အခန်း ၁၄၆၉
Vol. 98 Ch. 1469
Chapter 1469 မိဖုရားကြီး
*မကောင်းတော့ဘူး*
လက်ရှိတွင် လင်းလန် ရုန်းမရဖြစ်ကာ အစည်းအဝေးခန်းမှ စားပွဲပေါ်တွင် ဖိနှိပ်ချုပ်ချယ်ခံထားရသည်။ သူမ၏ လုံးဝန်းသော ခန္ဓာကိုယ်က သူမ၏ အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် စကပ်တိုတို့မှ တွန်းထွက်လုနီးပါး ဖြစ်နေ၏။
ဤသည်ကိုမြင်သော် ချွီကျားချန် ရုတ်တရက် ဝမ်းဗိုက်အောက်မှ ပူလောင်လာသလို ခံစားလိုက်ရသည်။ သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကိုသပ်ကာ အလွန် ဆာလောင်လာသည်။
ထို့နောက် သူ့ခါးပတ်ကို သူ ချွတ်လိုက်သည်။ ထိုသို့ချွတ်နေစဉ်တွင် သူ ညစ်ကျယ်ကျယ် ရယ်မောလိုက်သည်။
“အလှလေး နောက်ဆုံးကျတော့ မင်း ငါ့လက်ထဲ ရောက်လာမှာပဲ မဟုတ်ဘူးလား၊ ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ငါ ဘာလို့ မင်းကို သိပ်သဘောကျလဲ မင်း သိလား”
“ဘာလို့လဲဆိုတော့ မင်းက လှရုံတင်မဟုတ်ဘူး အေးစက်ကျော့မော့တဲ့ ပင်ကိုယ်စရိုက်ရှိတယ်၊ အရေး အကြီးဆုံးက မင်းက အပျိုစင် ဖြစ်နေသေးတာပဲ”
အသက်နှစ်ဆယ်ကျော်နေသည့်တိုင် အပျိုစင် ဖြစ်နေခြင်းက သူ့အတွက် ထီခြောက်ကြိမ် ပေါက်သလိုပင်။ သူမက အလွန် သန့်စင်၍ ဖြူစင်လွန်းသည်ဟု ချွီကျားချန် ခံစားမိသည်။
အထူးသဖြင့် သူမကဲ့သို့ မိန်းမလှလေးမျိုးက အပျိုစင် ဖြစ်နေသည့် အခွင့်အရေးမျိုးက အလွန် ရှားပါးလွန်းသည်။ သူ့စကားကိုကြားသော် လင်းလန်က ရုတ်တရက် လှောင်ရယ်လာပြီး ပြန်ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ ရှင့်ကို စိတ်ပျက်အောင် လုပ်မိလို့ စိတ်မကောင်းပါဘူး ကျွန်မက အပျိုမဟုတ်တော့ဘူး”
သူမ၏ ပထမဆုံးအကြိမ်ကို ထိုမျိုးမစစ်ကောင်က ယူသွားခဲ့လေပြီ။
“မဟုတ်ဘူး၊ မင်း ငါ့ကို လိမ်လို့ ရမယ် ထင်နေလား၊ ငါက သူတော်စင်သခင်အဆင့်ကွ၊ မင်းက အပျိုစင် ဖြစ်နေတာကို ငါ့ကို ဖုံးလို့မရဘူး”
ချွီကျားချန် သရော်လိုက်သည်။
*ဘာ*
လင်းလန်၏ မျက်နှာလေး ဖြူရော်သွားပြီး တအံ့တဩ မေးလိုက်သည်။
“ရှင်ပြောချင်တာက ကျွန်မက အပျိုစင် ဖြစ်နေတုန်းပဲပေါ့ အဲ့လိုလား”
