အခန်း ၁၄၇၉
Vol. 99 Ch. 1479
Chapter 1479 ယွဲ့မိသားစုက စိတ်ရင်းအတိုင်း မဟုတ်ဘူး
သွေးစက်များက လေထဲ မျောလွင့်နေပြီး အဆိုပါ မြင်ကွင်းက ယွဲ့ရှန်းရူနှင့် အခြားသူများအား ကြောက်ရွံ့ သွားစေသည်။
ယဲ့ဖန်ကို ခွေးသေတစ်ကောင်သဖွယ် ရိုက်သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိခဲ့သော ယွဲ့ရှန်းရူသည် ယဲ့ဖန်၏ လက်ချက်ဖြင့် ရိုက်နှက်ခံရပြီး အရိုးပါ ကျိုးသွားရသည်။
ဤမြင်ကွင်းက ရူးချင်စဖွယ် ကောင်းလှသည်။ လူတိုင်း၏ အမူအရာများက အလွန် မှင်တက်ဟန် ပြနေ၏။ အထူးသဖြင့် ယွဲ့ရှန်းရူကို သဘောကျနေသူများပင်၊ သူတို့၏ မျက်နှာများက ဖြူရော်နေပြီး လည်ပင်းကို တစ်ယောက်ယောက် လာညှစ်ထားသကဲ့သို့ ခံစားနေရကာ ဘာမှမပြောနိုင်ကြချေ။
“ဘုန်း”
ယွဲ့ရှန်းရူ၏ တစ်ကိုယ်လုံး ကွေးညွတ်သွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကျကာ သွေးတစ်လုပ် အန်လာသည်။
*ဒူးထောက်တယ်*
*ယွဲ့ရှန်းရူက တကယ်ကြီး ဒူးထောက်တယ်လား*
ထိုသို့သောအချိန်၌ ဘေးလူများအားလုံး ထိတ်လန့်နေကြသည်။ ယွဲ့မိသားစု၏ သားကြီးဖြစ်သူ၊ ယွဲ့မိသားစု၏ ဆက်ခံသူ အလောင်းအလျာက ဤသို့ ဘာမဟုတ်သောလူတစ်ယောက်ထံ၌ ရှုံးနိမ့်သွားသည် တဲ့လား။
ထန်ပင်း အံ့ဩနေ၏။ ယွဲ့ရှန်းယူသည်လည်း အံ့ဩနေ၏။ လူတိုင်းနီးပါး အံ့ဩနေကြလေသည်။
*ဒီလူက လုံးဝ လူသားမဟုတ်ဘူး*
*ဒီလို သန်မာတဲ့ ရုပ်ခန္ဓာကိုယ်က ငါတို့ ထင်ထားတာထက် ကျော်လွန်နေတာ၊ ဒီလူက နတ်ဆိုးပဲ*
“ဒေါက် ဒေါက် ဒေါက်”
ထိုစဉ် ယဲ့ဖန်က ယွဲ့ရှန်းရူထံ ကြောက်စရာကောင်းသော မျက်နှာထားနှင့် ဖြည်းဖြည်းချင်း လျှောက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“မင်း … မင်း ဘာလုပ်ချင်တာလဲ၊ ငါက ယွဲ့မိသားစုရဲ့ တတိယ သခင်လေးပဲ၊ မင်း ငါ့ကို သတ်လိုက်ရင် ယွဲ့မိသားစုနဲ့ ရန်သူ ဖြစ်သွားပြီ”
ယွဲ့ရှန်းရူက ကြောက်လန့်နေသော မျက်နှာထားနှင့်အတူ စိုးရိမ်တကြီး နောက်ဆုတ်လေသည်။
*ဒီလူက လူကိုမဟုတ်တာ*
*ကြောက်ဖို့ကောင်းတယ်*
ဤမျှ ကြောက်စရာကောင်းသောသူကို သူ့ဘဝ၌ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။
“ဖြောင်း”
ပါးရိုက်လိုက်သည့် အသံနှင့်အတူ ယွဲ့ရှန်းရူ လွင့်ထွက်သွားပြီး ညာဘက် ပါးရိုးတစ်ခုလုံး ချိုင့်ဝင်သွားကာ သွေးအန်လာပြီး သွေးထဲ၌ သွားစများပါ ပါလာလေသည်။
“နာကျင်မှုက သင်ကြားရေးအတွက် အထိရောက်ဆုံး နည်းလမ်းပုံစံလို့ ငါ အမြဲ ထောက်ခံတဲ့သူပဲ၊ အခု မင်းလိုနေတာက သင်ကြားရေး မဟုတ်ဘူး … သင်ခန်းစာပဲ”
