောလိုက်သည်။

“အချိန်ဖြုန်းမနေနဲ့ အတူတူ တက်လာပြီး အတူတူသေကြ”

ထိုစကားက သူတို့နှစ်ယောက်လုံး၏ မျက်နှာကို မည်းမှောင်သွားစေပြီး သူတို့မျက်လုံးတွင် လူသတ်ချင်သော အရိပ်အယောင်များ တောက်ပလာပြီး ပြိုင်တူ အော်လိုက်သည်။

“သေချင်နေတာပဲ”

သို့ရာတွင် ယဲ့ဖန်က တကယ် ကစားရခြင်းကို ပျင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ တိုက်ခိုက်လာသည်ကို စောင့်မနေဘဲ လေးကြိုးကို ချက်ချင်း ဆွဲလိုက်သည်။

လေးကြိုး တုန်ခါသွားပြီးနောက် နတ်မြားက လေကိုခွင်းကာ ပျံသန်းလာ၏။ ၎င်းမြားတွင် သတ်ဖြတ်ချင်စိတ်များ တစ်ဟုန်ထိုး ပါဝင်နေပြီး ပေါင်သန်းချီ၍ လေးလံလေသည်။

နတ်မြားက အဝါရောင်ဝတ်ရုံနှင့် ကျောင်းအုပ်ထံ ဦးတည်နေ၏။ ထိုအဘိုးအိုက ခုန်လွှားရန် ပြင်လိုက်သော်လည်း သူ့ခြေထောက် မြေကြီးနှင့် လွတ်သွားချိန်တွင် မျက်စိကျိန်းလောက်သည့် ရွှေရောင်အလင်းက သူ့မျက်လုံးကို ထိုးဖောက်လာသည်။

သူ ချက်ချင်း မျက်စိပြာသွားသည်။ မိန်းမောသော အာရုံက သူ့ဦးနှောက်အတွင်း ဖြတ်ပြေးသွားပြီး သူ တစ်ဒင်္ဂမျှ အသိစိတ် လွတ်သွားလေသည်။

ထို့နောက် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သောအခါ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်နေသည်ကို တွေ့လိုက် ရသည်။ ထို့နောက်တွင်မူ တစ်ကိုယ်လုံး အမှုန့်ဖြစ်ကာ လေနှင့်အတူ မျောလွင့်သွားသည်။

*ဒီလူက တော်တော် ကြောက်ဖို့ကောင်းတယ်*

အဝါရောင်ဝတ်ရုံနှင့် အဘိုးအိုသည် မသေခင် ထိုသို့သော အတွေးသာ တွေးမိလေသည်။ အဝါရောင်ဝတ်ရုံနှင့် အဘိုးအို သေဆုံးသွားသောအခါ ပတ်ဝန်းကျင်၌ အော်သံများ ဆူညံလာ၏။

*အဝါရောင်ဝတ်ရုံနှင့် အဘိုးအိုက တိုက်စစ်မစခင် ယဲ့ဖန်ရဲ့မြားနဲ့ အပစ်ခံလိုက်ရပြီး ဘာအရိုးမှ မကျန်တော့ဘူးတဲ့လား*

ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။ နတ်ဘုရင်အဆင့်တစ်ယောက်က စက္ကန့်ပိုင်းအတွင်း ယဲ့ဖန်ထံ၌ ခေါင်းဖြတ်ခံလိုက်ရသည်။ နတ်ဘုရင်အဆင့် နှစ်ယောက်လုံး ယဲ့ဖန်ထံတွင် မိနစ်ပိုင်းအတွင်း ရှင်းလင်းခံ လိုက်ရလေပြီ။

*ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဝမ်ကောဖူမှ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ တပည့်များ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် စိတ်ပျက်လက်ပျက် လဲကျသွားပြီး ခေါင်းကိုလက်ဖြင့် အုပ်ကာ မျက်လုံးတွင် ကြောက်စိတ်များ သန်းလာ၏။

“ငါတို့တော့ သွားပြီ၊ ငါတို့ သေပြီ”

ဤသို့သော မိစ္ဆာကောင်နှင့် ရင်ဆိုင်ရာတွင် နတ်ဘုရင်အဆင့် နှစ်ယောက် အသတ်ခံခဲ့ရသည်။ သူတို့ဆိုလျင် မည်သို့ အောင်မြင်နိုင်ချေ ရှိပါမည်နည်း။ ထို့ကြောင့် သူတို့အားလုံး သေရလိမ့်မည်ဟု ရိပ်မိသွားကြသည်။

