← Chapters

အခန်း ၁၄၉၄

Vol. 100 Ch. 1494

အခန်း ၁၄၉၄

Vol. 100 Ch. 1494

Chapter 1494 ငါ ယဲ့ဖန်ကို ရှာနေတာ

ယဲ့ဖန်၏ လက်အောက်မှ ချွီကျီချန်၏ ဆိုးရွားသော သေဆုံးမှုကိုမြင်ပြီး ထန်မင်လီနှင့် အခြားသူများ မယုံကြည်နိုင် ဖြစ်သွားကြသည်။

*လူတစ်သောင်းကို ရှင်းတာက ထားပါတော့*

*ကယူးရှူ ကိုးပြည်နယ် တစ်ဝိုက်မှာ ကျော်ကြားတဲ့ နတ်ဘုရင်အဆင့် သုံးယောက်က သူ့ဆီမှာ အလွယ်တကူ အသတ်ခံလိုက်ရတယ်တဲ့လား*

*ဒါက … မယုံနိုင်စရာပဲ*

စွမ်းအင် လေပွေလှိုင်းတစ်ခုက ယဲ့ဖန်၏ ဦးခေါင်းထက်တွင် ဝေ့လည်နေပြီး မိုးခြုန်းသံများ ထွက်ပေါ်ကာ လေပြင်းများ တိုက်ခတ်လာ၏။

ထို့နောက်တွင်မူ ရှေးခေတ်မှ မသေမျိုး သရဲတစ္ဆေများသည် ပြေးဝင်လာပြီး ထန်မင်လီနှင့် အခြားသူများထံသို့ ဝင်တိုးလာသည်။

“ဒါက …”

ထန်မင်လီနှင့် အခြားသူများအားလုံး ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားပြီး မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။

“ရှေးခေတ် မသေမျိုးတွေရဲ့ စွမ်းအားနဲ့ ငါ့မသေမျိုး နတ်ဆိုးစစ်တပ်ကို ဖွဲ့စည်းမယ်”

ယဲ့ဖန် ကြုံးဝါးလိုက်သောအခါ သူ့ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်က ပြင်းထန်စွာ ထွက်ပေါ်လာပြီး ရှုကျိုး တစ်ခုလုံး ပြင်းစွာ တုန်ခါသွားသည်။

မသေမျိုး တစ်ကောင်ပြီး တစ်ကောင်က ထန်မင်လီတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီးနောက် သူတို့နှင့် ပေါင်းစပ်သွားသည်။

လူ့ခန္ဓာကိုယ်က ရှေးခေတ် မသေမျိုးစွမ်းအင်နှင့် ပေါင်းစပ်သွားသောအခါ အရှိန်အဝါက တစ်ဟုန်ထိုး ထိုးတက် သွားသည်။

ကိုယ်လက်အင်္ဂါ ပြတ်သွားသူများ ပြန်လည်၍ ခြေလက်အင်္ဂါများ ထွက်လာ၏။ သေသွားသူများ ပြန်လည်၍ ရှင်သန်လာကြသည်။

နတ်ဆိုးစွမ်းအင်လှိုင်းက ကောင်းကင်ယံအား အရှိန်ပြင်းပြင်း ရိုက်ခတ်နေ၏။ ထိုသို့သောအချိန်၌ လူတိုင်း ရူးမတတ် ဖြစ်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်များ ဒဏ်ရာ ပျောက်ကင်းလာပြီး သူတို့၏ စိတ်ဝိညာဉ် ပြန်လည် မွေးဖွားလာသည်။ ထို့နောက်တွင်မူ မသေမျိုး သရဲတစ္ဆေများနှင့် ပေါင်းစပ်ထားသော သူတို့၏ ခန္ဓာကိုယ်တွင် ဝိညာဉ် စွမ်းအင်စီးကြောင်းတစ်ခုက မှန်မှန် စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။

အဆင့်ချိုးဖောက်သံများ ရုတ်တရက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ဈာန်ဝင်စားခြင်းအဆင့်မှ နဂါးအသွင်ပြောင်းခြင်း အဆင့်သို့၊ ထို့မှတစ်ဆင့် ဘုရင်အဆင့်။

လက်ရှိတွင် အနှီးထုပ်ထဲ၌ ငိုနေသည့် ကလေးငယ်သည်ပင် ဘုရင်အဆင့်သို့ ရောက်သွားသည်။ လူတိုင်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြသည်။

