အခန်း ၁၅၀၅
Vol. 101 Ch. 1505
Chapter 1505 ဘာလို့လဲဆိုတော့ ကျွန်မကို ချစ်တယ်လို့ သူ ပြောခဲ့လို့ပဲ
ယဲ့လုံရှန်းသည် သူ၏ ကြီးမားသော စစ်တပ်ကြီးအား တောအုပ်ထဲ၌ အနားယူစေသည်။ လက်ရှိတွင် အားလုံး၏ မျက်နှာတွင် ပြင်းပြသော လူသတ်ချင်စိတ်များ ပေါ်လွင်နေ၏။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ဝမ်ကောဖူနှင့် ဆယ်မိုင်ပင် မကွာတော့သဖြင့် ယဲ့ဖန်၏ ဦးခေါင်းက လက်တစ်ကမ်းအကွာ၌ မြင်နေရပြီ ဖြစ်သောကြောင့်ပင်။
ဤသည်က သူတို့ နာမည်ကျော်နိုင်မည့် အခွင့်အရေး ရောက်ရှိလာပြီဟု ဆိုလိုပေသည်။ ယဲ့ဖန်ကို သတ်နိုင်သည်နှင့် ဤခရီးမှလူများအားလုံး အဆင့်အတန်း မြင့်မားသွားမည် ဖြစ်ပြီး ဆုချီးမြှင့်ခံရပေမည်။
ရင်မိသားစု၏ နတ်ဘုရင်အဆင့် သုံးယောက်သည်လည်း ဆုလာဘ်ကြီးမား ရရှိမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း မစောင့်နိုင် ဖြစ်နေကြသည်။ ထို့အပြင် သူတို့အားလုံး ဤခရီးအတွက် ယုံကြည်မှု ပြည့်နှက်နေ၏။
ယဲ့လုံရှန်းဘက်တွေ သူ ဦးဆောင်သော ရာချီသော သူတော်စင်သခင်အဆင့်များ၊ လက်ရွေးစင်စစ်သား အယောက် တစ်သောင်းနှင့် ရင်မိသားစု၏ နတ်ဘုရင်အဆင့် သုံးယောက်ပါ ပေါင်းလိုက်လျင် မည်သို့မျှ မခုခံနိုင်သော ကြောက်စရာကောင်းသည့် အင်အားစုသာ ဖြစ်ပေသည်။
ထိုလက်ရွေးစင်စစ်သားများသည် သူတို့ တိုက်ခိုက်ရန်ပင် မလိုဟု ခံစားနေရသည်။ ယဲလုံရှန်းနှင့် အခြား နတ်ဘုရင်အဆင့်များက ယဲ့ဖန်ကို သုတ်သင်လိမ့်မည်ဟု ထင်နေကြသည်။
ယဲ့လုံရှန်းည် အပင်ကြီးတစ်ပင်အောက်၌ ထိုင်၍ အရိပ်အာဝါသကို ခံစားနေချိန်တွင် သူ့ခြေဖဝါးအောက်မှ ဝုန်းခနဲ ထွက်ပေါ်လာသည့် လူသတ်လိုသော အငွေ့အသက်ကို ရုတ်တရက် ခံစားမိသွားသည်။
မည်သို့သော သတိပေးချက်မှ မရှိဘဲ အလွန် ရက်စက်ကြမ်းကြုတ်ကြသည်။ ထိုအခိုက်တွင် နတ်ဘုရင် အဆင့်များနှင့် သူတော်စင်သခင်အဆင့်များ ချောက်ချားသွားလေသည်။
*ထပ်ဖြစ်ပြန်ပြီ*
*လူသတ်သမားက လက်မလျှော့သေးဘူးလား*
*သူ ရူးနေတာလား*
*အလဟဿဖြစ်မှာကို သိနေတာတောင် အပတ်တကုတ် ကြိုးစားလွန်းနေတာက သေတွင်းတူးနေတာပဲ*
ရုတ်တရက် မြေကြီးထဲမှ ပြင်းထန်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ယဲ့လုံရှန်း၏ လည်ပင်းသို့ ဦးတည်လာ၏။
“ခေါင်းမာတာပဲ၊ သေသင့်တာထက်တောင် ပိုနေပြီ”
