← Chapters

အခန်း ၁၄၇၂

Vol. 99 Ch. 1472

အခန်း ၁၄၇၂

Vol. 99 Ch. 1472

Chapter 1472 ပုလ္လင်အောက်မှ တစ္ဆေများအားလုံး ထွက်လာခြင်း

“ပုလ္လင်အောက်မှ ထောင်သောင်းချီတဲ့ အလောင်းတွေကို မြှုပ်ထားလို့ တောင်လို့ပုံပြီး လှေကားထစ်အဖြစ် တည်ဆောက်ထားတာ၊ သွေးတွေက မြစ်လို မိုင်ရာချီစီးနေလို့ အနီရောင် ကောဇော် ခင်းထားသလို ဖြစ်နေပြီး အဆုံးကိုတောင် မမြင်ရဘူး”

“အဲ့ဒိထောင်သောင်းချီတဲ့ တစ္ဆေတွေက ပုလ္လင်အောက်မှာ မြှုပ်နှံခံထားရပြီး ဘယ်တော့မှ လူမဝင်စားနိုင်လို့ ဝမ်းနည်းကြေကွဲပြီး အငြှိုးကြီးနေကြတာ”

“ပြီးရင် အဲ့အနောက်မှာ ဧကရာဇ်ရဲ့ ဝိညာဉ် ပြန်လာတာကိုစောင့်ပြီး လောကကို ပြန်စိုးမိုးချင်နေတဲ့ သတ်ဖြတ် ချင်စိတ် အပြည့်ရှိတဲ့ စစ်သည်တော်တစ်သန်း ရှိနေတယ်”

“ဘယ်ဘက်မှာ မြေအောက်လောက ရှိနေပြီးတော့ ညာဘက်မှာဆို ငရဲကနေ ရုန်းထွက်နေတဲ့ သေပြီးသားသူတွေကို တွေ့ရလိမ့်မယ်”

ထို့နောက် ဟွန်နူက ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“အဲ့ဧကရာဇ်ရဲ့ ပုလ္လင်က အရှင်မင်းကြီးရဲ့ နဂါးပုလ္လင်ပဲ”

ယဲ့ဖန်က လက်နောက်ပစ်၍ ဂုဏ်ယူသော မျက်နှာထားနှင့် ခပ်ဝေးဝေးမှ ရှုခင်းကို ကြည့်ကာ ငြိမ်၍ ရပ်နေသည်။ ထိုအခါ နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများ မျက်လုံးပြူးကာ အကြောအချဉ် ထုံထိုင်းလာသည်။ သူတို့၏ နဖူးမှ ချွေးစေးများ စီးကျလာ၏။

ဟွမ်နူ၏ အပြောကို နားထောင်ရုံနှင့်တင် ဤမြေအောက်ဂူက မည်မျှ ကြမ်းကြုတ်၍ မိစ္ဆာအငွေ့အသက်များ ရှိကြောင်း သူတို့ အသေအချာ ခံစားမိသည်။

ဧကရာဇ် ကျူးလုံ အာဏာရှိစဉ် အခါက သန်းချီသော လူများကို သတ်ခဲ့ပြီး သူတို့၏ ဝိညာဉ်ကို ပုလ္လင်အောက်၌ ဖိနှိပ်ကာ ပြန်လည် မရှင်သန်နိုင်အောင် ပြုလုပ်ခဲ့သည်။ အသက်မသေနိုင်သော်လည်း နာကျင်စရာ ကောင်းလှသည်။

သန်းချီသော ဝိညာဉ်များသည် နှစ်ပေါင်းရာထောင်ချီထက်မက ပိတ်လှောင်ခံထားရလေသည်။ သူတို့ မည်မျှ ရူးသွပ်နေမလဲ တွေးကြည့်နိုင်ပေ၏။

လွတ်မြောက်လာသည်နှင့် လောကကို ဖျက်ဆီးနိုင်သည့် ကြောက်စရာကောင်းသော အရာများ ဖြစ်လာ ပေလိမ့်မည်။

ဤသည်ကို တွေးမိပြီးနောက် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများ အဘယ်ကြောင့် ကြောက်လန့် တုန်လှုပ်ခြင်းမရှိဘဲ နေနိုင်ပါမည်နည်း။ သူတို့ ဘယ်လိုလုပ် ကြက်သီးမထဘဲ နေနိုင်ပါမည်နည်း။

“အား…”

မကြာခင်မှာပင် ဂူထဲမှ အလွန် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။

….

