← Chapters

အခန်း ၁၅၁၆

Vol. 102 Ch. 1516

အခန်း ၁၅၁၆

Vol. 102 Ch. 1516

Chapter 1516 ကျန်းကျန့်ရန်

ဟွာရင်းချန်က ပျက်ရယ်ပြု၍ တစ်ခွန်းချင်း ပြောလိုက်သည်။

“လူကြီးမင်းက လေကျယ်လွန်းနေတယ်လို့ မထင်ဘူးလား၊ အင်ပါယာထဲမှာ ခင်ဗျားဘာသာ လုပ်ချင်တာလုပ်ပြီး လျှောက်သွားလို့ရတယ်လို့ ထင်နေတာလား”

ဟွာရင်းချန်၏ စကားကြောင့် စုမြောင်ရန်နှင့် အခြားသူများကလည်း ဒေါသထွက်သွားပြီး ဟွာရန်းချန်အား ရန်လိုသော အကြည့်များဖြင့် ကြည့်လာသည်။ မမျှော်လင့်ဘဲ ကျန်းကျန့်ရန်က စဉ်းလဲသော အပြုံးတစ်ခု ပြုံးလာ၏။

“ဟုတ်တယ် မင်း ပြောာ မှန်တယ်၊ အင်ပါယာထဲမှာ တကယ်ကို ငါ လုပ်ချင်တာ လုပ်လို့ရတယ်”

*ဘာ*

*မောက်မာလိုက်တဲ့လူ*

*ဟွာရင်းချန်ရှေ့မှာ ခင်ဗျား ဘယ်လို အရူးစကားတွေ ပြောရဲတာလဲ*

*ဟွာရင်းချန်တောင်မှ အင်ပါယာထဲမှာ သူ လုပ်ချင်တာ လုပ်လို့ရတယ်လို့ မပြောရဲတာ၊ ဘာလို့ ဒီလူက ပြောတာလဲ*

ဟွာရင်းချန်သည်လည်း သူ၏ မောက်မာမှုကြောင့် စိတ်တိုကာ ကျန်းကျန့်ရန်အား စူးစိုက်ကြည့်၍ အော်လိုက်သည်။

“ငါက တော်ဝင်မြို့တော်က ဟွာမိသားစုရဲ့ အကြီးဆုံးသား ပြီးတော့ ဟွာမိသားစုရဲ့ မိသားစု ခေါင်းဆောင် အလောင်းအလျာပဲ၊ မင်းက ငါ့ကို ဒီလို ပြောရဲတယ်ပေါ့လေ”

“အဲ့တော့ ငါ ဘယ်သူလဲ မင်း သိလား”

သို့သော် ကျန်းကျန့်ရန်က နည်းနည်းလေးမျှ ထိတ်လန့်ဟန်မပြဘဲ အထင်သေးဟန်သာ ပြလာသည်။ သူ့ပုံစံက ဂရုမစိုက်သည့်ပုံပင်။

“ခင်ဗျားက ဘယ်သူလဲ”

ဟွာရင်းချန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ကျန်းကျန့်ရန်အား လေးနက်သော မျက်လုံးများဖြင့် ကြည့်လေသည်။

“ငါက တောင်ဘက်က စစ်တပ်သုံးတပ်ရဲ့ စစ်သေနာပတိ၊ တော်ဝင်အစောင့်တွေရဲ့ ခေါင်းဆောင်၊ ပထမ မင်းသမီးရဲ့ ဝမ်းကွဲ၊ လက်ရှိ ဧကရာဇ်ရဲ့ တူတော်ပဲ”

ရုတ်တရက် အခြေအနေက တင်းမာခက်ထန်သွားသည်။ ကြောက်လန့်နေသော မျက်လုံးပေါင်းစုံက ကျန်းကျန့်ရန်၏ ကိုယ်ပေါ် စုပုံကျရောက်လာ၏။

သူတို့အရှေ့မှလူက လက်ရှိ ဧကရာဇ်၏ တူတော် ဖြစ်နေသည်။ ထိုသို့ဆိုလျင် သူ တကယ်ပဲ အင်ပါယာတွင်း၌ လုပ်ချင်ရာ လုပ်၍ ရနေလေပြီ။

သူ့စကားကိုကြားပြီး ဟွာရင်းချန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်စ ပြုလာသည်။

“ခင်ဗျားက … ကျန်းစစ်သူကြီးလေးလား”

