← Chapters

အခန်း ၁၄၆၅

Vol. 98 Ch. 1465

အခန်း ၁၄၆၅

Vol. 98 Ch. 1465

Chapter 1465 ဧကရာဇ် ကျူးလုံ

“သောက်ကျွန် အခု‌တောင် တော်တော် နောက်ကျနေပြီ၊ မင်းကို ဖျက်သိမ်းဖို့ ငါ့အမေကို ပြောလိုက်သင့်တာ”

ထိုအခိုက်တွင် ရင်ဖုန်းချူက မောက်မာစွာ ငေါက်ငမ်းလာပြီး ယခင်အတိုင်း ဖိနှိပ်ချုပ်ချယ်၍ ရက်စက်သော ဟန်ပန် ပြန်ဖြစ်လာသည်။

“ယီးပဲ”

သို့သော် ဟွမ်နူက ခေါင်းကိုငုံ့ထားပြီး တစ်ခွန်းမှ ပြန်မပြောချေ။

“ခွေးကျွန် မင်း အဲ့ကောင်ကို ဒုက္ခိတဖြစ်အောင် ရိုက်ချိုးလိုက်စမ်း၊ သူ့ကို မသတ်နဲ့၊ ငါ သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်မယ်”

ရင်ဖုန်းချူက ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။ သူ့မျက်နှာတွင် ရက်စက်ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန်ကို ဤသို့ သေခိုင်းလိုက်ခြင်းက အလွန် သက်သာသလို ဖြစ်နေမည် မဟုတ်ပါလော။

“ဟုတ်ကဲ့”

ဟွမ်နူက ပြန်ထလိုက်ပြီး ယဲ့ဖန်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အရှိန်အဝါက ရုတ်တရက် တစ်ဟုန်ထိုး ခက်ထန်လာ၏။

ကြောက်စရာကောင်းသော လေပြင်းက သူတို့မျက်နှာထံသို့ ရိုက်ခတ်လာပြီး အရိုးကွဲမတတ် အေးစိမ့်သော လေကို ခံစားလိုက်ရသဖြင့် အလွန်အမင်း ကြောက်လန့်တုန်ယင်လာကြသည်။

“ငါ့မိသားစုကို စော်ကားတဲ့လူတိုင်း သေရမယ်ကွ”

ဟွမ်နူက ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။ သတ်ဖြတ်ချင်သောစိတ်က တစ်ဟုန်ထိုး တိုးမြင့်လာသည်။

ထိုအခိုက်တွင် ယဲ့ဖန်သည် သတိလက်လွတ် ဖြစ်နေ၏။ ဟွမ်နူကို ဤနေရာ၌ ပြန်တွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။

*အဲ့ဒီ အံ့ဩစရာကောင်းတဲ့ လူငယ်လေးက အသက်ရှင်နေသေးတာပဲ*

ယဲ့ဖန်၏ အမူအရာကိုမြင်ပြီး လူတိုင်းက ကြောက်နေသည်ဟု ထင်သွားကြသည်။

*ဒီကောင် တော်တော် ကြောက်နေတာပဲ*

*ဟုတ်ပါတယ်လေ ဟွမ်နူလို ကြောက်စရာကောင်းတဲ့လူကို ရင်ဆိုင်နေရတာဆိုတော့ သူ ကြောက်နေတာ ဖြစ်သင့်ပါတယ်”

*အရူးကောင်*

*သေလိုက်တော့*

သူတို့အားလုံး အားရဝမ်းသာသော အမူအရာမျိုး ပြနေကြပြီး ယဲ့ဖန်၏ အံ့ဩနေသော အမူအရာက သူတို့အား ပို၍ သက်တောင့်သက်သာ ရှိသလို ခံစားရစေသည်။

အဘယ်ကြောင့်ဆိုသော် အစမှအဆုံးတိုင် ယဲ့ဖန်၏ အမူအရာက ဂရုမစိုက်ဟန်နှင့် အထင်သေးဟန်တို့ကိုသာ ပြခဲ့သည်။ သူက ဘာကိုမှ အာရုံမစိုက်ခဲ့သလိုပင်။ ယခု သူက ဤသို့သော အမူအရာမျိုး ပြသလာနေ၏။

