အခန်း ၁၄၈၆
Vol. 100 Ch. 1486
Chapter 1486 ဒီဘုရင်က မင်းတို့အတွက် သတ်ပေးမယ်
အစားခံရတော့မည့် ကြက်ခြေထောက်ကဲ့သို့ အရိုးများ ပေါ်နေပြီး အသားများ စုတ်ဖွာနေ၏။ ဤမြင်ကွင်းက ဒုကျောင်းအုပ်အား ရူးမတတ် ကြောက်ရွံ့သွားစေသည်။ ဤအဖြစ်က တကယ် ဖြစ်နေလိမ့်မည်ဟု သူ မယုံပါ။
သူသည် မြင့်မြတ်သော သူတော်စင်သခင်အဆင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အလွန် မာကြောသော်လည်း ဤသရဲများ၏ ဝါးစားခြင်းအောက်၌ တစစီ ဖြစ်သွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒီမသေမျိုးတွေက ဘာလို့ ဒီလောက် သန်မာနေရတာလဲ*
သို့သော် သူ အံ့ဩနေစဉ်မှာပင် နောက်လက်တစ်ဖက်ပါ ရစ်ပတ်ခံလိုက်ရသည်။
“ကျွိ ကျွိ”
ထို့နောက်တွင်မူ အားပါးတရ ကိုက်ဖြတ်သံများ ထွက်ပေါ်လာ၏။
“မဟုတ်ဘူး ထွက်သွားစမ်း၊ မဟုတ်ဘူးလေ”
ဒုကျောင်းအုပ်သည် အော်ဟစ်လေတော့သည်။ သူ့အသံတွင် ကြောက်စိတ်နှင့် သွေးပျက်စိတ်တို့ ရောပြွမ်းနေ၏။ ထို့နောက် ဒုကျောင်းအုပ်၏ နောက်လက်တစ်ဖက်ပါ လုံးဝ အစားခံလိုက်ရပြီး ဘာအရိုးမှ မကျန်တော့သည်ကို လူတိုင်း သေချာ တွေ့လိုက်ရသည်။
သို့သော် ထိုမျှနှင့် ရပ်မသွားချေ။ အခြားသရဲများကလည်း ချက်ချင်း ပြေးလာပြီး သူ့အား လွှမ်းခြုံသွားလေသည်။ ထူးဆန်း၍ ကြောက်စရာကောင်းသော အသံတစ်သံက အဆက်မပြတ် ထွက်ပေါ်လာလေသည်။ အရေပြား၊ ကြွက်သား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများ။ အားလုံး အစားခံလိုက်ရလေပြီ။
တစ်ခဏကြာသော် ဒုကျောင်းအုပ်သည် တစ်ကြိမ်တစ်ခါမှ မရှိသကဲ့သို့ အစအနမရှိ ပျောက်ကွယ်သွားသည်။ အဖြစ်အပျက်က ဆယ်စက္ကန့်မျှပင် မရှိပေ။ လူတိုင်း ဤအဖြစ်အပျက်ကို တုံ့ပြန်ချိန် မရလိုက်ချေ။
*သူတော်စင်သခင်အဆင့် တစ်ယောက်က ဆယ်စက္ကန့်အတွင်း သရဲတွေရဲ့ စားတာကို ခံလိုက်ရပြီးတော့ အရိုးတောင် မကျန်ခဲ့ဘူးတဲ့လား*
ဤမြင်ကွင်းက ကြောက်စရာကောင်းသည်ထက်ပင် ပိုနေသေးသည်။ ဂိုဏ်းသားများ ချက်ချင်း မှင်တက် သွားသည်။
နာမည်ကျော် ဓားစံအိမ်၏ ကျောင်းအုပ်ပင် မကြောက်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူ မျက်လုံး အပြူးသား ဖြစ်နေပြီး မျက်လုံးတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်လာသည်။
*ဒီသရဲတွေက မမောတဲ့အပြင် အရမ်း ကြောက်စရာကောင်းနေတယ်*
“ယဲ့ဘုရင်ရဲ့ ခေါင်းက ဒီမှာ ရှိနေပင်မယ့် ကံဆိုးတာက မင်းတို့က ဖြတ်ယူဖို့ အရည်အချင်း မရှိဘူး”
ယဲ့ဖန်က အေးစက်စွာ ပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။