ယဲ့လုံရှန်းက အထင်သေးစွာ ခနဲ့လိုက်ပြီး သူ့လက်ဝါးမှ ယန်စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာကာ လျှပ်စီးများ စီးဆင်းလာကာ ထိုလက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထန်ပုခူ၏ တိုက်စစ်က ရှင်းလင်းခံလိုက်ရသည်။ လျှပ်စီးများ၏ ဒဏ်ကို ခံစားလိုက်ရသဖြင့် ထန်ပုခူ နာကျင်စွာ ညည်းတွားလိုက်မိပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။ သူမ ပွဲချင်းပြီး သေလုနီးပါး ဖြစ်သွားရသည်။
သွေးများ အဆက်မပြတ် ထွက်လာသောကြောင့် သူမ တောင့်မခံနိုင် ဖြစ်သွားရသည်။ ဒုတိယအကြိမ် လုပ်ကြံခြင်းသည်လည်း ကျရှုံးသွားရပြန်သည်။ သူမ ချက်ချင်း မြေလျှိုး၍ ထွက်ပြေးလိုက်သည်။
“အဲ့လူသတ်သမားက ရူးနေတာလား၊ သူ သေမှာ သိနေတာတောင် လာအသေခံရဲသေးတယ်ပေါ့”
နတ်ဘုရင်အဆင့် လူအိုကြီးတစ်ယောက်က လှောင်ရယ်၍ ပြောလိုက်သည်။ သူသည် ရင်မိသားစုမှ လူ ဖြစ်လေသည်။ သုံးနာရီထက် မပိုသော အချိန်အတွင်း လုပ်ကြံမှုများ အခေါက်ခေါက် အခါခါ ရှိလာခဲ့သည်။ တစ်ခါ လာတိုက်တိုင်း တစ်ကြိမ် ဒဏ်ရာရသည်။ ထိုအမျိုးသမီးအား အရူးဟုပင် ဆိုရတော့မည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
“ယဲ့ဖန်အနားမှာ သူ့လို အရူးတွေ ဝိုင်းနေတာပဲ၊ ဒီလိုကိစ္စမျိုး သူ လုပ်တာက အံ့ဩစရာ မဟုတ်တော့ဘူး”
ယဲ့လုံရှန်းက အေးစက်စွာပြုံး၍ ပြောလိုက်သည်။
‘ဘာမဟုတ်တဲ့ သူတော်စင်သခင်အဆင့်လေးနဲ့ ဒီအဘိုးကြီးကို သတ်နိုင်မယ် ထင်နေတာလား၊ သူတို့ တော်တော် အထင်သေးလွန်းတာပဲ”
“သူ့ကို ထပ်ပြီး ထွက်ပြေးခွင့် ပေးဦးမှာပဲမလား”
တကျုံးက ပဟေဠိဖြစ်နေသော မျက်နှာထားနှင့် ပြောလာသည်။
“ထွက်ပြေးတယ် ဟုတ်လား”
ယဲ့လုံရှန်း၏ မျက်လုံးများ အရောင်လက်လာပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။
“ငါ အရှက်ခွဲခံလိုက်ရတာပဲ၊ ဒီကောင်မလေးက လွန်လာပြီ၊ သူ မကြာခင် သေရတော့မှာ”
“သေရမယ်ဆိုတာ သိနေတာတောင် ဆက်ပြီး တိုးရဲနေသေးတယ်၊ သူက တော်တော် ခေါင်းကြောမာတာပဲ”
တကျုံးက အထင်သေးစွာ ပြုံးလေသည်။ သို့သော် ထန်ပုခူ သေသွားပြီဟု လူတိုင်း ထင်လိုက်သည့်အခါတိုင်း ထန်ပုခူက အကြိမ်ကြိမ် ပြန်ပေါ်လာပြီး ယဲ့လုံရှန်အား ပစ်မှတ်ထားလေသည်။
တတိယအကြိမ်တွင် ရင်ဘတ် ထိမှန်သွားသည်။ စတုတ္ထအကြိမ်၌ အရိုးများ ကျိုးကုန်သည်။ ငါးကြိမ်မြောက်တွင် သူမ၏ ကြွက်သားများ ပျက်စီးကုန်၏။
လက်ရှိတွင် ထန်ပုခူသည် သွေးလူသားသဖွယ် ဖြစ်နေ၏။ တိုက်ခိုက်မှုတိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ အားနည်းသထက် အားနည်းလာသည်။
