← Chapters

အခန်း ၁၅၁၇

Vol. 102 Ch. 1517

အခန်း ၁၅၁၇

Vol. 102 Ch. 1517

Chapter 1517 မင်းက ငါ့ကို သေခိုင်းဖို့ အရည်အချင်း မပြည့်မီဘူး

ထိုစကားများကိုကြားသောအခါ စုမြောင်ရန် မချိပြုံး ပြုံးလိုက်မိသည်။ တကယ်တမ်းတွင် သူမသည်လည်း စိတ်ထဲ၌ တီးတိုး ရေရွတ်နေမိ၏။

*ယဲ့ဖန်က ထူးချွန်တဲ့ပုံလည်း မပေါ်ဘူး၊ သူက ဟွာရင်းချန်တောင် လန့်ရတဲ့ ကျန်းကျန့်ရန်ကို တကယ် ခုခံနိုင်ပါ့မလား”

ကျန်းကျန့်ရန်၏ ခက်ထန်သော မျက်လုံးများက ယဲ့ဖန်ပေါ် ကျရောက်လာပြီးနောက် သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဟေ့ကောင် မင်း သေချင်နေတာလား”

စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ကလပ်တစ်ခုလုံးတွင် ကျောချမ်းဖွယ်ကောင်းသော အအေးဓာတ်တစ်ခု ပျံ့လွင့်လာသည်။

ယဲ့ဖန်က သူ့အား တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“မင်းက ငါ့ကို သေခိုင်းဖို့ အရည်အချင်း မပြည့်မီဘူး”

ထိုစကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။ လူတိုင်း မှင်တက်သွားပြီး ထိတ်လန့်သွေးပျက်သော မျက်နှာထားများ ဖြစ်လာကာ ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေလေသည်။

*သူ့ကို သေခိုင်းဖို့ အရည်အချင်း မပြည့်မီဘူး*

*ဒီကောင် ဘယ်လိုသတ္တိမျိုး ရှိနေလို့ ဒီလို ပြောရဲရတာလဲ*

*တစ်ဖက်လူက စစ်တပ်သုံးတပ်ရဲ့ စစ်သေနာပတိ ပြီးတော့ ဘုရင်အဆင့်တွေတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ပြောရတာ၊ ဒီလိုလူမျိုးကို ယဲ့ဖန်က သူ့ကို သေခိုင်းဖို့ အရည်အချင်း မပြည့်မီဘူးလို့ တကယ်ကြီး ပြောလိုက်တာလား*

*အရူး*

*မင်းကို ကြက်ကလေး၊ ငှက်ကလေးကို သတ်သလို သတ်လို့ရတယ်ကွ*

*သွားပြီ*

*ဒီလူက အရူးပဲ၊ သူ ရူးနေတာက အရေးမကြီးဘူး၊ စုမြောင်ရန်တော့ သူ့ကြောင့် ရောသေရတော့မယ်*

လူတိုင်းနီးပါးက မထီမဲ့မြင် အမူအရာများ ဖြစ်လာပြီး ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။

“ကောင်းတယ် ကောင်းတယ်၊ အစက ငါ မင်းကို အရေးစိုက်ဖို့ စိတ်မပါပင်မယ့် မင်းက သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့”

ကျန်းကျန့်ရန်က အပြုံးကြီးပြုံး၍ ယဲ့ဖန်ထံ လှမ်းလာပြီး ထီမထင်သော မျက်နှာပေးနှင့် ကြည့်နေသည်။

“ဒါနဲ့ မင်းမိန်းမတွေက တော်တော် လှတာပဲ”

ထိုစကားက သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေ၏။

“မင်း သဘောကျလို့လား၊ ဒါဆို မင်းကို ပေးမယ်လေ”

ယဲ့ဖန်ကလည်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သို့သော် ထိုအပြုံးက အေးစက်မာကျောနေသည်။ သူ့စကားကို ကြားသော် လူတိုင်း ထိတ်လန့်သွားကြသည်။

*ဒီကောင် သူ့မိန်းမကို တကယ် ရောင်းစားနေတာလား*

*သောက်ကျိုးနည်း*

*လတ်စသက်တော့ ဒီကောင်က အစကတည်းက ကျန်းကျန့်ရန်ကို ဒီလို ရင်ဆိုင်ဖို့ ကြံစည်ထားတာကိုး၊ ဒါ တော်တော် အရှက်မရှိတာပဲ၊ မဟုတ်ဘူးလား”