ထိုအချိန်တွင် အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများသည် မြေအောက်ဂူထဲ ရောက်သွားပြီးနောက် ကြေးနီရောင် တံခါးဝတစ်ခုရှေ့သို့ ရောက်နေသည်။

ထိုတံခါးက ရိုးရှင်းသော်လည်း ထည်ဝါကာ လက်ရာမြောက်သော သင်္ကေတများ ရှိနေပြီး တစ်မူထူးခြားသော အငွေ့အသက်ရှိကာ တစ်ချက်ကြည့်ရုံနှင့် သာမန်နှင့်မတူကြောင်း သိနိုင်ပေသည်။

“ဒါက … ရှန်းယန်နန်းတော်ပဲ”

“ဘာ … ဒါ ရှေးခေတ်ရဲ့ ပထမဆုံးနန်းတော်လား”

“ဒါက ဧကရာဇ်ကျူးလုံ မန်ချူးမင်းဆက်ကလူတွေနဲ့ တွေ့ဆုံတဲ့နေရာပဲ၊ ဟားဟားဟား ငါတို့တော့ ပွပြီကွ”

နတ်နန်းတော်မှ သိုင်းပညာရှင်များအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့စိတ်ထဲတွင် သူတို့ကို ထိတ်လန့်သွားစေမည့် လျှို့ဝှက်ရတနာများ ရှိကိုရှိရမည်ဟု ထင်နေလေသည်။

“ဒါဆိုလည်း မင်းတို့ ဘာကို စောင့်နေတာလဲ၊ တံခါးကို ဖွင့်လိုက်ပါတော့လား”

အင်မော်တယ် တျောင်မြောင်က မစောင့်နိုင်တော့ဘဲ ဆော်ဩလေသည်။ ကျုံးကျိုး အင်ပါယာသို့ လာချိန်တွင် ဧကရာဇ် ကျူးလုံ၏ ယခင်နန်းတော်ကို ဖြတ်မိမည်ဟု သူ မျှော်လင့်မထားမိပေ။

*ဘုရားမတာပဲ*

“ဒါပေမဲ့ ဒီမှာ အဆောင်တစ်ခု ရှိတယ်၊ ကျွန်တော်တို့ အတင်း ဖွင့်လိုက်ရင် မကောင်းတဲ့အရာ တစ်ခုခု ဖြစ်လာမှာ စိုးရတယ်”

သိုင်းပညာရှင်တစ်ယောက်က ထူးဆန်းသော အဆောင်ကို ကြည့်နေပြီး ထိုအဆောင်က အလွန့်ကို ပုံမှန်မဟုတ်ကြောင်း ခံစားမိနေ၏။ ၎င်းက ဆွေးမြည့်ပျက်စီးနေသော်လည်း ကျောချမ်းဖွယ် အရှိန်အဝါကို ထုတ်ဖော်နေဆဲပင်။

“သောက်ချီးကို မကောင်းတဲ့အရာ၊ နှစ်တွေ ဘယ်လောက် ကြာနေပြီလဲ၊ တကယ် နတ်ဆိုးနဲ့ သရဲတွေ ရှိတယ်ဆိုလည်း သေလောက်ပြီပေါ့၊ ငကြောက်၊ မင်းက ဂူသင်္ချိုင်းလာပြီး ဖောက်ထွင်းဖို့တောင် ကြောက်နေတယ်၊ အိမ်ပြန်ပြီး ချိုချိုစို့နေလိုက်တော့”

“ဟုတ်တယ် ဟုတ်တယ် အိမ်ပြန်ပြီး ချိုချိုစို့နေ ဟားဟားဟား”

