အခန်း ၁၄၉၁
Vol. 100 Ch. 1491
Chapter 1491 ဒဏ်ရာမရခြင်း
တုတ်နှင့် နတ်တူတို့က ယဲ့ဖန်ပေါ်သို့ အရှိန်ဖြင့် ပြိုင်တူ ကျရောက်လာသည်။ ဤပြင်းထန်သော စွမ်းအင်က လေကို ထိုးခွင်းလာ၍ ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်နေသည်။ မသိလျင် မိုးသက်မုန်တိုင်း ကျရောက်လာသလိုပင်။
ထိုအခိုက်တွင် ချွီကျီချန်သည်လည်း သူတော်စင်သခင်အဆင့် ရှစ်ယောက်ကို ဦးဆောင်၍ ကြမ်းကြုတ်စွာ တိုက်ခိုက်လာသည်။
“ဝုန်း ဝုန်း ဝုန်း”
ကြောက်မက်ဖွယ်ကောင်းသော လူသတ်သိုင်းကွက်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက် နေသည်။
အရာအားလုံးကို သတ်ဖြတ်၍ ဝါးမျိုပစ်တော့မည့်ပုံပင်။ ဤစွမ်းအားက မိုင်တစ်ရာပတ်လည်မှ သက်ရှိများအားလုံးကို နှလုံးသည်းခြေ ပျက်သွားစေသည်။ အားနည်းသော အကောင်များဆိုလျင် ဖိအားနှင့်တင် မှင်တက်၍ သေဆုံးသွားကြသည်။
“အရှင်မင်းကြီး သတိထားပါ”
ထိုအခိုက်တွင် ထန်မင်လီ၊ ထျဲမူထားနှင့် အခြားသူများသည် သွေးပျက်တုန်လှုပ်သော အကြည့်တို့ဖြင့် ပြိုင်တူ အော်ဟစ် သတိပေးလိုက်မိသည်။
သို့သော် တစ်ခဏအတွင်း ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ယဲ့ဖန်က တည်ငြိမ်စွာဖြင့် ရပ်မြဲရပ်နေပြီး လက်ပိုက်နေပြီး မျက်မှောင်ပင် ကြုတ်မနေပါ။ ဤတိုက်ခိုက်မှုကို သူ လုံးဝ အလေးမထားပုံ ပြနေ၏။
*ဒါက …*
ချက်ချင်းဆိုသလိုပင် ချွီကျီချန်နှင့် အခြားသူများအားလုံး မျက်နှာ အမူအရာ ပျက်ယွင်းသွားပြီး ခက်ထန်သော အမူအရာ ဖြစ်ပေါ်လာသည်။
ယဲ့ဖန်က သေခါနီးအချိန်မှာတောင်မှ အရေးမစိုက်ဘဲ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ တစ်ဖက်လူ၏ အထင်အမြင်သေးမှုက သူတို့ကို ဒေါသထွက်စေသည်။
“သေချင်နေတာပဲ”
ချွီကျီချန် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်ကာ သတ်ချင်စိတ်ကလည်း ပို၍ ပြင်းထန်လာသည်။ လူသတ်ချင်စိတ်က ပွက်ပွက်ဆူနေ၏။
ဘယ်ဘက်မှနေ၍ နတ်တူ၊ ညာဘက်ကမှနေ၍ တုတ်တို့က ယဲ့ဖန်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်း လာသည်။ ပင်လယ်နက်သခင်နှင့် ချမ်လီပါတို့၏ မျက်နှာတွင် ကျေနပ်ဝမ်းသာစိတ်တို့ ပြည့်နှက်လာလေသည်။
ဤသို့ အနီးကပ် တိုက်ခိုက်မှု၊ ဤသို့ ပြင်းထန်သော စွမ်းအင်တို့အား နတ်ဘုရင်အဆင့်ပင် ခုခံနိုင်မည် မဟုတ်ပါ။
