← Chapters

အခန်း ၁၅၀၆

Vol. 101 Ch. 1506

အခန်း ၁၅၀၆

Vol. 101 Ch. 1506

Chapter 1506 နတ်ဆိုး၏ စွမ်းအား

ငရဲစစ်သည်တော်များ လောကထဲသို့ ဝင်ရောက်လာသည်ဟုပင် ထင်မှတ်ရသည်။ ထိုအခိုက်တွင် တစ်လောကလုံး ရုတ်တရက် မှေးမှိန်လာပြီး အလင်းရောင် ပျောက်ကာ ထောင်ချီသော လူများ၏ လူသတ်လိုသော အငွေ့အသက်က မိစ္ဆာစွမ်းအင်လှိုင်းအဖြစ် စုစည်းလာပြီး ဤနေရာတစ်ခုလုံးကို ချက်ချင်း ဝါးမျိုသွားသည်။

ထို့နောက်တွင်မူ အနက်ရောင် လျှပ်စီးက ပိုက်ကွန်သဖွယ် ကောင်းကင်ယံ၌ အုပ်မိုးနေပြီး ပြင်းထန်သော မိုးကြိုး လျှပ်စီးစွမ်းအင်များ ပါဝင်နေသော တိမ်မည်းများ စုဝေးလာသဖြင့် ကောင်းကင်ဘုံ ပြစ်ဒဏ် ကျရောက် လာတော့မည်ဟု ထင်မှတ်မှားရကာ အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။

ထန်မင်လီနှင့် အခြားသူများ၏ မျက်လုံးများက ရဲရဲနီနေပြီး ယဲ့လုံရှန်းနှင့် အခြားသူများအား သွေးဆာနေသော အမူအရာတို့ဖြင့် စူးစိုက်ကြည့်နေသည်။

ထိုအခါ ယဲ့လုံရှန်းနှင့် အခြားသူများ ကျောချမ်းသလို ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ခွန်အားက သူတို့ထက် နိမ့်သော်လည်း ဘာကြောင့်မှန်းမသိဘဲ ငရဲမှ ထွက်လာသည်ဟု ထင်ရသော ဤစစ်တပ်က လူတိုင်းကို ချောက်ချားသွားစေသည်။

သူ့အရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူများကို ကြည့်ပြီး ယဲ့လုံရှန်းက အော်ပြောလိုက်သည်။

“ဒီလူတွေအားလုံးက ယဲ့ဖန်ရဲ့ နောက်လိုက်တွေပဲ၊ ရန်သူနဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ကြ”

လက်ရွေးစင်စစ်သား တစ်သောင်းသည် ရုတ်တရက် စစ်ဗုံများကို တီးလိုက်ပြီး လူသတ်ချင်စိတ်များ တဝုန်းဝုန်း ထွက်ပေါ်လာကာ စစ်မြင်းများ ဟီလာ၏။

စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာပေတော့မည်။

တစ်ဖက်မှထောင်ချီသော လူများ၏ ဝတ်စုံပေါ်မှ နတ်ဆိုး အရိုးစုကို ကြည့်ပြီး သူတို့အားလုံး တုန်လှုပ်သော ခံစားချက် ဝင်လာပြီး လောကကို သုတ်သင်တော့မည့် နတ်ဆိုးမျိုးနွယ် စစ်တပ်ကို မြင်တွေ့လိုက်ရသည်ဟု ထင်မှတ်လာကြသည်။

“သတ်”

ယဲ့လုံရှန်း မာန်ပါပါ အော်ဟစ်လိုက်ပြီး သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေသော မျက်လုံးတို့နှင့်အတူ ထန်မင်လီနှင့် အခြားသူများအား လှံရှည်ဖြင့် ချိန်ရွယ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လက်ရွေးစင် စစ်သား တစ်သောင်းနှင့်အတူ စုဝေးနေသော သူတော်စင်သခင် အဆင့်များသည်လည်း သူတို့အရှေ့မှ နတ်ဆိုးစစ်တပ်ထံသို့ အရူးအမူး ပြေးတက်သွားကြသည်။

“နတ်ဆိုးမျိုးနွယ်တွေ သေတဲ့အထိ တိုက်ခိုက်ကြမယ်ဟေ့”

အရေးမပါသော စကားများ ဆိုမနေတော့ဘဲ ထန်မင်လီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ ထိုအခါ နတ်ဆိုးဆန်သော လူများ တစ်ယောက်ပြီး တစ်ယောက် ပြေးတက်သွားလေသည်။

ကြွေးကြော်သံများက ကောင်းကင်ယံအထိ ပျံ့လွင့်နေ၏။ တစ်ခဏအတွင်း သတ်ဖြတ်ခြင်း စတင်လေတော့သည်။ စွေးစွေးနီသော သွေးစက်များ အဆက်မပြတ် ပန်းထွက်လာနေသည်။

ဤနတ်ဆိုးစစ်တပ်နှင့် ရင်ဆိုင်ရသည်နှင့် လက်ရွေးစင် စစ်သားများ တစ်ယောက်ပြီး တစ်ယောက် မြင်းပေါ်မှ ပြုတ်ကျကာ သွေးအိုင်ထဲ လဲကာ ဆိုးဆိုးရွားရွား သေဆုံးသွားလေသည်။

ထို့နောက် သူတို့ ထူးဆန်းသော တစ်စုံတစ်ရာကို သတိထားမိသွားသည်။ သူတို့အရှေ့မှ နတ်ဆိုးမျိုးနွယ်များတွင် အားအနည်းဆုံးသူမှာ ဘုရင်အဆင့် ဖြစ်နေ၏။ တစ်ဖက်မှ လူတစ်ယောက်က သူတို့ဘက်မှ လူတစ်ရာကို သတ်နိုင်၏။

ရုတ်ချည်းဆိုသလိုပင် စစ်သားများ ကြက်သီးထလာပြီး မျက်နှာတွင် ကြောက်လန့်စိတ်တို့ဖြင့် ပြည့်နှက်ကာ တုန်လှုပ် ချောက်ချားလာသည်။

သူတို့အရှေ့မှ လူများသည် ကြမ်းကြုတ်ခက်ထန်၍ တစ်ယောက်ချင်းစီက ငရဲမှ နတ်ဆိုးများသဖွယ် ရက်စက် လှသည်။ ထို့အပြင် သူတို့အားလုံးက သေရမည်ကို မကြောက်ကြချေ။

လူငါးထောင်က လက်ရွေးစင် စစ်သားများကို ရင်ဆိုင်ကြပြီး တကယ်တမ်း ထိပ်တိုက် တိုက်သောအခါ လက်ရွေးစင် စစ်သားတစ်သောင်းက ချက်ချင်း လူတစ်ဝက်ကျော် အသတ်ခံလိုက်ရသည်။ စစ်သားများ၏ ဦးခေါင်းများ လွင့်ပျံ၍နေသည်။

ရက်စက်ကာ သွေးထွက်သံယို များလှသည်။ တစ်ခဏအတွင်းမှာပင် အင်ပါယာ၏ အသန်မာဆုံး လက်ရွေးစင် စစ်သားများတွင် တော်တော်များများ အသတ်ခံလိုက်ရပြီး တစ်ဝက်ကျော်က ဒဏ်ရာရကာ ကျန်ရှိသူများက ထွက်ပြေးကြလေသည်။

*မနိုင်နိုင်ဘူး*

*ဒါ မနိုင်နိုင်တဲ့ တိုက်ပွဲပဲ*

သူတို့အရှေ့မှ နတ်ဆိုးများသည် ခံစားချက်ကင်းမဲ့စွာ သတ်ဖြတ်ကြပြီး လူအများအား ဟင်းသီးဟင်းရွက် လှီးဖြတ် သလို ခုတ်ဖြတ်နေပြီး သူတို့ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း လူဆယ်ယောက်ကျော် သတ်နိုင်လေသည်။

သူတို့ လက်ရွေးစင် စစ်သား တစ်သောင်း ရှေ့တက်၍ တိုက်သော်လည်း ရန်သူအင်အား၏ ဆယ်ပုံတစ်ပုံကိုပင် မလျှော့ချနိုင်ပါ။ သူတို့ဘက်ကသာ ငါးထောင်ကျော် ရှင်းလင်းခံလိုက်ရသည်။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤအဖြစ်သည် အကြိတ်အနယ် တိုက်ရသောပွဲ မဟုတ်ချေ။ ယင်းက အပူလက်နက်ကို အအေးလက်နက်ဖြင့် ယှဉ်နေသလိုပင်၊ သေခြင်းဟူသော အဆုံးသတ်သာ ရှိလေသည်။

