← Chapters

အခန်း ၁၅၁၈

Vol. 102 Ch. 1518

အခန်း ၁၅၁၈

Vol. 102 Ch. 1518

Chapter 1518 အားလုံးက မကောင်းဆိုးဝါးတွေပဲ

ကျန်းကျန့်ရန်သည် ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီးနောက် သေမည်ကို မကြောက်ဘဲ ရှေ့သို့ ပြေးတက် လာကာ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ တဟုန်းဟုန်း တောက်လောင်နေ၏။

သူ အရှက်ရခဲ့သမျှကို ပြန်အဖက်ဆယ်ချင်နေသည်။ သူတော်စင်သခင်အဆင့်ကို သူ မနိုင်နိုင်လျင်တောင်မှ ဘုရင်အဆင့်ကို သူ မသတ်နိုင်ဟု မယုံကြည်ပါ။

“အား…”

ကျန်းကျန့်ရန်က ခက်ထန်သော မျက်နှာထားနှင့် ပြေးတက်လာသည်ကိုမြင်သော် ကျုံးဝမ်က ကြောက်လန့် တကြားဖြင့် မျက်လုံးကိုမှိတ်၍ လက်သီးဆုပ်ကာ အရှေ့သို့ ပိတ်ထိုးလိုက်သည်။

ထည်ဝါသော စွမ်းအင်တစ်ခုက ကျန်းကျန့်ရန်ထံ တိုးဝင်လာ၏။ ကျန်းကျန့်ရန်၏ ခန္ဓာကိုယ်က လွင့်ထွက်သွား ပြီးနောက် မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြန်ကျလေသည်။

“ဝေါ့”

သူ့ပါးစပ်မှ သွေးတစ်လုပ် အန်လာသည်။ ကျန်းကျန့်ရန်၏ အမူအရာက လေးလံထိုင်းမှိုင်းသွားသည်။ လေထုက တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

ထိုအခါတွင်မှ ကျုံးဝမ်က မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သောအခါ ကျန်းကျန့်ရန်က သူမကြောင့် လွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါတွင်မှ သူမ စိတ်အေးကာ သက်ပြင်းချ၍ ရင်ဘတ်ကို အသာပုတ် လိုက်သည်။

“လန့်သွားတာပဲ”

ထိုစကားကိုကြားသော် လူတိုင်း ငိုချင်သွားသည်။

*လန့်သွားတာပဲ ဟုတ်လား၊ ငါတို့က မင်းကြောင့် လန့်သေတော့မလို့ ဟုတ်ပြီလား*

ကျုံးဝမ်က ကျန်းကျန့်ရန်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်သည်အထိ သန်မာလွန်း နေမည်ဟု သူတို့ မယုံနိုင်ကြချေ။

ကျုံးဝမ်သည် နူးညံ့၍ အားနည်းပုံပေါ်သည်။ သို့ရာတွင် တိုက်ခိုက်သောအခါ အလွန် ကြမ်းတမ်းနေလေ၏။

*မကောင်းဆိုးဝါး*

*ဒီမိန်းမတွေက မကောင်းဆိုးဝါးတွေပဲ*

စုမြောင်ရန်၏ အမူအရာက ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ကျုံးလီအာအား တုန်ယင်နေသော အသံဖြင့် မေးလေသည်။

“နင့် … နင့်ညီအစ်မတွေအားလုံးက ကြမ်းတာပဲလားဟင်”

“ဟင့်အင်း ငါတို့က ပုံမှန်ဆို အရမ်း ဖော်ရွေတာပါ၊ ဒါက ဒေါကို ဖြေဖျောက်တယ်လို့ ပြောရမလားပဲ”

ကျုံးလီအာက အပြုံးနှင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် … ကျေးဇူးတင်ပါတယ်”

စုမြောင်ရန် ငိုလုနီးပါး ဖြစ်နေ၏။ ယဲ့ဖန်၏ ခွန်အားနှင့် ပတ်သက်၍ သူမ စိုးရိမ်ခဲ့ရသည်။ သို့သော် ယဲ့ဖန် ဝင်ပါရန်ပင် မလိုဘဲ သူ၏ အမျိုးသမီးများနှင့်တင် ကျန်းကျန့်ရန်ကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်နေသည်။