လူတိုင်း ဝါးလုံးကွဲမတတ် ရယ်မောကြသည်။ ထိုသိုင်းပညာရှင်သည် အရှက်ရသွားပြီး ဒေါသတကြီးဖြင့် အဆောင်ကို ဆွဲဖြဲလိုက်သည်။ ထိုအခါ ကပ်ဆိုးတစ်ခု ဖြစ်ပေါ်လာလေသည်။

“ဝှီး”

တံခါးကြားထဲမှနေ၍ လေတိုးသံ ထွက်ပေါ်လာသည်။ ငရဲမှ မိစ္ဆာလေအငွေ့အသက် တိုးဝှေ့ ထွက်ပေါ် လာသလိုပင်။ အလွန် ကျောချမ်းဖွယ်ကောင်းပြီး ကြောက်စရာကောင်းလှသည်။

“ဝုန်း”

ထို့နောက် ကြေးနီရောင် တံခါးက ဖြည်းဖြည်းချင်း ပွင့်လာ၏။

“ဖြောင်း”

သွေးများ ပေကျံနေသော လက်တစ်ဖက်က တံခါးကြားထဲမှ ဆန့်ထွက်လာပြီး တံခါးကို ဖြောင်းခနဲ ရိုက်လိုက်သဖြင့် သွေးပေနေသော လက်ဝါးရာ ပေါ်လာသည်။

ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။

“ဒီမှာ ဘယ်လိုလုပ် တစ်ယောက်ယောက် ရှိနေရတာလဲ”

ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံးနှင့်လူက တအံ့တဩ မေးလာသည်။

“အဲ့ဒါ လူမဟုတ်ဘူး၊ သူ့လက်ကို ကြည့်၊ တစ်ဝက်လောက်က ပုပ်သိုးနေတာ”

“ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်”

“ငါ အရမ်း ဗိုက်ဆာနေပြီ၊ ငါ စားချင်တယ်”

အထဲမှ ရုတ်တရက် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။ ထူးဆန်းသော အော်သံများက လူတွေ စကားပြောသံနှင့် တူသော်လည်း လေသံက အလွန် ကြောင်နေ၏။ လူ ပြောနေကြအသံနှင့် အမတူပေ။

ထိုစဉ် အငြှိုးတရားများ ဆူပွက်လာပြီး အရိပ်များ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဤနေရာအား ချက်ချင်း ဝိုင်းလိုက်ကြသည်။

*မကောင်းတော့ဘူး*

အင်မော်တယ် တျောင်မြောင် ရုတ်တရက် ကြက်သီးထသွားပြီး တစ်စုံတစ်ရာကို သတိထားမိကာ ရုတ်တရက် မျက်နှာပျက်သွားသည်။

“ဘယ်လိုလုပ် တံခါးက ပွင့်သွားတာလဲ၊ ဘယ်သူ လုပ်တာလဲ၊ ဘယ်သူ တံခါးဖွင့်လိုက်တာလဲ”

အင်မော်တယ် တျောင်မြောင်က ဘေးဘီကို ဝေ့ကြည့်ကာ အော်လိုက်သော်လည်း မည်သူမှ တံခါးမဖွင့်သည်ကို တွေ့လိုက်ရသည်။

*တံခါးက သူ့ဘာသာသူ ပွင့်သွားတာလား*

“တံခါးကို မြန်မြန်ပိတ်၊ ပွင့်သွားလို့ မဖြစ်ဘူး၊ ပွင့်သွားလို့ မဖြစ်ဘူး”

အင်မော်တယ် တျောင်မြောင်က ကြောက်လန့်တကြား အော်ဟစ်ကာ အရင် ပြေးသွားပြီး လက်နှစ်ဖက်ဖြင့် တံခါးကို ပိတ်ရန် ကြိုးစားလေသည်။

အစောပိုင်းလေးတင် သူ၏ နတ်မျက်စိဖြင့် တံခါးကိုဖြတ်၍ အထဲကို ကြည့်ခဲ့မိပြီး အထဲမှ မြင်ကွင်းက သူ့ကို ရင်တုန်သွားစေသည်။