*ဒီသဘောက သူလည်း ဟွမ်နူရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိနေတယ်လို့ ပြောချင်တာ ဟုတ်တယ်မလား*

သို့သော် ထို့နောက်တွင် ယဲ့ဖန် ပြုံးလာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုအပြုံးက အတော်လေး သတိရ၍ ပျော်ရွှင်နေသော အပြုံးဖြစ်ကာ မိတ်ဆွေဟောင်းကို ပြန်တွေ့လိုက်ရသလိုပင်။

*ဘာ*

ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အားလုံး ကြက်သီးထကာ ယဲ့ဖန်အား မယုံသလို ကြည့်လာကြပြီး သူ ရူးများသွားလေသလားဟု သိချင်လာလေသည်။ ထိုအပြုံးက အလွန် သိသာလှသည်။

*ဟွမ်နူကို မြင်ပြီးတာတောင် သူ ပြုံးနိုင်နေသေးတာလား*

*ပြီးတော့ အပြုံးက တော်တော် ပျော်နေတဲ့ အပြုံး ဖြစ်နေသလားလို့*

ယဲ့ဖန်က အရူးဖြစ်ကြောင်း သူတို့ သိထားခဲ့သော်လည်း ဤမျှ ရူးလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ယဲ့ဖန် အမှန်တကယ် ပျော်ရွှင်နေပါ၏။ အဘယ်ကြောင့်ဆိုသော် ဤငတုံးလေး အသက်ရှင်နေလိမ့်ဦးမည်ဟု ထင်မထား သောကြောင့်ပင်။

ငတုံးလေးဟူသော နာမည်ပြောင်ကို ယဲ့ဖန်က ပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ပေးခဲ့ခြင်းမှာ ဟွမ်နူက ဒေါသထွက် သောင်းကျန်းရုံမှလွဲ၍ ဘာမှမသိသောကြောင့်ပင်။ ထို့အတူ သူ့စကားကို နားထောင်သည်မှလွဲ၍ အခြား ဘာမှမလုပ်တတ်ချေ။

သို့ရာတွင် ထိုအပြုံးက ဟွမ်နူ၏ အမြင်တွင် ပေါ်ပေါ်ထင်ထင် ရန်စခြင်းဟု မြင်နေ၏။

“မင်းက ငါ့ကို အထင်သေးရဲတယ်လား”

ဟွမ်နူက ရုတ်တရက် အော်ငေါက်လာပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်ဖော်လာသည်။ လူတိုင်း အသည်းအသန် မျက်နှာပျက်သွားကြသည်။

*အော်သံကတောင် တော်တော် အားပြင်းနေတာ၊ ဟွမ်နူက တကယ် ကြောက်ဖို့ကောင်းတာပဲ*

ဟွမ်နူက ယဲ့ဖန်၏ အသွင်အပြင်ကို မေ့သွားမှန်း သိသာလှသည်။ တကယ်တမ်းလည်း မရေတွက်နိုင် လောက်အောင် နှစ်များ ကုန်ဆုံးသွားသဖြင့် မှတ်ဉာဏ်ထဲမှ ယဲ့ဖန်၏ မျက်နှာက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“မင်းကို အထင်သေးတာ မဟုတ်ပါဘူး၊ ငါက ဒီအတိုင်း မင်းကို တုံးတယ်လို့ တွေးနေတာ”

ယဲ့ဖန်က ရယ်၍ အေးအေးလူလူ မျက်နှာထားနှင့် ပြောလိုက်သည်။

ရုတ်တရက် ဟွမ်နူ ဒေါသူပုန် ထသွားပြီး ယဲ့ဖန်ထံသို့ ချက်ချင်း ပြေးသွားသည်။ သူ တစ်ချက် လှုပ်လိုက်သည်နှင့် အရပ်မျက်နှာအားလုံး တုန်ခါလာ၏။

ဒေါသတကြီး ထိုးနှက်လိုက်သော လက်သီးက လေဟာနယ်ကို စုတ်ဖြဲနိုင်ပြီး အတောမသတ်နိုင်သော တာအိုစွမ်းအင်များ ပါဝင်နေသည်။ ၎င်းလက်သီးက ယဲ့ဖန်၏ မျက်နှာထံသို့ ကျရောက်လာ၏။