ယဲ့လုံရှန်း၏ မျက်နှာက အလွန်အမင်း ဆိုးရွားလာသည်။

*ဒီလူတွေရဲ့ အင်အားက ထပ်တိုးလာပြန်ပြီ၊ ဒီတစ်ခါ အဖွဲ့လိုက် အတူတူ တိုးလာတာ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအချိန်တွင် ထန်မင်လီ၊ ထျဲမူထားနှင့် အခြားသူများက ထန်ပုခူထံ ရောက်လာပြီး ဒူးတစ်ဖက်ထောက်၍ အရိုအသေ ပေးလေသည်။

“မိဖုရား ခင်ဗျားက ဩချရလောက်ပါတယ်”

ထန်ပုခူ မချိပြုံး ပြုံးလိုက်သည်။

“ငါ မအောင်မြင်ခဲ့ဘူး”

“ကိစ္စမရှိပါဘူး၊ ခင်ဗျားရဲ့ ဆန္ဒကို ကျုပ်တို့ ဆက်လုပ်ပါ့မယ်”

ထန်မင်လီက အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။ လက်ရှိတွင် သူတို့အားလုံး၌ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

မိဖုရားက အပြင်းအထန် ထိခိုက်ခံစားခဲ့ရသည်။ ဤသည်က ယဲ့ဘုရင်အား မျက်နှာပျက်စေသော အရာပင်။ ထို့ကြောင့် သူတို့ ဤနန်းတော်မှလူများကို ခွင့်မလွှတ်နိုင်ပါ။

ထို့နောက် ထန်မင်လီက တစ်ဖက်လှည့်၍ ယဲ့လုံရှန်းနှင့် အခြားသူများကို စူးစိုက်ကြည့်လာ၏။

“သတ်၊ တစ်ယောက်မှ မကျန်စေနဲ”

ထိုစကားကို ကြားသောအခါ ကြောက်လန့်တကြား ထွက်ပြေးကြသော စစ်သားများ ကြောက်ရွံ့သွားကြသည်။ ဤသည်က တစ်ဖက်အဖွဲ့က သူတို့အားလုံးကို မခြွင်းမချန် သတ်ပစ်မည်ဟု ကြေညာလိုက်ခြင်းပင်။

“ပြေးကြဟေ့”

“ပြေးကြ”

ထိုအခိုက်တွင် ဦးဆောင်သော စစ်သူကြီးများက ဆောက်တည်ရာမရ အော်ဟစ်လိုက်ပြီး အသက်ရှင်နေသော သူတို့၏ စစ်သားများကို ဦးဆောင်၍ အနောက်သို့ အသည်းအသန် ထွက်ပြေးလေသည်။

သို့သော် ထိုအချိန်မှပင် သူ့လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ထိုစစ်သူကြီးသည် အလန့်တကြား အော်ဟစ်သွားပြီး မြေကြီးပေါ် လဲကျကာ သေဆုံးသွားတော့သည်။

“မတိုက်ဘဲ ထွက်ပြေးရဲတဲ့ ဘယ်သူမဆို သေရမယ်”

ယဲ့လုံရှန်းက ဒေါသတကြီး အော်ပြောလေသည်။ သူ့မျက်လုံးတွင် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေ၏။

“မစ္စတာယဲ့ ဒီလူတွေက နတ်ဆိုးတွေဆိုတာကို ခင်ဗျားလည်း မြင်နေတာပဲလေ၊ ကျုပ်တို့က လုံးဝကို သူတို့ ပြိုင်ဘက် မဟုတ်ဘူး”

“မစ္စတာယဲ့ ကျုပ် ညှာတာပေးဖို့ တောင်းပန်ပါတယ်၊ ကျုပ်က အိုနေပါပြီ၊ ကျုပ် မသေချင်ဘူး”

သို့သော် ယဲ့လုံရှန်းက ခံစားချက်ကင်းမဲ့သော မျက်နှာပေးနှင့် ပြောလေသည်။

“အဲ့တာ မင်းတို့ကိစ္စ၊ ငါနဲ့မဆိုင်ဘူး၊ မင်းတို့ သူတို့ကို မသတ်ရင် ငါ မင်းတို့ကို သတ်မယ်”

စစ်သားများအားလုံး ကြောက်လန့်ကာ ငိုချင်သွားကြသည်။ အစက ဤသည်မှာ သူတို့၏ အဆင့်အတန်းကို မြှင့်နိုင်မည့် ကြီးမားသော အခွင့်အရေးဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါတွင်မှ သူတို့ ငရဲတံခါးဝကို ခြေချမိကြောင်း သတိပြုမိသွားသည်။

