← Chapters

အခန်း ၁၅၀၁

Vol. 101 Ch. 1501

အခန်း ၁၅၀၁

Vol. 101 Ch. 1501

Chapter 1501 မင်းတို့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ

*ဘာ*

လင်းမိသားစုသည် ထိုစကားကိုကြားသောအခါ မျက်နှာ ပြာနှမ်းလာပြီး မျက်လုံးတွင် သွေးပျက်ဟန်များ စွန်းထင်းလာသည်။

သူတို့၏ မျှော်လင့်ချက်ဟု မှတ်ယူထားသော သူတော်စင်သခင်အဆင့်များက ဘက်ပြောင်း၍ သူတို့အား တိုက်ခိုက်လာလေမလား။ အဖြေက မကြာခင် ပေါ်လာပေလိမ့်မည်။

မိစ္ဆာသွေးမိကျောင်း၏ စကားအဆုံး၌ ချင်ယန်ကျွင်းက မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။

“ပြဿနာ မရှိဘူး”

တစ်ချက်ကလေးမှ တွေဝေနေခြင်း မရှိချေ။ လင်းတုန်လိုင်နှင့် အခြားသူများ အံ့ဩသွားကြသည်။ ထိုအခိုက်တွင် သူတို့ ကြက်သီးထလာ၏။

လူတိုင်း မျက်လုံးပြူးနေကြပြီး ကြားလိုက်ရသော စကားကို မယုံနိုင်ကြပေ။ သူတို့လင်းမိသားစုသည် ချင်ယန်ကျွင်းနှင့် အခြားသူများအပေါ် ကြင်နာခဲ့သည်။ သို့သော် ချင်ယန်ကျွင်းက တွေဝေခြင်းပင် မရှိဘဲ သူတို့၏ လင်းမိသားစုကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့လေသည်။

ဤသည်မှာ ဒေါသထွက်စရာ ကောင်းလှပေ၏။ လင်းတုန်လိုင် ရူးမတတ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ချင်ယန်ကျွင်း ငါ့အဖေ ဖော်စပ်တဲ့ ဆေးလုံးကိုသာ မရခဲ့ရင် မင်း ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်ကို မြန်မြန် ရောက်နိုင်မှာလဲ၊ အခု ငါ့လင်းမိသားစု အသတ်ခံရတော့မှာကို မင်းက ဘက်ပြောင်းချင်တယ်ပေါ့လေ၊ မင်း လူမှဟုတ်သေးရဲ့လား”

လင်းမိသားစုဝင် အားလုံးနီးပါး လက်ရှိတွင် ကြောက်လန့်ကာ ငိုကြွေးနေကြပြီး ကျင်ငယ်ရေ ထွက်ကျမတတ် ဖြစ်နေ၏။

“မင်းအဖေရဲ့ ကြင်နာမှုကို ငါ့စိတ်ထဲ အမြဲအမှတ်ရနေမှာပါ၊ ငါ မင်းကို သူ့ဆီပို့ပြီး မိသားစု ပြန်ဆုံစည်းနိုင်အောင် လုပ်ပေးမယ်”

ချင်ယန်ကျွင်းက အန္တရာယ်ပေးလိုသော အပြုံးဖြင့် ပြောလိုက်ပြီးနောက် လင်းတုန်လိုင်နှင့် အခြားသူများထံ မကောင်းသော အကြည့်ဖြင့် လျှောက်လာသည်။

“ရောင်းရင်းလင်း ငါ စိတ်မကောင်းပါဘူး၊ ငါတို့ ကူညီမယ်လို့ ကတိပေးထားခဲ့ပင်မယ့် ငါတို့ အသက်တော့ အသေမခံနိုင်ဘူး၊ မင်း အပြစ်တင်ချင်တယ်ဆိုရင် လူမှားပြီး ရန်စမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ”

“ရောင်းရင်းလင်း မင်းတို့ လင်းမိသားစုရဲ့ ကြီးမားတဲ့ ကြင်နာမှုနဲ့ ကျေးဇူးကို နောက်ဘဝမှပဲ ငါ ပြန်ဆပ်ပါ့မယ်၊ ငါ တောင်းပန်ပါတယ်”

ဤသည်ကိုမြင်သော် အခြားသော သူတော်စင်သခင်အဆင့်များကလည်း ရှေ့တိုး၍ လင်းမိသားစုထံ လျှောက်လာကြသည်။ အားလုံးကို ဓားကိုယ်စီ ဆွဲထုတ်လာသည်။

