← Chapters

အခန်း ၁၅၀၉

Vol. 101 Ch. 1509

အခန်း ၁၅၀၉

Vol. 101 Ch. 1509

Chapter 1509 ခင်ဗျား … သေလိုက်တော့

ရုတ်တရက် တောတောင်များနှင့် ပင်လယ်များမှာ မြည်ဟီးသံ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ကြယ်တာရာ ပင်လယ် ပေါ်လာပြီး အသက်စွမ်းအင်များ ပြည့်နှက်နေသော ရှေးဟောင်း ကြယ်တာရာများ လည်ပတ်နေကာ ယဲ့လုံရှန်းထံသို့ ဥက္ကာခဲ ကျလာသကဲ့သို့ ကျဆင်းလာ၏။

ထိုအခိုက်တွင် တစ်လောကလုံး ကပြောင်းကပြန် ဖြစ်သွားပြီး ကြောက်စရာသော မြည်သံများက လောကအနှံ့ ပဲ့တင်ထပ်လာသည်။

ကောင်းကင်ခွင်း ကြယ်တာရာများ ချက်ချင်း ကျဆင်းလာပြီးနောက် နတ်ဘုရားစွမ်းအင်များ တုန်ခါလာပြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေဆီလွှာများ ပျက်စီးကာ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ကြယ်တာရာနယ်မြေ ငြိမ်သက်သွားပြီး အရာအားလုံး ပျောက်ကွယ်သွားသည်။

ထို့နောက် အမှောင်ထု ပေါ်ထွက်လာသည်။ ဤသည်ကိုမြင်သော် ယဲ့လုံရှန်းနှင့် အခြားသူများ ကြက်သီးတဖြန်းဖြန်း ထကာ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားကြသည်။

*မယုံနိုင်စရာပါလား*

တောက်ပသော အလင်းများ ရှိနေသော နေ့တာသည် ရုတ်တရက် အမှောင်ထုထဲသို့ ကျရောက်သွားသည်။ ရှုကျိုး တစ်ခုလုံး အမှောင်ထု၏ ဝါးမျိုခြင်း ခံသွားရသည်။ လိပ်ပြာလွင့်မတတ် ကြောက်လန့်စရာ ကောင်းလှသည်။

ယဲ့လုံရှန်း မှင်တက်သွားပြီး လက်ကြားထဲမှ ချွေးများ ဆက်တိုက် စိမ့်ထွက်လာပြီး မျက်နှာတစ်ပြင်လုံး ကြည့်ရဆိုးလာသည်။

*ဒီလိုနည်းလမ်းမျိုးက ကောင်းကင်ကို ဆန့်ကျင့်နေတဲ့အရာပဲ နတ်ဘုရင်တောင်မှ ဒီလို မလုပ်နိုင်ဘူး*

တိမ်မည်းများ ဖုံးအုပ်ခြင်း မဟုတ်သလို မိုးသက်မုန်တိုင်း ကျချင်သည့် လက္ခဏာလည်း မဟုတ်ချေ။ နေအား နတ်ဆိုးစွမ်းအင်က ဖုံးလွှမ်းသွားခြင်း ဖြစ်ပြီး နေ့အလင်းရောင်အားလုံး ပျောက်ကွယ်သွားသည်။ လေထုပင် နောက်ကျိလာပြီး လောကထဲသို့ ငရဲရောက်လာလေသလားဟု ထင်မှတ်ရသည်။

ချက်ချင်းဆိုသလိုပင် တာအိုသဘောတရားများ ကပြောင်းကပြန်ဖြစ်ကာ လူတိုင်း သွေးပျက်လာကြသည်။ လောကအဆုံးသတ်ကို ရောက်တော့မယောင်ပင်။

ရှုကျိုးတစ်ခုလုံး အော်ဟစ်လာပြီး သက်ရှိအားလုံး‌ေ ချာက်ချားလာသည်။ သို့သော် ထိုအခိုက်တွင် ထန်မင်လီနှင့် အခြားသူများ တွေဝေနေကြသည်။ သူတို့ဘုရင်က လောကကြီးကိုတောင်မှ ကပြောင်းကပြန် ဖြစ်အောင် လုပ်နိုင်သည်ပဲ။