ထိုအချိန်တွင် နတ်ဆိုးများက သူတို့နောက် လိုက်လာပြီး ဓားများကိုဝင့်၍ ခုတ်ပိုင်းလေသည်။ သူတို့သည် ကြောက်လန့်နေပြီးသော စစ်သားများအား အားဖြင့် ခုတ်ပိုင်းကြသည်။

ဓားတစ်ကြိမ် ကျဆင်းလာသည့်အခါတိုင်း သွေးများ ပန်းထွက်လာသည်။ နတ်ဆိုးတိုင်း၏ မျက်နှာတွင် အတောမသတ်နိုင်သော ဒေါသများ ပေါ်နေသည်။ အကြောင်းမှာ တစ်ဖက်အဖွဲ့က နတ်ဆိုးမျိုးနွယ်၏ မိဖုရားကို ဒဏ်ရာရအောင် လုပ်ခဲ့သောကြောင့်ပင်။ ဤသည်က သူတို့ကို ရူးမတတ် ဖြစ်စေသည်။

ထိုအခိုက်တွင် နတ်ဆိုးများ ထိုးဖောက်ဝင်လာ၏။ သူတို့သည် ဖွဲ့စည်းပုံကို ချိုးဖောက်၍ တစ်ဆင့်ချင်း တိုးလာသည်။ သူတို့ တစ်ကြိမ် တိုးလာတိုင်း တစ်ယောက်ယောက် လဲကျကာ ဆိုးဆိုးရွားရွား သေဆုံးသွားကြသည်။

ယဲ့လုံရှန်းဘက်မှ သူတော်စင်သခင်အဆင့်များအားလုံး ကြောက်လန့်လာပြီး ကြက်သီးထလာသည်။ ထိုသို့ ထိပ်တိုက် ရင်ဆိုင်ခြင်းအတွက် သူတို့သည်လည်း ဆိုးရွားသော တန်ကြေးကို ပေးဆပ်ရသည်။

တစ်ခဏကြာသော် တစ်ဝက်ကျော်မျှ သေသူသေ၍ ဒဏ်ရာရသူ ရလာကြသည်။ ပို၍ ထူးဆန်းသည်မှာ သူတို့၏ လူများသည် ဘုရင်အဆင့် ဆယ်ယောက်၊ သို့မဟုတ် နှစ်ဆယ်ကျော်၏ အဝိုင်းခံရကာ အသတ်ခံလိုက်ရလေသည်။

*ဘုရင်အဆင့် တစ်ဖွဲ့က သူတော်စင်သခင်အဆင့်ကို သတ်တာလား*

တစ်နည်းအားဖြင့် သူတော်စင်သခင်အဆင့် တစ်ဖွဲ့ကလည်း နတ်ဘုရင်အဆင့်ကို သတ်နိုင်လေသည်။ လုံးဝ ဖြစ်နိုင်ချေ မရှိသော အရာများ ဖြစ်လာလေပြီ။

မျက်စိရှေ့မှ မြင်ကွင်းက အလွန်အမင်း ကြောက်ရွံ့ဖွယ် ကောင်းလှသည်။ ဤမျှ ကြောက်စရာကောင်းသော တိုက်ပွဲဝင် အင်အားကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။

*ဘုရင်အဆင့်တစ်ဖွဲ့က သူတော်စင်သခင်အဆင့်ကို သတ်နိုင်ပြီးတော့ သူတော်စင်သခင်အဆင့်အဖွဲ့က နတ်ဘုရင်ကို ကိုင်လှုပ်နိုင်တယ်လား*

ထိုအခိုက်တွင် စစ်သားများ ကြံရာမရ ဖြစ်လာကြသည်။ ဤသည်က အရှေ့တွင် ဝံပုလွေနှင့် တိုး၍ အနောက်ဘက်၌ ကျားနှင့် ကြုံနေသော အဖြစ်နှင့်အတူတူပင်။ သူတို့အတွက် ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေ၏။

“မင်းတို့လည်း တက်ကြ”

တကျုံးက ရင်မိသားစု၏ နတ်ဘုရင်အဆင့်များနှင့် သူတော်စင်သခင်အဆင့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် အလင်းတန်းများ စုဝေးလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ နတ်ဘုရင်အဆင့် ပါဝင်သော သူတော်စင်သခင်အဆင့်များက ပူးတွဲ၍ တိုက်ခိုက်လာသည်။

