← Chapters

အခန်း ၁၅၀၇

Vol. 101 Ch. 1507

အခန်း ၁၅၀၇

Vol. 101 Ch. 1507

Chapter 1507 မင်းတို့အားလုံး သေရမယ်

မြေကြီးပေါ်မှ အလောင်းများနှင့် မြစ်သဖွယ် စီးဆင်းနေသော သွေးများကို ကြည့်ပြီး လူတိုင်း သေမတတ် ကြောက်လန့် သွားကြသည်။

တောအုပ်တစ်ခုလုံး ညှီစို့စို့ သွေးနံ့များ လှိုင်လှိုင်ထနေသဖြင့် အော်ဂလီ ဆန်စရာ ကောင်းလှသည်။

“နတ်ဆိုး ဒီလူတွေက နတ်ဆိုးတစ်သိုက်ပဲ”

“ရှုကျိုးကို လာတာက ငါတို့ရဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်လာတော့မှာပဲ၊ ငါတို့တော့ လုံးဝ သွားပြီ”

ထိုအခိုက်တွင် စစ်သားများ၏ မျက်နှာတွင် ဆောက်တည်ရာမရဟန်များ ပြည့်နှက်နေ၏။

“ကျွန်တော် မစ္စတာယဲ့ကို ကိုယ်တိုင် လှုပ်ရှားပြီး နတ်ဆိုးတွေကို သတ်ပေးဖို့ တောင်းဆိုပါတယ်”

“ကျွန်တော် မစ္စတာယဲ့ကို ကိုယ်တိုင် လှုပ်ရှားပြီး နတ်ဆိုးတွေကို သတ်ပေးဖို့ တောင်းဆိုပါတယ်”

စစ်သားများစွာက ကျယ်လောင်စွာ အော်ဟစ်၍ ယဲ့လုံရှန်းအား အသနားခံသော မျက်လုံးများဖြင့် ကြည့်လာသည်။ လက်ရှိတွင် ယဲ့လုံရှန်းသည်သာ သူတို့၏ တစ်ခုတည်းသော အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ဖြစ်သည်။

ထိုအချိန်တွင် ယဲ့လုံရှန်းကလည်း ခေါင်းကိုမော့၍ ထန်မင်လီနှင့် အခြားသူများအား စူးစိုက်ကြည့်လာပြီး အပြုံးကြီး ပြုံးလိုက်သည်။

“ဆန်ပုံထဲက ပုလဲကလည်း တောက်ပတာပဲလား”

“မင်းက ပုရွက်ဆိတ်အုံကို သတ်နိုင်တာနဲ့ လောကထဲမှာ ပြိုင်ဘက်ကင်းပြီ ထင်နေတာလား”

ရုတ်တရက် ယဲ့လုံရှန်း၏ ခန္ဓာကိုယ်မှ သူမတူသော စွမ်းအင် ပေါက်ကွဲ ထွက်ပေါ်လာပြီး တောတောင်မြစ်ချောင်းများ တုန်ခါလာပြီး အလင်းတန်းများက ကြယ်တာရာသဖွယ် ကောင်းကင်အထိ ထိုးတက်သွားပြီး ချက်ချင်း ဘေးဘက်သို့ ပျံ့နှံ့သွားသည်။

“ပုရွက်ဆိတ်လိုကောင်တွေ သေပေတော့”

ယဲ့လုံရှန်း၏ မျက်လုံးတွင် ရက်စက်ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး နတ်ဘုရားသဖွယ် ထည်ဝါသော စွမ်းအင်တစ်ခုက တောတစ်ခုလုံးသို့ ပျံ့လွင့်သွားလေသည်။

တကျုံးနှင့် အခြားသူများတောင်မှ ကြက်သီးထသလို ခံစားလိုက်ရသည်။ ထိုစွမ်းအင်က သူတို့အားလုံးကို ကြက်သီးထ၍ တုန်လှုပ်သွားစေသည်။

သူတို့ရှေ့မှလူက သူတို့အား တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည်ဟုပင် ထင်မှတ်ရသည်။ သူတို့နှစ်ယောက်လုံး နတ်ဘုရင်အဆင့်များ ဖြစ်သော်လည်း ယဲ့လုံရှန်းရှေ့တွင် လုံးဝ ခွန်အားမဲ့နေ၏။

*ဒါက*

*ကြောက်စရာ ကောင်းလိုက်တာ*

ယဲ့ရှန်းလုံ ရုတ်တရက် လှုပ်ရှားလာပြီး လက်တစ်ဖက်ကို ရိုက်ချလိုက်သောအခါ သူမတူသော နတ်ဘုရားစွမ်းအင် ထွက်ပေါ်လာလေသည်။

ထိုစွမ်းအင်က ထန်မင်လီနှင့် အခြားသူများကို အပြင်းအထန် ဖိနှိပ်လာသည်။ မြေဆီလွှာ ပေါက်ကွဲသွားလေသည်။ ထိုအချိန်တွင် ထောင်ချီသော လူများသည် ယဲ့လုံရှန်း၏ လက်ဝါးချက်ကြောင့် အမှုန့်ဖြစ်သွားပြီး သေဆုံး သွားကြသည်။

ဤသည်ကိုမြင်သော် စစ်သားများ ရူးမတတ် စိတ်လှုပ်ရှားလာသည်။

“မစ္စတာယဲ့က မြင့်မြတ်ပါပေတယ်၊ ဟားဟားဟား … အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှာ နံပါတ်တစ် ဆိုတာ တကယ်ကို စကားသက်သက် မဟုတ်ဘူးပဲ”

“ငါတို့ရှေ့က အဲ့နတ်ဆိုးတွေ‌တောင် မစ္စတာယဲ့လို ပြိုင်ဘက်ကင်းတဲ့သူနဲ့ ရင်ဆိုင်ရတော့ အသတ်ခံရတာပဲ”

“သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ ငါတို့ မိတ်ဆွေတွေနဲ့ ညီအစ်ကိုတွေ အများကြီးကို သူတို့ သတ်ခဲ့တာပဲလေ၊ အခု သူတို့ ဝဋ်လည်တော့တာပဲ၊ သူတို့ ပြာဖြစ်တဲ့အထိ အရိုက်ခံလိုက်ရတာပဲ”

“ယဲ့လုံရှန်း”

ထိုစဉ် ထန်မင်လီ ရူးမတတ် ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လေသည်။ ယဲ့လုံရှန်း၏ လက်ဝါးချက်အောက်၌ သူ့ညီအစ်ကိုတွေ သေသွားသည်ကိုကြည့်ပြီး အလွန်အမင်း ဒေါသထွက်နေသည်။

ထို့နောက်တွင်မူ သူသည် ရှေ့သို့ပြေးတက်၍ လက်တစ်ဖက်ကို မြှောက်ကာ ယဲ့လုံရှန်းအား အသည်းအသန် တိုက်ခိုက်လေသည်။ ယဲ့လုံရှန်းက အထင်သေးစွာ ပြုံးလာသည်။

“အမှိုက်ကောင်ကများ”

ရုတ်တရက် ရှေ့သို့ ပြေးတက်လာပြီး ထန်မင်လီအား ဖမ်းချုပ်လေသည်။ ထန်မင်လီ တန့်ခနဲ ဖြစ်သွားပြီးနောက် သူ၏ လက်တစ်ဖက် ဆွဲဖြုတ်ခံလိုက်ရသည်။ ဤမြင်ကွင်းက ဆိုးရွားလွန်းလှသည်။

“ဘိုးဘိုး”

ဤသည်ကိုမြင်သော် ထန်ယွင်အာသည် အလွန် စိုးရိမ်သော မျက်ဝန်းတို့ဖြင့် ထအော်လိုက်မိသည်။

“ဟဲဟဲ မင်းရဲ့ မြေးမလေးကိုပါ အကူအနေနဲ့ ခေါ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ယဲ့လုံရှန်းက စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်ပြီးနောက် ဘေးမှ တကျုံးကို ပြောလိုက်သည်။

“ရောင်းရင်းကြီး မိန်းမလှလေးက ရှေ့ကို ရောက်နေတာဆိုတော့ လက်မခံလို့ မဖြစ်ဘူး မဟုတ်လား”

ထိုစကားကို ကြားသော် တကျုံး၏ မျက်နှာတွင် ရမ္မက်ထန်သော အသွင်အပြင် ပေါ်လာပြီး ထန်ယွင်အာဆီသို့ လှစ်ခနဲ ပြေးသွားလေသည်။