တော်ဝင်မြို့တော်တွင်း၌ လူတိုင်း အာပေါင်အားရင်းသန်သန် ပြောကြသော လူတစ်ယောက် ရှိသည်။ ထိုလူမှာ ကျန်းစစ်သူကြီးလေးပင်။

သူသည် စစ်ပညာကို နှစ်သက်သဘောကျသည်။ ထို့ကြောင့် အသက် ဆယ့်ခြောက်နှစ်မှာတင် လက်ထောက် တပ်မှူးလေး ဖြစ်ခဲ့ပြီး အသက် ဆယ့်ရှစ်နှစ်တွင် စစ်တပ်သုံးတပ်၏ စစ်သေနာပတိ ဖြစ်ခဲ့လေသည်။

အသက်ဆုံးဆယ်သို့ ရောက်သောအခါ အင်ပါယာ၏ အသက် အငယ်ဆုံး စစ်သူကြီး ဖြစ်သွားသည်။ ဟွာရင်းချန်က သူနှင့်ဆို များစွာ နောက်ကောက်ကျန်ရစ်သူ ဖြစ်သည်။

ဟွာရင်းချန်၏ မျက်နှာတွင် ကြောက်လန့်မှုတို့ ပြည့်နှက်လာ၏။ သူတို့၏ ဟွာမိသားစုသည် အင်ပါယာတွင်း၌ မြင့်မြတ်သည်ဟု ဆိုနိုင်သော်လည်း ကောင်းကင်မှ ကြယ်တစ်လုံးကဲ့သို့ ထည်ဝါသည့် ကျန်းကျန့်ရန်ကဲ့သို့သော တော်ဝင်မျိုးနွယ်များ ရှိသေးသည်။

ယခု တော်ဝင်မျိုးနွယ် လေးခုက မြေအောက်လောက ဘုရင်မထံ ခိုလှုံလိုက်သဖြင့် တော်ဝင်မိသားစုက ပိုပို၍ အင်အားကြီးလာသည်။

*သေစမ်း ကျန်းကျန့်ရန်က ဘယ်လိုလုပ် ရှုကျိုးမှာ ပေါ်လာတာလဲ*

*သူက အမြဲ တော်ဝင်မြို့တော်မှာ ရှိနေတာ မဟုတ်ဘူးလား*

လက်ရှိတွင် ဟွာရင်းချန်၏ မျက်နှာက ပြာနှမ်းနေပြီး နေမထိထိုင်မသာ ဖြစ်နေ၏။ အကြောင်းမှာ သူ့အရှေ့မှလူက သူ ရန်စ၍ မရနိုင်သောသူ ဖြစ်နေသောကြောင့်ပင်။

“ဟွာမိသားစုက သခင်လေး အခု မင်း ငါနဲ့ စာရင်းမရှင်းသေးဘူးလား”

ကျန်းကျန့်ရန်က ဟွာရင်းချန်ကို အလွန် အထင်သေးသော အကြည့်များဖြင့် ကြည့်နေသည်။ ဟွာရင်းချန်၏ မျက်နှာ ရှုံ့မဲ့နေသော်လည်း တစ်ခွန်းမှ မပြောနိုင်ချေ။

ထိုစဉ် စုမြောင်ရန်ကလည်း တစ်ခုခုကို ရိပ်မိသွားပြီး သူမမျက်လုံးတွင်း၌ မျက်ရည်များ ဝေ့တက်လာ၏။

“ရင်းချန် …”

“မင်း ဆိုင်းဘုတ်ကို နာမည်ပြောင်းသင့်တယ်”

ဟွာရင်းချန် ရှုံ့မဲ့နေသော မျက်နှာနှင့် ပြောလိုက်သည်။ သူ့မျက်လုံးတွင် အရှက်ရဟန်များ ပြည့်နှက်နေသည်။ သူ အရှုံးပေးလိုက်ရလေပြီ။ တစ်ဖက်လူက ကျန်းစစ်သူကြီးလေး ဖြစ်နေသည် မဟုတ်ပါတကား။

နောက်ခံဖြစ်စေ၊ ခွန်အားဖြစ်စေ နှစ်ခုလုံးက သူ့ထက် သာနေ၏။ ကျန်းကျန့်ရန်က သူ့ကို ဒီမှာ သတ်လိုက်လျင် သူ့မိသားစု ပါးစပ်ပင် မဟရဲဟု ပြောပါက လွန်ရာကျမည် မဟုတ်ပါ။