“မလုပ်နဲ့၊ ငါတို့ကို မသတ်ပါနဲ့၊ ငါတို့ မင်းတို့အားလုံးကို ကူညီခဲ့တယ်လေ၊ မင်းတို့အသက်ကိုတောင်မှ ကယ်ခဲ့တာ၊ မင်းတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ”

“မိစ္ဆာသွေးမိကျောင်း ငါတို့ မသေချင်ဘူး၊ ငါတို့ကို မသတ်ပါနဲ့”

လင်းမိသားစုဝင်များ အလဲလဲ အပြိုပြို ဖြစ်လာပြီး တစ်ယောက်ပြီးတစ်ယောက် အဖေ၊အမေတ၍ ငိုကြွေးကြသည်။

“ဟေ့ အဲ့အဘိုးကြီးနဲ့ သူ့မြေးတွေကို မသတ်နဲ့၊ သူတို့ကို ငါ့အတွက် ချန်ထားခဲ့”

ထိုစဉ် မိစ္ဆာသွေးမိကျောင်းက နားကိုလက်ဖြင့် ကလော်၍ အေးအေးလူလူ ပြောလာသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ”

ချင်ယန်ကျွင်းနှင့် အခြားသူများ ထပ်ခါထပ်ခါ သဘောတူလိုက်ပြီးနောက် လင်းမိသားစုဝင်များထံ လျှောက်သွားသည်။

“ငါတို့ကို မသတ်ပါနဲ့၊ ငါတို့က အပြစ်မရှိပါဘူး၊ ဒါတွေအားလုံးက သူတို့မိသားစုရဲ့ အမှားတွေပါ၊ သူတို့က မင်းကို ပြဿနာ ရှာတာပါ၊ မင်းတို့ သူတို့ကို သတ်လို့ရပါတယ်”

လင်းတုန်လိုင်၏ ညီအစ်ကိုများ၊ တူ၊ တူမများနှင့် မြေးများအားလုံး အော်ဟစ်ငိုကြွေးနေကြပြီး မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေကာ ကြောက်လန့်၍ ကြံရာမရစိတ်များ ပေါ်နေ၏။

လက်ရှိတွင် သူတို့သည် သူတို့မိသားစုများ၊ ဆွေမျိုးများကို ဂရုမစိုက်နိုင်တော့ချေ။ သူတို့ မသေချင်ကြပါ။

သို့သော် မည်သို့သော အရေးမပါသော စကားမျှကို မဆိုဘဲ ချင်ယန်ကျွင်းက သူ့ဓားကိုမြှောက်၍ လွှဲယမ်း လိုက်သည်။

ထိုအခါ သွေးစက်များ ပန်းထွက်လာသည်။ လင်းမိသားစုဝင်များ၏ ဦးခေါင်းသည် ဖရဲသီးများသဖွယ် တဘုတ်ဘုတ် ပြုတ်ကျလာပြီး လင်းမိသားစု၏ ခန်းမတစ်ခုလုံးတွင် သွေးများ ရွှဲစိုလာပြီး ညှီစို့စို့ သွေးနံ့က လှိုင်လှိုင်ထလာသည်။

ကိုယ်တွင်းအင်္ဂါများနှင့် ဦးနှောက် အစအနများက နံရံတွင် ကပ်ညိနေပြီး သွေးများက နေရာအနှံ့ ပျံ့ကြဲနေ၏။ ဤမြင်ကွင်းက အလွန်အမင်း ရက်စက်လှသည်။

လင်းတုန်လိုင်နှင့် အခြားသူများ ကြက်သီးထသွားပြီး သူတို့၏ အဆုံးသတ်ကိုပါ ခန့်မှန်းမိသွားကြသည်။

“ရှင်တို့ ကျွန်မကို သတ်လိုက်ပါ၊ ဒါပေမဲ့ ကျွန်မရဲ့ အပြစ်မရှိတဲ့ ကလေးနှစ်ယောက်ကိုတော့ အသက် ချမ်းသာပေးပါရှင်”

လှပသော အမျိုးသမီးတစ်ယောက်က ချင်ယန်ကျွင်းကို တောင်းပန်လေသည်။ သူမ သေရမည်ကို သိထားပြီး ဖြစ်သော်လည်း သူမ၏ မိခင်စိတ်က သူမ၏ ရင်သွေးငယ်များကို ကာကွယ်ချင်နေ၏။