သို့သော် ထိုအချိန်တွင် လူတစ်ယောက်က ပြေးဝင်လာပြီး ယဲ့ဖန်ရှေ့၌ ရပ်၍ ဟွမ်နူ၏ လက်သီးကို တားဆီး လေသည်။

ဟွမ်နူ၏ လက်သီးက ဖျတ်ခနဲ ရုပ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ထျဲမူထားလား”

ထျဲမူထား ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု ထင်မထားသည့်ပုံပင်။

“စစ်သူကြီး”

ထျဲမူထားသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ အကြောင်းမှာ သူ့အရှေ့မှလူက သူ၏ စစ်သူကြီး ဖြစ်နေသောကြောင့်ပင်။ ထျဲမူထားက သူ၏ လက်ထောက် ဖြစ်လေသည်။

အတိတ်အခါက သူတို့သည် အတူတူ တိုက်ခိုက်ခဲ့ကြပြီး သွေးကိုသောက်ကာ အသားကို စားခဲ့ကြသည်။ သူတို့၏ ရင်းနှီးမှုက ညီအစ်ကိုဟု သတ်မှတ်၍ ရပေသည်။

“မင်း ဘာလို့ ငါ့ကို တားတာလဲ”

ထျဲမူထားက အပြင်လူအား ကာကွယ်နေသည်ကိုမြင်ပြီး ဟွမ်နူ၏ မျက်နှာ မည်းမှောင်သွားပြီး ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။

“ခင်ဗျား သူ့ကို တားလို့မရဘူး”

ထျဲမူထားက အလျင်အမြန် စိတ်ကိုရှင်း၍ အလေးအနက်ထားသော လေသံဖြင့် ပြောလေသည်။

“ဪ … ဘာလို့လဲ”

ဟွမ်နူ၏ မျက်နှာထားက ပိုပိုဆိုးရွားလာပြီး လူသတ်ချင်စိတ်ကလည်း ပိုပိုပြင်းလာ၏။

“ဘာလို့လဲဆိုတော့ သူက ကျွန်တော့် အရှင်မင်းကြီးပဲ”

ထျဲမူထား အလျင်အမြန် ဖြေလိုက်သည်။ မထင်မှတ်ဘဲ ထိုစကားက ဟွမ်နူ၏ ဒေါသကို ဆွပေးသလို ဖြစ်သွား လေသည်။

“မင်း ဘာစကား ပြောလိုက်တာလဲ”

ဟွမ်နူက ရုတ်တရက် ထအော်လာပြီး ထျဲမူထားအား ဒေါသတကြီး ထိုးလိုက်သဖြင့် ထျဲထူများ မီတာတစ်ရာမျှ လွင့်ထွက်သွားပြီး ခန္ဓာကိုယ် တစ်ဝက်မျှ ဒဏ်ရာရသွားသည်။

“မင်း ဘယ်လိုတောင် သူ့ကို သစ္စာဖောက်ရဲတာလဲ၊ မင်းကများ”

ဟွမ်နူက ဒေါကန်နေသော သားရဲတစ်ကောင်သဖွယ် အထိန်းအကွပ်မဲ့စွာ သောင်းကျန်းလာသည်။ သူ့ကိုယ်တွင် လူသတ်ချင်စိတ်က ဝုန်းခနဲ ထွက်ပေါ်နေ၏။

*လတ်စသက်တော့ ထျဲမူထားက အဲ့လူကို သစ္စာဖောက်ပြီး တခြားသူဆီမှာ ခစားနေတာပဲ*

*ငါ ခွင့်မလွှတ်နိုင်ဘူး*

*ဒါ ခွင့်မလွှတ်နိုင်စရာကိစ္စပဲ*

“စစ်သူကြီး အဲ့လိုမဟုတ်ပါဘူး …”

ထျဲမူထား ထရပ်၍ ရှင်းပြရန် ကြိုးစားလေသည်။

“တော်လိုက်တော့ မင်းသစ္စာဖောက်၊ ငါတို့ ထာဝရ သစ္စာရှိပြီး ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုထားတာ၊ မင်း ကျမ်းသစ္စာကို ဖောက်ဖျက်တယ်၊ မင်းက ငါ့ညီအစ်ကို မဟုတ်တော့ဘူး”

