အခန်း ၁၄၈၄
Vol. 99 Ch. 1484
Chapter 1484 ငါ့လမ်းက တစ်ယောက်တည်း လျှောက်ရမှာ
လင်းလန်သည် ကားတစ်စီးကို လှမ်းတား၍ ယွဲ့မိသားစု အိမ်တော်သို့ ပို့ပေးရန် ပြောလိုက်သည်။ သို့သော် အိမ်တော်သို့ ရောက်သည်နှင့် ပွဲပြီးသွားတာ ကြာပြီဖြစ်ကြောင်း သိလိုက်ရပြီး ယွဲ့မိသားစုက ဧည့်သည်များကို နှုတ်ဆက်ပြီး၍ တံခါးပင်ပိတ်သွားလေပြီ။
“ကျွန်မကို ဝင်ခွင့်ပေးပါ၊ ကျေးဇူးပြုပြီး ကျွန်မကို ဝင်ခွင့်ပေးပါ၊ ကျွန်မ လူတစ်ယောက်ကို ရှာနေတာပါ၊ ကျွန်မ သူနဲ့ တွေ့ရမှ ဖြစ်မယ်”
လင်းလန် မျက်ရည်လည်ရွဲဖြင့် ရင်ကွဲမတတ် ငိုကြွေးနေသည်။ သူမ ယဲ့ဖန်ကို ရှာမှဖြစ်မည်ကို သိနေသည်။ သူမ ရှာမတွေ့လျင် ထန်မင်လီနှင့် ထျဲမူထားတို့ သေချာပေါက် သေရပေလိမ့်မည်။
“မိန်းကလေး ပွဲကပြီးသွားပြီ၊ အားလုံးလည်း ပြန်သွားကြပြီး”
တံခါးဝမှ လုံခြုံရေးက ကြင်နာစွာ ဖျောင်းဖျလေသည်။
*ဘာ*
*ပြန်သွားကြပြီ ဟုတ်လား*
ထိုစကားကြောင့် လင်းလန် မှင်တက်သွားသည်။
*ငါ နောက်ကျသွားပြီလား*
*ထန်မင်လီနဲ့ ထျဲမူထားကို ဘယ်လိုလုပ်ရမလဲ*
သူမမျက်လုံးတွင် မျက်ရည်တို့ဖြင့် စိုစွတ်လာ၏။ လင်းလန်သည် မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချပြီး ချမ်းအေး၍ ကူကယ်ရာမဲ့သလို ခံစားရကာ ကြံရာမရ ဖြစ်နေလေသည်။
သူမကြောင့်သာ မဟုတ်လျင် ဘယ်လိုလုပ် သူတို့က ချွီမိသားစုနှင့် ပြဿနာ တက်ပါမည်နည်း။ သူမကြောင့်သာ မဟုတ်လျင် သူတို့ အဘယ်ကြောင့် သေရပါမည်နည်း။ ယခု သူတို့က သူမအတွက် သေသွားသော်လည်း သူမက သူတို့ကို မကယ်နိုင်ပါ။
သူတို့ သေသည်ကိုသာ ကြည့်နေရပြီး ဘာကိုမှ မလုပ်နိုင်ပေ။ လက်ရှိတွင် သူမ မည်မျှ အသုံးမကျကြောင်း ခံစားနေရသည်။
*ဘာကို ဥက္ကဋ္ဌလဲ၊ ဘာကို မိဖုရားလဲ၊ အခု ငါက ဘာအင်အားမှမရှိတဲ့ မိန်းမတစ်ယောက်ပဲ*
သူမ ဤသို့ ဖြစ်နေသည်ကိုကြည့်ပြီး အစောင့်နှစ်ယောက်သည်လည်း အနည်းငယ် သနားသွားသော်လည်း သူမကို နှစ်မသိမ့်ရဲချေ။
*မဟုတ်ဘူး*
*ငါ့ကံကို ဒီအတိုင်း လက်မခံနိုင်ဘူး၊ သူတို့ကို ငါ သွားကယ်မယ်၊ အဲ့လူတွေ လိုချင်တာ ငါပဲ၊ ငါ့ကိုယ်ငါနဲ့ သူတို့ကို အလဲအလှယ် လုပ်လို့ရတာပဲ*
ထိုသို့တွေးမိပြီးနောက် လင်းလန် ချက်ချင်း ထရပ်လိုက်သည်။ သူမမျက်နှာတွင် စိတ်အားထက်သန်မှုနှင့် မာန်မာနတို့ ပြန်ပေါ်လာ၏။