“ယဲ့လုံရှန်း မင်း သေရမယ်ကွ”

ဤသည်ကိုမြင်ပြီး ထန်မင်လီ မီးဝင်းဝင်းတောက်သွားသည်။

“သူ့ကိုတား”

ကင်းမြီးကောက် လူသတ်သမားက ဒေါသတကြီး အော်ဟစ်၍ အရင်ပြေးတက်ကာ တကျုံးကို ဒေါသဖြင့် တိုက်ခိုက်လေသည်။ လူသတ်ချင်စိတ်များ ဝုန်းခနဲ ထွက်ပေါ်နေသည်။ နှစ်ဖက်ချွန် ဓားသွားကလည်း အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။

သူသည် နှစ်ဖက်ချွန်ဓားအား တကျုံး၏ ဦးခေါင်းထံ လွှဲယမ်း၍ ခုတ်ပိုင်းလိုက်သည်။ သို့သော် တကျုံး၏ မျက်နှာတွင် အထင်သေးဟန်သာ ပေါ်နေ၏။

“ဝမရှိဘဲ ဝိလုပ်ချင်တဲ့ကောင်”

ထို့နောက် ထိုနှစ်ဖက်ချွန်ဓားအား လက်ဝါးဖြင့် တားဆီးလိုက်သည်။

“ဒေါင်”

နှစ်ဖက်ချွန်ဓားကို သူ အသာလေး တားလိုက်နိုင်သည်။ သို့သော် ထိုအချိန်တွင် ကင်းမြီးကောက် လူသတ်သမား၏ မျက်လုံး၌ ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွားပြီး လက်မောင်းကို လှုပ်ခါလိုက်သောအခါ သူ၏ ခွန်အားက ရုတ်တရက် တိုးမြင့်လာ၏။

နှစ်ဖက်ချွန်ဓား တုန်ယင်လာပြီး ဓားသွား၏ တစ်ဖက်တစ်ချက်တွင် နတ်ဆိုးနှစ်ကောင် ပေါ်လာပြီး တကျုံးအား တိုက်ခိုက်လာသည်။

တကျုံး သွေးပျက်သွားသည်။ သူ့အရှေ့မှလူက တကယ် သူတော်စင်သခင်အဆင့်မှ ဟုတ်ပါလေရဲ့လား။ အဘယ်ကြောင့် သူ့၌ ထိတ်လန့်ဖွယ် နည်းလမ်း ရှိနေရသနည်း။

နတ်ဆိုးနှစ်ကောင်က အော်ဟစ်လာပြီး သွားများကို ဟ၍ လက်သည်းများကို ဝင့်ကာ တိုက်ခိုက်လာသည်။ တကျုံး ကြက်သီးထသွားပြီး မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်လာလေသည်။

ထိုအခိုက်တွင် သူ မရဏ အငွေ့အသက်ကို ခံစားမိနေ၏။ သူ့စိတ်ထဲ၌ ကြောက်စိတ်တို့ ပြည့်နှက်နေသည်။ သို့သော် ယခုအခါတွင်မှ နောက်ကျသွားလေပြီ။ သူ၏ ပါးကို လက်သည်းဖြင့် ခြစ်မိသွားပြီး သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။

တိတ်ဆိတ်သွားလေသည်။ ဘေးလူများအားလုံး ထပ်မံ၍ တိတ်ဆိတ်သွားသည်။

*နောက်ထပ် နတ်ဘုရင်အဆင့်တစ်ယောက် ထိခိုက်သွားပြီ*

*ပြီးတော့ သူ့ကို ထိခိုက်အောင်လုပ်တဲ့လူကလည်း သူတော်စင်သခင်အဆင့်ပဲ*

*သေစမ်း*

*သူတို့က ဘယ်လို မကောင်းဆိုးဝါးတွေလဲ*

တကျုံး ချွေးစေးပြန်လာသည်။ လက်ရှိတွင် ကင်းမြီးကောက် လူသတ်သမား၏ လက်ထဲ၌ သူ သေလုနီးပါး ဖြစ်တော့မည်ဟု ခံစားမိနေသည်။