ဟွမ်နူသည် ထျဲမူထားထံ တစ်လှမ်းချင်း လျှောက်သွားလေသည်။ သူ သစ္စာဖောက်ကို အရင် သတ်ချင်နေ၏။ ထိုလူကို သစ္စာဖောက်လျင် ဘာဖြစ်မလဲ သိအောင် ပြချင်နေသည်။ ထိုအခိုက်တွင် ယဲ့ဖန်က သူ့ကို တားပြီး ပြုံး၍ ကြည့်လာသည်။

“ဖယ်စမ်း မျိုးမစစ်ကောင် ငါ မင်းကို‌ နောက်မှသတ်မယ်”

ဟွမ်နူက ယဲ့ဖန်ကို ငေါက်လိုက်သည်။ သူ့စိတ်ထဲတွင် ယဲ့ဖန် သေတွင်းတူးနေသည်ဟု မြင်နေသည်။

*ဧကရာဇ် ကျူးလုံရဲ့ လက်အောက်ငယ်သားကို လက်ခံရဲတယ်တဲ့လား၊ နှစ်ယောက်လုံး ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တာ၊ သေသင့်တယ်*

ယဲ့ဖန်ကို သူ စော်ကား ပြောဆိုလိုက်သည့် စကားကို ကြားသော် ထျဲမူထားလည်း ဒေါသထွက်သွားသည်။

“ခင်ဗျား ရူးနေလား၊ ခင်ဗျား ရူးနေတာလား၊ အရှင်မင်းကြီးကို ခင်ဗျား မလေးမစား လုပ်ရဲတယ်ပေါ့၊ ခင်ဗျား သိလား သူက …”

သို့သော် ယဲ့ဖန်က လက်ကာပြ၍ သူ့အား ဆက်မပြောရဲ တားမြစ်လိုက်သည်။ ယခုအချိန်တွင် ဟွမ်နူက အသိစိတ် လွတ်နေလေပြီ။ သူ စိတ်မငြိမ်သေးသရွေ့ ဘာပြောပြော နားထောင်မည် မဟုတ်ပါ။

တစ်ခဏကြာသော် ယဲ့ဖန်က ရယ်၍ ပြောလိုက်သည်။

“မင်းကိုယ်တိုင် ငါ့ရှေ့မှာ လိုလိုလားလား ဒူးထောက်လာအောင် လုပ်ဖို့ သိပ်မကြာပါဘူး”

*ဘာ*

*ဟွမ်နူကို သူ့ရှေ့ ဒူးထောက်ခိုင်းမယ် ဟုတ်လား၊ ဒီကောင် သွေးကြီးလွန်းတာ မဟုတ်ဘူးလား၊ ဟုတ်တယ် မလား*

*အဲ့ဒါ ရင်မိသားစုရဲ့ စစ်သည်တော် ပြီးတော့ ဧကရာဇ် ကျူးလုံရဲ့ ပထမ စစ်သူကြီး ဟွမ်နူလေ၊ တစ်သက်လုံး သူက ကျူးလုံ ဧကရာဇ်နဲ့ သူ့မျိုးဆက်ကိုပဲ ဒူးထောက်တာ၊ ဖုန်းယဲ့က သူ့ကို ဒူးထောက်အောင် လုပ်မယ်တဲ့လား၊ ဟာသပဲ*

*ရူးနေပြီ*

*ဒီကောင် လုံးဝ ရူးနေပြီ*

ကျောင်းသားများအားလုံး ဤမြင်ကွင်းကြောင့် ရယ်မောကြပြီး ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ် ရောက်လာမည့် အချိန်အား စောင့်မျှော်နေကြသည်။

ထိုစကားက ဟွမ်နူကို စိတ်အနှောင့်အယှက် ဖြစ်သွားစေကာ ခေါင်းညိတ်၍ ရက်စက်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးမယ်”

ဟွမ်နူ၏ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာပြီး လက်သီးကိုဝင့်ကာ ထိုးနှက်လာသည်။ ကောင်းကင်ယံ၌ မိုးကြိုးမုန်တိုင်း တိုက်ခတ်လာပြီး လေပြင်းထန်လာ၏။ အဆုံးအစမဲ့သော ပြင်းထန်သည့် စွမ်းအင်က ယဲ့ဖန်ထံ ကျရောက်လာ၏။