ခြောက်ကြိမ်မြောက်တွင် သူမ ယဲ့လုံရှန်း၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ထွက်မပြေးနိုင်တော့ချေ။ သူမ အဖမ်းခံထား ရတာတောင်မှ ထန်ပုခူက ယဲ့လုံရှန်အား မျက်နှာထားတင်းတင်းဖြင့် ကြည့်နေပြီး ယဲ့လုံရှန်အား နုတ်နုတ်စင်း ချင်နေပုံရသည်။
ဤမြင်ကွင်းက လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။ ယဲ့လုံရှန်းက ထန်ပုခူ ခွင့်မလွှတ်နိုင်သည့် တစ်စုံတစ်ရာကို လုပ်ခဲ့လေသလားဟု သူတို့ သံသယဝင်လာသည်။ ထို့ကြောင့်သာ ထန်ပုခူ ရူးသွားပြီး သူ့ကို လက်စားချေချင်နေခြင်း ဖြစ်လောက်သည်။
ခြောက်ကြိမ်၊ ခြောက်ကြိမ်လုံးလုံး ဒဏ်ရာဗလပွဖြစ်နေသော ကိုယ်ကိုထိန်း၍ ယဲ့လုံရှန်အား အသည်းအသန် လုပ်ကြံခဲ့သည်။
အခြားသူတစ်ယောက်သာဆိုလျင် မောပန်းသွားပြီး မြေကြီးပေါ်လဲကာ သေသွားလောက်သည်။ သို့သော် ဤအမျိုးသမီးက စိတ်ဆောင်၍ အတင်း သူမခန္ဓာကိုယ်ကို တွန်းအားပေးကာ တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် ယဲ့လုံရှန်းတောင်မှ အံ့ဩသလို ခံစားလာရသည်။ အဘယ်ကြောင့်ဆိုသော် သူ ခန့်မှန်းထား သည့်အတိုင်း ဆိုလျင် ထန်ပုခူက လွန်ခဲ့သော ငါးနာရီကတည်းက သေသွားသင့်နေသောကြောင့်ပင်။
သူမ မသေလျင်တောင်မှ တတိယအကြိမ်နှင့် နောက်အကြိမ်များအထိ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
*ဒီမိန်းမက ဘယ်လိုတွေတောင် လုပ်နိုင်တာလဲ*
လက်ရှိတွင် တကျုံးနှင့် အခြားသူများ တစ်ခွန်းမျှ မပြောနိုင်ဘဲ သူတို့မျက်လုံးတွင် အလွန် ကြောက်လန့်ဟန် ပေါ်နေသည်။
ယဲ့ဘုရင်၏ လက်အောက်ငယ်သားများက အရူးတစ်သိုက်ဟု သူတို့ ကြားဖူးသော်လည်း ဤမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားမိပေ။
*တကယ်ကို ကြောက်ဖို့ကောင်းတယ်*
*ဒီလူကတောင် ဒီလောက် ကြောက်ဖို့ကောင်းနေတာ၊ သူ့လိုလူတွေသာ စုထားရင် ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းနေမလဲ*
လက်ရှိတွင် လူတိုင်း၏ မျက်နှာ၌ မှင်တက်အံ့ဩဟန်များ ဖုံးလွှမ်းနေ၏။ သူတို့ ကြောက်လန့်နေသည်။ သေရမည်ကို မကြောက်သော ဤစိတ္တဇ အမျိုးသမီးကြောင့် သူတို့ ထိတ်လန့်နေလေပြီ။
“ဘယ်အရာက မင်းကို လဲကျရာကနေ ထောက်ကန်ပေးထားတာလဲဆိုတာကို ငါ သိချင်တယ်”