ထန်ပုခူကမူ မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြာနေသည်။ ဒါမှ သူမအမျိုးသားပင်။ ကြမ်းကြုတ်၍ ပြိုင်ဘက်ကင်းပြီး နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

တစ်ခဏကြာသော် ထန်ပုခူနှင့် အခြားသူများအားလုံး မချိပြုံး ပြုံးလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ သူတို့ ဤနေရာသို့ လာခြင်းက မလိုအပ်သော လုပ်ရပ် ဖြစ်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။

နတ်ဆိုးဧကရာဇ်သည် ကြမ်းကြုတ်၍ ထည်ဝါသည်။ အဘယ်ကြောင့် သူတို့ကိစ္စကို ဝင်ပါရန် လိုအပ်ပေမည်နည်း။

ယဲ့လုံရှန်းနှင့် အခြားသူများမှာမူ သူတို့၏ ဝိညာဉ်များ မရှိတော့သလို ခံစားလိုက်ရသည်။

*ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲ*

“မဟာအမှောင်ထု၊ ဒါ မဟာအမှောင်ထုပဲ”

တကျိုးက စိုးရိမ်တကြီး ထအော်လေသည်။ သူ့အသံတွင် အလွန် ကြောက်ရွံ့ဟန်များ ပေါ်နေ၏။

“မဟာအမှောင်ထုဆိုတာ ဘာလဲ”

“ငါ ရှေးစာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတာ၊ ရှေးခေတ်ထက် ပိုရှေးကျတဲ့ စဦးခေတ်အချိန်က လူတစ်ယောက်က နတ်ဘုရားတွေကို သွေးပျက်အောင် လုပ်ခဲ့တယ်”

“အဲ့နေ့က အဲ့လူက တစ်ယောက်တည်းနဲ့ နတ်ဘုရားမြို့တော်ကို တိုက်ခိုက်ပြီး နတ်ဘုရား အယောက် တစ်ထောင့်ရှစ်ရာကို သတ်ဖြတ်ပြီး သွေးချောင်းစီးအောင် လုပ်ခဲ့တယ်”

“အဲ့နေ့က တစ်ခါမှ နေမဝင်ခဲ့တဲ့ နတ်ဘုရားမြို့တော်ကို အမှောင်ထုက ဝါးမြိုသွားခဲ့တယ်၊ အဲ့အချိန်ကစပြီး ဘာအလင်းရောင်မှ မရှိတော့ဘဲ နတ်ဘုရားမြို့တော်တစ်ခုလုံး ထာဝရ ညတာထဲ ကျသွားတော့တာပဲ”

“အဲ့နေ့ကစပြီး နတ်ဘုရားမြို့တော်ရဲ့ ညအမှောင်ထုက တောမီးလို နှစ်တစ်သောင်းအထိ ဒဏ္ဍာရီအဖြစ် တည်ရှိနေခဲ့တာ”

*နတ်ဘုရားမြို့တော်မှာ နှစ်တစ်သောင်းတိတိ အမှောင်ထုပဲ စိုးမိုးခဲ့တာတဲ့လား*

လူအုပ်ကြီးက ချက်ချင်း ချောက်ချားသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ထိုကောလာဟလများကို ကြားဖူးသည်။ သို့သော် နှစ်တွေလည်း ကြာလွန်းနေပြီ ဖြစ်ပြီး အမှန်တရားကို အတည်ပြုရ ခက်သောကြောင့် လူတော်တော်များများက အမှန်ဟု မယုံကြချေ။

ထိုအချိန်တွင် တကျိုးက ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာ၏။

“အဲ့နေက အဲ့လူ သုံးခဲ့တဲ့ အရာက ဒီမဟာအမှောင်ထုပဲ”