စုမြောင်ရန် မျက်နှာပြာနှမ်းသွားလေသည်။ ကျန်းကျန့်ရန်က ဟွာရင်းချန်ပင် မယှဉ်နိုင်သောလူဟု ဆိုနေသည် မဟုတ်ပါလား။ ထိုစဉ် စုမြောင်ရန်က ယဲ့ဖန်ကို အလွန် စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

*ဘာလို့ ဒီလူက ကြိုခန့်မှန်းမိနေတာလဲ*

*ဒီနာမည်ကို ပေးထားမိတာ လွန်နေလို့လား*

*ဒါက တအား တင်စီးလို့လား*

*ဒါကြောင့် ကျွန်မက ကိုယ့်ဒုက္ခ ကိုယ်ရှာမိတာလား*

သူမ စီးပွားရေးလုပ်လာသည်မှာ နှစ်များစွာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူ ဒုက္ခမျိုးစုံကို မြင်ဖူးကြုံဖူးသည်။ သို့သော် နာမည်လေးတစ်ခုက ပြဿနာ ဖြစ်စေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားမိပေ။

စုမြောင်ရန် မှင်တက်နေမိသည်။ ဤလူက သူမ ထင်ထားသလို မရိုးစင်းပါ။ သူ၏ ဘဝအတွေ့အကြုံကို သူမ မယှဉ်နိုင်ပေ။

လူအများ ချောက်ချားနေကြသည်။ ဤနေရာ၌ ရပ်နေသူက တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိကြချေ။

သူတို့မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပေါ်နေပြီး ခေါင်းငုံ့ထားကာ ကျန်းကျန့်ရန်အား မော်ပင် မကြည့်ရဲတော့ပေ။

“အစ်ကိုယဲ့ဖန်”

ကျုံးလီအာက ယဲ့ဖန်ကို အသနားခံသော အကြည့်ဖြင့် အလျင်အမြန် ကြည့်လာသည်။ ယဲ့ဖန်က ပခုံးတွန့်၍ ပြုံးကာ ပြောလိုက်သည်။

“သူ့နာမည်က ပြောင်းကိုပြောင်းမှ ဖြစ်မယ်၊ အခု ဒီကိစ္စကို ငါ ဖြေရှင်းပေးလိုက်ရင်တောင်မှ နောင် ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာမှာပဲ”

မိမိဘာသာ လမ်းပေါ်၌ လမ်းလျှောက်နေရင်တောင်မှ အရူးတစ်ယောက်က အနားပြေးလာပြီး ဘာမဆိုင် ညာမဆိုင် လာထိုးနိုင်သည်။ အကြောင်းပြချက်က မင်းက ချောလွန်းလို့၊ မင်းက ရုပ်ဆိုးလွန်းလို့၊ မင်းက ရုပ်လည်းမချော ရုပ်လည်းမဆိုးလို့ဟု ပြောလာမှာပင်။

မိမိက ဆံပင်ကို ရောင်စုံဆေးဆိုး၍ ဈေးထဲသို့ ဘောင်းဘီကျပ်ကျပ်နှင့် ရှူးဖိနပ်စီးကာ ဝင်သွားလျင် မြင်သည့်လူတိုင်း ရိုက်ချင်စိတ် ပေါက်လောက်၏။ စုမြောင်ရန်၏ အဖြစ်ကလည်း ထိုနည်းတူပင်။

ဟွာရင်းချန်၏ စကားကြောင့် ကျန်းကျန့်ရန်က ရယ်၍ စုမြောင်ရန်ကိုကြည့်ကာ မချိုမချဉ် ပြောလိုက်သည်။

“အခု သူက နာမည်မပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့ သူ ငါနဲ့ တစ်ညအိပ်ရမယ်”

ထိုစကားကြောင့် စုမြောင်ရန်၏ မျက်နှာလေး ဖြူရော်သွားသည်။ ကျန်လူများလည်း ကြောက်ရွံ့ဟန် ပြလာ၏။ ကျန်းကျန့်ရန်က အလျော့ပေးလိုစိတ် မရှိကြောင်း သူတို့ အထင်းသား မြင်နေရသည်။

“မင်း အမှားတစ်ခုခု လုပ်မိရင် တန်ကြေး ပြန်ပေးဆပ်ရမှာပဲလေ၊ ငါ မင်းကို အရင် သတိပေးခဲ့သားပဲ”

ကျန်းကျန့်ရန်က စုမြောင်ရန်ကို အပြုံးတစ်ဝက်နှင့် ပြောကာ ကြည့်နေသည်။ စုမြောင်ရန် တုန်လှုပ်နေ၏။ ဟွာရင်းချန်က သူမကို လမ်းတစ်ဝက်နှင့် စွန့်ပစ်လိမ့်မည်ဟု သူမ အဘယ်သို့ ထင်ထားမည်နည်း။

“ငါ့ကို ကယ်ပါဦး၊ ရင်းချန် ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး”

စုမြောင်ရန်က ဟွာရင်းချန်ကို တောင်းပန်လေသည်။ သို့သော် ဟွာရင်းချန်က ခေါင်းငုံ့ထားပြီး ဘာမှမပြောဘဲ မကြားသယောင် ပြုမူနေသည်။ ကျန်းကျန့်ရန်ကို သူ ဘယ်လိုလုပ် အာခံရဲမည်နည်း။

ကျန်းကျန့်ရန်သည် ဆယ့်လေးနှစ်ထဲက စစ်ထဲဝင်ခဲ့ပြီး ပြည်ပစစ်ပွဲများစွာကို ဆင်နွှဲဖူးကာ ပွဲတိုင်း ရှုံးနိမ့်သည်က ရှားသည်။ သူ့အား စစ်နတ်ဘုရားဟုပင် ခေါ်နိုင်ပေသည်။

ကျန်းကျန့်ရန်ကို သူ နိုင်နိုင်ရန် မဆိုထားနှင့် သူ ကျန်းကျန့်ရန်ကိုသာ တိုက်ခိုက်ရဲသည်နှင့် ရှုကျိုးမှ အေးအေး ဆေးဆေး ပြန်သွားနိုင်ပါ့မလား မသေချာပေ။ ကျန်းကျန့်ရန်၏ လက်အောက်မှ စစ်သားများကလည်း သူတော်ကောင်းများ မဟုတ်ချေ။

“အစ်ကိုယဲ့ဖန် ကျွန်မ အခင်ဆုံးသူငယ်ချင်းကို ကယ်ပေးပါဦး”

ကျုံးလီအာက ယဲ့ဖန်၏လက်ကိုဆွဲ၍ တောင်းပန်လေသည်။ သူမစကားကြောင့် ဟွာရင်းချန်နှင့် အခြားသူများက လှောင်လာကြသည်။

*ဟွာရင်းချန်တောင်မှ ကျန်းကျန့်ရန်ကို ဘာမှမလုပ်နိုင်တာ၊ ဒီဆင်းရဲသား မျိုးမစစ်ကောင်က ဘာလုပ်နိုင်မှာလို့လဲ*

“ဒါက မင်းသူငယ်ချင်းအပေါ် မူတည်တယ်၊ သူရဲ့ မာနကြီးတဲ့ ခေါင်းကို ဦးညွှတ်ချင်လား မညွှတ်ချင်ဘူးလား ဆိုတာက သူ့သဘောပဲ”

ယဲ့ဖန်က အသာပြောလိုက်သည်။ သူ စုမြောင်ရန်အပေါ် ရန်ငြှိုး များများစားစား မထားသော်လည်း အကြောင်းပြချက် မရှိဘဲ ကူညီချင်စိတ် မရှိပါ။

“မြောင်ရန် အစ်ကိုယဲ့ဖန်ကို တောင်းပန်လိုက်ပါ၊ အခု သူပဲ နင့်ကို ကယ်နိုင်မှာ”

ကျုံးလီအာက စုမြောင်ရန်ကို အလျင်အမြန် ပြောလိုက်သည်။ စုမြောင်ရန်က ယဲ့ဖန်ကို ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်နေသလို အံ့လည်း အံ့ဩနေ၏။

*ဒါ တကယ်ပဲလား*

*ယဲ့ဖန်၊ ရှင် … ရှင် တကယ်ပဲ ကျွန်မကို ကယ်နိုင်တာလား*

“ဟာသပဲ သူက ဘယ်လိုလုပ် စုမြောင်ရန်ကို ကယ်နိုင်မှာလဲ၊ ကျန်းကျန့်ရန်က ဘယ်သူလဲ မသိဘူးလား၊ စစ်တပ် သုံးတပ်ရဲ့ စစ်သေနာပတိကွ၊ သူ့လက်အောက်မှာ လက်ရွေးစင်စစ်သား ငါးသောင်း ရှိတယ်၊ သူ ခြေတစ်ဖက် ဆောင့်လိုက်ရင် ရှုကျိုးတစ်ခုလုံး တုန်ခါသွားလိမ့်မယ်၊ ဒီကောင့်ကို သူ သတ်ချင်တယ်ဆိုရင် ကစားသလိုတောင် ဖြစ်နေဦးမယ်”

ဟွာရင်းချန်က အေးစက်စက် သရော်လေသည်။ သူ ရင်မဆိုင်နိုင်သောလူကို ယဲ့ဖန်က ရင်ဆိုင်နိုင်ပါ့မလား။

*မင်း လာနောက်နေတာလား*

ထို့နောက် ဟွာရင်းချန်က ယဲ့ဖန်ကို စိတ်ပျက်လက်ပျက်နဲ့ လက်ခါပြလေသည်။

“မင်းဘာသာမင်း နေစမ်းပါ၊ မင်း စုမြောင်ရန်ကို ကယ်မှ အရှက်ကွဲနေပါဦးမယ်”

ကျန်းကျန့်ရန် ပေါ်လာခြင်းကြောင့် သူ စိတ်ပျက်နေပြီးသား ဖြစ်နေချိန်တွင် ယဲ့ဖန်က ရှေ့ထွက်လာပြီး သူ့ကို မပျော်ရွှင်အောင် လုပ်သည်တဲ့လား။

*သေသင့်တဲ့ကောင်*

လက်ရှိတွင် ဟွာရင်းချန်က ယဲ့ဖန်ကို အမုန်းကြီး မုန်းနေပြီး စုမြောင်ရန်ကို ပြောလိုက်သည်။

“မြောင်ရန် အခု မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး၊ မင်းကိုယ်မင်းပဲ အားကိုးရမှာ၊ သခင်လေးကျန်းက မဆိုးပါဘူး၊ သူနဲ့ တစ်ညအိပ်တာကလည်း မင်းအတွက် မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ၊ မင်း အပြစ်တင်ရင် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်တော့”

“မင်း မသေချင်ဘူးဆိုရင် ဒီအရူးရဲ့ စကားကို နားမထောင်နဲ့၊ သူက မင်းကို ထိခိုက်အောင် လုပ်နေတာ”

သို့သော် စုမြောင်ရန်က သူ့ကို လှည့်ပင်မကြည့်ဘဲ ယဲ့ဖန်အား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

“မစ္စတာယဲ့ ရှင် ကျွန်မကို တကယ် ကယ်နိုင်လား”

ယခင်က သူမ ဟွာရင်းချန်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သို့သော် ဟွာရင်းချန်က တုံ့ဆိုင်းခြင်းမရှိ သူမကို သစ္စာဖောက်ခဲ့သည်။ ယခု တူညီသော အမှားကို သူမ မည်သို့ ထပ်လုပ်နိုင်ပါတော့မည်နည်း။

“စုမြောင်ရန် မင်း …”

စုမြောင်ရန်က သူ့ကို ပေါ်တင် လျစ်လျူရှုလိမ့်ပြီး ဘယ်ကလာမှန်းမသိသည့် အရူးကောင် ယဲ့ဖန်ကို ယုံကြည် လိမ့်မည်ဟု ဟွာရင်းချန် ထင်မထားမိပေ။

ယဲ့ဖန်က သူမကို တစ်ချက်ကြည့်၍ အေးအေးဆေးဆေး ပြောလိုက်သည်။

“မင်း ဘာလုပ်မလဲဆိုတာပေါ်မှာပဲ မူတည်တယ်”

စုမြောင်ရန်က ချက်ချင်း ယဲ့ဖန်ကို ဦးညွှတ်လေသည်။

“ကျွန်မ တောင်းပန်ပါတယ် မစ္စတာယဲ့၊ အစောပိုင်းက ကျွန်မ ရှင့်ကို ရန်လုပ်မိပါတယ်၊ လူကြီးမင်း ကျွန်မကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်”

သူမ ယဲ့ဖန်ကို အကြွင်းမဲ့ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ယဲ့ဖန်က ခေါင်းသာညိတ်ပြလိုက်ပြီး စုမြောင်ရန် အရှက်ရအောင် ဘာမှမပြောချေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စုမြောင်ရန်က အသက်ကို အလောင်းအစား လုပ်နေရကြောင်း သူ သိနေသောကြောင့်ပင်။ သူသာ ကျန်းကျန့်ရန်ကို မရှင်းနိုင်လျင် စုမြောင်ရန်က ပိုဆိုးရွားသော အဖြစ်အပျက်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