ယဲ့လုံရှန် မေးလာသည်။ သူ့မျက်လုံးတွင် စိုးထိတ်ဟန် ပြည့်နှက်နေပြီး လုံးဝ နားမလည်နိုင် ဖြစ်နေလေသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က ကျောက်တုံးထက်ပင် မာကျောနေသေးသည်။
ထန်ပုခူက ရယ်လိုက်ပြီး အလွန် ပျော်ရွှင်စွာဖြင့် တောက်တောက်ပပ ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူ ကျွန်မကို ချစ်တယ်လို့ ပြောခဲ့လို့ပဲ”
ကိုယ် မင်းကို ချစ်တယ်ဟူသော စကားလေးတစ်ခွန်း ပြောလိုက်ရုံနှင့်တင် သူမအတွက် အရာရာ ပေးဆပ်ရန် လုံလောက်နေလေပြီ။
လူတိုင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ဤစိတ္တဇ အမျိုးသမီးပြောသော စကားကို သူတို့ နားမလည်ပါ။ သို့သော် ယဲ့လုံရှန်းက ပထမဆုံး သတိဝင်လာသူ ဖြစ်ပြီး ထူးဆန်းစွာ ပြုံး၍ မေးလိုက်သည်။
“မင်း ယဲ့ဖန်နဲ့ ဘယ်လို ပတ်သက်သလဲ”
“ကျွန် … ကျွန်မက သူ့မိန်းမ”
လက်ရှိတွင် ထန်ပုခူသည် သူမက ယဲ့ဖန်၏ အမျိုးသမီးဖြစ်ကြောင့် သတ္တိရှိရှိ ဝန်ခံရဲလေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ သေရတော့မည် ဖြစ်သောကြောင့် ဘယ်အရာကို ရှက်နေရဦးမည်နည်း။
“ရှင်က ကျွန်မလူကို သတ်ချင်နေတာဆိုရင်တော့ … ကျွန်မ သဘောမတူနိုင်ဘူး”
ထန်ပုခူက ဖြည်းဖြည်းချင်း ထရပ်၍ ပါးစပ်ထောင့်မှ သွေးကိုသုတ်ကာ လူတိုင်းကို ဝေ့ကြည့်လေသည်။
“သေချာနားထောင်၊ ယဲ့ဖန်က ကျွန်မအမျိုးသားပဲ၊ ရှင်တို့ သူ့ဆံပင်တစ်ချောင်းကိုပဲ ထိရဲရင် ထိကြည့်လိုက်၊ ကျွန်မ ရှင်တို့ကို အဆုံးထိ တိုက်ခိုက်မယ်”
“ဟားဟားဟား … ယဲ့ဖန်က တကယ်ပဲ ဆန်ကုန်မြေလေးနဲ့တူတယ်၊ သူ့မိန်းမကိုတောင်မှ လာအသေခံ ခိုင်းရတယ်လို့”
တကျုံးက အားပါးတရ ရယ်မောလိုက်ပြီး ကျန်လူများလည်း အားပါးတရ ရယ်မောလာ၏။ လူတိုင်း၏ အကြည့်က ထန်ပုခူပေါ် ကျရောက်နေပြီး ထိုအကြည့်တွင် ထီမထင်ဟန်နှင့် ရက်စက်ဟန်တို့ ပြည့်နှက်နေသည်။
သူတို့စိတ်ထဲတွင် သူမသည် အသိစိတ်မရှိသော အရူးသာ ဖြစ်သည်။
*သူတော်စင်သခင်အဆင့်လေးက နတ်ဘုရင်ကို သတ်ချင်နေတယ်ပေါ့၊ သူ သတ်နိုင်မယ်လို့ ထင်နေတာလား*
“ဟားဟားဟား မင်း ရောက်လာတာ အတော်ပဲ၊ ယဲ့ဖန် ငါ့ကို လာလက်စားမချေတော့မှာကို ငါ စိုးရိမ်နေတာ၊ မင်းကိုသာ သတ်လိုက်ရင် သူ ရူးသွားလောက်တယ်၊ ဟုတ်တယ်မလား”
ယဲ့လုံရှန်းက ကြမ်းကြုတ်စွာ ရယ်မော၍ သူ့လူများကို အမိန့်ပေးလိုက်သည်။
“လာကြစမ်း သူ့ကို အရင် ဖျက်ဆီးပြီးမှ သတ်ပစ်လိုက်”
“ဟုတ်ကဲ့”
သူတော်စင်သခင်အဆင့် တစ်ချို့က ထန်ပုခူထံ မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် လျှေက်လာသည်။