*နတ်ဘုရားမြို့တော်ကို အမှောင်ထုဖုံးစေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ သိုင်းကွက်က အခု လောကထဲ ပြန်ပေါ်လာပါလား*

ယဲ့လုံရှန်နှင့် အခြားသူများ ကြက်သီးထလာကြသည်။

*ဘာလို့ ဒီကောင်က ဒီလို ကြောက်စရာကောင်းတဲ့ သိုင်းကွက်ကို သုံးနိုင်ရတာလဲ၈

ရှေးခေတ်အခါက သူတော်စင်သခင်အဆင့်များသည် ခွေးများသဖွယ် များပြားခဲ့ပြီး နတ်ဘုရင်အဆင့်များက ဟိုဟိုဒီဒီ သွားလာခဲ့ကြသည်။ စဦးခေတ်များက အင်မော်တယ် ဧကရာဇ်သည် ပုရွက်ဆိတ်တမျှသာ ရှိခဲ့ပြီး သူတော်စင်များက လောကတစ်ခွင်ကို ကြီးစိုးခဲ့သည်။

ရှည်လျားသော သမိုင်းကြောင်းတွင် အမှောင်ထုနှင့် ဝရုန်းသုန်းကား အခြေအနေများ ရှိခဲ့သည်။ ရှည်လျားလှသော သမိုင်းအား စကားလုံးဖြင့် ဖော်ပြရန် မလုံလောက်ချေ။ ကမ္ဘာဦး ဝိညာဉ်များပင် အေးအေးလူလူ မနေခဲ့ရသည့် ခေတ်တစ်ခေတ်ပင် ရှိခဲ့ဖူးသည်။ ကျယ်ပြောလှသော စကြဝဋ္ဌာထဲ၌ ကြောက်စရာကောင်းသော သက်ရှိများ မရေတွက်နိုင်အောင် ရှိလေသည်။

သူတို့သည် ဂြိုဟ်များနှင့် နဂါးငွေ့တန်းများကို ဖျက်ဆီးနိုင်ပြီး အတွေးတစ်ချက်နှင့် မိုင်ထောင်ချီကို အသာလေး သွားလာနိုင်ကာ အလင်းနှစ်အား အသက်တစ်ကြိမ် ရှူစာအတွင်း သွားလာနိုင်၏။

ကမ္ဘာဂြိုဟ်သည် ဖန်ဆင်းရှင် ဝိညာဉ်များထဲမှ တစ်ခု၏ ဖန်တီးထားသော ဂြိုဟ်ဖြစ်သည်။

မဟာအမှောင်ထုသည် ရှေးဦးခေတ်က ရှေးဟောင်း နတ်ဘုရားများစွာကို သတ်ဖြတ်နိုင်စွမ်း ရှိခဲ့သောကြောင့် ဤသိုင်းကွက်က မည်မျှ ကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။

သို့သော် နတ်ဘုရားမြို့တော်ကို ချိုးဖောက်ဝင်ရောက်ခဲ့သောသူက လုယာဟု ခေါ်တွင်ကြောင်း သူတို့ မသိကြချေ။ လုယာ တိုက်ခိုက်ပြီးနောက် နတ်ဘုရား စစ်ပွဲ စတင်ခဲ့လေသည်။

ရှေးဟောင်း နတ်ဘုရားသည် လုယာကြောင့် အကြီးအကျယ် ဒဏ်ရာရသွားပြီးနောက် သမိုင်းခေတ်စင်မြင့်ထက်မှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် နတ်ဘုရား အသစ်များ ပေါ်လာပြီး အရှေ့ဘက် ကောင်းကင်ဘုံခုံရုံးကို ဖန်တီးခဲ့ကာ လက်အောက် ငယ်သားများက နယ်မြေခြောက်ခုတွင် ပြန်လည်ဝင်စားခြင်း ပြုကြပြီး လောကကို ထိန်းချုပ်ကြလေသည်။

လုယာက ခေတ်ကို ပြောင်းလဲပြီး သမိုင်း၏ တိုးတက်မှုကို အဆင့်မြှင့်တင်ခဲ့ပြီး ဤလောကကို ပြန်လည်သစ်လွင်စေခဲ့သည်ဟု ဆိုနိုင်ပေသည်။