*ဒီအရူးက ဟိတ်ဟန်ထုတ်နေတာ၊ အခုတော့ တန်ရာတန်ကြေး ပြန်ပေးရပြီပဲ*
*သေပေတော့*
လက်ရှိအချိန်တွင် ယဲ့ဖန် ခေါင်းပေါက်၍ ပွဲချင်းပြီး သေဆုံးလိမ့်မည်ဟု လူတိုင်း ခံစားနေကြရသည်။
*အဲ့ယဲ့ဖန်က သာမန်ထက် မပိုပါလား*
တစ်ခဏကြာသော် သူတို့သည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူတို့၏ အပြုံးများ အေးခဲ သွားသည်။
“ခွန်းလွန်တောင် တုန်လှုပ်ခြင်း”
တုတ်နှင့် နတ်တူတို့က ခေါင်းပေါ် ရောက်ရန် စင်တီမီတာ အနည်းငယ်မျှသာ လိုတော့သည့်အချိန်၌ ယဲ့ဖန်ဘက်က လှုပ်ရှားလာသည်။ ကြွေးကြော်သံနှင့်အတူ ပြင်းထန်သော စွမ်းအင် ဝုန်းခနဲ ထွက်ပေါ်လာ၏။
ကျယ်လောင်သော အသံနှစ်သံနှင့်အတူ ပြင်းထန်သော စွမ်းအင်များ ပါဝင်သော နတ်တူနှင့် တုတ်တို့သည် ယဲ့ဖန်ထံတွင် မြဲမြံစွာ ဖမ်းဆုပ်ထားခြင်း ခံလိုက်ရသည်။
*အသာလေး တားလိုက်တာပဲ*
*တကယ် တားလိုက်နိုင်တာပါလား*
ဤမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ဒီလို ပြင်းထန်တဲ့ အနီးကပ် တိုက်ခိုက်မှုကို နတ်ဘုရင်အဆင့်တောင် မခုခံနိုင်တာ ဘယ်လိုလုပ် ဒီကောင်က လုပ်နိုင်တာလဲ*
*ပြီးတော့ တစ်ယောက်တည်းရဲ့ တိုက်ခိုက်မှုကို တားလိုက်နိုင်တာဆို ထားပါတော့၊ ဒီကောင်က နတ်ဘုရင်အဆင့် နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တစ်ပြိုင်တည်း ခုခံလိုက်နိုင်တယ်ပေါ့*
*မယုံနိုင်စရာပဲ*
*ဒီမြင်ကွင်းက ကြောက်ဖို့ကောင်းလွန်းတယ်*
*မကောင်းဆိုးဝါး*
*ဒီလူက မကောင်းဆိုးဝါးပဲ*
ထို့နောက်တွင်မူ ချမ်လီပါတို့ နှစ်ယောက်က မှော်လက်နက်ကို တင်းနေအောင် ဆုပ်ကိုင်၍ ပြန်ဆွဲထုတ်လေသည်။ သို့သော် ယဲ့ဖန်၏ ချုပ်နှောင်ခြင်း ခံထားရသော မှော်လက်နက်များသည် လက်မဝက်လေးပင် ရွေ့မလာသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
လက်မဝက်မျှ ရွေ့လာစေရန်ပင် ခက်ခဲနေ၏။ ယဲ့ဖန်၏ လက်များက ပြုတ်တူသဖွယ် သူတို့၏ မှော်လက်နက်များကို မြဲမြံစွာ ဖမ်းချုပ်ထားသည်။
ဤမြင်ကွင်းက အားလုံးကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ ထန်မင်လီ၏ အမူအရာ အေးစက် တောင့်တင်းသွားသည်။
ဤတိုက်ခိုက်မှုအောက်၌ ယဲ့ဖန် သေချာပေါက် သေရလိမ့်မည်ဟု သူတို့ ဝမ်းနည်းစွာ တွေးထင်ထားခဲ့သည်။ သူတို့၏ ရင်ထဲတွင် တွေးကြောက်စိတ်များ ပြည့်နှက်နေပြီး ယဲ့ဖန်နှင့် အတူတူ လိုက်သေချင်စိတ်ပါ တိုးလာရသည်။
