← Chapters

အခန်း ၁၄၆၇

Vol. 98 Ch. 1467

အခန်း ၁၄၆၇

Vol. 98 Ch. 1467

Chapter 1467 နတ်ဆိုး ချွီကျားချန်

စကားလုံး မည်မျှ ပေါကြွယ်ဝပါသော်လည်း လက်ရှိတွင် ယွမ်ပမ်းရှီနှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြရန် မစွမ်းနိုင်ပါ။ ဤသည်က ဆင်းရဲသားတစ်ယောက် ထီပေါက်သည်ထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

သို့သော် ဝမ်ကောဖူဘက်တွင်မူ လူတိုင်း ချောက်ချားနေကြပြီး မျက်နှာ ပြာနှမ်းနေကြသည်။ တစ်ဖက်လူက ကျူးလုံ ဧကရာဇ် ဖြစ်နေသည်။ ရင်မိသားစု ရောက်လာလျင်တောင်မှ ဘာမှ မပြောင်းလဲနိုင်ပါ။ သူတို့ သေချာပေါက် သေရပေလိမ့်မည်။

“ဟားဟားဟား … အခု ဘယ်သူက အရူးလဲကွ၊ ဘယ်သူလဲ အရူးလဲ”

လင်းဝူယာက အလွန် ဂုဏ်ယူနေသော မျက်နှာနှင့် အားပါးတရ အော်ရယ်လေသည်။

*အရူး*

*ဘယ်လိုတောင် ရူးတာလဲ*

ထိုစကားမှာ ယခင်က လင်းဝူယာအား ငကြောက်တစ်ယောက်အတွက် ကာကွယ်ပေးခဲ့သဖြင့် ပြောသော စကား ဖြစ်လေသည်။

“အခု မြင်ပြီးလား၊ သူက ငကြောက် ဟုတ်ရဲ့လား”

လင်းဝူယာက ထိုလူအုပ်ကိုကြည့်ပြီး အလွန် ဂုဏ်ယူသလို ခံစားနေရသည်။ ရင်ဖုန်းချူနှင့် အခြားသူများ၏ မျက်နှာတွင် မချိပြုံးများ ပေါ်လာကြသည်။ အကယ်၍ ကျူးလုံ ဧကရာဇ်သာ ငကြောက်ဆိုလျင် ဤတစ်လောကလုံးမှ လူတိုင်း ငကြောက်များ ဖြစ်နေပေလိမ့်မည်။

မှားချေပြီ။ တကယ် မှားသွားခဲ့လေပြီ။ အမှားကြီး မှားသွားခဲ့သည်။ သို့သော် ကံမကောင်းစွာပင် ဤလောက၌ နောင်တတရားအတွက် ဆေးမရှိချေ။ ထို့ကြောင့် သူတို့အမှားအတွက် သူတို့အားလုံး ပေးဆပ်ရပေမည်။

“လင်းဝူယာ သူတို့အားလုံးကို သတ်ပစ်လိုက်”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က အမိန့်ပေးလိုက်ပြီးနောက် ခနဲ့၍ ထပ်ပြောလိုက်သည်။

“ခုခံရဲတဲ့ ဘယ်သူ့ကိုမဆို ဆွေစဉ်မျိုးဆက် ကိုးဆက်တိတိ သတ်ပစ်လိုက်”

ထိုအခိုက်တွင် ဧကရာဇ်၏ သွေးနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ အပြည့်အဝ ထွက်ပေါ်နေ၏။ လူတိုင်း ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာပေါ်မှ ခါးသီးမှုတို့က ပိုပို ပီပြင်လာသည်။

လက်ရှိတွင် သူတို့ လုံးဝ မခုခံရဲပေ။ သူတို့ သေရလိမ့်မည်ဖြစ်ကြောင်း သိပြီးသားပင်။ အကယ်၍ သူတို့ ခုခံလိုက်ပါက သူတို့၏ မိသားစုနှင့် မျိုးဆက်ကိုးဆက်ကိုပါ သေမိန့်ပေးခံရသည့်အထဲ ဆွဲထည့်သလို ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် သူတို့ မျှော်လင့်ချက် ပျက်ပြားကာ ရောက်လာမည့် သေခြင်းတရားကိုသာ စောင့်နေလိုက်ကြသည်။

“အရှင်မင်းကြီး ကျုပ်ကိုပဲ သတ်ပြီးတော့ ဒီတပည့်တွေနဲ့ ဝမ်ကောဖူကို ချမ်းသာပေးပါလား”