*လှောင်ပြောင်ခြင်း*

*သရော်တာပဲ*

*လတ်စသက်တော့ ယဲ့ဖန်ပြောတဲ့ သူ့မိန်းမကို လိုချင်ရင် ယူသွားဆိုတာ ဒီသဘောကြောင့်ကိုး*

ကျန်းကျန့်ရန်က သူ့မိန်းမကိုတောင်မှ မနိုင်သဖြင့် ဘယ်လိုလုပ် သူ့မိန်းမကို သူ့ဆီက ခိုးနိုင်ပါမည်နည်း။

ထို့နောက်တွင်မူ စုမြောင်ရန်က ယဲ့ဖန်ကို အလွန် သိချင်စိတ်ဖြင့် ကြည့်လာသည်။

*ဒီလောက် ကြောက်စရာကောင်းတဲ့ မိန်းမတွေက သူ့ကို အတူတူ အသုံးတော်ခံနေတယ်ဆိုတော့ ဒီလူဆိုရင်ရော ဘယ်လောက် သန်မာနေမလဲ*

*မယုံနိုင်စရာပဲ*

ယဲ့ဖန်၏ နှုတ်ခမ်းတွင် မချိုမချဉ် အပြုံးတစ်ခု ရှိနေသည်။

“မင်း ဒီမိန်းမကိုလည်း မယူနိုင်ဘူးပဲ”

ဤသည်ကိုမြင်သော် ဟွမ်ယွီလင်းက စိတ်အားထက်သန်စွာဖြင် လက်မြှောက်၍ ပြောလေသည်။

“ငါ့အလှည့်၊ ငါ့အလှည့်”

ထို့နောက် သူမက ရှေ့သို့ပြေးတက်သွားပြီး ကျန်းကျန့်ရန်အား ကြည့်လေသည်။

“အခု ငါ့အလှည့်လေ၊ ချစမ်းပါ”

“ဝေါ့”

ကျန်းကျန့်ရန် အလွန် စိတ်တိုနေသဖြင့် သွေးထပ်အန်လေသည်။ သူ့မျက်နှာတစ်ခုလုံး သုန်မှုန်ကာ ကြောက်စရာ ကောင်းနေ၏။

*ဒီခွေးမတွေက ငါ့ကို သဲအိတ်များ မှတ်နေလား*

*တော်တော် ညှင်းဆဲတာပဲ*

*လက်မခံနိုင်ဘူးကွာ*

“ဟဲ့ ငါ နင့်ကို ပြောနေတာလေ၊ နင် ထဦး”

ဟွမ်ယွီလင်းက ကျန်းကျန့်ရန်၏ ဖင်ကို ပိတ်ကန်လေသည်။

“ထပြီး ငါနဲ့ တိုက်စမ်းပါ၊ ငါလည်း နင့်ကို တိုက်မှာ”

*ငါလည်း နင့်ကို တိုက်မှာ ဟုတ်လား*

*ဒါ လူစကားမှ ဟုတ်ရဲ့လား*

*တကယ့်ကို တိရစ္ဆာန်ပဲ*

လူတိုင်း ဤသည်က စော်ကားခြင်းဟု ခံစားမိနေသည်။ ကျန်းကျန့်ရန်၏ မျက်လုံးများက မီးပွင့်မတတ် ဖြစ်နေပြီး အကြည့်များက စူးရှနေသည်။

“မင်း သေပေတော့”

ရုတ်တရက် သူ့အင်္ကျီလက်စမှ လေတိုးသံ ထွက်လာပြီး အေးစက်စက် အလင်းတစ်ခုက ဟွမ်ယွီလင်းထံ တိုးဝင် သွားသည်။ အရှိန်က လျင်မြန်လွန်းလှပြီး နီးကပ်လွန်းသော အနေအထားကြောင့် ရှောင်ရန် မဖြစ်နိုင်ချေ။

ကျန်းကျန့်ရန် ရူးသွားလေသည်။ သူသည် သေမည်ကို မကြောက်သော ရက်စက်သည့်သူ ဖြစ်သော်လည်း ယခုအခါတွင် သူသည် သူ့အနောက်မှလူအား အလစ်အငိုက်ဖမ်း၍ အသေသတ်ရန် ကြံစည်နေ၏။