ချွီကျားချန် ရုတ်တရက် အူကြောင်ကြောင် ဖြစ်သွားပြီးမှ ထရယ်လေသည်။
“အလှလေး မင်းက တော်တော် ဆိုးတာပဲ၊ အပျိုစင်နဲ့ အပျိုစင် မဟုတ်တော့တဲ့သူနဲ့က ချီချင်း မတူဘူး၊ ငါ မင်းကိုယ်ထဲက ချီကို မြင်နေရတာပဲ”
လင်းလန်သည် အလွန် ထိတ်လန့်နေသော မျက်နှာနှင့် မှင်တက် အံ့အားသင့်သွားသည်။
*အဲ့ညက ဟိုလူ ငါ့ကို မထိခဲ့ဘူးပေါ့*
*ဒါဆို သူ ငါ့ကို ဘာလို့ အဲ့လို ပြောတာလဲ*
*ဒီလို အဖိုးတန်လက်စွပ်ကိုတောင် ပေးလိုက်သေးတယ်*
ရုတ်တရက် လင်းလန် ရင်ထဲ ဆစ်ခနဲ နာကျင်သွားပြီး သူမ သူ့ကို အထင်လွဲခဲ့မိသည်။ သူမ ထိုလူကို အထင်လွဲခဲ့ မိလေပြီ။
ဤအတောအတွင်း သူမ ယဲ့ဖန်ကို အမှိုက်ကောင်ဟု အမြဲ သတ်မှတ်ခဲ့ကာ အခြားသူအပေါ် အခွင့်ကောင်းယူသော ဆန်ကုန်မြေလေးဟု တွေးကာ ရွံရှာခဲ့သည်။ တကယ်တမ်း၌ သူက သူမကို တစ်ခါမှ မထိခဲ့ပါတကား။
*ရှင် ဘာလို့ ကျွန်မကို မထိခဲ့တာလဲ*
လက်ရှိတွင် လင်းလန်၏ မျက်နှာတွင် မျက်ရည်များ စီးကျလာပြီး သူမ၏ ပထမဆုံးအကြိမ်က ယဲ့ဖန်အတွက် ပေးဆပ်ခဲ့ရလျင် အကောင်းသားဟု မျှော်လင့်နေမိသည်။ အနည်းဆုံးတော့ သူက ချွီကျားချန်လို သူမအတွက် ရွံစရာ မကောင်းပေ။
*ငါ တော်တော် တုံးတာပဲ*
လင်းလန်သည် သူမဘဝ၏ နောက်ဆုံးအချိန်တွင် အပျိုစင် ဖြစ်နေသေးသည့်အပေါ် မုန်းတီးမိနေသည်။ သူမ နောက်ဆုံးတွေးမိသည့် အရာက သူမမိသားစုနှင့် မိတ်ဆွေများ မဟုတ်ဘဲ သူမနှင့် ပတ်သက်ခဲ့သော ထိုလူဆိုးကောင်သာ ဖြစ်နေ၏။
*အစက ရှင်က ဘယ်လိုလူစားလဲဆိုတာကို ကျွန်မ ပိုသိချင်ခဲ့တာ၊ အခုတော့ မဖြစ်နိုင်တော့ဘူးနဲ့ တူတယ်*
*နောက်ဘဝကျရင်တော့ ရှင် ကျွန်မနဲ့ စောစောဆုံရမယ်နော်*
*နောက်တစ်ခါကျရင်တော့ ရှင် မတုံးနဲ့တော့”
ထို့နောက် သူမသည် မျက်လုံးမှိတ်ကာ လျှာကိုက်၍ သတ်သေရန် ကြိုးစားလိုက်သည်။ သူမ သေသွားလျင် ဤသို့သော လူဖျင်းကောင်ထံ၌ အစော်ကားခံရမည် မဟုတ်ပါ။
“လျှာကိုက်ပြီး သတ်သေချင်တာလား၊ အလုပ်ဖြစ်မယ်လို့ ထင်နေလား၊ ငါ့အတွက် မင်း သေသေ၊ ရှင်ရှင် မင်းကို အပျိုရည် ဖျက်မှာပဲကွ၊ ဟားဟားဟား”