မဟာကျောင်းအုပ်က ယဲ့ဖန်ကို တောင်းပန်လေသည်။ ယခု သူ သေရတော့မည်ဖြစ်ကြောင်း သူ သိနေ၏။ သို့သော် နှစ်ပေါင်းများစွာ တည်ရှိခဲ့‌သော ဝမ်ကောဖူအား သူ့လက်ထဲ၌ မပျက်စီးစေလိုပါ။ သို့မဟုတ်ပါက ဘိုးဘေးများကို သူ မည်သို့ မျက်နှာပြရမည်နည်း။

ယဲ့ဖန်က သူ့အား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“မင်းကိုယ်မင်း ငါ့နဲ့ ညှိနှိုင်းဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”

“မင်း”

မဟာကျောင်းအုပ် လုံးဝ မှင်တက်သွားသည်။ ယဲ့ဖန်က ဤအပြစ်မဲ့သော ကျောင်းသားများကိုပင် အလွတ် မပေးသည်အထိ ရက်စက်လွန်းလိမ့်မည်ဟု ထင်မထားမိပါ။

“ငါ မင်းတို့အားလုံးကို ဖျက်ဆီးမယ်လို့ ပြောခဲ့ရင် မင်းတို့အားလုံးကို ဖျက်ကိုဖျက်ဆီးမှာပဲလေ”

ယဲ့ဖန်က အေးစက်စွာ ခနဲ့လိုက်သည်။ ဤလမ်းကို မဟာကျောင်းအုပ် ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်ပြီး အကျိုးဆက်ကလည်း သူ့ကြောင့် ဖြစ်ပွားလာခြင်း ဖြစ်ပေသည်။

“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့”

မဟာကျောင်းအုပ်က မျက်နှာတွင် မျက်ရည်များ စီးကျလျက် ယဲ့ဖန်ကို ဆက်တိုက် အနူးအညွတ် တောင်းပန်နေသည်။ သူ အသေခံနိုင်သော်လည်း ဝမ်ကောဖူ၏ အခြေခံအုတ်မြစ် ဆက်လက် တည်ရှိနေမှ ဖြစ်မည်။

အဘယ်ကြောင့်ဆိုသော် သူ့အတွက် ဝမ်ကောဖူသည် အိမ်ဖြစ်ပီး သူ့ကို ကြီးပြင်းစေခဲ့သော မိဘလည်း ဖြစ်ကာ သူ အသက်နှင့်ရင်း၍ စောင့်ရှောက်ချင်သော ကလေးသဖွယ်လည်း ဖြစ်နေသောကြောင့်ပင်။

သူ့ကို သတ်လိုက်သည်ထက် သူ့ကလေး သေသွားရသည်ကို ကြည့်နေခိုင်းခြင်းက သူ့အတွက် ပိုနာကျင်ရသည်။ ကျောင်းသားများအားလုံး ယဲ့ဖန်ထံသို့ အသနားခံသော အကြည့်များဖြင့် ကြည့်လာကြသည်။ ယဲ့ဖန် သူတို့အသက်ကို ချမ်းသာပေးမလားဟု မျှော်လင့်နေပုံ ရသည်။

သို့သော် ယဲ့ဖန်က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

“သတ်”

သူတော်စင်သခင်အဆင့် တစ်ယောက်ပြီး တစ်ယောက် ပြေးတက်လာကြသည်။ လက်ရှိတွင် သူတို့အားလုံး ထိန်းမရ ဖြစ်နေပြီး သူတို့အတွက် ဒေါသထွက်ပေါက် ရှာရန် အချိန်ကောင်း ဖြစ်လေသည်။

ပျားအုံထဲမှ ပျားများသဖွယ် စုပြုံပြေးလာပြီး အလင်းတန်းများ ဖြာကျကာ ထိုကျောင်းသားများအား သတ်ဖြတ် လေတော့သည်။ သူတို့၏ လက်သီးတစ်ချက်တည်းဖြင့် ကျောင်းသားများကို သတ်ဖြတ်နိုင်သည်။

“အား…”

နောင်တတရားတို့ဖြင့် ပြည့်နှက်နေသော အော်သံများ ထွက်ပေါ်လာလေသည်။ သူတော်စင်သခင်အဆင့်တိုင်းက ကျောင်းသားများကို သတ်ဖြတ်နေသဖြင့် ဒါဇင်ကျော်သော သေကျေပျက်စီးမှုများ ဖြစ်ပေါ်လာသည်။