လူတိုင်း တစ်ခဏမျှ ဖိအား ခံစားလိုက်ရကာ မိုးပြိုတော့မလို မွန်းကျပ်လာ၏။

“ကြောက်စရာကောင်းလွန်းတယ်”

လက်ရှိတွင် မဟာကျောင်းအုပ်တောင်မှ ကြက်သီးထလာသည်။ ဟွမ်နူ၏ စွမ်းအားက မိုးမြေကို ဆန့်ကျင်နိုင်သော စွမ်းအားပင်။ အလွန်အမင်း‌ ကြောက်စရာ ကောင်းလှသည်။

လူတိုင်း ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိပြီး ယဲ့ဖန် မည်သို့ တုံ့ပြန်မလဲ သိချင်နေပုံရသည်။ သို့သော် ယဲ့ဖန်က အသတ်ခံရတော့မည့် သိုးပေါက်သဖွယ် ငြိမ်၍ ရပ်နေသည်။

“ဒီလူ ထွက်မပြေးဘူးလား”

“အရူး သူ ဟွမ်နူကို တားနိုင်မယ်လို့ တကယ် ထင်နေတာလား”

“နတ်ဘုရင်အဆင့် ဖြစ်တော့ ဘာဖြစ်လဲ၊ နှစ်ပေါင်းများစွာ အသက်ရှင်နေတဲ့ ဟွမ်နူနဲ့ ရင်ဆိုင်ရရင် သေရမှာပဲ”

ဝမ်ကောဖူ၏ ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ခနဲ့လာကြသည်။ ယဲ့ဖန်က တည်ငြိမ်ချင်ယောင် ဆောင်နေသည်ကိုမြင်ပြီး အလွန်အမင်း ရွံရှာသလို ခံစားလိုက်ရသည်။ ယဲ့ဖန် သေကိုသေလိမ့်မည်ဟု မျှော်လင့်နေသည်။

“အရှင်မင်းကြီး”

“အရှင်”

ဤသည်ကိုမြင်သော် တစ္ဆေဖန့်ချီနှင့် ယွမ်ပမ်းရှီတို့အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြသည်။ ထိုစဉ် ယဲ့ဖန်ဘက်မှ လှုပ်ရှားလာ၏။

ခန္ဓာကိုယ်အား လျှပ်စီးသဖွယ် လျင်မြန်စွာ လှုပ်ရှား၍ အရှေ့သို့ ပြေးတက်ကာ မိုးကြိုးမုန်တိုင်းအတွင်း တိုးဝင်သွားသည်။ ဤသည်ကိုမြင်သော် လူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့ ပါးစပ် အဟောင်းသား ဖြစ်နေပုံက ယင်ပင် ဥဝင်ဥလို့ ရပေသည်။

ယဲ့ဖန် ဤမျှ ရူးသွပ်လိမ့်မည်ဟု သူတို့ မယုံနိုင်ချေ။ အခြားမည်သူမဆို ရှောင်တိမ်းမည် ဖြစ်သော်လည်း ယဲ့ဖန်က မုန်တိုင်းထဲ ပြေးဝင်သွားခဲ့သည်။

*ဒါက သေတွင်းတူးနေတာ*

*ဒီကောင် သေတွင်းတူးကို တူးနေတာပဲ*

ရင်ဖုန်းချူနှင့် ရှဲ့ယွီရန်တို့ မှင်တက်နေပြီး ယဲ့ဖန်၏ လုပ်ရပ်ကို နားမလည်နိုင်ကြချေ။

*ဒီကောင်က သူ သေရမယ်ဆိုတာကို သိလို့ သတ္တိရှိရှိ အသေခံချင်နေတာလား*

သို့သော် ဤသို့သော သေနည်းက ရဲရင့်ခြင်းမဟုတ်ဘဲ ရူးမိုက်သော လုပ်ရပ်ပင်။ အရူးတစ်ယောက်နှင့်ပင် တူလေ၏။