မြားတစ်စင်းက နတ်ဘုရင်အဆင့် တစ်ယောက်ကို သတ်ရန် လုံလောက်နေသည်။ မည်သူက ဤသို့သော မိစ္ဆာကို ခုခံနိုင်ပါမည်နည်း။

စိတ်ဓာတ်ကျ၍ ဝမ်းနည်းသော ခံစားချက်က ဝမ်ကောဖူတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး တစ်နေ့ ဝမ်ကောဖူ ပျက်စီးကိန်း ရောက်လိမ့်မည်ဟူသော အချက်ကို လူတိုင်း မယုံနိုင်ဖြစ်နေသလို လက်ခံရခက်နေ၏။

ထိုအခိုက်တွင် မဟာကျောင်းအုပ် ကြက်သီးတဖြန်းဖြန်း ထနေပြီး သူ့မျက်လုံးတွင် ကြောက်ရွံ့ထိတ်လန့်စိတ်တို့ ပြည့်နှက်နေလေသည်။ ချက်ချင်းဆိုသလိုပင် သူ့တစ်ကိုယ်လုံး ကျောချမ်းလာပြီး ယဲ့ဖန်အား တအံ့တဩ ကြည့်လာသည်။

လက်ရှိတွင် သူ လှုပ်ပင်မလှုပ်ရဲချေ။ သူ လှုပ်လိုက်သည်နှင့် ရှေ့လူများနည်းတူ ဇာတ်သိမ်းရမည်ကို စိုးထိတ် နေသည်။ သူ စိတ်ဓာတ်ကျနေသည်။ အလွန်အမင်း စိတ်ဓာတ်ကျနေ၏။

သူသည် ဝမ်ကောဖူ၏ မဟာကျောင်းအုပ်ဖြစ်ပြီး အသန်မာဆုံးလူ ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူသည် အဆုံးစွန်ထိ ဖိအားပေးခံနေရသည်။ သူ ၎င်းကို မယုံနိုင်ပေ။ သူ လက်မခံနိုင်ပါ။

ယဲ့ဖန်၏ မျက်လုံးကို ကြည့်ပြီး ငရဲမှပြန်လာသော နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသည်ဟု ခံစားမိကာ ကြောက်ရွံ့စွာ တုန်လှုပ်နေမိသည်။

သို့သော် ယဲ့ဖန်က သူ့စိတ်အခြေအနေကို မသိကျိုးကျွန်ပြုကာ ထပ်မံ၍ မြားတစ်စင်းကို ပစ်ခွင်းလိုက်သည်။ ယခုအချိန်အထိ သူ မြားများစွာ ပစ်ထားပြီးသော်လည်း ယခုအထိ အသက်ရှူသံ ပုံမှန်အတိုင်း ဖြစ်နေဆဲ ဖြစ်ကာ ခွန်အားက မကုန်ခမ်းသေးချေ။

ကျယ်လောင်သောအသံနှင့်အတူ မဟာကျောင်းအုပ်၏ လက်ကောက်ဝတ် ထိမှန်ကာ ပေါက်ကွဲသွားသည်။

“အား….”

မဟာကျောင်းအုပ် နာကျင်စွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး တုန်သွားသည်။ သူ့လက်ကောက်ဝတ် ပျက်စီးကာ လက်ဝါးတစ်ခုလုံး ပေါက်ကွဲသွားခဲ့သဖြင့် အရိုးများ ငေါနေသော လက်ကောက်ဝတ်သာ ကျန်ခဲ့လေသည်။

“မင်း…”

မဟာကျောင်းအုပ် ဒေါသထွက်နေ၏။ ယဲ့ဖန် ပစ်မှတ်လွဲချော်သွားခြင်း မဟုတ်ဘဲ သူ့ကို တမင်သက်သက် အရူးလုပ်နေကြောင်း သူ သိပါသည်။

ဒုတိယမြားတစ်စင်း။ ယခုတစ်ခေါက်တွင်မူ တံတောင်ဆစ် ဖြစ်လေသည်။ ထို့နောက် လက်မောင်း။ ပြီးနောက် ညာလက်ကောက်ဝတ်၊ ညာတံတောင်ဆစ်၊ ညာလက်မောင်း။

“အား…...”

ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မဟာကျောင်းအုပ်၏ နာကျင်စွာ အော်သံနှင့်အတူ ဒေါသတကြီး အော်ဟစ်သံများသာ ပဲ့တင်ထပ်နေ၏။

“ဖုန်းယဲ့ ရပ်လိုက်၊ ငါ ရပ်လိုက်လို့ ပြောနေတယ်”

“မလုပ်နဲ့ ငါ မှားမှန်း သိပါပြီ၊ ငါ့ကို လွှတ်ပေးပါ”

“မင်းနဲ့ ရင်ဖုန်းချူကြားမှာ ဘာဖြစ်ခဲ့သလဲ ငါ အရေးမလုပ်တော့ပါဘူး၊ ရပ်လိုက်ပါတော့”

မဟာကျောင်းအုပ် တုန်လှုပ်ကာ ကြောက်လန့်၍ ဆောက်တည်ရာမရ အော်ဟစ်နေသည်။ လက်ရှိတွင် သူ့စိတ်အခြေအနေ ပြိုလဲနေလေပြီ။

ယဲ့ဖန် မြားပစ်လိုက်သည့် အကြိမ်တိုင်း သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားခြင်းအား ရှောင်လွှဲမရနိုင်သလို ကြံရာမရ ဖြစ်စေသည်။ သူသည် သက်ရှိပစ်မှတ်သဖွယ် ဆက်တိုက် အပစ်ခံနေရပြီး သေရန် သိပ်မလိုတော့ချေ။

ယဲ့ဖန်ကြောင့် မဟာကျောင်းအုပ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရသည်ကိုမြင်ပြီး ရင်ဖုန်းချူ၊ ရှဲ့ယွီရန်နှင့် အခြားသူများအားလုံး မျက်နှာပြာနှမ်းကာ ကြောက်လန့်၍ ဆောက်တည်ရာမရ ဖြစ်လာကြသည်။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။ ဝမ်ကောဖူ၏ နတ်ဘုရင်အဆင့် သုံးယောက်တွင် နှစ်ယောက်သေ၍ တစ်ယောက်က ဒုက္ခတိ ဖြစ်နေသည်။ ဝမ်ကောဖူတစ်ခုလုံး အခြေအနေ မဟန်တော့ချေ။

မဟာကျောင်းအုပ် ဆောက်တည်ရာမရ အော်ဟစ်နေပြီး သည်းမခံနိုင်လောက်သော ဝေဒနာကြောင့် အဆက်မပြတ် ဟစ်အော်နေမိသည်။

လက်များ၊ ခြေထောက်များ၊ ဝမ်းဗိုက်အောက်ပိုင်းအထိ ပျက်စီးသွားလေပြီ။ သူ၏ ခြေလက်များအားလုံး မရှိတော့ဘဲ မြေကြီးတွင် ခွေးသေတစ်ကောင်သဖွယ် လဲနေကာ မလှုပ်နိုင်တော့ချေ။

နောက်ဆုံးတွင် ယဲ့ဖန်က လေးကြိုးကိုဆွဲ၍ သူ့ဦးခေါင်းကို ချိန်လာ၏။ ဤမြားက အရာအားလုံးကို အဆုံးသတ်ပေတော့မည်။

“ဖုန်းယဲ့က ဘယ်သူလဲ”

သို့သော် ထိုအခိုက်တွင် လူအုပ်ထဲမှ တောင်တစ်လုံး ပိကျလာသကဲ့သို့သော အသက်ရှူရ ခက်အောင် လုပ်နေသည့် ဖိအားနှင့်အတူ အေးစက်စက် အသံတစ်သံက ထွက်လာသည်။

လူတိုင်း ကြောက်လန့်ကာ မျက်နှာ ဖြူရော်သွားပြီး မနေနိုင်ဘဲ အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။ မလှမ်းမကမ်းတွင် ခမောက်ဦးထုပ် ဆောင်းထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားကာ ကျယ်ပြောသော ပခုံးနှင့် ထွားကြိုင်းသန်မာသော လူတစ်ယောက်က တစ်လှမ်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ခြေလှမ်းတိုင်း၌ အသံထွက်ပေါ်နေပြီး မြေဆီလွှာ မသိမသာ တုန်ခါလာသည်။

“ငါပဲ”