“ရွှစ် ရွှစ်”

သွေးမြူခိုးများ ဆက်တိုက် ပျံ့လွင့်နေ၏။ ထိုကျောင်းသားများအားလုံး ဆိုးဆိုးရွားရွား သေဆုံးသွားကြပြီး လူဦးရေကလည်း သိသိသာသာ လျင်မြန်စွာ လျော့နည်သွားသည်။

တစ်သောင်း၊ ငါးထောင်၊ သုံးထောင်။ လျင်မြန်လှသည်။ အလွန်အမင်း လျင်မြန်လှသည်။ စက္ကန့်ပိုင်းအတွင်း ဝမ်ကောဖူ တစ်ခုလုံး၌ ကျောင်းသား တစ်ထောင်ပင် မကျန်တော့ချေ။

“နတ်ဆိုး မင်းက နတ်ဆိုးကွ”

မဟာကျောင်းအုပ်က အံကြိတ်ထားသဖြင့် သွားများပင် ကြေမွတော့မည်ဟု ထင်ရသည်။ သူ မုန်းတီးကာ ရင်နာနေ၏။

ဤကျောင်းသားများသည် သူတို့ နည်းလမ်းပေါင်းစုံဖြင့် ကျင့်ကြံနိုင်ရန် ပျိုးထောင်ပေးခဲ့သူများ ဖြစ်သော်လည်း ယခု ယဲ့ဖန်ထံ၌ ရိတ်သိမ်းခံနေရသည်။

ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။ စက္ကန့်ပိုင်းအတွင်း ကျောင်းသား တစ်ထောင်ကျော် သေဆုံးသွားပြီး တစ်ဝက်ကျော် ထိခိုက်ဒဏ်ရာ ရသွားကြသည်။ ကျန်ရှိနေသော ထောင်ချီ တပည့်များသည်လည်း အိပ်မွေ့ချခံထားရသကဲ့သို့ ဖြစ်နေကြသည်။ သူတို့ ကြောက်ရန်ပင် မေ့နေကြလေသည်။

သို့သော် ဤအရာအားလုံးက အစသာ ရှိပေသေးသည်။ ထိုသူတော်စင်သခင်အဆင့်များသည် အရပ်မျက်နှာအနှံ့မှ ဝိုင်းထားကြပြီး တစ်ဆင့်ချင်း ဖိနှိပ်ကာ တဖြည်းဖြည်း နီးကပ်လာသည်။

ထိုကျောင်းသားများ ထွက်ပြေးရဲသည့် သတ္တိမရှိပါ။ ဝမ်ကောဖူ တစ်ခုလုံး သွေးရောင်တို့ဖြင့် ချင်းချင်းနီကာ အလွန်အမင်း မျက်စိကျိန်းစရာ ကောင်းလှသည်။

ကိုယ်လက်အင်္ဂါ အပိုင်းအစများက နေရာအနှံ့ ပျံ့ကြဲနေ၏။ အလောင်းများ တောင်လိုပုံက သွေးများက ချောင်းသဖွယ် စီးဆင်းနေသည်။

ထိုသူတော်စင်သခင်အဆင့်များ၏ မျက်နှာပေါ်မှ ရက်စက်ခက်ထန်သော အပြုံးကိုကြည့်ပြီး သူတို့ ရင်တုန်ကာ ဆောက်တည်ရာမရ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် နောက်အလှည့်က သူတို့ဖြစ်ကြောင်း သိနေ သောကြောင့်ပင်။

“ငါ မသေချင်ဘူး၊ ငါ မသေချင်သေးဘူး”

“အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ၊ အရှင်မင်ကြီး အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ အားလုံး အပြစ်ကင်းပါတယ်”

ထိုကျောင်းသားများ ရင်ကွဲမတတ် အော်ငိုကာ ဆက်တိုက် ဦးညွှတ်တောင်းပန်ကာ ကြောက်လန့်နေသည်။

“အဘိုးကြီး ဒါတွေအားလုံးက ခင်ဗျား အမှားပဲ၊ ကျုပ်တို့ကို ထိခိုက်အောင် လုပ်ခဲ့တာ ခင်ဗျားပဲ”

ရုတ်တရက် ကျောင်းသားတစ်ယောက်က အလွန် ဒေါသထွက်သော မျက်နှာထားနှင့် မဟာကျောင်းအုပ်ထံ ပြေးဝင်သွားပြီး သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးလေသည်။ ဤသည်ကိုမြင်သော် မဟာကျောင်းအုပ်သည် ဆယ်နှစ်စာ ပိုအိုစာသွားသကဲ့သို့ ဖြစ်သွားပြီး ဘာမှမပြောချေ။