*ဒါ … ဒါကြီးက အံ့ဩဖို့ ကောင်းလိုက်တာ*

သူတို့ တစ်ဘဝလုံး မရောက်နိုင်သော အမြင့်သို့ သူတို့ တစ်ခဏအတွင်း ရောက်သွားသည်တဲ့လား။ တစ်ခဏအတွင်း ထောင်ချီသော လူများအားလုံး ဘုရင်အဆင့်သို့ ရောက်သွားလေသည်။

ကြောက်စရာ ကောင်းလှသည်။ တိုးတက်မှုနှုန်းက ကြောက်မက်ဖွယ်အတိပင်။ ထန်မင်လီနှင့် အခြား သိုင်းအဆင့်မြင့်သော လူများ၏ ရလဒ်က ပို၍ ကြီးမားလှသည်။

အလယ်အလတ် ဘုရင်အဆင့်၊ ဘုရင် နောက်ဆုံးအဆင့်၊ ဘုရင် အထွတ်အထိပ်အဆင့်၊ သူတော်စင်သခင်အဆင့်၊ သူတော်စင်သခင် အထွတ်အထိပ်အဆင့်။

လက်ရှိတွင် ထန်မင်လီတို့သည် သူတော်စင်သခင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားကြသည်။ သူတို့၏ မျက်နှာတွင် ထိတ်လန့်ဟန်များ အထင်းသား ပေါ်နေ၏။ ယဲ့ဖန် ခေါ်လာသော မသေမျိုး စစ်တပ်၌ ဤသို့ မှော်အစွမ်းများ ရှိလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

ရှေးအတိတ်ခေတ်အခါများစွာက တည်ရှိခဲ့သော ဤမသေမျိုးများ၏ စွမ်းအင်သည် အရှိန်အဟုန်ဖြင့် တိုးပွားနေပြီး ထင်ထားသည်ထက်ပင် သက်ရောက်မှု ကြီးနေသေးသည်။

လက်ရှိတွင် ပဲစေ့များ ပေါက်သကဲ့သို့ အရိုးများထံမှ တဖျောက်ဖျောက် အသံ မြည်လာသည်။ သူတို့၏ စိတ်ဝိညာဉ်များ ပြန်လည် ရှင်သန်လာပြီး သူတို့၏ ခွန်အားက မထင်မှတ်ထားလောက်အောင် သန်မာလာ လေသည်။

လက်ရှိတွင် သူတို့သည် ရှေးခေတ် မသေမျိုးတို့၏ ခွန်အားကို ရရှိသွားပြီး သူတို့အားလုံး စုပေါင်း တိုက်ခိုက်လျင် နတ်ဘုရင်အဆင့်၏ ခန္ဓာကိုယ်ကိုပင် စုတ်ဖြဲနိုင်လောက်သည်။

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် အဆင့်တက်သွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်တွင် အနက်ရောင် စွမ်းအင်များ လွှမ်းခြုံသွားပြီး ငရဲမှပြန်လာသော မသေမျိုးများကဲ့သို့ အန္တရာယ်ပေးနိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။

လူတိုင်း၏ မျက်နှာတွင် အလွန် ကောင်းမွန်သော ခံစားချက်ကြောင့် ရူးချင်ချင် အပြုံးများ ရှိနေကြသည်။ သူတို့ သက်တမ်းအချိန်အခါကိုပင် တွန်းလှန်နိုင်သလို ခံစားရသည်။

ခန္ဓာကိုယ်က နတ်သံအား မာကြောလာပြီး စိတ်ဝိညာဉ်က ကြီးမား၍ အစွမ်းထက်လာသည်။ ဆူနာမီ မုန်တိုင်းသဖွယ် ကြောက်စရာကောင်းသော ထိုစိတ်ဝိညာဉ် စွမ်းအင်သည် သူတို့၏ ကိုယ်တွင်းအင်္ဂါတိုင်းကို အားဖြည့်ပေးနေ‌၏။

ကြောက်စရာကောင်းသော ထိုအရှိန်အဝါက ရှုကျိုးတစ်ခုလုံးကို တုန်ခါသွားစေပြီး ရှုကျိုးမှလူတိုင်းကို ကြောက်လန့် သွားစေသည်။ သူတို့အားလုံး ကြောက်လန့်နေသော အမူအရာဖြင့် ကောင်းကင်ယံကို မော့ကြည့်လာသည်။