သို့သော် သူမ တစ်ဖက်လှည့်လိုက်သည်နှင့် လူတစ်ယောက်က သူမနောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက သူမကို ပြုံးစစဖြင့် ကြည့်နေသည်။
“အလှလေး မင်း ကိုယ့်ကို လိုက်ရှာနေတာလား”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လင်းလန် တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် နှုတ်ခမ်းလေး မဲ့သွားပြီး ပို၍ ငိုကြွေးလာသည်။ သူမပုံစံက အဆုံးအစမဲ့သော အမှောင်ထုတွင်း၌ အလင်းရောင်ပျပျကို မြင်လိုက်ရသလိုပင်။
ဤသို့သော စိတ်ခံစားချက်ကို ပျော်ရွှင်မှုဟူသော စကားလုံးဖြင့် ဖော်ပြရန်ပင် မလုံလောက်ချေ။ သူမသည် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ ပစ်ဝင်၍ သူရူးသဖွယ် ငိုကြွေးလေသည်။
“သူတို့ကို ကယ်ပါ၊ သူတို့ကို သွားကယ်ပါ”
ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားသည်။
“မလန့်နဲ့ ဖြည်းဖြည်းပြော၊ ဘာတွေဖြစ်ခဲ့တာလဲ”
လင်းလန်က ယဲ့ဖန်အား အဖြစ်အပျက်အားလုံးကို ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ယဲ့ဖန်က တစ်ခွန်းမှ မပြောပေ။ သို့သော် သူ့နဖူးကြောများ ထောင်တက်လာသည်။
ထိုနဖူးကြောများ ထောင်တက်လာပုံက သစ်ပင်တစ်ပင်၏ အမြစ်များနှင့် သွားတူနေပြီး သူ့မျက်နျာက အလွန် ကြောက်စရာကောင်းပုံ ပေါ်လာ၏။
“သေလူ ဟုတ်လား၊ ငါ့မျက်လုံးထဲမှာ သေလူဆိုတာ မရှိဘူး၊ ညီအစ်ကိုတွေပဲ ရှိတယ်”
“ငါ့ညီအစ်ကိုတွေကို ငါ့အတွက် အသေခံခိုင်းရမယ်ပေါ့၊ ငါ သဘောမတူဘူး”
“ဝုန်း”
အရပ်မျက်နှာအနှံ့မျ ကျောက်တုံးကျောက်ဆောင်များ ပေါက်ကွဲလွင့်စဉ်လာပြီးနောက် အမှုန့်ဖြစ်သွားလေသည်။
*ဒါ*
အစောင့်များ ကြောက်ရွံ့သွားကြပြီး သူတို့အရှေ့မှ နတ်ဆိုးအား မယုံနိုင်သလို ကြည့်နေ၏။ သူ၏ အရှိန်အဝါက ယွဲ့မိသားစု တစ်ခုလုံးကို ဖျက်ဆီးနိုင်ပေသည်။
*ဒါကြီးက … ကြောက်ဖို့ကောင်းလိုက်တာ*
*နတ်ဆိုးတစ်ကောင် ငရဲက ထွက်လာသလိုပဲ*
*ရက်စက်လွန်းတယ်*
*အေးစက်လွန်းတယ်*
“ရှင် ဘာလုပ်မလို့လဲ”
လင်းလန်၏ အမူအရာ တောင့်ခနဲ ဖြစ်သွားပြီး ယဲ့ဖန်အား သွေးပျက်စွာ ကြည့်လာသည်။ သူမနှလုံးသားက ဂနာမငြိမ်တော့ချေ။
ဘာကြောင့်မှန်းမသိသော်လည်း သူမ အလွန် ရင်းနှီးသော ခံစားချက်မျိုး ရနေပြီး မသိလျင် သူမ ဤသို့သော အဖြစ်မျိုးကို အရင်က ကြုံဖူးနေသလိုပင်။ ယဲ့ဖန်က သူမအား အလွန် ရင်းနှီးသော ခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။