“ရွှစ်”

ဓားသွားက သူ့နှလုံးတည့်တည့်သို့ ထိုးစိုက်ကာ သွေးများ ပန်းထွက်လာ၏။

“ဟုတ်တယ်၊ ဒါတွေအားလုံးက သူ့ကြောင့်ပဲ၊ သူ သေရမယ်ဆိုရင်တောင်မှ ငါတို့ထက် အရင်သေရမယ်ကွ”

အခြားကျောင်းသားများကလည်း ကြွေးကြော်၍ မဟာကျောင်းအုပ်ထံ ပြေးဝင်လာသည်။

မဟာကျောင်းအုပ်သည် ယခုထိ ဘာမှမခုခံဘဲ ကံတရားကို လက်ခံလိုက်သကဲ့သို့ တိတ်ဆိတ်စွာ မျက်လုံးမှိတ်၍ သက်ပြင်းချလိုက်သည်။

“ငါ့အမှားတွေပါ”

“ဧကရာဇ် ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော်က ခင်ဗျားရဲ့ မျိုးဆက်ပါ”

ရင်ဖုန်းချူက ယဲ့ဖန်ကို တောင်းပန်လေသည်။ ယဲ့ဖန်က သူ၏ ဘိုးဘေး တကယ် ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

ယဲ့ဖန်က သူ့ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ငါ့မှာ မျိုးဆက်တွေ များလွန်းလို့ မင်းက ဘယ်ထဲကလဲ”

ရင်ဖုန်းချူ ချက်ချင်း အံ့အားသင့်သွားသည်။ တစ်ဖက်လူက သူ့ကို လုံးဝ အရေးမစိုက်ပါတကား။ ယဲ့ဖန်၏ မျက်လုံးထဲတွင် သူက အရေးမပါသော အမှိုက်တစသာ ဖြစ်လေသည်။

“သူ့ကို သွားသတ်လိုက်”

ယဲ့ဖန်က ဟွမ်နူကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ဟွမ်နူက ခေါင်းညိတ်၍ ရင်ဖုန်းချူထံ လျှောက်သွားသည်။

“ခွေးကျွန် မင်း ဘာလုပ်ချင်တာလဲ၊ ငါ မင်းကို သတိပေးနေတယ်၊ ငါက မင်းသခင်၊ မင်း ငါ့ကို သတ်လိုက်ရင် မင်း ဇာတ်သိမ်းပြီ”

ရင်ဖုန်းချူက ဟွမ်နူကို အော်ငေါက်လိုက်သည်။

“ငါ့သခင်က မဟာဧကရာဇ် ကျူးလုံ တစ်ယောက်ပဲ ရှိတယ်”

ဟွမ်နူ၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင်များ ပြည့်နှက်နေပြီးနောက် ရင်ဖုန်းချူ၏ ဦးခေါင်းကို အားဖြင့် နင်းချေလိုက်သည်။

“ဂျွတ်”

သွေးများ ပန်းထွက်လာပြီးနောက် ရင်ဖုန်းချူ ချက်ချင်း သေဆုံးသွားသည်။ နောက်တစ်နေ့တွင် ဝမ်ကောဖူ၏ ပိုင်ရှင် ပြောင်းလဲသွားသောသတင်းက အင်ပါယာနှင့် တစ်လောကလုံးသို့ ပျံ့နှံ့သွားလေသည်။

သိမ်းပိုက်လိုက်သူက လူတိုင်းနှင့် မစိမ်းသည့် ယဲ့ဘုရင် ဖြစ်နေ၏။ ယဲ့ဖန်၏ အင်အားစုက ဝမ်ကောဖူတွင်းသို့ အများအပြား ဝင်ရောက်လာသည်။ ထိပ်တန်း တပည့်များသာ ဖတ်ရှုခွင့်ရသည့် ရှေးဟောင်း သိုင်းကျမ်းများကို ယခု ယဲ့ဖန်၏ လက်အောက်ငယ်သားများအားလုံး လေ့ကျင့်နေကြသည်။

ဤသတင်းက လောကကို ထိတ်လန့်သွားစေသည်။ ဝမ်ကောဖူမှ တပည့်များစွာ လွန် ဒေါသထွက်သွားပီး ယဲ့ဖန်ကို လက်စားချေရန် ကျိန်ဆိုလာသည်။