“ရွှစ်”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ ပုံရိပ်က ယွဲ့ရှန်းယူရှေ့သို့ ရောက်လာပြီး ဒူးနှင့် ပစ်တိုက်လေသည်။
“ဘုန်း”
မသဲမကွဲ အသံနှင့်အတူ ယွဲ့ရှန်းရူတစ်ယောက် ဝမ်းဗိုက် နာကျင်သွားပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားပြန်သည်။ မျက်လုံး သူငယ်အိမ် ပြူးကျယ်လာပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
“ခွပ် ခွပ် ခွပ်”
ပြင်းထန်သော လက်သီးချက် တစ်ချက်ပြီးတစ်ချက်က ယွဲ့ရှန်းရူ၏ ခန္ဓာကိုယ်ထံသို့ သည်းကြီးမည်းကြီး ကျရောက်လာသည်။
တစ်စက္ကန့်အတွင်း လက်သီးချက် သုံးချက် ကျရောက်လေသည်။ ၎င်းတို့က မြန်ဆန်တိကျပြီး အလွန် ပြင်းထန်ကာ ယွဲ့ရှန်းရူ၏ ခန္ဓာကိုယ်ပေါ် အဆက်မပြတ် ကျဆင်းလာလေသည်။
ပခုံးရိုး၊ တံတောင်ဆစ်၊ လက်မောင်း။ ပြင်းထန်သော လက်သီးချက်များက သူ့အား လွှမ်းခြုံနေ၏။ မကြာခင်မှာပင် ယွဲ့ရှန်းရူ၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်လာပြီး သွေးများက ယဲ့ဖန်၏ မျက်နှာကို သွားစင်သည်။
အရိုးများ ကျိုးကုန်ပြီး ခြေလက်များ တွန့်လိမ်နေကာ အသားများ ဖွာလန်နေ၏။ သူ ခွန်အားမဲ့နေသည်။ တစ်ချက်ကလေးမှ ပြန်မခုခံနိုင်ဘဲ ဖိနှိပ်ခံခဲ့ရသည်။
ဤသည်ကိုမြင်သော် လူတိုင်း ထအော်ကြပြီး မျက်နှာတွင် သွေးပျက် ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းနေကာ အော်နေရာမှ သတိလစ်လုနီးပါးအထိ ကြောက်လန့်နေသည်။
*ဒီလူက နတ်ဆိုးပဲ၊ ဒီလို ရက်စက်မှုမျိုးက ရူးချင်စရာ ကောင်းလွန်းတယ်*
*လူတစ်ယောက်လုံး အတင်း လေထဲလွင့်လွင့်သွားပြီး မြေကြီးပေါ်တောင် ပြန်မကျနိုင်တာ*
*ဒီမြင်ကွင်းမျိုးက ဘယ်လောက် သွေးထွက်သံယိုများပြီး ရက်စက်လွန်းလိုက်သလဲ*
*သွားပြီ*
မာနကြီးသော ယွဲ့ရှန်းယူ ယနေ့ ဤနေရာ၌ ရှုံးနိမ့်တော့မည့်ပုံပင်။ လူတိုင်း ထပ်မံ၍ တုန်လှုပ်လာပြီး မျက်နှာများ ပို၍ ဖြူရော်လာသည်။
တစ်ဖက်တွင်မူ ထန်ပင်းသည် ကြက်သီးမွေးညင်းထနေပြီး မျက်လုံးတွင် အလွန်တရာ ကြောက်လန့်ဟန်များ စိုးမိုးနေသည်။
*ဒီလူက သူတော်စင်သခင်အဆင့်လား*
*အဲ့လိုလူမျိုးကို ငါ ခုနက ရန်စလိုက်မိတယ်ပေါ့ … သွားပြီ*
*ငါတော့ သွားပြီ*
“ရပ်လိုက်စမ်း”
