အခန်း ၁၅၀၈
Vol. 101 Ch. 1508
Chapter 1508 ဒါဆို ပျက်စီးလိုက်တော့
ယဲ့လုံရှန်း အကြီးအကျယ် ဒေါကန်သွားပြီး လက်ငါးချောင်းအား တင်းတင်းညှစ်လိုက်သောအခါ ထန်မင်လီ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းကြပ်သွားသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
သူ့ကိုယ်မှ အရိုးများ တရွေ့ရွေ့ ကျိုးကြေလာပြီး ရထားတစ်စင်း တက်ကြိတ်သွားသကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး ကြိတ်ချေခံနေရသည်။
“အား…”
ထန်မင်လီထံမှ စူးရှသော အော်သံက အဆက်မပြတ် ထွက်ပေါ်နေ၏။ ၎င်းမှာ အရိုးစား အဆိပ်ဆူး ဖြစ်လေသည်။ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးဆန်သော အငွေ့အသက်တစ်ခုက လေထုထဲ ပြည့်နှက် လာသည်။
ရုတ်တရက် မည်းနက်နေသော အရိပ်တစ်ခုက မြေကြီးထဲမှ ထွက်ပေါ်လာပြီး အားလုံးရှေ့၌ ရပ်နေလေသည်။ နတ်ဆိုး အရှိန်အဝါက ကောင်းကင်ယံ၌ ပြည့်နှက်နေပြီး များစွာသော နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်နေသောကြောင့် ကောင်းကင်ယံကိုပင် ဖုံးအုပ်သွားလေသည်။
ဤမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းလှသည်။ နတ်ဆိုးစစ်တပ်သည် ထိုနတ်ဆိုးစွမ်းအင်၏ ဝါးမျိုခြင်း ခံရပြီး တစ်ယောက်ပြီး တစ်ယောက် သွေးအန်ကာ ခြေလက်များ ပျော့ခွေလာသလို ခံစားရပြီး မျက်လုံးများ မည်းနက်လာကာ မျက်နှာက မှုန်မှိုင်းလာသည်။ ဤသည်မှာ အဆိပ်မိသည့် လက္ခဏာပင်။
ဤနတ်ဆိုးစွမ်းအင်၌ အဆိပ်ပါနေ၏။ ထို့အပြင် ၎င်းမှာ နတ်ဆိုး အသေကောင်ပုပ် အဆိပ် ဖြစ်လေသည်။
“မင်းတို့က ငါ့ဆီမှာ မခစားချင်မှတော့ သေပြီးမှ ငါ ထိန်းချုပ်တာကို ခံကြပေါ့”
ယဲ့လုံရှန်းက အားပါးတရ ရယ်မောနေပြီး သူ့မျက်လုံးတွင် ရိုင်းစိုင်းကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်နေပြီး လူသတ်ချင်စိတ်က တဟုန်ထိုး ထွက်ပေါ်နေသည်။
ဤအရာကို အလောင်းကောင် ဝိညာဉ်နတ်ဆိုးဟု ခေါ်ပြီး လူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လူ့ဝိညာဉ်ကို ပိတ်လှောင် နိုင်သည်။ ၎င်းထဲ ထောင်ချောက်မိသွားပါက ပြန်မလွတ်မြောက်နိုင်တော့ဘဲ သေသွားတာကပင် ပိုကောင်းမည့် အဖြစ်နှင့် ကြုံရပေမည်။
“မင်း တော်တော် ယုတ်မာတယ်”
ထန်မင်လီက အံကြိတ်၍ ပြောလေသည်။ တစ်ဖက်လူ၏ သိုင်းအဆင့်က သူတို့ထက် မြင့်သည့်အပြင် ယခု တစ်ဖက်လူက စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကိုသုံးကာ အဆိပ်ခတ်၍ သူတို့ကို ထိန်းချုပ်ချင်နေ၏။