*သူ ဘာမြင်လိုက်ရသနည်း*

*တမလွန်*

*မြေအောက်လောက*

*ငရဲ*

*ထို့အပြင် မရေတွက်နိုင်သော မသေမျိုး စစ်တပ်*

သူတို့အားလုံး ဒုက္ခရောက်လေပြီ။ ထိုစကားကို ကြားသော် နတ်နန်းတော်မှ သိုင်းပညာရှင်များက တွေဝေ သွားသည်။ ထို့နောက် သူတို့ ချက်ချင်း ပြေးတက်လာပြီး တံခါးကို ပိတ်လေသည်။

သူတို့ အားကုန်သုံး၍ အပြင်းအထန် ပြန်တွန်းကြသည်။ ဤ”ငရဲတံခါး”ကို ပိတ်ရန် ကြိုးစားကြသည်။ ဤတံခါး အနောက်မှ နတ်ဆိုးများက သည်းခြေပျက်စရာပင်။

သို့သော် သူတို့ သည်းခြေပျက်လာလေသည်။ အကြောင်းမှာ သူတို့ မည်မျှ ကြိုးစားပါသော်လည်း တံခါးအား ပိတ်ရန် ကြိုးစား၍ မရသည်ကို သိလိုက်ရသောကြောင့်ပင်။

တံခါးအနောက်၌ ထောင်ချီသော လက်များက ပြိုင်တူ တွန်းနေပုံရပြီး မိစ္ဆာအငွေ့အသက်များက ပိုတိုးလာသည်။ ထိုအချိန်တွင် အင်မော်တယ် တျောင်မြောင်သည် သူ့ဦးနှောက်ထဲသို့ သူ့အတွေးမဟုတ်သော အတွေးများ ရောက်လာသည်ဟု ခံစားမိလာသည်။ သမုဒ္ဒရာမက ကျယ်ပြောသော အာဃာတများက သူတို့ကို လွှမ်းခြုံလာ၏။

အင်မော်တယ် တျောင်မြောင် အလွန် စိုးရိမ်သောကြောင့် အသံပင် ပြောင်းသွားပြီး ဝမ်းနည်းနေသော အသံဖြင့် အော်လိုက်သည်။

“အဆောင် ဘယ်မှာလဲ၊ သောက်အဆောင်က ဘယ်ရောက်နေလဲ”

“ဖြဲလိုက်ပြီ မရှိတော့ဘူး”

ထိုစကားကြောင့် ဘေးလူများ၏ အခြေအနေက ဆောက်တည်ရာမရ ဖြစ်သွားကြသည်။

“နောက်ဆုတ်ကြ”

အင်မော်တယ် တျောင်မြောင် ချက်ချင်း ဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်သည်။ လူတိုင်း တုံ့ပြန်လာသည်ကို မစောင့်တော့ဘဲ ဦးဆောင်၍ ထွက်ပြေးသွားသည်။

*မြေခွေးအိုကြီး*

ထိုလူများသည် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲကြပြီးနောက် သူ့နောက်လိုက်ကာ အလျင်အမြန် ထွက်ပြေးကြသည်။

“ဘုန်း”

ထိုတံခါးက ချက်ချင်း ပွင့်သွားလေသည်။ ထိုအခါ အင်မော်တယ် တျောင်မြောင်သည် ငရဲခန်းမှ မြင်ကွင်းကို မြင်လိုက်ရသည်ဟု ခံစားလိုက်ရသည်။

ထိုတံခါးမှ တောင်လိုပုံနေသော အလောင်းများ ထွက်လာပြီး အော်ဂလီဆန်စရာ အနံ့များ ပျံ့လွင့်လာသည်။ တံခါးဝမှနေ၍ အလောင်းများ ဟိုဟိုဒီဒီ မဟုတ်ဘဲ အထပ်လိုက် အထပ်လိုက် ပြည့်နေသည်ကို မြင်လိုက်ရသည်။