“သူတို့အားလုံးကို စားလိုက်”
“ရွှီး…”
ထိုအခါ သရဲများသည် ဂိုဏ်းသားများထံသို့ ပြေးဝင်သွားကြသည်။ သူတို့သည် သွားများကို သိသိသာသာ ဟထားပြီး အလွန် ရက်စက်ဟန်ဖြင့် ဦးတည်လာနေသည်။ သတ်ဖြတ်ခြင်းနှင့် သေခြင်းတရားတို့က ပြိုင်တူ ရောက်ရှိ လာလေသည်။
“ငါတို့ မနိုင်နိုင်ဘူး ထွက်ပြေးကြ”
“ငါ့ကို မစားပါနဲ့ ကယ်ကြပါဦး”
“ထွက်သွားစမ်း၊ ငါ့ကို မဆွဲနဲ့၊ မင်းက သေပြီးပြီလေ၊ ငါ့ကို ဆွဲမချနဲ့၊ ထွက်သွားစမ်း”
ကြောက်လန့်တကြား အော်ဟစ်သံများက ဘားအနှံ့ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ သွေးများက ငေါက်ခနဲ ပန်းထွက်လာပြီး သွေးနံ့များက လေထုထဲ လှိုင်လှိုင်ထနေ၏။
အတောမသတ်နိုင်သော သရဲများက ဆက်တိုက် ပြေးဝင်သွားပြီး သူတို့၏အရှိန်က သူတော်စင်သခင်အဆင့်ပင် ထွက်မပြေးနိုင်တော့သည်အထိ မြန်ဆန်လွန်းသဖြင့် ဂိုဏ်းသားများဆိုလျင် ပြောနေစရာပင် မလိုတော့ချေ။
သူတို့၏ လက်သည်းများက ဓားသွားများကဲ့သို့ ချွန်ထက်လှသည်။ သူတို့၏ သွားများက သံဆူးကြိုးများလိုပင်။ ၎င်းတို့က သူတော်စင်သခင်အဆင့်ကို အသာလေး တစ်စစီ စုတ်ဖြဲနိုင်လောက်သည်။
သူတို့အရှေ့မှ ဂိုဏ်းသားများသည် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေပြီး တစ်ချက်တည်းနှင့် သေကြေဒဏ်ရာ ရကြသည်။
အစားခံရသည်။ ဝါးမျိုခံနေရ၏။ ဤသရဲများ၏ အသိတွင် နှစ်ခုသာ ရှိသည်။ ကြောက်စိတ်မရှိခြင်းနှင့် စာနာစိတ် ကင်းမဲ့ခြင်းတို့သာ ရှိလေသည်။
နာမည်ကျော် ဓားစံအိမ်၏ ဂိုဏ်းသားများ တစ်စစီ ဖြစ်သွားကြသည်။ အလောင်းများ တဘုန်းဘုန်း လဲကျသွားပြီး အရိုးပင် မကျန်တော့သည်အထိ အစားခံလိုက်ရကာ သွေးပင်လျင် ပြောင်နေအောင် အလျက်ခံထားရသည်။
သူတို့သည် သာမန် သရဲတစ္ဆေများ မဟုတ်ဘဲ ဆာလောင်နေသော သရဲတစ္ဆေများ ဖြစ်သဖြင့် ရက်စက် လွန်းလှသည်။
“ဘယ်လိုလုပ် …”
ဂိုဏ်းသားများ အရှင်လတ်လတ် ဝါးမျိုခံနေရသည်ကိုကြည့်ပြီး ကျောင်းအုပ် နားဝေတိမ်တောင် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်လာသည်။ သူတို့အား ဆရာကောင်းများဟု ဆိုနိုင်ပြီး ဂိုဏ်းမှ ဂိုဏ်းသားများကလည်း ဂုဏ်ယူရသူများဟု ဆိုနိုင်ပေသည်။
သို့သော် ဤသရဲတစ္ဆေများ၏ တိုက်ခိုက်မှုအောက်တွင် သူတို့၌ ခုခံနိုင်သော စွမ်းအား မရှိဘဲ ဆိုးရွားစွာ သေဆုံးကြရသည်။
သူတို့ လျင်မြန်စွာ သေဆုံးသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။ မိနစ်အနည်းငယ်အတွင်း သူတို့ လုံးဝ ရှုံးနိမ့် သွားရသည်။
*အားလုံး သေကုန်ပြီ*