လင်းလန်၏ အကြံကို ကြိုသိနေသကဲ့သို့ ချွီကျားချန်က ရယ်လေသည်။ သူ့မျက်နှာက အလွန် ကြောက်စရာ ကောင်းလှသည်။ သူသည် လောကထဲ၌ နှစ်ပေါင်းများစွာ ဆော့ကစားလာသူ ဖြစ်သည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ အရွယ်ရောက်ပြီးသူနှင့် ကလေးငယ်များ၊ အိုအိုပျိုပျို၊ လူရှင်၊ လူသေမရွေးပေ။
“ငါကတော့ မင်း သေသေရှင်ရှင် မင်းကို သေတာထက် ဆိုးအောင် လုပ်ပေးမယ်”
ထိုအခိုက်တွင် အလွန် ရက်စက်၍ မီးတောင်ပေါက်သကဲ့သို့ ကြောက်စရာကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး မှင်တက်သွားကြသည်။ သူတို့ နားကြားမှားလေသလားဟုပင် ထင်လိုက်ကြသည်။
*တစ်ယောက်ယောက်က ချွီကျားချန်ကို ဒီလို ပြောရဲတယ်လား၊ အသက်ရှင်ရတာ ပျင်းနေလို့များလား*
ချွီကျားချန်၏ မျက်လုံးများ မှုန်ကုတ်လာပြီး လူသတ်ချင်စိတ် ဖြစ်ပေါ်လာ၏။ သူ့အား မည်သူမှ ထိုသို့ မပြောရဲပါ။ တစ်ဖက်လူက သေတွင်းတူးနေခြင်းသာ။
လူတိုင်း တံခါးဆီသို့ ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။ လက်ရှိတွင် လင်းလန်သည်လည်း တုန်လှုပ်နေ၏။
*မဟုတ်မှလွဲရော သူများလား*
ထို့နောက် သူမ တံခါးရှိရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် သူမ စိတ်ပျက်သွားသည်။
ရောက်လာသူမှာ ထိုလူဆိုးကောင် မဟုတ်ဘဲ ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက်သာ။ ဤသည်ကိုမြင်သော် လင်းလန် စိတ်ထဲ၌ အလွန် ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။
*ဘာလို့ ရှင် မဟုတ်တာလဲ၊ ဘာလို့ ရှင်က ကျွန်မကို လာမကယ်ရတာလဲ*
သူမရှေ့၌ ပေါ်လာသူက ယဲ့ဖန် ဖြစ်ပါစေဟု သူမ မည်မျှ မျှော်လင့်ခဲ့ရသနည်း။
“ထန်မင်လီပါလား”
ထိုလူကိုမြင်ပြီးနောက် လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ထိုလူအိုကြီးသည် ယဲ့ဘုရင်၏ နံပါတ်တစ် လူယုံတော် ထန်မင်လီ ဖြစ်နေပါတကား။
ယနေ့ခေတ်တွင် ယဲ့ဘုရင်၏ နာမည်ကို အင်ပါယာတစ်ခုလုံး၌ မသိသူ ရှိပါသေးသလော။ ဝမ်ကောဖူတောင်မှ သူ၏ သိမ်းပိုက်ခြင်း ခံလိုက်ရပြီး ရင်မိသားစု၏ သခင်လေး နှစ်ယောက်လုံး သူ့လက်ထဲ၌ ဆိုးဆိုးရွားရွား သေဆုံးခဲ့ကာ ကြောက်စရာကောင်းသော ဟွမ်နူပင် အညံ့ခံခဲ့သည်ပင်။