*ဒါ ဘယ်လိုဖြစ်တာလဲ*

*ဘာလို့ ကောင်းကင်မှာ အပေါက်ဖြစ်နေတယ်လို့ ထင်ရတာလဲ*

“ဘုရင်အဆင့်၊ ငါက ဘုရင်အဆင့်ပါလား၊ ငါ့ပင်ကိုအစွမ်းက သာမန်ပဲကို ဘုရင်အဆင့်ကိုတောင် တက်လှမ်း နိုင်တယ် တဲ့လား”

“ဟားဟားဟား သူတော်စင်သခင်အဆင့်ကွ၊ ငါ တကယ်ကြီး သူတော်စင်သခင်အဆင့်ကို ရောက်သွားပြီ၊ ငါ့လို သာမန်လူတစ်ယောက်က ဒီတစ်သက် ဒီလို ဒဏ္ဍာရီလာအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ ထင်ကို ထင်မထားမိတာ”

တအံတဩ ရေရွတ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ နောက်ဆုံးသော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံမှ လေပွေက ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားပြီး လူအများအားလုး ငြိမ်ကျသွားသည်။ ထိုလူများသည် ရှေးခေတ်မိစ္ဆာများနှင့် တူနေပြီး နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေကာ သူတို့၏ မျက်လုံးတွင် သွေးဆာ၍ ကြမ်းကြုတ်ဟန်တို့နှင့် ပြည့်နှက်နေသည်။ သူတို့၏ နတ်ဆိုးစွမ်းအင်က ကျယ်ပြောစွာ စီးဆင်းနေ၏။

ဤအရှိန်အဝါက လူတိုင်းကိူ ရူးမတတ် ဖြစ်သွားစေနိုင်သည်။ ထိုစဉ် ယဲ့ဖန်က လက်နောက်ပစ်၍ ထည်ဝါသော မျက်လုံးအစုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လေးနက်သော အသံဖြင့် အော်ပြောလိုက်သည်။

“နတ်ဆိုးစွမ်းအင်နဲ့ စကြဝဋ္ဌာကို ဖျက်ဆီးမယ်၊ နတ်ဆိုးစစ်တပ်က တိုက်ပွဲဆင်ပြီး အောင်နိုင်ရမယ်”

ထိုစကားကိုကြားသော် လူတိုင်း ထိတ်လန့်သွားပြီး မျက်နှာတွင် ရူးသွပ်မှုတို့နှင့် ပြည့်နှက်လာကာ ကျယ်လောင်စွာ ဟစ်ကြွေးကြသည်။

“နတ်ဆိုးဧကရာဇ်က မသေနိုင်ဘူး၊ နတ်ဆိုးမျိုးနွယ် အဓွန့်ရှည်ပါစေ”

“နတ်ဆိုးဧကရာဇ်က မသေနိုင်ဘူး၊ နတ်ဆိုးမျိုးနွယ် အဓွန့်ရှည်ပါစေ”

….

ဝမ်ကောဖူသို့ ပြန်သွားပြီး သုံးရက်အကြာ၌ ယဲ့ဖန်သည် ရှုကျိုးနယ်မြေထဲရှိ ဖျင်အန်းမြို့မှ အင်အားစုအားလုံးကို စုစည်းလိုက်ပြီး ပြိုင်တူ စစ်ချီခိုင်းသဖြင့် စီရင်စုသုံးခုကို ဆက်တိုက် သိမ်းပိုက်နိုင်ပြီး မြို့ပေါင်း နှစ်ဆယ်ကျော်ကို သိမ်းလိုက်နိုင်သည်။

နတ်ဆိုးမျိုးနွယ်၏ လက်အောက်၌ အရာအားလုံး သေဆုံးရပြီး မည်သူမှ မတားနိုင်ချေ။ တစ်ထောင်သော နတ်ဆိုးစစ်တပ်သည် ငါးသောင်းသော ကျင်းကျိုး နယ်စပ်အစောင့်များကို သတ်ဖြတ်၍ မြို့ထဲသို့ စီးနင်း ဝင်ရောက်လေသည်။

သုံးထောင်သော နတ်ဆိုးစစ်သည်များသည် စစ်သည်တော် တစ်သိန်းရှိသော ခံတပ်ကို ထိုးဖောက်၍ ရန်သူ ငါးသောင်းကို ခေါင်းဖြတ်ကာ ငါးသောင်းကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားသည်။

