← Chapters

အခန်း ၁၄၈၈

Vol. 100 Ch. 1488

အခန်း ၁၄၈၈

Vol. 100 Ch. 1488

Chapter 1488 မင်းတို့ကို အိမ်ပြန်ခေါ်သွားမယ်

“ဝုန်း”

လက်ရှိတွင် တားဆီးရန် ရောက်ရှိလာသော ချွီမိသားစု ဂိုဏ်းသားများ ကြက်သီးတဖြန်းဖြန်းထကာ သည်းခြေပျက်မတတ် ဖြစ်သွားကြသည်။ သူတို့အရှေ့မှ သရဲတစ္ဆေများသည် ငရဲမှ ထွက်လာသလိုပင်။ ကြောက်မက်ဖွယ်ကောင်း၍ ကြမ်းကြုတ်လှသည်။

“ယီးပဲ ဘယ်လိုလုပ် ဒီလောက် များနေတာလဲ”

သူတို့ သည်းခြေပျက်နေပြီး သတ်ဖြတ်ရင်းနှင့် နောက်ဆုတ်နေကြသည်။ သူတို့၏ မျက်နှာများ ပြာနှမ်း နေလေသည်။ သူတို့ ဆောက်တည်ရာမရ ဖြစ်နေ၏။

မရေတွက်နိုင်သော သရဲတစ္ဆေများ ပြေးလာနေသည်ကိုကြည့်ပြီး ချွီမိသားစု ဂိုဏ်းသားများ ကြံရာမရ ဖြစ်ကာ မောပန်းလာကြသည်။

သူတို့၏ ခွန်အားကို ဆက်တိုက် သုံးစွဲနေရသည်။ ဤကြောက်စရာကောင်းသော အရှိန်အဝါက သူတို့၏ရင်ကို စုတ်ဖြဲနေ၏။

ချွီမိသားစု၏ ဂိုဏ်းသားများသည် ခြေလှမ်းကျဲကျဲဖြင့် ပြေးလာသော်လည်း များများ ရောက်လာလေ များများ သေလေ ဖြစ်သည်။ ဤသည်က တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်နေ၏။

“အား …”

ရုတ်တရက် ရင်းနှီးနေသော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ရန်ထျန်းကို ခြေတစ်ဖက်ဖြင့် နင်းထားသော့ မော့ခွေသည် သရဲတစ်ကောင်၏ ကိုက်ခြင်း ခံလိုက်ရသည်။ သူ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် အသားတစ်စ ပဲ့ပါသွားသည်။

ဤမြင်ကွင်းက ချွီမိသားစု ဂိုဏ်းသားများအားလုံးကို ကြံရာမရ ဖြစ်သွားစေသည်။

“ယဲ့ဘုရင် မင်းမှာ ငါ့ကို တစ်ယောက်တည်း သတ်ရဲတဲ့ သတ္တိရှိလား၊ ဘာလို့ ဒီလို သူရဲဘောကြောင်တဲ့ နည်းကို သုံးနေတာလဲ”

မော့ခွေက စဉ်းလဲသော အကြည့်တို့ဖြင့် ရုတ်တရက် ထအော်လာသည်။

“တစ်ယောက်တည်း တိုက်မယ် ဟုတ်လား၊ ရတယ်လေ၊ မင်းသဘောအတိုင်းပဲပေါ့”

ယဲ့ဖန်က ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။

*ဘာ*

*တကယ် သဘောတူလိုက်တာလား*

ထိုချွီမိသားစုဝင် ဂိုဏ်းသားများသည် တစ်ဒင်္ဂမျှ အံ့ဩနေပြီးနောက် ကျေနပ်အားရသော အပြုံးများ ပြုံးလာကြသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်၏ လုပ်ရပ်က သေတွင်းတူးနေသော လုပ်ရပ်ပင်။

မြေကမ္ဘာ၏ သားတော်များသည် သူတို့၏ ရုပ်ခန္ဓာ ခွန်အားကြောင့် ကျော်ကြားပြီး ရှေးခေတ်ကတည်းက သူတို့၏ ရုပ်ခွန်အားကို ယှဉ်နိုင်သူသည် လက်ဆယ်ချောင်းပင် မပြည့်ချင်ပါ။

ထိုသို့သောသူနှင့် ယဲ့ဖန်က ထိပ်တိုက် ရင်ဆိုင်ချင်သည်တဲ့လား။ ယင်းက သေတွင်းတူးနေခြင်းသာ။ မော့ခွေတောင်မှ ယဲ့ဖန် အလွယ်တကူ သဘောတူလိမ့်မည်ဟု ထင်မထားမိပေ။

မူလအတိုင်းဆိုလျင် ယဲ့ဖန်သည် ဤမသေမျိုး စစ်တပ်ဖြင့် သူ့အား အားကုန်အောင် ပြုလုပ်နိုင်သော်လည်း မိုက်ရူးရဲဆန်စွာဖြင့် သူ့အား ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ်လာသည် မဟုတ်ပါလော။

ဤမသေမျိုးစစ်တပ်က ယဲ့ဖန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြောင်း သူ သတိထားမိသည်။ သူ့ကို သတ်လိုက်သည်နှင့် ဤမသေမျိုး စစ်တပ်သည်လည်း ရှုံးနိမ့်သွားပေလိမ့်မည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု တွဲခိုလာ၏။

*ဒီအရူးက အရူးလုပ်ရတာ တော်တော် လွယ်တာပဲ၊ သူတော့ လုံးဝ ပွဲသိမ်းပြီ*

“ဟေ့ကောင် ဒါ မင်းဘာသာမင်း သေတွင်းတူးတာပဲ၊ နောက်မှ နောင်တမရနဲ့”

မော့ခွေက သရော်ပြုံး ပြုံးနေပြီး သူ့မျက်လုံးတွင် ရန်စလိုသော အရိပ်အယောင် ပြည့်နှက်နေသည်။ ယဲ့ဖန်၏ မျက်လုံးများက ချောက်နက်သဖွယ် နက်ရှိုင်းမည်းနက်နေပြီး မော့ခွေအား တိတ်ဆိတ်စွာ ကြည့်နေသည်။

“မှတ်ထား ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်း လွဲချော်ခဲ့ရင်တော့ … သေရမယ်”

*ဘာ*

*အခွင့်အရေးတစ်ခု ပေးမယ် ဟုတ်လား*

မော့ခွေ၏ အပြုံးက အေးခဲသွားပြီး သူ့မျက်နှာတွင် အရှက်ရဟန် ပေါ်လာ၏။

*ဒီခွေးမသားက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ*

*ယီးပဲ သေရမယ်*

“စိတ်မပူနဲ့ အခွင့်အရေးတစ်ခုက ငါ့အတွက် မင်းကို အကြိမ် တစ်ထောင်လောက် သတ်ဖို့ လုံလောက်နေပြီကွ”

မော့ခွေက ရုတ်တရက် ကြွေးကြော်လိုက်ပြီးနောက် ခြေဆောင့်နင်းလိုက်သောကြောင့် မြေဆီလွှာ တုန်ခါသွားသည်။

“တောင်ဖြိုလက်သီး”

မော့ခွေက နတ်ဘုရားစွမ်းအင်များ ပါဝင်သော လက်သီးတစ်လုံးအား ယဲ့ဖန်ထံသို့ အားကုန် ပစ်သွင်းလိုက်သည်။

“မဆိုးဘူး”

ယဲ့ဖန်ကလည်း ခြေဆောင့်နင်း၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့် ပြေးတက်လာပြီး မော့ခွေ၏ လက်သီးကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

“ဘာ … ဒီကောင်က အစ်ကိုမော့ခွေကို ထိပ်တိုက် ရင်ဆိုင်ဖို့ တကယ် တွေးထားတာလား”

“ဟားဟားဟား အရူး သူ မြန်မြန် မသေမှာကို စိုးရိမ်နေတာလား”

“ကောင်းတယ် ကောင်းတယ် ဒီလိုဆို ငါတို့ မသေတော့ဘူး”

ဂိုဏ်းသားများက ဝမ်းသာသော အမူအရာများ ဖြစ်လာပြီး ယဲ့ဖန်အား အထင်သေးဟန်ဖြင့် ပြိုင်တူ ကြည့်လာကြသည်။ ယဲ့ဖန် မည်သို့သော ကံဆိုးမှုမျိုးနှင့် ကြုံရမလဲ သူတို့ ခန့်မှန်းမိပြီးသားပင်။

*ဒီအရူး သေမှာပဲ*

“ဂျွတ်”

ထိုအခိုက်တွင် အရိုးကျိုးသံ ထွက်ပေါ်လာ၏။ ချွီမိသားစုဝင်တိုင်း အံ့ဩသွားပြီးနောက် ဝါးလုံးကွဲမတတ် ရယ်မောကြသည်။

“ငါ ကြားလိုက်တယ်၊ အဲ့အရူးလက်တော့ သုံးစားမရတော့ဘူးပဲ”

“ဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာရဲ့ အဆုံးသတ်ပဲ၊ ယဲ့ဘုရင် … သေပြီ”

သို့သော် စက္ကန့်ပိုင်းအတွင်း ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက သူတို့ မျက်လုံးထဲ ဝင်လာ၏။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မော့ခွေ၏ လက်သီးက ကျိုးသွားပြီး ဖြည်းဖြည်းချင်း ကြေမွလာသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

*မော့ခွေရဲ့ လက်သီးက ယဲ့ဖန်ရဲ့ လက်သီးကြောင့် ကြေမွသွားတာလား*

အဖြစ်အပျက်က လေတိုက်သွားသကဲ့သို့ မြန်ဆန်လွန်းလှသည်။ မော့ခွေ သတိမဝင်ခင်မှာပင် သူ့လည်ပင်း တစ်ဝိုက်၌ မွန်းကြပ်သော အေးစက်မှုတစ်ခုကို ခံစားလိုက်မိသည်။ နတ်ဆိုးလက်သည်းတစ်ဖက်က သူ့လည်ပင်းအား မည်သည့်အချိန်ကတည်းမှန်းမသိ ရစ်ပတ်နေ၏။

“မင်း …”

ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးလာပြီး ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်ပြီး ကြက်သီးမွေးညင်း ထလာသည်။

ထိုသို့သောအချိန်၌ ချွီမိသားစု၏ ဂိုဏ်းသားများအားလုံး ဓာတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး မျက်လုံးပြူးလာသည်။ လက်ရှိတွင် သူတို့ မည်မျှ ထိတ်လန့်နေကြောင်း မည်သူမှ တွေးကြည့်နိုင်မည် မဟုတ်ပေ။

မော့ခွေသည် မာနကြီး၍ သန်မာသူ ဖြစ်သည်။ ချွီကျီချန်၏ တပည့်များထဲတွင် သူသည် အလားအလာ အကောင်းဆုံးသူ ဖြစ်ပြီး နတ်ဘုရင်အဆင့်သို့ ရောက်ခါနီးနေသူ ဖြစ်သည်။

တလင်တောင်ကတောင်မှ သူ့ကို အကြိမ်ပေါင်းများစွာ ဖိတ်ကြားပြီး ဧကရာဇ်နှစ်ပါး၏ နောက်လိုက် ဖြစ်လာရန် မျှော်လင့်ခဲ့သည်။

တစ်ယောက်ချင်း တိုက်ပွဲများ၌ မော့ခွေ ရှုံးသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။ သို့သော် ယခုအခါ၌ မော့ခွေက ချက်ချင်း ရှုံးနိမ့်သွားရသည်။

မော့ခွေသည်လည်း အံ့ဩနေ၏။ သူ၏ မျိုးနွယ်သည် အတိတ်အခါက လောကကို ကိုင်လှုပ်နိုင်ခဲ့ပြီး သူတို့၏ ရုပ်ခန္ဓာက နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်ပေသည်။

သို့သော် ယဲ့ဖန်ရှေ့၌ သူ၏ သန်မာသော ခန္ဓာကိုယ်က ကြက်ဆင်သဖွယ် ဖြစ်နေပြီး တစ်ချက်တည်းဖြင့် ထိုးနှက်ခံ လိုက်ရသည်။

လက်ရှိတွင် သူ၏ မာနက အမှုန့်ဖြစ်သည်အထိ ပျက်စီးသွားကြောင်း သိသာလှသည်။

*ရှုံးသွားပြီ*

*အရှုံးကြီး ရှုံးသွားပြီ*

သူက ယဲ့ဖန်၏ ရန်သူအဆင့်သို့ ရောက်မနေလိမ့်မည်ဟု သူ ထင်မထားမိပါ။ ဂိုဏ်းသားများလည်း ကြောက်လန့်လွန်း၍ သတိလစ်လုနီးပါး ဖြစ်နေသည်။

*မော့ခွေက တစ်ယောက်ချင်း တိုက်ပွဲမှာ ရှုံးသွားတယ်တဲ့လား*

*ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း သည်းခြေပျက်မတတ် ဖြစ်နေကြသည်။ သူတို့၏ မျက်နှာတွင် အစိုးမရသော ကြောက်စိတ်များ ဖုံးလွှမ်းနေသည်။ သူတို့ လုံးဝကို ဆောက်တည်ရာမရ ဖြစ်နေလေသည်။

ယဲ့ဖန်က လက်တစ်ဖက်ဖြင့် သူ့လည်မျိုကို ညှစ်ထားပြီး ကျောချမ်းစရာကောင်းသော အပြုံးမျိုး ပြုံးနေ၏။

“မင်း အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ဘူးပဲ”

“မလုပ်”

“ဂျွတ်”

မော့ခွေက တောင်းပန်ချင်သော်လည်း ယဲ့ဖန်က သူ့ကို စကားပြောခွင့်မပေးဘဲ အစောပိုင်းက ရန်ထျန်းကို နင်းခဲ့သည့် သူ့ခြေထောက်တစ်ဖက်အား ဖမ်းချုပ်၍ အားဖြင့် စုတ်ဖြဲလိုက်သည်။ သွေးများ ငေါက်ခနဲ ပန်းထွက်လာသည်။

“အား”

နာကျင်သော အော်သံတစ်သံက ဟွာချင်ခန်းမအနှံ့ ပဲ့တင်ထပ်သွားသည်။

“ဒီအသံက မော့ခွေအသံ မဟုတ်လား”

“မဖြစ်နိုင်ဘူး မော့ခွေက မြေကမ္ဘာရဲ့ သားတော်လေ၊ နတ်ဘုရင်အဆင့် ရောက်ဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့လူ၊ သူ့လိုလူက ယဲ့ဘုရင်လို အမှိုက်ကောင်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”

“သွားမယ်၊ အပြင်ထွက်ပြီး တစ်ချက်လောက် သွားကြည့်ရမယ်”

ဟွာချင်ခန်းမ၏ အတွင်းရော အပြင်ဘက်၌ပါ အုတ်အော်သောင်းနင်း ဖြစ်လာသည်။ ထိုအခိုက်တွင် အပြင်မှ ချွီမိသားစု ဂိုဏ်းသားများသည် ဤမြင်ကွင်းကို ကြည့်ပြီး ကြောက်လန့်လွန်းသဖြင့် ငိုလုနီးပါး ဖြစ်သွားသည်။

“တစ်ယောက်မှ မကျန်စေနဲ့”

ယဲ့ဖန်၏ မျက်လုံးတွင်‌ အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားပြီး သတ်မိန့်ပေးလိုက်သည်။ သရဲတစ္ဆေများက အသည်းအသန် ပြေးတက်၍ တိုက်ခိုက်လေသည်။ အော်သံများ ထပ်မံ၍ ထွက်ပေါ်လာ၏။

ယဲ့ဖန်၏ လက်ထဲမှ မော့ခွေသည်လည်း တုန်ယင်နေပြီး မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးနေသည်။ ဤလူက သူ ကြုံဖူးသော ရန်သူများထက် အဆတစ်ရာမက ပိုမို၍ ကြောက်စရာ ကောင်းလေသည်။

မည်သူမှ သူ့ကို တစ်ချက်တည်းဖြင့် အနိုင်မယူနိုင်ပါ။ မည်သူမှ သူ့ကို ပုရွက်ဆိတ်ကဲ့သို့ သဘောမထားနိုင်ခဲ့ပေ။ သို့သော် ဤမကောင်းဆိုးဝါးဆန်သောလူက ထိုသို့ လုပ်နိုင်ခဲ့သည်။

“ငါ့လက်အောက်ငယ်သားတွေ ငါ့အတွက် တာဝန်ကျေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ အခု ငါ အဲ့ကျေးဇူးကို အဆတစ်ရာမက ပြန်ဆပ်ပါ့မယ်”

ယဲ့ဖန် မျက်မှောင်ကြုတ်နေပြီး လူသတ်ချင်စိတ်က ဝုန်းခနဲ ပေါက်ကွဲလာသည်။

“ဗြိ”

မော့ခွေ၏ လက်မောင်းတစ်ဖက် ပြတ်သွားပြန်သည်။ လက်ရှိတွင် လူတစ်စုသည် ပြေးထွက်လာနေကြပြီး သွေးသံတရဲရဲနှင့် ရက်စက်သော မြင်ကွင်းကိုမြင်သော် သေမတတ် ကြောက်လန့်သွားကြသည်။

“အဲ့လူက မော့ခွေ မဟုတ်လား၊ မြတ်စွာဘုရား သူက အရှင်လတ်လတ် ဆွဲစုတ်ခံနေရတာလား”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျုံးကျိုး အင်ပါယာထဲကို ခြေချလာပြီးကတည်းက သူ ပြိုင်ဘက်ကင်းနေတာ၊ ဘယ်သူမှ သူ့လက်ထဲမှ ဆယ်ကွက်ထက် ကျော်မနေနိုင်ဘူးလေ”

“သူက … ယဲ့ဖန်ပဲ”

ရုတ်တရက် လူအုပ်ထဲမှ အလန့်တကြား အော်သံ ထွက်ပေါ်လာ၏။ ထိုအခါ ဘေးလူများ ထိတ်လန့် သွားလေသည်။

အဆိုပါ နာမည်တွင် မှော်စွမ်းအင်တစ်ချို့ ပါနေသည်ဟု ထင်မှတ်ရပြီး ဟွာချင်ခန်းမ၏ အတွင်းရော အပြင်ကိုပါ ဆူညံ ပွက်လောရိုက်သွားစေ၏။

ယဲ့ဖန် တကယ် လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိချေ။ ဤနေရာ၌ သူ့ကို သတ်ရန် ထောင်သောင်းချီသော သိုင်းပညာရှင်များ ရှိနေသည်ကို သိသော်လည်း၊ ကျားဂူထဲသို့ ဝင်လာရဲသည့်သူသည် အရူးသာ ဖြစ်ပေတော့သည်။

ထိုအခိုက်တွင် ဟွာချင်ခန်းမတစ်ခုလုံးမှ သိုင်းပညာရှင်များ‌ ခေါင်းမော့လာပြီး မျက်နှာတွင် ကြမ်းကြုတ်မှုများ ပြည့်နှက်လာသည်။

“ယဲ့ဘုရင်က ဒီရောက်နေတာလား၊ ဟားဟား အဲ့အရူးကတော့ သေတွင်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် လှမ်းလာတာပဲ”

“ဟေ့ ငါ့ထီလက်မှတ်ကြီး ရောက်လာပြီ၊ သူ့ခေါင်းက ငါ့အပိုင်ပဲ”

“လေကျယ်မနေနဲ့ သူ့ခေါင်းက ငါ့အပိုင်”

သတ်ဖြတ်ချင်စိတ် ပြည့်နေသော လူတစ်ယောက်က တံခါးနားသို့ လျှပ်စီးသဖွယ် လျင်မြန်စွာ ပြေးတက်သွားသည်။

ဤလူများထဲတွင် သူတော်စင်သခင်အဆင့်များနှင့် ဘုရင်အဆင့်များစွာ ရှိလေသည်။ သူတို့၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်ဟန်များ အထင်းသား ပေါ်နေသည်။ သူတို့ ယဲ့ဖန်ကို သတ်နိုင်သည်နှင့် ရင်မိသားစု၏ ဧည့်သည်တော် ဖြစ်သွားနိုင်သည် မဟုတ်ပါတကား။

“အရှင်မင်းကြီး ရောက်နေတာလား”

ကင်းမြီးကောက် လူသတ်သမား အံ့ဩသွားပြီးမှ ရူးသွပ်သော အမူအရာ ဖြစ်သွားပြီး ကြွေးကြော်လိုက်သည်။

“ညီအစ်ကိုတို့ ကြားကြလား၊ ငါတို့ အရှင်မင်းမြတ်က ငါတို့ကို ပစ်မသွားဘူး၊ သူ ငါတို့ကို ကယ်ဖို့ ရောက်လာပြီ”

ထိုအခိုက်တွင် ကျွန်ပြုခံထားရပြီး နှိပ်စက်ညှင်းဆဲ ခံထားရသော ယဲ့ဘုရင်၏ နောက်လိုက်များသည် ရုတ်တရက် ခေါင်းမော့လာပြီး မယုံနိုင်လောက်အောင် ထိတ်လန့်သော အမူအရာ ဖြစ်ပေါ်လာ၏။

“တကယ်လား အရှင်မင်းကြီးက တကယ် ဒီရောက်နေတာလား”

ချက်ချင်းဆိုသလိုပင် သံမဏိသဖွယ် မာကြောသော ယောက်ျားရင့်မာကြီးများ မျက်ရည်ကျလာ၏။ ယခုချိန်တွင် သူတို့ သေရမည်ဆိုလျင်တောင်မှ လိုလိုလားလား သေချင်သလို ခံစားလာရသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူက သူ၏ အသက်ကို ပဓာနမထားဘဲ သူတို့ကို ကယ်ရန် အန္တရာယ်များသော ဤနေရာသို့ လာနေသည် မဟုတ်ပါလော။ ဤသည်က သူတို့ကို ကြည်နူးစေသလို စိတ်ပျက်သွားစေသည်။

သူတို့၏ အားနည်းသော ခွန်အားကြောင့် သူတို့ဘုရင်အား ဆွဲချသလို ဖြစ်နေသည်ကို စိတ်ပျက်မိခြင်းပင်။ သူတို့သာ လုံလုံလောက်လောက် သန်မာပါက … သူတို့သာ အရှင်လတ်လတ် အဖမ်းမခံခဲ့လျင် …။

“နတ်ဆိုးတွေ ငါ မင်းတို့ကို အိမ်ပြန်ဖို့ လာခေါ်ပြီ”

ထိုစဉ် ယဲ့ဖန်က ရုတ်တရက် ဟစ်ကြွေးလာ၏။ ထိုအသံလှိုင်းက မိုးခြိမ်းသံကဲ့သို့ မိုင်ရာချီ၍ ပျံ့လွင့်သွားကာ မြေပြင်တစ်ခုလုံး တုန်ခါလာ၏။

နတ်ဆိုးများအားလုံး ကြက်သေ သေသွားပြီးမှ မျက်ရည်လည်ရွဲ ဖြစ်လာကြသည်။ မည်သည့် အရေးမပါသော စကားမှမမဆိုဘဲ၊ အပြစ်တင်စကား စိုးစဉ်းမျှ ဆိုခြင်းမပြုဘဲ ထိုလူက ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လာခဲ့သည်။ ၎င်းမှာ သူတို့ကို အိမ်ပြန်ခေါ်သွားလိုခြင်း ဖြစ်သည်။

“အိမ်ပြန်မယ်၊ ငါ အိမ်ပြန်ချင်တယ်”

“အိမ်ပြန်မယ်၊ အရှင်မင်းကြီးက ငါတို့ကို အိမ်ပြန်ခေါ်နေပြီ၊ နတ်ဆိုးတွေ ထကြစမ်း”

“အရှင်မင်းကြီး၊ အရှင်မင်းကြီး”

သံမဏိသဖွယ် မာကြောသော ယောက်ျားသားများသည် စိတ်လှုပ်ရှားလာပြီး ကြွေးကြော်၍ ငိုကြွေးလုနီးပါး ဖြစ်နေသည်။

ယခုဘဝ၌ ဤသို့ မေတ္တာထား၍ စေတနာရှိသော အရှင်သခင်နှင့် ဆုံတွေ့ခွင့်ရခြင်းကြောင့် သူတို့ သေလျင်တောင်မှ နောင်တရမည် မဟုတ်ပါ။

All Chapters