သူတို့ အလွန်အမင်း ထိတ်လန့်သွားသည်။ ထိုစဉ် ထိုအလောင်းများက လှုပ်ရှားလာသည်။ သူတို့ အထပ်လိုက် လဲကျလာပြီးနောက် မြေကြီးပေါ်မှ ထကာ ချက်ချင်း အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများထံသို့ ပြေးလာကြသည်။

“ဆာတယ်၊ ငါ ဗိုက်ဆာတယ်၊ ငါ့ကို အသားပေး”

သူတို့မျက်လုံးတွင် အစိမ်းရောင် အလင်းများ တောက်နေပြီး အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများအား အစာဟု မြင်ကာ ဆာလောင်စွာ ပြေးသွားသည်။

အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားကာ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။

*ဘာလို့ ဧကရာဇ်ကျူးလုံရဲ့ နန်းတော်ထဲမှာ ဒီလောက်များတဲ့ သရဲတွေကို ပိတ်ထားရတာလဲ*

အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ လျင်မြန်စွာ ပြေးပါသော်လည်း ထိုသရဲများ၏ အလျင်က ပိုမြန်နေ၏။

“အား…”

ထိုစဉ် စူးရှ၍ ကြောက်လန့်တကြား အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။

“သောက်ကျိုးနည်း ဒါ ဘာကြီးလဲ၊ ငါ့ကိုလွှတ်၊ အား … ငါ့လက်”

“ငါ့ပေါင်ကို မစားနဲ့၊ အား … ဖယ်စမ်း၊ ငါ့ကို မစားနဲ့”

“ဘာလို့ သူတို့က ဒီလောက် များရတာလဲ၊ သတ်လို့တောင် မနိုင်ဘူး၊ တစ်ကောင် သတ်ရင် အကောင် တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းလောက် ပေါ်လာနေရော”

နတ်နန်းတော်မှလူများ မျက်ရည်လည်ရွဲဖြစ်ကာ သည်းကြီးမည်းကြီး အော်လေတော့သည်။ သူတို့၏ အပေါင်းအပါများ သွေးအိုင်ထဲလဲကာ သွေးတတောက်တောက် ကျနေ၏။

ထိုသရဲများ၏ အစားခံလိုက်ရသောလူများသည် အရိုးပင် မကျန်ခဲ့တော့ချေ။ ညှီစို့စို့ သွေးနံ့များက လှိုင်လှိုင်ထ လာသည်။

သရဲများ တစ်ကောင်ပြီး တစ်ကောင် ပြေးလာသည်။ သူတို့ကို ဝိုင်းမိသည်နှင့် ချက်ချင်း အကောင်တစ်ထောင်မျှ ရောက်လာပြီး ချက်ချင်း ဝါးမျိုနိုင်စွမ်း ရှိကြသည်။

သူတို့၏ အစွယ်များနှင့် လက်သည်းများက ထိုလူများအား တစ်စစီဖြစ်အောင် လုပ်ကြပြီး စက္ကန့်ပိုင်းအတွင်း သူတော်စင်သခင်အဆင့် တစ်ယောက်ကို စားနိုင်ကြသည်။

သူတော်စင်သခင်အဆင့်၏ ခန္ဓာကိုယ်က သံထက် အဆတစ်ရာမက မာကြောသော်လည်း ထိုသရဲများ၏ အမြင်တွင် စက္ကူတမျှ ပျော့ပျောင်းကာ သူတို့ ကိုက်သည့်ဒဏ်ကိုပင် မခံနိုင်ကြချေ။

အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများသည် ဆက်တိုက် တိုက်ခိုက်နေကြပြီး တိုက်ခိုက်ရင်း‌ နောက်ဆုတ် နေ၏။

သို့သော် ထိုသရဲများက မမောနိုင်မပမ်းနိုင်ဘဲ သူတို့အား ဆက်တိုက် သတ်ဖြတ်လာနေသည်ကို တွေ့လိုက်ရသည်။ အတောမသတ်တော့မည့်ပုံပင်။