ယခု နတ်ဆိုးဆန်နေသော ယဲ့ဖန်ကိုကြည့်ပြီး သူမရင်ထဲ၌ ကြောက်စိတ် တစ်စက်ကလေးမျှ မရှိသည့်အပြင် တမ်းတလွမ်းဆွတ်စိတ်သာ ဖြစ်ပေါ်လာရသည်။
“သူတို့က ငါ့ကို ဝင်ပါစေချင်နေမှတော့ ငါ့လက်နဲ့ ဒီမုန်တိုင်းကို ချောမွေ့သွားအောင် လုပ်ရမှာပေါ့”
စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း မောက်မာမှုတို့ ပြည့်နှက်နေ၏။ ဘာကိုမှ မကြောက်ရွံ့ဘဲ ပြိုင်ဘက်ကင်း လှသည်။ ယဲ့ဘုရင်၊ နတ်ဆိုးဧကရာဇ်သည် ပြိုင်ဘက်ကင်းပါ၏။
“မင်း အရင်ပြန်နှင့်တော့”
ယဲ့ဖန် လင်းလန်ကို ပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့အတူ သွားချင်တယ်”
လင်းလန်က အလျင်အမြန် ပြောလာသည်။ သူမအတွက် ထိုလူနှစ်ယောက် အသတ်ခံခဲ့ရသည်။ ယခု သူတို့ အန္တရာယ်တောထဲ၌ပင် ရှိနေသေးသဖြင့် သူမ ဘယ်လိုလုပ် စိတ်အေးလက်အေးဖြင့် အိမ်ပြန်နိုင်ပါမည်နည်း။
သို့သော် ယဲ့ဖန်က သူမကို တည်ငြိမ်စွာ ကြည့်လာသည်။
“တောင်းပန်ပါတယ်၊ ငါက နတ်ဆိုးဆိုတော့ ငါ့လမ်းက တစ်ယောက်တည်း လျှောက်ရတယ်”
“ရွှစ်”
ရုတ်တရက် သူ့ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
….
ထိုသို့သောအချိန်၌ အင်အားကြီး၍ ကြမ်းကြုတ်သော အင်အားစုများ တစ်ခုပြီး တစ်ခုက ရှုကျိုးနယ်မြေထဲသို့ ညတွင်းချင်း ဝင်လာကြသည်။
တစ်လောကလုံး၌ အဆင့်သုံးနေရာ၌ ရှိသော သွေးမိစ္ဆာ ကြေးစားအဖွဲ့ ရှုကျိုးသို့ ဝင်လာပြီ။ နာမည်ကျော် လုပ်ကြံရေးအဖွဲ့ မဟူရာ စစ်သည်တော်များ ရှုကျိုးသို့ ဝင်လာ၏။
အရှေ့ဘက်မှ အဖွဲ့အစည်းသုံးခု ရှုကျိုးသို့ ဝင်လာသည်။ ရှီရှား စီရင်စုနယ်မြေမှ မြေအောက် အဖွဲ့အစည်း ငါးခုလည်း ရှုကျိုးသို့ ဝင်လာလေသည်။ တောင်ဘက်မြေမှ ရှေးဟောင်း သူတော်စင်ပင်လယ်ကလည်း ရှုကျိုးသို့ ဝင်လာပြန်သည်။
အချိန်တိုအတွင်း ကယူးရှူ ကိုးပြည်နယ်မှ လူများအားလုံး ပြိုင်တူ လှုပ်ရှားလာပြီး တလင်တောင်မှ ရင်မိသားစု၏ လက်အောက်မှ အင်အားစုများအားလုံးက ရှုကျိုးနယ်မြေထဲသို့ ဝင်လာကြသည်။
သူတို့၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ။ ၎င်းမှာ ယဲ့ဘုရင်၏ ဦးခေါင်းကိုဖြတ်၍ တလင်တောင်သို့ ယူသွားပြီး ဆုလာဘ် ရယူရန် ဖြစ်သည်။
ရင်မိသားစုက ယဲ့ဖန်နှင့် သူ၏ လက်အောက်ငယ်သားများ၏ ဦးခေါင်းအတွက် ကြီးမားသော ဆုလာဘ်များ ချီးမြင့်မည်ဟု ကမ်းလှမ်းထားပြီး ဆုကြေးက မထင်မှတ်ထားလောက်အောင်ပင်။