ယဲ့ဖန်၏ စကားကို ကြားပြီး လူတိုင်း အံ့ဩနေလေသည်။ ယဲ့ဖန်က ကျန်းကျန့်ရန်နှင့် ချတော့မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ကျန်းကျန့်ရန် စလှုပ်ရှားလာသည်နှင့် အရှုံးပေးလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

သူက သူ့မိန်းမကိုပင် ပေါ်ပေါ်တင်တင် ပေးနေ၏။ သတ္တိအကြောင်ဆုံးကောင်က အမာဆုံး လေသံရှိသည်ဟူသော စကားကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

ယဲ့ဖန်၏ စကား ဆုံးသည်နှင့် ဟွာရင်းချန်က ကျယ်လောင်စွာ ထရယ်လေသည်။

“ဟားဟားဟား မင်းတို့ ကြားလိုက်လား၊ ဒါ ဒီကောင်ရဲ့ ဖြေရှင်းနည်းပဲ၊ သူ့မိန်းမကိုတောင် သစ္စာဖောက်တယ်၊ ကျွတ်စ် ကျွတ်စ် ကျွတ်စ် ကိုယ့်လူ မင်းက တော်တော် သဘောကောင်းတာပဲ၊ လူကယ်ဖို့အတွက် မိန်းမကို သူများပေးဖို့ ဝန်မလေးဘူး”

ကျန်းကျန့်ရန်သည်လည်း တစ်ခဏမျှ ကြက်သေ သေနေပြီးနောက် အထင်သေးစွာ တံတွေးထွေး၍ စက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

“ထွီ အခုမှပဲ ငကြောက်ဖြစ်နေမှန်း သိတော့တယ်”

“ယီးပဲ မင်းလိုအမှိုက်က ငါ့လက်ထဲမှာ သေဖို့ မထိုက်တန်ဘူး”

ကျန်းကျန့်ရန်သည် ကလေးအရွယ်ကတည်းက စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်ပြီး မာကျောပြတ်သားသော စစ်သားများ၏ အငွေ့အသက်များ လွှမ်းမိုးခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ကြောက်တတ်သူများကို မုန်းတီးလေသည်။

သူ စစ်သားများကို ဦးဆောင်၍ စစ်တိုက်စဉ်တွင်လည်း သူ ရှုံးနိုင်သည်၊ သူ သေနိုင်ချေလည်း ရှိသည်။ သို့သော် သူ ဘယ်သောအခါကမှ ထွက်မပြေးပါ။

ယဲ့ဖန်ကဲ့သို့သော ငကြောက်တစ်ယောက်က သူ့စစ်သား ဖြစ်နေလျင် အပြင်၌ အရှက်မကွဲစေရန် တန်း၍ ပစ်သတ်မိမှာပင်။

ထို့နောက် သူ၏ ယဲ့ဖန်၏ မိန်းမများအားလုံးကို လက်ညှိုးထိုး၍ အမိန့်ပေးသော လေသံဖြင့် ပြောလိုက်သည်။

“ငါ မင်းမိန်းမအားလုံးကို လိုချင်တယ်”

ဤသို့ မှင်တက်လောက်သည့် မိန်းမလှလေးများက ငကြောက်ထံတွင် နေနေခြင်းက ဖြုန်းတီးရာ ကျ၏။

ယဲ့ဖန်က စိတ်မတိုချေ။ သို့သော် သူ့အပြုံးက ပိုပို၍ မာကျောလာ၏။

“မင်းလိုချင်ရင် အားလုံး ယူသွား”

*အမှိုက်ကောင်*

*သုံးစားမရလိုက်တာ*

*တကယ့် ဆန်ကုန်မြေလေး*

လူတိုင်းက ယဲ့ဖန်ကို ရွံသလို ကြည့်လာပြီး အလွန်အမင်း မုန်းတီးလာ၏။ သို့သော် ယဲ့ဖန်၏ မိန်းမများက လုံးဝ သွေးပျက်ဟန် မပြသည်ဟု သူတို့ သတိမထားမိချေ။ ထိုအစား သူတို့မျက်နှာတွင် အထင်သေးဟန်သာ ပေါ်နေ၏။ သူတို့ ကျန်းကျန့်ရန်ကို စက်ဆုပ်အထင်သေးနေလေသည်။

“ဟားဟားဟား အလှလေးတွေ၊ မင်းတို့လည်း ကြားတယ် မဟုတ်လား၊ ဒီမျိုးမစစ်ကောင်က မင်းတို့ကို ထပ်မလိုချင်တော့ဘူး၊ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့တော့”

ကျန်းကျန့်ရန်က မိန်းကလေးများထံ ရယ်မော၍ လျှောက်လာပြီး အနီးဆုံး၌ ရှိနေသော ထန်ပုခူကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလေသည်။ သို့သော် ထိုအခိုက်တွင် ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာ၏။