ကြောက်စရာကောင်းသော စွမ်းအင်လှိုင်း ပျံ့လွင့်လာ၏။ တစ်လောကလုံး ကပြောင်းကပြန်ဖြစ်ကာ တုန်ခါလာလေသည်။ ကြောက်စရာကောင်း၍ ပြင်းထန်သော အသံများ ပျံ့လွင့်လျက် ရှိနေသည်။

“အမှိုက်ကောင်တွေ သေပေတော့”

သူတော်စင်သခင်အဆင့်များအားလုံးက ပူးပေါင်း၍ တိုက်ခိုက်လာပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက ထည်ဝါလွန်းလှသည်။

ဤသည်ကိုမြင်သော် စစ်သားများ ချက်ချင်း စိတ်အေးသလို သက်ပြင်းချလိုက်ကြပြီး သူတို့မျက်နှာတွင် ဝမ်းသာဟန် ပေါ်လာသည်။

“နတ်ဘုရင်အဆင့်နဲ့ သူတော်စင်သခင်အဆင့်တွေ တိုက်တာဆိုတော့ ဒီကောင်တွေ သေမှာပဲ”

လူတိုင်း၏ မျက်နှာတွင် ထီမထင်သော အပြုံးများ ရှိနေသည်။ ရာချီသော သူတော်စင်သခင်အဆင့်များနှင့် နတ်ဘုရင်အဆင့် နှစ်ယောက် ပြိုင်တူ တိုက်လာသောအခါ အင်အားက အလွန်အမင်း ကြောက်မက်ဖွယ်‌ ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် သူတို့ဘက်မှ အားသာချက် ရလာသည်။ သူတို့အတွက် မျှော်လင့်ချက် ရှိနေသေးသည်။ သို့သော် ထိုအချိန်တွင် ထန်မင်လီက အပြုံးကြီး ပြုံးလာပြီး လက်ဝှေ့ယမ်းလေသည်။

“ငါ့ကို သတ်မလို့လား၊ သတ်လိုက်စမ်းပါ”

လက်ရှိတွင် သူ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်က ရှေးခေတ် မသေမျိုး သရဲ တစ္ဆေများနှင့် ပေါင်းစပ်ထားပြီး သူတို့ အသက်နှင့် အလဲအလှယ်လုပ်၍ နတ်ဘုရင်အဆင့်ကို သတ်နိုင် သောကြောင့် ဖြစ်လေသည်။

ယနေ့ သူ သေရန် ရောက်လာခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ ယဲ့လုံရှန်းအား တောင်ဘက်သို့ သွားခြင်းအား ရအောင် တားမှဖြစ်မည်။

သူ့အား မသတ်နိုင်လျင်တောင်မှ မသန်မစွမ်းဖြစ်အောင် လုပ်မှရမည်။ သို့မှသာ သူ ယဲ့ဖန်ကို မတိုက်ခိုက်မှာ ဖြစ်လေသည်။

ထိုအသံအဆုံး၌ နတ်ဆိုးများအားလုံး အနက်ရောင် ဒီရေလှိုင်းသဖွယ် အရှေ့မှ သူတော်စင်သခင်အဆင့်များထံ ပြေးတက်သွားသည်။ ဤမြင်ကွင်းက အတိတ်က နတ်ဆိုးစစ်တပ်လိုပင် ကြောက်စရာ ကောင်းလှသည်။

ထို့နောက်တွင် သူတို့သည် သူတော်စင်သခင်အဆင့်များရှေ့သို့ ရောက်သွားပြီး ကြမ်းကြုတ်စွာ စတင်သတ်ဖြတ် လေတော့သည်။

“အား….”

အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ အစက ဤလူများကို ကြက်သတ်သလို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားမိသည်။

သို့သော် သူတို့ ရင်ဆိုင်ရသောအခါ ဤလူများက အလွန်အမင်း သန်မာကြောင်း သိလိုက်ရသည်။ ထိုခွန်အား တစ်ခုတည်းနှင့်တင် သူတို့ အတော်လေး အထိနာရသည်။

ဘုရင်အဆင့်ဆယ်ယောက်က သူတော်စင်သခင်အဆင့်ကို ဝိုင်းလိုက်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် လူနှစ်ဆယ်ကျော် သေသွားသည်။ ထို့နောက် အယောက် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ အယောက်တစ်ရာ။

