← Chapters

အခန်း ၁၄၇၇

Vol. 99 Ch. 1477

အခန်း ၁၄၇၇

Vol. 99 Ch. 1477

Chapter 1477 ဒူးထောက်စမ်း

ယဲ့ဖန်က ယွဲ့ကျန့်ဟမ်နှင့်အတူ ယွဲ့အိမ်တော်သို့ လိုက်လာသည်။ ယွဲ့ကျန့်ဟမ်နှင့် ယွဲ့လင်းလုံတို့သည် ပွဲကျင်းပသူ အိမ်ကြီးရှင်များ ဖြစ်ကြသဖြင့် အဝတ်အစား လဲချင်ကြသည်မှာ သဘာဝပင်။ သို့သော် ယဲ့ဖန်သည် လင်းလန်နှင့် အခြားသူများ မရောက်သေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ ပျင်းရိပျင်းတွဲဖြင့် လျှောက်သွား နေလိုက်သည်။

“အစ်ကိုယဲ့”

ရုတ်တရက် လူအုပ်ထဲမှ တအံ့တဩ လှမ်းခေါ်သံ ထွက်ပေါ်လာ၏။ ယဲ့ဖန် ဘေးဘီသို့ ဝေ့ကြည့်လိုက်သောအခါ ဟွမ်ယွီလင်းက သူ့အနောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“တကယ်ပဲ ရှင်ကိုး၊ ရှင် ဘာလို့ ဒီရောက်နေတာလဲ”

ဟွမ်ယွီလင်း အလွန် ပျော်နေသည့်ပုံပေါ်ပြီး ချက်ချင်း ယဲ့ဖန်၏ ဘေးနားသို့ ရောက်လာသည်။ ဤမြင်ကွင်းက သူမဘေးနားမှ သခင်လေးများ၏ မျက်နှာကို သုန်မှုန်သွားစေသည်။

သူတို့ ဟွမ်ယွီလင်းကို စိတ်ဝင်စားနေမှန်း သိသာလှပြီး သူတို့ စတင်၍ ရန်လိုလာသည်။ ဟွမ်ယွီလင်းက နှစ်ထောင်ချီ သက်တမ်းရင့်သော အရည်မပျော်နိုင်သည့် ရေခဲတုံး ဖြစ်နေသည်က စိတ်မကောင်းစရာပင်။ သူတို့ မည်မျှ မျက်နှာလုပ်၍ ပိုးပန်းပါသော်လည်း သူမက တုပ်တုပ်မျှ မလှုပ်ချေ။

ထို့ကြောင့် ဟွမ်ယွီလင်းတွင် မတူညီသော လိင်စိတ်တိမ်းညွတ်မှုများ ရှိလေသလားဟု သူတို့ သိချင်လာကြသည်။ သို့သော် ယခု ဟွမ်ယွီလင်းက အမျိုးသားတစ်ယောက်ကို စိတ်အားထက်သန်စွာ နွေးနွေးထွေးထွေး ပြောဆို ဆက်ဆံနေသည်ကို သူတို့ တွေ့လိုက်ရလေသည်။ သူတို့အပေါ် ဆက်ဆံပုံနှင့် ယှဉ်လိုက်လျင် များစွာ ကွာခြားလှသဖြင့် သူတို့ ယဲ့ဖန်ကို တစစီ စုတ်ဖြဲချင်လာသည်။ ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ငါ လုပ်စရာကိစ္စလေး ရှိနေလို့လေ၊ အဲ့ဒါကြောင့် ဒီရောက်နေတာ”

“ဟေ့လူ ခင်ဗျား နေရာမှား လာတာလား၊ အမှိုက်ပုံက ဒီနေရာ မဟုတ်ဘူး”

ရုတ်တရက် မလိုလားသော အသံတစ်သံ ထွက်ပေါ်လာသည်။ သခင်လေးများသည် ထိုစကားကို ကြားသောအခါ ဟားတိုက် ရယ်မောကြသည်။ ထိုစကားက ယဲ့ဖန် သွားသင့်သော နေရာက အမှိုက်ပုံ ဖြစ်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

“ထန်ပင်း နင် ဘာသဘောလဲ”

ဟွမ်ယွီလင်းက ထိုလူကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ သူမ၏ အစ်ကိုယဲ့ကို ရောက်လာသည်နှင့် စော်ကားသတဲ့လား။ သူမအစ်ကိုယဲ့ကို မည်သူက လာရန်စရဲသလဲ။

“စိတ်မရှိပါနဲ့၊ ငါ ပြောလိုက်တဲ့စကားက ရင်ထဲကလာတဲ့ စကားပါ၊ ငါလည်း မတတ်နိုင်ဘူး”

ထန်ပင်းက ထီမထင်သော မျက်နှာပေးနှင့်အတူ ရယ်မောနေပြီး တမင်သက်သက် ပြန်တုံ့ပြန်စေချင်နေ၏။

“ငါက ဒီရောင်းရင်းရဲ့ ကိုယ်ကျိုးအတွက် ပြောတာပါ၊ စာရင်းထဲ မပါတဲ့လူကသာ ပွဲထဲ ရောက်နေတာကို လုံခြုံရေးက တွေ့သွားမှာကို စိုးရိမ်လို့လေ၊ သူမပါတာသာ သိရင် ချက်ချင်း မောင်းထုတ်ခံရလောက်တယ်”

“အဲ့အခါကျရင် ပိုရှက်စရာ ကောင်းမနေဘူးလား”

ဟွမ်ယွီလင်း၏ သူ့အပေါ် အရှက်ခွဲမှုကို ပြန်လက်စားချေချင်နေသည်။ သူ့ကဲ့သို့ ချမ်းသာ၍ ချောမောသောလူကို ငြင်းပယ်၍ ဆင်းရဲသားတစ်ယောက်ကို နှစ်ခြိုက်နေသည်တဲ့လား။

“ယွီလင်း ထန်ပင်း ပြောတာ မှန်တယ်၊ မင်းမိတ်ဆွေ ဝတ်စားထားတာက အရမ်း သာမန်ကာလျှံကာ ဖြစ်လွန်းတယ်၊ ဒီညစာစားပွဲနဲ့ မလိုက်ဖက်ဘူး၊ သူ့ကို တစ်ခုခု ခိုးဖို့လာတဲ့လူလို့ အထင်မှားသွားရင် မကောင်းဘူးလေ”

“အဲ့တော့ သူက ခိုးဝှက်ဖို့ ရောက်လာတယ်လို့ ပြောသလို ဖြစ်မသွားဘူးလား”

ကြမ်းကြုတ်သော ခနဲ့သံများက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအခါ ဟွမ်ယွီလင်း၏ မျက်လုံးတွင် ကြောက်စရာကောင်းသော အရိပ်အယောင်များနှင့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာသည်။

“နင်တို့အားလုံး သေချင်နေပြီလား”

ယဲ့ဖန်၏ ရန်သူများကို သူမ ရင်မဆိုင်နိုင်သော်လည်း ဤဆန်ကုန်မြေလေးများကို သူမ မရှင်းနိုင်ဟု မဆိုလိုပါ။ သူမ၏ အစ်ကိုယဲ့ကို ဤသို့ စော်ကားရဲသဖြင့် သူတို့ သေသင့်ပေသည်။

“ယွီလင်း မင်း”

ထန်ပင်းနှင့် အခြား သခင်လေးများ တုန်လှုပ်သွားပြီး ကြောက်လန့်လွန်း၍ စကားပင် မပြောနိုင်ပါ။ ဟွမ်ယွီလင်းက ငမွဲတစ်ကောင်အတွက် သူတို့ကို ဆန့်ကျင်နေသည် မဟုတ်ပါတကား။ သူတို့ကိုပါ သတ်ချင်နေ၏။

ထိုအခိုက်တွင် ယဲဖ့န်က သူမကို ဆွဲ၍ ပြုံးကာ ပြောလိုက်သည်။

“ခွေးတစ်ကောင်က မင်းကို ကိုက်တာနဲ့၊ မင်းက ခွေးကို ပြန်ကိုက်ချင်နေတာလား”

“မင်းကများ ငါတို့ကို ခွေးလို့ခေါ်ရဲတယ်ပေါ့လေ”

ထန်ပင်းနှင့် အခြားသူများ ချက်ချင်း ဒေါသထွက်သွားကြပြီး ယဲ့ဖန်အား စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်လာကာ ထိုအကြည့်တွင် အမုန်းတရားများ ပြည့်နှက်နေသည်။

သူတို့ ဟွမ်ယွီလင်းကို ကြောက်ပါသည်။ အကြောင်းမှာ သူမ၏ ခွန်အားနှင့် နောက်ခံကြောင့်ပင်။ သို့သော် သူတို့ အမြင်တွင် ယဲ့ဖန်သည် အမှိုက်တစ်ကောင်၊ ဆင်းရဲသားတစ်ယောက်သာ ဖြစ်သည်။

ဟွမ်ယွီလင်းကြောင့် ယခု သူ့ကို ရိုက်နှက်ချင်နေသည့် သခင်လေးများ၏ ရန်ကို ရှောင်ရှားနိုင်နေခြင်း မဟုတ်ပါလော။

“ငါတို့ နာမည်တောင် တပ်မပြောရသေးဘူး၊ မင်းတို့က ရောက်လာတာနဲ့ လူကိုကိုက်နေတာလား၊ ပြီးတော့ မင်းတို့ ပါးစပ်ထဲမှာ ချေးတွေနဲ့ ပြည့်နေတာပဲ၊ အဲ့ဒါ ခွေး မဟုတ်ဘူးလား”

ယဲ့ဖန်က သရော်လိုက်သည်။

“အဲ့တော့ မင်းတို့က ခွေးတောင် ရိုးရိုးမဟုတ်ဘူး ခွေးရူးအုပ်ကြီး၊ ချေးစားတဲ့ ခွေးရူးအုပ်ကြီး”

ထန်ပင်းနှင့် အခြားသူများ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။

*ဒီကောင့် ပါးစပ်က တော်တော် အဆိပ်ပြင်းတာပဲ*

သူတို့အားလုံး ယဲ့ဖန်ကြောင့် ဓားထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

“သေချင်နေတာပဲ”

ထန်ပင်း ချက်ချင်း ပေါက်ကွဲကာ ယဲ့ဖန်၏ မျက်နှာကို ပိတ်ထိုးလေသည်။ နဂါးအသွင်ပြောင်းခြင်း အဆင့် တစ်ယောက် ဖြစ်သောကြောင့် ဤလက်သီးချက်က သာမန်လူကို ပွဲချင်းပြီးအောင် လုပ်နိုင်ရန် လုံလောက် ပေသည်။ သူ၏ မျက်နှာတွင် ဆိုးယုတ်သော အပြုံးတစ်ခု ချိတ်ဆွဲထားပြီး မျက်နှာထားက ပို၍ ကြမ်းကြုတ် လာသည်။

“နင် ဘာလုပ်ချင်တာလဲ”

ဟွမ်ယွီလင်းက ယဲ့ဖန်ရှေ့ ပိတ်ရပ်လိုက်ပြီး သူမမျက်လုံးတွင်း၌ လူသတ်ချင်စိတ်က တပွက်ပွက် ထနေသည်။ ဤသည်ကိုမြင်သော် ထန်ပင်း အံ့ဩသွားသည်။ ထို့နောက် သူ့မျက်နှာတွင် အထင်သေးရိပ်များ ကြီးစိုးလာ၏။

“အမှိုက်ကောင် မိန်းမအနောက်မှာ ပုန်းနေတာလား၊ မင်းက ဘယ်လို ယောကျ်ားမျိုးလဲ”

“ဝုန်း”

ထိုစဉ် ယဲ့ဖန်၏ လှုပ်ရှားပုံကို မမြင်လိုက်ရဘဲ ထန်ပင်း လွင့်ထွက်သွားပြီး တိုင်နှင့်ခေါင်း သွားဆောင့်လေသည်။ သူ၏ ပခုံးရိုး တစ်ခုလုံး ကြေမွသွားပြီး သွေးများ ပန်းထွက်လာသည်။

“အား…”

ပြင်းထန်လှသော နာကျင်မှုအား သူ့အား စုတ်ဖြဲသလို ဖြစ်နေပြီး ချက်ချင်း နာကျင်စွာ အော်ဟစ်လာစေသည်။ ရုတ်တရက် လူတိုင်း အံ့အားသင့်သွားကြသည်။

ယဲ့ဖန် မည်သို့ လုပ်လိုက်သနည်း။ အဘယ်ကြောင့် သူတို့ ဘာမှ မမြင်လိုက်ရသနည်း။

*ထူးဆန်းတယ်*

*ဒါ ထူးဆန်းလွန်းတယ်*

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သူတို့ ယန်စွမ်းအင် စီးဆင်းမှုကို သူတို့ မခံစားရပေ။ ထို့ကြောင့် သူတို့ ယဲ့ဖန်အား အမှိုက်ကောင်ဟု မသိစိတ်မှ သတ်မှတ်ခဲ့ကြသည်။ မမျှော်လင့်ဘဲ ဤအမှိုက်ကောင်က ထန်ပင်းကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။

ထန်ပင်းက မသန်မာသော်လည်း နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူ ဖြစ်သည်။ ယဲ့ဖန်က သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။

“အခု ငါ့ကို ယောက်ျားလို့ မင်း ထင်ပြီလား၊ မင်း မထင်သေးရင်လည်း ငါ နည်းနည်းလောက် ပိုယောကျ်ားဆန်ပြလို့ ရပါတယ်”

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်မယ်ကွ”

ထန်ပင်းသည် အဆက်မပြတ် သွေးအန်နေပြီး မုန်းတီးစွာဖြင့် အံကြိတ်ထားမိသည်။ သူ ယခင်က ဤသို့ တစ်ခါမှ အရိုက်မခံရဖူးပါ။

*ဒီခွေးမသား ငမွဲက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ*

*ခွင့်မလွှတ်နိုင်ဘူး၊ လုံးဝ ခွင့်မလွှတ်နိုင်ဘူး*

“ငါ့ကို သတ်မယ် ဟုတ်လား”

ယဲ့ဖန်က ပြုံး၍ ထန်ပင်းထံ လျှောက်သွားသည်။

“မင်းက ငါ့ကို သတ်ချင်နေမှတော့ ငါ့လက်ထဲ မင်း သေသွားရင် စောဒက တက်စရာ အကြောင်းမရှိလောက်ဘူး မဟုတ်လား”

*ဘာ*

*ဒီလူက ယွဲ့မိသားစုရဲ့ ညစာစားပွဲမှာ လူသတ်ချင်နေတာလား၊ သူ ရူးနေပြီလား”

တဖြည်းဖြည်း လှမ်းလာနေသော ယဲ့ဖန်ကိုကြည့်ပြီး ထန်ပင်း ခေါင်းမွေးထောင်သွားသည်။ အထူးသဖြင့် ရေခဲကန်တမျှ အေးစက်နေသော ယဲ့ဖန်၏ မျက်လုံးများကို မြင်သောအခါ သူ ကြောက်လန့်၍ အော်ဟစ်လုနီးပါး ဖြစ်သွားရသည်။

*ဒီလူ … သူ အတည်ပြောနေတာပဲ*

တစ်ကြိမ် မကောင်းပြောသည်၊ လျစ်လျူရှုလိုက်သည်။ နှစ်ကြိမ်ပြောသောအခါ ရိုက်နှက်လိုက်သည်။ သုံးကြိမ် ပြောသောအခါ တစ်သက်လုံး ပါးစပ်ပိတ်အောင် လုပ်ရပေမည်။ ယဲ့ဖန်က သူ့ကို အခွင့်အရေး ပေးခဲ့သည်။

“ခွေးမသား မင်း ဘာလုပ်ချင်တာလဲ၊ ငါ မင်းကို သတိပေးလိုက်မယ်၊ ငါက ထန်မိသားစုရဲ့ အကြီးဆုံးသားပဲ၊ မင်း ငါ့ကို လက်တစ်ချောင်းနဲ့ပဲ ထိကြည့်လိုက်၊ မင်း တစ်မိသားစုလုံး သေစေရမယ်လို့ ငါ အာမခံတယ်”

ထန်ပင်း ဒေါသတကြီး‌ အော်ဟစ်လာသည်။

*ဒီလူ အရမ်း ရူးနေပြီ၊ သူက ယွဲ့မိသားစုရဲ့ မြေမှာတောင် ပြဿနာရှာရဲတယ်လား၊ သေချင်နေတာပဲ*

“ယွီလင်း မြန်မြန်လုပ် အဲ့အရူးကို ထန်ပင်းကို တောင်းပန်ခိုင်းလိုက်၊ မဟုတ်ရင် သူ သေလိမ့်မယ်၊ ထန်ပင်းရဲ့ မိသားစုက ထန်မင်လီရဲ့ အမျိုးဟ”

“ဟုတ်တယ် ထန်ပင်းကို ရန်စလိုက်ရင် သူ့အတွက် ဒီအင်ပါယာမှာ နေရာမရှိတော့ဘူး၊ သူ မိုးမြေအဆုံးအထိ ပြေးရင်တောင်မှ သေဘေးက မလွတ်နိုင်ဘူး”

“ဟေ့ကောင် ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေ ဖြစ်မလာခင် ဒူးထောက်လိုက်စမ်း”

အခြား သခင်လေးများ တစ်ယောက်ပြီး တစ်ယောက်က ကြိမ်းမောင်းလာသည်။ ထန်ပင်းကို ဒဏ်ရာရအောင် လုပ်ပြီး ယွဲ့မိသားစု၏ နယ်မြေအတွင်း၌ လူသတ်ချင်သည်တဲ့လား။ သည်ကောင် အတော် အတင့်ရဲတာပဲ။

ထိုစကားကိုကြားသော် ထန်ပင်းသည် ယခင်အတိုင်း ပြန်လည် မောက်မာပုံ ပေါ်လာပြီး ယဲ့ဖန်အား ရန်စသလို ကြည့်လေသည်။

“ဟေ့ကောင် မင်း ကြားတယ်မလား၊ မင်း မသေချင်ရင် ဒီသခင်လေးကို ချက်ချင်း ဒူးထောက်လိုက်စမ်း၊ မင်းရဲ့ ခွေးတစ်ကောင်လို အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးကောင်း စဉ်းစားပေးမယ်”

ယဲ့ဖန် အညံ့ခံလိမ့်မည်ဟု ထင်နေသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ဤအင်ပါယာတွင်း၌ ဖျင်အန်းမြို့မှ ထန်မိသားစု၏ ရန်သူအဖြစ် မည်သူက နေရဲသနည်း။

“မင်း ပြောလို့ပြီးပြီလား”

ယဲ့ဖန်က သူ့အား မထူးခြားနားစွာ ကြည့်လိုက်သည်။

“ပြောလို့ပြီးရင် သေလို့ရပြီ”

ထန်ပင်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ယုံရခက်စွာ ပြောလိုက်သည်။

“သောက်မျိုးမစစ်ကောင် မင်း မကြားလိုက်ဘူးလား၊ ငါ့နောက်မှ ဖျင်အန်းမြို့က ထန်မိသားစု ရှိတယ်ကွ၊ မင်း ငါ့ကို ထိရဲရင် မင်း သေစေရမယ်လို့ ငါ အာမခံတယ်”

သူက ဖျင်အန်းမြို့မှ ထန်မိသားစုနှင့် ဆွေမျိုးတော်သည်ဟု သိပြီးတာတောင်မှ တစ်ဖက်လူက သူ့ကို သတ်ရဲ သေးတယ်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာပြီး မယုံသင်္ကာ ဖြစ်လာကြသည်။

*ဒီလောကမှာ ထန်မိသားစုကို မကြောက်တဲ့လူ ရှိသေးတာလား*

*မဟုတ်သေးပါဘူး ဒီလောကမှာ ယဲ့ဘုရင်ကို မကြောက်တဲ့လူ ရှိသေးတာလား*

ယဲ့ဖန်သည် အရေးမပါသော စကားများ ပြောရမည်ကို အလွန် ပျင်းရိသဖြင့် ခြေထောက်ကိုသာ မြှောက်၍ ထန်ပင်း၏ ဦးခေါင်းကို နင်းရန် ပြင်လေသည်။ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ တောက်လောင်နေ၏။

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

*ဒီလူက တကယ် ထန်မိသားစုနဲ့ တိုက်ခိုက်ချင်တာလား၊ ဒါ တော်တော် အတင့်ရဲတာပဲ*

“ငါ့ယွဲ့မိသားစုရဲ့ မြေမှာ ပြဿနာ ရှာရဲတယ်ပေါ့လေ၊ မင်းတို့အားလုံး‌ သေချင်နေပြီလား”

ထိုအခိုက်တွင် ညင်သာ၍ အေးစက်သော အသံတစ်သံက ယွဲ့အိမ်တော်၏ ခန်းမတွင်းသို့ ပဲ့တင်ထပ်လာကာ လေအေး တစ်ချက် တိုက်ခတ်လာသကဲ့သို့ လူအများအား အေးစိမ့်သွားစေသည်။

လူတိုင်း အလန့်တကြား လှမ်းကြည့်လိုက်သည်။ ထိုအခါ လူငယ်တစ်ယောက်က အထင်သေး စက်ဆုပ်သော မျက်နှာထားနှင့် ရောက်လာပြီး ယဲ့ဖန်နှင့် အခြားသူများအား အထက်စီးဖြင့် ကြည့်လေသည်။

ထိုအကြည့်က သူ ဖိသတ်လိုက်ရုံနှင့် သေနိုင်သည့် ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ ဘဝင်မြင့်၍ အထင်သေးဟန် များနှင့် ပြည့်နေသည်။ ယွဲ့မိသားစုသာလျင် ကြီးမြတ်သာလွန်နေသလိုပင်။

ထိုလူကိုမြင်သည်နှင့် လူတိုင်း ချက်ချင်း အမူအရာ ပြောင်းလဲသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထိုလူသည် ယွဲ့မိသားစု၏ ဆယ်စုနှစ်အတွင်း တစ်ကြိမ်သာလျင် မွေးဖွားလာသည့် ပါရမီရှင်ဟု ဆိုရပေမည်။

စီးပွားရေး လုပ်ကိုင်ရာ၌ ဖြစ်ထွန်းကာ ကြီးပွားချမ်းသာသည်။ စာပေလည်း ထူးချွန်၍ နာမည်ကျော် တက္ကသိုလ် တစ်ခု၌ အချိန်ပိုင်း ပါမောက္ခအဖြစ် သင်ပြပေးသည်။ သိုင်းပညာကိုလည်း ကျင့်ကြံကာ အသက်သုံးဆယ်ဖြင့် ဘုရင်အဆင့် ရောက်နေလေပြီ။

ယွဲ့ရှန်းရူ၏ ဘဝက သူတော်စင်အလင်းများ ဝန်းရံထားသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ယွဲ့ကျန့်ဟမ်က ယွဲ့မိသားစု၏ အနာဂတ် မိသားစုခေါင်းဆောင် နေရာအား သူ့ထံ လွှဲအပ်ထားသည်။ အနာဂတ်တွင် ယွဲ့မိသားစုတွင်းမှ အရာအားလုံးကို သူ ပိုင်ဆိုင်ပေတော့မည်။

ယွဲ့ရှန်းရူ ပေါ်လာသည်ကိုမြင်သော် လူတိုင်း ချက်ချင်း လေးစားအားကျသော အကြည့်များဖြင့် ကြည့်လာကြပြီး သူ့အား အရှင်လတ်လတ် ဝါးစားချင်နေသည်ဟုပင် ထင်မှတ်မှားရသည်။

အဘယ်ကြောင့်ဆိုသော် ယွဲ့ရှန်းရူသည် မိသားစုနောက်ခံ တောင့်ရုံသာမက ရုပ်ရည်ကလည်း အလွန် ချောမောသောကြောင့်ပင်။ ဇာတ်လမ်းတွဲများထဲမှ မင်းသားတစ်ယောက်ဟု ထင်မှတ်မှားရသည်။ ထို့ကြောင့် သူ့အား ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဟု နာမည်ပြောင် ပေးထားကြသည်။

ယွဲ့မိသားစုသည် ကျုံးကျိုး အင်ပါယာတွင်းမှ နယ်ခံ အင်အားစု မဟုတ်ပေ။ သူတို့ နိုင်ငံမှ အခြားမိသားစုနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သဖြင့် ကျုံးကျိုး အင်ပါယာသို့ ပြောင်းရွှေ့လာခဲ့ရခြင်း ဖြစ်လေသည်။

သို့သော် ယှဉ်ပြိုင်မှု၌ ရှုံးနိမ့်သော်ငြားလည်း သူတို့သည် အင်ပါယာတွင်း၌ အင်အားကြီးကာ မိသားစုတွင်း၌ သူတော်စင်သခင်အဆင့် ဆယ်ယောက်နီးပါး ရှိသည်။

ယွဲ့ရှန်းရူ ပေါ်လာသည်ကိုမြင်သော် ထန်ပင်း၏ မိတ်ဆွေများက ထီမထင်သော အပြုံးများ ပြုံးလာ၏။

*ယွဲ့မိသားစုရဲ့ နယ်မြေထဲမှာ ပြဿနာ ရှာရဲတယ်ပေါ့၊ အခု ယွဲ့ရှန်းရူထံမှ မိပြီဆိုတော့ သူ အသက်ရှင် ဦးပါ့မလား*

ယဲ့ဖန် သေလိမ့်မည်ဟု သူတို့အားလုံး သိလိုက်ကြသည်။ ယွဲ့ရှန်းရူ ပေါ်လာသည်ကိုမြင်သော ထန်ပင်းသည် ကြောင်ကိုမြင်သော ကြွက်သဖွယ် ခိုက်ခိုက်တုန်သွားသည်။

သူသည် ထန်မင်လီနှင့် အမျိုးတော်သည်ဟု ပြောနေသော်ငြားလည်း တကယ်တမ်းတွင် သူ့ဖခင်က ထန်မင်လီနှင့် တစ်ရွာတည်း ကြီးပြင်းရုံမျှသာ ဖြစ်ပြီး အမျိုးပင် မတော်ချေ။ ခွန်အားနှင့် နောက်ခံအရ ယွဲ့မိသားစုကို လုံးဝ မယှဉ်နိုင်ပေ။

ထိုစဉ် ယွဲ့ရှန်းရူက ယဲ့ဖန်နှင့် ထန်ပင်းကိုကြည့်၍ အမိန့်ပေးလာ၏။

“ဒူးထောက်စမ်း”

All Chapters