အခန်း ၁၅၀၂
Vol. 101 Ch. 1502
Chapter 1502 မင်းက တော်တော် မာကျောတယ်လို့ ငါ ကြားလိုက်သလားလို့
ထိုစဉ် မိစ္ဆာသွေးမိကျောင်းကလည်း ယဲ့ဖန်ကို လှမ်းကြည့်လာပြီး သရော်ပြုံး ပြုံးလိုက်သည်။
“မျိုးမစစ်လေး မင်းက ငါ့ကို ခွေးတစ်ကောင်ကို သတ်သလို သတ်နိုင်တယ်ပေါ့လေ၊ မင်း ဘယ်လိုတောင် ပြောရဲတာလဲ”
“ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်၊ ငါ့ရှေ့မှာ ဒူးထောက်ပြီး ဦးညွှတ်တောင်းပန်၊ ဒါဆို မင်းရဲ့ ခွေးအသက်လို တန်ဖိုးမရှိတဲ့ အသက်ကို ချမ်းသာပေးမယ်”
မိစ္ဆာသွေးမိကျောင်း၏ မျက်လုံးတွင် ရက်စက်ခက်ထန်သော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။ ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်နေသေး၏။
*မျိုးမစစ်လေး*
ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်လုံးတွင် ရက်စက်သွေးဆာဟန် ပေါ်လာ၏။
“ငါ ဝင်မပါဖို့ ဆုံးဖြတ်ပြီးပြီကို ဘာလို့ မင်းက သေတွင်းတူးနေရတာလဲ”
သူ့စကားကိုကြားပြီး လူတိုင်း အံ့ဩသွားကြသည်။
*ဒီလူ … မိစ္ဆာသွေးမိကျောင်းကို သေတွင်းတူးတယ်လို့ ဘယ်လိုတောင် ပြောရဲတာလဲ*
*မိစ္ဆာသွေးမိကျောင်းရဲ့ တိုက်ကွက်တွေကို မြင်ပြီးတာတောင် သူက ဒီလိုပြောရဲသေးတယ်ပေါ့လေ*
လူတိုင်း အလွန်အမင်း မှင်တက်မိနေ၏။ သူတို့ အထင်များမှားလေသလားဟုပင် သံသယဝင်လာကြသည်။
*ဒီလို သန်မာတဲ့ မိစ္ဆာနဲ့ ရင်ဆိုင်နေရတာတောင် ယဲ့ဖန်က မောက်မာလှချည်လား*
*သူက သေလမ်းရှာနေတာပဲ*
လင်းတုန်လိုင်နှင့် အခြားသူများလည်း အံ့အားသင့်နေသည်။ သူတို့အရှေ့မှလူက တကယ်ပင် သွေးမိစ္ဆာမိကျောင်းကို တကယ်ပင် ရင်ဆိုင်နိုင်လေသလား။ သို့မဟုတ်လျင် ဘယ်လိုလုပ် သူက အလွန် မောက်မာနေရသနည်း။
“မင်း ငါ့ကို ပြောရဲတယ်ပေါ့လေ”
မိစ္ဆာသွေးမိကျောင်းက ရုတ်တရက် ခက်ထန်သော မျက်လုံးတို့ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေပြီး လူသတ်ချင်စိတ်က ပိုတိုးလာ၏။ သူ ယဲ့ဖန်ကို အသက်ရှင်နိုင်မည့် အခွင့်အရေး ပေးခဲ့သော်လည်း ထိုအရူးက တန်ဖိုးထားရကောင်းမှန်း မသိချေ။
ဤသည်ကိုမြင်သော် ချင်ယန်ကျွင်း၏ မျက်နှာတွင် နှစ်ထောင်းအားရသော အပြုံးတစ်ခု ပေါ်လာပြီး မိစ္ဆာသွေးမိကျောင်းအား ပြောလိုက်သည်။
“လူကြီးမင်း ဒီကောင်က ရောက်လာကတည်းက မောက်မာနေတာပါ၊ သူက အမြဲ ဘဝင်မြင့်နေတာ၊ ခင်ဗျား သူ့ကို ကောင်းကောင်း သင်ခန်းစာပေးလိုက်ပါ”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ သူက အမှိုက်ကောင်ဆိုတာ သိသာနေပင်မယ့် မောက်မာလွန်းပါတယ်၊ သူ့လို အရူးမျိုးက သေဖို့ ထိုက်တန်တယ်”
“လူကြီးမင်း သူ့ကို မသေမချင်း နှိပ်စက်ပြီး အရေးယူပေးပါ”
အခြားသူတော်စင်သခင်အဆင့်များကလည်း ရက်စက်စွာ ပြောလာပြီး သူတို့၏ မျက်နှာများက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အစကတည်းက သူတို့ ဤမောက်မာသော လူငယ်ကို မသတ်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုအထိ သူက မောက်မာနေသေးသဖြင့် သူတို့ ထပ်သည်းမခံနိုင်တော့ချေ။
*သူတော်စင်သခင်အဆင့်ဖြစ်တဲ့ ငါတို့အားလုံးက ရိုကျိုးပြီး ဒူးထောက်နေရတာ၊ မင်းက ဘယ်လိုတောင် ပြောရဲတာလဲ*
*သေသင့်တယ်*
ထိုစကားကြောင့် ယဲ့ဖန်ကလည်း ချင်ယန်ကျွင်နှင့် အခြားသူများကို ငြိမ်၍ ကြည့်လာသည်။
“ခင်ဗျားတို့လည်း သေချင်တာလား”
“မင်း”
ချင်ယန်ကျွင်းနှင့် အခြားသူတော်စင်သခင်အဆင့်များ ဒေါသထွက်သွားသည်။
*ဒီသောက်မျိုးမစစ်ကောင်က မိစ္ဆာသွေးမိကျောင်းကို ရန်စရုံနဲ့ မလုံလောက်လို့ ငါတို့ကိုပါ စော်ကားရဲနေပါလား*
“သောက်မျိုးမစစ်ကောင် မင်းက သေချင်နေမှတော့ မင်း ကိုယ်အလေးချိန် ဘယ်လောက် ရှိလဲ ငါ ကြည့်ရသေးတာပေါ့”
မိစ္ဆာသွေးမိကျောင်းက ဒေါသတကြီး အော်ဟစ်လာပြီး လူသတ်ချင်သော အငွေ့အသက်က တိုးပွားလာသည်။ ထိုအခိုက်တွင် ပြင်းထန်သော မိစ္ဆာစွမ်းအင် ပျံ့လွင့်လာ၏။
မိစ္ဆာသွေးမိကျောင်းက အလွန် ပြင်းထန်ကြမ်းကြုတ်၍ ခြိမ်းခြောက်နိုင်သော စွမ်းအင်နှင့်အတူ ယဲ့ဖန်အား တိုက်ခိုက် သတ်ဖြတ်လာသည်။
လူတိုင်း ချောက်ချားသလို ခံစားလိုက်ရပြီး မှောင်မိုက်နေသော ငရဲသို့ ကျသွားသကဲ့သို့ ကြက်သီးထလာကြသည်။
တစ်ခဏအတွင်းမှာပင် မိစ္ဆာသွေးမိကျောင်း၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော သားရဲအော်သံ ထွက်ပေါ်လာပြီး သူ့ကိုယ်ထဲမှ ကြမ်းကြုတ်သော သားရဲအရိပ်များ ထွက်လာပြီး ယဲ့ဖန်အား သတ်ဖြတ်လေသည်။
ဤသည်ကိုမြင်သော် လူတိုင်း မွန်းကြပ်လာ၏။ မိစ္ဆာသွေးမိကျောင်း၏ စွမ်းအားက သူတို့ကို အလွန်အမင်း ဖိအားပေးနေသည်။