သူတို့ကဲ့သို့ သာမန်လူများအတွက် ယဲ့ဘုရင်က နတ်ဘုရားလိုပင်။ ထန်မင်လီသည် နတ်ဘုရား၏ ပြောရေးဆိုခွင့် ရှိသူပင်။
သို့သော် အဘယ်ကြောင့် ထန်မင်လီက ဤနေရာ၌ ပေါ်လာရသနည်း။ ထို့အပြင် သူက ချွီကျားချန်ကို တကယ် ခြိမ်းခြောက်နေသလား။
*ဘာတွေဖြစ်နေတာလဲ*
“ထန်မင်လီလား’
ထန်မင်လီကို မြင်လိုက်သောအခါ ချွီကျားချန်၏ အမူအရာက မသိမသာ ပျာယာခတ်သွားသည်။ သူ ထန်မင်လီကို မကြောက်ပါ။ သို့သော် ထန်မင်လီအနောက်မှ လူကို သူ ကြောက်ပါသည်။
စွန်းရုံခိုင်နှင့် အခြားသူများရှေ့တွင် သူ မောက်မာဟန် ပြနိုင်သော်လည်း ရင်ဖုန်းချူကဲ့သို့ ပြိုင်ဘက်ကင်းသော ပါရမီရှင်ရှေ့တွင် သူ့အား ငတုံးဟုပင် ခေါ်၍မရချေ။
သို့သော် ရင်ဖုန်းချူတို့ နှစ်ယောက်လုံးက ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသည်။ ကျုံးကျိုး အင်ပါယာတစ်ခုလုံးတွင် ချွီကျားချန် အကြောက်ဆုံးမှာ ယဲ့ဘုရင်ပင်။
သူတို့၏ ချွီမိသားစုသည် ရင်မိသားစု၏ လက်ပါးစေ ဖြစ်ပြီး ယဲ့ဘုရင်နှင့် ရန်လိုသော ဆက်ဆံရေး ရှိသည်။ ယခု သူတို့ နောက်ခံကိုသာ တစ်ဖက်က သိသွားပါက သူတို့ သူ့ကို မသတ်ပါဟု အာမမခံနိုင်ပေ။
ထိုနတ်ဆိုးက အကြောက်တရားက ဘာမှန်းသိသူ မဟုတ်ပေ။ ဤသည်ကိုတွေးမိပြီးနောက် ချွီကျားချန်၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းလာ၏။
“ထန်မင်လီ ငါ မင်းနဲ့ ဘာရန်ငြှိုးမှ မရှိဘူး၊ ဘာလို့ သူများကိစ္စမှာ ဝင်ပါတာလဲ”
ထန်မင်လီက သူ့ကို ကြည့်ပင်မကြည့်ဘဲ ချုပ်နှောင်ခံထားရသည့် လင်းလန်ကို လှမ်းကြည့်မိပြီး ချက်ချင်း လူသတ်ချင်စိတ်များ ထွက်ပေါ်လာသည်။
*ဒီလူတွေက မိဖုရားကြီးကို ဘယ်လိုတောင် စော်ကားရဲတာလဲ*
“သတ်စမ်း”
ထန်မင်လီ အော်လိုက်သောအခါ သူ့အနောက်မှ သူတော်စင်သခင်အဆင့် သုံးယောက်က ပြေးထွက်သွားပြီး ထိုရှယ်ယာရှင်များကို သတ်လေတော့သည်။
“ရွှစ် ရွှစ်”
လင်းလန်၏ လက်မောင်းကို ချုပ်နှောင်ထားသူများ၏ လက်မောင်းများ ဓားခုတ်ခံလိုက်ရသည်။
“အား….”
