← Chapters

အခန်း ၁၄၆၈

Vol. 98 Ch. 1468

အခန်း ၁၄၆၈

Vol. 98 Ch. 1468

Chapter 1468 အားလုံးက အလိမ်တွေ

ထို့နောက်တွင်မူ သူသည် ပြည်ပသို့ ခရီးထွက်သွားခဲ့ပြီး လောကအနှံ့မှ သူရဲကောင်းများစွာကို စိန်ခေါ်ခဲ့သည်။ သို့သော် တစ်ပွဲမှ မရှုံးဖူးချေ။ အချိန် အတော်ကြာသော် တစ်နိုင်ငံလုံး၌ ဩဇာညောင်းသော လူတစ်ယောက် ဖြစ်လာခဲ့သည်။

ယခု သူသည် အသက် သုံးဆယ်မျှသာ ရှိသေးသည်။ သူသည် သူတော်စင်သခင်အဆင့်သို့ ရောက်နေပြီဟု ပြောစမှတ် ပြုနေကြသည်။ ယခု သူသည် လောကကို ကျွမ်းထိုးမှောက်ခုံလုပ်၍ ကစားနိုင်နေလေပြီ။

မထင်မှတ်ဘဲ သူသည် ကျုံးကျိုး အင်ပါယာ၌ ပေါ်လာလေသည်။ ချွီကျားချန် အနောက်မှ မိသားစုသည် အလွန် တစ်မူထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် သူ့နောက်ကွယ်မှ ထောက်ပံ့နေသော မိသားစုသည် ယနေ့ စည်းစိမ်ချမ်းသာ ကြွယ်ဝသော မိသားစု ဖြစ်လေသည်။

ချွီမိသားစုသည် ရင်မိသားစု၏ နံပါတ်တစ် အစေခံဟု ပြောကြပြီး သူတို့ ရှင်သန်ရန် ရင်မိသားစုအပေါ် နှစ်ပေါင်းများစွာ မှီခိုနေရသည်။

ချွီကျားချန်က လင်းလန်ကို ချစ်နေသည်တဲ့လား။ လက်ရှိတွင် လူတိုင်း စိုးရိမ်နေကြသည်။ လင်းလန် သဘောမတူလျင် ကုမ္ပဏီ ပျက်စီးရပေလိမ့်မည်။

ချွီမိသားစုကဲ့သို့သော မိသားစုရှေ့တွင် သူတို့သည် ပုရွက်ဆိတ်များသကဲ့သို့ သေးနုပ်လှပြီး စကားထဲပင် ထည့်ပြောရန် မထိုက်တန်ဟု ဆိုရပေမည်။

“ရှင် ရှင့်ပါးစပ်ကို ပိတ်ထား၊ ကျွန်မ ရှင့်ကို မကြိုက်ဘူးလို့ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ ကျွန်မကို အနှောင့်အယှက် မပေးပါနဲ့”

လင်းလန်က အေးစက်စွာ ငေါက်ငမ်းလိုက်ကာ ချွီကျားချန်အား အလွန် ရွံရှာလာသည်။ သူမ အမုန်းဆုံးအရာမှာ ခွေးသားရေကဲ့သို့ ရွံစရာကောင်းသော ယောက်ျားသားများပင်။

ထိုစကားကိုကြားသော် ချွီကျားချန်၏ မျက်နှာက ရုတ်တရက် သုန်မှုန်လာပြီး စဉ်းလဲသော အပြုံးမျိုး ပြုံးလာ၏။

“မင်း ငါ့ကို ထပ်ငြင်းချင်တာ သေချာပြီလား၊ ငါ့ကို ဒီလောက် လူတွေအများကြီးရှေ့မှာ ဆွဲချချင်နေတာလား”

ထိုအခိုက်တွင် ခန်းမတစ်ခုလုံး၌ အရိုးကွဲမတတ် အေးစက်သော လေ တိုက်ခတ်လာပုံရသည်။ ချွီကျားချန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ဖိအားတစ်ခု ထွက်ပေါ်လာသည်။

လင်းလန်၏ မျက်နှာ ဖြူရော်လာသည်။ သူမ သွေးပျက်လာ၏။ ရှယ်ယာရှင်များအားလုံး ရင်ဘတ်ကို ကျောက်တုံး လာဖိသကဲ့သို့ ခံစားလိုက်ရကာ အသက်ပင် မရှူနိုင်တော့ချေ။