*သတ်မယ်*

*သေလိုက်တော့*

“သတိထား”

ဤသည်ကိုမြင်သော် ထန်ပုခူနှင့် အခြားမိန်းကလေးများ ကြောက်လန့်တကြား အကြည့်တို့ဖြင့် ရုတ်တရက် ထအော်လေသည်။

ထိုအခိုက်တွင် ဟွမ်ယွီလင်းသည် တစ်ဖက်လူ၏ ခက်ထန်သော အကြည့်ကြောင့် ကြက်သေ သေကာ တုံ့ပြန်ရန်ပင် မေ့နေ၏။ ဓားက သူမနှလုံးသားနှင့် နီးသထက် နီးလာသည်ကို ကြည့်နေရန်သာ တတ်နိုင်တော့သည်။

*မိပြီ*

ကျန်းကျန့်ရန်၏ မျက်နှာတွင် သွေးဆာသော အမူအရာ ပေါ်လာသည်။ သို့သော် တစ်ခဏအတွင်း သူ့ဓားက ကျောက်တုံးထဲ သွားစိုက်သကဲ့သို့ တစ်လက်မပင် ရှေ့သို့ တိုးရန် ခက်နေသည်ကို ခံစားမိလိုက်သည်။

ထို့နောက်တွင်မူ လူတစ်ယောက်က သူ့ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဓားသွားက ထိုလူ၏ လက်ချောင်း နှစ်ချောင်းကြား၌ ညပ်နေပြီး ပြုတ်တူဖြင့် အညှပ်ခံထားရသကဲ့သို့ ရွေ့ပင်မရွေ့တော့ချေ။

*ဒါက …*

*မယုံနိုင်စရာပါလား*

*အဲ့လူက သေစေနိုင်တဲ့ တိုက်ကွက်ကို လက်ချောင်းနှစ်ချောင်းတည်းနဲ့ တားလိုက်တာလား*

ကျန်းကျန့်ရန် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ဤတိုက်ကွက်အား သူတော်စင်သခင်အဆင့်ပင် တုံ့ပြန်ရ ခက်မည်ဟု သူ ယုံကြည်ထားသည်။ သို့သော် ယဲ့ဖန်အား အထင်သေးဟန်ဖြင့် အသာအယာ တားဆီးသွား ခဲ့လေသည်။

သူ့ပုံစံက အားပင် စိုက်ထုတ်ထားပုံ မပေါ်ချေ။ ကျန်းကျန့်ရန် တစ်ကိုယ်လုံး အေးစက်သွားပြီး အလွန် ကြောက်လန့်၍ ဆောက်တည်ရာမရ ဖြစ်လာသည်။

*ဒီလူက ဘယ်လောက် ကြောက်ဖို့ကောင်းတာလဲ*

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး ခက်ထန်သော အပြုံးမျိုး ပြုံးလာ၏။

“မင်းလက်တွေက မသန့်ရှင်းဘူး”

*အဲ့တော့ ဆက်ထားဖို့ မလိုတော့ဘူး”

“ဂျွတ်”

အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းကျန့်ရန်၏ လက်မောင်းတစ်ဖက်သည် ယဲ့ဖန်၏ ခြေထောက် တစ်ဖက်ကြောင့် မြေကြီး၌ နင်းခံလိုက်ရပြီးနောက် ကြေမွသွားကာ သွေးများ ပန်းထွက်လာပြီး အသားစများပင် လွင့်စဉ်ထွက်လာသည်။

“အား…”

ထိုအခိုက်တွင် ရင်ကွဲမတတ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေသည်။ မယုံနိုင်လောက်အောင် ပြင်းထန်၍ ရက်စက်ကာ ကြမ်းကြုတ်လွန်းသည်။ လူတိုင်း အသက်ပင် မရှူနိုင်တော့ချေ။

*ဒါ ယှဉ်ပြိုင်တဲ့အဆင့်တောင် မဟုတ်တော့ဘူး၊ ဒါ လုံးဝ နင်းချေတာပဲ*

ဟွာရင်းချန် ကြက်သီးမွေးညင်း ထနေပြီး ယဲ့ဖန်အား ကြောက်ရွံ့စွာ ကြည့်နေသည်။ အစက ယဲ့ဖန်သည် မထင်ရှားသော လူတစ်ယောက်ဟု သူ ထင်ထားသော်လည်း ဤလူသည် ကြောက်စရာအကောင်းဆုံး လူ ဖြစ်နေ၏။