“မင်းတို့ ဘာတွေကြောက်နေတာလဲ၊ သူ့လူတွေ ဒီမှာ ရှိနေမှတော့ သူ့တိုက်ကွက်က ဘယ်လောက် ကောင်းကောင်း သူ လက်လျှော့ရုံပဲ တတ်နိုင်မှာပေါ့”

ယဲ့လုံရှန်းက အပြုံးကြီး ပြုံးနေပြီးနောက် အော်၍ အမိန့်ပေးလိုက်သည်။

“သူ့ကို တားကြစမ်း”

ဤလူသားဒိုင်းများနှင့်ဆိုလျင် ယဲ့ဖန်က သူ၏ ဆံပင်တစ်ချောင်းကိုပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပါ။ ယဲ့ဖန်က သူ့လူများကို ကျော်ဖြတ်၍ သူ့ကို သတ်လိမ့်မည်ဟု သူ မယုံကြည်ပါ။ သို့သော် ယဲ့ဖန်၏ လက်အောက်ငယ်သားများ တုပ်တုပ်မျှ မလှုပ်သည်ကို သူ သတိထားမိသွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တစ်ခဏကြာသော် သူသည် သွေးပျက်နေသော မျက်လုံးများဖြင့် အံ့ဩတကြီး ထအော်လေသည်။ သူ့ပုံစံက မယုံနိုင်သည့် ပုံပင်။

*ငါ့ရဲ့ ဝိညာဉ် ထိန်းချုပ်ခြင်း သိုင်းကွက်က ကျရှုံးသွားတာလား*

ထို့နောက် သူ အံကြိတ်၍ အလောင်းကောင် ဝိညာဉ်နတ်ဆိုးကို အလျင်အမြန် ထပ်၍ ထိန်းချုပ်လေသည်။ နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်လာသော်လည်း ပင်လယ်ထဲသို့ ရွှံပေနေသော နွားတစ်ကောင် ကျသွားသကဲ့သို့ ချက်ချင်း ဝါးမျိုခံရပြီး ပျောက်ကွယ်သွားသည်။

ဤသည်ကိုမြင်သော် တကျုံးနှင့် အခြားသူများလည်း မယုံနိုင်သော အမူအရာများ ဖြစ်လာကြသည်။ ထန်မင်လီနှင့် အခြားသူများမှာမူ ကြက်သေ သေနေကြသည်။

“ထိန်းချုပ်ခံထားရတာကနေ လွတ်သွားပြီလား”

“ငါ့ကိုယ်ထဲက အပုပ်ကောင်အဆိပ်က မြန်မြန်ဆန်ဆန် ကျနေတယ်၊ ဒါ ဘယ်လိုဖြစ်တာလဲ”

ယဲ့လုံရှန်း၏ သိုင်းကွက်က သူတို့ကို မည်သို့မျှ တိုက်ခိုက်နိုင်စွမ်း မရှိအောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူတို့ သေချာပေါက် သေရလိမ့်မည်ဟု ထင်မှတ်ခဲ့လေသည်။ သို့သော် ယဲ့ဖန်က တစ်ခါတည်းဖြင့် မဖြစ်နိုင်ဟု ထင်ရသော အရာကို ဖြေရှင်းလိုက်လေပြီ။

လက်ရှိတွင် ယဲ့လုံရှန်သည်လည်း သူ၏ အလောင်းကောင် ဝိညာဉ်နတ်ဆိုးက တုန်ခါနေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်နေ၏။ ၎င်းက တစ်စုံတစ်ရာကို ကြောက်လန့်နေသည့်ပုံပင်။

“ဒီနယ်မြေမှာ ငါက အရှင်သခင်ပဲ၊ မင်း … သေကိုသေရမယ်”