ယဲ့ဖန်က သူ့ကို တစ်ချက်ကြည့်၍ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“ကောင်းပြီ”

ထိုလူက အသာခေါင်းညိတ်လိုက်ပြီးနောက် ဦးထုပ်ကို ဖယ်လိုက်သဖြင့် သူ့မျက်နှာ ပေါ်လာသည်။

*လတ်စသက်တော့ နီညိုရောင် စစ်သည်တော်ပါလား*

သူ့မျက်နှာက လေးနက်တည်ကြည်ကာ မာနကြီးပြီး မျက်လုံးတွင် အထင်သေးရိပ်များ သန်းနေ၏။ ထို့အပြင် သူက သတ်ဖြတ်ချင်နေသော အကြည့်တို့ဖြင့် ယဲ့ဖန်ကို ကြည့်လာ၏။

“စောက်မျိုးမစစ်ကောင် နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ၊ အခု ငါ့ရှေ့ ဒူးထောက်ပြီး သုံးကြိမ် ဂါဝရပြုစမ်း၊ ဒါဆို ငါ မင်းအလောင်းကို ကိုယ်အင်္ဂါ အပြည့်အစုံ ဖြစ်စေရမယ်လို့ အာမခံတယ်”

“ဟွမ်နူ”

ထိုလူကိုမြင်သော် ရင်ဖုန်းချူက စိတ်လှုပ်ရှားသော အမူအရာ ဖြစ်လာပြီး ရက်စက်သော အပြုံးကို ပြုံးလိုက်သည်။

“ဟားဟားဟား တလင်တောင်က ငါ့ရင်မိသားစုရဲ့ အရဲရင့်ဆုံး စစ်သည်တော် ရောက်လာပြီ၊ ခွေးကောင် မင်းတော့ ပွဲသိမ်းပြီ”

“ဘာ … ဒီလူက ဟွမ်နူလား”

ထိုစကားသံထွက်လာသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။ လူတိုင်း ထိုထွားကြိုင်းသန်မာသောလူကို ကြောက်လန့်တကြား ကြည့်လာ၏။

“ဒီဟွမ်နူက ကျူးလုံဧကရာဇ်ဆီမှာ ခစားပြီး လောကကို တိုက်ခိုက်ခဲ့ပြီးတော့ မရေတွက်နိုင်တဲ့ အင်ပါယာနဲ့ အင်မော်တယ် မင်းဆက်တွေကို ရှင်းလင်းခဲ့တယ်လို့ ပြောကြတဲ့ စစ်သူကြီး မဟုတ်လား”

“ဟွမ်နူ ကျူးလုံဧကရာဇ်ရဲ့ ပထမစစ်သူကြီး၊ သူက အချိန်တိုအတွင်း တောင်ကိုတောင် ပစ်ချနိုင်စွမ်း ရှိတာ ပြီးတော့ သူက အဓိက ပါဝင်သူဖြစ်ပြီးတော့ သစ္စာရှိတယ္၊ ကျူးလုံ ဧကရာဇ် နတ်ရွာစံသွားပြီးတော့ သူ့အိမ်အိုထဲမှာ ခုနစ်ရက်၊ ခုနစ်ညတိတိ ငိုတယ်လို့ ပြောကြတယ်၊ ငိုလွန်းလိ့ သူ့မျက်လုံးတောင် ကန်းလုနီးပါး ဖြစ်တယ်လို့ ဆိုကြတာပဲ”

“နောက်တော့ စတေးပွဲမှာ ကိုယ်တိုင် ပါဝင်ပြီး နီညိုရောင် စစ်သည်တော်တွေနဲ့ မြင်းတွေကို မြေကြီးအောက်မှာ ထာဝရ ချိပ်ပိတ်ပြီးတော့ ဧကရာဇ်ရဲ့ အုတ်ဂူရဲ့ ငြိမ်သက်အေးဆေးမှုကို စောင့်ကြပ်ခိုင်းထားတာ”

လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ တစ်ဖက်လူသည် မရေတွက်နိုင်သော ဆယ်စုနှစ်များကို ဖြတ်သန်းပြီး ယခုအချိန်အထိ သက်ရှိထင်ရှား ရှိနေသေးသော အမတ ဖြစ်နေသည်။