နတ်ဆိုးများ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် လဲကျကာ သွေးအန်လာပြီး လုံးဝ မတိုက်ခိုက်နိုင်တော့ချေ။
“အဖေ သမီး မလုပ်နိုင်တော့ဘူး၊ သမီး ထပ်ပြီး တောင့်မခံနိုင်တော့ဘူး”
မိန်းမပျိုလေးတစ်ဦးက သူမဖခင်ကို ပြောလာသည်။ လက်ရှိတွင် သူမမျက်နှာက မည်းနက် ပြာနှမ်းနေပြီး အလွန် အဆိပ်မိထားကြောင်း သိသာလှသည်။
“ကလေး ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့၊ အရှင်မင်းကြီးက မင်းအတွက် ဂုဏ်ယူနေမှာပါ”
သူမဖခင်က သူမကို ကြင်ကြင်နာနာ ကြည့်လေသည်။
“တကယ်လား၊ တကယ်လားဟင်၊ အရှင်မင်းကြီး … သူ သမီးအတွက် တကယ် ဂုဏ်ယူနေမှာလား”
ထိုမိန်းကလေးသည် အလွန် ချစ်မြတ်နိုးသော မျက်နှာထားနှင့် ပျော်ရွှင်သွားဟန် ပေါ်လာသည်။ သူမဖခင်က သူမခေါင်းလေးကို ပွတ်၍ နူးညံ့စွာ ပြောလိုက်သည်။
“ဒါပေါ့ အရှင်မင်းကြီး မင်း သူ့အတွက် လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်နေမှာပါ”
“ဒါဆို သမီးနာမည်ကို သူ မှတ်မိနေမှာလားဟင်”
ထိုမိန်းကလေးက အလွန် မျှော်လင့်နေသော မျက်ဝန်းတို့ဖြင့် အပြစ်ကင်းစင်စွာ မေးလာသည်။
“ဝှစ်”
သို့သော် ထိုအချိန်တွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး မိန်းကလေး၏ လည်ပင်း တိခနဲ ပြတ်သွားကာ သွေးများ ပန်းထွက်လာပြီးနောက် သူမ၏ ဦးခေါင်းက မြေကြီးပေါ် လိမ့်ကျသွားသည်။
ယဲ့လုံရှန်းက အပြုံးကြီးပြုံး၍ အနားသို့ လျှောက်လာကာ သူမ၏ ခေါင်းပြတ်နေသော အလောင်းကို ကြည့်၍ ခနဲ့လိုက်သည်။
“သူ မင်းနာမည်ကို မှတ်မိမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူ ရောက်လာတဲ့အချိန်ကျရင် အသားတုံး အပုံလိုက်ကိုပဲ မြင်ရမှာမို့လို့လေ ဟားဟား”
ထို့နောက်တွင်မူ သူသည် လက်တစ်ဖက်ဖြင့် ထိုမိန်းကလေး၏ အလောင်းကို ရိုက်ချလိုက်သည်။ ထိုမိန်းကလေး၏ အလောင်းက မမှတ်မိနိုင်လောက်အောင် အသားပြား ဖြစ်သွားလေသည်။
“သမီး”
သူ့သမီး၏ ဆိုးရွားသော အဖြစ်ကိုမြင်ပြီး ဖခင်ဖြစ်သူ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာလေသည်။ ယဲ့လုံရှန်းက သူ့သမီးအား အလောင်းပင် အကောင်းပကတိ မချန်ထားချေ။
“ဝမ်းနည်းမနေနဲ့၊ ဘာပဲဖြစ်ဖြစ် မကြာခင် မင်း သူနဲ့ ငရဲမှာ ပြန်ဆုံမှာပဲကို”
ယဲ့လုံရှန်းက ရယ်မောလိုက်ပြီး ထိုလူအား လက်ဝါးဖြင့် ရိုက်သတ်လေသည်။
“ယဲ့လုံရှန်း ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ဖခင်ဖြစ်သူက မကျေမနပ် အော်ဟစ်လာသည်။ ထို့နောက်တွင်မူ ယဲ့လုံရှန်း၏ လက်ဝါးချက်အောက်၌ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများ အံ့ဩသွားပြီး တကျုံးနှင့် အခြားသူများကို နုတ်နုတ်စင်းချင်စိတ် ပေါက်နေ၏။
“မကြာခင် မင်းတို့အားလုံး အသိစိတ် လွတ်သွားပြီး ငါ့အလောင်းကောင် ဝိညာဉ် နတ်ဆိုးရဲ့ ထိန်းချုပ်တာကို ခံရတော့မှာကွ”
ယဲ့လုံရှန်းက ကျယ်လောင်စွာ ရယ်မော၍ ဆိုးယုတ်စွာ ပြုံးနေသည်။
“ပြီးရင် မင်းတို့ခန္ဓာကိုယ်ကို ယဲ့ဖန်နဲ့ တိုက်ခိုက်တဲ့နေရာမှာ သုံးမယ်”
ထိုစကားကိုကြားသော် ထန်မင်လီနှင့် အခြားသူများ ချက်ချင်း သွေးပျက်သွားလေသည်။ သူတို့ကို ယဲ့ဖန်နှင့် တိုက်ခိုက်ရာတွင် အသုံးချမည်တဲ့လား။ တစ်ဖက်လူက စက်ဆုပ်ဖွယ် ကောင်းလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့ကို ဘယ်သောအခါမှ တိုက်ခိုက်မည် မဟုတ်သည်ကို ယဲ့လုံရှန်း သိနေသောကြောင့်ပင်။
“ပြီးတော့ မင်းတို့ရဲ့ အသိစိတ်တွေက ရှိနေဦးမှာ၊ ဒါပေမဲ့ မင်းတို့ကိုယ်က ငါ ထိန်းချုပ်တာကို ခံနေရမှာ၊ ဆိုလိုတာက မင်းတို့ကို ယဲ့ဖန် သတ်တာ ဒါမှမဟုတ် မင်းတို့လက်နဲ့ ယဲ့ဖန်ကို သတ်တာကို မင်းတို့ မျက်လုံးနဲ့ မြင်နေရမှာပေါ့ကွာ”
ယဲ့လုံရှန်း အားရကျေနပ်စွာ ရယ်မောနေသည်။ ထိုကဲ့သို့ အဖြစ်ဆိုးလှသည့် လူ့ဆက်ဆံရေးက သူ့အတွက် စိတ်ဝင်စားစရာ ကောင်းလှသည်။
ယဲ့ဖန် ရောက်လာချိန်တွင် သူ့လက်အောက်ငယ်သားများက မိမိ၏ ရုပ်သေးရုပ်များ ဖြစ်နေသည်ကို မြင်လျင် မည်သို့ တုံ့ပြန်မလဲ သူ သိချင်နေလေပြီ။
“ဝုန်း”
အလောင်းကောင်ဝိညာဉ်နတ်ဆိုး၏ နတ်ဆိုးစွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအင်က သည်းကြီးမည်းကြီး ပျံ့လွင့်လာပြန်သည်။
ထန်မင်လီသည် ရုတ်တရက် မိမိကိုယ်က အထိန်းအချုပ်မဲ့သွားပြီး သူ့ဝိညာဉ် အကျဉ်းချခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ့နဖူး၌ ထူးဆန်းသော အမှတ်တစ်ခု ပေါ်လာ၏။
“မလုပ်နဲ့”
အခြား နတ်ဆိုးမျိုးနွယ်များလည်း ထိုနည်းတူပင်။ သူတို့၏ ခန္ဓာကိုယ်များကို ခံစား၍ မရတော့သလို ဖြစ်လာကြသည်။ အသိစိတ်ရှိနေသော်လည်း ခန္ဓာကိုယ်က အထိန်းအကွပ် မဲ့လာသည်။
ယဲ့လုံရှန်းက အားရကျေနပ်စွာ ပြုံးလိုက်သည်။
“ဒူးထောက်စမ်း”
“ဒုန်း ဒုန်း ဒုန်း”
ထိုအခါ တစ်ယောက်ပြီး တစ်ယောက် တဖြည်းဖြည်း ဒူးထောက်လာလေသည်။ ထန်မင်လီနှင့် အခြားသူများ၏ မျက်နှာတွင် အလွန် အရှက်ရသောစိတ်နှင့် မုန်းတီးစိတ်တို့ အတိုင်းသား ပေါ်လွင်နေသည်။
သူတို့ တစ်သက်လုံး ယဲ့ဘုရင်ကိုသာ ဒူးထောက်သော်လည်း ယဲ့လုံရှန်းက ဤစက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကို သုံးပြီး သူတို့ကို ဒူးထောက်အောင် ပြုလုပ်သဖြင့် ရှက်စရာ ကောင်းလှသည်။
ဤသည်ကိုမြင်သော် တကျုံးနှင့် အခြားသူများ၏ မျက်နှာတွင် အားကျသော အမူအရာများ ပေါ်လာသည်။ ဤသို့ ပြိုင်ဘက်ကင်းသော နတ်ဆိုးစစ်တပ်နှင့်ဆိုလျင် လောကထဲမှ မည်သူက ဆန့်ကျင် တိုက်ခိုက်နိုင်ပါမည်နည်း။
ယဲ့လုံရှန်း၏ နည်းလမ်းများက ကြောက်စရာ ကောင်းလှသည်။ ထိုအခိုက်တွင် ထန်မင်လီတို့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်ကို သူတို့ လုံးဝ ထိန်းချုပ်မရချေ။
ထို့နောက် ယဲ့လုံရှန်းက ထန်ယွင်အာနှင့် အခြားသော မိန်းကလေးများ ရမ္မက်ထန်သော မျက်လုံးများဖြင့် ကြည့်၍ အမိန့်ပေးလိုက်သည်။
“မင်းတို့ အဝတ်အစားကို ချွတ်လိုက်”
“ဟားဟားဟား မစ္စတာယဲ့ ခင်ဗျားက တကယ် လူမဆန်တာပဲ၊ ဒါပေမဲ့ ကျုပ် သဘောကျတယ်”
တကျုံးက အားပါးတရ ရယ်လေသည်။ ထန်ယွင်အာ၏ မျက်လုံးတွင် မျက်ရည်တို့ဖြင့် ပြည့်နေသည်။ သူမ ကြံရာမရ ဖြစ်နေပြီး လက်ရှိတွင် ချက်ချင်း သေချင်စိတ် ပေါက်နေ၏။
“ဝမ်းနည်းမနေပါနဲ့ ကလေးမလေးရဲ့၊ ငါက ယဲ့ဖန်ရဲ့ ဘိုးဘေးပါ၊ သူက မင်းရဲ့ ဖြူစင်မှုကို ငါ့ဆီမှာ ဂါဝရပြု လက်ဆောင်အဖြစ် ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့၊ ငါတို့က တစ်မိသားစုတည်းပဲကို၊ ခံစားမနေပါနဲ့ ဟားဟားဟား”
ယဲ့လုံရှန်းက ဆိုးယုတ်စွာ ရယ်နေသည်။
“ပြီးတော့ ဒီအဘိုးကြီးက အိုနေပင်မယ့် သန်ပါသေးတယ်၊ မင်း သေမတတ် ကောင်းအောင် ခံစားရစေမယ်လို့ ငါ အာမခံတယ်”
သူ၏ အရှက်မဲ့သော စကားသံအဆုံး၌ ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါဆို ကျုပ်လည်း ခင်ဗျားအသက်ကို သေတာထက် ဆိုးအောင် သေချာပေါက် လုပ်ပေးမယ်လို့ အာမခံတယ်”
ယဲ့လုံရှန်းနှင့် အခြားသူများ ချက်ချင်း မှင်တက်သွားပြီး အားလုံး အပေါ်ကို မော့ကြည့်လိုက်သည်။ ထိုအခါ မာန်အပြည့်နှင့် ပုံရိပ်တစ်ခုက ခပ်လှမ်းလှမ်း ကောင်းကင်ယံမှနေ၍ ဒေါသတကြီး လာနေသည်ကို တွေ့လိုက် ရသည်။
သူ့အနောက်တွင် အနက်ရောင် အငွေ့အသက်များက တိမ်မည်းသဖွယ် ဒီရေလှိုင်းအလား ရွေ့လျားလာပြီး ဖြတ်သွားသမျှ နေရာတိုင်းက ထူးခြား၍ အေးစက်စေပြီး လက်ရှိတွင် လေထုဖိအားက နှစ်ဆတိုးလာသည်။
ယင်ယန်စွမ်းအင်များ ရုတ်တရက် ကပြောင်းကပြန် ဖြစ်သွားပြီး မိုးမြေ တုန်ခါလာပြီး ကောင်းကင်ပင် လှုပ်ခါလာပြီး အနက်ရောင် အလင်းတန်းက နေရာအနှံ့ ပျံ့နှံ့နေပြီး နတ်ဆိုးစွမ်းအင်က တစ်လောကလုံးကို သတ်တော့မည့်အလား ထွက်ပေါ်နေ၏။
“ဒီအရှိန်အဝါက …”
တကျုံးနှင့် အခြားသူများ ရုတ်တရက် မျက်နှာပျက်သွားသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ အနက်ရောင် အခိုးအငွေ့များက ဖုံးလွှမ်းလာပြီး တစ်လောကလုံး အမှောင်ကျကာ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်ကာ ကမ္ဘာပျက်တော့မည့်အလား ဖြစ်လာသည်ကို တွေ့လိုက်ရသည်။ မသိလျင် ငရဲသို့ ရောက်နေသည်ဟု ထင်မှတ်ရသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*လူတစ်ယောက်ရဲ့ ခွန်အားက ကောင်းကင်ယံကို ဝါးမျိုပြီး မြေကမ္ဘာကို စိုးမိုးနိုင်တာလား*
*ငါတို့ရှေ့က လူက တော်တော် ကြောက်စရာကောင်းတာပဲ*
လက်ရှိတွင် သူတို့အားလုံး နတ်ဆိုးနတ်ဘုရား ရောက်လာသည်ဟု ထင်မှတ်မှားလာပြီး တစ်ကိုယ်လုံး ကြက်သီး ထကာ သွေးပျက်လာ၏။
“အားလုံး ပျက်စီးရမယ်”
ယဲ့ဖန် တိုက်ခိုက်တော့ပေမည်။ လူသတ်ချင်စိတ်များ ပါဝင်နေသော နတ်ဆိုးဆန်သည့် အသံ ထွက်ပေါ် လာပြီးနောက် နှိုင်းယှဉ်မရသော နတ်ဆိုးစွမ်းအင်က အရှေ့၊အနောက်နှင့် အထက်အောက်အနှံ့ ပျံ့လွင့်သွားသည်။
ဤမြင်ကွင်းက တကျုံးနှင့် အခြားသူများကို ရင်တုန်လာစေသည်။ ငရဲမှ အစိတ်အပိုင်းတစ်ခု ကျဆင်းလာ သည့်အလား ကြောက်စရာ ကောင်းလှသည်။
သို့သော် ယဲ့လုံရှန်းက ထူးဆန်းစွာ ပြုံး၍ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“တားကြစမ်း”
သူ၏ ထိန်းချုပ်မှုအောက်၌ သေရမည်ကို မကြောက်သော ထန်မင်လီတို့သည် စိတ်မပါသော်လည်း ရှေ့တက်၍ ယဲ့လုံရှန်းအတွက် လူသားဒိုင်းအဖြစ် ထိုစွမ်းအင်ကို တားဆီးရလေသည်။
ရုတ်တရက် ယဲ့ဖန်၏ အေးစက်သော မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အလျင်အမြန် လက်ရုတ်လိုက်သည်။ ထိုအခါ ကမ္ဘာတုန်လောက်သည့် နတ်ဆိုးစွမ်းအင်က တစ်ခဏအတွင်း ဘေးသို့ လွင့်ပြယ်သွားသည်။
ထို့နောက် ပြင်းထန်သော နတ်ဆိုးစွမ်းအင်က အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွား၏။ ရုတ်တရက် တောတောင်များ ပျက်စီးကာ တောင်ဆယ့်နှစ်လုံး ပြိုကျသွားပြီး အမှုန့်ဖြစ်သွားလေသည်။
ယဲ့ဖန်သည် တိုက်ကွက်ကို အတင်း ပျက်ပြယ်စေလိုက်ရသဖြင့် ၎င်းက ပစ်လွှတ်တော့မည့်မြားကို ပြန်ဆွဲလိုက်သည်နှင့် တူနေသည်။ ချီစွမ်းအင်နှင့် သွေးတို့ တဟုန်းဟုန်း တောက်လောင်နေပြီး လည်ချောင်းထဲ၌ ငန်ကျိကျိ ဖြစ်လာသည်။ သူ သွေးအန်လုနီးပါး ဖြစ်သွားခြင်းပင်။
“ယဲ့ဖန် နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ၊ သနားစရာပဲ မင်း ခြေတစ်လှမ်းလောက် နောက်ကျသွားတယ်ကွ၊ မင်းလူတွေအားလုံးကို ငါ ပိုင်သွားပြီ”
ယဲ့ဖန်ကို ကြည့်နေသော ယဲ့လုံရှန်း၏ မျက်လုံးတွင် ဂုဏ်ယူမှုများ ပြည့်နေ၏။ သူ ယဲ့ဖန်ကို အချင်းချင်း ပြန်သတ်စေချင်နေ၏။ ယဲ့ဖန် မွေးမြူခဲ့သော နတ်ဆိုးစစ်တပ်ကို သူ့လက်ဖြင့် ပြန်ဖျက်ဆီးရပေတော့မည်။ ဤသည်ထက် ပိုကြည့်ကောင်းသောအရာ ရှိပါဦးမည်လော။
“ငါ့အမျိုးသမီးကို ထိခိုက်အောင် လုပ်တယ်၊ ငါ့ညီအစ်ကိုတွေကို သတ်တယ်၊ ခင်ဗျား … သေကိုသေရမယ်”
ယဲ့ဖန် အံကြိတ်နေပြီး ယဲ့လုံရှန်းအား အရိုးထဲအထိ မုန်းတီးနေ၏။ ယဲ့မိသားစုဝင်အားလုံးက စက်ဆုပ်ဖွယ် ကောင်းပြီး အရှက်မရှိသော လူများ ဖြစ်နေသည်။
ယဲ့ဖန်က သတ်ချင်နေသော်လည်း ထန်မင်လီနှင့် အခြားသူများက သူ့ရှေ့၌ နာကျင်၍ မတတ်သာသော အမူအရာနှင့် သူ့ရှေ့၌ ရပ်နေသည် မဟုတ်ပါတကား။
“အရှင်မင်းကြီး သတ်လိုက်ပါ၊ ကျွန်တော်တို့ သေမှာ မကြောက်ပါဘူး”
ထန်မင်လီက ယဲ့ဖန်ကို အော်ပြောလိုက်သည်။
“အရှင်မင်းကြီး ထပ်တွေဝေမနေပါနဲ့၊ ဒီလိုဆက်ဖြစ်နေရင် ကျုပ်တို့အားလုံး သေရပါလိမ့်မယ်၊ ကျုပ်တို့ ဒီဘဝ အရှင့်ဆီမှာ အမှုထမ်းခဲ့ရပြီပဲ၊ ကျုပ်တို့ နောင်တမရဘဲ သေနိုင်ပါပြီ”
“ကျုပ်တို့ နောင်တမရဘဲ သေနိုင်ပါပြီ”
“ဟားဟားဟား လူသားတွေကွာ … ဒါ ငါ အကြိုက်ဆုံးမြင်ကွင်းပဲကွ”
ယဲ့လုံရှန်းက ခံစားချက်ကင်းမဲ့စွာဖြင့် ရယ်လာသည်။ ထို့နောက် ယဲ့လုံရှန်းက ခက်ထန်သော မျက်နှာထားနှင့် အော်လိုက်သည်။
“သတ်ကြစမ်း”
ထန်မင်လီနှင့် အခြားသူများက ယဲ့ဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ် အပြင်းအထန် ဒဏ်ရာရသွားသည်။ သူ၏ ကိုယ်ကို ကာကွယ်ရန် ချီစွမ်းအင်ပင် ထုတ်မသုံးရဲပါ။ အကြောင်းမှာ သူ၏ အရှိန်အဝါကတင် ထန်မင်လီတို့ကို လွင့်ထွက်သွားစေရန် လုံလောက်သောကြောင့် ဖြစ်ပေသည်။
ဆယ်ချက်၊ အချက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ ပြင်းထန်သော တိုက်ကွက်များ ယဲ့ဖန်ပေါ်သို့ အသီးသီး ကျလာသည်။ တိုက်ခိုက်မှု တိုးလာသည်နှင့်အမျှ ဒဏ်ရာကလည်း တိုးလာသည်။
ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများ နာကျင်လာကြသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စီးကျနေ၏။
ထန်ပုခူသည် သူတို့ထံမှ ပြင်းထန်သော ဝေဒနာကို မြင်တွေ့နေရဖြင့် ဆက်မကြည့်ရက်တော့ဘဲ မျက်လုံးမှိတ် လိုက်မိသည်။
“ယဲ့ဖန် သူတို့အားလုံးက ငါ့ အလောင်းကောင်ဝိညာဉ်နတ်ဆိုးထံမှာ ထိန်းချုပ်ခံနေရပြီးသား၊ မင်း သူတို့ကို မသတ်ရင် သူတို့က မင်းကို အသေသတ်မှာကွ၊ ဟားဟားဟား”
“သူတို့ကို သတ်မလား ဒါမှမဟုတ် သူတို့ သတ်တာ ခံမလား၊ တစ်ခုခုကို ရွေးလိုက်”
ယဲ့ဖန် ဘာကိုရွေးရွေး ရလဒ်က သူတို့အတွက် နာကျင်စရာ ကောင်းမှာ အသေအချာပင်။ ထိုစဉ် ယဲ့ဖန်က ပါးစပ်မှ သွေးကို သုတ်၍ ပြုံးလာသည်။
“ငါ တတိယတစ်ခုကိုပဲ ရွေးမယ်”
“အဲ့ဒါက ပျက်စီးခြင်းပဲ”