← Chapters

အခန်း ၁၄၉၆

Vol. 100 Ch. 1496

အခန်း ၁၄၉၆

Vol. 100 Ch. 1496

Chapter 1496 တင်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်လိုက်ပြီ

သေလည်းအတူ ရှင်လည်းအတူ ဖြစ်သော ညီအစ်ကိုများ။

ဖေးချမ်သည် စကားကို ကြွယ်ကြွယ်ဝဝ မပြောတတ်ပေ။ ထို့ကြောင့် ညီအစ်ကိုဟူသော စကားလုံးကို ဘယ်လို ခမ်းနားသော စကားများဖြင့် ဖော်ပြရမလဲ သူ မသိချေ။

တစ်ဖက်လူ ပြောသော ညီအစ်ကိုဟူသော စကား၏ အဓိပ္ပာယ်က ဘယ်လိုလဲဆိုတာကို သူ နားမလည်ပါ။

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ညီအစ်ကိုဆိုတာ ဘာလဲဆိုသည်ကို သူ့နားလည်သလိုသာ ရှင်းပြတတ်သည်။

*ငါ့ညီအစ်ကိုကို ငါ စောင့်ရှောက်မယ်*

*သစ္စာဖောက်မယ့်အစား ငါ အသေခံလိုက်မယ်*

လက်ရှိတွင် ဖေးချမ်၏ မျက်လုံးများတွင် သွေးဆာဟန်များ ပြည့်နှက်နေပြီး လူသတ်ချင်စိတ် ပြင်းပြနေကြောင်း သိသာလှသည်။ လမင်းအား ဝါးမျိုချင်နေသော ဝံပုလွေတစ်ကောင်လိုပင်။

*ငါ့ညီအစ်ကို သတ်ချင်တဲ့လူ သေရမယ်*

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရုတ်တရက် ကြက်သီးထသွားသည်။ ဤလူက အတည် ပြောနေခြင်း ဖြစ်ပြီး သူ့တစ်ဘို့တည်းသာ ကြည့်တတ်သူ မဟုတ်ကြောင်း သူ သိလိုက်သည်။

ဖေးချမ်ထံမှ ကြမ်းကြုတ်သော အရှိန်အဝါက သူ့အား အလွန်အမင်း ကြောက်လန့်စေသည်။

“ကောင်းကင်လင်း ဓားချက်”

သူ ချက်ချင်း ကြုံးဝါး၍ နတ်ဓားကို ဝှေ့ယမ်း၍ လေကိုခွင်းကာ ခုတ်ပိုင်းလိုက်သဖြင့် မြေဆီလွှာ ပိုင်းဖြတ်သွားသည်။ ထည်ဝါသော ဓားအလင်းက ဖေးချမ်ထံ တိုးဝင်သွားသည်။

သို့သော် ဖေးချမ်က မမြင်ချင်သယောင်ပြုမူက ဆာလောင်နေသော ဝံပုလွေသဖွယ် ခုန်ပျံလာ၏။ ထို့နောက် လက်သည်းနှစ်ဖက်ကို ရှေ့ဆန့်၍ ဆုတ်ဖြဲလေသည်။

ထိုအခါ ထည်ဝါသော ဓားအလင်းသည် သူ့ကြောင့် နှစ်ပိုင်းပြတ်သွားရသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အကြောအချဉ်များ တောင့်တင်းသွားသည်။ သူ၏ ဓားရေးက တစ်ဖက်ကမ်းခတ် ကောင်းမွန်းသော်လည်း ဤလူထံတွင် သက်ရောက်မှု မရှိဘူးတဲ့လား။

တစ်ချိန်တည်းမှာပင် ဖေးချမ်က သူ့ကို သတ်ရန် ကြိုးစားလာ၏။ ဝံပုလွေလက်သည်း နှစ်ဖက်လုံးက အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား၏ ဦးခေါင်းပေါ်သို့ ကျရောက်လာလေသည်။ တစ်ချက်တည်းဖြင့် သတ်ရန် ကြံစည်ထားခြင်းပင်။

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်နှာ ဖြူရော်သွားပြီး မည်သို့ ပြန်တိုက်ခိုက်ရမလဲ ဆိုသည်ကိုပင် မေ့လျော့ကော နေရာမှာတင် တောင့်တင်းစွာ ရပ်နေမိသည်။

ထိုစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ မတူညီသော အရပ်မျက်နှာထောင့်သုံးခုမှ သွေးလှံတံ သုံးလက်က ပြိုင်တူ ထွက်ပေါ်လာပြီး ဖေးချမ်းအား ရက်စက်စွာ ထိုးစိုက်လာသည်။

ဖေးချမ် ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။ သွေးလှံတံ သုံးလက်၏ ထိုးဖောက်ခြင်း ခံလိုက်ရသောကြောင့် သူ သွေးပါ အန်လာရသည်။

“အား….”

နာကျင်စွာ အော်ဟစ်လိုက်သည့်အသံသည်လည်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အံ့ဩသွားပြီး တောနက်ထဲသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။

တောထဲမှ လူသုံးယောက်က ရက်စက်သော အပြုံးတို့ဖြင့် ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။

“မြေခွေးအိုကြီး”

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ကျိတ်၍ ကျိန်ဆဲလိုက်သည်။ ထိုလူသုံးယောက်သည် ယဲ့မိသားစု ဘိုးဘေး ယဲ့လုံရှန်း၏ လက်အောက်မှ သစ္စာခံများ ဖြစ်လေသည်။

ယဲ့လုံရှန်းက အားလုံးကို ပြင်ဆင်ထားပြီးသည့်ပုံပင်။ ဖေးချမ် သစ္စာဖောက်မည်ကို စိုးရိမ်၍ သစ္စာခံ သုံးယောက်ကို ကြိုလွှတ်ကာ ကြားဖြတ်တိုက်ခိုက်စေသည်။

“ဖေးချမ် ကောင်းကင်ကို တက်လှမ်းနိုင်မယ့် လမ်း ရှိနေတာကို မသွားဘူးပေါ့လေ၊ သခင်ကြီးက မင်းကို တစ်သက် စားမကုန်တဲ့ စည်းစိမ် ချမ်းသာတွေ ပေးမယ်လို့ ကတိပေးထားတာတောင် မင်းက သေချင်နေတယ်ပေါ့”

သုံးယောက်လုံးက ဖေးချမ်ကို စိုက်ကြည့်လာ၏။ ထိုစကားကို ကြားသော် ဖေးချမ်က ပါးစပ်ထောင့်မှ သွေးကို သုတ်၍ ဟားတိုက် ရယ်မောလေသည်။

“ဟားဟားဟား တစ်သက် စားမကုန်တဲ့ စည်းစိမ်ချမ်းသာက ငါ့ညီအစ်ကိုက ပေးတဲ့ ဝိုင်တစ်ခွက်လောက်တောင် မကောင်းဘူးကွ”

“မင်းက တော်တော် တုံးတာပဲ”

“မင်းက သေချင်နေမှတော့ ငါတို့က ဖြည့်ဆည်းပေးရတာပေါ့”

သုံးယောက်သား ကြမ်းကြုတ်စွာ ပြုံး၍ ဖေးချမ်ထံ လျှောက်လာသည်။

“နေဦး”

ရုတ်တရက် ထည်ဝါ၍ မာန်ပါသော အော်သံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အံ့အားသင့်သွားပြီးနောက် ယဲ့လုံရှန်းက ဘယ်အချိန်ကတည်းက အနား၌ ရပ်နေမှန်းမသိ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ယင်းသည် ကိုယ်ပွားခန္ဓာကိုယ်သာ ဖြစ်ပြီး ယဲ့လုံရှန်း အစစ်က ဤသို့ မရောက်လာပေ။ ဤသည်ကိုမြင်သော် ဖေးချမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။ ယဲ့လုံရှန်းက ဖေးချမ်ကို စူးစိုက်ကြည့်လေသည်။

“ဖေးချမ် ပြောစမ်းပါဦး၊ မင်း လွင်တီးခေါင်ပြင် နေရာထဲ ကျသွားပြီး တိရစ္ဆာန်တွေ စားတာ ခံရမယ့်ဘေးက ကယ်ခဲ့တာ ဘယ်သူလဲ”

“ခင်ဗျား”

“ပြီးတော့ မင်းကို ကုသပေးပြီး မင်းဘဝအတွက် သူမတူတဲ့ သိုင်းကွက် ငါးကွက်ကို သင်ပေးခဲ့တာ ဘယ်သူလဲ၊ အဲ့ဒါကြောင့် မင်း အဆင့်ချိုးဖောက်နိုင်ပြီး သူတော်စင်သခင်အဆင့်ကို အဆင့်တက်နိုင်တာ မဟုတ်ဘူးလား”

“ခင်ဗျား သင်ပေးတာ”

“ဘယ်သူက မင်းကို လူရင်းလို သဘောထားပြီး မင်းအတွက် တစ်ဆင့်ချင်း လမ်းဖောက်ပေးမလဲ၊ ဘယ်သူက မင်းကို ဧကရာဇ် ဖြစ်လာအောင် ကူညီမှာလဲ”

“အဲ့ဒါလည်း ခင်ဗျားပဲ”

“ဒီလိုဆိုရင် မင်းက ငါ့ကို ဘယ်လို‌တောင် သစ္စာဖောက်ရဲတာလဲ”

ယဲ့လုံရှန်း အော်ငိုက်လိုက်သည်။ ဖေးချမ်၏ ပါရမီက အလွန် မြင့်မားလွန်းသဖြင့် သူ့တပည့်ရင်းအဖြစ် မခေါ်ယူဘဲ မနေနိုင်ချေ။

သို့သော် ဖေးချမ်သည် အလွန်အမင်း တုံးအပြီး တစ်သက်လုံး ကျွန်ဖြစ်ချင်စိတ် ရှိနေ၏။

“ခင်ဗျား ကျုပ်ကို ကယ်ရတဲ့ အကြောင်းရင်းက တစ်နေ့ ကျုပ်ကို ယဲ့ဖန်ကို သတ်စေချင်လို့ပဲလေ၊ ခင်ဗျားအကြံကိုသာ ကျုပ် အစကတည်းက သိခဲ့ရင် ခင်ဗျား ကယ်တာ ခံရမယ့်အစား အသေခံလိုက်မယ်”

လွန်ခဲ့သော နှစ်အနည်းငယ်က ယဲ့လုံရှန်းသည် ဖေးချမ်နှင့် ယဲ့ဖန်ကြားမှာ ဆက်ဆံရေးကို တွက်ချက်ရန် မိုးမြေနှင့် မှော်အစွမ်းကို အသုံးပြုခဲ့ပြီး ဖေးချမ်အား အသက်ကယ်၍ လေ့ကျင့်ပေးခဲ့သည့် ရည်ရွယ်ချက်မှာ ယနေ့အတွက် ဖြစ်လေသည်။

“မင်း တစ်သက်လုံး ယဲ့ဖန်ရဲ့ ကျွန် ဖြစ်ချင်နေတာလား၊ ယောက်ျားတစ်ယောက်အနေနဲ့ မင်းမှာ ယောက်ျား တစ်ယောက်ရဲ့ ရည်မှန်းချက်တွေ ရှိသင့်တယ် မဟုတ်ဘူးလား”

“လောဘအိုး ဝံပုလွေလို့သာ ခေါ်တာ မင်းမှာ ဝံပုလွေတစ်ကောင်မှာ ရှိသင့်တဲ့ ရည်မှန်းချက်နဲ့ သွေးဆာစိတ်တွေ မရှိဘူးကွ”

ယဲ့လုံရှန်းက မုန်းတီးသော အကြည့်ဖြင့် အော်ငေါက်လိုက်ပြီး ဖေးချမ်အပေါ် အလွန်အမင်း စိတ်ပျက်နေ၏။

“ကျွန် ဟုတ်လား”

ဖေးချမ် လှောင်ရယ်လိုက်သည်။

“ခင်ဗျား ငယဲ့ကို လုံးဝ မသိပါဘူး၊ သူ လောကကို သိမ်းနိုင်တယ်ဆိုရင် တစ်ဝက်ကို ကျုပ်ကို ပေးမှာပဲ၊ ကျုပ်က ကျွန် မဟုတ်ဘူး၊ ကျုပ်က သူ့ညီအစ်ကို”

“ကျုပ်မှာ ရည်မှန်းချက်နဲ့ သွေးဆာစိတ်တွေ ရှိတယ်၊ ကျုပ်ရည်မှန်းချက်က သူ့ကို ဘုရင်ဖြစ်အောင် လုပ်ဖို့၊ ကျုပ်ရဲ့ သွေးဆာစိတ်က သူ့နယ်မြေတွေကို သိမ်းပေးဖို့ပဲ”

သွေးလှံတစ်လက်ကို သူ့ကိုယ်ထဲမှ အားဖြင့် ဆွဲထုတ်လိုက်သောကြောင့် သွေးများ‌ ငေါခနဲ ပန်းထွက်လာ၏။ ထို့နောက် ဒုတိယတစ်လက်၊ တတိယတစ်လက်။

ဤအပြုအမူက ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ခြင်းသာ။ ဆွဲထုတ်လိုက်သည့် အကြိမ်တိုင်း အသားစနှင့် သွေးစများစွာ ထွက်လာရသည်။

သို့သော် သူက တစ်ချက်ကလေးမျှပင် မညည်းတွားချေ။ ဤသည်က သူတော်စင်သခင်အဆင့်များကို အံ့ဩသွားစေသည်။

*အရူး*

*ဒီကောင်က တကယ့် အရူးပဲ*

ဖေးချမ်က ဝံပုလွေတစ်ကောင်၏ သွေးဆာစိတ်က ဘာလဲဆိုသည်ကို ယခု ချက်ကျလက်ကျ ပြောနေလေပြီ။ ဤသည်ကိုမြင်သော် စကားပြောနေလည်း အကျိုးမထူးကြောင်း ယဲ့လုံရှန်း သိလိုက်သည်။

“ငါ မင်းကို ထပ်ပြီး အခွင့်အရေး ပေးမယ်၊ မင်း ယဲ့ဖန်ကို သတ်ပြီး အရင်က အမှားတွေကို သင်ပုန်းချေမလား၊ ဒါဆို ငါ မင်းကို ဧကရာဇ် ဖြစ်လာအောင် ကူညီမယ်”

“ဒါမှမဟုတ်ရင်တော့ မင်း သေရမယ်”

သို့သော် ဖေးချမ် ဆက်လက် ပြုမူလာသည့် အပြုအမူက သူတို့ကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ သူသည် သွေးလှံတစ်လက်ကို ကိုင်၍ သူ့ရင်ဘတ်သို့ အားဖြင့် ထိုးစိုက်လိုက်သည်။

သွေးများ ပန်းထွက်လာပြီး သူ့ခန္ဓာကိုယ် တုန်ယင်သွားသည်။ သူ့ရင်ဘတ်မှ သွေးများ တတောက်တောက် စီးကျနေ၏။ လူတိုင်း ကြက်သီးထွက်သွားပြီး ဖေးချမ်အား မယုံနိုင်သလို ကြည့်လာသည်။

*ဒီကောင် ဘာတွေ တွေးနေတာလဲ*

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

“ရွှစ်”

နောက်ထပ် သွေးများ ပန်းထွက်လာပြန်သည်။ ထိုသွေးလှံတံကို ဖေးချမ်က ပြန်၍ ဆွဲထုတ်လိုက်ခြင်းပင်။

“ရူးနေတာလား၊ ဒီကောင် ရူးနေပြီလား”

လူတိုင်း ကြောက်ရွံ့လာ၏။

*သူ့ကိုယ်သူ သတ်နေတာပဲ*

*ဒါ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ပြီး သတ်သေတာပဲ*

*ဘာလို့ ဒီလို ပေးဆပ်နေရတာလဲ*

*ကိုယ့်ကိုယ်ကိုယ် ထိုးရတာ ပျော်ဖို့ကောင်းလို့လား*

“ရွှစ်”

သွေးလှံက သူ့ရင်ဘတ်သို့ တစ်ဖန် ပြန်၍ ထိုးစိုက်သွားပြီး ခန္ဓာကိုယ်တွင် အပေါက်ရာများ ပေါ်လာပြီး သွေးများ တတောက်တောက် ကျနေသည်။

အားလုံး နားဝေတိမ်တောင် ဖြစ်နေကြပြီး ကျောချမ်းလာကြကာ သူတို့မျက်နှာတွင် ကြောက်လန့်စိတ်များ ပေါ်လာသည်။

*ဒီအရူးက သူ့ကိုယ်သူ သေတဲ့အထိ နှိပ်စက်ဖို့ ကြံစည်ထားတာလား*

ထိုးလိုက်၊ ထုတ်လိုက်ကို ငါးကြိမ်တိတိ ပြုလုပ်လေသည်။ ထို့နောက်တွင်မူ သူသည် သွေးလှံအား မြေကြီးတွင် ထိုးစိုက်၍ ယဲ့လုံရှန်းအား ခက်ထန်စွာ စူးစိုက်ကြည့်လိုက်သည်။

“ယဲ့လုံရှန်း ခင်ဗျား ကျုပ်ကို သင်ပေးခဲ့တဲ့အတွက် သိုင်းကွက် ငါးကွက်အတွက် ကျုပ် ပြန်ဆပ်လိုက်ပြီ”

သူ့ကိုယ်သူ ငါးကြိမ်တိတိ ထိုးစိုက်လိုက်သလို တစ်ချိန်တည်းမှာပင် သူ့တစ်ဘဝလုံး ကျင့်ကြံခဲ့သော ကျင့်ကြံမှုအား ဖျက်ဆီးလိုက်သည်။

ဤမြင်ကွင်းက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် အခြားသူများကို မှင်တက်သွားစေသည်။ ဖေးချမ်က သူ့ကိုယ်သူ ငါးကြိမ် ထိုးစိုက်၍ ကျေးဇူးပြန်ဆပ်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

*ဒီလူက တော်တော် ရူးမိုက်တာပဲ*

သို့သော် ၎င်းက လူအများအား အားကျသွားစေသည်။ အခြားသူများသာဆိုလျင် ထွက်ပြေးသွားလောက်သည်။ သို့သော် ဖေးချမ်က သူ့စိတ်ထဲမှ ရိုးသားဖြောင့်မတ်မှုအတွက် ဤနေရာတွင်နေ၍ အသေခံလေသည်။

*တကယ့်လူပဲ*

“မင်း သေချင်နေတာပဲ”

ယဲ့လုံရှန်း ဒေါသထွက်သွားပြီး သူ့မျက်လုံးတွင် မုန်းတီးစိတ်များ ပြည့်နှက်လာသည်။ ဖေးချမ်ကြောင့် သူ ဒေါကန်နေလေပြီ။

တစ်နေ့တွင် ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု တွေးပြီး သူ ဖေးချမ်အပေါ် အတော်လေး အားစိုက်ပျိုးထောင် ခဲ့သော်လည်း ထိုကျားကွက်က သူ့ကို သစ္စာဖောက်သွားခဲ့သည်။ ဤသည်မှာ မလေးမစား ပြုလုပ်ခြင်းသာ။ ခွင့်မလွှတ်နိုင်ပေ။

“သူ့ကိုသတ်စမ်း”

ယဲ့လုံရှန်းက မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်နှာက အလွန် ကြည့်ရဆိုးနေ၏။ သူတော်စင်သခင်အဆင့် သုံးယောက်သည် မြေကြီးပေါ်မှ သွေးလှံကို ကောက်ယူ၍ ဖေးချမ်းထံ ပြေးဝင်သွားပြီး လှံတံများအား ဖေးချမ်၏ ဦးခေါင်းထံ ချိန်ရွယ်ထားကြသည်။

လူသတ်ချင်ိစတ်များ ပေါက်ကွဲထွက်ပေါ်နေသည်။ ထိုအခိုက်တွင် ဖေးချမ်သည်လည်း မျက်လုံးကို မှိတ်ထားသည်။ သူ့အပြုအမူက တည်ငြိမ်နေပြီး အားပါးတရ ရယ်မောလိုက်သည်။

“ငါ ခံယူချက်အတိုင်း နေနိုင်ပြီ၊ ညီအစ်ကိုတွေ မျှော်လင့်ထားသလို ဖြစ်လာပြီ”

“ဒီနေ့ ငါ အသေဖြောင့်ပြီကွ”

“ငါ့ဘဝ ဖြတ်သန်းချိန်တွေက ဘယ်လောက် မြန်ဆန်ပြီး ပျော်ဖို့ကောင်းလိုက်လဲ”

“ငယဲ့နဲ့ ညီအစ်ကိုတွေ နှုတ်ဆက်ပါတယ်”

“ရွှစ်”

ရုတ်တရက် ဖေးချမ် အနောက်မှ ဧရာမ အရိပ်တစ်ခု တိုးဝင်လာပြီး အရှေ့သို့ ပြေးတက်သွားသည်။

“ထွက်သွားစမ်း”

နတ်ဆိုးနဂါး ဖုရှန် အော်ထုတ်လိုက်သောအခါ ကြောက်မက်ဖွယ် အသံလှိုင်းက သူတော်စင်သခင်အဆင့် သုံးယောက်ထံ ရိုက်ခတ်လာ၏။

ထိုသုံးယောက် ရုတ်တရက် မျက်နှာပျက်သွားကြသည်။ မည်းနက်နေသော နတ်ဆိုးနဂါးတစ်ကောင်က ဖေးချမ်ရှေ့၌ ရပ်ကာ သူတို့အား စူးစိုက်ကြည့်၍ ကြမ်းကြုတ်စွာ ဟိန်းနေသည်။

“အရူးနဂါး မင်းကို ဘယ်သူက လာခိုင်းလို့လဲ”

ဖေးချမ် အံ့ဩသွားပြီးမှ ငေါက်ငမ်းလိုက်သည်။

“ငါ မလာရင် မင်းက ဒီမှာ အသေခံမလို့လား၊ အရူးကောင်”

နတ်ဆိုးနဂါး ဖုရှန်က ပြန်ငေါက်လိုက်သည်။ ဖေးချမ်က ဤသို့သော ရွေးချယ်မှု ပြုလုပ်လိမ့်မည်ဟု သူ သိနေသည်။

*ဒီကောင်ရဲ့ သံယောဇဉ် ကြီးပုံကတော့ ခေါင်းမာလွန်းတဲ့အထိပဲ*

မိမိညီအစ်ကိုကို သတ်မည့်အစား ထိုလူကိုသာ ပြန်သတ်ပေမည်။ ထိုလူက အသက်သခင် ကျေးဇူးရှင် ဖြစ်နေလည်း ဂရုမစိုက်ချေ။

“ငါ ဆုံးဖြတ်ချက် ချပြီးပြီ၊ မင်း ဘာမှဝင်လုပ်ပေးစရာ မလိုဘူး၊ ဒီနေရာကနေသာ ထွက်သွားပါ”

ဖေးချမ်က မောက်မာစွာ ငေါက်ငမ်းလိုက်သည်။ သူ့မျက်နှာတွင် မသိမသာ စိုးရိမ်စိတ် ပေါ်နေသည်။ ယဲ့လုံရှန်းနှင့် အချိန်အတော်ကြာ ရှိနေခဲ့သဖြင့် ယဲ့လုံရှန်း၏ ကြောက်စရာကောင်းပုံကို သူ့ထက် မည်သူမှ ပိုမသိနိုင်ပါ။

ဤသည်က ကိုယ်ပွား ခန္ဓာကိုယ်သာ ဖြစ်သော်လည်း သူတို့ ယှဉ်နိုင်သော အရာ မဟုတ်ချေ။ ဤနေရာသို့ ရောက်လာသော နတ်ဆိုးနဂါး ဖုရှန် သေရပေလိမ့်မည်။

“ကောင်းပြီလေ၊ မင်း ဒီကိစ္စကို ဘော့စ်ကို ပြောပြ၊ မင်း သူ့ကို ရှင်းပြဖို့ လိုသေးတယ်”

နတ်ဆိုးနဂါး ဖုရှန်က အေးစက်စွာ ငေါက်ငမ်းလေသည်။

“မင်းက ဒီလိုမျိုး မရှင်းမလင်း သေချင်တာလား၊ သခင်ကြီးက သဘောတူမှာ မဟုတ်ဘူး၊ ငါလည်း သဘော မတူဘူး”

“မင်း …”

“ကဲကဲ ငါ ယဲ့ဖန်ကို မသတ်နိုင်ဘူးလို့ ငါ ထင်မထားခဲ့ပင်မယ့် ဒီနေ့ ငါးအကြီးကြီး မိတာပဲ၊ ဒီနေ့ ခရီးက ဆိုးတော့ မဆိုးပါဘူး”

ယဲ့လုံရှန်းက ဆိုးယုတ်သော အပြုံးဖြင့် ရှေ့တက်လာသည်။

“ငါ မင်းတို့ကို သတ်လိုက်ရင် ယဲ့ဖန် လုံးဝ ရူးသွားမလား”

ဖေးချမ်၏ မျက်နှာထား မည်းမှောင်သွားပြီး အော်လိုက်သည်။

“ခင်ဗျား ကျုပ်ကိုပဲ သတ်၊ ကျုပ်ညီအစ်ကိုကို မထိနဲ့”

နတ်ဆိုးနဂါး ဖုရှန်က ဖေးချမ်ကို ပြုံး၍ ကြည့်လေသည်။

“ဒါကမှ ငါသိတဲ့ လောဘအိုး ဝံပုလွေ ဖေးချမ်ကွ”

“အခု မင်းက သိုင်းကျင့်ကြံမှု မရှိတော့တဲ့ အမှိုက်ကောင်ပဲ၊ မင်းက ငါ့ကို လာညှိနှိုင်းဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”

“သူတို့ ခေါင်းတွေကို ဖြတ်ပြီး ယဲ့ဖန်ဆီ ပို့လိုက်”

All Chapters