နာကျင်စွာ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာ၏။ ထိုရှယ်ယာရှင်များသည် အံကြိတ်၍ လက်ဖြတ်ခံ လိုက်ရသော နေရာကို ကြည့်ကာ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။ သူတို့ သတိလက်လွတ် ဖြစ်ကာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။ ထို့နောက် ပြင်းထန်သော နာကျင်မှုကို ခံစားမိကာ အသည်းအသန် အော်ကြ တော့သည်။
“သူတို့အပေါက်ကို ပိတ်လိုက်”
ထန်မင်လီက အညှာအတာ ကင်းမဲ့စွာ ရက်ရက်စက်စက် အော်လေသည်။ ထိုအခါ သူတော်စင်သခင် အဆင့်များက အပြုံးကြီးပြုံးကာ ထိုရှယ်ယာရှင်များ၏ ဦးခေါင်းထံ သူတို့၏ ဓားများကို လွှဲယမ်းလိုက်သည်။
“မလုပ်နဲ့ မလုပ်နဲ့”
“ဒါ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
“ငါ့ကို မသတ်ပါနဲ့”
ထိုရှယ်ယာရှင်များ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လာပြီး မျက်နှာ ပြာနှမ်းကာ အလွန်အမင်း ကြောက်လန့်နေသည်။
“ဒါတေဤအားလုံးက မင်းတို့အမှားတွေပဲ၊ မင်းတို့မှာ နတ်ဆိုးလုပ်ဖို့ အရည်အချင်းမရှိပင်မယ့် နတ်ဆိုးကို ရန်စရဲတဲ့ သတ္တိတော့ ရှိသားပဲ”
ထန်မင်လီက အေးစက်စွာ ခနဲ့၍ ပြောလေသည်။
“မင်းတို့ မိဖုရားကြီးကို ဒီလို စော်ကားရဲမှတော့ မင်းတို့တင် သေမှာမဟုတ်ဘူး၊ မင်းတို့မိသားစုပါ မင်းတို့နဲ့အတူ သေရလိမ့်မယ်”
*ဘာ*
ထိုစကားကိုကြားသော် ရှယ်ယာရှင်များ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ သူတို့မိသားစုဝင်များပါ သေရမည်တဲ့လား။
“မဟုတ်ဘူး ဒီလိုမလုပ်ပါနဲ့၊ ကျုပ်ကိုပဲ သတ်ပါ၊ ကျုပ်မိသားစုကို ထိခိုက်အောင် မလုပ်ပါနဲ့၊ ကျုပ် တောင်းပန်ပါတယ်”
ထိုရှယ်ယာရှင်များ ပြိုလဲသွားကြသည်။
“မိဖုရားကြီးကို ရန်စတာက ခွင့်မလွှတ်နိုင်စရာပဲ”
ထန်မင်လီက ခေါင်းခါလေသည်။
“မင်းတို့ သေရမယ်”
“ဘုတ် ဘုတ်”
ခေါင်းပြတ်များက ကြမ်းပြင်ပေါ် ဖရဲသီးများသဖွယ် လိမ့်ဆင်းနေပြီး လင်းလန်ကို ချုပ်နှောင်ထားသည့် ရှယ်ယာရှင် လေးယောက်လုံး ခေါင်းပြတ်ကာ ပွဲချင်းပြီး သေဆုံးသွားကြသည်။
အစည်းအဝေးခန်းမတစ်ခုလုံး သွေးနံ့များ လှိုင်လှိုင်ထလာ၏။ စက်ဆုပ်ဖွယ်ကောင်းလိုက်လေခြင်း။ ကျန်ရှယ်ယာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်းထကာ ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်ဘဲ ထန်မင်လီအား အလန့်တကြား ကြည့်နေကြသည်။
*မိဖုရားကြီး*
*ဘာကို မိဖုရားကြီးလဲ*
*ဧကန္တ သူက ယဲ့ဘုရင်ရဲ့ အမျိုးသမီးလား*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*တစ်ခါမှ မကြားဖူးပါဘူး*
*သူက ယဲ့ဘုရင်ရဲ့ အမျိုးသမီးဆိုရင် ဒီလို ကုမ္ပဏီလေးတစ်ခုရဲ့ ဥက္ကဋ္ဌပဲ ဖြစ်နေဖို့ လိုလို့လား*