ပြင်းထန်သော လူသတ်ချင်စိတ်က ဝုန်းခနဲ ထွက်ပေါ်လာပြီး စူးရှအေးစက်သော အလင်းတန်းတစ်ခုက ကျန်းကျန့်ရန်၏ မျက်လုံးနား ဖြတ်ပြေးသွားသည်။

*ဓားအလင်း၊ ဓားအရိပ်ပါလား*

*ချီးပဲ*

ကျန်းကျန့်ရန် မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာက ချက်ချင်း သွေးပျက်ဟန် ပေါ်လာကာ နောက်သို့ အသည်းအသန် ဆုတ်လိုက်သည်။

သူ ထိတ်လန့်သော လူသတ်ချင်သည့် အငွေ့အသက်က သူ့အား လွှမ်းခြုံလာသည်ကို သူ ခံစားမိသည်။

“ရွှစ် ရွှစ်”

သူ့ရင်ဘတ်၌ သွေးစင်းကြောင်းနှစ်ခု ပေါ်လာပြီး သူ့အဝတ်အစားများ သွေးများဖြင့် ရွှဲရွှဲစိုသွားသည်။ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်းသည် လည်ပင်းညှစ်ခံထားရသကဲ့သို့ စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။

*ဒီမိန်းမက စလှုပ်ရှားလိုက်တာနဲ့ ကျန်းကျန့်ရန်ကို ထိခိုက်အောင် လုပ်နိုင်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ကျန်းကျန့်ရန်က ဘုရင်အဆင့်လေ*

ကျန်းကျန့်ရန်တောင်မှ မှင်တက်နေပြီး သူ့မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်နေဟန် ပေါ်လွင်နေ၏။

*ငါက မိန်းကလေးတစ်ယောက်ကို တကယ် ရှုံးသွားတာလား*

*စစ်သူကြီးဖြစ်တဲ့ငါက မိန်းကလေးကို ရှုံးသွားရတယ်လို့*

“နင်က ငါ့ကို လိုချင်တယ် ဟုတ်လား၊ နင်က ထိုက်တန်လို့လား”

ထန်ပုခူက လက်ထဲမှ ဓားမြောင်ကို ကစားရင်း အထင်သေးသော အပြုံးမျိုး ပြုံးနေ၏။

“စစ်သူကြီး”

“အနားမလာနဲ့”

ကျန်းကျန့်ရန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး တန်ပုခူအား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လေသည်။

“ခွေးမ ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်”

ကျန်းကျန့်ရန်သည် ဓားကြီးတစ်လက်ကို ဆွဲထုတ်ပြီး ခန္ဓာကိုယ်မှ စွမ်းအင် ဝုန်းခနဲ ထွက်ပေါ်လာပြီး အားဖြင့် ပြေးတက်ကာ ထန်ပုခူရှေ့သို့ ချက်ချင်း ရောက်သွားပြီး သူမအား ဓားဖြင့် ခုတ်လိုက်သည်။

ပြင်းထန်သော လေတိုးသံ ထွက်ပေါ်လာသည်။

*သန်မာလွန်းတယ်*

ဤသည်ကိုမြင်သော် လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*ဒီအမျိုးသမီးတော့ သေမှာပဲ*

ထန်ပုခူ၏ ယခင်အသွင်အပြင်က အံ့ဩစရာကောင်းသော်လည်း သူတို့စိတ်ထဲတွင် သူမက အတိုက်အခိုက်နှင့် မအပ်စပ်ဟု ထင်ထားကြသည်။

သူတို့၏ အမြင်တွင် ထန်ပုခူက ချောင်းတိုက်ခြင်းကြောင့် ကျန်းကျန့်ရန်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခြင်း ဖြစ်သည်ဟု ထင်နေကြသည်။ ယခုအခါတွင် သူမ တိုက်ခိုက်လျင်တောင်မှ ဘာထိရောက်မှုမှ မရှိနိုင်ဟု တွက်ထားလေသည်။ သို့သော် စိတ်ပျက်သွားရသည်။

ကျန်းကျန့်ရန်က ဒေါသတကြီး ဓားကို ခုတ်ပိုင်းလိုက်ချိန်တွင် ထန်ပုခူက မချိုမချဉ် ပြုံးနေ၏။ အပြုံးက သုန်မှုန်သော်လည်း ရင်သက်ရှုမောဖွယ် ကောင်းလှသည်။

ထို့နောက် သူမလက်ထဲမှ ဓားမြောင်က လိပ်ပြာသဖွယ် ပျံတက်လာပြီး ကျန်းကျန့်ရန်အား တိုက်ခိုက်လေသည်။

ပြင်းထန်သော လေတိုးသံ ထပ်မံ ထွက်ပေါ်လာ၏။ ဓားမြောင် နီးကပ်လာသည်ကို ခံစားမိသောအခါ ကျန်းကျန့်ရန် မျက်လုံးပြူးသွားပြီး ဓားဖြင့် ပြန်ခုခံလိုက်သည်။

“ချွင်”

ဓားကြီးက ဓားမြောင်ကို ခုခံလိုက်နိုင်သော်လည်း သူ လွင့်ထွက်သွားရသည်။ ဓားမြောင်မှ ထွက်ပေါ်လာသော ဖိအားက သူ့လက်ထဲမှ ဓားကြီးထက် ပိုသန်မာပုံရပြီး ဓားကြီးပင် လွင့်ထွက်လုနီးပါး ဖြစ်သွားလေသည်။

ကျန်းကျန့်ရန်က ဆယ်လှမ်းကျော်မျှ နောက်ဆုတ်လိုက်ရပြီး အရှက်ရသော အမူအရာနှင့် ဟန်ချက် ထိန်းလိုက် ရသည်။

ကျန်းကျန့်ရန်၏ မျက်လုံးတွင် အံ့ဩနေဟန်က အထင်းသားပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူ၏ ဓားရေးသည် အင်ပါယာတစ်ခုလုံး၌ ကျော်ကြားပြီး သူ၏ မွေးရာပါ ခွန်အားကိုပါ ပေါင်းလိုက်လျင် ဘယ်လိုလုပ် ချက်ချင်း လွင့်ထွက်သွားရသနည်း။

သို့သော် သူ စဉ်းစားနေချိန် မရလိုက်ဘဲ ဓားအလင်းက သူ့ဓားကြီးအပေါ်သို့ ဆက်လက် တိုက်ခိုက်လာသည်။

“ချွင် ချွင်”

ဓားချင်း ထိခတ်ရာမှ မီးပွားများ လွင့်စဉ်လာ၏။

“ဂျွတ်”

ဓားမြောင်၏ တိုက်ခိုက်မှုအောက်၌ ကျန်းကျန့်ရန်၏ ဓားကြီးပေါ်တွင် အက်ရာများ တစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက် ချက်ချင်း တစ်စစီ ကျိုးပဲ့သွားသည်။

လူတိုင်း၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် ကျန်းကျန့်ရန် သွေးအန်လာပြီး လက်များ ထိခိုက်ကာ သွေးများ တတောက်တောက် စီးကျလာသည်။

*ဒီမြင်ကွင်းက …*

*ကြောက်စရာကောင်းလိုက်တာ*

လူတိုင်း ထပ်မံ၍ ထိတ်လန့်သွားပြီး တုန်လှုပ်လာသည်။

*ကျန်းကျန့်ရန်က တကယ် ထပ်ဒဏ်ရာရသွားတာလား*

*သူက ဘုရင်အဆင့်လေ*

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

ပထမတစ်ကြိမ်ကို ချောင်းတိုက်မှုကြောင့်ဟု ပြောနိုင်သော်လည်း ဒုတိယတစ်ကြိမ်ကိုမူ မည်သို့ ပြောရမည်နည်း။

*ငါတို့အရှေ့က ဒီအမျိုးသမီးရဲ့ မူလဇစ်မြစ်က ဘယ်သူလဲ၊ ဘာလို့ သူက ကျန်းကျန့်ရန်ကို ဖိနှိပ်နိုင်တာလဲ*

ကျန်းကျန့်ရန် ရှုံးနိမ့်နေသည်ကို မြင်သောအခါ ဟွာချင်းရန်၏ အပြုံးက အေးခဲသွားလေသည်။

*မဖြစ်နိုင်ဘူး*

*ဘယ်လိုလုပ်*

ယဲ့ဖန်နှင့် အခြားသူများ သေတော့မည်ဟု သူ ထင်ထားသော်လည်း ယဲ့ဖန်၏ အမျိုးသမီးတစ်ယောက်က ကျန်းကျန့်ရန်ကို အနိုင်ပိုင်းနိုင်သည်တဲ့လား။

ဤသည်က ပွဲကြီးပွဲကောင်း ကြည့်ရန် ပြင်ထားသည့် သူ့အတွက် ရုတ်တရက် ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျ သွားသလို ခံစားလိုက်ရသည်။

ကျန်းကျန့်ရန်သည် ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး ထန်ပုခူအား ကြောက်လန့်ဟန်ဖြင့် ကြည့်လာ၏။

“မင်းက သူတော်စင်သခင်အဆင့်ပဲ”

သူတော်စင်သခင်အဆင့်ကသာလျင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်၏။ ထိုစကားကို ကြားသောအခါ ဘေးလူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ ထိတ်လန့်သော မျက်လုံးများက ထန်ပုခူ ကိုယ်ပေါ်သို့ ကျရောက်လာသည်။

*ဒီမိန်းမက တကယ် သူတော်စင်သခင်အဆင့်လား*

*မဖြစ်နိုင်လိုက်တာ*

လူတိုင်း ကြက်သေ သေသွားကြသည်။

*သူက သူတော်စင်သခင်အဆင့် ဖြစ်နေတယ်ဆိုရင် ဘာလို့ ယဲ့ဖန်ရဲ့ မိန်းမတွေထဲ တစ်ယောက် ဖြစ်နေရတာလဲ*

*ဒါကြီးက လုံးဝ အဓိပ္ပာယ် မရှိဘူး*

စုမြောင်ရန် ချက်ချင်း ထိတ်လန့်သွားသည်။ ဤသို့သော အဆင့်အတန်းက အခြားသော မိန်းမများရှိသော ယောက်ျားတစ်ယောက်ကို အဘယ်ကြောင့် ခစားချင်စိတ် ရှိနေရသနည်း။

“မင်း ငါ့မိန်းမကို မယူနိုင်ဘူးနဲ့ တူတယ်”

ထိုအချိန်တွင် ယဲ့ဖန်က ပြီတီတီ မျက်နှာပေးနှင့် ကျန်းကျန့်ရန်အား အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်။

“နောက်တစ်ယောက်ဆိုရင်ရော ဘယ်လိုလဲ”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က ကျုံးဝမ်ကို ကြည့်လိုက်သည်။ ကျုံးဝမ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီးနောက် ရှေ့တက်၍ ကျန်းကျန့်ရန်အား တည်ငြိမ်စွာ ကြည့်လေသည်။

“ငါက ဘုရင်အဆင့်ဆိုတော့ နင့်ကို အနိုင်ကျင့်တယ်လို့ သတ်မှတ်လို့ မရဘူးမလား”

ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလာပြန်သည်။

*ထပ်ပြီးတော့ … ဘုရင်အဆင့် နောက်တစ်ယောက်တဲ့လား*

*ဘာလို့ ဒီကောင့်မိန်းမတွေရဲ့ သိုင်းအဆင့်က အရမ်း ကြောက်စရာ ကောင်းနေတာလဲ*

စုမြောင်ရန်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေပြီး ကျုံးလီအာအား မယုံနိုင်သလို ကြည့်လိုက်မိကာ စကားတစ်လုံးပင် ဖြောင့်အောင် မပြောနိုင်တော့ချေ။

“သူ သူ သူ …”

ကျုံးလီအာ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။

“သူက ဘုရင်အဆင့်လေ၊ ပြီးတော့ ငါလည်း အတူတူပဲလေ”

“ဘာ … နင်ရောလား”

စုမြောင်ရန် ချက်ချင်း မယုံနိုင်သလို ထအော်လေသည်။ ကျုံးလီအာ၌ ကျင့်ကြံမှုအတွက် မည်သည့် အရည်အချင်းမှ မရှိသည်ကို သူမ သေချာ မှတ်မိပါသည်။

*တစ်နှစ်တောင် မပြည့်သေးတာ သူက ဘယ်လိုလုပ် ဘုရင်အဆင့် ရောက်မှာလဲ*

*ဧကန္တ အရင်က သူ့ခွန်အားကို တမင်သက်သက် ဖုံးကွယ်ထားတာလား*

ထိုစကားက ကျုံးလီအာ၏ အတန်းဖော်များကိုလည်း နားဝေတိမ်တောင် ဖြစ်သွားစေသည်။

*သူတော်စင်သခင်အဆ့် တစ်ယောက်၊ ဘုရင်အဆင့် နှစ်ယောက်ပါလား*

လူတိုင်း သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်လာကြသည်။

*ဒီကောင်က ဘုရင်အဆင့် မောင်းမဆောင်ကြီးကို ပိုင်ထားတာလား*

ထိုစကားများကိုကြားပြီး ကျန်းကျန့်ရန် စော်ကားခံလိုက်ရသလို ခေါ်သွားရသည်။ မိန်းမသားတစ်ယောက်၏ အရှက်ခွဲခြင်း ခံလိုက်ရသဖြင့် သူ ရူးမတတ် ဖြစ်သွားလေသည်။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို အသေသတ်မယ်”

All Chapters