ချင်ယန်ကျွင်းနှင့် အခြားသူတော်စင်သခင်အဆင့်များ တုန်ယင်နေကြသည်။ အစကတည်းက မိစ္ဆာသွေးမိကျောင်းက သူတို့ကို တိုက်ခိုက်လာလျင် သူတို့ သေချာပေါက် သေလိမ့်မည်ဟု အတပ် ပြောနိုင်သည်။
မိစ္ဆာသွေးမိကျောင်း၏ ရက်စက်သော တိုက်ခိုက်မှုကိုမြင်သော် လင်းတုန်လိုင်နှ်င့ အခြားသူများသည် ယဲ့ဖန်က ဤသို့သော မိစ္ဆာကို တကယ် ရင်ဆိုင်နိုင်ပါ့မလားဟု သိချင်လာ၏။
ထိုအခိုက်တွင် လူတိုင်း ယဲ့ဖန်ကို ကြည့်လာကြသည်။ သို့သော် ထူးဆန်းစွာပင် ယဲ့ဖန်က တစ်စက်ကလေးမျှ မလှုပ်သည်ကို တွေ့လိုက်ရသည်။ သူက သစ်သားရုပ်တုသဖွယ် မလှုပ်မယှက် ရပ်နေလေသည်။
*ယီးပဲ*
ချင်ယန်ကျွင်းနှင့် အခြားသူများ၏ မျက်လုံးတွင် ဒေါသရိပ်များ ပေါ်လာ၏။
*ဒီချီးထုပ်ကောင်က အခုတောင် မိစ္ဆာသွေးမိကျောင်းကို မျက်လုံးထဲမထည့်သလို လုပ်နေရဲသေးတယ်လား*
ဤမြင်ကွင်းက မိစ္ဆာသွေးမိကျောင်းကိုလည်း ဒေါသထွက်သွားစေသည်။
“မျိုးမစစ်ကောင် သေလိုက်တော့”
သွေးစွန်းနေသော ကြေးခွံနှင့် လက်သည်းများက ယဲ့ဖန်၏ ခေါင်းပေါ် ကြမ်းတမ်းစွာ ကျရောက်လာသည်။ ထိုအခိုက်တွင် လေဟာနယ် တုန်ခါလာပြီး ဤလက်သည်းက လောကကိုပင် ကိုင်လှုပ်နိုင်သည်ဟု ထင်မှတ်လာရသည်။
*သွားပြီ*
*အားလုံး ပြီးသွားပြီ*
ဤသည်ကိုမြင်သော် လင်းမိသားစုဝင်များ၏ မျက်နှာများ ပြာနှမ်းလာသည်။
*လတ်စသက်တော့ ယဲ့ဖန်ကလည်း မိစ္ဆာသွေးမိကျောင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးဘဲ၊ သူ ကြောက်လွန်းလို့ လှုပ်ဖို့တောင် မေ့နေပြီ*
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က မိစ္ဆာသွေးမိကျောင်းကို အေးစက်စွာ ကြည့်၍ ပြောလေသည်။
“သုံးကြိမ်၊ မင်း ငါ့ကို သုံးကြိမ်တိတိ စော်ကားတယ်”
“အခု မင်း သေလို့ရပြီ”
ထို့နောက် သူသည် တစ်ဖက်လူ၏ လက်သည်းအား လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
“ဘာ… ဒီကောင်က မိစ္ဆာသွေးမိကျောင်းကို ထိပ်တိုင်ရင်ဆိုင်ဖို့ တွေးနေတာလား”
လင်းတုန်လိုင်နှင့် အခြားသူများ အံ့ဩသွားသည်။
“အရူးပဲ၊ ခုနက အဖြစ်ကို မြင်ပြီးတာတောင် သူက မိစ္ဆာသွေးမိကျောင်းကို ထိပ်တိုက် ရင်ဆိုင်ရဲသေးတယ်ပေါ့လေ၊ ဒီကောင်က တုံးအတယ်လို့ ပြောရမှာပဲ”
“ဒီကောင်က နားလေးတာလား တုံးတာလား၊ မိစ္ဆာသွေးမိကျောင်းက သူ့ကိုယ်ကို မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ မွမ်းမံထားတယ်လို့ ပြောခဲ့တာကို မကြားခဲ့တာလား၊ ဒီလိုအခြေအနေမှာတောင် သူက ရုပ်ခန္ဓာနဲ့ တိုက်ရဲသေးတယ်၊ သူ ဘယ်လိုသေမလဲ ငါ ကြည့်ချင်သား”