ထို့နောက် တစ်လောကလုံးကို တုန်လှုပ်စေသည့် နောက်ထပ် သတင်းတစ်ခုလည်း ထွက်လာ၏။ ၎င်းမှာ ရင်မိသားစု၏ သခင်လေး ရှုံးနိမ့်၍ သေဆုံးသွားသော သတင်းပင်။ သူ့ကို သတ်လိုက်သည့်သူက ရင်မိသားစု၏ သစ္စာအရှိဆုံး အစေခံ ဖြစ်နေသည်။

ဟွမ်နူသည် ရင်မိသားစုကို သစ္စာဖောက်ကာ ယဲ့ဘုရင်ထံ သစ္စာခံကာ အစေခံအဖြစ် အလုပ်အကျွေး ပြုသွားသည်။ ဤသည်က လောကကို အံ့ဩသွားစေသည်။

*အဲ့ယဲ့ဘုရင်က နတ်ဘုရင်အဆင့် ဖြစ်နေတာများလား*

*မဟုတ်ရင် ဟွမ်နူလိုလူက ဘယ်လိုလုပ် လိုလိုလားလားနဲ့ ကျေးကျွန်အဖြစ် နေမှာလဲ*

အချိန်အတော်ကြာအောင် အင်ပါယာတစ်ခုလုံး လေးလံထိုင်းမှိုင်းလာပြီး လူတိုင်း ကြောက်ရွံ့လာကြသည်။ ယဲ့ဘုရင် ဟူသော နာမည်က နိုင်ငံအပြင် တစ်လောကလုံးသို့ ပျံ့နှံ့သွားသည်။

ထိုသို့သောအချိန်၌ လင်းလန်သည် အစည်းအဝေးခန်း၌ ရှယ်ယာရှင် အစည်းအဝေး လုပ်နေသည်။ သို့သော် အခြေအနေက ထူးဆန်းကာ ဘာကြောင့်မှန်းမသိဘဲ စိတ်လေးနေ၏။

ခန်းမထဲမှ ရှယ်ယာရှင်များအားလုံး သပ်ရပ်သော ရုံးအဝတ်အစားကို ဝတ်ဆင်ထားသည်။ သို့သော် လူတစ်ယောက်က သာမန်အတိုင်း မဝတ်ထားဘဲ ကမ်းခြေသွားသော ဘောင်းဘီနှင့် ပွင့်ရိုက် တီရှပ်ကို ဝတ်ဆင်ထားကာ ထီမထင်သော အပြုံးကို ပြုံးနေသည်။

တစ်ခါရယ်လိုက်သည်နှင့် မလေးမခန့်အသံ ထွက်လာကာ ဉာဏ်များနေပုံ ပေါ်သည်။ ထိုအချိန်တွင် သူ့ဘေးမှ အိုးသဖွယ် ပူနေသော ဗိုက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ခေါင်းတဆတ်ဆိတ် ညိတ်ကာ လက်ဘက်ရည်နှင့် ရေကို ဆက်သနေပြီး ဝတ်စားပုံကလည်း ခွေးနှင့်တူနေလေသည်။

ထိုစဉ် လင်းလန် သည်းမခံနိုင်တော့ဘဲ လူလတ်ပိုင်းအရွယ် အမျိုးသားကို အော်ငေါက်လေသည်။

“စွန်းရုံခိုင် ရှင် ဒါ ဘာသဘောလဲ၊ ဘာလို့ အပြင်လူကို ကျွန်မတို့ရဲ့ ကုမ္ပဏီရဲ့ ပြည်တွင်း ရှယ်ယာရှင်များ အစည်းအဝေးဆီ ခေါ်လာရတာလဲ”

ယခင်ကဆိုလျင် လင်းလန်၏ အော်ငေါက်သံကို ကြားသည်နှင့် စွန်းရုံခိုင် ကြောက်လန့်ကာ တုန်ယင်တတ်သည်။ သို့သော် ယနေ့ မတူချေ။ သူ့၌ နောက်ခံရှိနေသည့်ပုံပင်။

ချက်ချင်းဆိုသလိုပင် စွန်းရုံခိုင်က‌ အေးစက်စွာ ခနဲ့၍ ပြန်ပြောလိုက်သည်။

“ဥက္ကဋ္ဌလင်း ခင်ဗျား ဘာလို့ ဒီလောက် ခေါင်းမာနေတာလဲ၊ သခင်လေးချွီက ခင်ဗျားကို သဘောကျနေမှန်း သိတာတောင် ဘာလို့ ငြင်းပယ်နေရတာလဲ”