ထိုစကားကိုကြားသော် ယဲ့လုံရှန်းနှင့် အခြားသူများ မျက်နှာမည်းမှောင်သွားသည်။ သူတို့ဘက်၌ လေးယောက် ရှိသော်လည်း တစ်ဖက်တွင် တစ်ယောက်တည်းသာ ရှိသည်။ သို့ဖြစ်သော်ငြားလည်း ဤသို့ လေတစ်လုံး မိုးတစ်လုံး ပြောရဲသည်တဲ့လား။

ယဲ့လုံရှန်းသည် အင်မော်တယ် ဧကရာဇ်အဆင့်အောက်၌ နံပါတ်တစ် ဖြစ်ပြီး နတ်ဘုရင်အဆင့်အတွင်း သူ့အား မည်သူမှ မယှဉ်နိုင်ချေ။ ယဲ့ဖန် မည်သို့ အစွမ်းအစ ရှိနေပါစေ သူနှင့် ရင်ဆိုင်ရလျင် သေခြင်းဖြင့်သာ အဆုံးသတ် ရပေလိမ့်မည်။

“မင်း ငါ့ကို ဘယ်လို သေအောင် လုပ်မလဲ ငါ သိချင်သား”

ယဲ့လုံရှန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ့မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်လွင်လာပြီး ကြောက်စရာကောင်းသော ဖိအားက ယဲ့ဖန်ထံသို့ ဒီရေအလား တိုးဝင်သွားသည်။

ထို့နောက် သူသည် ချိပ်တံဆိပ်များကို ဆက်တိုက် ရေးဆွဲပြီး ၎င်းတို့က အချင်းချင်း ချိတ်ဆက်ကာ အားပြင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ယဲ့ဖန်အား အရှိန်ဖြင့် တိုက်ခိုက်လေသည်။

“နတ်ဘုရား ချိပ်တံဆိပ်”

ကျယ်လောင်သော အော်သံနှင့်အတူ ထိုစွမ်းအားက ယဲ့ဖန်ထံ ဦးတည်ပျံ့လွင့်လာပြီး အညှာအတာမဲ့စွာ တရစပ် ထိုးနှက်လာသည်။

ရုတ်တရက် လူတိုင်း မိမိပေါ် တောင်တစ်လုံး ပြုတ်ကျလာသည်ဟု ခံစားမိကာ ရင်ဘတ် တင်းကြပ်၍ အသက်မရှူနိုင်သလို ဖြစ်ပြီး အသိစိတ် ပြိုလဲလာ၏။

ယဲ့လုံရှန်း၏ လက်မှ အဆက်မပြတ် ထွက်ပေါ်လာသော ဖိနှိပ်နိုင်သော စွမ်းအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်ကာ လူအများအား ကြောက်လန့်တကြား တုန်ယင်လာစေသည်။

*သန်မာတယ်*

*တကယ် သန်မာလွန်းတယ်*

ယဲ့လုံရှန်း၏ ပစ်မှတ်က ယဲ့ဖန် ဖြစ်သော်လည်း သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါကို လူတိုင်း ခံစားမိသည်။

ထိုအခိုက်တွင် ထန်မင်လီ၊ ထန်ပုခူနှင့် အခြားသူများအားလုံး စိုးရိမ်နေသော မျက်နှာများဖြင့် တုန်ယင်နေကြသည်။ ယဲ့လုံရှန်း ကိုယ်တိုင် တိုက်ခိုက်လာသဖြင့် အကျိုးဆက်ကို သူတို့ မတွေးဝံ့ချေ။

အင်မော်တယ် ဧကရာဇ်အဆင့်အောက်၌ နံပါတ်တစ်လူ၊ ဤသည်က နတ်ဘုရင်အဆင့်တွင် သူက ပြိုင်ဘက်ကင်း သောလူ ဖြစ်ကြောင်း ဆိုလိုနေသည် မဟုတ်ပါတကား။

