← Chapters

အခန်း ၁၅၁၁

Vol. 101 Ch. 1511

အခန်း ၁၅၁၁

Vol. 101 Ch. 1511

Chapter 1511 အင်ပါယာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ခြင်း

“ဝုန်း”

ထိုအခိုက်တွင် မြေဆီလွှာ အက်ကွဲပေါက်ကွဲလာ၏။ ယဲ့ဖန်ကို တားဆီးနိုင်သူ မရှိချေ။

လူတိုင်း၏ အမြင်တွင် ယဲ့ဖန်က လေးကြိုးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းသဖွယ် အရှိန်အဟုန်အပြည့်ဖြင့် ဖြစ်နေပြီး ပြိုင်ဘက်ကင်းကာ တားဆီး၍ မရနိုင်ဟု ထင်မှတ်နေကြသည်။

*တစ်ယောက်တည်းနဲ့ သုံးယောက်ကို ဖိနှိပ်တယ်တဲ့*

*တစ်ဖက်မှာ ယဲ့လုံရှန်းတောင် ပါနေတာကို၊ နတ်ဘုရင်အဆင့်ကို ဘယ်လိုတောင် သဘောထားနေတာလဲ*

လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များနှင့် ပြည့်နှက်လာသည်။ သူတို့အားလုံး မယုံနိုင်ဖြစ်နေပြီး နားလည်နိုင်စွမ်း မရှိ ဖြစ်နေလေသည်။

အထူးသဖြင့် ယဲ့လုံရှန်းပင်။ လက်ရှိတွင် သူ အလွန်အမင်း မှင်တက်အံ့အားသင့်နေ၏။ သူ့ဘဝတွင် ပြိုင်ဘက်ပေါင်း များစွာနှင့် ကြုံဖူးသော်လည်း ယဲ့ဖန်က သူ့ကို ဤမျှ ကြောက်ရွံ့အောင် လုပ်နိုင်သည့် ပထမဆုံးလူပင်။

ထိုစဉ် ယဲ့ဖန်၏ လက်သီးက သူတို့သုံးယောက်ထံ အားဖြင့် ကျရောက်လာသည်။

“ချီးပဲ”

သုံးယောက်လုံး ချွေးစေးပြန်လာပြီး မျက်နှာတွင် ကြောက်စိတ်တို့နှင့် ပြည့်နှက်လာသည်။ ဤနယ်မြေတွင် သူတို့ နောက်ဆုတ်နိုင်သည့်လမ်း မရှိသဖြင့် ယဲ့ဖန်အား မတတ်သာပဲ ထိပ်တိုက် ရင်ဆိုင်ရသည်။

သုံးယောက်လုံး လက်ရှိတွင် ရူးမတတ် ဖြစ်နေပြီး သူတို့အသက်အတွက် အသည်းအသန် တိုက်ခိုက်နေကြသည်။ ထိုအခိုက်တွင် ကြောက်စရာကောင်းသော စွမ်းအင်များ အရှိန်အဟုန်ဖြင့် ပျံ့လွင့်နေ၏။

နတ်ဘုရင်အဆင့်များ၏ ကြမ်းကြုတ်သော တိုက်ခိုက်မှုက ယဲ့ဖန်ထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်။ နှစ်ဖက်လုံး ထိပ်တိုက်တွေ့ပြီး သူတို့၏ တိုက်ကွက်များ ပေါင်းစပ်သွားသောအခါ ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာလေသည်။

နှစ်ဖက်လုံး၏ တိုက်ခိုက်မှု အသီးသီး ထိတွေ့သောအခါ ယဲ့လုံရှန်းနှင့် အခြား နတ်ဘုရင်အဆင့် သုံးယောက်တို့ ချက်ချင်း အထိနာကာ လွင့်ထွက်သွားကြသည်။

“အား…”

အော်သံများ ထပ်မံ၍ ထွက်ပေါ်လာသည်။ သုံးယောက်လုံး သွေးများ အိုင်ထွန်းလာ၏။ အရိုးများ ကျိုးကြေကာ ရင်ဘတ် ကြွက်သားများ ပျက်စီးကုန်သည်။ ခြေထောက်အရိုးများလည်း ပွင့်ထွက်သွားသည်။

