← Chapters

အခန်း ၁၅၁၃

Vol. 101 Ch. 1513

အခန်း ၁၅၁၃

Vol. 101 Ch. 1513

Chapter 1513 နာမည်က တင်စီးလွန်းတယ်

*သစ္စာရှိရှိ အမှုထမ်းခဲ့တဲ့ အမတ်တွေနဲ့ စစ်သူကြီးတွေက ပိုင်ကျန့်ချင်းရဲ့ မျက်လုံးထဲမှာ အမှိုက်တစ်သိုက်ပဲ ဖြစ်နေတာလား*

*သူ့မှာ သနားကြင်နာစိတ်နဲ့ ဖြောင့်မတ်စိတ် နည်းနည်းလေးသာ ရှိမယ်ဆိုရင် ဒီလူတွေရဲ့ အပြစ်မရှိတဲ့ မိသားစုဝင် တွေကို သတ်မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ဒီမိသားစုဝင်တွေနဲ့ ဘာမှ မပတ်သက်ဘူးလေ*

*ဒီသစ္စာရှိလူတွေကို သတ်ရုံနဲ့ မလုံလောက်လို့ သူတို့ မျိုးဆက်တွေကိုပါ သုတ်သင်ဘူး ရှင်ကျန်သူ မရှိအောင် လုပ်ပစ်တယ်*

*ဒီလိုအပြုအမူက တကယ်ကို လွန်လွန်းနေပြီ*

ထို့နောက် လူတစ်သုတ်ပြီး တစ်သုတ် ဝင်လာကြပြီး အားလုံးက ဘုရင်မ၏ စုပ်ယူခြင်း ခံလိုက်ရသည်။ အမျိုးသားများနှင့် အမျိုးသမီးများ သာမက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုပါမကျန် သေဆုံးသွားကြသည်။

“ဒါ သွေးယဇ်ပူဇော်ခြင်းပဲ၊ ဒီလိုမိစ္ဆာကျင့်စဉ်ကို ဘယ်လိုတောင် ကျင့်ကြံနိုင်ရတာလဲ”

ရုတ်တရက် လူအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ မှူးမတ်အိုကြီး တစ်ယောက်က မြေအောက်လောက ဘုရင်မကို စူးစိုက်ကြည့်လေသည်။

*ဘာ*

လူတိုင်း ထိတ်လန့်သွားကြသည်။

*ဒါ သွေးယဇ်ပူဇော်ခြင်းလား*

သွေးယဇ်ပူဇော်ခြင်းတွင် ကျင့်ကြံသူက ယဇ်ပူဇော်ခံရသူဖြစ်ပြီး သက်ရှိလူများက စတေးခံများ ဖြစ်ကြသည်။ လူတစ်သောင်းရှိလျင် တစ်သောင်းကို စုပ်ယူပြီး တစ်သိန်းရှိလျင် တစ်သိန်းကို စုပ်ယူကာ တစ်သန်းရှိလျင် ထိုတစ်သန်း၏ အဆီအနှစ်ကို စုပ်ယူမှာပင်။

တစ်စုံတစ်ယောက်က ဤမိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသည့်အခါတိုင်း လူအများအပြား သေကြေရသည်။ ဤသွေးယဇ်ပူဇော်ခြင်းက တစ်ရက်၊ နှစ်ရက်နှင့် ပြီးသွားသည့်အရာ မဟုတ်သည့်အတွက် သူမ လူမည်မျှကို သတ်ထားသလဲ မသိနိုင်တော့ပါ။

လက်ရှိတွင် လေထုထဲ၌ ညှီစို့စို့သွေးနံ့များ လှိုင်လှိုင်ထနေ၏။ မြင်ကွင်းက အော်ဂလီ ဆန်စရာ ကောင်းလှသည်။

မကျေနပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြံရာမရခြင်း၊ ရှုံးနိမ့်ခြင်း အစရှိသော မကောင်းသော စိတ်ခံစားချက်များက ညီလာခံ ခန်းမအတွင်း ပျံ့နှံ့နေပြီး လူအများအား နေရထိုင်ရ ခက်စေသည်။

နောက်ဆုံးသော အလောင်း ခြောက်သွေ့သွားပြီးနောက် သူမက ကျေနပ်စွာဖြင့် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်က ပိုမို၍ လှပနူးညံ့လာ၏။

ချယ်ရီပင်လိုပင်၊ မြေဆီလွှာတွင် မြုပ်ထားသော အလောင်းများလေ ချယ်ရီပွင့်ချပ်များက အလှဆုံးဖြစ်လေပင်။