နတ်ဘုရင်အဆင့်ဖြစ်သော ယဲ့ဖန်ကလည်း ဆန်းကြယ်မှုကို ဖန်တီးနိုင်ဦးမည်လော။

သို့သော် ယဲ့ဖန်က သူ့ကို ကြည့်ပင် မကြည့်ချေ။ ထိုအစား သူက ထန်ပုခူကို ထူ၍ ဒဏ်ရာများကို ကုသပေးကာ စိတ်ဆိုးမာန်ဆိုးဖြင့် ငေါက်ငမ်းလေသည်။

“အရူး”

“ကျွန်မ မရူးပါဘူး၊ ကျွန်မ ဉာဏ်ကောင်းတယ်”

ထန်ပုခူက နှုတ်ခမ်းစူ၍ မကျေမနပ် ပြန်ပြောလေသည်။

“မင်းသာ ဉာဏ်ကောင်းရင် ပိုင်ရွှယ်ဆီကနေ အလွယ်တကူ သွေးထိုးခံရပါ့မလား”

ယဲ့ဖန်က ဒေါသဖြင့် ပြောလိုက်သည်။

“သူက မင်းကို လာအသေခံခိုင်းတာနဲ့ တကယ် လာအသေခံရလား”

“သူက ကျွန်မကို လာခိုင်းတာ မဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင် လာချင်ခဲ့တာပါ”

ထန်ပုခူက ပိုင်ရွှယ်အတွက် အလျင်အမြန် ကာပြောလေသည်။

“ပိုင်ရွှယ်က ပြောသေးတယ်၊ ကျွန်မ တစ်ယောက်တည်းတဲ့၊ ကျွန်မ တစ်ယောက်တည်းက ပိုလည်းမပိုသလို နည်းလည်း မနည်းဘူး၊ အဲ့ဒါကြောင့် သွားအသေခံဖို့ မလိုပါဘူးတဲ့”

“ဒါဆို မင်း ဘာလို့ ဒီကို ရောက်လာရသေးတာလဲ”

ယဲ့ဖန်က သူမကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများကို ဖြည်းဖြည်းချင်း ပြုပြင်ပေးနေသည်။ သို့သော် သူ ပိုပြုပြင်လေ မျက်လုံး၌ ဒေါသရိပ် ပိုပြင်းလာလေပင်။

အဘယ်ကြောင့်ဆိုသော် ဒဏ်ရာများက သူပင် အခက်တွေ့ရသော ဒဏ်ရာများ ဖြစ်နေသည်ကို သိလိုက်ရသော ကြောင့်ပင်တည်း။ အတိုချုပ် ပြောရလျင် လုံးဝ ပျောက်ကင်းကုသရန် မဖြစ်နိုင်ပေ။

ထန်ပုခူအား သေလုနီးပါး ဖြစ်စေသော ဒဏ်ရာအချို့ ရှိနေသည်။ ယဲ့လုံရှန်က တကယ်ပင် ရက်စက်သော တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကာ သူ့အမျိုးသမီးအား သေစေချင်ခဲ့သည်။

“ရှင့်ကို တစ်ယောက်ယောက် အနိုင်ကျင့်မှာကို ကျွန်မ မကြည့်နိုင်ဘူး”

ထန်ပုခူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“ဒီလောကမှာ ဘယ်သူမှ ရှင့်ကို အနိုင်ကျင့်လို့မရနိုင်ဘူး၊ ကျွန်မလူရဲ့ ဆံပင်တစ်ချောင်းကို ထိရဲတဲ့ ဘယ်သူ့မဆို ကျွန်မ အသေသတ်ပစ်မှာ”

ယဲ့ဖန် မှင်တက်သွားပြီးမှ ထရယ်လေသည်။

“အထက်စီးဆန်လိုက်တာ၊ မင်း ဘယ်ကနေ သင်လာတာလဲ”

ထန်ပုခူက လျှာလေးကိုက်၍ မချိုမချဉ် ပြုံးလာသည်။

“ရှင့်ဆီက သင်တာလေ”