“ကောင်းပြီလေ စုမြောင်ရန် မင်းက ငါ့စကားကို နားမထောင်ဘဲ တမင် သေလမ်းရှာနေမှတော့ အကျိုးဆက်ကို မင်းဘာသာမင်း ခံလိုက်တော့”

စုမြောင်ရန်က မပြီးနိုင်မစီးနိုင် ငေါက်ငမ်းလေသည်။ သူ့မျက်နှာ အမူအရာကလည်း ကြည့်ရဆိုးနေပြီး လက်ရှိတွင် စုမြောင်ရန်ကိုပါ မုန်းတီးလာ၏။ အဘယ်ကြောင့်ဆိုသော် စုမြောင်ရန်၏ လုပ်ရပ်က သူ့မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်နေသောကြောင့်ပင်တည်း။

ဤသည်ကို ကျန်းကျန့်ရန် မြင်သောအခါ မျက်နှာထား သုန်မှုန်လာပြီး မျက်လုံးတွင် ခက်ထန်မှုများ ပြည့်နှက်လာ၏။

“ခွေးမ မင်းက သင်ခန်းစာမရသေးဘူးပဲ၊ ငါ့ကို အကြိမ်ကြိမ် လျစ်လျူရှုရဲတယ်ပေါ့လေ၊ ရတယ်လေ ငါ မင်းနဲ့ ပျော်ပါးပြီးရင် မင်းကို စစ်တန်းလျား ပို့ပစ်ပြီး စစ်ပြည့်တန်ဆာ လုပ်ခိုင်းမယ်”

*စစ်ပြည့်တန်ဆာ*

ထိုစကားကြောင့် စုမြောင်ရန်၏ တစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်နှာ ဖြူရော်ကာ ယဲ့ဖန်အား ကြောက်လန့် တကြား ကြည့်လိုက်မိသည်။

ယဲ့ဖန်က သူမကို ပြုံးကြည့်နေ၏။

“စိတ်မပူနဲ့ ငါ ရှိရင် သူ မင်းကို ဆံပင်တစ်ချောင်းတောင် မထိနိုင်ဘူး”

လူတိုင်း အံ့ဩသွားပြီး ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားကြသည်။

*ဒီကောင် စိတ်လွတ်နေတာလား*

*တစ်ဖက်လူက ကျန်းကျန့်ရန်လေ၊ တော်ဝင်မိသားစုရဲ့ ဆွေမျိုးတစ်ယောက်၊ ပြီးတော့ စစ်တပ်သုံးတပ်ရဲ့ စစ်သေနာပတိ၊ မင်းက ဘာမို့လို့ သူက မင်းကို မထိရဲရမှာလဲ*

ဟွာရင်းချန်သည်လည်း အစောပိုင်းက တူညီသော စကားကို ပြောခဲ့သော်လည်း ခဏနေသော် အရှက်ကွဲခဲ့ရသည်။ ခဏနေလျင် ယဲ့ဖန်သည်လည်း ထိုသို့ဖြစ်လာမည်လော။

*အရူးပဲ*

“ဟားဟားဟား အရူး၊ မင်း သခင်လေးကျန်းကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်ပြီကွ၊ မင်း ဒီည အသက်မရှင်မှာ သေချာတယ်”

ဟွာရင်းချန် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီးနောက် စုမြောင်ရန်ကို လှောင်ရယ်လေသည်။

“စုမြောင်ရန် ငါ့စကားကို နားထောင်ဖို့ မင်းကို ငါ ပြောခဲ့တယ်၊ ဒါပေမဲ့ မင်းက ဒီဤအရူးကို ယုံလိုက်တယ်ဆိုတော့ မင်းလည်း သူနဲ့အတူ သေရတော့မယ်၊ မင်းနဲ့ ထိုက်တန်တယ်၊ မင်းထိုက်နဲ့ မင်းကံပဲ”

စုမြောင်ရန်၏ အတန်းဖော်များကလည်း ခေါင်းခါနေကြသည်။

*သူက တကယ်ကို ရူးမိုက်တဲ့ ဆုံးဖြတ်ချက် ချခဲ့တာပဲ*

*မင်း ဘာလို့ ဒီအမှိုက်ကောင်ကို ယုံကြည်ဖို့ ရွေးချယ်ရတာလဲ*

All Chapters