ဤနတ်ဆိုးများသည် လုံးဝ ရူးသွပ်နေပြီး ယခင် မသေမျိုးစစ်တပ်ထက်ပင် ပို၍ ကြမ်းကြုတ်သေးသည်။ တိုက်ခိုက်မှုက အလွန် ရှုပ်ထွေး၍ ကြမ်းတမ်းလွန်းသည်။

မသေမျိုးများသည် ကိုက်ရန်သာ သိသော်လည်း ဤသိုင်းပညာရှင်များက သိုင်းပညာ၊ တာအိုနှင့် အခြားနည်းလမ်းများကို မည်သို့ သုံးရမလဲ သိကြသည်။

သူတို့၏ အဝိုင်းခံရသော သူတော်စင်သခင်အဆင့်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးသွားကြသည်။ ဓားများကလည်း အရှိန်ဖြင့် ကျဆင်းလာနေသည်။

အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း၊ ဒဏ်ရာတစ်ခုအတွက် ဒဏ်ရာတစ်ခု။ သူတို့၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှပါသည်။ ရောက်လာသော ဤရန်သူများကို မည်သည့်နည်းနှင့်မဆို သတ်ရန် ဖြစ်ပေ၏။

မိနစ်ပိုင်းအတွင်း သူတော်စင်သခင်အဆင့် အယောက်တစ်ရာတွင် တစ်ဝက်တိတိ သေဆုံးသွားပြီး ကျန်လူများ အလွန်အမင်း ထိတ်လန့်နေကြသည်။

“ဘယ်လိုဖြစ်ရတာလဲ”

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေသည်။ မျက်စိရှေ့မှမြင်ကွင်းက အားလုံးကို အတွေးများ ပလုံစီလာစေ၏။ သူတော်စင်သခင်အဆင့် အယောက်တစ်ရာကျော် ဟူသော အင်အားသည် အင်ပါယာတစ်ခုလုံးနှင့် ညီမျှပြီး မည်သူမှ ခုခံနိုင်စွမ်း မရှိပါ။

သို့သော် ဤလူများရှေ့၌ သူတို့သည် အရေအတွက် ပိုများသည့် အချက်ဖြင့် သူတို့ကို ကောင်းကောင်းကြီး သတ်ဖြတ်နေသည်။

တကျုံး အကြီးအကျယ် တုန်လှုပ်နေသည်။ သူတို့ ရင်မိသားစု၏ သူတော်စင်သခင်အဆင့်က သာမန် သူတော်စင် သခင်အဆင့်များထက် သန်မာပြီး ခွန်အားတွင်လည်း သာမန် သူတော်စင်သခင်အဆင့် ဆယ်ယောက်၏ ခွန်အားနှင့် ညီမျှသည်။

ပြောရမည်ဆိုလျင် သူတို့အရှေ့မှ ရင်မိသားစု၏ သူတော်စင်သခင်အဆင့် အယောက်နှစ်ဆယ်သည် သာမန် သူတော်စင်သခင်အဆင့် အယောက်နှစ်ရာ၏ အင်အားနှင့် ညီမျှလေသည်။

သို့သော် သူတို့ ရင်မိသားစု၏ သူတော်စင်သခင်အဆင့်များကို ရှင်းလင်းရန် တစ်ဖက်က မိနစ်ပိုင်းမျှသာ အချိန်ယူလိုက်ရသည်။ ဤသည်ကို သူ မယုံနိုင်ပါ။

ရင်မိသားစုမှ အဘယ်သူက ဤသို့ နှိပ်စက်၍ သတ်ဖြတ်ခံရဖူးသနည်း။ အဆုံးသတ်ကလည်း ဆိုးရွားလှသည်။

“အား….”

လက်ရှိတွင် အော်သံများ ဆက်လက် ထွက်ပေါ်နေ၏။ သူတော်စင်သခင်အဆင့် အရေအတွက်ကလည်း လျင်မြန်စွာ ကျဆင်းလာသည်။

လူတစ်ရာမှ ငါးဆယ်၊ ငါးဆယ်မှ လေးဆယ်၊ သုံးဆယ်၊ နှစ်ဆယ်။ နောက်ဆုံးတွင် နတ်ဘုရင်အဆင့် နှစ်ယောက်သာ ကျန်ခဲ့ပြီး ကျန်လူများအားလုံး ဆိုးဆိုးရွားရွား သေဆုံးသွားကြသည်။

All Chapters