*အရူး*

*ဒီလူက အရူးပဲ*

လူတိုင်း အံ့ဩနေကြသည်။

*ဒါက ဘာလဲ*

*အခု ရန်သူက အသေသတ်တော့မယ့် တိုက်ကွက်နဲ့ လာနေပြီလေ*

*ဒါပေမဲ့ ဒီလူက သူ့မိန်းမနဲ့ ချစ်စကားပြောချင်စိတ် ရှိသေးတာလား*

*သူက သေချင်နေတာလား*

“သူ ရောက်လာပြီ၊ ယဲ့လုံရှန်း ဒီနား ရောက်လာပြီ”

ထန်ပုခူသည်လည်း ရုတ်တရက် သတိဝင်လာပြီး ချက်ချင်း ထအော်လာကာ သူ့မျက်နှာက ဖြူရော်လာသည်။ ယဲ့လုံရှန်းက သူမအတွက် အလွန် ကြောက်စရာကောင်းသောသူ ဖြစ်သည်။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူ၏ ကြောက်စရာကောင်းပုံကို ထန်ပုခူ အသေချာ သတိထား မိလာ၏။ သူသည် ပြိုင်ဘက်ကင်းသော ရန်သူတစ်ယောက်ပင်။

“ငါနဲ့ တိုက်မှာကိုတောင် မင်းက အရေးမစိုက်သလို လုပ်ရဲတယ်ပေါ့၊ မင်းက သေချင်နေတာပဲ”

ဤသည်ကိုမြင်သော် ယဲ့လုံရှန်းသည် အရှက်ရပြီး အထင်သေးခံရသည်ဟု ခံစားရကာ ဒေါကန်လာသည်။ ဤသည်က သူ့ရင်ထဲမှ ဒေါသကို ဆွပေးလိုက်သလိုပင်။ ထိုအခိုက်တွင် လူသတ်ချင်စိတ်က ဝုန်းခနဲ ပေါ်ထွက် လာနေသည်။

သို့သော် ယဲ့ဖန်က ယခုအထိ ခေါင်းပင်လှည့်မကြည့်ဘဲ ရွံသလိုဖြင့် လက်ခါလေသည်။ ထိုပုံစံက စိတ်ရှုပ်စရာ ကောင်းသော ယင်ကောင်အား မောင်းထုတ်နေသည်နှင့် တူနေ၏။

“ထွက်သွားစမ်း”

နားကွဲမတတ် အော်ထုတ်လိုက်သံလည်း ထွက်ပေါ်လာသည်။ လက်ခါလိုက်ခြင်းမှ ထွက်ပေါ်လာသော လေသည် ချိပ်တံဆိပ်ထံ တိုးဝှေ့တိုက်ခတ်သွားပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်လာလေသည်။

ခပ်သဲ့သဲ့အသံနှင့်အတူ ချိပ်တံဆိပ်က ယဲ့ဖန်ကြောင့် ပျက်စီးသွားပြီး အစအနမရှိ ပျောက်ကွယ်သွားသည်။ သာမန်ကာလျှံကာ လက်ခါလိုက်ခြင်းက စည်းတံဆိပ်ကို တန်း၍ ပျက်စီးသွားစေသည်တဲ့လား။ ဤသည်က လူတိုင်းအတွက် ထိတ်လန့်စရာ ကောင်းလှသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

ချက်ချင်းဆိုသလိုပင် ယဲ့လုံရှန်းက သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သော မျက်လုံးများဖြင့် ရေရွတ်လာ၏။ သူ ထိတ်လန့်လွန်း၍ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်သွားရသည်။

သူသည် အင်မော်တယ် ဧကရာဇ်အဆင့်အောက်၌ နံပါတ်တစ် ဖြစ်ပြီး အဆင့်တူသူတိုင်း သူ့တိုက်ကွက်ကို မတားနိုင်ပါ။ သို့သော် ယဲ့ဖန်က တားနိုင်ရုံသာမက အထင်သေးသော အပြုအမူဖြင့် ပိတ်ဆို့လိုက်ခြင်းပင်။

လှောင်ပြောင်ခြင်း။ ဤသည်က အလွန်အမင်း လှောင်ပြောင်ခြင်းသာ။

All Chapters