← Chapters

အခန်း ၁၄၉၂

Vol. 100 Ch. 1492

အခန်း ၁၄၉၂

Vol. 100 Ch. 1492

Chapter 1492 နောက်သေရမယ့်လူက မင်းပဲ

သို့သော် အားလုံးက အချည်းနှီးပင်။

“ဝုန်း”

ယဲ့ဖန်အား အေးစက်စွာ တိုက်ခိုက်လာပြီး လက်သီးနှစ်လုံးက သူ့အရှေ့မှ ပင်လယ်နက်သခင်ထံသို့ အရှိန်ဖြင့် ထိုးနှက်လာသည်။

ထိုအခိုက်တွင် ပင်လယ်နက်သခင်သည် ကြောက်စရာကောင်းသော အဖျက်စွမ်းအင်က သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားမိသည်။

“ဘန်း”

သူ့ကိုယ်ပေါ်မှ ကြီးမားသော လှိုင်းလုံးများသည် လက်သီးတစ်ချက်ကြောင့် ပျက်စီးသွားပြီး ဤလက်သီးချက်၏ စွမ်းအားကို လုံးဝ တောင့်မခံနိုင်ချေ။

“ဝုန်း”

ကောင်းကင်ယံ ဇောက်ထိုးမှောက်ခုံ ဖြစ်လာပြီး ယဲ့ဖန်၏ လက်သီးစွမ်းအားက ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။ အလင်းတန်းများ ဖြာထွက်လာပြီး ဖုန်တထောင်းထောင်းထကာ လက်ရှိတွင် အရာအားလုံး သေဆုံးတော့မလိုပင်။

“မဟုတ်ဘူး ငါ မယုံဘူးကွ”

ထိုအခိုက်တွင် ပင်လယ်နက်သခင်၏ ပါးစပ်မှ ကြံရာမရ ဟစ်ကြွေးသံ ထွက်ပေါ်လာ၏။

*ဘာ*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ချွီကျီချန်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေပြီး ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

*အသက်ဓာတ်ကို လောင်ကျွမ်းထားတဲ့ ပင်လယ်နက်သခင်တောင်မှ ဒီမကောင်းဆိုးဝါးရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား*

လက်ရှိတွင် ယဲ့ဖန်သည် တာအိုသဘောတရားနှင့် ပေါင်းစပ်နေပြီး ဒေါသထွက်နေသောကြောင့် မည်သူမှ သူ့ကို မတားဆီးနိုင်ပါ။

*ဒါက တကယ့် မကောင်းဆိုးဝါးကြီးပဲ*

*လောကထဲက အရက်စက်ဆုံး မိစ္ဆာ*

ထိုအခိုက်တွင် ပင်လယ်နက်သခင်၏ ခန္ဓာကိုယ်ကို ယဲ့ဖန်၏ လက်သီးက ထိုးနှက်သွားပြီး သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။

ခန္ဓာကိုယ်က ကြမ်းကြုတ်စွာ ထိုးနှက်ခံလိုက်ရပြီး လွင့်ထွက်သွားကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေသည်။ တစ်ခဏအတွင်း အသားတုံးပုံကြီး ဖြစ်သွားကာ အလောင်းပင် မကျန်ဘဲ သေဆုံးသွားရသည်။ ယဲ့ဖန်ကြောင့် နောက်တစ်ယောက် သေဆုံးသွားရပြန်သည်။

ဤမြင်ကွင်းက အိပ်မက်ဆန်၍ ကြက်သီးထဖွယ်‌ ကောင်းလှသည်။

*နတ်ဘုရင်အဆင့် နှစ်ယောက်ကို ရှင်းလိုက်တာလား*

*ဒါကလည်း မိနစ်ပိုင်းအတွင်းတဲ့လား*

ဤကြောက်စရာကောင်းသော မြင်ကွင်းက ရင်တုန်ဖွယ် ကောင်းလှသည်။

*အံ့ဩစရာပဲ၊ ဒါ အမှန်လို့ကို မယုံနိုင်တာ*

ဟွာချင်ခန်းမတစ်ခုလုံး ပြာဖြစ်သွားပြီး ကြောက်စရာကောင်း၍ ရက်စက်သော လေလှိုင်းများ တိုးပွားနေပြီး မီးခိုးမှုန်များ ပျံ့လွင့်နေကာ အဖျက်စွမ်းအင်နှင့် မြူခိုးများ ဆက်လက် တိုးပွားနေသည်။

ယဲ့ဖန်သည် ပင်လယ်နက်သခင်ကို သတ်ဖြတ်ပြီး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်တွင် အဖျက်စွမ်းအင်တို့ ပြည့်နှက်နေဆဲ ဖြစ်ပြီး သရဲတစ္ဆေများ၏ အော်သံကိုပင် ကြားနေရသည်ဟု ထင်မှတ်ရပြီး အလွန် ကျောချမ်းစရာ ကောင်းပြီး ကြောက်စရာ ကောင်းလှပေသည်။

ချွီကျီချန် ကြောက်လန့်တုန်လှုပ်လာသည်။

*ဒါ ဘယ်လို တိုက်ပွဲဝင်ခွန်အားကြီးလဲ၊ နတ်ဘုရင်အဆင့် သုံးယောက်ကို တစ်ယောက်အားနဲ့ ရင်ဆိုင်တာတောင် ပြိုင်ဘက်ကင်းနေသေးတယ်လား*

*ငါတို့က နတ်ဘုရင်အဆင့်တွေလေ*

ယဲ့ဖန်၏ မျက်လုံးထဲတွင် သူသည် တစ်ချက်တည်းဖြင့် ရှင်းပစ်နိုင်သော အမှိုက်တစ်စ ဖြစ်နေသလိုပင်။

*ဒီလို မကောင်းဆိုးဝါးကို လောကထဲက ဘယ်သူက ယှဉ်နိုင်မှာလဲ*

*ကြောက်စရာ ကောင်းလွန်းတယ်*

“နောက်သေရမယ့်လူက မင်းပဲ”

ယဲ့ဖန်က ချွီကျီချန်ဘက် အာရုံစိုက်လာပြီး သာမန် အချက်အလက်တစ်ခုကို ရှင်းပြနေသကဲ့သို့ အထင်သေး၍ ခံစားချက် ကင်းမဲ့နေဆဲပင်။ အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလှသည်။

ချွီကျီချန် တုန်လှုပ်သွားပြီး သူ့စိတ်ထဲ မေးခွန်းထုတ်နေမိသည်။

*ဒီကောင်က တကယ်ပဲ လူဟုတ်ရဲ့လား*

သူ၏ ခွန်အားသည် ထိုနတ်ဘုရင်အဆင့် နှစ်ယောက်ထက် ပိုသန်မာသော်လည်း အနည်းငယ်မျှသာ သာလွန်ခြင်း ဖြစ်သည်။ အကယ်၍ ထိုလူနှစ်ယောက်ကိုသာ သူ ပြိုင်တူ ရင်ဆိုင်ရလျင် သူ သေသွားလောက်သည်။

ယခု ထိုနတ်ဘုရင်အဆင့် နှစ်ယောက်က ယဲ့ဖန်ထံတွင် အသတ်ခံလိုက်ရသဖြင့် သူက ဘယ်လိုလုပ် ယဲ့ဖန်၏ ပြိုင်ဘက် ဖြစ်ပါတော့မည်နည်း။

ရင်မိသားစု၏ ဧည့်သည် နှစ်ယောက်က ယဲ့ဖန်ကို ဘာမှလုပ်နိုင်စွမ်း မရှိ ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

*ဒါက …*

*အံ့ဩစရာပဲ*

တစ်ခဏကြာသော် သူ့မျက်လုံး လက်ခနဲ ဖြစ်သွားပြီး တွေဝေခြင်းမရှိဘဲ နောက်လှည့်၍ ထွက်ပြေးလေသည်။ လက်ရှိတွင် ဂုဏ်သိက္ခာ၊ အမုန်းတရား စသည်တို့အားလုံးက အရေးမပါချေ။ သူ မသေချင်ပါ။ သူ ဤမကောင်းဆိုးဝါး၏ လက်ထဲ၌ မသေချင်ပေ။

*ဒါက မနိုင်နိုင်တဲ့ တိုက်ပွဲပဲ*

*ငါ အစကတည်းက ခေါင်းချောင်နေတာပဲ ဖြစ်ရမယ်*

*ဒီလို မကောင်းဆိုးဝါးနဲ့မှ တိုက်ခိုက်ရတယ်လို့*

ရုတ်တရက်ဆိုသလိုပင် ချွီကျီချန်က လျှပ်စီးကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ထွက်ပြေးသွားပြီး တစ်ကိုယ်လုံးမှ ယန်စွမ်းအင်ကို ခြေဖဝါးသို့ ပို့လွှတ်၍ထားသည်။ သူ အားကုန်သုံး၍ ထွက်ပြေးရန် လိုအပ်နေ၏။

သူ၏ အဟုန်က အလွန် လျင်မြန်လှပြီး တစ်ခဏအတွင်း မီတာရာချီသော အကွာအဝေးသို့ ရောက်သွားပြီး ဟွာချင် နန်းတော်မှ ထွက်လာနိုင်ခဲ့သည်။ အသက်တစ်ကြိမ် ရှူစာအတွင်း သူ နောက်ထပ် ဆယ်မိုင်အကွာသို့ ရောက်သွားလေသည်။

သို့သော် ယဲ့ဖန်က လိုက်ဖမ်းလိုသည့် ဟန်မပြသဖြင့် ချွီကျီချန်အား စိတ်အေးသွားစေသည်။

*ဒီခွေးကောင်က နောက်ကလိုက်ဖမ်းတဲ့ နေရာမှာ မမြန်လို့ တော်သေးတယ် မဟုတ်ရင် ငါ သေနေလောက်ပြီ*

“စောင့်နေလိုက် ငါ ရင်မိသားစုကို ပြန်ရောက်ရင် သေချာပေါက် ရင်မိသားစုရဲ့ စစ်တပ်တစ်ခုလုံးကို ဒီလွှတ်ပြီး မင်းကို တိုက်ခိုင်းမယ်ကွ”

“ဒီနေ့ အရှက်ကွဲခဲ့တာအတွက် ဆယ်ဆမက ပြန်ပေးဆပ်ရမယ်”

သို့သော် သူ ထွက်ပြေးနိုင်ပြီဟု ထင်ထားချိန်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

“ဝုန်း”

ကောင်းကင်ထက်တွင် ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက ဧရာမ လူဝံတစ်ကောင် ဟစ်ကြွေးလာသည်ဟု ထင်မှတ်မှားရသည်။

*ဟမ်*

ချွီကျီချန် အလန့်တကြား‌ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ဧရာမ အနက်ရောင် လက်ဝါးတစ်ဖက် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

၎င်းသည် မိုင်ပေါင်းရာချီ၍ လွှမ်းမိုးနေပြီး ကောင်းကင်တစ်ဝက်ကိုပင် ဖုံးအုပ်ထားနိုင်လောက်အောင် ကြီးမားပြီး အရှိန်ဖြင့် ကျဆင်းလာသည်။ ချွီကျီချန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဤမြင်ကွင်းက သူ့အား နှလုံးဖောက်သွားစေသည်။

*ဒီကောင်က ဘာလဲ*

သူ အံ့ဩနေချိန်မှာပင် ထိုလက်ဝါးက အားဖြင့် ကျဆင်းလာနေသည်။

“အား…”

ကြောက်လန့်တကြား အော်ဟစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ ချွီကျီချန် မြေကြီးပေါ် ဖြောင်းခနဲ ရိုက်ချခံလိုက်ရပြီး ခန္ဓာကိုယ် ပြားချပ်ကာ သွေးများ ပန်းထွက်လာလေသည်။

သူ ထွက်ပြေးနိုင်ပြီဟု ထင်ထားသော်လည်း ယဲ့ဖန်၏ ရိုက်ချက်ကြောင့် ရှုံးရလိမ့်မည်ဟု ထင်မထားမိပေ။ လူတစ်ကိုယ်လုံး အသားပြား ဖြစ်သွားရလေပြီ။

ထိုစဉ် အမှောင်ထဲမှ ထူးဆန်းသော ကြေးမုံဖြင့် ချောင်းမြောင်း ကြည့်ရှုနေသော ရင်မိသားစု ကြက်သီးထ သွားသည်။ ရင်မိသားစု၏ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

*ဒီနတ်ဆိုးဆီမှာ တစ်ကွက်တည်းနဲ့ နတ်ဘုရင်အဆင့် သုံးယောက်နဲ့ မျိုးနွယ်ဝင် တစ်သောင်းလုံး ရှုံးသွားတယ် တဲ့လား*

နာရီဝက်ပင် မကြာလိုက်သော အချိန်အတွင်းမှာပင် အင်အားစုတစ်ခုလုံး ရှင်းလင်းခံလိုက်ရသည်။ ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလွန်းလှသည်။

ထိုအခိုက်တွင် သူမသားများအတွက် လက်စားချေချင်စိတ် ပြင်းပြနေသော မြေလောက်လောက ဘုရင်မသည် ကြက်သီးထနေပြီး ခြေထောက်များ တုန်လာသည်။

နတ်ဘုရင်အဆင့် ဖြစ်သော် သူမသည်လည်း လက်ရှိတွင် စိတ်မသက်မသာ ဖြစ်ကာ ကြောက်ရွံ့သလို ခံစားနေရသည်။

*ကြောက်စရာကောင်းလွန်းတယ်*

*ဒီဆန်းကြယ်ကြေးမုံထဲက လူသာ ကြီးပြင်းလာရင် သေချာပေါက် ငါတို့ ရင်မိသားစုရဲ့ ရန်သူ ဖြစ်လာမှာပဲ*

လက်ရှိတွင် လူတိုင်း၏ စိတ်ထဲမှ အထင်သေးစိတ်များ ပျောက်ကွယ်သွားပြီး ဤနိုင်ငံငယ်လေးနှင့် ရင်ဆိုင်ရမည်ကို ကြောက်သလို ခံစားလာရသည်။

ရုတ်တရက် ယဲ့ဖန်၏ မျက်လုံးက လေးဆယ့်ငါး ဒီဂရီမျှ ဝင့်လာပြီး တစ်နေရာသို့ ကြည့်ကာ ဆန်းကြယ် ကြေးမုံထဲမှ လူတိုင်းကို စိုက်ကြည့်လေသည်။ ဤသည်ကိုမြင်သော် ငြိမ်သက်နေသော ရင်မိသားစု လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

*ဒီလူက ငါတို့ သူ့ကို လျှို့ဝှက်စောင့်ကြည့်နေတယ်ဆိုတာကို ရှာတွေ့သွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အခုချိန်အထိ ဘယ်သူမှ သတိမထားမိတာကို ဘယ်လိုလုပ် ဒီလူက သတိထားမိမှာလဲ*

*မယုံနိုင်စရာပဲ*

“တောက် တောက်”

ရင်မိသားစုတိုင်း၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ သူတို့အားလုံး ကြောက်လန့်နေသည်။ နတ်ဘုရင်အဆင့် ဖြစ်စေ၊ သူတော်စင်သခင်အဆင့်ဖြစ်စေ လက်ရှိတွင် အားလုံး ကြက်သီးထ၍ သေမတတ် ကြောက်ရွံ့နေ၏။

မျက်စိရှေ့မှ မြင်ကွင်းက ထူးဆန်းလွန်းနေသည်။ ထိုစဉ် မြေအောက်လောက ဘုရင်မက အံကြိတ်၍ ကြုံးဝါးလာသည်။

“သောက်ခွေးကောင် နင် ငါ့သားကို သတ်ခဲ့တယ်၊ ငါ နင့်ကို သေချာပေါက် အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းမယ်”

“နင့်ကြောင့် နင့်မိသားစု ဆွေမျိုးနဲ့ မိတ်ဆွေတွေ သေရမယ်၊ ငါ သူတို့အားလုံးကို သတ်ပစ်မယ်”

“ပြီးတော့ နင် … နင့်ကို အကျဉ်းချပြီး ဝမ်းနည်းကြေကွဲအောင် လုပ်မယ်၊ နင့်ခန္ဓာကိုယ်ကို နှစ်တစ်သောင်းတိတိ လင်းတစာ ကျွေးပစ်မယ်၊ နင့်ကို နှစ်တစ်သောင်းတိတိ ညှဉ်းဆဲပြီး ပူဆွေးသောက ရောက်အောင် လုပ်ပစ်မယ်”

သူမ ယဲ့ဖန်ကို မုန်းတီးသည်။ သူ့အား အရေခွံခွာ၍ နင်းချေရန် မစောင့်နိုင်တော့ပါ။

“မဟုတ်ဘူး ငါ မင်းရှေ့ ရပ်နေတဲ့အခါကျရင် မင်းတို့အားလုံး ငါ့ခြေထောက်အောက်မှာ ဒူးထောက်ရမယ်၊ အဲ့အခါကျရင် ငါ့စကားကို နာခံတဲ့လူ အသက်ရှင်ပြီး ငြင်းဆန်တဲ့လူ သေရမယ်”

ယဲ့ဖန်၏ မျက်လုံးများက အေးစက်စက် အလင်းတို့ဖြင့် တောက်ပနေပြီး စကားလုံးတိုင်းတွင် လူသတ်ချင်စိတ်များ ပါဝင်နေ၏။

ထိုစကားကိုကြားသော် ရင်မိသားစုဝင်များအားလုံး လူသတ်ချင်ဟန် ပြလာ၏။

*ဒီလောက် မောက်မာတဲ့ကောင်*

သူတို့ ရင်မိသားစုသည် ယခင်က ဤသို တစ်ခါမှ လှောင်ပြောင်ခံရပြီး အရှက်မကွဲဖူးပါ။

*သေချင်နေတာပဲ*

*ဒီလူက သေချင်နေတာ*

ထိုအခိုက်တွင် သူတို့ ပို၍ အံ့ဩစရာကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။ ယဲ့ဖန်က လက်မြှောက်၍ သူတို့ဘက်သို့ ဝှေ့ယမ်းလိုက်သည်။

“ဂျွတ်”

ဆန်းကြယ်မြေပုံ ပေါက်ကွဲသွားပြီး မှန်စများ တစ်စစီ ဖြစ်သွားရသည်။

*ဒီရှေးဟောင်း မှန်ချပ်က ဒီလူကြောင့် ပျက်စီးသွားတာလား*

ဤမြင်ကွင်းက ရင်မိသားစုဝင်တိုင်းကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေသည်။

*ကြောက်စရာကောင်းတယ်*

*စိုးရိမ်စရာ ကောင်းလွန်းတယ်*

လက်ရှိတွင် သူတို့ ရင်မိသားစုသည် မဟာရန်သူနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။ တလင်တောင်မှ ရင်မိသားစု စံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

သိုင်းပညာရှင်များအားလုံး၏ မျက်နှာတွင် ကြောက်စိတ်များ ပေါ်နေပြီး အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောနိုင်ချေ။ ဘုရင်မ၏ မျက်နှာပင် ပြာနှမ်းနေသည်။ ထို့နောက် သူမက ဒေါသတကြီး ပြောလာ၏။

“နတ်ဧကရာဇ်ကို ထွက်လာဖို့ သွားပြောစမ်း”

“ဒါက … နတ်ဧကရာဇ်က တံခါးပိတ် ကျင့်ကြံနေတာမှ၊ အခု သွားနှောင့်ယှက်မိရင် ကျွန်တော် စိုးရိမ် …”

ရင်မိသားစု အကြီးအကဲတစ်ယောက်က သတိထား၍ ပြောလာသည်။

“ပါးစပ်ပိတ်ထား၊ အခု သူ့သား အသတ်ခံလိုက်ရတာကို ရင်မိသားစုခေါင်းဆောင်ဖြစ်တဲ့သူက ထွက်လာပြီး အခြေအနေကို မထိန်းချုပ်သင့်ဘူးလား”

“အရှင်မ သေချာစဉ်းစားတော်မူပါ၊ အကယ်၍ ဧကရာဇ်သာ လှုပ်ရှားလာရင် ကျုံးကျိုး အင်ပါယာ တစ်ခုလုံး ပျက်စီးပြီး လွင်တီးခေါင်ပြင် ဖြစ်ရပါလိမ့်မယ်၊ အပြစ်မရှိတဲ့ သန်းနဲ့ချီတဲ့လူတွေပါ ရှင်းလင်းခံရမှာပါ”

“သေချင်နေတာပဲ”

ထိုအကြီးအကဲ၏ ထပ်ခါထပ်ခါ တားဆီးခြင်း ခံရပြီးနောက် မြေအောက်လောက ဘုရင်မသည် လွှားခနဲ ခုန်၍ နတ်ဘုရား စွမ်းအင်များ ပါဝင်သော လက်ဝါးတစ်ဖက်ဖြင့် ထိုအကြီးအကဲအား ဒေါသတကြီး ရိုက်သတ်ပစ် လိုက်သည်။

အသားစနှင့် သွေးစများ ပန်းထွက်လာ၏။ လူတော်တော်များများ မရှောင်လိုက်နိုင်သဖြင့် သွေးစက်များ လာစင်ပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။

ဘုရင်မ၌ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိပြီး သူ့အလိုကို ဆန့်ကျင်လျင် လက်အောက်ငယ်သားကိုပင် သတ်တတ်ကြောင်း လူတိုင်း သိပါသည်။ သို့သော် သူမက နတ်ဧကရာဇ်၏ လက်တွဲဖော် ဖြစ်သဖြင့် ရင်မိသားစု တစ်ခုလုံး ဒေါသမထွက်ရဲသလို ပြောလည်း မပြောရဲချေ။

“ဘယ်သူ အာခံချင်သေးလဲ ထွက်လာခဲ့”

မြေအောက်လောက ဘုရင်မ၏ အေးစက်သော မျက်လုံးများက လူတိုင်းပေါ် ဖြတ်ပြေးသွားသည်။ ထိုအခိုက်တွင် မည်သူမှ အသံမထွက်ရဲဘဲ တိတ်နေကြသည်။

“ကျုံးကျိုးအင်ပါယာက ပုရွက်ဆိတ်တစ်သိုက်ရဲ့ အသက်ကို ငါက ဘာလုပ်ရမှာလဲ၊ အဲ့မျိုးမစစ်ကောင်က ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်မှတော့ ကျုံးကျိုး အင်ပါယာတစ်ခုလုံး သူနဲ့အတူ သေသင့်တယ်”

မြေအောက်လောက ဘုရင်မ ကြုံးဝါးလေသည်။ သူမ စိတ်သဘောထားက ရက်စက်ပြီး သက်ရှိတိုင်းကို ပုရွက်ဆိတ်တမျှ သေးနုပ်သည်ဟု သတ်မှတ်ထားပြီး စိတ်ရှိသလို သတ်တတ်သည်။

ပုရွက်ဆိတ်တစ်သိုက်၏ အသက်ကို သူမက အဘယ်ကြောင့် အရေးစိုက်မည်နည်း။ ဤသည်ကြောင့်ပင် သူမ မွေးသော သားနှစ်ယောက်က သူမလို ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ် ရှိနေခြင်းပင်။

သူမ၏ သားနှစ်ယောက်အပေါ် သွန်သင်ဆုံးမသော သူမနည်းလမ်းက မှားနေသဖြင့် သားနှစ်ယောက်လုံး ယဲ့ဖန်နှင့် တွေ့ပြီး ပျက်စီးရခြင်း ဖြစ်ပေသတည်း။

“စစ်သည်တွေစုပြီး မြောက်ဘက်ကို ချက်ချင်း သွားစမ်း၊ ကျုံးကျို အင်ပါယာတစ်ခုလုံး ငရဲကျတာကို ငါ လိုချင်တယ်”

ထိုအချိန်တွင် မြေကြီးပေါ် ပြားချပ်နေသော ချွီကျီချန်သည် ယဲ့ဖန်က သူ့ထံ တစ်လှမ်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ သူ့အနောက်၌ ထျဲမူထားနှင့် ထန်မင်လီတို့က အပြုံးကြီး ပြုံးနေ၏။

ထိုအပြုံးက သူ့မျက်လုံးထဲတွင် ကြောက်စရာကောင်းနေသည်။ ယဲ့ဖန်က ချွီကျီချန်ကို အထင်သေးစွာ ကြည့်၍ ပြုံးကာ မေးလိုက်သည်။

“မင်း ဘယ်လိုသေချင်လဲ”

All Chapters