ယဲ့ဖန်မိန်းမ၏ ဦးခေါင်းဆိုလျင် ဆေးရည်တစ်ပုလင်း ရရှိမည်။ ယဲ့ဖန်လက်အောက်မှ စစ်သူကြီးများ၏ ဦးခေါင်းဆိုလျင် မှော်လက်နက် ရရှိမည်။ အခြား လက်အောက်ငယ်သားများဆိုလျင် လူတစ်ရာ သတ်လိုက်တိုင်း ရတနာများ ရရှိပေမည်။
တစ်နေ့အတွင်း ရှုကျိုးနယ်မြေ အပြင်းအထန် ထိခိုက်ပျက်စီးပြီး ယဲ့ဖန်၏ အင်အားစုမှ ထောင်ချီသော လူများ သေဆုံးရလေသည်။
ထိုအခိုက်တွင် ခပ်ဖျော့ဖျော့ မီးလင်းနေသော ဘားတစ်ခုအတွင်း၌ ထူးဆန်းသော အော်သံများနှင့် ရယ်မောသံများ ထွက်ပေါ်နေ၏။ လှော်ပြောင်မှုများနှင့် ရက်စက်မှုများ ပြည့်နှက်နေလေသည်။
ကခုန်ရာနေရာ၌ လူတစ်ယောက် သွေးအိုင်ထဲ၌ လဲနေပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ ရာချီသော ဓားဒဏ်ရာများက သူ့အား သေလုမျောပါး ဖြစ်နေစေသည်။
လက်ရှိတွင် သူ့မျက်နှာတစ်ခုလုံး ပုံပျက်နေပြီး သွေးများ စိမ့်ကာ အရေပြား စုတ်ပြဲ၍ မျက်လုံးတစ်လုံး ထိုးဖောက် ခံထားရသည်။
သူ့ပုံစံက အလွန် ကြောက်စရာကောင်းလှသည်။ ထိုလူမှာ နလန်ရှောင်ပင်။ သူ့ဘေး၌ လဲနေသူများသည် သူ့မိသားစုဝင်များ ဖြစ်သည်။ အားလုံး ဆိုးဆိုးရွားရွား သေဆုံးသွားပြီး မျက်နှာတွင် နာကျင်မှုနှင့် မလိုလားမှုတို့ ပေါ်လွင်နေသည်။ မသေခင် လူမဆန်သော နှိပ်စက်မှုမျိုး ခံစားခဲ့ရမှန်း သိသာလှသည်။
နလန်ရှောင် အံကြိတ်ထားပြီး သူ့အရှေ့မှလူများကို ဓားဖြင့် နုတ်နုတ်စင်းချင်စိတ် ဝင်နေ၏။ ရန်ငြှိုးရှိသော ဆက်ဆံရေး ဖြစ်သဖြင့် အချင်းချင်း သတ်ဖြတ်ခြင်းက နားလည်နိုင်ပါသော်လည်း သူတို့က မသတ်ခင် အလွန် အရှက်တကွဲဖြစ်အောင် နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့သည်။ သူတို့၏ နည်းလမ်းများက ရက်စက်၍ လူမဆန်ပါ။
သူ၏ ညီအစ်ကိုများ လှောင်ပြောင်မှုနှင့် နာကျင်မှုတို့ဖြင့် သေဆုံးသွားရသည်။ ဤသည်က နလန်ရှောင်ကို ရူးမတတ် ဖြစ်စေ၏။
“ယဲ့ဘုရင်ရဲ့ လက်အောက်က စစ်သူကြီးတွေက ဒီလောက်ပဲ စွမ်းတာလား၊ ဒီလိုဆိုရင် ယဲ့ဘုရင်ကလည်း ထင်သလောက် တော်မနေဘူးပေါ့၊ ဟားဟားဟား”
သူ့ရှေ့တွင် ဆံပင်ရှည်ရှည်နှင့် လူငယ်တစ်ယောက်က ဓားရှည်တစ်လက်ကို ကိုင်ဆွဲ၍ ရပ်နေသည်။
“သေးငယ်တဲ့ နိုင်ငံတစ်ခုရဲ့ အမှိုက်ကောင်က လေလုံးထွားပြီး သတင်းအမှားတွေဖြန့်ပြီး ကျော်ကြားနေပါလား၊ ငါ့အမြင်အရဆို အဲ့ယဲ့ဘုရင်က သူတော်စင်သခင်အဆင့်ကို ဝင်နိုင်ခါစ အမှိုက်ကောင်ပဲ ဖြစ်လိမ့်မယ်”