“အဘိုးကြီး နင် ဘာပြောချင်လဲ”

ဘုရင်မက မှူးမတ်အိုကြီးကို တစ်ချက်ကြည့်လေသည်။

“ကျုပ်မှာ ပြောစရာရှိတာပေါ့၊ သွေးယဇ်ပူဇော်ခြင်းကို ကျင့်ကြံတာက သာမန်လူတွေကို ဒုက္ခရောက်စေတယ်၊ သက်ရှိအားလုံးကို အဆိပ်သင့်စေတယ်၊ ပြီးတော့ ဒါကို လောကက လက်မခံဘူး၊ မင်းရဲ့ ကိုယ်ပိုင်အတ္တနဲ့ စိတ်ဆန္ဒအတွက် ဒီလောက် လူတွေအများကြီးကို သတ်ခဲ့တာ၊ မင်းက မိစ္ဆာမပဲ”

“ရွှစ်”

ရုတ်တရက် မှူးမတ်အိုကြီး၏ လည်ပင်းမှ သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။ ပိုင်ကျန့်ချင်းက ခက်ထန်သော မျက်လုံးများနှင့် တစ်လုံးချင်း ပြောလိုက်သည်။

“အရှင်သခင်ကို မလေးမစား လုပ်ရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်”

*အရှင်သခင်*

ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာများ ပြာနှမ်းလာပြီး တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည်။

“အရှင်သခင်တဲ့လား၊ ဟားဟားဟား ပိုင်ကျန့်ချင်း နင်က တော်တော် ဉာဏ်ကောင်းတာပဲ၊ ပေးတဲ့နေရာကို မြန်မြန် အံဝင်ခွင်ကျ နေနိုင်တာပဲ၊ နင့်ကို ဆုချင်သင့်တယ်”

မြေအောက်လောက ဘုရင်မက ရယ်မောလေသည်။ ထိုစကားကြောင့် ပိုင်ကျန့်ချင်းကလည်း တောက်ပစွာ ပြုံးလေသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီအစေခံက အရှင်သခင်အတွက် ပြဿနာတွေကို ပိုကြိုးစားပြီး ဖြေရှင်းမှာပါ”

*ရှက်စရာကောင်းလိုက်တာ*

*လေးစားမှုကိုမရှိဘူး*

လူတိုင်း ပိုင်ကျန့်ချင်းကို အလွန်အမင်း စိတ်ပျက်နေကြသည်။ ယောက်ျားသား တစ်ယောက်က သူ့မာနကိုပါ ချလိုက်လျင် လမ်းဘေးက ခွေးတောင်မှ ထိုယောက်ျားသားအား မကြည့်တတ်ပေ။

အသက်ရှင်ရန်အတွက် ပိုင်ကျန့်ချင်းက သူ့သိက္ခာအကျခံရန် ဆုံးဖြတ်ထားပြီးလေပြီ။

....

ထိုအချိန်တွင် ယဲ့ဖန်နှင့် အခြားသူများက ဝမ်ကောဖူသို့ ပြန်ရောက်လာကြသည်။ သို့သော် ပိုင်ရွှယ်က အထုပ်အပိုးများ သိမ်းဆည်းပြီးထားပြီး ထွက်သွားရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်ရွှယ်က ယဲ့ဖန်ကို တစ်ချက်ကြည့်ပြီး တစ်ခွန်းမှမပြောဘဲ ဝမ်းနည်းစွာ ခေါင်းငုံ့သွားသည်။ ထို့နောက် ဝမ်ကောဖူ အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။

“ယဲ့ဖန်”

ထန်ပုခူက တစ်ခုခု ပြောရန် ပြင်သော်လည်း ယဲ့ဖန်က လက်ကာပြ၍ အေးစက်စက် မျက်နှာထားနှင့် ပြောလိုက်သည်။

“ဘာမှပြောစရာမလိုဘူး၊ သူ့ရည်ရွယ်ချက်က ဘာဖြစ်ဖြစ် သူ့မှာ ငါ့အမျိုးသမီးနဲ့ ငါ့ညီအစ်ကိုတွေကို သွားအသေခံခိုင်းတဲ့ လုပ်ပိုင်ခွင့် မရှိဘူး”

ယနေ့ ယဲ့ဖန်သာ အနည်းငယ်မျှ နောက်ကျလျင် ထန်ပုခူ စော်ကားခံရပေလိမ့်မည်။

“အရှင် အမျက်မထွက်ပါနဲ့၊ ကျွန်တော်မျိုးတို့က ကျေးကျွန်တွေမို့ …”