*သူတော်စင်သခင်အဆင့်တစ်ယောက်ကြောင့် အသတ်ခံရမယ်တဲ့လား၊ ငါ လက်မခံနိုင်ဘူး*

အစောပိုင်းက သူသာ အနည်းငယ် နောက်ကျသွားလျင် သူ့လည်ပင်း ပြတ်သွားလောက်သည်။

“ဒါ အရှင်မင်းကြီး ငါ့ကို သင်ပေးထားတဲ့ နှစ်ဖက်ချွန် နတ်ဆိုးဓားသိုင်း၊ စိတ်မကောင်းစရာက ငါက တုံးအတော့ ဒီသိုင်းကွက်ရဲ့ စွမ်းအားအပြည့်ကို မသုံးနိုင်သေးဘူး၊ မဟုတ်ရင် မင်း အခု သေနေလောက်ပြီ”

ကင်းမြီးကောက် လူသတ်သမားက တကျုံးကို ခက်ထန်စွာ စိုက်ကြည့်နေပြီး သူ့မျက်လုံးတွင် နောင်တရဟန် ပေါ်နေသည်။

*ဘာ*

*ထပ်ပြီးတော့ ယဲ့ဘုရင်ပဲလား*

*ဒီလူတွေအားလုံး အရမ်း ကြောက်စရာကောင်းနေတဲ့ အကြောင်းရင်းက သူတို့က ယဲ့ဘုရင်နဲ့ ပတ်သက် နေလို့လား*

*အဲ့ယဲ့ဘုရင်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ*

“မျိုးမစစ်ကောင် ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

တကျုံး၏ မျက်လုံးများက မီးပွင့်မတတ် ဖြစ်နေပြီး ဆွေ့ဆွေ့ခုန်နေသည်။ သူ ချက်ချင်း ပြေးတက်လာပြီး သူ့ခန္ဓာကိုယ်မှ ရက်စက် ကြမ်းကြုတ်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် တစ်လောကလုံး တုန်ခါလာ၏။ တကျုံးသည် ကောင်းကင်ဘုံကို တိုက်နေသော နဂါး တစ်ကောင်နှင့် တူနေပြီး သူ၏ တိုက်ခိုက်မှုက သူမတူကာ လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကင်းမြီးကောင် လူသတ်သမားအား လွှမ်းခြုံလာလေသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ သူသည် တမင်သက်သက် ကင်းမြီးကောက် လူသတ်သမားနှင့် အနီးကပ် မတိုက်ချေ။

ဤသည်ကိုကြည့်ပြီး ကင်းမြီးကောက် လူသတ်သမားက သရော်လိုက်သည်။ သူသည် သိုင်းအဆင့် တစ်ဆင့်နိမ့် နေရုံမျှသာ ဖြစ်သည်။ အဆင့်သာတူပါက တစ်ဖက်လူကို သူ ခွေးသတ်သလို သတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် တကျုံးမှာ သူရဲဘောကြောင်သူတစ်ယောက်သာ ဖြစ်သောကြောင့်ပင်။

“ရွှစ်”

ကင်းမြီးကောက် လူသတ်သမားသည်လည်း ဒဏ်ရာရသွားသည်။ ရင်ဘတ်တစ်ခုလုံး ပွင့်လုမတတ် ဖြစ်သွားပြီး ဆယ်မီတာကျော်မျှ လွင့်ထွက်သွားကာ သစ်ပင်များစွာနှင့် တိုက်မိသလို ကျောက်တုံးကျောက်ဆောင်များနှင့်လည်း ဆောင့်မိသွားသည်။ ထို့နောက် ခွေးသေတစ်ကောင်သဖွယ် မြေကြီးပေါ် ပြုတ်ကျသွားလေသည်။

သို့သော် တကျုံးက ဤမျှနှင့် ရပ်မသွားချေ။ သူသည် အလွန် ဒေါသထွက်နေသော မျက်လုံးများဖြင့် အကြမ်းပတမ်း တိုက်ခိုက်နေသည်။

“သေစမ်း၊ မင်း သေသင့်တယ်၊ သေသင့်တဲ့ကောင်”

သူ အရှက်ကွဲသလို ခံစားရသောကြောင့် ကင်းမြီးကောက် လူသတ်သမားအား နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။

“ဂျွတ်”

ကင်းမြီးကောက် လူသတ်သမား၏ လက်တစ်ဖက် ကျိုးသွားသည်။ ထို့နောက် နောက်တစ်ဖက်၊ ထို့နောက်တွင်မူ ခြေထောက်များ။ သူသည် ကင်းမြီးကောက် လူသတ်သမားအား တန်းမသတ်ဘဲ မသန်မစွမ်းဖြစ်အောင် အရင် နှိပ်စက်လေသည်။

“ဟားဟားဟား မောက်မာလေ၊ မင်း ထပ်မောက်မာဦးလေ”

တကျုံးက ရယ်နေ၏။ သူ တစ်ခွန်းပြောလိုက်တိုင်း ကင်းမြီးကောင် လူသတ်သမား၏ အသားကို ဆွဲစုတ်လေသည်။ ဤအပြုအမူက ရက်စက်၍ လူမဆန်လှချေ။

*ကြောက်စရာကောင်းလိုက်တာ*

ထိုအခိုက်တွင် ထန်မင်လီနှင့် အခြားသူများ အလွန်အမင်း ဒေါသထွက်နေကြသည်။

“ရပ်စမ်း”

ချက်ချင်းဆိုသလိုပင် ထျဲမူထားနှင့် အခြားသူများလည်း ပြေးတက်လာကြသည်။ ထိုအခါ နောက်နတ်ဘုရင်အဆင့် နှစ်ယောက်က အပြုံးကြီးပြုံး၍ သူတို့ကို တိုက်ခိုက်လာသည်။ တိုက်ပွဲတစ်ပွဲ ချက်ချင်း ဖြစ်တည်လာတော့သည်။

“ဝုန်း ဝုန်း ဝုန်း”

လက်ရှိအချိန်တွင် မကောင်းဆိုးဝါးတစ်သိုက်က လောကကို တစ်စစီဖြစ်အောင် လုပ်နေသည်နှင့် တူနေ၏။ ဤတောအုပ် ရုတ်တရက် ပျက်စီးလာသည်။ သစ်ပင်များ ကျိုးပြတ်၍ တောင်နံရံများ ပြိုကျလာသည်။

မြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ အကြောင်းမှာ သူတော်စင်သခင်အဆင့်များက အညီအမျှ လူခွဲ၍ နတ်ဘုရင်အဆင့် နှစ်ယောက်ကို ခွဲတိုက်နေပြီး နှစ်ယောက်လုံး ဘာမှမလုပ်နိုင်သောကြောင့်ပင်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ”

“ငါ မင်းတို့ကို အထင်သေးခဲ့မိတဲ့ပုံပဲ”

ယဲ့လုံရှန်းက ကြည့်ရဆိုးသော အပြုံးမျိုး ပြုံးလိုက်ပြီး ထန်မင်လီအား စိုက်ကြည့်လေသည်။

“မင်းလိုလူမျိုးက ငါ့ကို ခစားသင့်တာ”

“အဲ့တော့ ငါ မင်းတို့ကို အသက်ရှင်နိုင်မယ့် အခွင့်အရေး ပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ၊ မင်း ယဲ့ဘုရင်ကို စွန့်ပစ်ပြီး ငါ့ကို ခစားမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်”

ဤလူများသည် ကြောက်စရာကောင်းလှသည်။ သူတို့ကိုသာ သူ့အတွက် အသုံးချနိုင်ပါက ပြိုင်ဘက်ကင်းသော ငရဲစစ်တပ်ကို သူ ရလာမှာပင်။ သူ့မျက်လုံးတွင် စိတ်အားထက်သန်မှုများ ပြင်းထန်စွာ ပေါ်လွင်နေ၏။

“မင်းလက်အောက်မှာ နေရမယ် ဟုတ်လား၊ ဟားဟားဟား…”

ထန်မင်လီက ဟာသကြီးတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောပြီး တစ်လုံးချင်း ပြောလိုက်သည်။

“သူတော်ကောင်းယောင်ဆောင်ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနဲ့ပန်းပြမနေနဲ့၊ မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေလား”

ထန်မင်လီသည် သူ့တစ်ဘဝလုံးတွင် ယဲ့ဖန်ကိုသာ ခစားမည် ဖြစ်သည်။ အခြားသူများလည်း ထိုနည်းတူပင်။ သူတို့ ဘယ်တော့မှ သစ္စာမဖောက်ပါ။ အညံ့ခံမည့်အစား အသေသာခံလိုက်ပေမည်။

“မင်းတစ်ယောက်တည်း ခေါင်းကြောမာနေတာနဲ့ အခြားသူတွေလည်း သစ္စာရှိမယ်လို့ မဆိုလိုဘူးကွ၊ နောက်မှ နောင်တမရနဲ့”

ယဲ့လုံရှန်းက သရော်လေသည်။ ဤလောက၌ သေမှာကို မကြောက်သောသူများ ရှိလိမ့်ဦးမည်ဟု သူ တကယ် မယုံကြည်ပါ။

“မင်း မေးကြည့်လေ၊ ဒီက ဘယ်သူမဆို အညံ့ခံဖို့ ရွေးချယ်တယ်ဆိုရင် ငါ့ကိုယ်ငါ သတ်သေပြီး မင်းကို ဆက်သမယ်”

ထန်မင်လီက အလွန် အထင်သေးသော မျက်နှာနှင့် ပြောလိုက်သည်။ ထိုအခါ ယဲ့လုံရှန်း၏ မျက်နှာ မည်းမှောင် သွားပြီး မျက်လုံးများက အေးစက်လာကာ ခက်ထန်စွာ အော်ပြောလိုက်သည်။

“မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို အညံ့ခံချင်ရင် အသက်ရှင်ခွင့်ရမယ်၊ အဲ့လိုလူတိုင်း မြှောက်စားခံရပြီး တစ်သက်လုံး စည်းစိမ်ချမ်းသာကို ခံစားနိုင်မယ်”

“ဒီအဘိုးကြီး ဘာပြောလိုက်တာလဲ”

“သူတို့က ငါတို့ကို အညံ့ခံစေချင်တာ”

“မင်းတို့ ဘယ်လိုထင်လဲ”

“ငါတော့ သူ ရူးနေပြီ ထင်တာပဲ”

“ဟားဟားဟား”

လူတိုင်းထံမှ အလွန် အထင်သေးစက်ဆုပ်သော ရယ်သံများ ပြိုင်တူ ထွက်ပေါ်လာ၏။ ထိုစကားသံများကို ကြားသော် ယဲ့လုံရှန်း ထိတ်လန့်သွားပြီး မျက်လုံးတွင် မယုံနိုင်ဟန်များ ထင်ဟပ်လာလေသည်။

လူတစ်ယောက်က သေရမှာကို မကြောက်သည်ကို သူ နားလည်နိုင်သည်။ လူတစ်စုက သေရမည်ကို မကြောက်သည်ကိုလည်း သူ နားလည်နိုင်၏။ သို့သော် ဤလူများကြား၌ မည်သူမှ သေရမည်ကို မကြောက်သည် ကိုတော့ သူ နားမလည်နိုင်ပါ။

*ဒီလူသုံးထောင်မှာ အားလုံးက သတ္တိရှိနေတာလား*

“မင်း ကြားပြီလား အရူး၊ မင်းကိုယ်မင်း အင်ပါယာရဲ့ အရှင်သခင်လို့ ထင်နေတယ်လို့ မမလေး ပိုင်ရွှယ် ပြောဖူးတာပဲ၊ မင်းက မြေခွေးအိုကြီးကွ အဲ့ထက် မပိုဘူး”

ထန်မင်လီ သရော်လိုက်ပြီး ယဲ့လုံရှန်းအား ခနဲ့လိုက်သည်။

“ငါတို့ ဘာလို့ ဒီရောက်လာတယ်လို့ မင်း ထင်လဲ၊ မင်းနဲ့တွေ့ရင် ငါတို့ သေမှာကို မသိဘူးလို့ ထင်နေလား”

သူတို့ သေချာပေါက် သိပါသည်။ သူတို့ အရေးမစိုက်ခြင်းသာ။ ဤလူများ၏ အင်အားကို သူတို့ လျှော့ချနိုင်သရွေ့ သူတို့ဘုရင် အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုရနိုင်ပေမည်။ ထို့ကြောင့် သူတို့ ဘာမဆို အကုန်လုပ်မှာပင်။

ယဲ့ဖန်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားသော လူစုအား သူက လိုချင်သည်တဲ့လား။ ရယ်ချင်စရာ ကောင်းလှသည်။

“ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေလိုက်တော့”

All Chapters