သူတို့ မဆိုထားနှင့်၊ လင်းလန်ပင် မှင်တက်နေ၏။ သူမ ထန်မင်လီကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူတို့ ယခင်က တစ်ခါမှ မဆုံဖူးပါ။
လင်းလန်က ထန်မင်လီကို အလွန်လေးစားသည်။ ဤအဘိုးအို၏ စီးပွားရေးအမြင် ထက်မြက်မှုက သူမကို အမြဲ အံ့အားသင့်စေပြီး သူမက ယင်းကို စံနမူနာထား၍ သူမလုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်ခဲ့သည်။ ထန်မင်လီက သူမကုမ္ပဏီအတွင်း၌ သူမအတွက် ပေါ်လာလိမ့်မည်ဟု သူမ ထင်မထားမိပေ။
*မိဖုရားကြီးတဲ့လား*
မိန်းကလေးဟူ၍ ဤနေရာ၌ သူမတစ်ယောက်တည်းသာ ရှိသည်။ ထန်မင်လီက သူမအတွက် လာခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
“မင်း … မင်းက မိဖုရားကြီးကို ထိချင်တာလား”
ထိုစဉ် ထန်မင်လီက ချွီကျားချန်က မာကြောသော လေသံဖြင့် ပြောလာပြီး သူ့မျက်လုံးတွင်းမှ သတ်ဖြတ်လိုသော အရိပ်အယောင်က အလွန်အမင်း ကြောက်စရာ ကောင်းလာသည်။
ချွီကျားချန် မှင်တက်သွားပြီးမှ ပြန်ငေါက်လိုက်သည်။
“ဘာကို မိဖုရားကြီးလဲ၊ သူ ဘယ်သူလဲတောင် ငါ မသိဘူး”
သူ သွေးပျက်စပြုလာသည်။
*ဒီမိန်းမက တကယ်ပဲ ယဲ့ဘုရင်ရဲ့ မိန်းမလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*သူသာ ယဲ့ဘုရင်ရဲ့ အမျိုးသမီးဆိုရင် ဘယ်လိုလုပ် သူ့ကိုယ်သူ ခဏခဏ နှောင့်ယှက်ခံနေတာလဲ*
“ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် မင်း သေရမှာဆိုတော့ သိသိ၊ မသိသိ ဘာမှမထူးဘူး”
“ဘာ”
ချွီကျားချန် ရုတ်တရက် မျက်နှာပျက်သွားသည်။ ထန်မင်လီက သူ့ကို သိချင်နေသည်တဲ့လား။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာ သုန်မှုန်သွားပြီး ထန်မင်လီအား ကြိမ်းမောင်းလိုက်သည်။
“ထန်မင်လီ မင်းကို အရမ်း မောက်မာနေဖို့ ငါ သတိပေးလိုက်မယ်၊ ငါ ဘယ်သူလဲ မင်း သိလား၊ ငါက ချွီမိသားစုရဲ့ အကြီးဆုံး သခင်လေးပဲ၊ ငါ့ကိုသတ်ရင် ချွီမိသားစုက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ငါ ဘယ်သူလဲ မင်း သိနေမှတော့၊ မင်းရဲ့ခြိမ်းခြောက်မှုတွေက ငါ့အတွက် အသုံးမဝင်တာကို သိသင့်တယ်၊ သတ်လိုက်တော့”
ထန်မင်လီ ကြုံးဝါးလိုက်ပြီး အေးစက်၍ သတ်ဖြတ်ချင်သော အငွေ့အသက်က ချက်ချင်း ပျံ့လွင့်လာသည်။
“ချီးပဲ”
ချွီကျားချန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး ကြက်သီးထကာ ချက်ချင်း ဓားမြောင်ကို ကောက်ကိုင်၍ လင်းလန်ကို သတ်ရန် ကြိုးစားလေသည်။
လင်းလန်ကသာလျင် သူ၏ တစ်ခုတည်းသော အသက်ရှင်နိုင်မည့် အခွင့်အရေးဖြစ်ကြောင်း သူ သိသည်။ လင်းလန် အညံ့ခံလိုက်လျင် ဤလူများ သူ့ကို ဘာမှမလုပ်နိုင်ပါ။
သို့သော် ထန်မင်လီက ဤသည်ကို အရေးမစိုက်ဟန်ပြနေပြီး လှောင်ပြုံး၍ ရယ်နေသည်။ ထိုအပြုံးက ကြက်သီးထစရာ ကောင်းလှသည်။