ထိုအခိုက်တွင် အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ အကြီးအကျယ် ကြောက်လန့်သွားပြီး သူတို့၏ အပေါင်းအပါများ သွေးအိုင်ထဲ လဲကျကာ အစားခံနေရသည်ကို ကြည့်ပြီး မိမိတို့ သည်းခြေပျက်သလို ခံစားလိုက်ရသည်။

တစ်မိနစ်။ တစ်မိနစ်တည်းနှင့် သူတော်စင်သခင်အဆင့် လေးယောက် သေသွားလေပြီ။ လေးယောက်လုံး ဆိုးဆိုးရွားရွား သေသွားကြပြီး အရိုးပင် မကျန်ချေ။ ဘာအစအနမှပင် မကျန်ဘဲ သွေးများပင် အလျက်ခံရ၍ သန့်ရှင်းနေ၏။

သရဲများ တံခါးကို ဖြတ်၍ ပြေးထွက်လာပြီးနောက် တံခါးအနောက်မှ မြင်ကွင်းကို တွေ့လိုက်ရသည်။ မသေမျိုး စစ်တပ်တစ်ထပ်က မိုင်ရာချီ၍ စီတန်းနေကာ တံခါးဝထံသို့ ညီညီညာညာ ချီတက်လာနေသည်။

*ဒါ ဘယ်နှစ်ယောက်တောင်လဲ၊ တစ်သန်းလား၊ ဆယ်သန်းလား*

အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ ကိုယ့်မျက်လုံးကိုယ် ပြန်ပွတ်ကာ မယုံနိုင် ဖြစ်နေကြသည်။

*ငါတို့ ရှန်းယန်နန်းတော်ရဲ့ တံခါးကို ဖွင့်မိတာလား၊ ငရဲတံခါးကို ဖွင့်မိတာလား*

မြင်ကွင်းက တစ်ချက်ကြည့်ရုံနှင့် ကြောက်လန့်၍ ဆောက်တည်ရာမရသလို ခံစားရစေသည်။ ငရဲမှလူများ ထွက်လာသကဲ့သို့သော ကြောက်စရာကောင်းသည့် မြင်ကွင်းကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။

*ဒီလိုမိစ္ဆာတွေကို ဘယ်သူက ကိုင်လှုပ်ရဲမှာလဲ*

*ဧကရာဇ် ရောက်လာရင်တောင်မှ အမုန်းတရားကို ခံစားရလောက်တယ် ဟုတ်တယ်မလား*

သူတို့ ငေးငိုင်နေစဉ်မှာပင် နောက်ထပ် သူတော်စင်သခင်အဆင့် နှစ်ယောက်သည် သရဲများ၏ ဝါးစားခြင်း ခံလိုက်ရကာ အရှင်လတ်လတ် ကိုက်ဖြတ်ခံရသဖြင့် အော်ဟစ်လာသည်။

“ငါ ဒီမှာ မသေချင်ဘူး၊ ငါ ဒီမှာ မသေချင်ဘူး”

အသက်ရှင်နေသူများ ကြက်သီးထကာ ယန်စွမ်းအင်ကို အားကုန်လည်ပတ်စေ၍ အသည်းအန် ပြေးကြသည်။ သူတို့ သေနိုင်ပါသည်။ သို့သော် ဤနေရာ၌ မဟုတ်ပါ။ ဤမကောင်းဆိုးဝါးများ၏ အရှင်လတ်လတ် ဝါးစားခြင်းကို မခံနိုင်ပေ။

သူတို့ မြေကြီးပေါ် ပြန်တက်လာသောအခါ မူလလူဦးရေ၏ သုံးပုံတစ်ပုံပင် မကျန်တော့ချေ။ အသက်ရှင်နေသူများ အားလုံးသည်လည်း သွေးအလိမ်းလိမ်း ဖြစ်နေ၏။

ထို့နောက် ယဲ့ဖန်နှင့် အခြားသူများက သူတို့နှင့် မလှမ်းမကမ်း၌ ရပ်နေပြီး မချိုမချဉ် ပြုံးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ရူးမိုက်မှုအတွက် ထိုလူများက လှောင်ရယ်နေသလိုပင်။

All Chapters