သုံးယောက်လုံး မတူညီသော ဒဏ်ရာများ အသီးသီး ရသွားကြသည်။

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ယဲ့လုံရှန်း၏ မျက်လုံးများ ထိုင်းမှိုင်းလာပြီး အမူအရာက အလွန်အမင်း သွေးပျက်နေကာ ဤအဖြစ်ကို လက်ခံနိုင်စွမ်း မရှိသည့်ပုံပင်။

သူသည် အမြဲတစေ ပြိုင်ဘက်ကင်းခဲ့ပြီး အခြားသူများအား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်သူက သူသာလျင် ဖြစ်ခဲ့သည်။ ဤသည်ကို သူ လုံးဝ လက်မခံနိုင်ပါ။

လူတိုင်း ချောက်ချားနေပြီး မျက်လုံးတို့တွင် ကြောက်လန့်ဟန်များနှင့် ပြည့်နှက်နေပြီး ယခုထိ မယုံနိုင်ကြသေးပေ။

အစောပိုင်းက ယဲ့ဖန်၏ လက်သီးသုံးချက်က ယဲ့လုံရှန်းနှင့် အခြားနတ်ဘုရင်အဆင့် သုံးယောက်ကို ရှုံးနိမ့်သွား စေသည်တဲ့။ ယခု နောက်တစ်ကြိမ် ထပ်တိုးခံရသောအခါ ပြန်တိုက်နိုင်သည့် ခွန်အားပင် မရှိတော့ချေ။

*ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ*

သို့သော် သူတို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိဘဲ မိုးကြိုးပစ်သကဲ့သို့သော ဒုတိယမြောက် လက်သီးချက်က ယဲ့လုံရှန်းနှင့် အခြားသူများထံ ဝင်ရောက်လာသည်။

ဤမြင်ကွင်းက ကြေက်စရာ ကောင်းလှသည်။ သို့သော် အလွန်အမင်း ထိတ်လန့် သွေးပျက်ဖွယ်ကောင်းသော အဖြစ်အပျက်က တစ်ဆက်တည်း ဆက်၍ ဖြစ်ပေါ်လာ၏။

ဒုတိယမြောက် လက်သီးက ရင်မိသားစု၏ နတ်ဘုရင်အဆင့် တစ်ယောက်ကို ပျက်စီးသွားစေပြီး လက်သီး၌ ပါဝင်သော စွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို တစ်စစီ ဖြစ်သွားစေသည်။

*ဘာ*

*နောက်နတ်ဘုရင်အဆင့်တစ်ယောက် ထိုးသတ်ခံလိုက်ရပြီလား*

လက်ရှိတွင် ယဲ့ဖန်ကို ကြည့်နေသော အားလုံး၏ အကြည့်၌ ပြောမပြတတ်နိုင်လောက်သော ကြောက်စိတ်နှင့် အံ့ဩစိတ်တို့ ပါဝင်နေပြီး မသိလျင် သရဲတစ္ဆေအား မြင်တွေ့လိုက်ရသလိုပင်။

*ဒီလူရဲ့ လက်သီးက စက်ပစ္စည်းတွေထက်တောင် ကြောက်စရာကောင်းသေးတယ်*

နတ်ဘုရင်အဆင့်ဖြစ်စေ၊ အင်မော်တယ် ဧကရာဇ်ဖြစ်စေ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံရပေမည်။ ထိုစကားက အလွန် မောက်မာသည်ဟု ထင်ရသော်လည်း ဤလူက မုချလုပ်နိုင်လိမ့်မည်ဟု သူတို့ ခြွင်းချက်မရှိ ရိပ်စားမိသည်။

ထို့နောက် တတိယမြောက် လက်သီးချက် ကျရောက်လာပြန်သည်။

“မလုပ်နဲ့”

တကျိုး သည်းမခံနိုင်တော့ဘဲ အသည်းအသန် အော်ဟစ်လိုက်သော်လည်း ပေါက်ကွဲ၍ သွေးများ ပန်းထွက်ကာ သေဆုံးသွားလေသည်။

*သေပြီ*

*နတ်ဘုရင်အဆင့်တွေ သေကုန်ပြီ*

*အခု ကျန်တာဆိုလို့ ယဲ့လုံရှန်းပဲ ရှိတော့တယ်*

လက်ရှိတွင် ယဲ့လုံရှန်းသည် သေစေနိုင်သော လက်သီးချက်များကို တားနိုင်လိုက်သော်လည်း အခြေအနေ မကောင်းချေ။ သူ့ခန္ဓာကိုယ်မှ သွေးများ တတောက်တောက် စီးကျနေပြီး အရိုးထဲမှ တဖျောက်ဖျောက် အသံများ ထွက်နေ၏။ ခန္ဓာကိုယ်က အချိန်မရွေး ပျက်စီးတော့မည့်ပုံပင်။