ဤအဖြစ်က အံ့ဩစရာ ကောင်းလွန်းလှသည်။ သူ အမြင်များ မှားလေသလားဟုပင် ထင်မိသည်။

*ယဲ့ဖန်က ကျန်းကျန့်ရန်ဆီကို ဘယ်လိုသွားလိုက်တာလဲ၊ ငါ လုံးဝ သတိမထားမိဘူး၊ လက်လေး နှစ်ချောင်းတည်းနဲ့ ကျန်းကျန့်ရန်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ကွက်ကို တားလိုက်တယ်ပေါ့၊ ဒီလူက ကြောက်စရာ ကောင်းတာပဲ*

“ရန်သူနဲ့ ရင်ဆိုင်နေရင် သတိလက်လွတ် မနေနဲ့လေ၊ ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ”

ယဲ့ဖန်က ဟွမ်ယွီလင်းကို ဆူပူငေါက်ငမ်းလိုက်သည်။ ဟွမ်ယွီလင်းက လျှာလေးထုတ်လိုက်ပြီး အသံပင် မထွက်ရဲပေ။

ထို့နောက် ယဲ့ဖန်က သေလုနီးပါး ဖြစ်နေသော ကျန်းကျန့်ရန်ကို ပြန်ကြည့်၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါ့မိန်းမတွေကို မင်း တစ်ယောက်မှ ယူသွားလို့ မရနိုင်ဘူး၊ ငါကပဲ … သူတို့အားလုံးကို ယူမှာ”

*မင်းကို ငရဲဆီ ခေါ်သွားပေးမယ်*

“ခွေးမသား စစ်သူကြီးကို လွှတ်လိုက်စမ်း”

“ဟေ့ကောင် မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်၊ မင်းက ငါတို့ရဲ့ ရန်သူ ဖြစ်ရဲတယ်ပေါ့၊ မင်း သေရမယ်ကွ”

“စစ်သူကြီးကို လွှတ်လိုက် မဟုတ်ရင် ငါတို့ မင်းမိတ်ဆွေတွေအားလုံးကို သတ်မယ်”

သေနတ်ပြောင်းဝများက စုမြောင်ရန်နှင့် အခြားသူများအား ချိန်ရွယ်လာ၏။ ဤသည်ကိုမြင်သော် စုမြောင်ရန်နှင့် အခြားသူများ ရုတ်တရက် စိုးရိမ်တုန်လှုပ်လာလေသည်။ သူတို့တွင် ယဲ့ဖန်ကဲ့သို့သော ခွန်အားမျိုး မရှိချေ။

ထိုအခိုက်တွင် ကျန်းကျန့်ရန်၏ မျက်နှာတွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်နေသည်။

“လုပ်စမ်းပါ၊ ငါ့ကို သတ်လိုက်စမ်းပါ၊ ငါ့ကို သတ်ရဲလို့ကတော့ မင်း စစ်သည် ငါးသောင်းရှိတဲ့ စစ်တပ်ရဲ့ မြေလှန်ရှာတာကို ခံရလိမ့်မယ်၊ သူတော်စင်သခင်အဆင့်တောင်မှ သေဘေးက မလွတ်နိုင်ဘူး”

စစ်သည်ငါးသောင်းဆိုလျင် သူတော်စင်သခင်အဆင့်တောင်မှ ပြေးစရာမြေမရှိဘဲ သေရလိမ့်မည်။

“ဒါပေမဲ့ မင်း ငါ့ကို မသတ်ရင် ငါ ပြန်သွားတာနဲ့ မင်းကို သတ်ဖို့ ချီပင်းမာကို ခေါ်မှာ၊ အဲ့တော့ မင်း ဘယ်လိုဖြစ်ဖြစ် သေမှာပဲ၊ ဟားဟားဟား”

*ရူးနေပြီ*

*မဆင်မခြင်လုပ်တာပဲ*

*ဒီကျန်းကျန့်ရန်က အရူးပဲ*

သူ လက်စားချေရန် ပြန်လာရှာမည်ဟုပင် ယဲ့ဖန်ကို ပြောနေသေးသည်။ ယဲ့ဖန် ဒေါသထွက်ပြီး သူ့ကို သတ်မှာကိုပင် အရေးမစိုက်ချေ။