ဤသို့ ကြောက်စရာကောင်းသော မြင်ကွင်းကို သူ တစ်ခါမှ မမြင်ဖူးပါ။ ဤသရဲများသည် သူ သိထားဖူးသော သရဲများနှင့် လုံးဝ မတူပေ။
*ဘယ်လိုလုပ် သာမန်သရဲက သူတော်စင်သခင်အဆင့်ကို စားနိုင်မှာလဲ*
အဆုံးမသတ်သော သရဲစစ်တပ်ကြီးကို ကြည့်ပြီး သူ ကျောချမ်းကာ အကြောအချဉ်များ ထုံထိုင်းလာ၏။
*ဒီသရဲတွေအားလုံးက ငရဲက ပြန်လာတာလား*
*ဒီနေ့ ငါတို့ရဲ့ နာမည်ကျော် ဓားစံအိမ် တစ်ခုလုံး ဖျက်ဆီးခံရမှာလား*
ထို့နောက် သူသည် ယဲ့ဖန်အား အလန့်တကြား ကြည့်လိုက်သည်။
“မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ”
လက်ရှိတွင် သူသည် အထင်သေးစိတ်နှင့် မောက်မာစိတ်တို့အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
*ကောလာဟလ အားလုံးက မှန်နေတာပဲ*
“ငါ့နာမည်က ယဲ့ဖန်၊ ငါက ငရဲကလာတာ”
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ ဤသို့ ရိုးရှင်းသော စကားတစ်ခွန်းက မည်သူကိုမဆို ကြောက်လန့် နိုင်စေ၏။ သူ့စကားကိုကြားသော် ကျောင်းအုပ်သည် ထိတ်လန့်သွားပြီးမှ နားလည်သွားတော့သည်။
“ဒါဆို မင်းကို နတ်ဆိုးလို့ ခေါ်သင့်တာပဲ”
သူ ထိုသို့ပြောပြီးသွားသည်နှင့် ထောင်သောင်းချီသော သရဲတစ္ဆေများသည် သူ့အား သတ်ဖြတ်ရန် ပြေးဝင်လာပြီး ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
ဘားတစ်ခုလုံး သုသာန်အလား တိခနဲ တိတ်ဆိတ်သွားသည်။ နာမည်ကျော် ဓားစံအိမ်မှလူများအားလုံး သေသွားလေပြီ။ တစ်ယောက်ပင် အသက်ရှင်မကျန်ရစ်ချေ။
နလန်ရှောင် တစ်ကိုယ်လုံး တုန်နေပြီး မျက်နှာတွင် မယုံနိုင်လောက်အောင် ကြောက်ရွံ့စိတ်များ ပေါ်နေ၏။ ဤမြင်ကွင်းက သူ့အတွေးအမြင်ကို အသစ်တဖန် ဖြစ်သွားစေသည်။ သူ့အား ကြောက်ရွံ့စေခဲ့သည်။
*ယဲ့ဖန်က ဒီငရဲက သရဲတွေကို တကယ် နှိုးပြီး သူ့အတွက် သုံးနိုင်တာလား*
*ဒါ တကယ်ကို မယုံနိုင်စရာပဲ*
ထိုစဉ် နလန်ရှောင်က ပါးစပ်လှုပ်၍ တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က ချက်ချင်း လက်ကာပြ လေသည်။
“ဘာမှပြောစရာမလိုဘူး၊ မင်းညီအစ်ကိုရဲ့ အမုန်းတရားက ငါ့အမုန်းတရားပဲ”
“မင်းညီအစ်ကိုရဲ့ အသက်က ငါ့အသက်ပဲ”
ယဲ့ဖန်၏ မျက်လုံးတွင် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ ရူးမတတ် ဖြစ်နေလေသည်။ စိတ်ထဲ၌ လူသတ်ချင်စိတ်တို့က လျင်မြန်စွာ ပျံ့နှံ့ပေါ်ထွက်နေ၏။
သူ ပြောခဲ့သလိုပင် ယနေ့ ရှုကျိုးကို ဝင်လာသည့်သူတိုင်း သေရပေလိမ့်မည်။ ထိုသူများကို မသတ်ရသေးသရွေ့ သူ့ရင်ထဲမှ အမုန်းတရားကို ချေဖျက်ရန် ခက်ခဲပေလိမ့်မည်။
….