ထန်ပုခူ၏ အသွင်အပြင်က အလွန် လှပခြင်းမရှိဘဲ အနည်းငယ် ရုပ်ဆိုးသည်ဟု ဆိုနိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်က ဖွံ့ထွားလေသည်။
လုံးဝန်းသင့်သည့် နေရာက လုံးဝန်းပြီး ကြီးသင့်သည့် နေရာက ကြီးသည်။ ပျော်ပါး၍ ကောင်းမည်မှာ အသေအချာပင်။
ထိုစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ မြေကြီးထက်တွင် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက် ထွက်ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါက ကောင်းကင်ယံအထိ ထိုးတက်သွားသည်။
ထို့နောက် လျှပ်စီးများ လက်လာပြီး အနားသို့ ကပ်လာသော သူတော်စင်သခင်အဆင့်များထံ မိုးကြိုး သုံးကြိမ်ပစ် ချလေသည်။
ခေါင်းသုံးလုံး ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာ၏။ သူတော်စင်သခင်အဆင့် သုံးယောက် ချက်ချင်း အသတ်ခံလိုက်ရသည်။
လူတိုင်း ကြောက်လန့်သွားပြီး မျက်နှာ ဖြူရော်ကာ မယုံသင်္ကာ ဖြစ်သွားလေသည်။ ထန်ပုခူက ဤသို့ ဆိုးရွားသော အခြေအနေသို့ ရောက်နေသော်လည်း တိုက်ခိုက်နိုင်သည့် အင်အား ရှိသေးသည်တဲ့လား။
သို့သော် ဤမျှနှင့် ရပ်မသွားချေ။ သူတော်စင်သခင်အဆင့် သုံးယောက်ကို မိုးကြိုးပစ်သွားပြီးနောက် ထန်ပုခူက ယဲ့လုံရှန်းထံ အရှိန်ဖြင့် ပြေးဝင်သွားသည်။
ယဲ့လုံရှန်းက မျက်မှောင်ကြုတ်၍ အေးစက်စွာ ငေါက်ငမ်းသည်။
“မျိုးမစစ်မ အခုချိန်ထိ လက်မလျှော့သေးဘူးလား၊ ထွက်သွားစမ်း”
ရုတ်တရက် ယဲ့လုံရှန်း၏ အရှိန်အဝါက ကောင်းကင်ယံအထိ တိုးတက်သွားပြီး ကြီးမားသော စွမ်းအင်က သူ့လက်ဝါးကြားမှ စိမ့်ထွက်လာသည်။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ ထန်ပုခူ၏ တိုက်ခိုက်မှုက ထပ်မံ၍ ပျက်ပြားသွားပြီး ယဲ့လုံရှန်းအား မသတ်နိုင်တော့ချေ။
ထန်ပုခူ၏ မျက်နှာတွင် အောင့်သက်သက် အမူအရာ ပေါ်လာ၏။
“အခုထိ မဖြစ်နိုင်သေးပါလား”
ယခုအခါတွင် သူမ အားကုန်နေလေပြီ။ သို့သော် ယခုတစ်ခေါက်က ရှေ့အခါများနှင့် မတူချေ။ အကြောင်းမှာ ယဲ့လုံရှန်း၏ လက်တစ်ချောင်းတွင် သွေးထွက်နေသည်ကို အားလုံး အလန့်တကြား မြင်လိုက်ရသောကြောင့်ပင်။
လက်ညှိုးတွင် သွေးစီးကြောင်းတစ်ခု ပေါ်နေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခိုက်တွင် တကျုံးနှင့် အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထန်ပုခူက သူတော်စင်သခင်အဆင့်လေးနှင့် နတ်ဘုရင်အဆင့်ကို ဒဏ်ရာရအောင် လုပ်နိုင်သည်တဲ့လား။