တစ်ဖက်လူက နတ်ဘုရင်အဆင့် ဖြစ်နေသည် မဟုတ်ပါလော။ နတ်ဘုရင်အဆင့်များအပြင် မှော်လက်နက်ကိုပါ ပေါင်းထည့်လိုက်လျင် မည်သူက ခုခံနိုင်ပါမည်နည်း။ နတ်ဘုရင်အဆင့်ဆိုလျင်တောင်မှ သူတို့လက်ချက်ဖြင့် သေရပေလိမ့်မည်။
သို့သော် တားဆီးမရနိုင်ဟု ထင်မှတ်ရသော တိုက်စစ်ကို ယဲ့ဖန်က အပြီးတိုင် တားဆီးပစ်နိုင်ခဲ့သည်။ ဤမြင်ကွင်းက ယဲ့ဖန်နှင့် ရင်းနှီးသူများကိုပင် အံ့ဩသွားစေပြီး ကြက်သီးမွေးညင်း ထသွားစေသည်။
သို့သော် ဤမျှနှင့် မပြီးသေးချေ။ ထိုအခိုက်တွင် ချွီကျီချန်က သူတော်စင်သခင်အဆင့် ရှစ်ယောက်ကို ဦးဆောင်၍ တိုက်ခိုက်လာနေသည်။ ယဲ့ဖန်၏ လက်များက မှော်လက်နက်ကို ဖမ်းချုပ်ထားရသဖြင့် ပြန်တိုက်နိုင်သည့် အစွမ်း မရှိပေ။
လက်ရှိတွင် သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုက ယဲ့ဖန်ထံ အရှိန်ဖြင့် ကျရောက်လာသည်။ ထိုစဉ် ယဲ့ဖန်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဟစ်ကြွေးလိုက်သည်။
“ထွက်သွားစမ်း”
ယဲ့ဖန်၏ ပါးစပ်မှနေ၍ ကြောက်မက်ဖွယ် အသံလှိုင်း ထွက်ပေါ်လာ၏။ သူ့ပါးစပ်မှ ထွက်ပေါ်လာသော အနက်ရောင် အသံလှိုင်းလေပွေသည် ချဉ်းကပ်လာနေသော ချွီကျီချန်နှင့် အခြားသူများကို ဖုံးအုပ်သွားသည်။
“ချီးပဲ”
ရုတ်တရက် ချွီကျီချန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။ လက်ရှိတွင် သူ အရှေ့တက်ခြင်းကို ရပ်တန့်၍ အသည်းအသန် နောက်ဆုတ်လိုက်သည်။ ယခုအချိန်၌ သူ အလွန် အန္တရာယ်များသော အရှိန်အဝါတစ်ခုကို ခံစားမိနေ၏။ သို့သော် သူတော်စင်သခင်အဆင့်များကတော့ ကံမကောင်းချေ။
ထိုသူတော်စင်သခင်အဆင့်များ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ အားလုံး၏ ကြောက်ရွံ့နေသော အကြည့်အောက်၌ သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း အက်ကွဲလာပြီး ပေါက်ကွဲပျက်စီးကာ အရိုးပင် မကျန်ခဲ့ချေ။
*အလောင်းတောင် မကျန်ဘဲ သေသွားပါလား*
*အော်သံတစ်သံက သူတော်စင်သခင်အဆင့် ရှစ်ယောက်ကို သတ်နိုင်တယ်ပေါ့*