“ယဲ့ဘုရင်က ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ ငါတို့ နာမည်ကျော် ဓားစံအိမ်နဲ့တွေ့ရင် သူ သေဖို့ကလွဲပြီး မတတ်နိုင်ပါဘူး၊ ဒီအမှိုက်တွေကို ရှင်းလိုက်ရအောင်၊ ဟဲဟဲ ရင်မိသားစုရဲ့ ဆုကြေးကလည်း ကောင်းလွန်းတယ် မဟုတ်လား”
နာမည်ကျော် ဓားစံအိမ်မှ ဓားသမားများအားလုံး ပြုံးသွားကြပြီး သူတို့၏ မျက်နှာတွင် အထင်သေး စက်ဆုပ်မှုတို့ ပြည့်နှက်လာ၏။
“မင်းကများ သူ့ကို စော်ကားရဲတယ်ပေါ့လေ၊ သေသင့်တယ်၊ မင်း သေသင့်တယ်ကွ”
သူတို့၏ အထင်သေးသော စကားများကို ကြားပြီး နလန်ရှောင်၏ မျက်လုံးများ မီးတောက်လာပြီး ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်လာသည်။
သူ့အရှေ့တွင် သူတို့က ထိုလူကို စော်ကားရဲသဖြင့် သူ့အတွက် ခွင့်မလွှတ်နိုင်လောက်အောင် သတ်ပစ်ချင်စရာပင်။ ဤလူများအားလုံး သေသင့်သည်။
“သေသင့်တယ် ဟုတ်လား၊ ငါတို့ကို သေအောင်လုပ်မှာ မင်းလား”
အဖြူရောင်ဝတ်စုံနှင့်လူက ရက်စက်သော အပြုံးမျိုး ပြုံး၍ သူ့ဓားဖြင့် နလန်ရှောင်၏ မျက်နှာကို ခုတ်လိုက်သောကြောင့် ကြောက်စရာကောင်းသော အမာရွတ်တစ်ခု ဖြစ်လာပြီး သွေးများ ပန်းထွက်လာသည်။
သို့သော် နလန်ရှောင်က တစ်ခွန်းမှမပြောဘဲ အဖြူရောင်ဝတ်စုံနှင့် လူငယ်အား ခက်ထန်သော မျက်လုံးဖြင့် စိုက်ကြည့်နေ၏။
“ငါ မသေခဲ့ရင် နာမည်ကျော် ဓားစံအိမ်ကို သုတ်သင်ပစ်မယ်၊ တစ်ယောက်မှ ချန်မထားဘူးကွ”
သူ့အရှေ့မှ မည်သူမှ ထိုလူကို စော်ကား၍ မရနိုင်ပါ။ မည်သူမှပင်။ သူ့စကားကြောင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်က မျက်နှာ မည်းမှောင်သွားပြီး ခနဲ့လေသည်။
“ကောင်းတယ် သိပ်ကောင်းတယ်၊ သူ့နဲ့ သူ့လူအားလုံးကို သတ်လိုက်”
“ယဲ့ဘုရင်ကို ခစားရင် ဘာဖြစ်မလဲ သူတို့ သိအောင်ပြလိုက်”
ထိုအခါ နာမည်ကျော် ဓားစံအိမ်မှ ဂိုဏ်းသားများအားလုံး အပြုံးကြီးပြုံး၍ ဓားကိုဝင့်ကာ နလန်ရှောင်၏ လူများကို ခေါင်းဖြတ်သတ်လေသည်။ အမျိုးသားဆိုလျင် တန်း၍ ခေါင်းဖြတ်ပြီး အမျိုးသမီးဆိုလျင် အုပ်စုလိုက် အဓမ္မကျင့်ကာ မသေမချင်း စော်ကားကြသည်။
“ဟားဟားဟား နလန်ရှောင် သေချာကြည့်ထား၊ မင်းလူတွေ သေရဲတဲ့ အကြောင်းရင်းက သစ္စာမစောင့် သိသင့်တဲ့လူကို မင်းက သစ္စာစောင့်သိနေလို့ပဲ”
“မင်း ယဲ့ဘုရင်အတွက် အလုပ်ကြိုးစားပင်မယ့် သူကရော၊ အဲ့အတင့်ရဲတဲ့ လမ်းဘေးလူမိုက်က အခု ထွက်ပြေး နေလောက်ပြီ”