ကလေးနှစ်ယောက်သည် အမြွှာလေးများ ဖြစ်ကြပြီး ချစ်စရာကောင်းပေသည်။ လက်ရှိတွင် သူတို့သည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲ တိုးဝင်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်နှာသေးသေးလေးများက ဖြူရော် နေရှာသည်။

ချင်ယန်ကျွင်း၏ မျက်နှာတွင် ဆိုးယုတ်သော အပြုံးပေါ်လာပြီးနောက် ကလေးနှစ်ယောက်က လှပသော အမျိုးသမီးထံမှ ဆွဲထုတ်လိုက်သည်။

“ရွှစ်”

တစ်ယောက်အား နေရာမှာတင် ပွဲချင်းပြီး ဓားဖြင့် ခုတ်သတ်လိုက်သည်။ နောက်တစ်ယောက်ကိုမူ လည်ညှစ် သတ်လေသည်။ လုပ်ရပ်က ရက်စက်လှပြီး လူမဆန်ဟုပင် ဆိုရပေမည်။

လှပသော အမျိုးသမီးသည် နေရာမှာတင် ကြက်သေ သေသွားသည်။ မိခင်ဖြစ်သော သူမသည် သူမ၏ ရင်သွေးငယ်နှစ်ယောက်က သူမရှေ့၌ ရက်စက်စွာ အသတ်ခံလိုက်ရသည်ကို ကြည့်နေခဲ့ရသည်။ သူမ၏ နှလုံးသားအား ဆုတ်ခြေလိုက်သလိုပင်။ သူမ အသိစိတ်ပျောက်ကာ ထိတ်လန့်နေ၏။ အချိန်အတော်ကြာအောင် သူမ စိတ်မငြိမ်နိုင်ချေ။

ချင်ယန်ကျွင်းကမူ အပြုံးကြီး ပြုံးနေပြီး လက်ရှိတွင် သူ့လုပ်ရပ်အတွက် အလွန် ကျေနပ်နေပုံရသည်။ ဘေးဘက်မှ မိစ္ဆာသွေးမိကျောင်းသည်လည်း ဤသည်ကိုမြင်သော် အားရစိတ်တို့ ပြည့်နှက်လာ၏။ လင်းမိသားစုဝင်များ ပိုနှိပ်စက်ခံရလေ သူ ပို၍ စိတ်အခြေအနေ ကောင်းလေပင်။

“မိစ္ဆာကောင် ငါ နင့်ကို သတ်မယ်”

ထိုအမျိုးသမီးသည် ဒေါသတကြီး အော်ဟစ်၍ ချင်ယန်ကျွင်းထံ ပြေးဝင်သွားသည်။

“သေချင်နေတာပဲ”

ချင်ယန်ကျွင်းက အေးတိအေးစက်ပြုံး၍ ရက်စက်စွာဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို လက်၌ စုဝေး၍ သူမ၏ ဦးခေါင်းကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။

ဦးခေါင်းပေါက်ကွဲ၍ အသားစများ လွင့်စင်လာ၏။ ဤသို့ ပြုလုပ်ပြီးနောက် ချင်ယန်ကျွင်းက မိစ္ဆာသွေးမိကျောင်းကို လှည့်ကြည့်လေသည်။

“လူကြီးမင်း ကျုပ် ဒီလိုလုပ်လို့ အဆင်ပြေပါရဲ့လား”

“မဆိုးဘူး၊ မဆိုးဘူး၊ မင်းမဆိုးဘူးပဲ အမှိုက်ကောင်၊ ငါ သဘောကျတယ်”

မိစ္ဆာသွေးမိကျောင်းက ပြုံး၍ ထပ်ပြောသည်။

“ကလေးမလေးကို မသတ်နဲ့၊ ငါ ကစားစရာအဖြစ် ထားထားချင်သေးတယ်”

ဤသည်ကိုမြင်သော် လင်းတုန်လိုင်နှင့် အခြားသူများတွင် နောင်တရစိတ်နှင့် ဝမ်းနည်းစိတ်များ ပြည့်နှက်လာ၏။ တစ်ဖက်လူက အပြစ်မရှိသော ကလေးနှစ်ယောက်ကိုပင် အသက်ချမ်းသာမပေးဘဲ မိခင်ဖြစ်သူရှေ့၌ ရက်စက်စွာ သတ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ရက်စက်လှသော စိတ်နှလုံးသား ရှိသူပင်။ ဤသည်မှာ လူမဆန်စွာ သတ်ဖြတ်ခြင်းသာ။