မနက်နှစ်နာရီအချိန်တွင် ယဲ့ဖန်သည် လမ်းမထက်၌ လျှောက်လှမ်းနေပြီး သူ့တစ်ကိုယ်လုံး၌ ပြင်းထန်သော အမှောင်ထု မိစ္ဆာဝိညာဉ်တို့ဖြင့် ပြည့်နှက်နေကာ တစ်လမ်းလုံးကို ဖုံးအုပ်နေပြီး ညအမှောင်ယံဘုရင်တစ်ပါးက ညတာကို အုပ်စိုးနေသည်နှင့် တူနေ၏။
သူ တစ်လှမ်းချင်း လျှောက်လှမ်းနေပြီး သူ လျှောက်သွားသည့် နေရာတိုင်းတွင် ကောင်းကင်ယံက မှောင်မည်း သွားသည်။
ထိုသရဲများသည် နွားအုပ်များသဖွယ် ကောင်းကင်ယံကို ဖုံးအုပ်နေပြီး တိမ်မည်းများ ရွေ့လျားနေသကဲ့သို့ သွားလာနေကာ ထူးဆန်း၍ ကြမ်းကြုတ်လှသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် တစ်ချိန်က လောကကို အထက်စီးမှ ကြည့်ခဲ့သော မဟာဧကရာဇ် ကျူးလုံအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။
ထောင်သောင်းချီသော မသေမျိုးစစ်တပ်ကို ချုပ်ကိုင်၍ လောကကို စိုးမိုးကာ အရပ်မျက်နှာအနှံ့တွင် သတ်ဖြတ်ခဲ့သည်။
လက်ရှိတွင် သူ့ဒေါသက လျင်မြန်စွာ တိုးလာနေပြီး လူသတ်ချင်စိတ်ကလည်း ဟုန်းဟုန်းတောက်လောင်နေ၏။ အကြောင်းမှာ ရင်မိသားစု လက်အောက်မှ အင်အားစုများအားလုံး ရှုကျိုးထဲ ခြေချလာပြီး သူ့အင်အားစု အားလုံးကို ရှင်းလင်းလိုက်ကြောင်း သိလိုက်ရသောကြောင့်ပင်။
သွေးမိစ္ဆာ ကြေးစားအဖွဲ့က ကင်းမြီးကောက် လူသတ်သမားနှင့် ထန်မင်လီ၏ အင်အားစုများကို နှိမ်နှင်း၍ ကင်းမြီးကောက် လူသတ်သမားအား ရစရာမရှိအောင် နှိပ်စက်ခဲ့သည်။
ထို့နောက်တွင်မူ တုန်ယွဲ့ရှန်ကျိုးမှ ဘီလူးသုံးကောင်က ပြိုင်တူ တိုက်ခိုက်သောကြောင့် နေဘုရင် အပြင်းအထန် ဒဏ်ရာရကာ လေ့ယန် ပြည်သူ တစ်ဝက်ကျော်မျှ သေကြေပျက်စီးပြီး ယဲ့ဖန်၏ လူများ ကြီးမားစွာ ဆုံးရှုံးနစ်နာ ခဲ့ရသည်။
မြေအောက် အင်အားစုငါးခုကလည်း ဟွိုင်နန် စီရင်စုမှ ယဲ့ဖန်၏ အင်အားစုအားလုံးကို ဝိုင်းဝန်း၍ ဖိနှိပ်ခဲ့သည်။ စီးပွားရေး ဆုံးရှုံးမှုတစ်ခုတည်းတင် ဆယ်ဘီလီယံမျှ ရှိလေသည်။
ယခု ချွီကျီချန်နှင့် ရင်မိသားစု နတ်ဘုရင်အဆင့် နှစ်ယောက်က ရှုကျိုး၌ အခြေချနေပြီး သူတို့၏ လက်အောက်၌ များစွာသော အင်အားစုများမှ စစ်သည်တော် တစ်သောင်းနီးနီး ရှိနေသည်။
ဟွာချင်နန်းတော်၊ ရှုကျိုး၌ အဆင့်အမြင့်ဆုံး အဆောက်အဦး။ မူလက ယဲ့ဖန် အင်အားစု၏ ဌာနချုပ် ဖြစ်သော်လည်း ယခု ချွီကျီချန်တို့၏ သိမ်းပိုက်ခြင်း ခံရကာ သူတို့၏ အခြေစိုက်စခန်း ဖြစ်နေသည်။
ဟွာချင်ခန်းမ တံခါးရှေ့၌ မရေတွက်နိုင်သော လှံတံများ ရှိနေပြီး ထိုလှတံထက်တွင် ခေါင်းပြတ်များစွာ ရှိနေ၏။ ထိုခေါင်းပြတ်များမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ဦးခေါင်းများ ဖြစ်နေလေသည်။
သူတို့သည် ယဲ့ဖန်လက်အောက်မှ လူများ၏ မိသားစုဝင်များ ဖြစ်ကြသည်။ ချွီကျီချန်က ထိုလူများအား ယဲ့ဖန်ကို သစ္စာဖောက်ရန် ပြောသော်လည်း သူတို့က အသေခံကြသောကြော်င့ သူတို့ရှေ့၌ သူတို့မိသားစုဝင်များကို သတ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ အသတ်ခံသူများထဲတွင် တစ်လပင် မပြည့်သေးသော ကလေးပင် ပါသေးသည်။ လုပ်ရပ်က လူမဆန်စွာ ရက်စက်လွန်းပြီး မလုပ်ရဲတာ ဘာမှမရှိပေ။
ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးများက သွေးကဲ့သို့ စွေးစွေးနီသွား၏။ ဒေါသထွက်လာသည်။ သူ အမျက် ချောင်းချောင်း ထွက်နေသည်။
လက်ရှိတွင် သူ ရင်တုန်နေပြီး သူ့ရင်ထဲ၌ အေးစက်မှုတစ်ခု ပျံ့လွင့်လာသည်။ လူသတ်ချင်စိတ်ကလည်း တားဆီးမရချေ။
ဤအပြစ်မဲ့သော လူများ အသတ်ခံရစဉ်က ခံစားခဲ့ရသော ကြောက်စိတ်ကို သူ ရှင်းလင်းစွာ ခံစားမိသည်။ သူ၏ လက်အောက်ငယ်သားများသည် မိမိတို့၏ မိသားစုဝင်များ အသတ်ခံနေရသည်ကို ကြည့်ရုံသာ ကြည့်နေရပြီး ဘာမှမတတ်နိုင်ခဲံသဖြင့် သူတို့စိတ်ထဲ၌ မည်မျှ ဆောက်တည်ရာမရဖြစ်ကာ နာကျင်နေမလဲ။
“အီး…”
ကောင်းကင်ယံ၌ ထိုသရဲတစ္ဆေများသည် မဟာဧကရာဇ် ကျူးလုံ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိပြီး ကြောက်လန့်သော ညည်းသံပေးကာ တုန်လှုပ်လာကြသည်။
“ချွီကျီချန် ခင်ဗျား သေရမယ်”
“ရင်မိသားစု မင်းတို့က ပိုတောင် သေသင့်သေးတယ်”
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အဆုံးအစမဲ့သော လူသတ်ချင်သည့် အရှိန်အဝါ ထွက်ပေါ်လာပြီး ခြေလှမ်းကျဲကျဲဖြင့် ဟွာချင်ခန်းမသို့ လျှောက်သွားလိုက်သည။
“ဟေ့ ဟိုကောင်မလေးက တော်တော် ချောတာကွ၊ ဆယ်နှစ်ပဲ ရှိသေးတယ်၊ နူးညံ့အိစက်နေတာပဲ၊ ငါ သူ့ကို သူ့အဖေရှေ့မှာ ဘုတာလေ၊ သူ့အဖေ နာနာကျည်းကျည်းနဲ့ အံကိုကြိတ်တာကွ၊ ခံစားချက်က ကောင်းလိုက်တာ လွန်ရော”