ရုတ်တရက် တစ်နေရာမှ ကျယ်လောင်သော အော်ဟစ် အမိန့်ပေးသံ ထွက်ပေါ်လာ၏။ ယွဲ့ကျန့်ဟမ်နှင့် ယွဲ့လင်းလုံတို့သည် အဝတ်အစားများ လဲလှယ်ပြီးသွားပြီး ဧည့်သည်များကို ကြိုဆိုရန် ထွက်လာကြသည်။ သို့သော် အပြင်သို့ ထွက်လာသည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့၏ မျက်နှာများ အလွန် သုန်မှုန် သွားလေသည်။
ထိုအခါ ယဲ့ဖန် ရပ်လိုက်ပြီး ယွဲ့ရှန်းယူအား ခွေးသေတစ်ကောင်သဖွယ် မြေကြီးပေါ် ပစ်ချလိုက်ပြီး ခံစားချက် ကင်းမဲ့စွာ လှမ်းကြည့်လိုက်သည်။
“ဘိုးဘိုး ကျွန်တော့အတွက် ဒီမျိုးမစစ်ကောင်ကို သတ်ပေးပါ၊ ကျုပ် သူ့ကို အသေသတ်ချင်တယ်”
ယွဲ့ကျန့်ဟမ် ပေါ်လာသည်ကိုမြင်သော် ယွဲ့ရှန်းရူက ဒေါသတကြီး အော်ဟစ်ပြီး စိတ်ထိခိုက်၍ ငိုတော့မယောင် ဖြစ်နေလေသည်။
သူသည် ကလေးဘဝကတည်းမှစ၍ ဤသို့ တစ်ခါမှ တိရစ္ဆာန်သဖွယ် အနိုင်ကျင့်မခံရဖူးပါ။ ယဲ့ဖန်က သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူခဲ့ရုံသာမက သူ၏ မာနနှင့် စိတ်ဓာတ်ကိုပါ အနိုင်ယူ ရိုက်ချိုးခဲ့သည်။ သူ ယဲ့ဖန်ကို မသတ်ရလျင် စိတ်အေးနိုင်မည် မဟုတ်ပါ။
“ဟားဟားဟား ယွီလင်း မင်း တော်တော် ကံဆိုးတာပဲ၊ ယွဲ့ကျန့်ဟမ် ထွက်လာပြီဆိုတော့ မင်းတို့ သေရတော့မှာ”
ထန်ပင်းက အားပါးတရ ရယ်မောလေသည်။ သူ သေရလိမ့်မည်ဟု ထင်ထားသော်လည်း မျှော်လင့်ချက် ရောင်ခြည် ပေါ်ထွက်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။
ယွဲ့ကျန့်ဟမ် ပေါ်ထွက်လာမှုက သူ့အား ကြီးမားသော ယုံကြည်မှုကို ပေးစွမ်းလာသည်။
“မင်း အဲ့အဘိုးကြီးကို မြင်လား၊ သူက ထို့ပါဟူ၊ အင်ပါယာရဲ့ တောင်ဘက်ခြမ်းက ထိပ်တန်း သုံးယောက်ထဲက လူပေါ့၊ အဲ့ကောင်က မဆိုသလောက်လေး စွမ်းတာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ အဲ့အဘိုးကြီးကို သွားရန်စရင်တော့ အဲ့ကောင် သေချာပေါက် သေမှာ”
“ငါသာ မင်းဆိုရင် အဲ့ကောင်နဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်မှာ၊ အဲ့ဒါမှာ ကိုယ်ပါ ဆွဲချမခံရမှာ၊ ဟားဟား”
သို့သော် ယဲ့ဖန်က တည်ငြိမ်မြဲ တည်ငြိမ်နေပြီး တုပ်တုပ်မျှ မလှုပ်ချေ။ ဤအပြုအမူက လူတိုင်း၏ အမြင်တွင် မောက်မာလွန်းသော အပြုအမူဟု ထင်နေကြသည်။
*ယွဲ့ကျန့်ဟမ် ရောက်လာတာတောင် သူက ရိုးရိုးသားသား မတောင်းပန်တဲ့အပြင် တစ်လောကလုံးကို ပိုင်စိုးသော အရှင်သခင်ဟန် ဖမ်းထားသေးတယ်၊ သေချင်နေတာပဲ*
ထို့အတူ ယွဲ့ကျန့်ဟမ်၏ ဘေးနားမှ ထို့ပါဟူကို မြင်ပြီး လူတိုင်း၏ လှောင်ပြုံးများက ပိုပို၍ ပီပြင်လာ၏။
*ဒီအဘိုးကြီးက တောင်ဘက်ခြမ်းမှာ အချိန်အကြာကြီး နာမည်ကျော်နေတဲ့လူ၊ သူ့လက်အောက်မှာ ဘယ်သူမှ ဆယ်ကွက်ထပ် ပိုမတိုက်နိုင်ဘူး၊ အဲ့တော့ ပြိုင်ဘက်ကင်းလို့တောင် ခေါ်လို့ရနေပြီ*