ထန်မင်လီနှင့် အခြားသူများကလည်း အလျင်အမြန် ဝင်ပြောလာပြီး ယဲ့ဖန်အား ဖျောင်းဖျရန် ကြိုးစားလေသည်။ သို့သော် ယဲ့ဖန်က အေးစက်စက် မျက်နှာထားဖြင့် ဆက်ပြောလေသည်။

“ငါ ပြောပြီးပြီ၊ နောက်တစ်ခါ ထပ်ပြောစရာ မလိုဘူး”

ထို့နောက် လူတိုင်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်သွားသည်။

“ငါ ဒီကိစ္စကို ဘယ်လိုလုပ်ရပါ့မလဲ”

ထန်မင်လီ စိတ်မကောင်း ဖြစ်သွားရသည်။ သူသာ ပိုင်ရွှယ်နေရာ၌ ဖြစ်နေလျင်လည်း တူညီသော ဆုံးဖြတ်ချက်ကို ချမိလောက်သည်။ ရက်စက်ရာကျသော်လည်း ဤသည်မှာ ခေါင်းဆောင်တစ်ယောက် ချမှတ်ရသော ဆုံးဖြတ်ချက်သာ။

သူ့စကားကို ကြားသော် လူတိုင်း သက်ပြင်းချလာသည်။

“အဘိုးကြီး ခင်ဗျားက လဒူဆိုတဲ့ နာမည်အတိုင်းပါပဲလား၊ ခင်ဗျား ဒီအသေးအဖွဲ ကိစ္စလေးကို မကိုင်တွယ် နိုင်ပါလား”

နတ်ဆိုးနဂါး ဖုရှန်က အထင်သေးသော မျက်နှာထားဖြင့် ပြောလာသည်။

“လူကြီးမင်းဆီက အကြံဉာဏ် တောင်းခံပါရစေဂ

ထန်မင်လီက အလျင်အမြန် ရိုကျိုးစွာ အကြံတောင်းလေသည်။ နတ်ဆိုးနဂါး ဖုရှန်က ရယ်၍ ပြောလိုက်သည်။

“ကျေးကျွန်တစ်ယောက်အနေနဲ့ မင်းက သခင်ရဲ့ စိုးရိမ်စိတ်ကို ဝေမျှခံစားရမှာပဲ၊ သခင်က ဘာမှမပြောရင် မင်း တစ်ခုခု လုပ်ရမှာပေါ့၊ နားလည်လား”

ထန်မင်လီ တစ်ခဏမျှ မှင်တက်နေပြီးနောက် ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း”

ထို့နောက် သူသည် ပိုင်ရွှယ် ထွက်သွားသောဘက်သို့ အလျင်အမြန် ပြေးထွက်သွားသည်။ ဤသည်ကိုမြင်သော် လူတိုင်း အိပ်မက်ထဲမှ နိုးထလာသကဲ့သို့ ဖြစ်သွားပြီး နားလည်သွားသော အပြုံးမျိုး ပြုံးလာကြသည်။

ယဲ့ဖန်သည် ပိုင်ရွှယ်ကို တကယ် စိတ်တိုကောင်း စိတ်တိုနိုင်သော်လည်း ပိုင်ရွှယ်ကို သင်ခန်းစာပေးရန် ကြံစည်ထားသည်။ သို့သော် သူမကို သူ တကယ် နှင်ထုတ်ချင်စိတ် မရှိပါ။

သို့ရာတွင် ၎င်းကို ပါးစပ်က ထုတ်ပြောလျင် မကောင်းသဖြင့် သူတို့ကိုသာ မှန်းဆခိုင်းရသည်။ နတ်ဆိုးနဂါး ဖုရှန်က သူတို့ကို ထင်ရှားသော သင်ခန်းစာတစ်ခုကို သင်ပြပေးလိုက်လေသည်။ နတ်ဆိုးနဂါး ဖုရှန်က လူတိုင်းကို ကြည့်လိုက်သည်။

“လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ မင်းတို့ ဘုရင်ရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး အရင်ဆုံး လိုက်စိတ်ပူပြီးတော့ သူ့အတွေးက ဘယ်လိုဖြစ်မလဲ ကြိုးစားပြီး စဉ်းစားတတ်ရမယ်၊ မင်း သူ့ကို အရာအားလုံးနဲ့ ပတ်သက်ပြီး စဉ်းစားခိုင်းမနေနဲ့၊ မင်းတို့က ဦးနှောက်မရှိတဲ့ ယင်ကောင်တွေလား၊ အဲ့လိုဆိုရင် သူ အရမ်း ပင်ပန်းလာလိမ့်မယ် နားလည်လား”