ငါးထောင်သော နတ်ဆိုးစစ်သည်များသည် ဝိုင်း၍ လုပ်ကြံရန် လာကြသော အင်ပါယာ စစ်သား တစ်သိန်းခွဲအား ညတွင်းချင်း သတ်ဖြတ်ခဲ့သည်။

ဤသတင်းများက အင်ပါယာထဲသို့ အဆက်မပြတ် ပြန်ဝင်လာပြီး တစ်နိုင်ငံလုံး တုန်လှုပ်သွားသည်။ အင်ပါယာတွင်းမှ လူများအားလုံး ကြက်သီးတဖြန်းဖြန်း ထလာ၏။

ယဲ့ဖန်၏ လက်အောက်မှ နတ်ဆိုးစစ်တပ်သည် လူဦးရေ တစ်သောင်းပင် မပြည့်ချင်သော်လည်း အင်ပါယာတွင်းမှ ရာထောင်ချီသော အင်အားစုများကို ရှင်းလင်းနိုင်ခဲ့သည်။ မယုံနိုင်စရာ ကောင်းလှပေသည်။

အင်ပါယာတစ်ခုလုံး အုတ်အုတ်ကျွတ်ကျွတ် ဖြစ်လာပြီး ယဲ့ဖန် နန်းသိမ်းရန် ကြံစည်နေသလားဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

ထိုသို့သောအချိန်၌ နန်းတော်တွင်းတွင် ပိုင်ကျန့်ချင်းတစ်ယောက် ဒေါသူပုန် ထနေ၏။

“အကောင်းဆုံး နည်းလမ်း ရှိတယ်လို့ ခင်ဗျား မပြောခဲ့ဘူးလား၊ ဘာလို့လဲ၊ ဘာလို့ ဒီခွေးမသားက မသေသေးတာလဲ”

ပိုင်ကျန့်ချင်းက ယဲ့မိသားစု ပထမဘိုးဘေးကို မီးပွင့်မတတ် မျက်လုံးများဖြင့် စိုက်ကြည့်၍ အော်ဟစ်လေသည်။

“အခု အဲ့ခွေးသူခိုးက ကျုပ်ရဲ့ စီရင်စုသုံးခုကို သိမ်းပြီး ထောင်ချီတဲ့ ကျုပ်စစ်တပ်ကို သတ်ပစ်လိုက်ပြီ၊ ကျုပ် အင်ပါယာမှာ ဘယ်လို မျက်နှာပြရတော့မလဲ၊ ကျုပ်တို့ တော်ဝင်မျိုးနွယ်ရဲ့ ဩဇာက ဘာလုပ်ရတော့မှာလဲ”

ပိုင်ကျန့်ချင်း ရူးသွပ်နေပြီး မျက်လုံးတွင် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ယခုအခါတွင် ပြည်တွင်းနှင့် ပြည်ပတွင် သံသယများ ပိုမိုများပြားလာပြီး နိုင်ငံ၏ ပြည့်ရှင်ဖြစ်သော သူသည် အကြီးအကျယ် ရန်စခံနေရသည်။

နိုင်ငံသားတစ်ချို့ကတောင်မှ သူ့အား နန်းစွန့်ရန် တောင်းဆိုလာကြသည်။ ပြည်ပ သိုင်းပညာရှင်များ၏ ကျူးကျော်လာမှုကို အရေးမယူသော သူ့လုပ်ရပ်က ပြည်သူများအား သူ့အပေါ် ယုံကြည်မှု ဆုံးရှုံးသွားစေသည်။ တစ်ဖက်တွင် ယဲ့ဖန်၏ အကြိမ်ပေါင်းများစွာ အသက်ကိုရင်း၍ ပြည်ပသိုင်းပညာရှင်များကို တိုက်ခိုက်မှုက လူအများ၏ စိတ်ထဲတွင် ယဲ့ဖန်အား အဆုံးအစမဲ့စွာ ယုံကြည်အားကိုးလာစေ၏။

လက်ရှိတွင် အင်ပါယာ၏ လူဦးရေတစ်ဝက်ကျော်က ယဲ့ဘုရင်အား ထီးနန်းကို သိမ်းပိုက်၍ ကျုံးကျိုး အင်ပါယာကို အုပ်ချုပ်ရန် တောင်းဆိုနေကြသည်။ ထို့အပြင် ထိုလူဦးရေက ရူးချင်စရာ ကောင်းလောက်အောင် တိုးလာလျက် ရှိသည်။