ယဲ့ဖန် သူ့နှင့် ရင်ဆိုင်ရလျင် သေလမ်းတစ်ခုတည်းသာ ရှိတေပတော့မည်။
“မင်း သူ့ကို သတ်ချင်တယ်လို့ ပြောလိုက်တာလား”
ယွဲ့ကျန့်ဟမ်က ယွဲ့ရှန်းရူကို သုန်မှုန်နေသော မျက်နှာထားနှင့် မေးလိုက်သည်။
“ဘိုးဘိုး သူ့ကို ချက်ချင်း သတ်ပစ်လိုက်ဖို့ မလိုပါဘူး၊ သူ့ခြေထောက်တစ်ဖက်ကို အရင်ချိုးလိုက်၊ သူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီးမှ ကျွန်တော် သူ့ကို ပျော်ပျော်ကြီး နှိပ်စက်မယ်”
ယွဲ့ရှန်းရူ ပြုံးဖီးနေ၏။ ယဲ့ဖန်က သူ့ကို အကြီးအကျယ် အရှက်ရအောင် လုပ်ခဲ့သည်။ ထို့ကြောင့် သူ ယဲ့ဖန်ကို လွယ်လွယ်နှင့် ပေးမသေစေလိုပါ။ ထိုသို့သော သေခြင်းတရားက ယဲ့ဖန်နှင့် မထိုက်တန်ပေ။
“ကောင်းပြီလေ ဒါဆိုလည်း ခြေထောက်ကို ရိုက်ချိုးရတာပေါ့”
ယွဲ့ကျန်ဟမ်က ခေါင်းညိတ်၍ အသံမာမာဖြင့် ပြောလိုက်သည်။ ထို့နောက် သူ့ဘေးနားမှ ထို့ပါဟူက ချက်ချင်း လှုပ်ရှားလာသည်။
“ဟားဟားဟား အရူးကောင်၊ ဒီတစ်ခါတော့ မင်း သေချာပေါက် သေပြီ၊ မင်း ဘယ်လို မောက်မာဦးမလဲ ငါ ကြည့်ဦးမယ်”
ဤသည်ကိုမြင်သော် ယွဲ့ရှန်းရူက အားပါးတရ ရယ်မောလိုက်သည်။ သို့သော် တစ်ခဏအတွင်း သူ၏ အပြုံးက အေးခဲသွားပြီး မျက်နှာတွင် အလွန်တရာ ကြောက်လန့် သွေးပျက်ဟန် ပေါ်လာ၏။
“အဘိုးထို့ပါ ဘာလုပ်တာလဲ၊ ကျွန်တော် မဟုတ်ဘူးလေ၊ ခင်ဗျား မှားနေပြီ မဟုတ်ဘူးလေ”
“ဂျွတ်”
ယွဲ့ရှန်းရူ အော်ဟစ်ရင်းနှင့် ထို့ပါဟူက သူ၏ ခြေထောက်တစ်ဖက်အား ချိုးပစ်လိုက်သည်ကို ကြည့်နေ လိုက်ရသည်။
လူတိုင်း ကြက်သေ သေသွားရသည်။ လက်ရှိတွင် အားလုံး အမြင်မှားနေသလား စစ်ဆေးရန် မျက်လုံးကို လက်ဖြင့် ပွတ်သပ်ပြီး ပြန်ကြည့်ကြသည်။
*ထို့ပါဟူက တကယ်ကြီး ယွဲ့ရှန်းရူကို ခြေထောက်ချိုးလိုက်တာလား*
*ဘာတွေဖြစ်နေတာလဲ*
“ဘိုးဘိုး သူ့ကို တားပါ၊ သူ့ကို မြန်မြန် ရပ်ခိုင်းလိုက်ပါ”
ယွဲ့ရှန်းရူက ယွဲ့ကျန့်ဟမ်အား အသည်းအသန် ကြောက်လန့်တကြား အော်ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား”
ယွဲ့ကျန့်ဟမ်က သုန်မှုန်နေသော မျက်နှာထားနှင့် ငေါက်လေသည်။ ယွဲ့ကျန့်ဟမ် တစ်ကိုယ်လုံး တုန်သွားပြီး ကြောက်လန့်ကာ ထပ်မပြောရဲတော့ဘဲ အမူအရာက အေးစက် တောင့်တင်းသွားသည်။
သူ့အဘိုးက သူ ဒုက္ခိတဖြစ်သည်ကို မတတ်သာစွာ ကြည့်နေပြီး အဆုံးသတ်တွင် ဆုံးမခံရသူက သူ ဖြစ်နေလေသည်။