လူတိုင်းက နတ်ဆိုးနဂါး ဖုရှန်ကို ပြိုင်တူ အရိုအသေ ပေးလိုက်ပြီး သူတို့၏ မျက်နှာတွင် လေးနက် တည်ကြည်ဟန်များ ပေါ်နေကာ အရာအားလုံး တိတ်ဆိတ်သွားလေသည်။

….

ရက်အနည်းငယ် ကြာပြီးနောက် မိန်းကလေးများသည် အိမ်မှာနေရသဖြင့် ပျင်းရိငြီးငွေ့လာကြသည်။ ထို့ကြောင့် သူတို့က ယဲ့ဖန်ကို သူတို့နှင့်အတူ ဈေးဝယ်လိုက်ပေးရန် တိုက်တွန်းလေသည်။ ယဲ့ဖန် စိတ်ညစ်သွားရသည်။

“ကျွန်မရဲ့ တက္ကသိုလ်က အတန်းဖော်တွေက အခု ကိုယ်ပိုင်ကလပ်တစ်ခု ဖွင့်ထားတယ်၊ အဲ့ဒါက ကောင်းတယ်လို့ ကျွန်မ ထင်တာပဲ၊ ကျွန်မတို့ အဲ့ကို တစ်ချက်လောက် သွားကြည့်ရအောင်လေ”

ကျုံးလီအာက အကြံပေးလေသည်။

“အင်း သွားပေါ့”

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ကူးက အခြားသူများကို အဖော်လုပ်ပေးရန် ဖြစ်သဖြင့် သူ ဘယ်ကို သွားရသွားရ အရေးမကြီးပေ။

တစ်ခဏကြာသော် ကျုံးလီအာ ပြောသော ကိုယ်ပိုင်ကလပ်သို့ ယဲ့ဖန်တို့ ရောက်လာသည်။ သို့သော် ကလပ်နာမည်က အလွန် တင်စီးလွန်းသည်ကို တွေ့လိုက်ရသည်။

ထိပ်တန်းနိုင်ငံ။ ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ၏ အမူအရာကိုကြည့်ပြီး ကျုံးလီအာ တွေဝေ သွားလေသည်။

“ဘာဖြစ်လို့လဲ”

“နာမည်က တင်စီးလွန်းတယ်”

“တင်စီးတယ်လား၊ ကျွန်မတော့ တော်တော်လေး မိုက်တယ် ထင်တာပဲ၊ ဒီဆိုင်းဘုတ်ကို ကြည့်လိုက်ရင် ဧကရာဇ်နေရာမှာ နေရသလိုမျိုး ခံစားမိတယ်လေ”

ကျုံးလီအာက အလေးအနက် မှတ်ချက်ပေးသည်။

“ဒီနာမည်ကို ကျွန်မ မိန်းကလေးအတန်းဖော်ကိုယ်တိုင် ရွေးထားတာ၊ ကျွန်မတို့အားလုံးကတော့ ကောင်းတယ် ထင်တာပဲ”

“ကောင်းတယ်ဆိုတိုင်း သင့်တော်တယ်လို့ မဆိုလိုဘူးလေ”

ယဲ့ဖန် အင်တင်တင် ပြုံးလိုက်သည်။ ကမ္ဘာဂြိုဟ်တွင်လည်း ထိုသို့ တင်စီးသော ကလပ်များ ရှိခဲ့သည် မဟုတ်ပါလော။

၎င်း၏ နောက်ကွယ်၌ မရေတွက်နိုင်သော ရာထူးကြီး အရာရှိများ၏ ကလေးများ ရှိသည်ဟု ဆိုနိုင်ပေသည်။ နာမည်က သိသာလွန်းသဖြင့် သတိထားမိခြင်းသာ။

သူ့အရှေ့မှ ဤထိပ်တန်းနိုင်ငံဟူသော ကလပ်က ကမ္ဘာဂြိုဟ်ကထက်ပင် ပို၍ မောက်မာလွန်းသည်။

“ဘယ်နေရာပဲရောက်ရောက် တစ်ခုခု လုပ်ချင်တယ်ဆိုရင် အဲ့လိုလုပ်နိုင်တဲ့ ခွန်အားမျိုး ရှိရတယ်”