ယဲ့ဖန် မသေပါက အင်ပါယာတွင်းမှ လူများအားလုံး ယဲ့ဖန်၏ နာမည်ကိုသာ အမှတ်ရကြပြီး သူ၏ တော်ဝင်မိသားစုက လုံးဝ ပျောက်ကွယ်သွားလောက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နတ်ဆိုးစစ်တပ်၏ ကျူးကျော် တိုက်ခိုက်မှုတွင် နတ်ဆိုးစစ်တပ်နှင့် ပူးပေါင်း၍ အင်ပါယာ စစ်သားများကို တိုက်ခိုက်သူများလည်း ရှိသေးသည်။

နတ်ဆိုးစစ်တပ်က မြို့တွင်းဝင်လာပြီးနောက် ဒေသခံ ပြည်သူများက ရက်ပေါင်းများစွာ အတူအောင်ပွဲခံ ကြိုဆိုကြသည်။ ဤသည်က အင်ပါယာ၏ ပြည့်ရှင်ဖြစ်သော သူ့အတွက် ရှက်ဖွယ်အတိပင်။

လက်ရှိတွင် ပိုင်ကျန့်ချင်း၏ မျက်လုံးများက မီးတောက်၍ ခက်ထန်နေကာ သည်းခံနိုင်စွမ်း မရှိတော့ချေ။ သူ ယဲ့ဖန်ကို ဓားတစ်ထောင်ဖြင့် နုတ်နုတ်စင်းချင်နေ၏။ သူ့အား အဆက်မပြတ် အရှက်ကွဲစေသော ထိုမျိုးမစစ်ကောင်ကို သူ သတ်ပစ်ချင်နေသည်။

ထိုအခိုက်တွင် ယဲ့လုံရှန်းက သူ့ကို တစ်ချက်ကြည့်၍ ထီမထင်ဟန် လေသံဖြင့် ပြောလာသည်။

“မင်း ကြောက်နေတာလား”

“ငါ့ကို ကြောက်နေတာလားလို့ မေးတယ်လား၊ ဟာသပဲ၊ ငါက ကျုံးကျိုး အင်ပါယာရဲ့ အရှင်သခင်လေ၊ ဘာမဟုတ်တဲ့ သာမန်လူကို ကြောက်စရာလား”

ပိုင်ကျန့်ချင်း သရော်လိုက်သည်။ ယဲ့မိသားစု ဘိုးဘေးက ပြန်လှောင်၍ အတည်ပြုနိုင်သော လေသံဖြင့် ပြောလိုက်သည်။

“မင်း ကြောက်နေတာပဲ”

“…”

ပိုင်ကျန့်ချင်း သူ့ကို အံကြိတ်၍ ကြည့်သည်။ သို့သော် သူ ဘာမှမပြောနိုင်ပါ။ အကြောင်းမှာ သူ တကယ် ကြောက်ရွံ့နေသောကြောင့်ပင်။

“ယဲ့ဖန်က မင်းထက် ခွန်အား၊ ဉာဏ်ပညာနဲ့ ခေါင်းဆောင်မှုစွမ်းရည် အများကြီး ပိုသာတယ်၊ မင်း ကြောက်သင့် ပါတယ်”

ယဲ့မိသားစုက ထူးဆန်းစွာ ပြုံးလေသည်။

“အဲ့ကောင်က မုန်းစရာကောင်းတယ်ဆိုပင်မယ့် သူ့မှာ ငါတို့ ယဲ့မိသားစုရဲ့ သွေးတွေ စီးဆင်းနေတာပဲလေ”

လက်ရှိတွင် ယဲ့လုံရှန်းက ယဲ့ဖန်အပေါ် မသိမသာ ဂုဏ်ယူနေ၏။ သူက ယဲ့မိသားစု၏ ဘေးအန္တရာယ် ဖြစ်မနေခဲ့ပါက သူတို့ ယဲ့မိသားစု သမိုင်းတွင် အံ့ဩစရာ အကောင်းဆုံး ပါရမီရှင် ဖြစ်လာမှာ အသေအချာပင်။

ထို့နောက်တွင်မူ ယဲ့မိသားစု ပထမဘိုးဘေး၏ မျက်နှာတွင် ခက်ထန်ရိပ် လွှမ်းလာ၏။

“ဒါကြောင့် ယဲ့မိသားစုရဲ့ မျိုးဆက်က ယဲ့မိသားစုရဲ့ လက်ထဲမှာပဲ သေသင့်တယ်”