ထို့နောက် ယွဲ့ကျန့်ဟမ်က ယဲ့ဖန်ထံသို့ သုန်မှုန်နေသော မျက်နှာထားဖြင့် ခပ်သွက်သွက် လျှောက်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ သို့သော် ဆက်လက် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်သွားစေ၏။
ယွဲ့ကျန့်ဟမ်က သုန်မှုန်နေသော မျက်နှာထားနှင့် ယဲ့ဖန်ထံ လျှောက်သွားသဖြင့် သူ ယဲ့ဖန်နှင့် စာရင်းရှင်း တော့မည်ဟု လူတိုင်း ထင်သွားကြသည်။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူက ယဲ့ဖန်ကို ဦးညွှတ်လေသည်။
“လူကြီးမင်း … ခွင့်လွှတ်ပေးပါ”
လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။ အားလုံး မျက်တောင် တဖျပ်ဖျပ်ခတ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။
*ယွဲ့ကျန့်ဟမ်က ဒီကောင့်ကို တကယ် ဦးညွှတ်လိုက်တာလား*
*ပြီးတော့ အမူအရာက အရမ်း ရိုကျိုးနေသလားလို့*
*ယွဲ့ကျန့်ဟမ်လို လူကတောင် လေးစားရတယ်ဆိုတော့ ဒါ ဘယ်လို ဖြစ်ရတာလဲ*
အားလုံး၏ မျက်နှာများက ရီဝေထိုင်းမှိုင်းလာပြီး ကြောက်လန့်လာကြသည်။ ချက်ချင်းဆိုသလိုပင် အဘယ်ကြောင့် ယွဲ့ကျန့်ဟမ်က သူ့မြေးကို ထို့ပါဟူ ဒုက္ခိတဖြစ်အောင် လုပ်နေသည်ကို ရပ်ကြည့်နေရသည့် အကြောင်းရင်းအား သူတို့ နားလည်သွားကြသည်။
အကြောင်းမှာ သူ့အရှေ့မှလူကို စိတ်ကျေနပ်စေရန် အလို့ငှာ သူ့မြေးကို စတေးရန် ထိုက်တန်သောကြောင့် ဖြစ်ပေသည်။
*ဒီလူမှာ သာမန်မဟုတ်တဲ့ နောက်ကြောင်း ရှိတာပဲ*
မျက်စိရှေ့မှမြင်ကွင်းက သူတို့ကို အလွန် ကြီးစိုး၍ တုန်လှုပ်သွားစေသည်။ ယွဲ့ကျန့်ဟမ်က အပြင်လူ တစ်ယောက်အား အလွန် လေးစားနေသည်ကို သူတို့ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။
လက်ရှိတွင် ယွဲ့မိသားစုဝင်များတောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ ယွဲ့ကျန့်ဟမ်က အခြားသူများ အလွန်အမင်း ရိုကျိုးနေသည်ကို သူတို့သည်လည်း မမြင်ဖူးကြပါ။ ထို့အပြင် တစ်ဖက်လူက သူ အချစ်ရဆုံးမြေးကို အသေသတ်လုနီးပါး ဖြစ်နေသော်လည်း ယွဲ့ကျန့်ဟမ်တစ်ယောက် ဘာမှဖြစ်ပုံ မရချေ။ သူက တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် မျက်နှာပင် လုပ်နေလိုက်သေးသည်။
*ဒါက မယုံနိုင်စရာကြီး*
ဤသည်ကိုမြင်သော် ယွဲ့ရှန်းရူသည်လည်း စိုးရိမ်နေ၏။
“ဘိုးဘိုး ဘာတွေလုပ်နေတာလဲ၊ အဲ့မျိုးမစစ်ကောင်က ကျွန်တော့်အရိုးတွေကို ချိုးပစ်တာလေ၊ ဒါကို ဘိုးဘိုးက သူ့ကို ဦးညွှတ်နေတာလား၊ ဘိုးဘိုး စိတ်မှမှန်သေးရဲ့လား”