ယဲ့ဖန်က ရှေ့တိုးလာပြီး အလွန် လူသတ်ချင်သော အကြည့်တို့ဖြင့် ပြောလိုက်သည်။

“အင်မော်တယ် ဧကရာဇ်အဆင့်အောက်က နံပါတ်တစ်ဆိုတဲ့ ခင်ဗျားက ဒီနေ့ နတ်ဆိုးဧကရာဇ် လက်ထဲမှာ သရဲတစ်ကောင် ဖြစ်လာတော့မယ်”

“ခင်ဗျား သေလိုက်တော့”

ယဲ့ဖန် ကြုံးဝါးလိုက်ပြီး လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်လေသည်။ ယဲ့လုံရှန်း စိတ်ပျက်သွားပြီး သူ့ထံသို့ ဒုံးပျံများ ပျံသန်းလာသည်ကို မြင်လိုက်ရသကဲ့သို့ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ထို့နောက်တွင်မူ သူ၏ အိပ်မက်ဆိုး စတင်လာလေ၏။

ယဲ့လုံရှန်း၏ ကိုယ်မှ သွေးများ ပန်းထွက်လာပြီး တစ်ကိုယ်လုံး တစ်စစီ ပျက်စီးလာလေသည်။ ကြွက်သားများ ပျက်စီးခြင်း၊ အရိုးများ ကျိုးလာခြင်း။

ထိုအခါ လူတိုင်း ချောက်ချားသွားကြသည်။ ယဲ့လုံရှန်းကဲ့သို့ ပြိုင်ဘက်ကင်းသောလူက ယဲ့ဖန်၏ လက်ထဲ၌ ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ယဲ့လုံရှန်း ခုပင်မခုခံနိုင်ပါ။ သူ ဒဏ်ရာရကာ ခွန်အားမဲ့နေ၏။

လူတိုင်း ယဲ့လုံရှန်း၏ အဆုံးသတ်ကို ကြိုမြင်လာကြသည်။ ထိုအခိုက်တွင် နန်းတော်၏ လက်ရွေးစင် စစ်သားများအားလုံး ဆောက်တည်ရာမရ ဖြစ်ကာ ကြောက်လန့်နေလေသည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ မစ္စတာယဲ့က အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှာဆို နံပါတ်တစ်ပဲကို၊ သူ့ကို သတ်တာက အသာလေး လွယ်နေသင့်တာ”

သူတို့စိတ်ထဲတွင် ယဲ့လုံရှန်းက သူတို့၏ နတ်ဘုရားပင်။ နိုင်ငံ၏ အရှင်သခင်ဖြစ်သူ ပိုင်ကျန့်ချင်းထက်ပင် အဆင့်အတန်း ပိုမြင့်မားသော ပုဂ္ဂိုလ်ပင်။ ကျုံးကျိုး အင်ပါယာ၏ စောင့်ရှောက်သူဟု မှတ်ယူထားကြသည်။

ထို့ကြောင့် သူတို့ အသတ်ခံရလိမ့်မည်ဟု မယုံသလို တစ်နေ့ ယဲ့လုံရှန်းက သူနှင့် သိုင်းအဆင့်တူသူ လက်ထဲ၌ ရှုံးလိမ့်မည်ဟုလည်း ထင်မထားမိချေ။ အသန်မာဆုံး နတ်ဘုရင်ဟူသောဘွဲ့က ယနေ့ အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရလေပြီ။

ယဲ့ဘုရင်။ ဤနာမည်က အင်ပါယာတစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်အောင် ထပ်မံ၍ ပြုလုပ်လိုက်လေပြီ။ ထို့အပြင် ပို၍ကြောက်စရာကောင်းသော အရာများ ယခုတိုင် ဖြစ်မလာသေးပေ။

ယဲ့လုံရှန်း အော်ဟစ်ပြီးရင်း အော်ဟစ်နေကာ သွေးများ ပန်းထွက်နေပြီး လေထဲတွင် အသားစနှင့် အရိုးများ လွင့်ပျံနေ၏။ ဤမြင်ကွင်းက သွေးထွက်သံယိုများပြီး ရက်စက်လွန်းလှသည်။