ဟွန်နူတောင်မှ ယဲ့ဖန်က အရူးသဖွယ် သူ၏ တိုက်ခိုက်မှုထဲ ပြေးဝင်လာလိမ့်မည်ဟု ထင်မှတ်မထားချေ။

“ဝုန်း ဝုန်း ဝုန်း”

ထိုအခိုက်တွင် မုန်တိုင်းထဲမှ အလွန် ကျယ်လောင်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်ကို ဟွန်နူ ကြားလိုက်ရသည်။ မိုးကြိုးနတ်ဘုရား ဒေါသထွက်ကာ တူဖြင့် လောကကို ဖျက်ဆီးနေသလိုပင်။

ထို့နောက်တွင်မူ မုန်တိုင်းအတွင်းတွင် ပုံမှန်မဟုတ်သော ရိုတ်ခတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး ဆက်တိုက် ပြိုလဲ ပျက်စီးကာ အပေါက်များ ဖြစ်ပေါ်လာ၏။

“မဖြစ်နိုင်ဘူး”

ဟွန်နူ ထအော်လာပြီး မျက်နှာတွင် ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းလာကာ မျက်စိရှေ့မှ မြင်ကွင်းကို လက်မခံနိုင် ဖြစ်လာသည်။

မိနစ်ဝက်မျှသာ ကြာလိုက်ပြီးနောက် မုန်တိုင်း ပျက်ပြယ်သွားလေသည်။ ဝမ်ကောဖူ တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဘာအသံမှ ထွက်မလာချေ။ ဘယ်သောအခါကမှ မုန်တိုင်းမဖြစ်ခဲ့သကဲ့သို့ ဘာဆိုဘာမှ မကျန်ရစ်ချေ။

ဟွမ်နူ သတိလက်လွတ် ဖြစ်နေပြီး လည်ပင်း တင်းကြပ်လာသည်ကို ခံစားလိုက်မိသည်။ ထို့နောက် ဘယ်အချိန်ကတည်းက လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်ထားမှန်းမသိ ညှစ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့ကို လည်ပင်းညှစ်၍ အပေါ်သို့ မြှောက်ထားခြင်းပင်။

ဟွမ်နူ ကြက်သီးထသွားပြီး ခေါင်းထဲ အာရုံထွေများလာပြီး ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ သူ ဤသို့ ရှုံးသွားသည်ကို မယုံနိုင်ချေ။ ထို့အပြင် အလွန် မြန်ဆန်လွယ်ကူစွာ ရှုံးနိမ့်ခဲ့ရသည်။

သူ့ကိုယ်သူ သန်မာသည်ဟု အမြဲ ဂုဏ်ယူခဲ့သည်။ သူသည် ကျူးလုံ ဧကရာဇ် လက်အောက်မှ နံပါတ်တစ် စစ်သူကြီး ဖြစ်သည်။ ထိုဘွဲ့အား သူ့အား အမြဲတမ်း ယုံကြည်မှု ရှိစေပြီး ဝမ်းသာစေသည်။

တကယ်တမ်းတွင်လည်း သူ့၌ ဂုဏ်ယူခွင့် ရှိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျူးလုံ ဧကရာဇ်ထံ သူ ခံစားချိန်မှစ၍ တစ်ခါမှ မရှုံးနိမ့်ဖူးချေ။

ကျူးလုံ ဧကရာဇ်သည် နောက်ကွယ်မှ အစီအစဉ်နှင့် ဗျူဟာများ ချမှတ်သည်။ သူသည် ရှေ့တန်းမှနေ၍ ရန်သူများကို သတ်ဖြတ်ခဲ့ပြီး အလွန် ရဲရင့်ခဲ့သည်။

ကျူးလုံ ဧကရာဇ်ထံ၌ ရှုံးနိမ့်ခဲ့သည်မှလွဲ၍ နှစ်ပေါင်းများစွာအတွင်း သူ တစ်ခါမှ မရှုံးဖူးပါ။ သို့ရာတွင် ယခုအခါ၌ သူ့အရှေ့မှ လူထံ၌ သူ ရှုံးနိမ့်သွားလေပြီ။ လက်ရှိတွင် သူ့မာနက ယဲ့ဖန်ကြောင့် ပျက်စီးသွားခဲ့တော့သည်။

All Chapters