“ဘယ်သူ့ကို သတ်မယ်လို့ မင်း ပြောလိုက်တာလဲ”

ရုတ်တရက် တံခါးဝမှ မာန်ပါသော အော်သံတစ်သံ ထွက်လာသည်။ လူတိုင်း တံခါးဝသို့ ကြည့်လိုက်သောအခါ ပေါ်လွင်သော အဝတ်အစား ဝတ်ထားသော အမျိုးသားတစ်ယောက်က တံခါးဝ၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာတွင် ကြောက်စရာကောင်းသော အမာရွတ်ရှိပြီး ကြမ်းကြုတ်ခက်ထန်နေသည်။

သူ့ခန္ဓာကိုယ်မှ အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ကျောချမ်းဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ် နေ၏။

ရောက်လာသူက နလန်ရှောင်ပင်။

“မစ္စတာနလန်”

နလန်ရှောင်ကိုမြင်သော် ကျန်းကျန့်ရန်၏ မျက်နှာတွင် ပုန်ကန်လိုသော အမူအရာ မရှိတော့ဘဲ ရိုသေလေးစားသော မျက်နှာထားသာ ရှိတော့သည်။

“ကျန်းကျန့်ရန် မင်းက တော်တော် လာပါလား၊ မင်း ရှုကျိုးကို အခုမှ ပထမဆုံး ရောက်လာပြီးတော့ ဒီမှာ ပြဿနာ ရှာနေပြီပေါ့ ဟုတ်လား”

နလန်ရှောင်က ပြုံး၍ ပြောလိုက်သည်။ ကျန်းကျန့်ရန်က ကြောက်လန့်တုန်ယင်သွားပြီး ပျက်ယွင်းနေသော မျက်နှာနှင့် ပြောလေသည်။

“ကျွန် … ကျွန်တော် ဒီနားက ဖြတ်သွားမိရုံလေးပါ၊ ပြီးတော့ ဒီဆိုင်ရဲ့ ဆိုင်းဘုတ်က တင်စီးလွန်းနေတာကို တွေ့လို့ သည်းမခံနိုင်တော့လို့၊ အဲ့ဒါကြောင့် …”

“အဲ့တော့ မင်း သေရမယ်”

နလန်ရှောင်က အော်ငေါက်လိုက်သည်။ ကျန်းကျန့်ရန်၏ အမူအရာက အေးခဲသွားသည်။ သူ အရင် ပြဿနာ ရှာခဲ့တာ မှန်သော်လည်း နလန်ရှောင်က စိတ်တိုရုံနှင့် မလုံလောက်ဘဲ သူ့အား အသေသတ်ချင်နေသည်တဲ့လား။

သူသည် စစ်သည်ငါးသောင်းကို ခေါ်၍ ရှုကျိုးကို ထွက်ပြေးလာခြင်း ဖြစ်သည်။ နလန်ရှောင်က သူ့လူများကို ယနေ့မှ လက်ခံကာစ ဖြစ်ပြီး တစ်ခဏအတွင်း သူ့ကို သတ်တော့မည်လော။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ကြက်သေ သေသွားသည်။

*ဒီဦးလေးကြီးက ဘယ်သူမလို့ ကျန်းကျန့်ရန်ကို အရမ်း ကြောက်အောင် လုပ်နိုင်ရတာလဲ*

သို့သော် သူ ပြန်မပြောနိုင်ခင်မှာပင် နလန်ရှောင်က သူ့ဖုန်းကို ကောက်ထုတ်၍ ဖုန်းခေါ်၍ ရက်စက်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီစစ်သားငါးသောင်းကို သတ်ပစ်လိုက်”

ထိုစကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို ကြက်သေ သေသွားစေ၏။

*လူငါးသောင်းလုံးကို သတ်ပစ်လိုက်တဲ့လား*

*ရက်စက်လိုက်တာ*

*ဖိနှိပ်လွန်းတယ်*

*ဒီဦးလေးကြီးရဲ့ ဇစ်မြစ်က ဘာမို့လို့ စစ်သား ငါးသောင်းကို တစ်ခါတည်း သတ်နိုင်စွမ်း ရှိရတာလဲ*