“ခင်ဗျား သိပါတယ်၊ ချွီမိသားစုက နာမည်ကျော် မိသားစုကြီးကို၊ ကျုံးကျိုး အင်ပါယာတစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး၊ သူ ခင်ဗျားကို သဘောကျနေတာကို ကံကောင်းခြင်းလို့တောင် မှတ်ယူရမှာ၊ ခင်ဗျား ဘာလို့ မလိုချင်ရတာလဲ”

“ပြောတာကောင်းတယ်၊ ရော့ မင်းကို ပန်းသီး ဆုချမယ်”

ချူကျားချန်က ချက်ချင်း စားလက်စ ပန်းသီးကို စွန်းရုံခိုင်အား ပေးလိုက်သည်။ ထိုအခါ စွန်းရုံခိုင်က ရွံရှာပုံ မပြဘဲ မျက်နှာလိုအားရ ကြည့်သည်။ ပန်းသီးကို ယူပြီးနောက် သူ ကြိမ်ဖန်များစွာ ကိုက်လိုက်ပြီး အပြုံးကြီး ပြုံးကာ ပြန်ပြောလေသည်။

“ကျေးဇူးတင်ပါတယ် သခင်လေး၊ ကျေးဇူးတင်ပါတယ်”

ချူကျားချန်က မတ်မတ်ထိုင်လိုက်ပြီး လင်းလန်အား မီးတောက်နေသော အကြည့်ဖြင့် ကြည့်လာသည်။

“ဥက္ကဋ္ဌလင်း မင်း ခေါင်းမာမနေစမ်းပါနဲ့၊ ချူကျားချန်ဆိုတဲ့ ငါ့အတွက် ငါ သဘောကျတဲ့ မိန်းကလေးတိုင်းက ငါ့လက်ကနေ ဘယ်တော့မှ မလွတ်ဖူးဘူး၊ မင်းလည်း ခြွင်းချက် မဟုတ်ပါဘူး”

ညစာစားပွဲတစ်ခု၌ လင်းလန်ကို တွေ့ပြီးနောက် ချူကျားချန်သည် သူမ၏ အလှကို စွဲလမ်းကာ သူမအလှ၏ အကျဉ်းသား ဖြစ်သွားလေသည်။ ထိုအချိန်အခါမှစ၍ ချူကျားချန်က လင်းလန်ကို အမိဖမ်းမည်ဟု စိတ်ပိုင်းဖြတ် လိုက်သည်။

သို့သော် လင်းလန်က အကြိမ်ကြိမ် ငြင်းဆန်နေသဖြင့် သူ့စိတ်ရှည်မှုက တဖြည်းဖြည်း ကျဆင်းလာသည်။ ထို့ကြောင့် သူကိုယ်တိုင် ရောက်လာရခြင်း ဖြစ်လေသည်။

*ဘာ ချူကျားချန် ဟုတ်လား*

ထိုနာမည် သုံးလုံးကို ကြားသော် လူတိုင်း ချက်ချင်း မှင်တက်သွားကြသည်။ ထို့နောက် လူတိုင်း ကြက်သီး တဖြန်းဖြန်း ထကာ တုန်လှုပ်သွားလေသည်။

*အဲ့ဒီ ချူကျားချန်လား*

ထိုလူသည် အလွန် ရက်စက်သော အမျိုးသား ဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်ရေးရာ နှစ်ခုလုံးတွင် ပါဝင် ပတ်သတ်နေသူ ဖြစ်သည်။ သူသည် အသက် ဆယ့်နှစ်နှစ်ကတည်းက စီးပွားရေးတွင် အကျိုးအမြတ်ရအောင် ရှာဖွေနိုင်ခဲ့သူ ဖြစ်သည်။ သူသည် စီးပွားရေးလောက၌ တစ္ဆေဟု ကျော်ကြားသည်။ သူသည် ညတွင်းချင်း စတော့မားကတ်၌ နှစ်ဘီလီယံရအောင် ရှာနိုင်ခဲ့သည်။

အသက် ဆယ့်ငါးနှစ်တွင် သူ သိုင်းပညာရှင် ဖြစ်လာပြီး နိုင်ငံတွင်းမှ နာမည်ကျော် လက်ဝှေ့သမားများစွာကို အနိုင်ယူခဲ့လေသည်။

All Chapters