← Chapters

အခန်း ၁၅၁၄

Vol. 101 Ch. 1514

အခန်း ၁၅၁၄

Vol. 101 Ch. 1514

Chapter 1514 သူ့ချစ်သူရဲ့ ကောင်မလေး

ကျုံးဝမ်ကလည်း ယဲ့ဖန်၏ လက်မောင်းကိုဖက်၍ ပြုံးကာ ပြောလိုက်သည်။

“ကျွန်မက သူ့ချစ်သူရဲ့ ကောင်မလေးပါ”

*ဘာ*

စုမြောင်ရန် ထပ်၍ အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားရသည်။

*နင် နောက်နေတာလား*

*ဒီလူက ကျုံးလီအာရဲ့ ချစ်သူ ပြီးတော့ ဒီမိန်းမလှလေးရဲ့ ချစ်သူ ဟုတ်လား*

*အံ့ဩဖို့ ကောင်းလိုက်တာ*

“နင် … နင် ခုနက ဘာပြောလိုက်တာလဲ”

စုမြောင်ရန် မယုံသလို ထပ်မေးလိုက်သည်။ သူမ တကယ် စိတ်ရှုပ်ထွေးနေသည်။

*မိန်းမနှစ်ယောက်က ယောက်ျားတစ်ယောက်တည်းနဲ့ အတူတူ နေတယ်ပေါ့၊ ဒါ ဘာခေတ်က ဟာကြီးလဲ၊ ဒါ ဘယ်လို ဖြစ်ရတာလဲ*

ထို့အပြင် သူမတို့နှစ်ဦးသည် သူမတူသော လှပသည့် အသွင်အပြင်နှင့် ကိုယ်လုံးကိုယ်ပေါက် ရှိသူများ ဖြစ်သည်။ ထိုသို့သော မိန်းကလေးနှစ်ယောက်က သာမန်လူတစ်ယောက်ကို ချစ်မိသည်တဲ့လား။

*နင်တို့ရဲ့ ရုပ်ရည်နဲ့ဆို ဘယ်လိုယောက်ျားမျိုးကိုမဆို ရှာလို့ရတယ် မဟုတ်လား*

*ဘာလို့ ဒီလိုမျိုး အရှက်ရခံရတာလဲ*

*ကျုံးလီအာနဲ့တင် လုံလောက်နေပြီကို ကျုံးဝမ်လို မိန်းမလှလေးကပါ၊ ဒီလူ့ကိုယ်မှာ ဘာရတနာ ရှိလို့လဲ”

“ကျွန်မက သူ့ချစ်သူ”

ကျုံးဝမ်က ဆက်ပြောလာသည်။

“ကျွန်မက သူ့အမျိုးသမီး”

ထန်ပုခူကလည်း ဝင်ပြောလာသည်။

“ငါက သူ့ရဲ့ ဇနီးလောင်း”

စုမြောင်ရန်၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး အမူအရာက အေးခဲလာကာ တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေ၏။

“အမြင်မှားတာ၊ ဒါ ထင်ယောင်ထင်မှားတာပဲ ဖြစ်ရမယ်”

*ဒီမိန်းကလေးတွေအားလုံးက ဒီလူရဲ့ ချစ်သူတွေတဲ့လား”

“ငါကလည်း …”

ဟွမ်ယွီလင်းကလည်း သူမအကြောင်းကို ပြောချင်သော်လည်း ယဲ့ဖန်က သူမကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လာသည်။ ထို့ကြောင့် သူမက နှုတ်ခမ်းစူ၍ မကျေမနပ် ပြောလိုက်သည်။

“ကျွန်မက သူ့ညီမ၊ သွေးတော့မတော်ဘူး၊ ပြီးတော့ တစ်ချိန်ချိန် သူ့ချစ်သူ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”

*ဘာ*

*ဒီချစ်စရာကောင်းတဲ့ ကလေးမလေးကလည်း ဒီလူရဲ့ ချစ်သူ ဖြစ်ချင်ပင်မယ့် အငြင်းခံလိုက်ရတာလား*

*မြတ်စွာဘုရား*

*ဥပဒေရော ရှိသေးရဲ့လား

*ဒီလူက တစ်ယောက်တည်းနဲ့ ဒီလောက် လှတဲ့ မိန်းမလှလေးတွေကို သိမ်းပိုက်ထားတာ၊ ဘုရားက အပြစ်ပေးမှာကို မကြောက်ဘူးလား*