ငြိမ်သက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်လေအား တိတ်ဆိတ်သွား၏။ လက်ရှိတွင် နတ်ဘုရင်အငဆ့် သုံးယောက်လုံး ပင့်သက်ရှိုက်နေလေသည်။ ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်စွာ ကြည့်နေကြသည်။
*ဒီကောင်က သူ့ပါးစပ်နဲ့တင် လူသတ်နိုင်တာလား*
သို့သော် ဤမျှနှင့် မပြီးသွားသေးဘဲ ပို၍ ကြောက်စရာကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပြန်သည်။ ယဲ့ဖန်၏ လက် ပြင်းထန်သော လူသတ်လိုသော အငွေ့အသက်နှင့်အတူ ငရဲမှ ထွက်ပေါ်လာသကဲ့သို့ အနက်ရောင် မြူခိုးတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ လက်မှအားကို ပိုစိုက်ထုတ်လိုက်သည်။
“ဂျွတ် ဂျွတ်”
သတ္တု အက်ကွဲသံ ထွက်ပေါ်လာ၏။ လူတိုင်း မျက်လုံးပြူးသွားပြီး ယဲ့ဖန်၏ လက်ထဲမှ မှော်လက်နက်နှစ်ခုကို အလန့်တကြား ကြည့်လာသည်။ လက်ရှိတွင် ၎င်းတို့တွင် အက်ရာများ ပေါ်နေသည်။ ထို့နောက် အက်ကွဲ၍ ပျက်စီးသွားလေသည်။
နတ်ဘုရင်အဆင့် နှစ်ယောက်လုံး ကြက်သီးထသွားပြီး မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေ၏။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သူတို့ ပြိုင်တူ အော်ဟစ်လိုက်မိပြီး မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်နေသည်။ လက်ရှိတွင် သူတို့ လုံးဝ မှင်တက်နေ၏။
ယဲ့ဖန်က သူ၏ ရုပ်ခွန်အားကိုသုံး၍ သူတို့၏ မှော်လက်နက်ကို ဖျက်ဆီးလိုက်သည်တဲ့လား။
“ငါ့နတ်တူက နတ်သံနဲ့ လုပ်ထားတာ၊ ဘယ်လိုလုပ် မင်းက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါ့တုတ်က အင်မော်တယ် ဧကရာဇ် ပြုလုပ်ခဲ့တဲ့ မော်လက်နက်ပဲ၊ မင်းက ဘာလို့ အဲ့ဒါကို ဖျက်ဆီးနိုင်ရတာလဲ”
နှစ်ယောက်လုံး၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး လက်ရှိတွင် ကြောက်လန့်နေကြလေသည်။ သူတို့ ကိုယ့်မျက်လုံးပင် ကိုယ် မယုံနိုင်ပါ။
သူတို့နှစ်ယောက်လုံးသည် နတ်ဘုရင်အဆင့်များ ဖြစ်သော်လည်း ဤမှော်လက်နက်နှစ်ခုကို မဖျက်ဆီးနိုင်ပါ။ သို့သော် သူတို့အရှေ့မှ ဤမကောင်းဆိုးဝါးက လက်ဖြင့် ဖမ်းချုပ်၍ ဖျက်ဆီးခဲ့သည်။
ဤသည်က ဆန်းကြယ်မှုတစ်ခုသာ။ ဤသို့သော ဆန်းကြယ်မှုမျိုး ဖြစ်ပေါ်လာရန် ဖြစ်နိုင်ချေ မရှိခဲ့ပါ။ မျက်စိရှေ့မှ ဤမြင်ကွင်းက သူတို့အပေါ် ကြီးမားစွာ လွှမ်းမိုးနေပြီး ကြက်သေ သေနေစေသည်။