ထို့နောက်တွင်မူ အခြား သူတော်စင်သခင်အဆင့်များကလည်း ရက်စက်စွာ သတ်ဖြတ်လာ၏။ မိစ္ဆာသွေးမိကျောင်း စိတ်ကျေနပ်စေရန် အလို့ငှာ သူတို့၏ သတ်ဖြတ်မှုက အလွန်အမင်း ရက်စက်လာသည်။

အရေခွံခွာခြင်း၊ ဖိနှိပ်ခြင်း၊ အရိုးများချိုးခြင်း၊ အလောင်းက နုတ်နုတ်စင်းခြင်း စသဖြင့် ပြုုလုပ်နေသည်။ လင်းမိသားစုတွင်း၌ ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ယနေ့ လင်းမိသားစု အိမ်တော်သည် သားသတ်ရုံတစ်ခုသဖွယ် ဖြစ်လာပြီး‌ ခြေပြတ်လက်ပြတ်များ နေရာအနှံ့ ရှိနေပြီး သွေးစက်များနှင့် အသားစများက နေရာအနှံ့ ပျံ့ကြဲနေသည်မို့ ထိတ်လန့်ဖွယ် ကောင်းလှသည်။ မယုံနိုင်လောက်အောင် ခြောက်ခြားဖွယ် ကောင်းလှသည်။

လင်းမိသားစု၏ မျိုးဆက်များ ရှင်းလင်းခံနေရသည်။ ဤသည်ကိုမြင်သော် လင်းဝူယာ၏ အစ်ကိုနှစ်ယောက်လုံး တုန်ယင်လာပြီး မျက်ရည်ဝဲကာ ချောက်ချားလာ၏။

“လင်းတုန်လိုင် ခင်ဗျား မြင်ပြီလား၊ ဒါလား ခင်ဗျား ရှာတွေ့ခဲ့တဲ့ အကူအညီ၊ နောက်ဆုံးကျတော့ ကျုပ်တို့ကို ပြန်သတ်နေပြီလေ”

လင်းဝူယာက လင်းတုန်လိုင်ကို အော်ပြောလိုက်သည်။

“အရူး … ခင်ဗျားက အရူး”

“လင်းဝူယာ၊ မင်း … မင်း ငါ့ကို ဒီလို ပြောရဲတယ်လား”

လင်းတုန်လိုင်က လင်းဝူယာကို မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။

“အခု ကျုပ်က လင်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ပဲ၊ ဘာလို့ မပြောရဲရမှာလဲ”

လင်းဝူယာ ပြန်အော်လိုက်သည်။

“ကျုပ် လင်းမိသားစုကို ခင်ဗျားလက်ထဲမှာ မထားခဲ့သင့်ဘူး၊ ခင်ဗျားက လင်းမိသားစုဝင် အားလုံးကို သတ်လိုက်တာ”

ဖခင်ဖြစ်သူ၏ သေဆုံးမှုကြောင့် သူ လင်းတုန်လိုင်အပေါ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ထို့ကြောင့် လင်းတုန်လိုင်က တိတ်တဆိတ် အာဏာလုလာသည်ကို သူ မသိချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လင်းတုန်လိုင်၏ မဆင်မခြင် ပြုမူတတ်သော စိတ်နှင့် အတ္တကြီးသော စိတ်တို့ကြောင့် လင်းမိသားစု သွေးချောင်းစီး၍ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံရလိမ့်မည်ဟု သူ ထင်မထားမိပေ။

“အစက ကျုပ် ကူညီပေးမဲ့လူကို ရှာတွေ့ခဲ့ပြီးသား၊ သူ့ခွန်အားနဲ့ဆိုရင် မိစ္ဆာသွေးမိကျောင်းကို ခွေးတွေဝက်တွေကို သတ်သလို သတ်နိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားက ဘဝင်မြင့်ပြီး သူ့ကို နှင်ထုတ်ခဲ့တယ်၊ အခု ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်တော့”

လင်းဝူယာ၏ အမုန်းတရားက ကြီးထွားလာသည်။ သူ့ဘဝတွင် ပထမဆုံးကြိမ်အဖြစ် လင်းတုန်လိုင်အား တုံးအပြီး ရွံစရာကောင်းသည်ဟု ခံစားမိလာ၏။ အရူးလင်းတုန်လိုင်ကြောင့်သာ မဟုတ်လျင် ဤလူများ သေစရာမလိုပေ။

သူ့စကားကိုကြားသော် လူတိုင်း ချက်ချင်း မှင်တက်သွားပြီး မယုံနိုင်ဟန်များ ဖြစ်လာကြသည်။

*မိစ္ဆာသွေးမိကျောင်းကို ခွေးတွေဝက်တွေကို သတ်သလို သတ်နိုင်တယ် ဟုတ်လား*

ကြောက်ရွံ့သော မျက်လုံးပေါင်းများစွာက ယဲ့ဖန်ထံ ကျရောက်လာ၏။ အမှန်ဖြစ်လိမ့်မည်ဟု မယုံနိုင် ကြသည့်ပုံပင်။

*ဒီလူက တကယ် အဲ့လောက် သန်မာတာလား*

*မိစ္ဆာသွေးမိချောင်းရဲ့ အစွမ်းကို မြင်ပြီးတာတောင် လင်းဝူယာက ဘယ်လိုလုပ် ဒီလောက် ယုံကြည်မှု ပြည့်နေရတာလဲ*

*ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လင်းတုန်လိုင် အံ့အားသင့်နေသည်။ သူ အထင်အသေးဆုံး ဖြစ်ခဲ့သော ယဲ့ဖန်က ဤလူများထဲတွင် အသန်မာဆုံး ဖြစ်နေလိမ်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။ အမှန်သာ ဖြစ်နေမည်ဆိုလျင် သူ အမှားကြီးတစ်ခုကို ပြုလုပ်ခဲ့ မိလေပြီ။

လင်းမိသားစုဝင်များသည် ယဲ့ဖန်အား ရှက်ရွံ့၍ အသနားခံသော အကြည့်ဖြင့် ကြည့်လာကြသည်။ အစောပိုင်းက ယဲ့ဖန်အပေါ် သူတို့ ဆက်ဆံခဲ့သော အပြုအမူများကို သူတို့ သတိရသွားသည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန် ပြောခဲ့သော စကားကို ပြတ်ပြတ်သားသား မှတ်မိနေ၏။

သူတို့ ယခု ယဲ့ဖန်ကို ဒူးထောက်၍ တောင်းပန်လျင်တောင်မှ ယဲ့ဖန် လုံးဝ ကူညီမည် မဟုတ်ပါ။

“လူကြီးမင်း ကူညီပါဦး၊ ကျေးဇူးပြုပြီး ကူညီပေးပါ”

လင်းဝူယာ၏ အစ်ကိုနှစ်ယောက်က သိပ်တွေးမနေဘဲ ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ တောင်းပန်လေသည်။

“လူကြီးမင်း ကျုပ်သားက အခုမှ လူမှန်းသိတတ်ကာစပဲ ရှိသေးတာပါ၊ ကျွန်တော် သေလို့မရသေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ အားလုံး မှားမှန်း သိပါပြီ”

“ကျွန်တော်တို့ကို မကယ်ချင်ရင်တောင်မှ ကလေးတွေကိုတော့ ကယ်ပေးပါ၊ သူတို့က အပြစ်ကင်းပါတယ်”

သူ၏ အစ်ကိုနှစ်ယောက်ကို ကြည့်ပြီး လင်းဝူယာ တောင့်မခံနိုင်တော့ပါ။ သို့သော် ယဲ့ဖန်ကို ကယ်ပေးရန် တောင်းဆိုရဲသည့် သတ္တိလည်း မရှိတော့ပါ။

သို့သော် ယဲ့ဖန်က တုံတိဘာဝေ အမူအရာနှင့် ခံစားချက်ကင်းမဲ့ဟန်ပြကာ လူများစွာ၏ တောင်းပန်မှုကို ငြင်းပယ်လေသည်။

“မင်းတို့ဘာသာ ရွေးချယ်ခဲ့တာပဲ၊ ငါကလည်း အဖြေပြေးထားပြီးပြီ”

“မင်းတို့က ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ”

လင်းမိသားစုဝင်များအားလုံး ပြိုင်တူ ငိုကြွေးလာ၏။ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ပျက်စီးသွားလေပြီ။

လင်းတုန်လိုင်၏ မျက်နှာ ပြာနှမ်းနေပြီး စိတ်ထဲ၌ အလွန် စိတ်ပျက်နေ၏။ သူ လုပ်ခဲ့သည်။ သူ လုပ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့သည်။

သူ လင်းမိသားစုကို ကာကွယ်ချင်ခဲ့သည်။ သို့သော် သူ့ကြောင့် လင်းမိသားစု ထိခိုက်လိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။

ယခု ယဲ့ဖန်က သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သို့ရာတွင် ကူညီမည့်လမ်းကို သူ ငြင်းပယ်ခဲ့ သောကြောင့် ယနေ့ သူတို့၏ လင်းမိသားစု သေရပေတော့မည်။

အကယ်၍ လင်းမိသားစုသာ ရှင်းလင်းခံရမည်ဆိုလျင် သူ သေမည်ဆိုလျင်တောင်မှ ဘိုးဘေးများကို မျက်နှာမပြ ဝံ့တော့ပါ။

လင်းတုန်လိုင်သည် လင်းဝူယာရှေ့၌ ဒူးထောက်လိုက်သည်။

“ဝူယာ အဘိုး မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ဒီလူကြီးမင်းကို ငါတို့ကို ကယ်ပေးဖို့ ပြောပေးပါ”

“လင်းမိသားစုကို ငါ့လက်ထဲမှာ အပျက်စီးမခံနိုင်ဘူး”

သူ ဆောက်တည်ရာမရ ဖြစ်ကာ သေချင်စိတ် ပေါက်နေ၏။ သို့သော် လက်ရှိတွင် လင်းဝူယာက သူ့ကို ကြည့်ပင် မကြည့်ပေ။

“အခွင့်အရေး ပေးထားခဲ့ပြီးပြီ၊ ဒါကို ဖမ်းဆုပ်ထားရကောင်းမှန်း မသိတာ ခင်ဗျားပဲ၊ အကျိုးဆက်ကို ခင်ဗျား ဘာသာပဲ ခံတော့”

*ဘာ*

*လင်းဝူယာတောင်မှ ဒီလိုပြောတာလား*

လင်းတုန်လိုင်နှင့် အခြားသူများ မှင်တက်သော အမူအရာများ ဖြစ်သွားကြသည်။

*သွားပြီ*

သူတို့အားလုံး ဇာတ်သိမ်းလေပြီ။ လင်းဝူယာတောင်မှ သူတို့အပေါ် လက်လျှော့သွားခဲ့သည်။ သူတို့ လင်းမိသားစု အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိခဲ့သော်လည်း ယခုအခါတွင် အချိန်နှောင်းသွားခဲ့လေပြီ။

“ငါ … ငါ မင်းကို တောင်းပန်ပါတယ်”

လင်းတုန်လိုင် မျက်ရည်ဖြိုင်ဖြိုင် ကျနေ၏။ သူ့မျက်နှာတွင် နောင်တတို့ဖြင့် ပြည့်နှက်နေသည်။ လင်းမိသားစုကို ချောက်ကမ်းပါးထဲကျအောင် သူ တွန်းချခဲ့မိသည်။

ချင်ယန်ကျွင်းနှင့် အခြားသူများကို သူ အကြီးအကျယ် မျှော်လင့်ခဲ့သော်လည်း ချင်ယန်ကျွင်းတို့က သူ့အား တွေဝေခြင်းမရှိ သစ္စာဖောက်ခဲ့သည်။

သူ ယဲ့ဖန်ကို အထင်သေး ငေါက်ငမ်းခဲ့သည်။ သို့ရာတွင် ယဲ့ဖန်သည်သာ သူတို့ လင်းမိသားစု တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင် ဖြစ်နေ၏။

သူ အရှက်ကွဲခဲ့လေသည်။ လက်ရှိအချိန်၌ သူသည် ယဲ့ဖန်ထံ၌ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရလေပြီ။ ယခုအခါတွင် သူ အလွန်အမင်း နောင်တရနေသည်။

အဘယ်ကြောင့် သူ လင်းဝူယာကို မယုံခဲ့မိသနည်း။ သူ မယုံခဲ့လျင်တောင်မှ အဘယ်ကြောင့် ယဲ့ဖန်ကို ထီမထင်စွာ ဆက်ဆံခဲ့မိသနည်း။

သူ၏ ဘဝင်မြင့်ခြင်းနှင့် မောက်မာခြင်းတို့က လူတိုင်းကို သတ်ခဲ့သည်။ လက်ရှိတွင် လင်းမိသားစုဝင်များအားလုံး ပြောစရာ စကားမဲ့နေ၏။ သူတို့ လုံးဝ ပြိုလဲကာ နေရာမှာတင် တောင့်တင်းစွာ ရပ်နေမိပြီး သေခြင်းတရား ကျရောက်လာမည်ကိုသာ စောင့်နေမိသည်။

All Chapters