လက်ရှိအချိန်တွင် စုမြောင်ရန်တောင်မှ ယဲ့ဖန်ကို မနာလိုသလို ခံစားမိလာရသည်။ ဤမိန်းကလေးများ အားလုံးသည် ပုရိသတိုင်းအား အရူးအမူး ဖြစ်သွားအောင် လုပ်နိုင်သူများ ဖြစ်သည်။ သို့သော် သူမတို့က ယောက်ျားတစ်ယောက်ထံ၌ လိုလိုလားလား ကစားခံချင်စိတ် ရှိနေသည်တဲ့လား။

*လောကကြီးက ပြောင်းလဲသွားတာလား၊ ငါ မသိတော့ဘူး*

*အခုခေတ်က အမျိုးသမီးတွေက လက်ထပ်တာကို မုန်းနေကြတာ မဟုတ်ဘူးလား*

ထို့နောက်တွင်မူ ယဲ့ဖန်အပေါ် သူမ၏ အပြုအမူက ရင်းနှီးမှု မရှိတော့ချေ။ သူမအမြင်တွင် ယဲ့ဖန်က အကြီးစား လူ့အမှိုက်ကောင်ပင်။

ဤအမျိုးသမီးများ သဘောကျလာအောင် သူ မည်သို့သော နည်းလမ်းကို သုံးထားပါစေ သူက အမှိုက်ကောင် ဖြစ်နေသည်ကတော့ သေချာပေသည်။

သူမ အခင်ဆုံးသူငယ်ချင်းကို ဒုက္ခပင်လယ်ထဲမှ မဖြစ်ဖြစ်အောင် ဆွဲထုတ်မှရပေမည်။ ထို့အပြင် ဤမိန်းကလေး များကိုလည်း ကယ်ရမည်။

စုမြောင်ရန်၏ မျက်လုံးမှ ဒေါသရိပ်ကို ယဲ့ဖန်လည်း သတိထားမိသွားပြီး ခပ်ရှက်ရှက်ဖြင့် နှာခေါင်းသာ ပွတ်နေမိသည်။

“ဒါနဲ့ မြောင်ရန် ငါ့ချစ်သူက နင့်ဆိုင်ရဲ့ နာမည်က သိပ်အဆင်မပြေဘူးလို့ ပြောတယ်”

ကျုံးလီအာက ပြောလာသည်။

“ဘာ”

စုမြောင်ရန်သည် ရုတ်တရက် အမြီးတက်နင်းခံလိုက်ရသော ကြောင်မလေးသဖွယ် ဖြစ်သွားပြီး ယဲ့ဖန်အား ရန်လိုစွာ မေးခွန်းထုတ်လေသည်။

“ဒါဆိုလည်း ငါ မေးပါဦးမယ်၊ နင့်လိုခွေးကောင်ရဲ့ မျက်လုံးထဲမှာ ငါ့ကလပ်နာမည်က ဘယ်လို အဆင်မပြေတာလဲ”

*သွားပြီ*

အထဲပင်မဝင်ရသေးဘဲ သူ ဆိုင်ရှင်ကို ရန်စလိုက်မိလေပြီ။ ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ချေ။

“မြောင်ရန် နင် ဘာလို့ ဒီလို ပြောတာလဲ၊ သူက နင့်အတွက် တွေးပေးတာပါ”

ကျုံးလီအာက မကျေမနပ် ပြောလိုက်သည်။

“ငါ့အတွက် ဟုတ်လား၊ ဒါဆိုလည်း သူ ငါ့အတွက် ဘယ်လို တွေးပေးတာလဲ ကြားရသေးတာပေါ့”

ဤနာမည်သည် စုမြောင်ချန် တစ်လကျော် တွေးဆပြီးမှ ဆုံးဖြတ်လိုက်သော နာမည် ဖြစ်သည်။ ဤစကားလုံး လေးလုံးသည် သာမန်ဆန်သည်ဟု ထင်ရသော်လည်း ထိုနာမည်ထဲ၌ သူမ၏ ကြိုးစားအားထုတ်မှုများ ပါဝင်သည်။

ထို့အပြင် ထိုစကားလုံးလေးလုံးကို သူမသည်လည်း အလွန် ကျေနပ်အားရသည်။ သို့သော် ဤအမှိုက်ကောင်က ပေါ်လာသည်နှင့် သူမ အနှစ်သက်ဆုံးအရာကို စော်ကားခဲ့သည်။ ယင်းအား သူမ မည်သို့ လက်ခံနိုင်ပါမည်နည်း။

“ငါ့ချစ်သူက နင့်ဆိုင်နာမည်က တင်စီးလွန်းတယ်၊ ပြီးတော့ နင် ပြဿနာတက်လိမ့်မယ်လို့ ပြောတာ”

“ပြဿနာ တက်မယ် ဟုတ်လား၊ ဘာပြဿနာလဲ၊ လူတိုင်းက သူ့လို ပျင်းရိထိုင်းမှိုင်းနေတဲ့လူလို့ ထင်နေလား”

စုမြောင်ရန်က သရော်၍ အလေးအနက်မထားချေ။ သူမ ဖွင့်ထားသော ကလပ်၏ နာမည်ကြောင့် ဘယ်သူက သူမကလပ်ထဲ ဝင်လာပြီး ပြဿနာ ရှာမည်နည်း။

ကျုံးလီအာက တစ်ခုခု ထပ်ပြောချင်နေ၏။ သို့သော် ယဲ့ဖန်က သူမပခုံးကိုကိုင်၍ ခေါင်းခါပြလိုက်သည်။ လက်ရှိတွင် စုမြောင်ရန်က ဒေါသထွက်နေပြီ ဖြစ်သည်။ သူမ ဘာပြောပြော စုမြောင်ရန်က နားဝင်မည် မဟုတ်ပါ။

ကျုံးလီအာ သက်ပြင်းချလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

“ထားလိုက်ပါတော့ ပျော်စရာမကောင်းတဲ့ ကိစ္စတွေကို မပြောဘဲ နေကြတာပေါ့၊ အထဲဝင်ရအောင်”

စုမြောင်ရန်က တိုက်ပွဲနိုင်သွားသော ကြက်ဖသဖွယ် ဟွန်းခနဲ နှာမှုတ်၍ အလွန် အထင်သေးသော မျက်နှာနှင့် ပြောလိုက်သည်။

“နင် မပြောနိုင်ဘူး မဟုတ်လား”

“ဒါက နင် မဟုတ်တမ်းတရားတွေ ပြောနေတယ်လို့ ဆိုလိုတာပဲ၊ ရောက်လာတာနဲ့ အခြားသူရဲ့ ဆိုင်နာမည်ကို စော်ကားတယ်၊ နင်က သိပ်တော်တယ် ထင်နေတာလား၊ တော်တော် ဟန်ဆောင်ကောင်းတာပဲ”

ထိုသို့ပြောပြီးနောက် ယဲ့ဖန် ပြန်အပြောကို မစောင့်ဘဲ ကလပ်ထဲသို့ ပြန်ဝင်သွားသည်။

“ယဲ့ဖန် ကျွန်မတို့ တခြားဆိုင်ကို ပြောင်းရအောင်လား”

ကျုံးဝမ်က ကြင်နာစွာ မေးလာသည်။ တစ်ဖက်လူက သူမတို့ကို မကြိုဆိုမှန်း သူမ သိနေသည်။ ကျုံးလီအာ ရှက်သွားပုံရသည်။ တကယ်တမ်း လှည့်ထွက်လျင်လည်း သူမ မတားနိုင်ပါ။ သူမ၏ လက်ဝါးနှင့် ကျောပြင်တို့တွင် ချွေးများ စို့နေပြီး ဘာမှမပြောနိုင်ချေ။

“မလိုဘူး ဒီမှာပဲ နေရအောင်”

ယဲ့ဖန်က တွေးဆ၍ ပြောလိုက်သည်။ ယခု သူ ထွက်သွားလျင် အရှက်ရမည့်သူက ကျုံးလီအာ ဖြစ်သွား ပေလိမ့်မည်။ ထို့အတူ သူမ အခင်ဆုံး သူငယ်ချင်းနှင့် မိတ်ဆွေဆက်ဆံရေး ပျက်စီးသွားပေမည်။

ယဲ့ဖန် သူမကို ထိုသို့ မခံစားစေချင်ပါ။ သူတို့တစ်ဖွဲ့လုံး ကလပ်ထဲသို့ အတူတူ ဝင်သွားလိုက်ကြသည်။ ထိုအခါ အထဲ၌ ရင်းနှီးသော လူများစွာ ရှိနေသည်ကို ကျုံးလီအာ တွေ့လိုက်ရသည်။

“ဟေး လီအာ မင်းလည်း ရောက်လာတာလား”

ချက်ချင်းဆိုသလိုပင် လူတစ်စုက ကျုံးလီအာကို နှုတ်ဆက်လာကြသည်။ ထိုသူများထဲတွင် ကျုံးလီအာ၏ အခန်းဖော်နှင့် အတန်းဖော်များ ပါဝင်လေသည်။

ကျုံးလီအာ၌ အလွန် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး ရှိသောကြောင့်‌ ကျောင်းတက်နေစဉ်အတွင်း ဤအတန်းဖော်များနှင့် ရင်းနှီးခဲ့သည်။

အချို့သော ကျောင်းသားများသည် ဟွမ်ယွီလင်းနှင့် အခြားသူများကို မြင်သောအခါ မျက်လုံး အရောင် တောက်လာ၏။

*လှလိုက်တာ၊ ကျုံးလီအာထက်တောင် ပိုချောသေးတယ်*

ထို့နောက် သူတို့ တစ်ယောက်ပြီးတစ်ယောက် ဟန်ထုတ်လာကြသည်။ အချို့ဆိုလျင် သူတို့၏ ရွှေနာရီများ ပေါ်အောင် တမင်သက်သက် အင်္ကျီလက်ကို ခေါက်တင်လေသည်။

အချို့က ရည်ရွယ်၍ဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် သူတို့၏ နာမည်ကြီး ပြိုင်ကားများ၏ ကားသော့များကို စားပွဲပေါ် တင်လာသည်။

ချမ်းသာသူများက သူတို့၏ ကြွယ်ဝမှုကို ပြသပြီး ပိုက်ဆံမရှိသူများက သူတို့၏ ခွန်အားကို ထုတ်ဖော်ကာ အရှိန်အဝါကို ထုတ်လွှင့်ကြသည်။

ယဲ့ဖန်ကိုမူ သူတို့က သိသိသာသာ လျစ်လျူရှုထားလေ၏။ သူ့အား ဤမိန်းမလှလေးများ၏ ချစ်သူဟု ထင်ကြမည်လော။ သူတို့ ထိုသို့ တွေးပင်မတွေးကြချေ။

*ယွမ်ငါးရာထက်တောင် မကျော်တဲ့ အဝတ်အစားကို ဝတ်ထားတဲ့ ဒီလို ငမွဲက ဘယ်လိုလုပ် ဒီအလှလေးတွေရဲ့ ချစ်သူ ဖြစ်မှာလဲ*

ထိုလူများထဲတွင် ယောက်ျားသားတစ်ယောက်က ပေါ်ပေါ်တင်တင် လှုပ်ရှားလာ၏။ သူက ဝိုင်ခွက်ကိုကိုင်၍ ကျုံးလီအာထံ လျှောက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။

“လီအာ မတွေ့ရတာ ကြာပြီနော်၊ ငါ မင်းကို တစ်ခွက်လောက် ဝယ်တိုက်လို့ ရမလား”

ဘေးနားမှ ယဲ့ဖန်ကို မမြင်သကဲ့သို့ ပြုမူနေ၏။ ဤသည်ကိုမြင်သော် လူတိုင်းက မချိုမချဉ် ပြုံးလာပြီး ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု ထင်နေကြသည်။ ယဲ့ဖန် အရှက်ခွဲခံရမည့် မြင်ကွင်းကို ဖြစ်လာမည်ကို စောင့်မျှော်နေ၏။

စုမြောင်ချန်းက ဤသည်ကိုမြင်သော် ယဲ့ဖန်ကို သနားသော်လည်း သူမ စိတ်တိုနေသောကြောင့် ဝင်မတားချေ။ သူမစိတ်ထဲတွင် ယဲ့ဖန်ကို နည်းနည်း သင်ခန်းစာပေးသင့်သည်ဟု ထင်နေလေသည်။

“ကျွတ်စ် ကျွတ်စ် ကျွတ်စ် ဟွာရင်းချန် ဒီလောက် နှစ်တွေကြာနေတာတောင် လီအာကို သဘောကျ နေတုန်းပဲလား”

“ဟုတ်တယ် မင်း ကျောင်းမှာကတည်းက သူ့ကို ပိုးနေတာ၊ အခု ဘွဲ့တောင်ရပြီးနေပြီ၊ မင်းက စွဲလမ်းနေတုန်းဆို‌တော့ မလွန်ဘူးလား၊ မင်း ဘာလို့ အစွဲအလမ်း ကြီးတာလဲ”

လူတိုင်းက စတင်၍ စနောက်အော်ဟစ်လာပြီး ကျုံးလီအာနှင့် ဤဟွာရင်းချန်အား စုံတွဲသဖွယ် သတ်မှတ် နေကြသည်။

“တောင်းပန်ပါတယ်၊ ငါ့ချစ်သူလည်း ဒီမှာရှိတယ်၊ ငါ သောက်ဖို့ အဆင်မပြေဘူး”

ကျုံးလီအာက သူ့အား ပညာသားပါပါ ငြင်း၍ ယဲ့ဖန်၏ လက်မောင်းကို ဖက်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း မျက်လုံးပြူးသွားပြီး သူတို့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လွင်နေသည်။

*ဒီဆင်းရဲသားငနဲက ကျုံးလီအာရဲ့ ချစ်သူ ဖြစ်နေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ကျုံးလီအာ ကန်းနေတာလား၊ မဟုတ်ရင် ဒီလိုလူကိုဘာလို့ ရွေးတာလဲ*

ဟွာရင်းချန်၏ အပြုံးက အေးခဲသွားပြီး မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်ဟု ခံစားမိသွားသည်။ သူက အရင် ချဉ်းကပ်ခဲ့သော်လည်း စွန့်ပစ်ခံလိုက်ရသည်။

ဟွာရင်းချန်က ဖျစ်ညှစ်ပြုံး၍ ပြောလိုက်သည်။

“လီအာ မင်းဟာသက နည်းနည်း များတယ်နော် …”

“ဘယ်သူက နင့်ကို ဟာသပြောနေလို့လဲ၊ သူက ငါ့ချစ်သူ”

ကျုံးလီအာက လေးနက်သော မျက်နှာထားနှင့် ပြောလေသည်။ ဟွာရင်းချန်၏ မျက်နှာ မည်းမှောင်သွားပြီး ပင့်သက်ရှိုက်ကာ စိတ်ထဲမှ ဒေါသကို ချိုးနှိမ်၍ ပြန်ပြောလိုက်သည်။

“လီအာ မင်းက ဒီ့ထက် ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တာ”

ထိုစကားက လူတိုင်းကို ရယ်မောသွားစေသည်။ ထိုစကားက ယဲ့ဖန်က မကောင်းဟု ဆိုလိုနေသည် မဟုတ်ပါလော။

“ဟွာရင်းချန် နင် ဘာစကား ပြောတာလဲ”

ကျုံးလီအာ ချက်ချင်း စိတ်တိုသွားသည်။ ဤသည်က ယဲ့ဖန်ကို လူပုံအလယ်၌ လှောင်ပြောင်ခြင်းပင်။ လူအများကြီးရှေ့၌ သူမချစ်သူက မကောင်းဘူးဟု ပြောခြင်းက စော်ကားခြင်းသာ မဟုတ်ပါလော။

“ဟုတ်တယ် ဟွာရင်းချန် လီအာက နင့်ကို ချစ်ပါမယ်လို့ တစ်ခါမှ သဘောမတူခဲ့ဖူးဘူး၊ သူ ဘယ်သူ့ကို ချစ်ချစ်၊ အဲ့ဒါ သူ့လွတ်လပ်ခွင့်ပဲ”

သူမသည်လည်း ဟွာရင်းချန်ကို သဘောမကျပါ။ သူက ကြောင်သူတော်ဟု သူမ အမြဲ ခံစားမိသည်။ သို့သော် ယဲ့ဖန်နှင့် ယှဉ်လိုက်လျင် ဟွာရင်းချန်က ပိုကောင်းပေသည်။

“မင်းက ဘယ်သူလဲ”