လူတိုင်း မှင်တက်နေကြလေသည်။ ယဲ့ဖန်က ယဲ့လုံရှန်းကို သတ်ရန် အသင့်ဖြစ်နေလေပြီ။ ထိုစဉ် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ လက်သီးချက်များက တရစပ် ကျဆင်းလာပြီး အရပ်ဆယ်မျက်နှာမှ တောင်တန်းများ တုန်ခါလာလေသည်။

လေဟာနယ်ပင် ပျက်စီးသွားရသည်။ လက်သီးတစ်ချက်၏ စွမ်းအားတွင် ယှဉ်မရအောင် ကြီးမားသော အရှိန်အဝါ ပါဝင်နေပြီး မြေဆီလွှာ တစ်ခုလုံး ပေါက်ကွဲသွားရသည်။

ထိုအခိုက်တွင် ယဲ့လုံရှန်းသည် သူ၏ အခြေအနေကို ရိပ်စားမိသွားပုံရပြီး တစ်ကိုယ်လုံး တုန်ယင်ကာ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေသည်။

သူ ခုခံချင်ပါသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးနေပြီး လက်နှစ်ဖက်လုံးက လက်ချောင်း တစ်ချောင်းကိုပင် မလှုပ်နိုင်တော့ပါ။ သူ သေခြင်းတရားကို ငြိမ်၍သာ စောင့်နေရသည်။

သူ့စိတ်ထဲတွင် ဆောက်တည်ရာမရ ဖြစ်နေ၏။ တစ်ချိန်က ယဲ့မိသားစု၏ ဟောကိန်းကို သူ ပျက်ရယ်ပြုခဲ့ပြီး ယင်းက ဧကရာဇ်၏ အယူသီးမှုဟုသာ တွေးခဲ့သည်။

ယခုအချိန်ရောက်မှသာ ဟောကိန်းက အမှန်ဖြစ်နေကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဟောကိန်းများထဲမှ အရေးအကြီးဆုံးတစ်ခုမှာ ယဲ့ဖန်၏ လက်ထဲ၌ သူ သေလိမ့်မည်ဟူသော ဟောကိန်းတစ်ခု ပါနေသောကြောင့်ပင်။

ထို့ကြောင့် လက်ရှိတွင် သူသည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး ရုန်းကန်ခြင်းကို လက်လျှော့လိုက်သည်။ ယဲ့ဖန်၏ လက်သီး တဖြည်းဖြည်း နီးကပ်လာသည်ကိုသာ မတတ်သာဟန်ဖြင့် ကြည့်နေမိသည်။

ယဲ့လုံရှန်း၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ယဲ့ဖန်၏ လက်သီးချက်အောက်၌ သူ့ဦးခေါင်း ပေါက်ကွဲသွားသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။

ဦးခေါင်းက ပေါက်ကွဲပျက်စီးသွားပြီး ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် ပြုတ်ကျသွားသည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

ယဲ့ဖန်၏ လက်အောက်ငယ်သားများသာမက နန်းတော်၏ လက်ရွေးစင် စစ်သားများပါ မယုံနိုင်သလို ခံစားနေ ကြရသည်။

*အင်ပါယာရဲ့ စောင့်ရှောက်သူ*

*အင်မော်တယ် ဧကရာဇ်အဆင့်အောက်က အသန်မာဆုံး နတ်ဘုရင်က သေသွားပြီလား*

*ဒီမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလိုက်တာ*

*အံ့ဩစရာပဲ*

*ယဲ့လုံရှန်းက တစ်ယောက်ယောက်ကြောင့် အသေသတ်ခံလိုက်ရတယ်တဲ့လား*

“ဒုန်း ဒုန်း”

လက်ရွေးစင်စစ်သားများ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် ဒူးထောက်ကျသွားလေသည်။ ယဲ့ဖန်၏ ရက်စက်သော အရှင်သခင်ပုံစံက သူတို့ကို လုံးဝ ကြောက်ရွံ့သွားစေ၏။

လက်ရှိတွင် သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ရှေးဟောင်း သားရဲတစ်ကောင်သဖွယ် အလွန်အမင်း ကြမ်းကြုတ် နေသည်ဟု ထင်မှတ်နေကြသည်။ ဤသားရဲလက်ထဲတွင် သက်ရှိအားလုံးက ပုရွက်ဆိတ်များလိုပင်။