အဖြူရောင်ဝတ်စုံနှင့်လူငယ်က နလန်ရှောင်၏ ငယ်ထိပ်ကိုနင်း၍ ဆိုးယုတ်သော အပြုံးမျိုး ပြုံးလေသည်။
“သူ ဘယ်မှာလဲဆိုတာကို မင်း ငါ့ကိုပြောရင် ငါ မင်းနဲ့ မင်းလူတွေကို လွှတ်ပေးမယ် ဘယ်လိုလဲ”
“တကယ်လား”
နလန်ရှောင် ခေါင်းမော့လာပြီး အဖြူရောင်ဝတ်စုံနှင့်လူငယ်အား စိတ်လှုပ်ရှားဟန်ဖြင့် ကြည့်လာသည်။
“ဘော့စ် ဒီလိုမလုပ်သင့်ဘူး”
“ဘော့စ် ကျွန်တော်တို့ သေရမှာကို မကြောက်ဘူး၊ ခင်ဗျား ဘယ်လိုလုပ် အဲ့လူကို သစ္စာဖောက်ရက်ရတာလဲ၊ ခင်ဗျားက သေတဲ့အထိ တိုက်ခိုက်မယ့် ကျုပ်တို့ ညီအစ်ကိုလို့ ခေါ်ထိုက်သေးရဲ့လား”
“နလန်ရှောင် မင်း သူ့ကို သစ္စာဖောက်ရဲလို့ကတော့ ငါ မင်းကို ရွံရှာမှာကွ”
ကျန်ရှိနေသော လက်အောက်ငယ်သားအချို့က နလန်ရှောင်အား အေးစက်၍ အထင်သေးသော အကြည့်ဖြင့် ကြည့်လာပြီး ဒေါကန်နေကြသည်။
သူ့စကားကြောင့် အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာတွင် အထင်သေးဟန် ပေါ်လာ၏။ လောက၌ သစ္စာရှိမှုဆိုတာ မရှိမှန်း သူ သိထားသည်။ နလန်ရှောင်က အမြော်အမြင်ရှိသော ရွေးချယ်မှုကို လုပ်လိုက်တာ မဟုတ်ပါလော။
သူ ပြန်ပြောလိုက်သည်။
“တကယ်ပြောတာ၊ ယဲ့ဘုရင်ရဲ့ တည်နေရာကို ပြောပြတာနဲ့ မင်းတို့အားလုံး မသေဘူးလို့ ငါ အာမခံတယ်၊ ငါ မင်းတို့ကို ရင်မိသားစုလက်အောက်မှာ တစ်နေရာ ရှာပေးဖို့ ကူညီမယ်၊ ဒါဆို မင်းတို့ နေဖို့စားဖို့ စိုးရိမ်စရာ မလိုတော့ဘူး”
“ကောင်းပြီ ဒါဆို ငါ မင်းကို ပြောပြမယ်၊ ငါ့နားလာ”
နလန်ရှောင်က ခေါင်းညိတ်၍ အဖြူရောင်ဝတ်စုံနှင့်လူအား အနားတိုးရန် ပြောလိုက်သည်။ အဖြူရောင်ဝတ်စုံနှင့် လူသည် မသိမသာ မျက်မှောင်ကြုတ်သွားသော်လည်း အနားတိုးလိုက်လေသည်။ လက်ရှိတွင် နလန်ရှောင်၏ အရိုးများကို သူ ချိုးထားသဖြင့် ပြန်တိုက်ခိုက်လာမည်ကို မစိုးရိမ်မိပါ။
ထိုအခါ နလန်ရှောင်၏ မျက်နှာတွင် သရော်ပြုံး တစ်ခု ပေါ်လာ၏။
“ယဲ့ဘုရင်၊ သူ … သူက မင်းအမေရဲ့ ခုတင်ပေါ်မှာလေ”
“ခွီ … ဟားဟားဟား”
“နလန်ရှောင် မင်း ဒီလိုလုပ်လိမ့်မယ်လို့ ငါ သိနေသားပဲ”
“ဒီအရူးတွေကြောင့် ငါ ယုံမိမလို ဖြစ်သွားတယ် ဟားဟားဟား၊ အရူးကွာ”
ရုတ်တရက် ဘေးလူများက ထရယ်လေသည်။ သေရမည်ကို သိနေသော ထိုလူများက ပျော်ရွှင်စွာ ရယ်မောနေသည်။
“ဘယ်လိုလဲ ငါ့သရုပ်ဆောင်စွမ်းရည်က အဆင်ပြေရဲ့လား”
နလန်ရှောင်ကလည်း ဂုဏ်ယူနေသော မျက်နှာနှင့် လိုက်ရယ်လေ၏။