ထိုစဉ် ဟွာရင်းချန်က လက်လျှော့ရန် မတွေးဘဲ ယဲ့ဖန်အား ရန်စသလို အထင်သေးစွာ ကြည့်လာသည်။

“ယဲ့ဖန်”

“ယဲ့ဖန် ဟုတ်လား၊ မင်းက ချီးထုပ်ပဲ၊ ယဲ့ဘုရင်နဲ့ နာမည်တူနေရတယ်လို့၊ ဒါပေမဲ့ ယဲ့ဘုရင်လို ခွန်အားမျိုး မရှိတာတော့ သနားစရာပဲ”

ဟွာရင်းချန်က လှောင်ပြောင်လေသည်။ လက်ရှိတွင် သူသည် ယဲ့ဖန်ကို အရှက်ခွဲနိုင်မည့် မည်သည့် အခွင့်အရေးကိုမဆို လက်လွှတ်မခံနိုင်ပါ။ ယဲ့ဖန်၏ နာမည်ဖြစ်နေလျင်တောင်မှ သူ အလွတ်မပေးနိုင်ပါ။

ယဲ့ဖန်က သူ၏ ခနဲ့ခြင်းကို မကြားသယောင်ပြု၍ ပြန်ပြောလိုက်သည်။

“မင်းကရော”

“မင်း … မင်းက ငါ ဘယ်သူလဲဆိုတာကို သိဖို့ မထိုက်တန်ဘူး”

ဟွာရင်းချန်က မောက်မာစွာ ပြောလိုက်သည်။ အရှက်ခွဲခြင်းပင်။ ဤသည်က ယဲ့ဖန်ကို တမင်သက်သက် မျက်နှာ ဖြတ်ရိုက်သလို အရှက်ခွဲလိုက်ခြင်းသာ”

“သူ့နာမည်က ဟွာရင်းချန်၊ ပြီးတော့ သူက လီအာကို ချစ်ရေးဆိုထားတဲ့လူ”

စုမြောင်ချန်က ဝင်ပြောလာပြီးနောက် သရော်ရန်လည်း မမေ့ချေ။

“ဒါပေမဲ့ သူက နင့်ထက် ပိုသာတယ်”

“သူက အင်အားကြီးတဲ့ ဟွာမိသားစုက လာတာ၊ သူတို့မိသားစုမှာ သူတော်စင်သခင်အဆင့် သုံးယောက်ရှိတယ်၊ ပြီးတော့ သူတို့က အင်ပါယာရဲ့ မြို့တော်မှာ အချက်အချာကျတဲ့ အဆင့်အတန်း ရှိတယ်၊ သူကလည်း ဘုရင်အဆင့်ကို ရောက်နေတဲ့လူ”

ထိုစကားအဆုံး၌ လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။

“ရင်းချန် မင်း ဘုရင်အဆင့်ကို တက်နိုင်သွားပြီလား၊ ငါတို့ကို ဘာလို့ မပြောတာလဲ၊ ပျော်စရာမကောင်းဘူးကွာ”

“ဝိုး မင်း အသက် ဘယ်လောက် ရှိသေးလို့လဲ၊ မင်း သုံးဆယ်တောင် မပြည့်သေးဘဲနဲ့ ဘုရင်အဆင့် ရောက်နေပြီ၊ မင်း လူတော်တော်များများကို ကျော်တက်နေပြီပဲကွ”

အတန်းဖော်များအားလုံး အံ့ဩ၍ ထိတ်လန့်နေကြသည်။

“လောကကြီးက ဒီလောက် ကျယ်တာ၊ မင်းတို့ ဘာပြောနေတာလဲ”

ဟွာရင်းချန်က လက်မခံဟန်ဖြင့် ချက်ချင်း လက်ကာပြလေသည်။ သို့သော် သူ့မျက်နှာပေါ်မှ အပြုံးက ဖုံးဖိမရချေ။

ထို့နောက် ယဲ့ဖန်ကို ရန်စသလို ကြည့်လိုက်သည်။ သို့သော် ယဲ့ဖန်၏ မျက်နှာတွင် သူ မျှော်လင့်ထားသော ထိတ်လန့်၍ ကြောက်လန့်ဟန်တို့ ပေါ်လွင်မနေချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

All Chapters