“အရှင်ယဲ့ဘုရင် အသက်ချမ်းသာပေးပါ”

ထိုစစ်သားများအားလုံး ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။ သူတို့၏ မျက်နှာတွင် အလွန်အမင်း ကြောက်လန့်၍ စိုးရိမ်ဟန်များ ပေါ်လွင်နေသည်။ သူတို့က ယဲ့ဖန်ကို အသနားခံလာကြသည်။

“အရှင် ယဲ့ဘုရင် ကျုပ်တို့ကို မသတ်ပါနဲ့၊ ကျုပ်တို့ အရှုံးပေးပါတယ်”

ယဲ့ဖန်က သူတို့ကို အသာအယာ တစ်ချက်ကြည့်လိုက်သည်။

“မင်းတို့အားလုံးရဲ့ လက်တွေမှာ ငါ့ညီအစ်ကိုတွေရဲ့ သွေးတွေ စွန်းထင်းနေတယ်”

စကားတစ်ခွန်းတည်းနှင့် ထိုစစ်သားများ ဆောက်တည်ရာမရ ဖြစ်သွားကြလေသည်။

“အဲ့တော့ မင်းတို့အပြစ်တွေက ခွင့်လွှတ်လို့မရနိုင်ဘူး”

ယဲ့ဖန်က အသာပြောပြီး နောက်သို့ လှည့်သွားသည်။ ဟွမ်နူက မချိုမချဉ်ပြုံး၍ လက်ဝှေ့ယမ်းကာ အမိန့်ပေး လိုက်သည်။

“သတ်”

ထို့နောက်တွင်မူ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာပြီး အော်သံများနှင့် ငိုသံများ ရောထွေး၍ ထွက်ပေါ်လာလေသည်။

….

ယဲ့လုံရှန်း သေသွားပြီး ရက်တစ်ပိုင်းမျှ အကြာ၌ ယဲ့လုံရှန်း၏ ဆိုးဆိုးရွားရွား သေဆုံးသွားသော သတင်းက ကျုံးကျိုး အင်ပါယာတစ်ခုလုံးသို့ အတောင်ပံပေါက်သကဲ့သို့ ပျံ့နှံ့သွားလေသည်။

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား သေသွားပြီ၊ ယဲ့လုံရှန်း သေသွားပြီ။ ရင်မိသားစု၏ နတ်ဘုရင်အဆင့် သုံးယောက်နှင့် ကျန်သိုင်းပညာရှင်များ သေသွားပြီ။ ထိုသတင်းသုံးခုက အင်ပါယာတစ်ခုလုံးကို တုန်လှုပ် သွားစေရန် လုံလောက်လေ၏။

“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား သေသွားပြီတဲ့”

“အင်ပါယာရဲ့ စောင့်ရှောက်သူ ယဲ့လုံရှန်းလည်း သေသွားပြီတဲ့”

“ချီးပဲ၊ ယဲ့ဖန်က ဘယ်လိုကြောက်စရာကောင်းတဲ့ လူစားမျိုးလဲကွာ၊ အသန်မာဆုံး နတ်ဘုရင်အဆင့်ကတောင်မှ သူ့ကို မသတ်နိုင်ဘူးတဲ့လား၊ အင်ပါယာထဲမှာ သူ့ကို ပြိုင်နိုင်တဲ့သူ ရှိသေးရဲ့လား”

“သူက တကယ်ပဲ လုပ်တော့မှာလား”

အင်ပါယာ၏ ပြည်သူပြည်သားများအားလုံး ကြောက်လန့်ကာ မျက်နှာ ဖြူရော်နေပြီး အလွန် စိတ်မသက်မသာ ဖြစ်သော အမူအရာများ ပေါ်လွင်နေသည်။

မဝေးသော အနာဂတ်တွင် အင်ပါယာတွင်း၌ ကြီးမားသော စစ်ပွဲ ဖြစ်လာလိမ့်မည်ဟု သူတို့ ခန့်မှန်းမိနေကြသည်။ လက်ရှိတွင် နိုင်နိုင်ချေ အများဆုံးရှိသူက ယဲ့ဖန်ပင်။

ယဲ့လုံရှန်းကဲ့သို့သောလူက ယဲ့ဖန်၏လက်ထဲတွင် သေသွားလိမ့်မည်ဟု သူတို့ မယုံနိုင်ပါ။ ကြီးမားသော စစ်တပ်က ရှုကျိုးသို့ အတူတူ ချီတက်သွားသဖြင့် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ ထင်ထားခဲ့မိသည်။ သို့သော် ထိုသူများအားလုံး ယဲ့ဖန်ထံ၌ အသတ်ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

အသက်ရှင်ကျန်သူဟူ၍ တစ်ယောက်မှ မရှိချေ။ ယဲ့ဖန်က ပြိုင်ဘက်ကင်းလှသော ပုဂ္ဂိုလ်ပင်။ ယဲ့လုံရှန်းကဲ့သို့သော လူမျိုးတောင်မှ သူ့ကြောင့် အသတ်ခံလိုက်ရသဖြင့် ကြောက်စရာ ကောင်းလှပေ၏။

“ဟားဟားဟား ယဲ့ဘုရင်က လွှမ်းမိုးနိုင်တယ်ကွ၊ အင်ပါယာကို လွှမ်းမိုးနိုင်ဖို့က ခဏလေးပဲ လိုတော့တယ်ကွ”

“ပိုင်ကျန့်ချင်း မင်း မြန်မြန် ထီးနန်းက ဆင်းသင့်တယ်ကွ၊ နိုင်ငံရဲ့ အရှင်သခင် ရာထူးက မင်းနဲ့ မသင့်တော်ဘူး၊ အဲ့တော့ ကြင်နာပြီး နိုင်ငံနဲ့ လူမျိုးအပေါ် ကြင်နာစောင့်ရှောက်တတ်တဲ့ တတိယ မင်းသမီးကိုပဲ နိုင်ငံရဲ့ အရှင်သခင်အဖြစ် တင်မြှောက်သင့်တယ်”

“တတိယ မင်းသမီး ယဲ့ဘုရင်ရဲ့ အကူအညီနဲ့ နန်းတက်ပါ၊ ဒါဆို ကျုံးကျိုး အင်ပါယာက အမြင့်ဆုံးကို ရောက်လာမှာ သေချာတယ်”

အင်တာနက်ပေါ်တွင် ယဲ့ဖန်အပေါ် ယုံကြည်သူများက ရူးမတတ် ြဖစ်လာပြီး လူတစ်ချို့ဆိုလျင် လမ်းပေါ်၌ အဖွဲ့ဖွဲ့ကြသည်။ ထို့နောက် တစ်ညလုံး ယဲ့ဘုရင်၏ နာမည်ကိုသာ အော်ဟစ်နေကြသည်။

ယဲ့ဖန်က ထီးနန်းကို လုယူချင်သည့် မကောင်းသောလူမှန်း သိသာသော်လည်း လူအများကြားတွင် မယုံနိုင်လောက်အောင် ကျော်ကြားနေ၏။

လူမည်မျှများများက သူ့အကြောင်း နေ့ရောညပါ တွေးပြီး ကြောက်ရွံ့နေသလဲ မသိတော့ချေ။ လူမည်မျှ၏ သားများက သွေးချောင်းစီးစေချင်သလဲ မသိနိုင်တော့ပါ။

သို့သော် အင်ပါယာ၏ အင်တာနက်ပေါ်၌ မကျေနပ်သော စကားသံအချို့လည်း ပေါ်လာသည်။

“ယဲ့ဘုရင်က ရက်စက်ပြီး အညှာအတာမဲ့တယ်၊ သူက နိုင်ငံရဲ့ ဧကရာဇ်အဖြစ် နန်းတက်လိုက်ရင် သူက မင်းဆိုးဖြစ်မှာ သေချာတယ်၊ ကျုံးကျိုး အင်ပါယာကို ဒီလိုခွေးသူခိုးကောင်ရဲ့ လက်ထဲ မကျစေချင်ဘူး၊ နိုင်ငံရဲ့ အရှင်သခင်က ဒီလူယုတ်မာကို သတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ယဲ့ဘုရင်က ပြဿနာကောင်ပဲ၊ သူ ရန်သူ ဘယ်လောက်များများ ထားထားမိသလဲ မသိတော့ဘူး၊ သူသာ နန်းတက်ခွင့် ရရင် ငါတို့ ကျုံးကျိုး အင်ပါယာမှာ ငြိမ်းချမ်းတဲ့နေ့ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး”

All Chapters