ဒဏ်ရာသေးသေးလေး ဖြစ်သော်လည်း ကြောက်စရာကောင်းလှသည်။
“သေစမ်း သူက နတ်ဘုရင်အဆင့်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဟ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ”
နတ်ဘုရင်အဆင့် သုံးယောက်လုံး အကြောအချဉ်များ ထုံထိုင်းလာ၏။ ယဲ့လုံရှန်းပင် ထန်ပုခူကြောင့် ဒဏ်ရာ ရရသည်။ အကယ်၍ ထိုတိုက်ခိုက်မှုက သူတို့အပေါ် ကျလာလျင် သူတို့ မသေလျင်တောင်မှ ဒုက္ခိတ ဖြစ်လောက်သည်။
ထိုသို့တွေးမိပြီးနောက် သူတို့ ကျောချမ်းလာ၏။
“သေရမယ်၊ မင်း သေရမယ်”
ယဲ့လုံရှန်း ဒေါကန်နေ၏။ ဘာမဟုတ်သော လူကြောင့် ဒဏ်ရာရခြင်းက သူ့အတွက် ရှက်ဖွယ်အတိပင်။ သူ့ကိုယ်မှ ပြင်းထန်သော ယန်စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ထန်ပုခူသည် ကြိုးပြတ်သွားသော စွန်သဖွယ် အနောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ယဲ့လုံရှန်းက သူ့ကို မသတ်ဘဲ အနောက်မှ လူများကို အော်လိုက်သည်.
“သွား အဲ့ကောင်မကို ဖျက်ဆီးကြ၊ ပြီးရင် ဗွီဒီယိုရိုက်ပြီး ယဲ့ဖန်ဆီ ပို့လိုက်”
ဤနိမ့်ကျသော အစေခံက သေသည်အထိ လှောင်ပြောင်စော်ကားခံရသည်ကို ယဲ့ဖန်အား မျက်လုံးဖြင့် တပ်အပ် မြင်တွေ့စေချင်နေသည်။
“ဖန် ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့တာပါ”
ထန်ပုခူ သက်ပြင်းချလိုက်သည်။ သူမစကားတွင် အားလျော့ဟန်များ ပေါ်နေပြီးနောက် ဖြည်းဖြည်းချင်း မျက်လုံးမှိတ် လိုက်သည်။
သူမ၏ လက်ငါးချောင်းတွင် ထက်ရှသော စွမ်းအင် ဖွဲ့စည်းလာပြီး သူမရင်ဘတ်ထံ ဦးတည်လိုက်သည်။ သူမ အစော်ကားခံရခြင်းမှ ရှောင်တိမ်းရန်အတွက် သူမနှလုံးသားကို ဖျက်ဆီးရန် ပြင်နေခြင်း ဖြစ်သည်။
“ငါတို့ မိဖုရားကို မထိနဲ့”
သို့သော် ထိုအချိန်၌ လူအုပ်ထဲမှ ကြမ်းကြုတ်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ကြောက်စရာ ကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ဒီရေအလား တိုးထွက်လာ၏။
ဤသည်ကိုမြင်သော် ယဲ့လုံရှန်းနှင့် အခြားသူများ မျက်နှာပျက်သွားသည်။ ကြောက်စရာကောင်းသော လူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်။ တစ်ခဏအတွင်း ထောင်ချီသော လူများ စုဝေးလာသည်။ ဤထောင်ချီသော လူများတွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအင်များ စီးဆင်းနေလေသည်။