ချင်ယန်ကျွင်းနှင့် အခြားသူတော်စင်သခင်အဆင့်များက ပျော်ရွှင်သော အကြည့်များဖြင့် ကျယ်လောင်စွာ ရယ်မောကြသည်။ ယဲ့ဖန် အသားပြားအဖြစ် အဆော်ခံရမည်ကို မျှော်လင့်နေ၏။
သို့သော် တစ်ခဏအတွင်းမှာပင် နှစ်ဖက်စလုံး ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်လာသည်။ ကောင်းကင် တုန်ခါလောက်သည့် ပေါက်ကွဲသံပါ ထွက်ပေါ်လာသည်။
ထို့နောက်တွင်မူ မိစ္ဆာသွေးမိကျောင်းနှင့် ယဲ့ဖန်ကြားတွင် ကြောက်စရာကောင်းသော လေပွေ ထွက်ပေါ်လာပြီး ကြမ်းပြင် အက်ကွဲလာပြီး လင်းမိသားစု၏ ကြမ်းခင်းအားလုံး အက်ကွဲပျက်စီးသွားသည်။
ချက်ချင်းဆိုသလိုပင် ပြတ်သားသော အရိုးကျိုးသံပါ ထွက်ပေါ်လာလေသည်။
“ဟားဟားဟား လင်းဝူယာ မင်း ဘယ်လိုအကူအညီကို ရှာလာတာလဲ၊ အခု သူ့လက်မောင်းတောင် ကျိုးသွားပြီ”
ချင်ယန်ကျွင်းက ဟားတိုက်ရယ်မောလာသည်။ ယဲ့ဖန် နာကျင်စွာ အော်ဟစ်မည့်ပုံကို မြင်ယောင်နေပြီး အလွန် ကျေနပ်အားရနေ၏။
လင်းတုန်လိုင်နှင့် အခြားသူများကလည်း သက်ပြင်းချလာသည်။ လက်ရှိတွင် ယဲ့ဖန်၏ လက် ပျက်စီးသွားပြီး သူတို့၏ မျှော်လင့်ချက်ပါ ဆုံးရှုံးလိုက်ရပြီဟု ခန့်မှန်းမိလိုက်သည်။
“မင်း … ဒါ ဘယ်လိုဖြစ်ရတာလဲ”
ထိုစဉ် အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။ သို့သော် ထိုအသံက ယဲ့ဖန်၏ အသံ မဟုတ်သည်ကို လူတိုင်း သတိထားမိသွားသည်။
သူတို့ တိုက်ပွဲဖြစ်ရာသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သေမတတ် ကြောက်လန့်သွားလေသည်။
အကြောင်းမှာ ယဲ့ဖန်၏ လက်သီးနှင့် မိစ္ဆာသွေးမိကျောင်း၏ လက်သည်းကြားတွင် သွေးများ တတောက်တောက် ကျနေသည်ကို သူတို့ မြင်နေရသည်။ သို့သော် ယဲ့ဖန်၏လက်က ဘာဒဏ်ရာမှ မရချေ။
ထိုအစား မိစ္ဆာသွေးမိကျောင်း၏ ကြေးခွံနှင့် လက်သည်းတို့က ပွင့်ထွက်နေပြီး အသားဖတ်နှင့် သွေးစက်များ ဖွာလန် ထွက်နေသည်။ ကြေးခွံလက်သည်းဟုပင် မဆိုနိုင်တော့ဘဲ သစ်ငုတ်တို၏ ဆိုရပေတော့မည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တစ်ခဏကြာသော် ချင်ယန်ကျွင်းနှင့် အခြားသူများအားလုံး ပြိုင်တူ အော်ဟစ်လာပြီး မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာသည်။
*မိစ္ဆာသွေးမိကျောင်း ရှုံးသွားတယ်*
*ဒါကလည်း လက်ချည်းသက်သက် တိုက်ပွဲမှာတဲ့လေ*
*မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ မွမ်းမံတယ်လို့ မပြောခဲ့ဘူးလား၊ ဘယ်လိုလုပ် ရှုံးရတာလဲ*
သူတို့ နားမလည်နိုင်ပါ။ မိစ္ဆာသွေးမိကျောင်း၏ ခန္ဓာကိုယ်က ကြောက်စရာကောင်းမှန်း သိသာလှသည်။ သူတို့စိတ်ထဲတွင် ဤမကောင်းဆိုးဝါးနှင့် အဆင့်တူသူထဲတွင် ပြိုင်ဘက်မရှိဟု တွေးထားကြသည်။
သို့သော် အမှန်တရားက သူတို့အား ဖြတ်ရိုက်သွားလေပြီ။ ဤမြင်ကွင်းတွင် ပြောမပြတတ်လောက်သော ထူးခြားမှုတို့ဖြင့် ပြည့်နှက်နေ၏။
*ဘာတွေဖြစ်ကုန်တာလဲ*
မိစ္ဆာသွေးမိကျောင်း သေမတတ် ကြောက်လန့်နေလေသည်။ သူ့မျက်လုံးအိမ် ပြူးကျယ်နေပြီး လက်ရှိတွင် သူ့စိတ်ထဲ၌ ဘယ်လောက် ထိတ်လန့်နေသလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပါ။
ဤသည်က သူ့အတွက် အိပ်မက်တစ်ခုလိုပင်။ သူ၏ ရုပ်ခန္ဓာကိုယ်က အလွန် သန်မာလှပြီး သိုင်းအဆင့်တူ သူထဲတွင် သူ့အား ယှဉ်နိုင်သူ မရှိသလောက်နီးပါးပင်။ သို့သော် သူ့အရှေ့မှလူက လက်သီးတစ်လုံးတည်းဖြင့် သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။
“မင်းက မကောင်းဆိုးဝါးပါလား”
မိစ္ဆာသွေးမိကျောင်း ဒေါသထွက်၍ အလန့်တကြား အော်လိုက်သည်။ သူသည် မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သည်။ သို့သော် သူ့အရှေ့မှ ဤလူငယ်လေးက သူ့ထက် ပို၍ မကောင်းဆိုးဝါး ဆန်နေ၏။
လင်းတုန်လိုင်နှင့် အခြားသူများ ထိတ်လန့်နေ၏။ လက်ရှိတွင် သူတို့သည် မျှော်လင့်ချက် ရောင်နီကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေပြီး လင်းဝူယာအား စိတ်လှုပ်ရှားစွာ ကြည့်လာသည်။
“ဝူယာ မင်းမိတ်ဆွေက … သူက ဘယ်သူလဲ”
လင်းဝူယာက အေးစက်စက် ပြုံးလေသည်။
“သူလား၊ သူက ခင်ဗျား အထင်သေးခဲ့တဲ့ ယဲ့ဘုရင်လေ မသိဘူးလား”
*ဘာ*
ထိုစကားက မိုးကြိုးပစ်ချလိုက်သလိုပင်။
*ငါ့အရှေ့ကလူက ယဲ့ဘုရင်လား*
လင်းတုန်လိုင် မျက်နှာ ပြာနှမ်းသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ထိုနတ်ဆိုးကို သူ စော်ကားခဲ့ မိသည်တဲ့လား။
“လင်းတုန်လိုင် ခင်ဗျား လုပ်ခဲ့တာကို မြင်ပြီလား၊ ကျုပ်သာ သူ့လက်အောက်ငယ်သား မဟုတ်ခဲ့ရင် ခင်ဗျား ပြောခဲ့တဲ့ စကားကြောင့် လင်းမိသားစုတစ်ခုလုံး အခါတစ်ရာလောက် သေပြီးနေပြီ”
လင်းဝူယာက အေးစက်စွာ ခနဲ့လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လင်းမိသားစုမှ လူတိုင်းက လင်းတုန်လိုင်ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လာ၏။ သူတို့ လင်းမိသားစုသည် လင်းတုန်လိုင်ကြောင့် အသတ်ခံရခြင်းသာ။
“ယဲ့ဘုရင် မင်းက ယဲ့ဘုရင်လား”
မိစ္ဆာသွေးမိကျောင်း၏ ကြေးခွံများ ထောင်တက်လာပြီး မျက်နှာတွင် သွေးပျက်ဟန် ပေါ်လာ၏။
ယဲ့ဘုရင်၊ ရက်စက်ကြောက်စရာကောင်းသောသူ၊ လောကထဲ သွားလာနေသော နတ်ဆိုးတစ်ကောင်လိုလူ။
သူ ပြည်ပ၌ ရှိနေသော်ငြားလည်း ယဲ့ဘုရင်၏ သတင်းကို ကြားဖူးသည်။ ဘုရင်အဆင့်၊ သူတော်စင်သခင်အဆင့်၊ နတ်ဘုရင်အဆင့်။
ကျူးကျော်လာသော ရန်သူအားလုံး သူ့လက်ထဲ၌ ဆိုးဆိုးရွားရွား သေခဲ့ရသည်။ သူ၏ ဆောင်ပုဒ်မှာ “ဘယ်သူလာလာ သေရမယ်” ပင်တည်း။ အကျော်ကြားဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်။
ကျုံးကျိုး အင်ပါယာသည် ကိုးပြည်နယ်အတွင်း၌ ငှက်ပင် ချေးပါမချသည့် နိုင်ငံဖြစ်သည်။ သို့သော် ယဲ့ဘုရင်ကြောင့် ကိုးပြည်နယ်မှ အဓိက အင်အားစုများက ဤနိုင်ငံကို အာရုံစိုက်လာ၏။
သူလျှိုများ တစ်ယောက်ပြီး တစ်ယောက် လွှတ်ကာ ဤနိုင်ငံ၏ လူမသိသော လျှို့ဝှက်ချက်များကို စုံစမ်းစေသည်။ ယဲ့ဘုရင်၏ နောက်ကွယ်မှ အမှန်တရားကို တူးဖော်ချင်ကြသည်။
ကျုံးကျိုးအင်ပါယာတွင် ရှေးခေတ် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း ရှိလိမ့်မည်ဟု အများက ယူဆနေကြပြီး ယဲ့ဘုရင်က ထိုအင်မော်တယ်ဂိုဏ်းမှ လာသည်ဟု ယူဆနေလေသည်။
မောက်မာသော မိစ္ဆာသွေးမိကျောင်းတောင်မှ ယဲ့ဘုရင်ကို မလေးစားဘဲ မနေနိုင်ပါ။ ယခု ရှုကျိုးသို့ ပြန်လာသည့် အကြောင်းရင်းမှာ လက်စားချေရန် ဖြစ်သလို ထိုသို့သော ပုဂ္ဂိုလ်နှင့် တွေ့ဆုံချင်သောကြောင့်ပင်။ သို့သော် သူ့ရှေ့၌ ရပ်နေသူက ယဲ့ဘုရင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*သွားပြီ*
*ပွဲသိမ်းပြီ*
“မင်းကိုယ်က မာကျောတယ်လို့ ငါ ကြားလိုက်သလားလို့”
ထိုအခိုက်တွင် ငရဲမှထွက်ပေါ်လာသော အသံကဲ့သို့ ကြောက်စရာကောင်းသော အသံက မိစ္ဆာသွေးမိကျောင်း၏ နားထဲသို့ တိုးဝင်လာ၏။ မိစ္ဆာသွေးမိကျောင်း ထိတ်လန့်သွားပြီး ကျောချမ်းလာလေသည်။
ထို့နောက်တွင် ယဲ့ဖန်၏ လက်သီးက လေကိုခွင်း၍ သူ့ထံ ကျရောက်လာ၏။