ပိုင်ကျန့်ချင်း၏ မျက်လုံးများ အရောင်လက်လာ၏။

“ခင်ဗျား သူ့ကို သတ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ပြီးလား”

“ငါ သူ့ကိုရှာဖို့ သေလူကို လွှတ်ထားပြီးသား၊ ယဲ့ဖန် သေဖို့ သိပ်မလိုတော့ဘူး”

ယဲ့မိသားစု ဘိုးဘေး၏ မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ့စိတ်ထဲ ရွှင်လန်းလာသည်။

“သေလူ ဟုတ်လား၊ ဘယ်နှစ်ယောက်လဲ”

“တစ်ယောက်”

“ဘာ”

သူ့စကားကြောင့် ပိုင်ကျန့်ချင်း လှည့်စားခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်နှာတွင် အရှက်ရဟန် ပေါ်လာကာ ငေါက်ငမ်းလိုက်သည်။

“ခင်ဗျား နောက်နေတာလား၊ ဒါ ယဲ့ဖန်လေ၊ ဘယ်လိုလုပ် လူတစ်ယောက်တည်းက သူ့ကို သတ်နိုင်မှာလဲ”

သို့သော် ထိုအခိုက်တွင် ယဲ့မိသားစုဘိုးဘေးက ရယ်မောလာ၏။

“အခြားသူတွေ မလုပ်နိုင်ပင်မယ့် သူကတော့ လုပ်နိုင်တယ်”

“နှစ်ပေါင်းများစွာ မြှုပ်ထားတဲ့ ကျားကွက်ကို ဒီနေ့ တရားဝင် ထုတ်လိုက်ပြီ”

….

တစ်ချိန်တည်းမှာပင် ဝမ်ကောဖူနား၌ ခန္ဓာကိုယ်ထွားကြိုင်းသော လူတစ်ယောက်က ဝါးဦးထုပ်ကို ဆောင်းကာ မြင်းဖြူကို စီး၍ လာနေသည်။ သူ့တစ်ကိုယ်လုံး ဖုန်များ ပေကျံနေပြီး ဖုန်တောထဲမှ ဖြတ်သန်းလာပုံရသည်။

“ဘယ်သူလဲ”

သူ တံခါးဝသို့ ရောက်သောအခါ တားဆီးခံလိုက်ရသည်။ နတ်ဆိုးမျိုးနွယ် တစ်စုက သူ့ကို သတိဖြင့် စိုက်ကြည့်နေသည်။ သို့သော် ထိုလူက ခံစားချက် ကင်းမဲ့စွာ ပြန်ဖြေလေသည်။

“ငါ ယဲ့ဖန်ကို ရှာနေတာ”

“ခွေးကောင် မင်းက ငါ့အရှင်မင်းကြီးရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာလား”

နတ်ဆိုးများ ဒေါသထွက်သွားသည်။ ယဲ့ဖန်သည် သူတို့နှလုံးသားထဲမှ နတ်ဘုရား ဖြစ်၏။ သူတို့အရှေ့မှ လူက သူ့နာမည်ကို တိုက်ရိုက် ခေါ်လိုက်ခြင်းက သူတို့ကို မလေးမစား လုပ်ရာကျသလို သေသင့်ပေသည်။

“အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း၊ မဟုတ်လို့ကတော့ မင်းကို ဒီနေရာမှာတင် သတ်ပစ်မယ်”

ချက်ချင်းဆိုသလိုပင် နတ်ဆိုးများက ဓားများကို ဆွဲထုတ်၍ သူတို့အရှေ့မှလူကို စူးစူးရဲရဲ ကြည့်လာသည်။

ထိုလူ၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားပြီး ရက်စက်ခက်ထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။ ၎င်းက နေနှင့်လတို့ကို ဝါးမျိုနိုင်သည့် ကြောက်စရာကောင်းသော ဆိုင်ရပ်စ် တစ်ခုလိုပင်။

ထိုအခါ နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၌ သူတို့နှင့် တူညီသော အရှိန်အဝါ ရှိနေသောကြောင့်ပင်တည်း။

ထိုစဉ် ထိုလူက သွေးဆာနေသော ဟန်ပန်ဖြင့် ထပ်ပြောလာ၏။

“ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်၊ ငါ ယဲ့ဖန်ကို ရှာနေတာ”

All Chapters