ယနေ့ ယွဲ့ကျန့်ဟမ်၏ လုပ်ရပ်ကို သူ လက်မခံနိုင်ပါ။
“မင်းပါးစပ်ကို ပိတ်ထားစမ်း”
ထိုစဉ် ယွဲ့ကျန့်ဟမ်က အေးစက်သော မျက်နှာနှင့် ငေါက်ငမ်း၍ ရိုက်နှက်လာ၏။ ယွဲ့ကျန့်ဟမ် ကြက်သီးထသွားပြီး သူ နားကြားမှားလေသလားဟု ထင်လိုက်မိသည်။ သူ၏ အဘိုးက အပြင်လူတစ်ယောက်အတွက် သူ့ကို ရိုက်နှက်သည်တဲ့လား။
ယွဲ့ရှန်းရူ ပါးရိုက်ခံလိုက်ရပြီး ပါးစပ်ထဲမှ သွားအချို့ ကျွတ်ထွက်လာသည်။ မျက်နှာတစ်ခုလုံး ပုံပျက်လာပြီး ကြည့်ရဆိုးလာ၏။
သို့သော် ဤသို့ ဖြစ်နေသည်အထိ ယွဲ့ကျန့်ဟမ်က သူ့ကို ကြည့်ပင်မကြည့်ချေ။ ထို့နောက် ယွဲ့ကျန့်ဟမ်က ယဲ့ဖန်ကို တလေးတစား ပြောလေသည်။
“ဒီလူအိုကြီးက သူ့ကို သေချာ မဆုံးမမိလို့ သူက လူကြီးမင်းကို အာခံမိသွားပါတယ်၊ ကျေးဇူးပြုပြီး လူကြီးမင်း ခွင့်လွှတ်ပေးပါ”
သူ့နဖူးမှ ချွေးစေးများ စီးကျလာ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် မည်မျှ ကြောက်စရာကောင်းလဲ သူ သိနေသောကြောင့်ပင်။
သို့သော် သူ၏ မြေးအရင်းဖြစ်သူက ဤသို့သော မကောင်းဆိုးဝါးကို ရန်သွားစရဲသည့် သတ္တိရှိသဖြင့် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။
ယဲ့ဖန်က သူ့ကို ခံစားချက်ကင်းမဲ့စွာ တစ်ချက် ကြည့်လိုက်သည်။
“နောက်တစ်ခါဆိုတာ မရှိဘူးလို့ ငါ ပြောခဲ့သားပဲ”
ထိုစကားကြောင့် ယွဲ့ကျန့်ဟမ်၏ စိတ်က အဆုံးအထိ ထိုးကျသွားသည်။
*ဒီလူက လုံးဝ သတ်ပစ်ဖို့ စိတ်ကူးထားတာလား*
လက်ရှိတွင် ယွဲ့ကျန့်ဟမ်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး အလျင်အမြန် ပြောလိုက်သည်။
“ကျုပ်မြေးက ငယ်ရွယ်ပြီး အလိုက်မသိတတ်လို့ပါ၊ ဒါကြောင့် ဒီလို အမှားကြီး ကျူးလွန်မိတာပါ၊ လူကြီးမင်း ဗွေမယူပါနဲ့”
“ကျုပ် ဒီကိစ္စကို ဗွေယူတယ်လို့ ပြောရင်ရော”
ယဲ့ဖန်က သူ့ကို အပြုံးတစ်ဝက်နှင့် ကြည့်နေသည်။ ယွဲ့မိသားစုကဲ့သို့ မိသားစုကြီးက သူ့အတွက် ဘာမှမဟုတ်ချေ။
ထို့အပြင် အစောပိုင်းက ထို့ပါဟူ ရိုက်နှက်ချိန်တွင် အလွန် ချိန်ဆထားကြောင်း ယဲ့ဖန် သတိထားမိသည်။ ယွဲ့ရှန်းရူ၏ အရိုးများကို နေရာလွဲရုံမျှသာ ပြုလုပ်ထားခြင်း ဖြစ်ပြီး အချိန်မရွေး ပြန်ကောင်းအောင် လုပ်နိုင်သည်။
ယွဲ့မိသားစုသာ စိတ်ရင်းအမှန်အတိုင်း တောင်းပန်လိုလျင် သူတို့ ယွဲ့ရှန်းရူ၏ ခြေထောက်ကို ရောက်လာသည်နှင့် ဖြတ်လိုက်သင့်သည်။ ယခု ယွဲ့မိသားစုက စိတ်ရင်းအတိုင်း ပြုမူခြင်း မဟုတ်ကြောင်း သိမြင်နိုင်၏။