ယဲ့ဖန်က ဆိုင်းဘုတ်ကို ကြည့်နေသည်။

“ဒီလိုဆိုင်းဘုတ်မျိုး တပ်တယ်ဆိုတော့ မင်းရဲ့ အတန်းဖော်က ကြီးမားတဲ့ နောက်ခံ ရှိကိုရှိရမယ်”

“သူ့မှာ ရှိတယ်၊ သူ့အဖေက ဒေသအဖွဲ့အစည်းရဲ့ ဒါရိုက်တာလေ၊ ဒီနေရာကိုလည်း သူ့အဖေနဲ့ သူ ဖွင့်ထားတာ”

ကျုံးလီအာက အလျင်အမြန် ပြောပြလာသည်။

“ဒါရိုက်တာ ဟုတ်လား”

ယဲ့ဖန် ရယ်လိုက်ပြီး သူမ ခေါင်းလေးကို ပွတ်လိုက်သည်။

“မလုံလောက်ဘူး၊ ဒီလိုနာမည်မျိုး ထားချင်တယ်ဆိုရင် သူက မြို့တော်က ရာထူးကြီးတစ်ယောက်နဲ့ သိနေမှ ရမှာ”

“အရမ်း လေလုံးထွားသလို ဖြစ်မနေဘူး မဟုတ်လား”

ယဲ့ဖန်က အလေးအနက် ဖြစ်လာသဖြင့် ကျုံးလီအာသည်လည်း စိုးရိမ်လာ၏။ ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။

“မင်းသူငယ်ချင်းကို မြန်မြန် နာမည်ပြောင်းခိုင်းလိုက်၊ မဟုတ်ရင် သူ့ဆိုင်းဘုတ်ကြောင့် ပြဿနာ တက်လိမ့်မယ်”

ထိုစဉ် ခေတ်မီသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ကလပ်ထဲမှ ထွက်လာသည်။

သူမ၏ ထက်မြက်သော အသွင်အပြင်ကြောင့် သူမကိုယ်က ရတနာတစ်ခုသဖွယ် တောက်ပနေသည်ဟု ထင်မှတ်ရသည်။

သူမအသွင်အပြင်က အနည်းငယ် လူလတ်ပိုင်းအရွယ်နှင့် တူသည်ဟု သတ်မှတ်နိုင်ပြီး လှပကျော့ရှင်းကာ သူမတူအောင် ဆွဲဆောင်မှု ရှိလေသည်။ သူမ၏ ခန္ဓာကိုယ်က ယုံကြည်မှုတို့ဖြင့် ထည်ဝါနေ၏။

“လီအာ”

သူမက ကျုံးလီအာကို နွေးထွေးစွာ နှုတ်ဆက်လေသည်။ နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူမတို့၏ မိတ်ဆွေ ဆက်ဆံရေးက လူ့လောက အသိုင်းအဝိုင်းကြောင့် နည်းနည်းလေးမှ ပြောင်းလဲမသွားချေ။

သူမက ဆင်းရဲသော မိသားစုမှ ဖြစ်သော သာမန်ကျောင်းသူ ကျုံးလီအာအား သူမ၏ မြင့်မားသော အဆင့်အတန်းကြောင့် အထင်မသေးခဲ့ပေ။

“နင် ရောက်လာပြီပဲ၊ နင် စာတော်ရဲ့သားနဲ့ ဘာလို့ ကျောင်းက ထွက်လိုက်တာလဲ၊ နင့်ရဲ့ တောက်ပနေတဲ့ အနာဂတ်ကို နင် လက်လျှော့လိုက်တယ် ဆိုတာကိုရော သိရဲ့လား”

“ကျောင်းက ကောင်လေးတွေက နင့်အကြောင်း ပြောနေတာ ကြာပြီ၊ ပြီးတော့ သူတို့က ငါ နင့်ကို နှင်ထုတ်တယ်လို့ ထင်နေကြတာ”

“အင်း ပြောရရင်တော့ ရှည်တယ်ဟ”

ကျုံးလီအာကလည်း သက်ပြင်းချလေသည်။ သူမသာ ယဲ့ဖန်နှင့် မသိခဲ့လျင် သာမန်ကျောင်းသူအဖြစ် ပျင်းရိစရာကောင်းသော ကျောင်းသူဘဝကို ဖြတ်သန်းမိလောက်သည်။