ချက်ချင်းဆိုသလိုပင် စွန်းရုံခိုင်၏ မျက်နှာက မာထန်လာပြီး ငေါက်ငမ်းလေသည်။

“လင်းလန် မျက်နှာပျက်ရအောင် မလုပ်နဲ့၊ သခင်လေးချွီရဲ့ နောက်ခံက ဘာမို့လို့လဲ၊ မင်းက သူ့ကို ဒီလို ဆက်ဆံရဲတယ်လား”

“သူ မင်းကို သဘောကျနေတာ ရှားတယ်နော်၊ သူ့လိုလူက မင်းအနားမှာ ရှိနေတာ၊ မင်း ဘိုးဘေးတွေကိုတောင် ပူဇော်သင့်တယ်၊ ဒါပေမဲ့ မင်းက သူ့ကို အထင်သေးနေသေးတယ်ပေါ့၊ မင်း အသက်ရှင်ရတာ ပျင်းနေပြီလား”

ချွီကျားချန်ကလည်း စိတ်ကုန်ကာ ဒဲ့ပြောလိုက်သည်။

“လင်းလန် ငါ မကြာခင် ကျုံးကျိုး အင်ပါယာကနေ ထွက်သွားတော့မှာ၊ ငါ မင်းကို အခု နောက်ဆုံး အခွင့်အရေး ပေးမယ်၊ ငါ့ခြေတော်ရင်းမှာ ခစားပြီး တစ်သက်စားမကုန်တဲ့ စည်းစိမ်နဲ့ နေမလား၊ ဒါမှမဟုတ် အသေခံမလား”

ခြိမ်းခြောက်ခြင်း၊ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခြင်းပင်။

မည်သူမှ သူ့ကို မငြင်းရဲပါ၊ သူသည် မွေးကတည်းက မောက်မာပြီး လူတိုင်းက သူ့ကို မြင်သည်နှင့် ဦးညွှတ်ရသည်။ အစပိုင်းတွင် လင်းလန်က သူ့ကို မနှစ်သက်ပေ။ ယင်းကပင် သူ့အား အလွန်အမင်း စိတ်ဝင်စားစေခဲ့သည်။

သို့သော် အချိန်အတော်ကြာလာသောအခါ သူ စိတ်မရှည်တော့ပေ။ အနုနည်းနှင့် မရမှတော့ သူ အကြမ်းနည်း သုံးရပေမည်။

သူ ဤသို့လာပြီး လင်းလန်ကို ဖိအားပေးလျင် သူမ ဘာလုပ်နိုင်မည်နည်း။ ပိုင်ကျန့်ချင်းတောင်မှ သူ့ကို မြင်လျင် ယဉ်ကျေးရသည်။ ကျုံးကျိုး အင်ပါယာတစ်ခုလုံးက သူ၏ ကစားစရာမြေပင်။

ကျုံးကျိုး အင်ပါယာတွင်း၌ သူ သွားလာနေစဉ်အတွင်း မိန်းမလှလေး ဆယ်ယောက်ထက်မကအား စော်ကား ဖျက်ဆီးခဲ့ပြီး ကစား၍ ဝသည်နှင့် သတ်ဖြတ်ခဲ့သည်။

ထိုမိန်းကလေးများထဲမှ နှစ်ယောက်အား သူတို့၏ ခင်ပွန်းသည်နှင့် ကလေးငယ်များရှေ့၌ စော်ကားခဲ့ပြီး ငိုသံများနှင့် သူတို့ မိသားစုဝင်များ၏ ဆဲဆိုသံကို နားထောင်ပြီး သူ၏ တိရစ္ဆာန်သဖွယ် စိတ်ဆန္ဒအား ဖြေဖျောက်ခဲ့သည်။ ထို့နောက် သူတို့ တစ်မိသားစုလုံးအား ငရဲပြည်သို့ ပို့ပစ်ခဲ့လေသည်။

ထိုခံစားချက်က သူ့အတွက် ကောင်းမွန်လှသည်။ သူ့ကို ငြင်းပယ်သော အမျိုးသမီးသည် အဆုံးသတ် မကောင်းနိုင်မှန်း သိသာပေသည်။

သို့သော် လင်းလန်က ခြွင်းချက်ပင်။ အဘယ်ကြောင့်ဆိုသော် သူမက အလွန်လှပသော အမျိုးသမီး ဖြစ်သောကြောင့်ပင်။ သူမ၏ အသွင်အပြင်သာမက ကိုယ်ရည်ကိုယ်သွေးကလည်း ကောင်းမွန်လှသည်။

နှစ်ထောင်ချီလျင်တောင် အရည်မပျော်သော ရေခဲဆောင်ကဲ့သို့သော သူမအား သူ အပိုင်မသိမ်းဘဲ မနေနိုင်ချေ။ ချွီကျားချန်သည် အမျိုးသားများနှင့် အမျိုးသမီးများအား သိမ်းပိုက်ရသည်ကို နှစ်ခြိုက်သည်။

“စိတ်ကူးယဉ်မနေနဲ့၊ ကျွန်မ သေမယ်ဆိုရင်တောင်မှ ကျွန်မ ရှင့်ဆီကို အညံ့မခံဘူး”

လင်းလန်က အံကြိတ်နေသည်။ သူမသည် အလွန် မာနကြီးသူ ဖြစ်သည်။ သူမ မုန်းတီးသော ယောက်ျား တစ်ယောက်အား ပြုစုရမည်တဲ့လား၊ သူမ ထိုသို့ မလုပ်နိုင်ပါ။

“ဆိုတော့ မင်းက ဒီကုမ္ပဏီကို ထပ်မလိုချင်တော့ဘူးပေါ့ ဟုတ်လား”

ချွီကျားချန်က ဒေါသနှင့် ရယ်မောနေပြီး သူ့မျက်နှာတွင် ရက်စက်ခက်ထန်မှုတို့နှင့် ပြည့်နှက်လာ၏။ ဤကုမ္ပဏီက လင်းလန်အမေ ချန်ထားခဲ့သော အမွေအနှစ်ဖြစ်သဖြင့် သူမအတွက် အလွန် အရေးပါသော အရာဖြစ်ကြောင်း သူ ကောင်းကောင်း သိပါသည်။

ထိုစကားကိုကြားသော် လင်းလန်သည် အစပိုင်း၌ အံ့ဩသွားပြီးမှ အေးစက်စက် မျက်နှာနှင့်‌ ပြောလိုက်သည်။

“မလိုတော့ဘူး”

ကုမ္ပဏီက မရှိတော့လျင် ထပ်မံ၍ ဖန်တီး၍ ရနိုင်သည်။ သို့သော် ကိုယ့်ကျင့်တရား ပျက်စီးသွားလျင် လူက လုံးဝ ပျက်စီးသွားပေလိမ့်မည်။

“ဥက္ကဋ္ဌ မဆင်မခြင် မလုပ်ပါနဲ့၊ စားဝတ်နေရေးအတွက် ခင်ဗျားကို မှီခိုနေတဲ့ ကုမ္ပဏီဝန်ထမ်းပေါင်း နှစ်ထောင်ကျော် ရှိပါတယ်၊ ခင်ဗျား တစ်ကိုယ်ကောင်း ဆန်လို့ မဖြစ်ဘူး”

“ဟုတ်တယ် ဟုတ်တယ်၊ ခင်ဗျား လျစ်လျူရှုထားလိုက်ရင် ကုမ္ပဏီနဲ့ ခင်ဗျား ဝန်ထမ်းတွေ ဘာဖြစ်သွားမလဲ၊ ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒကြောင့် ကုမ္ပဏီတစ်ခုလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးလို့ မရဘူးလေ”

“ဥက္ကဋ္ဌ သေချာစဉ်းစားပါဦး၊ သခင်လေးချွီက သိပ်တော်တဲ့လူ၊ မိသားစုနောက်ခံပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အရည်အချင်းပဲ ဖြစ်ဖြစ် သိပ်ကောင်းတာ၊ သူက လိုက်ဖက်ညီတယ်လို့ ကျုပ် ထင်တယ်”

“ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌအနေနဲ့ အရေးကြီးတဲ့ အချိန်တွေမှာ လိုအပ်တဲ့ စတေးမှုတွေတော့ လုပ်ရမှာပဲလေ၊ ပြီးတော့ သခင်လေးချွီလို အရည်အချင်းရှိတဲ့လူက လက်မထပ်ရသေးတဲ့ လူလွတ်တစ်ယောက်၊ ဘာလို့ ခေါင်းမာနေတာလဲ”

ရှယ်ယာပိုင်ရှင်များက စိုးရိမ်တကြီး ပြောလာကြသည်။ ဤကုမ္ပဏီသည် ယခု အတောင်ပံစုံနေပြီ ဖြစ်ပြီး ပိုက်ဆံရှာရန် အချိန်ကောင်းပင်။ ယခုအချိန်တွင်သာ ချွီမိသားစုထံ၌ ဖျက်ဆီးခံလိုက်ရလျင် သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။

အရေးအကြီးဆုံး အရာမှာ ချွီကျားချန်ကို အာခံ၍ မဖြစ်ချေ။ ချွီမိသားစု၏ လွှမ်းမိုးမှုက ကြီးမားလွန်းသည်။ သူတို့ ချွီကျားချန်ကို အာခံမိမှန်း အပြင်လောကကလူများ သိသွားပါက မည်သူမှ သူတို့နှင့် ထပ်၍ စီးပွားလုပ်ရေး လုပ်ချင်မည် မဟုတ်ပါ။

“ရှင်တို့ …”

လင်းလန်က ရှယ်ယာရှင်များကို မယုံနိုင်သလို ကြည့်၍ ခေါင်းမာလေသည်။

“အမေ့ကြောင့်သာ မဟုတ်ရင် ရှင်တို့အားလုံး ရှယ်ယာရှင်အဖြစ် ထိုင်နိုင်မှာတောင် မဟုတ်ဘူး၊ အခု ရှင်တို့က စည်းကျော်ပြီး ကျွန်မကို ခန္ဓာကိုယ် ရောင်းစားဖို့ ဖိအားပေးနေတာလား”

ဤရှယ်ယာရှင်များအားလုံးသည် လယ်သမားများ ဖြစ်ကြသည်။ တစ်ချိန်က လင်းလန်၏ မိခင်သည် သူတို့အားလုံးကို ကူညီ၍ ကံကောင်းအောင် ပြုလုပ်ပေးပြီး လယ်သမားဘဝမှ ယနေ့ ဘီလီယံနာများဘဝသို့ ရောက်စေခဲ့သည်။ ဤသို့သော ကြင်နာမှုမျိုးကို ပြန်လည် တည်ဆောက်ခြင်းဟု ဆိုရပေမည်။

လင်းလန်၏ မိခင် သေသွားပြီးနောက် လင်းလန်က သူတို့ကို ဆိုးဆိုးရွားရွား မဆက်ခံခဲ့သည့်အပြင် အစုအမြတ်အား သူတို့ထံ နှစ်တိုင်း လွှဲပေးသည်။

သို့သော် ယခု သူတို့က ဘဝသေမည်စိုး၍ သူမကို မီးပုံထဲ တွန်းချနေသည်တဲ့လား။

ထိုစဉ် စွန်းရုံခိုင်က လှောင်ရယ်၍ ပြောလာ၏။

“အားလုံးက ဆွေးမြည့်နေတဲ့ ဇာတ်လမ်းဟောင်း တစ်ပုဒ်ပဲလေ၊ မင်း ဘာတွေပြောနေတာလဲ၊ မင်း အရှေ့ကိုပဲ ကြည့်သင့်တာ မဟုတ်လား”

“စွန်းရုံခိုင် ရှင် ဒီစကား ပြောရဲတယ်ပေါ့၊ ရှင် လူမှ ဟုတ်သေးရဲ့လား”

လင်းလန် စွန်းရုံခိုင်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ အကျိုးအမြတ် အရဆုံးသူမှာ စွန်းရုံခိုင်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် စွန်းရုံခိုင်က သူမဦးလေး ဖြစ်သောကြောင့်ပင်။ အဆုံးသတ်တွင် သူမနှင့် အရင်းနှီးဆုံးလူက သူမ အမုန်းဆုံးထံ သူမကို ရောင်းစားလာသည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ ဘာပဲဖြစ်ဖြစ် မင်း သေချင်ရင် တစ်ယောက်တည်းသေ၊ ငါတို့အားလုံးကို ဆွဲချဖို့ မလိုဘူး၊ မင်း သခင်လေးချွီဆီမှာ အသုံးတော်မခံချင်ရင် မင်းလက်ထဲက ရှယ်ယာအားလုံးကို လူတိုင်းကို မျှပေးလိုက်”

စွန်းရုံခိုင်က စိတ်မရှည်စွာ ပြောလိုက်ပြီး သူ့စကားတွင် လောဘရိပ် သန်းနေသော အရိပ်အမြွက် ပေါ်နေ၏။

“ဒီနည်းနဲ့မှ လူတိုင်းရဲ့ ဆုံးရှုံးမှုက ရပ်တန့်သွားမှာ၊ ပြီးတော့ မင်း ဘာလုပ်ချင်တာလဲဆိုတာကို ဘယ်သူမှ အရေးမစိုက်ဘူး”

“ဟုတ်တယ် ဟုတ်တယ် မင်းရှယ်ယာတွေ လွှဲပေး”