သို့သော် ယဲ့ဖန်၏ သူတို့၏ အမေးကို ပြန်မဖြေဘဲ နှစ်ယောက်လုံး၏ ခေါင်းကို ဒေါသတကြီး လက်သီးဖြင့် ပိတ်ထိုးလိုက်သည်။ ဤလက်သီးက သန်မာ၍ ပြင်းထန်ကာ လေဟာနယ်ကို ခွင်း၍ ကျရောက်လာသည်။
နတ်ဘုရင်အဆင့် နှစ်ယောက်လုံး မရဏ အငွေ့အသက်ကို ခံစားမိကာ ကြက်သီးထသွားသည်။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့် ယဲ့ဖန်ကို ရိုက်ချလေသည်။
“ဝုန်း”
ထိုအခိုက်တွင် နှစ်ဖက်လုံး၏ ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က သေတွင်းတူးနေခြင်းသာ ဖြစ်သည်ဟု အားလုံး ထင်နေမိသည်။ သူ့အရှေ့မှ နတ်ဘုရင်အဆင့်များက သူ့အား ခွေးသတ်သလို သတ်နိုင်သည် မဟုတ်ပါလော။
“ဂျွတ်”
အရိုးကျိုးသံ ထွက်ပေါ်လာပြီးနောက် အိပ်မက်ဆိုးတမျှ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။
ယဲ့ဖန်၏ တိုက်ခိုက်မှုအောက်၌ နတ်ဘုရင်အဆင့် နှစ်ယောက်၏ လက်များသည် စက္ကူသဖွယ် ကြေမွသွားပြီး အသားများနှင့်အတူ သွေးများ ဖွာလန်ကြဲ၍ ထွက်လာလေသည်။
“ယဲ့ဘုရင် မင်း”
“ချီးပဲ မင်းက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ”
နှစ်ယောက်လုံး ကြက်သီးမွေးညင်းထကာ အတွင်းစိတ်ထဲအထိ ကြောက်လန့်နေကြသည်။ တစ်ချိန်တည်းမှာပင် နှစ်ယောက်သား နောက်သို့ အသည်းအသန် ဆုတ်လိုက်ကြသည်။
သို့သော် ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးတွင်းမှ အေးစက်မှုက ပိုပြင်းထန်လာကာ လူသတ်ချင်စိတ်ကလည်း ပိုမို၍ ကြမ်းကြုတ်လာ၏။
သူသည် ရှေ့သို့ ဖျတ်ခနဲ တိုးလာပြီးနောက် ကြောက်စရာကောင်းသော လက်သီးချက်ဖြင့် ထိုးနှက်လာ၏။ သူ့အရှေ့မှ ချမ်လီပါကို ထိုးနှက်ခြင်း ဖြစ်လေသည်။
“ခွေးမသား”
ချမ်လီပါ ထိတ်လန့်သလို ဒေါသလည်း ထွက်သွားရသည်။ လက်ရှိတွင် သူ မနိုင်နိုင်မှန်း သိသော်လည်း ယဲ့ဖန်ကို ပြန်၍သာ တိုက်ခိုက်လိုက်သည်။
“ဂျွတ်”
ပို၍ ကြောက်စရာကောင်းသော အဖြစ် ဖြစ်ပေါ်လာသည်။ ယဲ့ဖန်၏ လက်သီးနှင့် ထိုးမိသော လက်နှစ်ဖက်လုံး ကြေမွသွားပြီး လက်ကောက်ဝတ်မှ လက်မောင်းအထိ ပျက်စီးလာ၏။
“အား…”
ချမ်လီပါ၏ ပါးစပ်မှ ကြောက်စရာကောင်းသော အော်သံ ထွက်ပေါ်လာသည်။ လက်ရှိတွင် သူသည် ဆောက်တည်ရာမရ ဖြစ်ခြင်းဟူသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားရသည်။
*ကြောက်စရာကောင်းလိုက်တဲ့ ခွန်အား*
*လီပါ ဟုတ်လား၊ ဒီနေ့ မင်းကို အော်နေစေရမယ်ကွ”
ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်နေပြီး ချမ်လီပါထံ လက်သီးများ ဆက်တိုက် ပစ်သွင်းလေသည်။ ပြင်းထန်သော ထိုးနှက်သံများ ချက်ချင်း ထွက်ပေါ်လာ၏။
ပခုံးရိုး ကျိုးသွားသည်။ ရင်ညွန့်ရိုး ကျိုးသွားသည်။ ဦးခေါင်းခွံ ကွဲကြေသွားလေသည်။ ချမ်လီပါ၏ အရိုးများ အက်ကွဲကြေမွသွားပြီး တစ်ကိုယ်လုံး ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားသည်။
တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် ကြည့်ရဆိုးလှသည်။ ပွဲချင်းပြီး သေဆုံးသွားလေပြီ။
*သေပြီ*
*နတ်ဘုရင်အဆင့် တစ်ယောက်က ယဲ့ဖန်ရဲ့ လက်သီးနှင့် အသေထိုးခံလိုက်ရတယ်တဲ့လား*
*မဖြစ်နိုင်လိုက်တာ*
*ယုတ္တိမရှိဘူး*
ဤမြင်ကွင်းက လူတိုင်းကို အံ့ဩသွားစေသည်။
*ရက်စက်တယ်*
*ညှဉ်းဆဲတယ်*
*စစ်နတ်ဘုရားတစ်ပါးက အရူးအမူး နင်းချေနေသလိုပဲ*
မည်သည့်လက်နက်မှမပါဘဲ သူ၏ ခန္ဓာကိုယ်ကပင် ကြောက်စရာကောင်းသော လက်နက်ဖြစ်နေ၍ ချွီကျီချန်နှင့် အခြားသူများ ရင်တုန်နေ၏။
“အခု မင်းအလှည့်ပဲ”
ယဲ့ဖန်က ပင်လယ်နက်သခင်အား ရက်စက်သော မျက်လုံးတို့ဖြင့် အေးတိအေးစက် ကြည့်လာသည်။ ပင်လယ်နက် သခင်၏ မျက်လုံးများ မီးတောက်လာပြီး ရူးမတတ် ဖြစ်သွားလေသည်။
“မင်းကများ ငါ့ကို လှောင်ရဲတယ်ပေါ့လေ၊ မင်းကများ ငါ့ကို စော်ကားရဲတယ်ပေါ့”
သူ ယခင်က ဤသို့ တစ်ခါမှ အနိုင်ကျင့်မခံရဖူးပါ။ သူ ဘယ်သောအခါကမှ ပုရွက်ဆိတ်တစ်ကောင်သဖွယ် နင်းချေခံရပြီး အထင်သေး မခံရဖူးပေ။
ထို့ကြောင့် လက်ရှိတွင် သူ ရူးသွပ်နေပြီး လူသတ်ချင်စိတ် ပြင်းထန်နေ၏။ ထို့နောက် သူ့ကိုယ်မှ ကြောက်စရာ စွမ်းအင် ထွက်ပေါ်လာသည်။ သူသည် အသက်စွမ်းအင်ကို လောင်ကျွမ်းစေပြီး ယဲ့ဖန်နှင့်အတူ သေဆုံးရန် ပြင်ဆင်လာလေသည်။
*ကောင်းတယ်*
ချွီကျီချန် စိတ်လှုပ်ရှားကာ တုန်ယင်နေ၏။ ပင်လယ်နက်သခင်သည် ရန်စခံလိုက်ရသဖြင့် အသက်စွမ်းအင်ကိုပင် လောင်ကျွမ်းစေသဖြင့် သူ့ခွန်အားက အနည်းဆုံး ငါးဆအထိ တိုးမြင့်လာသည်။
*ဒီကောင် သေချာပေါက် သေမှာပဲ*
မွန်းကျပ်ဖွယ် ဖိအားတစ်ခု ပျံ့လွင့်လာ၏။ ထို့နောက်တွင်မူ ပင်လယ်နက်သခင်က ယဲ့ဖန်ထံ ပြေးဝင်လာပြီး သူ့အနောက်၌ ကြီးမားသော လှိုင်းလုံးများ လိုက်ပါလာသည်။
“ယဲ့ဖန် ငါ့ရှေ့ ဒူးထောက်စမ်း”