“မင်းဟာက ဘာဟုတ်သေးလို့လဲ၊ ငါ ခုနက မိန်းမပျိုလေး တစ်ယောက်နဲ့ ပျော်ပါးလာတာ၊ သူ့ယောက်ျားနဲ့ သူ့သား ရှေ့မှာလေ၊ ပြီးတော့ သူ့ယောက်ျားနဲ့ သူ့သားကို သူ့အရှေ့မှာ သတ်ပစ်လိုက်တယ်၊ အဲ့ကောင်မက ဒေါသထွက်ပြီး သူ့လျှာသူကိုက်ပြီး သတ်သေသွားတာကွ၊ ဟားဟားဟား”
တံခါးဝ၌ ချွီမိသားစုဝင်များက ညစ်ညမ်းသော အမူအရာများနှင့် လက်ထဲတွင် ခေါင်းပြတ်တစ်ချို့ကို ကိုင်၍ ပြောနေကြသည်။ သူတို့ မည်မျှ ရက်စက်၍ လူမဆန်သော သတ်နည်းဖြင့် သတ်ဖြတ်ခဲ့ကြောင်း သိသာလှသည်။
ထိုစဉ် သူတို့ နောက်ကျောမှ လေအေး ဖြတ်တိုက်သွားသည်ဟု ခံစားမိပြီး တုန်သွားသဖြင့် မရည်ရွယ်ဘဲ နောက်သို့ လှည့်ကြည့်လိုက်မိသည်။
ထို့အခါ လူတစ်ယောက်က သူတို့ထံ တစ်လှမ်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာက သုန်မှုန်နေပြီး မျက်လုံးများ၏ နဂါးတစ်ကောင်၏ မျက်လုံးလိုပင်။
“အရူးကောင် မင်း နေရာမှားလာတာလား၊ ဒီနေရာကို မင်း ဘာမှတ်လို့ လာတာလဲ”
ချက်ချင်းဆိုသလိုပင် သူတို့က လှောင်ပြောင်သရော်တာပဲ”
“ကျစ်ကျစ် ငါ့အထင်တော့ ဒီလူက ဟိုယဲ့ဘုရင်ရဲ့ လက်ကျန်လူ ထင်တယ်၊ ဒီည ဒီမှာ လူ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိတာ”
“ဟားဟားဟား ဒီအရူးတွေက ခွန်အားက ပုရွက်ဆိတ်လောက်နဲ့ လက်စားချေမယ်လို့ အော်နေလိုက်သေးတယ်၊ ဒါပေမဲ့ သူတို့က ငါတို့ဆီမှာ ခွေးလိုဝက်လို အသတ်ခံရတာပါပဲ”
“ဟေ့ကောင် ဟိုကိုကြည့်လိုက်၊ အဲ့ဒါ မင်းအပေါင်းအပါတွေရဲ့ အလောင်းတွေလေ၊ သူတို့လည်း မင်းလိုပဲ၊ သူတို့ ညီအစ်ကိုအတွက် လက်စားချေချင်ခဲ့တာပဲ”
လူတိုင်းက ယဲ့ဖန်ကို မကောင်းသော အကြံဖြင့် ကြည့်နေကြပြီး အသတ်ခံရတော့မည့် သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ယဲ့ဖန်က အလောင်းပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများက အေးစက်လာသည်။
“စိတ်မပူနဲ့ မင်းတို့ မချေလိုက်နိုင်တဲ့ လက်စားချေမှုကို ငါ မင်းတို့အတွက် လုပ်ပေးမယ်”
“မင်းတို့ မသတ်နိုင်တဲ့လူကို ငါ မင်းတို့အတွက် သတ်ပေးမယ်”
“တစ်နည်းပြောရရင် ဒီည ဒီဘုရင်က မင်းတို့အတွက် သတ်ပေးမယ်”
ထို့နောက် ယဲ့ဖန်က လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သတ်”