“မင်းက ကုမ္ပဏီအတွက် စတေးမခံချင်မှတော့ ငါတို့ကို လျော်ကြေးပေးသင့်တယ်၊ မင်းကြောင့် သခင်လေးချွီကို ငါတို့ အာခံမိတာ၊ အဲ့တော့ မင်း နစ်နာမှုအတွက် လျော်ကြေးပေးကို ပေးရမယ်”

“ရှယ်ယာတင်မကဘူး မင်းရဲ့ ပိုင်ဆိုင်မှုတွေကပါ လွှဲပေး”

ထိုရှယ်ယာရှင်များသည် တစ်ယောက်ပြီး တစ်ယောက် မျက်နှာထား ပြောင်းလဲသွားပြီး လောဘတက်နေသော မျက်နှာများဖြင့် လင်းလန်အား ဖိအားပေးလာသည်။ လင်းလန် ဘာဖြစ်ဖြစ် သူတို့ ဂရုမစိုက်ပါ။ သူတို့ ရှယ်ယာကိုသာ လိုအပ်ကြသည်။

“ကောင်းပြီလေ ရှင်တို့က တော်တော် ဟုတ်နေတာပဲ၊ ကျွန်မတို့ ရှင်တို့ကို ကောင်းကောင်း ဆက်ဆံခဲ့တာတောင် ရှင်တို့က ဒီလို ပြန်တုံ့ပြန်တယ်ပေါ့လေ”

လင်းလန် အံကြိတ်ထားရ၍ သွားများပင် ကြေမွမတတ် ဖြစ်လာရသည်။ သူတို့က အလွန် သွေးအေး၍ ရက်စက်သူများ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။

သူမစကားကို ကြားသော် ရှယ်ယာရှင်များက ရှက်ဟန်မပြဘဲ အေးစက်စက် မျက်နှာထားများနှင့် ပြန်ပြောလေသည်။

“မာနကြီးပြီး ခေါင်းမာလွန်းတာ မင်းလေ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ”

“မင်းကြောင့် ငါတို့ ဆွဲချခံရတာလေ”

“ဟုတ်တယ် မင်းမှားတဲ့အမှားကို ငါတို့က ဘာလို့ ခံရမှာလဲ”

“မင်းက မစ္စတာချွီလို နဂါးလိုလူမျိုးကို မနှစ်သက်မှတော့ မင်းကိုယ်မင်း စိန်စီထားတယ်များ မှတ်နေလား”

ရှယ်ယာရှင်များသည် ဟန်ဆောင်မျက်နှာဖုံးကို ခွာချ၍ ခက်ထန်သော မျက်နှာများနှင့် လင်းလန်ကို ကြည့်ကာ ဆဲဆိုကြသည်။

လင်းလန် ချက်ချင်း မှင်တက်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ လူ့သဘောက မည်မျှ ကောက်ကျစ် စဉ်းလဲကြောင်း သူမ ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရလေပြီ။ ဤလူများသည် အလွန်တရာမှကို စက်ဆုပ်ဖွယ် ကောင်းလှသည်။

တစ်ဖက်မှ ချွီကျားချန်ကလည်း ခံရခက်အောင် ရယ်မောလေသည်။

“မင်း မြင်ပြီလား၊ ဒါ ငါ့ရန်သူ ဖြစ်ခြင်းရဲ့ အဆုံးသတ်ပဲ၊ အခု မင်း ငါ့မိန်းမ ဖြစ်လာမယ်ဆိုရင် သူတို့က မင်းကို မလေးမစား လုပ်ရဲမလား”

“မင်းကိုယ်မင်း ငါ့ဆီမှာ ပုံပေးချင်သရွေ့ မင်းအမေရဲ့ ကုမ္ပဏီကို ဆက်ရှိနေရုံတင်မက်ဘူး ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ် ဖြစ်စေရမယ်လို့ အာမခံတယ်၊ ဘယ်လိုလဲ”

“ပါးစပ်ပိတ်ထား ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ဘယ်လိုလုပ် ဒီလို အဆုံးသတ်မလဲ၊ ရှင့်ကို တွေ့ပြီးကတည်းက သွေးတိုးလာရတာ၊ ရှင်က ကျွန်မကို တကယ် အန်ချင်အောင် လုပ်တာပဲ”

လင်းလန်က ဘာမပြော ညာမပြော ပြောချလိုက်ပြီး ချွီကျားချန်ကို ပို၍ မုန်းတီးလာသည်။

“ကောင်းပြီလေ မင်း ခေါင်းမာနေမှတော့ ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့”