ထို့နောက် တက္ကသိုလ်မှ ဘွဲ့ရပြီးလျင် အလုပ်ကောင်းကောင်းတစ်ခု ရှာ၍ လူကောင်းသူကောင်းနှင့် တွေ့ကာ လက်ထပ်၍ ကလေးမွေးပြီး ဘဝကို အချိန်ကုန်လောက်သည်။

ထိုသို့ဖြစ်ခဲ့လျင် သူမ ယဲ့ဖန်၏ သတင်းကို တီဗွီမှ မြင်လျင်တောင်မှ သက်ပြင်းချပြီး ဒီလူ တော်တော် သန်မာတာပဲဟု ပြောရုံမှတစ်ပါး ဘာမှတတ်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ကံကြမ္မာဟူသည်မှာ အလွန် ဆန်းကြယ်သော အရာတစ်ခုပင်တည်း။ ယဲ့ဖန်နှင့် သိကျွမ်းလိုက်ရသဖြင့် သူမဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားရသည်။

“နင်တို့ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါ ကျွန်မရဲ့ တက္ကသိုလ်က အတန်းဖော် ပြီးတော့ အခင်ဆုံး သူငယ်ချင်း စုမြောင်ရန်”

ကျုံးလီအာက ယဲ့ဖန်နှင့် အခြားသူများကို မိတ်ဆက်ပေးလိုက်သည်။

“ဒီလူတွေက …”

စုမြောင်ရန်က ယဲ့ဖန်ကို မသင်္ကာသလို ကြည့်လိုက်ပြီးနောက် မသိချင်ယောင် ဆောင်လိုက်သည်။ ထို့နောက် သူမက ကျုံးဝမ်၊ ဟွမ်ယွီလင်းနှင့် ထန်ပုခူတို့ကို အာရုံစိုက်လေသည်။ ကျုံးယွမ်နှင့် ဟွမ်ယွီလင်းကို သူမ ရင်းနှီးသလို ခံစားရသော်လည်း ဘယ်မှာတွေ့ခဲ့သလဲ မမှတ်မိချေ။

ထန်ပုခူကမူ သူမကိုယ်မှ သရဲမကဲ့သို့ ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက် ရှိနေသည်ဟု ထင်မှတ်ရပြီး လူအများအား တုန်ယင်စေသည်။ သို့သော် ယဲ့ဖန်က သူတို့ထဲတွင် ထင်ပေါ်မှုမရှိဆုံးလူ ဖြစ်နေ၏။

“ဒါက ငါ့ချစ်သူလေ”

ကျုံးလီအာက ချက်ချင်း ယဲ့ဖန်၏ လက်မောင်းကို ဆွဲဖက်လေသည်။ ဤမြင်ကွင်းက စုမြောင်ရန်အား အံ့ဩ သွားစေသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တက္ကသိုလ်၌ ရှိစဉ်အခါက ငယ်ရွယ်၍ ချမ်းသာသော သူဌေးသားလေးများက ကျုံးလီအာကို ပိုးပန်းခဲ့သော်လည်း ကျုံးလီအာက သူတို့ကို ကြည့်ပင် မကြည့်ခဲ့ချေ။

သို့သော် ယခုအခါ၌ သူမက သာမန်လူကို ရွေးလိုက်သည်တဲ့လား။

*ရိုးလိုက်တာ*

*နွားချေးနား ပန်းပင် ပေါက်နေသလိုပဲ*

စုမြောင်ရန် အံ့ဩသွားပြီး မယုံနိုင်သလို ဖြစ်ကာ သူမအတွက် မထိုက်တန်သလို ခံစားလိုက်ရသည်။

*နင့်စိတ်ခံစားချက်ပေါ် မူတည်ပြီးတော့ ချစ်သူကို ရွေးချယ်လိုက်တာလား*

*ဘာဖြစ်လို့ စိတ်ဆင်းရဲခံပြီး ဒီလိုလူကို ရွေးတာလဲ*

သူမ အခင်ဆုံးသူငယ်ချင်းနှင့် သူမ စကား ကောင်းကောင်းပြောရန် လိုအပ်နေသည့်ပုံပင်။ သို့မှသာ သူ့ချစ်သူနှင့် လမ်းခွဲမည် ဖြစ်သည်။ ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းအရ အချစ်ကြီး ချစ်မိနေသည်ဟူသော စကားက အဓိပ္ပာယ် မရှိပါ။

“ဒါဆို သူတို့က …”

စုမြောင်ရန်က ကျုံးဝမ်တို့ဘက်သို့ ပြန်ကြည့်လာသည်။ ထိုအခါ သူမ ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters