← Chapters

အခန်း ၁၄၉၃

Vol. 100 Ch. 1493

အခန်း ၁၄၉၃

Vol. 100 Ch. 1493

Chapter 1493 ငါက နတ်ဆိုးဧကရာဇ်ပဲ

ချွီကျီချန် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ထို့နောက်တွင်မူ သူသည် သူရူးသဖွယ် ဖြစ်သွားပြီး ခက်ထန်သော အကြည့်ဖြင့် ကြည့်လာ၏။

“ယဲ့ဘုရင် မင်းက ငါ့ကို ဖိအားပေးတာပဲ၊ အခု တကယ့် ကြောက်စရာ အစစ်က ဘာလဲဆိုတာ မင်း သိအောင် ပြမယ်ကွ”

ချွီကျီချန်သည် မိမိ ကံဆိုးပြီးဖြစ်ကြောင်း သိထားပြီးသား ဖြစ်သည်။ သို့သော် သူ သေရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကိုပါ အပါခေါ်ပေမည်။

သူ့ခန္ဓာကိုယ်မှ ချီနှင့် သွေးတို့ ထွက်ပေါ်လာပြီး ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ ထိုအခိုက်တွင် သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာ၏။

ထို့နောက် အနက်ရောင် ချီမျှင်စုများက သူ့ကို ဖုံးလွှမ်းသွားသည်။ လက်ရှိတွင် သူသည် ရှေးနတ်ဆိုးတစ်ကောင် အသက်ပြန်ရှင်လာသလိုပင်။

“ဗြိ”

သူ့အဝတ်အစားများ စုတ်ပြဲလာ၏။ ခန္ဓာကိုယ်ကလည်း ပြောင်းလဲလာပြီး ပါးစပ်ထဲမှ ဆူးချွန်သဖွယ် အစွယ်များ ပေါက်လာသည်။

ခန္ဓာကိုယ်ကလည်း သိသိသာသာ ကြီးထွားလာပြီး ယဲ့ဖန်၏ ချုပ်နှောင်မှုမှ ချိုးဖောက်၍ မြေကြီးပေါ်မှ ထကာ တောင်တစ်လုံးသဖွယ် မားမားမတ်မတ် ရပ်လာ၏။

လက်ရှိတွင် သူ့တစ်ကိုယ်လုံး ရှေးခေတ် နတ်ဆိုးစွမ်းအင်တို့ ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်သည် နတ်ဆိုးသွေးတို့ ပွက်ပွက်ဆူလာသည်။

ထိုသို့သောအချိန်၌ သူ၏ အရေပြားတိုင်းတွင် ပြင်းထန်သော စွမ်းအင်များ ပြည့်နှက်နေကာ ကျစ်လျစ် သန်မာလာပြီး သူ့ဘေးပတ်လည်တွင် နတ်ဆိုးစွမ်းအင် တိုးပွားနေသည်။

လက်ရှိတွင် ချွီကျီချန်သည် လူသားပုံစံနှင့် မတူတော့ဘဲ ရက်စက်သော သားရဲတစ်ကောင်နှင့် တူနေ၏။ အရှိန်အဝါကလည်း ဆက်လက် တိုးတက်နေလေသည်။

နတ်ဘုရင် အလယ်အလတ်အဆင့်၊ နတ်ဘုရင် နောက်ဆုံးအဆင့်၊ နတ်ဘုရင် အထွတ်အထိပ်အဆင့်။ အင်မော်တယ် ဧကရာဇ် တစ်ပိုင်းအဆင့်။

နတ်ဆိုးဝင်ပူးသလို ဖြစ်ပြီးနောက် ချွီကျီချနန်၏ နတ်ဆိုးစွမ်းအားသည် ပြင်းထန်ကြမ်းကြုတ်လာလေသည်။

ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများ အသက်ရှူရပ်မယောင် ခံစားလိုက်ရပြီး ရှေးသားရဲတစ်ကောင် နိုးထလာသည်ကို မြင်လိုက်ရသည်ဟု ထင်မှတ်ကာ အရှိန်အဝါက လူတို့အား သေမတတ် ကြောက်လန့် သွားစေသည်။

“ယဲ့ဖန် မင်းက ငါ့ကို ဒီအခြေအနေအထိ တွန်းပို့နိုင်တဲ့ ပထမဆုံးလူပဲ၊ အပြန်အလှန်အနေနဲ့ ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်ကွ”

ချွီကျီချန် ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူ့အသံက သားရဲတစ်ကောင် ဟိန်းဟောက်နေသလိုပင်။ ဤရှေးဟောင်း နတ်ဆိုးစွမ်းအင်ကို ရှေးဟောင်း အပျက်အစီးများကြားမှ သူ ရခဲ့ခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ဤနတ်ဆိုးစွမ်းအင်ကို တောင့်မခံနိုင်သဖြင့် သူ တစ်ခါမှ မသုံးရဲခဲ့ပေ။

လက်ရှိတွင် သူသည် ယဲ့ဖန်ကြောင့် အဆုံးစွန်အထိ တွန်းပို့ခံလိုက်ရပြီး ထပ်မံ၍ သည်းမခံနိုင်တော့ချေ။ သူ အဆုံးသတ်ပစ်မှ ရမည်။

သူ ဒေါသထွက်လာပြီး ခြေတစ်ဖက် ဆောင့်၍ အရှေ့သို့ ပြေးတက်လာသည်။ ဤကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင်အား တောင့်မခံနိုင်သဖြင့် ရုတ်တရက် မြေဆီလွှာ အက်ကွဲသွားသည်။ သူကမူ ယဲ့ဖန်၏ မျက်နှာအား ဒေါသတကြီး လက်သီးဖြင့် ထိုးလေသည်။

ထည်ဝါမြင့်မြတ်၍ ကျားတစ်ကောင်တမျှ သန်မာလာသည်။ ဤလက်သီးချက်နှင့် ရှေးခေတ် နတ်ဆိုးကိုပင် အသာလေး ဖျက်ဆီးနိုင်လောက်သည်။

“သေပေတော့”

ချွီကျီချန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များ တဟုန်းဟုန်း တောက်နေပြီး ဒေါသသံက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ လက်သီး၏ စွမ်းအားက ပင်လယ်လှိုင်းလုံးကဲ့သို့ ကြီးမားလှသည်။

သို့ရာတွင် မှင်တက်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။ ယဲ့ဖန်က အထင်သေးဟန်ဖြင့် လက်တစ်ဖက်ဖြင့် တားဆီးလာသည်။

“အရှင်မင်းကြီး မဖြစ်ပါဘူး”

ဤမြင်ကွင်းက ထန်မင်လီနှင့် အခြားသူများကို နှလုံးရောဂါ ရမတတ် ကြောက်လန့်သွားစေသည်။ ချွီကျီချန်သည် နတ်ဆိုး ဝင်ပူးနေပြီး ယခု သူ့ခွန်အားက အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်လုနီးနီး ဖြစ်နေသည်။ ဘယ်လိုလုပ် သူက ပေါ့ပါးနေရသနည်း။

ဤသည်ကိုမြင်သော် ချွီကျီချန်၏ အပြုံးက ပို၍ ခက်ထန်ကြမ်းကြုတ်လာ၏။

*ဒီအရူးက အခုလို အချိန်မှာတောင် ဟန်ထုတ်နေရဲသေးတယ်၊ တော်‌တော် တုံးတာပဲ*

ဤနတ်ဆိုးစွမ်းအင်ကို သူ ရရှိခဲ့သော ထိုအချိန်က တစ်ဒါဇင်မျှသော နတ်ဘုရင်အဆင့် မကောင်းဆိုးဝါးများနှင့် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ကောင်ပင် နတ်ဆိုးစွမ်းအင်ဝဲအတွင်း ဆိုးရွားစွာ သေဆုံးခဲ့သည်ကို သူ တွေ့ခဲ့ရသည်။

*ဒီနတ်ဆိုးစွမ်းအင်က အင်မော်တယ် ဧကရာဇ်ကိုပင် သတ်နိုင်တာ*

*ဒါကို ယဲ့ဖန်က လက်နဲ့ပဲ ကာချင်တာလား*

*သေချင်နေတာပဲ*

ထိုအတွေးနှင့်အတူ သူ၏ လက်သီးအရှိန်က မိုးကြိုးမုန်တိုင်းများ ပါဝင်နေသကဲ့သို့ ပိုမို၍ အားပြင်းလာသည်။ သို့သော် ထိုအရာအားလုံးက အချည်းနှီးပင်။

“ဝုန်း”

ကျယ်လောင်သော အသံနှင့်အတူ သူ၏ လက်သီးကို ယဲ့ဖန်က အသာလေး ကာဆီးလိုက်လေသည်။

*ဒါက*

ရုတ်ချည်းဆိုသလိုပင် လူတိုင်း မျက်လုံးပြူးသွားကြသည်။ ဤသည်က အမှန်ဖြစ်နေလိမ့်မည်ဟု သူတို့ မယုံနိုင်ကြချေ။

*နောက်တစ်ခါ ထပ်ပြီး လက်ဗလာနဲ့ တားလိုက်နိုင်ပြန်ပြီလား*

*ယဲ့ဖန်ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ နတ်ဆိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်များလား*

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ချွီကျီချန်၏ မျက်လုံးတွင် အလွန် မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေပြီး ကြက်သီးမွေးညင်း ထသလို ခံစားလိုက် ရသည်။

*ဒီနတ်ဆိုးစွမ်းအင်ကို မကောင်းဆိုးဝါးတွေရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကတောင် တောင့်မခံနိုင်တာ ဘယ်လိုလုပ် ယဲ့ဖန်က တားနိုင်ရတာလဲ*

သူ့မျက်လုံးနှင့် တပ်အပ်မြင်ရသည်ကိုပင် မယုံနိုင်သေးပါ။ ထိုမျှနှင့် ပြီးမသွားသေးချေ။ ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ထီမထင်ဟန် ပြုံးကာ ဖြန့်ထားသော လက်အား ကွေး၍ ချွီကျီချန်၏ လက်သီးကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် ပြင်းထန်သော ဆွဲငင်အားတစ်ခုက ချွီကျီချန်ထံ ပျံ့လွင့်လာသည်။

ချွီကျီချန် ကြောက်ရွံ့သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်မှ နတ်ဆိုးစွမ်းအင်ကို ယဲ့ဖန်က စုပ်ယူ၍ ဝါးမျိုနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသောကြောင့်ပင်တည်း။

သူ့ခန္ဓာကိုယ်က လျင်မြန်စွာဖြင့် သိသိသာသာ ကျုံ့လာသည်။

“အား…”

စူးရှနာကျင်သော အော်သံတစ်သံ ထွက်ပေါ်လာလေသည်။ ချွီကျီချန်၏ မျက်လုံးတွင် ကြောက်စိတ်နှင့် ထိတ်လန့်စိတ်တို့ ပြည့်နှက်နေသည်။

“မင်း … မင်း ငါ့နတ်ဆိုးစွမ်းအင်ကို တကယ်ကြီး ဝါးမျိုနေတာပဲ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ”

*ငါ့နတ်ဆိုးစွမ်းအင်ကို ဝါးမျိုနေတာ၊ ဒီကောင် ပေါက်ကွဲပြီး သေမှာကို မကြောက်ဖူးလား*

*အရူး*

*ဒီလူက အရူးများလား*

သူ ယဲ့ဖန်ကို မသတ်နိုင်ခဲ့ပါ။ သို့သော် ယခု ယဲ့ဖန်က ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးနေလေသလော။ သို့သော် ယဲ့ဖန်က ဘာမှမဖြစ်သည့်ပုံ ပေါ်ပြီး မချိုမချဉ် ပြုံးနေလိုက်သေးသည်။

“အခု မင်းရဲ့ နတ်ဆိုးအသွင်အပြင်က ဘယ်သူ့ဟာလဲ သိလား”

*ဘာ*

ချွီကျီချန် ထိတ်လန့်သွားပြီး မျက်နှာပျက်ကာ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်သွားသည်။

*မဟုတ်မှလွဲရော*

“မင်းခွန်အားကို နှစ်ဆတိုးစေတဲ့ ဒီနတ်ဆိုးစွမ်းအင်က ဘယ်သူ့အပိုင်လဲလို့ မင်း တွေးကြည့်ဖူးလား”

ချွီကျီချန် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ လက်ရှိတွင် သူ မည်မျှ တုံးအနေပါစေ ယဲ့ဖန်၏ ဆိုလိုရင်းကို သူ နားလည်လိုက်သည်။

“မင်းရဲ့ နတ်ဆိုးအသွင်အပြင်က စကြဝဋ္ဌာ နတ်ဆိုးဧကရာဇ်ရဲ့ သေမင်းနတ်ဆိုးဆုဒြာပဲ”

“မင်းရဲ့ နတ်ဆိုးစွမ်းအင်ကလည်း စကြဝဠာရဲ့ နတ်ဆိုးဧကရာဇ်ဆီက လာတာ”

“စိတ်မကောင်းစရာက ငါက စကြဝဋ္ဌာရဲ့ နတ်ဆိုးဧကရာဇ်ပဲ”

ထိုသို့ပြောလိုက်ပြီးနောက် ယဲ့ဖန်သည် ချွီကျီချန်ထံမှ နတ်ဆိုးစွမ်းအင်ကို စတင်၍ သည်းကြီး မည်းကြီး ဝါးမျိုလိုက်သဖြင့် ချွီကျီချန်တစ်ယောက် မူလအသွင်အပြင်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားသည်။ သူ့ကိုယ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာ၏။

“အား…”

သူ့ခန္ဓာကိုယ် စုတ်ဖြဲခံရလုနီးပါး ဖြစ်နေသည်ဟု ခံစားရသောကြောင့် ဆက်တိုက် အော်ဟစ်နေမိသည်။ လက်ရှိတွင် သူ အမှန်တရားကို မယုံနိုင်ချေ။

မူလက နတ်ဆိုးစွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ နတ်ဆိုးဝင်ပူးနေသည့် အခြေအနေတွင် သူသည် အင်မော်တယ် ဧကရာဇ်ကိုတောင်မှ ရင်ဆိုင်နိုင်ပြီး ထွက်ပြေးနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

နတ်ဘုရင်အဆင့်ဖြစ်နေသော ယဲ့ဖန်ကို သတ်ရန် လွယ်ကူလောက်သည်။ သို့သော် ရှေးဟောင်း အပျက်အစီးများကြားမှ ရရှိခဲ့သော ဤကြောက်စရာကောင်းသည့် နတ်ဆိုးစွမ်းအင်က သူ့အရှေ့မှလူထံမှ ဆင်းသက် လာသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အဲ့ရှေးဟောင်း အပျက်အစီးက အရမ်း ရှေးကျတဲ့အချိန်ကတည်းက ရှိခဲ့တာ၊ ကြာလွန်းလို့ ဘယ်သမိုင်းခေတ် ကလဲလို့တောင် အတည်မပြုနိုင်တာ”

*အဲ့နတ်ဆိုးစွမ်းအင်က ယဲ့ဖန်ဆီက လာတာဆိုရင် သူကလည်း ရှေးခေတ်အခါကတည်းက ရှိခဲ့တာလို့ ဆိုလိုတာလား*

ဤဖြစ်နိုင်ချေကို စဉ်းစားမိပြီးနောက် သူ သေမတတ် ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာ၏။ ချွီကျီချန်၏ ခန္ဓာကိုယ်က ခြောက်သွေ့သွားပြီးနောက် ယဲ့ဖန်က လက်မောင်းတစ်ဖက်ကို ဖမ်းချုပ်၍ ဆွဲဖြုတ် လိုက်သည်။

ထိုအခါ ယင်းလက်မောင်းသည် သစ်ကိုင်းခြောက်သဖွယ် ပြုတ်ထွက်၍ အောက်ကျသွားသောအခါ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“အား…”

ချွီကျီချန်ထံမှ အလွန်အမင်း နာကျင်သော အော်ဟစ်သံ ဆက်တိုက် ထွက်ပေါ်လာ၏။ သို့သော် ဤသည်က ယဲ့ဖန်၏ သနားကြင်နာမှုကို မရရှိနိုင်ပေ။

“မလုံလောက်သေးဘူး ငါ ထပ်လိုချင်တယ်”

သူ့မျက်လုံးက အလွန်အမင်း အေးစက်နေပြီး တင်းမာခက်ထန်မှု ပေါ်လွင်နေကာ နောက်လက်တစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။ ထပ်မံ၍ အရူးအမူး ဝါးမျိုပြန်သည်။

“ချီးပဲ ငါ့ကိုလွှတ်စမ်း၊ ယဲ့ဖန် ငါ့ကို လွှတ်စမ်း”

ယဲ့ဖန်၏ လုပ်ရပ်က သူ့ကို သေမတတ် ကြောက်ရွံ့သွားစေသည်။ ထို့နောက်တွင်မူ သူ၏ နောက်လက်တစ်ဖက် သည်လည်း ယဲ့ဖန်၏ အားကို တောင့်မခံနိုင်သဖြင့် ပျက်စီးသွားပြန်သည်။

ထိုစဉ် ယဲ့ဖန်က သူ့ရင်ဘတ်ကို ချွန်ထက်သော လက်သည်းများဖြင့် ထိုးဖောက်၍ ဝါးမျိုပြန်သည်။ ချွီကျီချန် ဆောက်တည်ရာမရ ဖြစ်လာရသည်။

မူလက သူ ယဲ့ဖန်နှင့်အတူ သေရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဤသို့ ဆိုးရွားသော အဆုံးသတ်ဖြင့် ကြုံရလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။

*လတ်စသက်တော့ ဒီကောင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ နတ်ဆိုးအိုကြီး ဖြစ်နေတာကိုး*

*သူရဲ့ ရန်သူဖြစ်တာက သေတွင်းတူးရုံပဲ ရှိတယ်*

“ယီးပဲ၊ ယီးပဲ ဟေ့ကောင်၊ ယဲ့ဖန် မင်း ငါ့ကို သတ်နိုင်ရင်တောင်မှ သေဘေးက ပြေးမလွတ်ဘူးကွ၊ ဧကရာဇ် ယွီရှန်ကိုယ်တိုင် မင်းကို သတ်လိမ့်မယ်၊ သူက အင်မော်တယ် ဧကရာဇ်ကွ၊ မင်း ငါ့ထက် အဆတစ်ရာမက ပိုဆိုးတဲ့ အဆုံးသတ်နဲ့ ကြုံရမှာ”

ချွီကျီချန်က ကြမ်းကြုတ်စွာ ဆဲဆိုနေပြီး လက်ရှိတွင် ကြံရာမရစိတ်နှင့် ခွန်အားမဲ့စိတ်တို့ ပြည့်နှက်နေ၏။ အင်မော်တယ် ဧကရာဇ်၊ သက်ရှိအားလုံး၏ အုပ်ချုပ်သူ၊ လောကကို စိုးမိုးသူ။ အရပ်မျက်နှာအားလုံးကို တားဆီးနိုင်သူ။

သုံးလောကထဲသို့ မဝင်သလို ပြန်လည်ဝင်စားခြင်း သံသရာ၌လည်း မကျသည့် အစစ်အမှန် အမတ ဖြစ်သည်။ အော်သံတစ်ချက်က မိုးခြိမ်းသံနှင့် တူညီ၏။

လက်တစ်ဖက် မြှောက်လိုက်လျင် မိုးမြေကို ထောက်ကန်ထားနိုင်သည်။ ထာဝရတရားကို ဖြစ်ပေါ်စေနိုင်သူ။

“အင်မော်တယ် ဧကရာဇ် ဖြစ်တော့ ဘာဖြစ်လဲ၊ ရှေးခေတ်အချိန်အခါရဲ့ နေရာအတွက် ငါ အဲ့လိုလူမျိုးကို ဒါဇင်နဲ့ချီပြီး တိုက်ဖူးတယ်”

သို့သော် ယဲ့ဖန်၏ မျက်နှာတွင် အထင်သေးသော အပြုံးသာ ရှိနေ၏။

*အထင်သေးတာလား*

*အင်မော်တယ် ဧကရာဇ်ကိုလေ*

*ငါ့ကို ဘယ်သူ ထင်နေလို့လဲ၊ စကြဝဠာရဲ့ နတ်ဆိုးဧကရာဇ်၊ ငရဲဘုံရဲ့ အရှင်သခင်*

*အင်မော်တယ်တွေကို ကျွန်ပြုလာတာ၊ အင်မော်တယ် ဧကရာဇ်ဆိုတာလည်း ခြွင်းချက် မဟုတ်ဘူး*

တစ်ခါက အင်မော်တယ် ဧကရာဇ်တစ်ယောက်က သူ့ကို ရန်စခဲ့ဖူးသည်။ ထို့ကြောင့် တစ်ဖက်လူ၏ အင်မော်တယ် နယ်မြေကို သူ တစ်ယောက်တည်း ဝင်သွားခဲ့သည်။ ထို့နောက်တွင်မူ ထိုအင်မော်တယ် နယ်မြေသည် သူ၏ နတ်ဆိုးမြို့တော် ဖြစ်လာသည်။

သူ့စကားကိုကြားသော် ချွီကျီချန် တုန်လှုပ်သွားပြီး နားဝေတိမ်တောင် ဖြစ်သွားလေသည်။

*ဒီကောင် အတည် ပြောနေတာလား*

*အင်မော်တယ် ဧကရာဇ် တစ်ဒါဇင်လောက်ကို သတ်ခဲ့တယ် ဟုတ်လား*

*အဲ့ဒါ အင်မော်တယ် ဧကရာဇ်လေ*

*လောကမှာ အသန်မာဆုံးလို့ ပြောလို့ရတဲ့အဆင့်*

ကောလာဟလအချို့အရ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်သော ပုဂ္ဂိုလ်မှလွဲ၍ မည်သူမှ မယှဉ်နိုင်သော အဆင့် ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ယဲ့ဖန်၏ ပါးစပ်ထဲ၌ ခွေးလိုဝက်လို ဖြစ်နေပြီး အချိန်မရွေး သတ်နိုင်သော အဆင့် ဖြစ်နေရသနည်း။

*ဒါကြီးက မယုံနိုင်ဘူး*

*ဒီလူ … သောက်ကျိုးနည်း ဒီလူက ဘယ်သူလဲ*

ထိုအချိန်တွင် ချွီကျီချန်သည် အံ့ဩမှင်တက်နေပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်နေမိသည်။

*ဒီလိုလူမျိုးကို ရန်သွားစရအောင် ငါ ဘယ်လို သတ္တိမျိုး ရှိနေခဲ့တာပါလိမ့်*

*ဒါကြီး အပင်ကို ကိုင်လှုပ်ချင်နေတဲ့ ပိုးကောင်လို၊ ဆင်ကို ရွှေ့စေချင်တဲ့ ပုရွက်ဆိတ်လိုမျိုး ကိုယ့်ကိုယ်ကိုယ် သတ်သေနေတဲ့ ကိစ္စကြီး*

*ငါတော့ သွားပြီ*

*ရင်မိသားစုလည်း ဇာတ်သိမ်းပြီ*

“ဂျွတ်”

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ့အရိုးများ တဖြည်းဖြည်း အက်ကွဲလာကာ အရေပြားက ခြောက်သွေ့ ညစ်ညမ်းလာပြီး အသက်ဓာတ် ပျောက်ကွယ်လာ၏။

သူ့ကိုယ်မှ နတ်ဆိုးစွမ်းအင်ကို ယဲ့ဖန် ဝါးမျိုပြီးသွားလေပြီ။ ၎င်းနှင့်အတူ သူ၏ အသက်ဓာတ်သည်လည်း အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

ချွီကျီချန်၏ မျက်နှာတွင် မလိုလားဟန်နှင့် ကြောက်စိတ်များ အထင်းသား ပေါ်နေပြီးနောက် အသက်မရှူတော့ဘဲ ငြိမ်သက်သွားလေသည်။

All Chapters