*ဒါ မယုံနိုင်စရာကောင်းလွန်းတယ် ဟုတ်တယ်မလား*

*ကျန်းကျန့်ရန် ကြောက်လွန်းတာ အံ့ဩစရာ မရှိတော့ဘူး*

*သူ့ရှေ့က ဒီဦးလေးကြီးက သူနဲ့ သူ့စစ်သားတွေကို ကြက်ကလေး၊ ငှက်ကလေးကို သတ်သလို သတ်နိုင်စွမ်း ရှိနေလို့ပါလား*

“မဟုတ်ဘူး မစ္စတာနလန် ကျေးဇူးပြုပြီး မလုပ်ပါနဲ့”

ကျန်းကျန့်ရန်က နလန်ရှောင်ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး အသနားခံသော အကြည့်တို့ဖြင့် ကြည့်လေသည်။

“ဒါ ကျွန်တော့်အမှားပါ၊ ကျွန်တော့်ကိုပဲ သတ်ပါ၊ ကျွန်တော့် ညီအစ်ကိုတွေကို မထိပါနဲ့”

ဤလူ အရေအတွက်က ငါးသောင်းပင်။ မြောက်ဘက်မှ တောင်ဘက်အထိ သူ့နောက်လိုက်ခဲ့သော ညီအစ်ကို ငါးသောင်း။ သူတို့ သေသည်ကို သူ ဘယ်လိုလုပ် ကြည့်နိုင်ပါမည်နည်း။

“မင်းအပြစ်ကို ခွင့်လွှတ်လို့မရနိုင်ဘူး”

နလန်ရှောင်က ပြတ်သားသော လေသံဖြင့် ခေါင်းခါ၍ ပြောလိုက်သည်။ အကြောင်းမှာ ကျန်းကျန့်ရန် ရန်စလိုက်သူက ယဲ့ဖန် ဖြစ်သောကြောင့်ပင်။

ထိုစကားတစ်ခွန်းတည်းဖြင့် ကျန်းကျန့်ရန်၏ အမူအရာ တောင့်တင်းသွားသည်။ ထို့နောက် ကျန်းကျန့်ရန် မကျေမနပ် ပြောလိုက်သည်။

“ကျုပ် ဘာပြဿနာမှ မဖြစ်စေခဲ့သလို ဘယ်သူ့မှလည်း မသေဘူး၊ ဘာလို့ ကျုပ်ညီအစ်ကို ငါးသောင်းက ကျုပ်နဲ့အတူ လိုက်သေခွင့်ပေးရမှာလဲ’”

“နလန်ရှောင် ခင်ဗျား မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် လုပ်နေတာ မဟုတ်လား”

“ရေးကြီးခွင်ကျယ် လုပ်တယ် ဟုတ်လား၊ ခဏနေရင် ငါ မလိုတာတွေ လုပ်တာ ဟုတ်၊မဟုတ် သိလာမှာပါ”

နလန်ရှောင်က ထီမထင်သော အပြုံးမျိုး ပြုံးလိုက်သည်။

“နလန်ရှောင် ဘာတွေဖြစ်နေတာလဲ”

ထိုအခိုက်တွင် ယဲ့ဖန်က နလန်ရှောင်ကို အော်ငေါက်လိုက်သည်။ သူ့စကားအဆုံး၌ အားလုံးက ပါးစပ်ကို လက်ဖြင့်အုပ်ကာ ယဲ့ဖန်ကို တအံ့တဩ ကြည့်လာ၏။

*ရူးနေပြီ*

*ဒီလူ လုံးဝ ရူးသွားပြီ*

စုမြောင်ရန် ငိုချင်သွားသည်။

*ဒီလူက ကျန်းကျန့်ရန်ကိုတောင် ကြောက်စေတာကို နင် မမြင်ဘူးလား*

*နင် သူ့ကို ဒီလိုပုံစံနဲ့ ပြောရဲရလား*

*နင် ဦးနှောက်ချောင်နေတာလား*

*လက်ရွေးစင်စစ်သား ငါးသောင်းကိုတောင် အေးအေးလူလူ သတ်နိုင်တဲ့လူကို နင် ဆန့်ကျင်နိုင်လို့လား*

All Chapters