ချွီကျားချန်က အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး သူ့မျက်နှာတွင် အန္တရာယ်များ၍ အငြှိုးထားဟန်များ ပြည့်နေ၏။

“သူ့ကို ဖမ်းချုပ်ထားစမ်း၊ ငါ သူ့ကို ဒီမှာတင် ကစားမယ်”

ချွီကျားချန်က အော်ဟစ်လိုက်ပြီး သူ၏ ကြမ်းကြုတ်ဟန်ကို ထုတ်ဖော်လာသည်။

“ငါ မင်းနဲ့ ကစားလို့ပြီးရင် မင်း သေလို့ရပြီ”

ထိုရှယ်ယာရှင်များ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ ဒါက သူတို့ကို ပြစ်မှုကျူးလွန်ခိုင်းချင်နေတာ မဟုတ်လား။

အမှန်အတိုင်း ပြောရမည်ဆိုလျင် သူတို့ကို ဤသို့ လုပ်ခိုင်းခြင်းအတွက် သူတို့ အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။

လင်းလန်က သူတို့အပေါ် တကယ် ကောင်းခဲ့သည်။ သူတို့အား ဦးလေးအရင်းသဖွယ် သဘောထားခဲ့သည်။

*ဒီလိုလုပ်တာ လူ့ကျင့်ဝတ်ကို သွေဖယ်နေတာ မဟုတ်ဘူးလား*

“မင်းတို့ ဘာလုပ်နေတာလဲ၊ မြန်မြန်မစသေးဘူးလား”

ထိုအချိန်တွင် လောဆောလာသူက ချွီကျားချန် မဟုတ်ဘဲ သူမဦးလေး စွန်းရုံခိုင် ဖြစ်နေ၏။ သူ့အမူအရာက ခံစားချက် ကင်းမဲ့နေပြီး မသိလျင် သူ့အရှေ့မှ မိန်းကလေးက သူ့တူမ မဟုတ်သလိုပင်။

ဦးလေးဖြစ်သူ စွန်းရုံခိုင်တောင်မှ ထိုသို့ ပြောလာသဖြင့် ရှယ်ယာရှင်များက တွေဝေမနေတော့ဘဲ အပြုံးကြီးပြုံး၍ လင်းလန်ထံ ပြေးဝင်သွားကြသည်။

“ရှင်တို့ ဘာတွေလုပ်နေတာလဲ၊ ရပ်ကြ၊ ကျွန်မ ရဲကို ခေါ်လိုက်မှာ”

ဤမြင်ကွင်းကိုမြင်သော် လင်းလန်၏ မျက်နှာလေး ဖြူရော်သွားပြီး ဆက်တိုက် ချဉ်းကပ်လာနေသော ရှယ်ယာရှင်များကို စိုးရိမ်တုန်လှုပ်စွာ ကြည့်နေမိသည်။

“ရဲခေါ်မယ် ဟုတ်လား၊ ရဲခေါ်တာ အသုံးဝင်မှာ မို့လို့လား၊ သခင်လေးချွီလိုလူမျိုးနဲ့ ရင်ဆိုင်ရရင် ရဲမပြောနဲ့၊ အင်ပါယာရဲ့ အရှင်သခင်တောင်မှ မင်းကို မကယ်နိုင်တာ”

စွန်းရုံခိုင်က အပြုံးကြီးပြုံးကာ ပြောလေသည်။

*လင်းလန်က တုံးလိုက်တာ၊ ချွီကျားချန်ရဲ့ အာဏာကို မသိပါလား*

ထိုစကားကိုကြားသော် လင်းလန် ကြံရာမရ ဖြစ်သွားပြီး သူမမျက်နှာတွင် မလိုလားဟန်များ ပေါ်နေပြီး မချိပြုံး ပြုံးနေကြသည်။

လက်ရှိတွင် သူမသည် ယဲ့ဖန် ပေးထားသော လက်စွပ်ကို မရည်ရွယ်ဘဲ ထိလိုက်မိပြီး ရင်ထဲ၌ မကျေနပ်သလို ခံစားနေရသည်။

*ရှင်ပြောတော့ ဒီလက်စွပ်ကို ဝတ်ထားရင် ဘယ်သူမှ ကျွန်မကို အနိုင်ကျင့် မစော်ကားရဲဘူးဆို၊ ရှင် ညာတာ၊ အားလုံးက အလိမ်တွေ*

All Chapters