ကျူးလုံဧကရာဇ် ပေးအပ်ထားသော “အရှင်မင်းကြီး၏ နံပါတ်တစ် စစ်သူကြီး” ဟူသောဘွဲ့က ဤလူ မည်မျှ ကြောက်စရာကောင်းကြောင်း ပြသနေ၏။ ထိုသို့သောလူက ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု မထင်မထားမိပါ။

“သခင်လေး ကျွန်တော့်ကို ဘုရင်မကြီးက ဖုန်းယဲ့ကို သတ်ပြီး လက်စားချေဖို့ အမိန့်ပေးလိုက်ပါတယ်”

ဟွမ်နူက ရင်ဖုန်းချူရှေ့၌ အလျင်အမြန် ဒူးထောက်လေသည်။ ရိုကျိုးမှုနှင့် နှုတ်ဆက်စကားဆိုခြင်းပင်။ သူက နတ်ဘုရင်အဆင့် ဖြစ်နေလျင်တောင်မှ ဧကရာဇ် ကျူးလုံ၏ နောက်မျိုးဆက်များနှင့် ရင်ဆိုင်သောအခါ မည်သို့သော ပေါ့ဆမှုမျိုးကိုမှ မလုပ်ရဲပါ။

သူသည် ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသက်ရှင်သန်နေခြင်း ဖြစ်သည်။ ၎င်းမှာ ကျူးလုံ ဧကရာဇ်ထံ ခစားရန် ဖြစ်သည်။ ထိုရည်ရွယ်ချက်မှလွဲ၍ ဟွမ်နူတွင် အခြားမည်သည့် ဆန္ဒမှ မရှိပါ။ သူသည် မိန်းမများ၊ ငွေကြေးနှင့် အာဏာတို့တွင် စိတ်ဝင်စားမှု မရှိချေ။

ထို့အပြင် သူသည် အခြားသူများအတွက် ခစားရန်လည်း ရည်ရွယ်ချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့သောလူမျိုးမဆို၏ အောင်မြင်မှုက ကျူးလုံဧကရာဇ်နှင့် နှိုင်းယှဉ်၍ မရသောကြောင့်ပင်။

ဟွမ်နူပေါ်လာသည်ကိုမြင်သောအခါ ကျောင်းသားများ ပြန်လည်မွေးဖွားလာသည်ဟု ခံစားလိုက်ရပြီး သူတို့၏ မျက်နှာတွင် ပျော်ရွှင်ဟန်များ ပေါ်လာသည်။

သူတို့ သေစရာမလိုတော့ပါ။ ဟွမ်နူသည် သူတို့၏ အသက်ကယ် ကောက်ရိုးမျှင်သာ ဖြစ်လေသည်။ ထို့နောက် သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး ယဲ့ဖန်အား သူ သေတော့မည်ကို မြင်ယောင်နေသကဲ့သို့ အားရ ကျေနပ်စွာ ကြည့်နေသည်။

“ဟားဟားဟား ဖုန်းယဲ့ မင်း မောက်မာနေတာ မဟုတ်ဘူးလား၊ မောက်မာဦးလေ၊ မကြာခင် မင်း သေရတော့မယ်ကွ”

မဟာကျောင်းအုပ်ကလည်း စဉ်းလဲသော အပြုံးနှင့် ကြွေးကြော်လေသည်။

“အရူး ငါ မင်းကို အရင်ကတည်းက သတိပေးသားပဲ၊ သူတို့နဲ့ ရန်သူ မဖြစ်ပါနဲ့လို့၊ မင်းကမှ နားမထောင်တာ၊ အခု ဘယ်လိုလဲ၊ မင်းရဲ့အဆုံးသတ်က အရမ်း ဆိုးရွားတော့မှာ”

“မင်း သေပြီ”

ယွမ်ပမ်းရှီနှင့် အခြားသူများ မျက်နှာပျက်လာသည်။ ဟွမ်နူ မည်မျှ ကြောက်စရာကောင်းသလဲ သူတို့ ကောင်းကောင်းကြီး သိပါသည်။

ထိုသူသည် တစ်ယောက်တည်းနှင့် နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးနိုင်သော အလွန် ရက်စက်သည့်လူ ဖြစ်သည်။ သူ လောကထဲမှ နှစ်ပေါင်းများစွာကြာအောင် ပုန်းကွယ်နေခဲ့ပြီး ယခု ဤနေရာ၌ အံ့ဩစရာ ကောင်းလောက်အောင် ပြန်ပေါ်လာလေပြီ။

All Chapters